🌊ညှို့တတ်သောပင်လယ်🌊
မြသင်းထုံ သူ့ကို အထင်လွှဲမှာ သူစိုးရိမ်တယ်။
လွန်ကဲတဲ့ စိုးရိမ်မှု့က သူ့ရင်ကိုပါ တုန်လှုပ်စေတယ်။
ခုချိန်မှာ ငါ့အနားမင်းမရှိတော့မှာကို ငါကြောက်
တယ်။ လူလေးနူးညံ့သလောက် ခေါင်းမာပြီးစိတ်မာ
တဲ့ မြသင်းထုံ အကြောင်းသိနေတဲ့ သူ့မှာစိတ်တွေ
ဂဏာမငြိမ်တော့။ ထိုင်ရမကောင်းထရမကောင်း
နှင့် ရှေ့တည့်တည့်ရပ်နေတဲ့ ချယ်ရီကိုသာ မျက်
ထောက်နီကြီးနှင့် စိုက်ကြည့်ပြီး အံ့ကြိတ်သံစကား
လုံးကြီးက တင်းမာနေလျှက်...
''ထွက်သွား ...မင်းမျက်နှာ ငါ မမြင်ချင်ဘူး
ချယ်ရီ''
''ဟွန်း...အဟွန်း
ခုတော့ ချယ်ရီကို နှင်ပြီပေါ့ ကို၊ ချယ်ရီကို လိုသုံး
လုပ်လို့ ကျေနပ်ပြီဆိုတော့ နင်ပြီပေါ့လေ''
''......''
မိန်းမ တစ်ယောက်နှင့် ပြိုင်ပြီးရန်ဖြစ်ရမှာ သူ
ရှက်သည်။ အထူးသဖြင့် ချယ်ရီကို သူလုံးဝစကား
မပြောချင်ပါ။ အေးစက်တိတ်ဆိတ်နေတဲ့ တံခါး
နောက်ကွယ်မှ မြသင်းထုံရဲ့ အနားကိုသာ သူပြေး
သွားချင်သည်။ မင်းအထင်လွှဲသွားပြီလား။ မဟုတ်
ဘူးနော် ငါက မင်းပြောသလို မုန်းစရာကောင်းတဲ့
လူ ဆိုပေမယ့် မင်းနဲ့မယူခင်က ငါဘယ်လိုပွေပွေ၊
မင်းနဲ့လက်ထပ်ပြီးမှ ငါဘယ်မိန်းမနဲ့မှ မရှုပ်ဘူး။
ချယ်ရီကို အသုံးချပြီ မင်းအထင်လွှဲအောင်တမင်
ဖန်တီးခဲ့တာ။ ငါ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ကို ငါခု
မှ မှားမှန်းသိတော့တယ်။
အဲ့ဒီအမှားအတွက် ငါ့မှာဖြေရှင်းခွင့်တော့ ရှိတယ်
မလား မြသင်းထုံ။ ခုချိန်မှာ မင်းကငါ့အတွင် အရေး
ပါဆုံး တစ်ဦးတည်းသော မိန်းကလေးပဲ။
''အဲ့ဒီ မိန်းမအတွက်နဲ့ ချယ်ရီက ဓားစာခံဖြစ်ခဲ့ရ
တာလား ကို၊ ကို ချယ်ရီကို မချစ်ခဲ့ဖူးလား ဒါဆိုရှင်း
ရှင်းပဲပြောလိုက်ပါ ကို ချယ်ရီတို့ရဲ့ပတ်သက်မှု့က
ဘာလဲ ''
'' အဖြေထွက်ပြီးသား ပုစ္ဆာကို မေးနေလဲမင်း
အတွက် အပိုပဲချယ်ရီ၊ မင်ူလာရာလမ်ူအတိုင်းပြန်ပါ
တော့ မင်းကို ထိခိုက်နစ်နာအောင် ငါဘာမှမလုပ်ခဲ့
တဲ့အတွက် မင်းနဲ့ငါ့ကြားဘာမှ ပြောစရာမရှိဘူး
ငါဆီလဲ ဒီပုံစံဒီစိတ်နဲ့ဆို နောက်ဘယ်တော့မှ မလာ
ပါနဲ့ မင်းကြောင့် ငါတို့အိမ်ထောင်ရေးကြား ဆူး
ငှောင့်ခလုတ်မဖြစ်ချင်ဘူး''
'' ဘာ ငါတို့အိမ်ထောင်ရေးကြား ဆူးငှောင့်ခလုတ်
မဖြစ်ချင်ဘူး ဟုတ်လား ကို..''
မကျေမနပ်အသံကျယ်ကြီးနှင့် အော်ပြောနေတဲ့
ချယ်ရီကို သူစိတ်ပျက်စွာ အိမ်ထဲမှ ဆွဲထုတ်ချင်
သည့် စိတ်ကို ထိန်းချုပ်ထားရသည်။ မိန်းကလေး
တစ်ယောက်ရဲ့ သိက္ခာ၊ သူငယ်ချင်းတစ်ယောက်ရဲ့
ရင်းနှီးခဲ့တဲ့ သံယောဇဥ်ကိုထောက်ပြီး ငြိမ်နေပေ
မယ့် သူ့စိတ်တွေက အစိုးမရတော့ ခက်လှပေသည်။
'' အဲ့မိန်းမအတွက်နဲ့ ချယ်ရီကို ခုတုံးလုပ်ခဲ့ပြီးမှ
ချယ်ရီက တိတ်တိတ်နေပေးစရာလား ညီအကိုနှစ်
ယောက်လုံးကို အရှက်မရှိယူထားတဲ့ အဲ့မိန်းမ
ကြောင့်ခုလိုဖြစ်ရတာ''
''ချယ်ရီ မင်းပါးစပ်ကို ပိတ်ထားလိုက်တော့
နောက်ထပ်မင်းစကားတွေထဲ မြသင်းထုံကိုစော်
ကားတဲ့ စကားလုံးပါလာခဲ့ရင် မင်းကိုငါတစ်ခုခုလုပ်
မိတော့မယ် မင်းပြန်တော့..''
'' မပြန်ဘူး အဲ့မိန်းမကို တစ်ခုခုလုပ်ရမှကျေနပ်
မယ်''
''မင်း...မင်းရပ်နေစမ်း''
လစ်ခနဲပြေးထွက်သွားတာ သူမ ရှိရာအခန်းဆီသို့
ဖြစ်နေ၍ သူ့မှာရုတ်တရက်မို့ ကြောင်နေပေမယ့်
အသိဝင်လာနှင့် ချက်ချင်းပြေးလိုက်ပြီး ထုံလေး
အခန်းရှေ့မှာပဲ ဖမ်းဆွဲထားမိသည်။ ထုံလေး
တစ်ခုခုဖြစ်မှာ စိုး၍ သူ့မှာမျက်စိတွေပါ ပြာမတတ်
ချယ်ရီကို ဘယ်လို ဆွဲထားမိမှန်းမသိ။ လက်မောင်း
တစ်ဖက်ကို သူအားကြီးနှင့် ဆောင့်ဆွဲထားတာ သူ့
ကိုယ်သူပင် သတိမထားမိတော့ပေ။ အခန်းထဲမှ
မြသင်းထုံကတော့ ဆူညံနေတဲ့ သူတို့နှစ်ယောက်
ကြား အသံတစ်ချက်ပင် ပေးဖော်မရခဲ့ပါ။
''ထွက်သွား...မင်းက အရှက်မရှိရုံတင်မဟုတ်ဘူး
သိက္ခာပါမဲ့နေတဲ့မိန်းမဖြစ်နေပြီ ချယ်ရီ၊ မိန်းကလေး
တစ်ယောက်ဖြစ်နေတဲ့ မင်းသိက္ခာကို ငါမချချင်မ
ပြောချင်ပဲ နေနေပေမယ့် မရတော့ဘူး မချွေခင်ထဲ
က ကြွေချင်နေတဲ့ မင်းလိုမိန်းမကို ငါအရင်ထဲက
ရင်မခုန်ခဲ့ဘူးဆိုတာ မင်းသိထားပါ မင်းပြန်ပါဒီထက်ပိုကြမ်းတမ်းတဲ့ စကားတွေ မင်းမကြားချင်ရင် မင်းပြန်တာ အကောင်းဆုံးပါပဲ မင်းနဲ့တွေ့ဆုံခဲ့ရတဲ့ ငါ့အမှားပါငါ့မှာပဲ အပြစ်ရှိခဲ့တာပါ''
''ကို ကိုရယ် ချယ်ရီက အဲ့လောက်ထိ
တန်ဖိုးမဲ့နေတဲ့ မိန်းမဖြစ်နေပြီလား ဟင်...ချယ်ရီ
အရမ်းကို တန်းဖို့မဲ့နေတဲ့ မိန်းမဟုတ်လား ကို''
''မင်း ပြန်တော့..''
''အဟင့်...ကို''
သူစိမ်းဆန်စွာ အပြောကြမ်းကြမ်းနဲ့ ပြောလာတဲ့
ကို့စကားနှင့် ကျောခိုင်းခြင်းကို ချယ်ရီ ခံနိုင်ရည်
မရှိလှပေ။ ကို့ကျောပြင်ကို ပြေးဖက်ချင်ပေမယ့်
က်ု့ မျက်ဝန်းတွေရဲ့ စိမ်းကားခြင်းကို ကြောက်နေသူ
မို့ သိမ်ငယ်စွာ ငြိမ်သက်နေရပေမယ့် ရင်ထဲခံစားရ
သည်မှာမချိလှပေ။ ကိုယ့်ဘက်ကို သူငယ်ချင်းတစ်
ယောက်ထက် မပိုတဲ့ ဆက်ဆံရေးကို သိသိလျှက်
နှင့် ဇွတ်တိုး ခဲ့တာ ချယ်ရီအမှာလား။ ချစ်မ်သွားတဲ့
ချယ်ရီနှလုံးသားကပဲ အပြစ်လားကို။ ဒါမှမဟုတ်
ကို့နှလုံးသားကို အပိုင်ရသွားတဲ့ မြသင်းထုံရဲ့
အပြစ်ပဲလား။
ကိုနဲ့ ပတ်သက်ရင် အရှက်မဲ့နေတဲ့ ချယ်ရီရဲ့စိတ်က
ပဲ အရှက်နည်းနေခဲ့တာလား။
အဟင့်....မြသင်းထုံ
ရှင်နိုင်ပါတယ်။ ရှင့်ရဲ့ရပ်တည်မှု့အရာရာက ကျွန်မ
အပေါ်နိုင်ကွက်ကြီးပါပဲ။ ဘယ်အရာမှလုပ်ယူ
ဖန်တီးလို့ မရတာ ကျွန်မခုမှ သိလာတယ်။ ရှင်က
ဖန်တီးစရာမလိုပဲကို ကို့ရဲ့အချစ်ကို ရလိုက်တာရှင်
နိုင်ပါတယ်ကွယ်။
မယှဥ်ပြိုင်နိုင်ပေမယ့် ရှင်ကကျွန်မရဲ့ ရန်သူပါပဲ
မြသင်းထုံ။
°°°°°°°°
'' ဒေါက် ဒေါက် ဒေါက်''
တစ်ညနေလုံး သူတံခါးခေါက်နေတာ အသံလဲမပေး
သလို ထွက်လဲမလာချေ။ ကိုယ့်အပြစ်နှင့်ကိုယ်
ငြိမ်နေရပေမယ့် ရင်ထဲမှာရှင်းပြချင်သည်။ ချော့
ချင်သည်။ အရင်ထဲကမရင်းနှီးတဲ့ သူတို့နှစ်ယောက်
ကြား ယနေ့ချယ်ရီကြောင့် စိမ်းသက်သွားသည်။ သူ
မနေနိုင်..မြသင်းထုံ သူ့ကို စကားမပြောတဲ့ နာရီပိုင်း
လေးက သူ့ကို နှစ်နဲ့ချီကာ ကြာမြှင့်နေသလို ရင်ကို
ပူပြင်းလောင်မြှိုက်စေသည်။ ခဏစိတ်ဆိုးနေလို့
စိတ်ပြေပါစေဆိုပြီး သူလွှတ်ထားပေးတာ အချိန်နှစ်
နာရီ ကြာသွားပြီပဲ။ ဒီလောက်စိတ်ဆိုးရရင်တော်
ရောပေါ့။ ကိုယ့်အပြစ်နှင့် ကိုယ်ဆိုပေမယ့် တစ်ည
နေလုံးအခန်းအောင်း တံခါးပိတ်နေနေတော့ ဒေါသ
စလာသည်။ ဒါမဖြစ်သင့်ဘူးလေ..
''ဒေါက် ဒေါက် ဒေါက်''
''မြသင်းထုံ မင်းအခန်းအောင်းပြီး ငါ့ကိုဆန္ဒပြနေ
လဲ အပိုပဲနော် ခုထွက်လာ ထမင်းအပြင်မှာသွားစား
ကြမယ် ငါဗိုက်ဆာနေပြီ မင်းကိုစောင့်နေရတာ ည
နေထဲက ခုတံခါးဖွင့်''
ကျွတ်။
ငါဘာတွေပြောမိပြန်ပြီလဲ။ ဟိုကစိတ်တိုနေတာ
ငါချော့ရမှာကို ပြန်စိတ်တိုပြနေတာ ငါမှားနေပြီ။ ငါ
လဲ ချော့မှမချော့တတ်တာ။ သူ့အဖြစ်ကိုသူတွေးပြီး
ခေါင်းကုတ်နေရသည်။ အလုပ်ထဲမှာ ပြတ်သားစွာ
ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချတတ်တဲ့ သူက
အချစ်ရေးမှာ ခေါင်းရှုပ်အလိုက်မသိနေတာတော့
မခက်ပေဘူးလား။
''မြသင်းထုံ ကြားလား ၊ ထွက်လာလို့ငါပြောနေ
တယ်လေ''
အခန်ူထဲမှ ခေတ္တတိတ်ဆိတ်နေပြီး သူစိတ်မရှည်
စွာ တံခါးထပ်ခေါက်တော့...
''ဒေါက်.....''
''မြသင်းထုံ...''
''ကျွန်မ ဗိုက်မဆာဘူး ရှင်တစ်ယောက်ထဲသွားစား
ပါ ကျွန်မကိုလာမခေါ်ပါနဲ့ ကျွန်မတစ်ယောက်ထဲနေရတာ ပိုအဆင်ပြေတယ် ''
''မရဘူး ထွက်လာခဲ့ ငါစိတ်မတိုချင်ဘူး အဝတ်လှဲ
ပြီး အမြန်ထွက်လာ ငါဧည့်ခန်းထဲ ထိုင်စောင့်နေ
မယ် မင်းထွက်မလာမချင်း''
''ကျွန်မ တောင်းပန်ပါတယ် ကျွန်မခေါင်းမူးနေလို့
တစ်ယောက်ထဲ နေပါရစေ တစ်ယောက်ထဲနေခွင့်
ပေးပါ''
ဒါ သူမရဲ့ အမြဲတမ်း အကြောင်းပြချက်။
သူလက်မခံချင်ပေမယ့် စိတ်ရှုပ်မှာစိုး၍ ငြိမ်ပြီး
အခန်းရှေ့မှ ထွက်လာရပေမယ့် စိတ်မပျော်ပါ။ သူ့
အပြစ်နှင့် သုမို့ ငြိမ်နေရပေမယ့် တိတ်ဆိတ်နေတဲ့
အိမ်ကြီးက ခြောက်သွေ့ကာ သူ့တစ်ယောက်ထဲ
အထီးကျန်ဆန်နေရသလိုပါပဲ။ သူ့ရင်တွေလဲ
ဖားဖိုကြီးလို နိမ့်လိုက်မြှင့်လိုက်နှင့် မြသင်းထုံရဲ့
စိတ်ကခန့်မှန်းရခက်ပါဘိနှင့် တစ်ခုခုများဆုံးဖြတ်
ချက်ချလိုက်မှဖြင့် သူပဲသေမှာ။ မရဘူး မင်းငါ့
အနားမှာပဲ နေရမယ်။ ငါ့ရဲ့ဆုံးဖြတ်ချက်ကို မင်း
စောင့်ပါ။ ငါပြောတဲ့စကားကို မင်းနားထောင်ပါ။ ငါ့
အမှားပါ ကလေးဆန်တဲ့ ငါ့ရဲ့လုပ်ရပ်ကပဲ မှားတာ
ပါ။
လက်နှစ်ဖက် ယှက်ကာဆုပ်ကိုင်ထားပြီး အပူရုပ်
နှင့် သူ့ရင်တွေ မအေးချမ်းလှ။
မာနမင်းသမီးကတော့ သူ့အား လုံးဝပင်လှည့်၍
မသနားလေခဲ့။
ဒါ ...သူမရဲ့ မာနပဲလေ။
°°°°°°°°°
''မိပြီ''
''အား...ရှင် မသွားသေးဘူးလား''
''မင်းမပါပဲ ငါကဘယ်ကိုသွားရမှာလဲ''
ဟန်ဆောင်ပြီး ဗိုက်မဆာဘူးဘယ်လောက်ပဲငြင်း
ငြင်း တဂီွဂီွမြည်နေတဲ့ ဗိုက်ကဆန္ဒပြလာ၍ သူ
မရှိတော့ဘူးအထင်နှင့် ထွက်လာမှ အခန်းရှေ့ဘွား
ကနဲပေါ်လာသည့် သူ။ ကျားတစ်ကောင်လို လူတစ်
ကိုယ်လုံးကိုလဲ သိမ်းကြုံးပွေ့ဖက်လာသည့် သန်မာ
သည့် လက်အစုံနှင့်ရင်ခွင်ကြား ထုံလေးကိုယ်သေး
သေးလေးက နှစ်မြှုပ်သွားရ၏။ မကျေနပ်တဲ့ စိတ်
က ဘယ်လောက်ပဲတင်းထားတင်းထား ထုံလေးလဲ
မိန်းကလေးတစ်ယောက်ဖြစ်နေ၍ စိတ်ကောက်
တတ်တာ မှားလေမလား။ နွှဲ့ရာကျလေမလား
မဝေခွဲတတ်လေပါ။
'' ဘာလုပ်တာလဲ လွှတ်ဦး၊ ကျွန်မမကြိုက်ဘူးနော်
ရှင်အဲ့လိုလုပ်နေတာကို..''
''အဲ့လိုလုပ်တာ မကြိုက်ရင် ဘယ်လိုလုပ်ရမှာ
လဲ၊ စိတ်ကောက်နေပြီးတော့ ချော့ခွင့်လဲမပေးပဲနဲ့
ဒီအတိုင်းတော့ မနေပါနဲ့ကွာ ကိုယ်မနေတတ်တော့
ဘူး''
'' ရှင်နဲ့ကျွန်မက ဘာဆိုင်လို့လဲ ''
''လင်မယားတွေလေ မေးစရာမှမလိုတာ ''
''ကျစ်...ရှင် ဘယ်လိုဖြစ်နေတာလဲ ကျွန်မစိတ် မ
ကြည်နေဘူးနော် အဓိပတိ''
ထုံလေးကို အတင်းဖက်ပြီး လည်တိုင်တွေကြား
ဇွတ်အတင်း နမ်းရှိုက်နေတဲ့ အနမ်းဓားပြကို စိတ်တို
တယ် ဘယ်လောက်ပြောပြော၊ မကြိုက်ဘူးဘယ်
လို ငြင်းငြင်း ဂရုမစိုက်တော့ စိတ်တိုရတာ ထုံလေး
ပါ။ ဇွတ်ကြမ်းနေတဲ့ သူ့မျက်နှာကြီးကို တွန်းထား
ပြီး မျက်နှာလေးအား ပင့်ချီကာ တင်းမာလျက်...
လေသံမာမာနှင့် အမိန့်ပေးရသည်။
'' ရှင်ဖယ်တော့ ကျွန်မစိတ်တိုလာပြီ''
'' ဒါဆို စိတ်မဆိုးတော့ဘူးပြော လွှတ်ပေးမယ်
ပြီးရင် ကိုယ်ရှင်းပြမယ်''
''တော်တော်တရားတယ်နော်''
''မသိဘူး မင်းစိတ်ဆိုးနေတာ ငါမနေတတ်ဘူး
ခုချိန်ထိ မင်းကိုစောင့်နေတာ ဘာမှမစားရသေးဘူး
ဗိုက်ဆာနေပြီ ငါ့ကိုမသနားဘူးလား''
ကြာကြာစိတ်မဆိုးတတ်တဲ့ ထုံလေးလဲ သူ့အပြော
အောက် ကျရှုံးရပြန်သည်။ စိတ်ဆိုးစိတ်ကောက်
နေရအောင် ကျွန်မတို့အဲ့လောက်မရင်းနှီးသလို
ကလေးတွေလဲ မဟုတ်ပဲလေ။ ဧည့်ခန်းထဲ မချယ်ရီ
ကို စိမ်းစိမ်းကားကားပြောနေတဲ့ သူ့စကားသံတွေ
လဲ ထုံလေးကြားခဲ့ရပြီပဲ။ သူ့ကို ခုလောက်ထိ စိတ်
ဆိုးဖို့မှ မလိုတော့ပဲလေ။
ဒီ့ထက်ဆိုးတာ မျက်နှာအနှံ့ဇွတ်အတင်းလိုက်နမ်း
နေတဲ့ သူ့ကြောင့် အနေခက်ရတာ ထုံလေးပါပဲ။
''ခဏစောင့် ကျွန်မအကျီဝင်လှဲအုံးမယ် ''
''အင်း စောင့်နေမယ် မကြာနဲ့နော် ကြာရင်ဝင်လာ
မှာ...အဟွန်း''
မျက်စောင်းရွယ်ပြီး ထွက်သွားတဲ့ ထုံလေးကို သူ
ပြုံးပြီးကြည့်နေလိုက်သည်။ ခုတော့လဲ သူနှင့်သူမ
ကြား ဘာမှမဖြစ်ကြတော့သလိုပဲ။ မင်းစိတ်နဲ့ငါ့
စိတ်က သိပ်တူတာပဲ။ လူတစ်ယောက်ကို လွယ်
လွယ်မုန်းတာလဲတူတယ်၊ လွယ်လွယ်ချစ်တာလဲတူ
တယ်၊ လွယ်လွယ်ခွင့်လွှတ်ပေးတာလဲတူတယ်။
ဒါကြောင့်မင်ူနဲ့ ငါ့ကြားက အမုန်းတွေက အချစ်
အဖြစ် ပြောင်းလဲသွားခဲတာ ဖြစ်နိုင်ပါတယ်လေ။
အသွင်တူမှ အိမ်တူဖြစ်တယ်ဆိုတာ ဒါမျိုးနေမှာပေါ့။
°°°°°°°
''စားကောင်းလား''
''အွန်း''
''ကိုယ်ထည့်ပေးတာ စားလေ ၊ ဘာလို့ဘေးကို
ဖယ်နေတာလဲ မကြိုက်လို့လား တခြားမှာပေးရ
မလား''
ငါးဟင်း သိပ်မကြိုက်တဲ့ ထုံလေးအတွက် သူထည့်
ပေးတဲ့ ငါးတွေက စားမဝင်။ သူစိတ်မကောင်းဖြစ်မှာ စိုး၍သာ ဟန်ဆောင်ခေါင်းငြိမ့်ပြရသည်။
''ကြိုက်ပါတယ် စားနေတာပဲလေ ၊ ရှင်လဲစားဦး
ကျွန်မပန်ကန်ထဲ ရှင်ထည့်ပေးနေတဲ့ ဟင်းတွေပဲ
ပြည့်နေပြီ''
''မင်းစားနေတာ ကြည့်ပြီးမှ ဗိုက်ပြည့်နေပြီ''
''အပိုတွေ ''
''စိတ်ဆိုးသေးလား''
''.....''
''စိတ်ဆိုးသေးလားလို့ ကိုယ်မေးနေတယ်လေ''
''ရှင်ဘာဖြစ်နေတာလဲ ကျွန်မကိုမနူးမနပ်စိတ်
ကောက်တတ်တဲ့ ကောင်မလေးတစ်ယောက်အရွယ်
များထင်နေတာလား အသက်အရွယ်ရနေတဲ့ မိန်းမ
တစ်ယောက်ဆိုတာ ရှင်သိတယ်မလား ''
'' မင်းကခု ဘယ်လောက်များအသက်ကြီးနေလို့လဲ
တစ်ချို့ဆို ဆံပင်ဖြူသွားကျိုးတဲ့ထိ သူတို့ချစ်သူ
အပေါ်မှာ စိတ်ဆိုးစိတ်ကောက်ကြတာပဲ မင်းကခုမှ
ငယ်ငယ်လေးရှိသေးတာကို ကိုယ့်အပေါ်ကြိုက်
သလောက်ဆိုး သည်းခံကြည့်မယ်... အဟွန်း''
'' မဆိုးပါဘူး ရှင်နဲ့ကျွန်မက ချစ်သူတွေမှ မဟုတ်
တာ ဆိုးစရာအကြောင်းမှမရှိတာ ''
''ကျစ်..''
သူ့အပြစ်နှင့်သူမို့ ဘာမှဆက်မပြောမိပေမယ့်
စားလက်စခရွန်းကို ချပြီး နင်နေတဲ့လည်ချောင်းထဲ
ရေကို ခပ်မြန်မြန်ယူသောက်ရသည်။ ကိုယ်ကအ
ကြိမ်ကြိမ်မုးန်းတယ်ပြောခဲ့တဲ့လူ။ ခုလို မြသင်းထုံ
ဘက်က သွေးအေးပြတော့ သူ့မှာနေမရထိုင်မရ
ဖြစ်ရတာ မျောက်သစ်ကိုင်းလွှတ်သည့် အလား။
အရင်စိတ်နှင့်ဆို ဝုန်းဒိုင်းကျဲမိမှာသေချာပေမယ့်
ယခုတော့ သူ့မှာ တိတ်ဆိတ်စွာနှင့်ပဲ ငြိမ်နေရသည်။
'' အဲ့စကားတွေ ပြောမနေနဲ့တော့ ခုနောက်ပိုင်းမင်း
နဲ့ငါ အဆင်ပြေပြေပဲ ရှေ့ဆက်ချင်တယ် စကားနာ
တွေ ထိုးမနေပါနဲ့ မင်းငါနဲ့ရန်ဖြစ်နေရတာစိတ်မကုန်
သေးဘူးလား မင်းမမောသေးဘူးလား ငါ့ဘက်က
အလှံဖြူပြနေတာကို မင်းက ပြန်ရိုက်ချချင်နေတာ
လား မင်းနဲ့ငါ့ကြားမအေးချမ်းချင်ဘူးလား''
''ရှင်မွေးခဲ့တဲ့မီးပဲ ရှင်ဖြစ်စေချင်တဲ့အတိုင်းပဲ
ကျွန်မနေပေးတာပဲ ကျေနပ်ပေါ့ ဒါစိတ်ချမ်းသာ
စရာပဲလေ''
''တော်တော့ကွာ မင်းရွဲ့နေတာတွေ တော်ပါတော့
ကျွတ်...ထိုင်နေ ငါခဏသန့်စင်ခန်းသွားအုံးမယ်
ရွဲ့ပြီးပြန်မယ်စိတ်မကူးနဲ့ အိမ်ထိ ပြန်လိုက်ကြိုပြီး
ဒီဆိုင်ထိ ပြန်ခေါ်လာမှာ မလုပ်ဘူးမထင်နဲ့''
''ဟွန်း..''
သူထွက်သွားတော့ ထုံလေးမျက်စောင်းရွယ်ပြီးကျန်
ခဲ့၏။ သူ့အလှည့်ကျတော့ သိတတ်လိုက်တာ။
စိတ်ကောက်ချင်ပေမယ့် စိတ်မကောက်တတ်တဲ့
ထုံလေး၊ ချော့ချင်ပေမယ့် မချော့တတ်တဲ့ သူနှင့်
ထုံလေးကြားက ဘာတွေက အဓိကလိုအပ်နေမှန်း
မသိ။ သူ့ကို စိတ်ထဲရှိတဲ့အတိုင်းဆိုးချင်တာပေါ့
စိမ်းသက်တဲ့ဆက်ဆံရေးက ချက်ချင်းကြီး နွေး
ထွေးရမှာ တခြားသူတွေအကြောင်း ထုံလေးမသိ
ပေမယ့် ထုံလေးအတွက် လွန်စွာခက်ခဲရှက်လှပါ
၏။ ကိုစိုင်းနှင့် တွဲခဲ့စဥ်ကလဲ ကျောင်ူဆရာ ကျောင်း
ဆရာမဆိုသည့် သိက္ခာနှင့် တည်ငြိမ်ခဲ့ရသည်။
ကိုကြီးနှင့် တုန်းကဆိုလဲ ကိုကြီးရဲ့တစ်ဖက်သတ်
သိမ်းသွင်းချင်းခံရ၍ ဥပေက္ခာပြုခဲ့ရ၏။ ယခုသူနှင့်
လဲ အစပိုင်းမှာ ဒေါသတွေအစား မာနတွေဖုံးလွှမ်း
ပြီး အမုန်းတွေကြား အေးစက်ခဲ့ရ၏။ ခုလိုရုတ်တ
ရက် ပြောင်းလဲလာတဲ့ သူ့ရဲ့နွေးထွေးတဲ့ အပြုအမူ
ကြင်နာယုယတဲ့ ဆက်ဆံရေးက ထုံလေးအတွက်
တေယ့ နေသားမကျသေးကာ နေရခက်ထိုင်ရခက်
နှင့် အီလည်လည်နှင့်သာ ဖြစ်နေရသည်။ ဒါကိုသူ
က နားမလည်ပဲ သူလိုရာသာ ဆွဲတွေးတတ်၏။
သူနမ်းထားတဲ့ ပါးပြင်လေးက ရဲပြီးအရှက်မပြေ
သေးတဲ့ ရင်ခုန်သံက မနူးမနပ်အပျိုပေါက်လေး
သဖွယ် ခုန်ပေါက်နေ၏။ ရှင်ကျွန်မကို ရက်စက်ခဲ့
တာ အများကြီးပဲလေ၊ နာကျင်ခြင်းတွေ ပူဆွေး
ခြင်းတွေ သိက္ခာတရားတွေ အိုကုန်ကုန်ပြောရရင်
ရှင့်လုပ်ရပ်အားလုံးက ရစရာတစ်ခုမှမရှိခဲ့ဘူး။ ဒါ
ကို လွယ်လွယ်နဲ့ ကျေအေးပေးရင် ဘယ်တရားပါ့
မလား။ ရှင်လဲ တန်ပြန်မဟုတ်လျှင်ပဲ ကျွန်မလက်
လှမ်းမီသလောက် လက်စားချေတာ ရှင်ခံရအုံးမှာ
ပေါ့ အဟွန်း...
'' မ .. မ ကျေးဇူးပြု၍...''
''ဟင်..''
ထုံလေးအတွေးလွန်နေခိုက် လူရည်သန့် ဆယ်
ကျော်သက်အရွယ် ကောင်းလေးတစ်ယောက် ပြုံး
ပြကာ တစ်ခုခုအကူအညီတောင်းမည့် ပုံနှင့်အနား
ရပ်နေ၏။ ထုံလေး လူမှု့ရေးအရ ပြန်ပြုံးပြပေမယ့်
ထိုကောင်လေးကို ထုံလေးမသိပါ။
'' တစ်ခုလောက် မေးစရာရှိလို့ပါ''
''ဪ..ဟုတ်''
''ဒီနားမှာလေး ကျွန်တော်နဲ့ရွယ်တူမိန်းကလေးတစ်
ယောက် လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်က ထိုင်နေတာ
တွေ့လိုက်လားဗျ''
'' သတိမထားမိလိုက်ဘူး''
''ဟုတ် ကျေးဇူးပါ မ''
''မြသင်းထုံ''
မျက်ထောင့်နီကြီးနှင့် မုန်တိုင်းသဖွယ် ကမူးရှူးထိုး
ထုံလေးအနားရောက်လာသည့် သူ့ကြောင့် ထုံလေး
နှင့်အတူ အကူအညီလာတောင်းတဲ့ ကောင်လေးပါ
လန့်ဖျန့်သွားရ၏။
°°°°°°°
Creator-ငွေသုန္ဒရီ->22
ဂျယ်လီတွေ ဇွတ်နင်တော့မယ် အဓိပတိ🙄