book

Index 20

အခန်း ၂၀

🌊ညှို့တတ်သောပင်လယ်🌊


သူ လွှမ်းခြုံပေးတဲ့ ပုဝါအနက်ရောင်လေးကို ကိုင်

ပြီး မျက်ဝန်းဝိုင်းလေးတွေနှင့် အဝေးတစ်နေရာကို

အကြည့်တွေ ပို့မိပြန်သည်။ ကိုစိုင်းပေးခဲ့ဖူးတဲ့ ပုဝါ

ကို ခုချိန်ထိ ထုံလေးသိမ်းထားတယ်မှန်း သူသိသွား

ခဲ့လျှင် ရန်ဖြစ်ရမှာ ပိုသေချာနေသည်။ သူ့စိတ်တိုင်း

ကျ တွေးပေးနေတာ မဟုတ်ပေမယ့် သူနဲ့ကျွန်မ

ကြား အေးချမ်းချင်ပါပြီ။ ရန်တကျက်ကျက်လဲ

မဖြစ်ချင်။ 


မလိုအပ်တဲ့ အရာတွေနှင့် ဆူးငှောင့်ခလုတ်အဖြစ်

မခံချင်တော့။ ဆုပ်ရင်လဲစူး စားရင်လဲရူးဘဝမှာ

ထုံလေးက အပျိုပြန်ဖြစ်မှာမှမဟုတ်တော့ပဲလေ။ 

သူ့ဘက်က ကွာရှင်းမယ်ဆိုလဲ ထုံလေးဘက်က

အဆင်သင့်ပါ...ဒါမှမဟုတ်ပဲ ရှေ့ဆက်ကြမယ်ဆိုလဲ

သူ့သဘောအတိုင်းပါပဲ။ သူ့ကို လိုချင်ချစ်ခင်နေတဲ့

စိတ်နှင့် မဟုတ်ပေမယ့် ထုံလေးဘဝမှာ အိမ်ထောင်

သုံးဆက်ဆိုတာကြီးတော့ နာမည်အပျက်ခံပြီး

မျက်နှာမငယ်ချင်တော့။ မှားမှန်းသိသိကြီးနှင့် ဇွတ်

မမှားချင်တော့။ ဘဝဆိုတဲ့အချိန်တိုတိုလေးမှာ

မိန်းမသားတစ်ယောက်ရဲ့ သိက္ခာ၊ ကိုယ်ကျင့်တရား

တွေ ရစရာမရှိအောင် ဖြစ်ခဲ့ရပြီပဲ ကျန်နေသေးတဲ့

အချိန်လေးမှာတော့ ထပ်မမှားလိုတော့ပေ။

မှားနေတာကို သိသိကြီးနဲ့ အမှန်ကိုပြင်ဆင်၍ ရနေ

ချိန်မှာ မပြင်ဆင်ပဲ ထပ်မှားနေစရာမှ မလိုတော့ပဲ

လေ။ ထုံလေးလည်း ဦးနှောက်ရှိပြီး စဥ်းစားချင့်ချိန်

တတ်တဲ့ အရွယ်ရောက်နေတဲ့ မိန်းကလေးမဟုတ်

လား။


တခြားသူကြောင့် ကိုယ့်သိက္ခာတွေ ကျခဲ့ရပြီးပြီ။

နောက်တစ်ခါ ကိုယ့်ကိုယ်ကိုယ်ကြောင့် ကိုယ့်သိက္ခာ

တွေ မကျချင်တော့ပါ။


အိမ်ထောင်ရေးဆိုတဲ့ အရာကြီးက လူ့ဘဝမှာ

ရှင်သန်နေရတဲ့တစ်လျှောက်လုံး ဖြတ်သန်းသွားရမဲ့

အရေးပါသည့်အရာတွေထဲမှ အချက်တစ်ချက်ဖြစ်

သည်။ အရင်လိုစကားကိုလွယ်လွယ်မပြောရဲတော့

ဘူး..အရင်လို ကွာရှင်းမယ်ဆိုတဲ့အတွေးတွေမတွေး

ရဲတော့ဘူး။ ဒီအတွေးတွေက အချစ်ကြောင့်ဆုံး

ဖြတ်ချက်ချလိုက်တာ မဟုတ်ပေမယ့် ထုံလေးရဲ့

ဂုဏ်သိက္ခာအတွက် ကိုယ်တိုင်ဆုံးဖြတ်ချက်တစ်ခု

ဖြစ်နေခဲ့တာပါ။ ခုချိန်မှာ ထုံလေးရဲ့ ဆုံးဖြတ်ချက်

က မှန်ကောင်းမှန်လိမ့်မယ် ၊ မှားကောင်းမှားလိမ့်

မယ် သို့သော် ထုံလေးရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်

ဖို့ရာတော့ သူ့လုပ်ရပ်အပေါ်မှာပဲ မူတည်နေသည်။


'' အိမ်ရောက်ပြီလေ မင်းဘာတွေ အတွေးလွန်နေ

တာလဲ''


အရင်လို ကားတံခါးကို ဝုန်းဝုန်းဒိုင်းဒိုင်းဆောင့်

ပိတ်ပြီး ထွက်မသွားပါပဲ ကားတံခါးကိုညင်သာစွာ

ကိုယ်တိုင်ဖွင့်ပေးကာ ခါးထောက်မေးလာသည့်သူ။ 

ထုံလေး ခေါင်းသာငြိမ့်ပြပြီး...


'' ဆောရီး ကျွန်မခေါင်းတွေ ကိုက်နေလို့..''


'' လာ ငါ့လက်ကိုတွဲလိုက် မင်းမူးလဲနေလိမ့်မယ် 

အိပ်ရေးပျက်ထားလို့ဖြစ်မယ် ခဏနေဆရာဝန်ခေါ်

ပေးမယ် ''


''ကျေးဇူးပဲ''


''မလိုဘူး ''


လေသံပြတ်ပြတ်နှင့် ပြောလာပေမယ့် ထုံလေးကို

တော့ ဂရုစိုက်ရှာသည်။ ထုံလေးလဲ ခေါင်းတွေ

တကယ်မူးနေတော့ ဟန်မဆောင်နိုင်ပဲ သူကမ်းပေး

တဲ့ လက်တစ်စုံကို အားကိုးတကြီးဆုပ်ကိုင်ထားမိ

တယ်။ ကားပေါ်ကဆင်းတော့ ပုခုံးမှညင်ညင်သာ

သာလေးဆွဲဖက်ပြီး သူ့ချိုင်းအောက်ထဲ မြှုပ်နေတဲ့ 

ထုံလေး ကိုယ်လေးက တောင့်တောင့်လေး....


'' ဘာဖြစ်နေတာလဲ လမ်းပါမလျှောက်နိုင်တော့တာ

လား ပွေ့ခေါ်ခံချင်တာလား''


သူ့စကားက ရွဲ့နေတယ်ဆိုပေမယ့် အရင်လိုမုန်းစရာ

တော့ မကောင်းပါ။


'' မဟုတ်ပါဘူး .. ကျွန်မဘာသာလမ်းလျှောက်နိုင်ပြီ''


'' ဘာလဲ ငါဖက်တာမကြိုက်တာလား ၊ မကြိုက်လဲ

မတတ်နိုင်ဘူး လမ်းကိုဖြေးဖြေးလျှောက် တော်ကြာ မူးလဲနေမှဖြင့် ပိုဆိုးနေမယ်''


ရှင်ဟာလေ ဘယ်တော့မှ နူးနူးညံ့ညံ့လေပြေလေး

နဲ့ မပြောတတ်တာလား။ ထုံလေးအတွက်ဆို သူ့မှာ

နူးညံ့ခြင်းတွေ ဆိတ်သုန်းနေခဲ့တာလား။ သူ့ပခုံး

ကြားမြှုပ်နေတဲ့ ထုံလေးကသာ မနေတတ်မထိုင်

တတ်ဖြစ်နေရတာလား။ 


ဧည့်ခန်းထဲရောက်တော့ ထုံလေးကို ဆိုဖာပေါ်ထိုင်

စေပြီး...


'' မင်း ဒီမှာ ခဏထိုင်နေ ငါမင်းအတွက် သံပုရာရည်

သွားဖျော်ပေးမယ် ငြိမ်ငြိမ်လေးထိုင်နေ ခေါင်းမူး

သက်သာသွားလိမ့်မယ်''


သူ တစ်ယောက်ထဲ ပြာယာခတ်နေတာလား။

ပါးစပ်ကတတွတ်တွတ် သူမှာနေတာကို ခေါင်းငြိမ့်

နားထောင်နေပေမယ့် သူသံပုရာရည်ဖျော်ပေးမယ်

ဆိုတာကိုတော့ စိတ်မချပါ။ သူမှ သံပုရာရည်မဖျော်

တတ်ပဲ။ သူတစ်ခါမှ မီးဖိုချောင်ဖြင့်မဝင်ဖူးတာ

သံပုရာရည် မဖျော်တတ်ဘူးဟု ထုံလေးတွေးတာ

မမှားနိုင်ပေ။


'' ရှင်က သံပုရာရည်ဖျော်တတ်လို့လား ရတယ်

ကျွန်မသွားလိုက်မယ် ရှင့်အတွက်ပါဖျော်လာခဲ့မယ်''


'' မင်းထိုင်နေစမ်းပါ 

လူဆိုတာ မွေးထဲက တတ်လာတာတစ်ခုမှမရှိဘူး

လုပ်ကြည့်ရမှာပေါ့ ထိုင်နေ ငါ့ကိုများ အထင်သေး

တဲ့ ပုံစံနဲ့ ငါလုပ်ပြမယ်စောင့်နေ''


''ရှင်မလုပ်တတ်တာ ကျွန်မသိတယ် တော်ကြာရှင့်

လက်တွေ ဓားရှနေလိမ့်မယ်''


'' စိုးရိမ်မနေနဲ့ မင်းယောကျ်ားက ကလေးမဟုတ်

တော့ဘူး''


ပြုံးစိစိနှင့် အသားကယူသေး။ ထုံလေးမျက်စောင်း

ရွယ်ရင်း ...


ဇွတ်ထနေတဲ့ ထုံလေးလက်မောင်းနှစ်ဖက်အား

သူ့လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး ထိုင်စေကာ ပြော

နေသည့် သူ့အသွင်က တကယ့်ဆရာကြီးဆိုဒ်နှင့်။

သူ မလုပ်တတ်တာ သိနေတဲ့ထုံလေးကတော့ သူ့

လက်ရာကိုမယုံပါ။ စေတနာကို စော်ကားသလိုလဲ

ဖြစ်မှာစိုး၍ သူပြောသလိုပဲ ငြိမ်ထိုင်နေလိုက်သည်။

ဒီနေ့မှ စေတနာတွေ ရေစီးကမ်းပြိုဖြစ်နေတဲ့သူ့ကို

ထုံလေး ထိုင်နေရာမှ ကြည့်နေလိုက်သည်။


မီးဖိုခန်းထဲ သံပုရာရည်လေး ဖျော်တာကိုပဲ ကမ္ဘာ

ပျက်တော့မည်အလား ဟိုပြေးလိုက်သည်ပြေး

လိုက်နှင့် သူတစ်ယောက်ထဲယောက်ယက်ခတ်နေ

သည်။ ထုံလေး သူ့ကိုခိုးကြည့်ပြီး မဲ့၍သာပြုံးနေမိ

ရင်း ... ရှင်သိလိမ့်မယ် မီးဖိုချောင်ထဲ ဝင်ရတဲ့

အလုပ်ကလဲ မလွယ်ဘူးဆိုတာသိပါလိမ့်မယ်။


°°°°°°°


''ရော့ ... သောက်ကြည့်ဦး''


''ရှင့်အတွက် မဖျော်လာဘူးလား''


''မင်းအတွက်အရင်ဖျော်လာတာ မင်းအရင်သောက်

ကြည့် ''


သံပုရာရည်လေး တစ်ခွက်ဖျော်တာ သူ့မှာကမ္ဘာ

ပျက်နေသလိုပါပဲ။ နှဗူးမှချွေးတွေကလဲ ရွဲလို့။

ထုံလေး သံပုရည်ကိုကြည့်လိုက် သု့မျက်နှာကို

ကြည့်လိုက်နှင့် ... တကယ်ရယ်ရတဲ့လူ။ မလုပ်တတ်

ရင်လဲ မလုပ်ပါနဲ့လား။ အရသာကဘယ်လိုနေမလဲ

မသိပေမယ့် ချွေးပြန်နေတဲ့ သု့မျက်နှာကိုကြည့်ပြီး

သူ တော်တော်လေး ကြိုးစားပန်းစားလုပ်ခဲ့ရမှာ

သေချာနေသည်လေ။ အားနာနာနှင့်ပဲ သောက်ပေး

ရမှာပေါ့။ ထုံလေးတောင် အချက်အပြုတ်မကျွမ်း

ကျင်တာ သူလိုဒေါသအမြဲထွက်နေတဲ့ လူဆိုပိုဆိုး

မှာပေါ့...ဘာပဲဖြစ်ဖြစ် စေတနာကိုတော့ အသိ

အမှတ်ပြုပေးရမှာပဲလေ။


ဖန်ခွက်ကလေးကို နှုတ်ခမ်းလေးနှင့်တေ့ပြီး 

သောက်မယ်ပြင်ပြီးမှ သူ့လက်ယာကိုသောက်

ကောင်းလားဆိုသည့်ပုံနှင့် အနားမှာကပ်ထိုင်ပြီး

စိုက်ကြည့်နေတဲ့သူ။ ကလေးတစ်ယောက်လို မျက်

ဝန်းတွေက တလက်လက်။


ထုံလေး သူ့လက်ယာသံပုရာရည်ကို ကြိတ်မှိတ်ပြီး

သောက်ချလိုက်တော့ ငံပြီးချဥ်တဲ့အရသာက ပါး

စပ်ထဲ လျှာလည်သွားသည်။ ပြန်ထွေးထုတ်မယ်ပြင်

ပြီးမှ ချွေးပြန်နေတဲ့ သူ့မျက်နှာကိုကြည့်ပြီး အီလည်

လည်ကြီးနှင့် မအီမသာမျက်နှာလေးမဲ့ကာ မြိုချ

လိုက်လေသည်။ သူ့မှာတော့ ထုံလေးအဖြစ်ကိုမသိရှာပဲ ပျော်နေသလိုနှင့်...


'' သောက်ကောင်းလား''


''အင်း''


''ဘယ်လိုလဲ ချိုလား ''


''အွန်း..''


အကြိတ်အနယ် မြိုချနေရပါတယ်ဆို သူကမေးနေ

ပြန်ပြီ။ ချဥ်ပြီးငံနေတာ ဘယ်လိုဖြစ်ပြီး ကောင်းပါ့

မလဲရှင်ရယ်။ ကိုယ့်လက်ယာကိုယ်မှ မြည်းကြည့်ခဲ့

လားမသိဘူး။ 


''အကုန်သောက်လိုက် မင်းခေါင်းမူးနေတာ သက်သာသွားလိမ့်မယ်''


''ဟင်...အကုန် အကုန်သောက်ရမယ် ဟုတ်လား''


သူအကုန်သောက်ခိုင်းမှ ထုံလေးမှာ ချီတုံချတုံနှင့်

ဆက်သောက်ရမှာကို ရင်လေးလာသည်။


အသံတုန်တုန်လေးနှင့် မေးတော့ သူခေါင်းငြိမ့်ပြ

သည်။ သူ့လက်ယာကို တကယ်ကောင်းတယ်ထင်

ပြီး သူ့မှာပီတိဖြစ်နေသလိုပါပဲ။ သူတမင်မလုပ်တာ

သေချာနေ၍ သူ့ကိုအပြစ်လဲမတင်ရက် ဆက်ပြီး

လဲမသောက်နိုင်တာ သေချာသည်။ ဒီလောက်ချဥ်ငံ

တူးနေတာ ဘယ်လိုဆက်သောက်နိုင်မှာတဲ့လဲ။


ဆက်မသောက်နိုင်တော့လို့ စားပွဲပေါ်တင်ပြီး

သူ့ကို ဟန်ဆောင်ပြီး ပြုံးပြရသည်။


''ရပြီ ကျွန်မခေါင်းကြည်သွားပြီ ရှင့်အတွက်ပါ

ဖျော်မလာဘူးလား အရမ်းသောက်ကောင်းတယ်''


''မင်းသောက်ပြီးသားပဲ သောက်လိုက်တော့မယ်

မီးဖိုချောင်ထဲဝင်ရတာ တကယ်မလွယ်မှန်းခုမှ သိ

တော့တယ် မင်းဝင်တာလဲ တော်တော်ပင်ပန်းရှာမှာပဲ''


''အင်အင် သောက်လိုက်ဦး ရှင့်လက်ယာလေး''


သူ့ကိုယ်သူ အထင်ကြီးပြီး ပြုံးစိစိနှင့် 

စားပွဲပေါ်တင်ထားတဲ့ ထုံလေးသောက်ပြီးသား

သံပုရာရည်ခွက်ကို ယူပြီး အားပါးတရသောက်ချ

လိုက်သည့် သူ့ကို ထုံလေးမျက်တောင်မခတ်ကြည့်

နေလိုက်သည်။ မျက်လုံးကြီးပြူးပြီး အမှိုက်ပုံးရှိရာ

နား ထပြေးသွားသည့် သူ့အမူအယာကို ကြည့်ပြီး

ရယ်နေရသည်။ သူ့ကိုကြည့်ပြီးခေါင်းမူးတာပါပြေသွားသလိုပဲ။ သူ့ကိုကြည့်ပြီး ထုံလေးဟက်ဟက်ပက်ပက်ရယ်မိတယ်။ ဒီလို မရယ်ရတာ

ကြာခဲ့ပြီပဲလေ။


''အဟွတ် ဟွတ်..အား ဘာအရသာကြီးလဲ''


သူ့ တစ်ယောက်ထဲ ညည်းညူပြီး ထမင်းစားခန်း

ထဲ ပြေးဝင်ကာ ရေခဲသေတ္တာထဲမှ ရေသန့်ဗူးယူကာ

ထုံလေးအနားပြန်ရောက်လာသည်။ သူ့ကိုပြုံးပြီး

ကြည့်နေတဲ့ ထုံလေးကို နှာခေါင်းလေးရှုံ့ပြပြီး ရေဗူးလှမ်းပေးသည်။


''ဒီလောက် ဆိုးရွားနေတာကွာ မင်းမို့လို့သောက်နိုင်

တယ်  ပြန်ထွေးထုတ်လိုက်''


'' ရှင် ပင်ပင်ပန်းပန်းဖျော်ခဲ့ပေးတာပဲ အားနာလို့ 

သောက်ပေးရမှာပေါ့''


''ဆောရီးကွာ....ကိုယ့်လက်ယာကိုယ် မမြည်းကြည့်

လိုက်ရဘူး''


''ဘယ်လိုလဲ သောက်ရတာ အဆင်ပြေလား''


ရယ်ကျဲကျဲနှင့် စနေတဲ့ ထုံလေးကို မျက်စိစွေကြည့်

ပြီး နက်မှောင်နေတဲ့ သု့ဆံပင်တိုတွေကို လက်နှင့်

အရှက်ပြေသပ်တင်နေသည်။ တစ်ယောက်မျက်နှာ

တစ်ယောက်ကြည့်ပြီး နှစ်ဦးသား မျက်ဝန်းချင်းဆုံ

ကာ အကြောင်းအရင်းမရှိပြိုင်တူရယ်မိကြသည်။


''နောက်ကို အားနာစရာမလိုဘူး မကောင်းရင်မ

ကောင်းဘူး ပြော.. ရတယ် ဒါသောက်လိုက်လို့ မင်း

တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ အူကြောင်

ကြောင်နဲ့  ''


'' နောက်ကိုဆိုတော့ ရှင်ကထပ်ပြီး ကျွန်မကိုသံပုရာ

ရည် ဖျော်တိုက်ဦးမယ်ဆိုတဲ့ သဘောပေါ့''


''အွန်း...မင်း နေမကောင်းတဲ့ အချိန် ပြုစုပေးလို့

ရအောင် လေ့ကျင့်ထားမလို့လေ ''


''ရှင်က ကျွန်မကို နောက်တစ်ခါ ထပ်ချက်ကျွေးမယ်

ဟုတ်လား''


''အင်းလေ ဘာလို့လဲ ..''


''ဟင့်အင်း.. ရှင့်လက်ယာ ကျွန်မစားရမယ်ဆိုတော့

ဝမ်းသာသွားလို့ နောက်တစ်ခါဆို ဒီလိုချဥ်ငံတူးတော့ မဖြစ်တော့ဘူးမလား''


''သင်ရမှာပေါ့''


ထုံလေး သူ့အပြောကြောင့် မျက်နှာလွှဲပြီး ပြုံးနေ

မိသည်။ သူ့အပြော သူ့အမူအယာတွေက မနေ့ကနှ

င့် မတူ။ ထူးခြားနေပြီး ရင်ခုန်စေသည်။ ဟန်ဆောင်

နေတာလား စေတနာရှိရှိလုပ်ပေးချင်နေတာလား

မသဲကွဲပေမယ့် သူ့အမူအယာတွေကိုတော့ ထုံလေး

ကြည့်ပြီး ပျော်ရပါတယ်။ တိတ်ဆိတ်နေတဲ့ ရင်ခုန်

သံက သူ့အပြုံးကြောင့် ခုန်ပေါက်နေတာ ရယ်စရာတော့ ကောင်းပါရဲ့..။


'' ခေါင်းမူးသေးလား''


ထုံလေးလက်ကလေးကို ဖွဖွဆုပ်ကိုင်ပြီး နူးညံ့

နေတဲ့ မျက်ဝန်းတွေနှင့် ချိုသာနေတဲ့ သူ့စကားသံက

ထုံလေး တစ်ခါမှသူ့ထံမှ မကြားဖူး မရဖူးတဲ့ အရာ

တွေမို့ ထူးဆန်းစွာ ရင်ခုန်ရပါသည်။ မျက်လွှာလေး

ချပြီး မရဲတရဲ ပြန်ဖြေသည်။


''မမူးတော့ဘူး''


''ဆရာဝန်ခေါ်လိုက်မယ်လေ''


''ရပါတယ် ကျွန်မ ခေါင်းမမူးတော့ဘူး''


''ညနေစာ မင်းဘာစားမလဲ ကိုယ်ချက်ကျွေးမယ်

လေ''


''ရှင် ပင်ပန်းမှာပေါ့''


''မင်းစားချင်တာပဲပြော ကိုယ်ချက်နေတဲ့အချိန် 

မင်းကဘေးကနေ ​လိုအပ်တာတွေပြောပေး ဒါဆို

မပင်ပန်းတော့ဘူး ခုလိုလဲစားမကောင်းမဖြစ်တော့

ဘူး မင်းကတော့ အနားမှာပဲထိုင်ပြီး လိုအပ်တာပြော

ပေါ့ ဒါဆိုမင်းလဲ မပင်ပန်းတော့ဘူးလေ''


မျက်နှာပေါ် ဝှဲကျလာတဲ့ ဆံနွယ်အချို့ကို သူ့လက်

တွေနှင့် သပ်သင်ပေးပြီး အနီးကပ်ကြီး ပြောနေတဲ့

သူ့ကြောင့် ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲနေတဲ့ ထုံလေး

အဖြစ်ကို ထုံလေးရှက်ရမလား၊ ဆက်ပြီးပဲရင်ခုန်

ရမလားမသိတော့ပါ။ သူ့မျက်ဝန်းညိုတွေမှာတော့

နူးညံ့နေလို့ပေါ့...


'' ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်''


'' ကို..''


ထုံလေး ခေါင်းလေးကို ဖွဖွပုတ်ပေးပြီး စကားပြော

မယ်ပြင်ပြီးမှ ဧည့်ခန်းတံခါးပေါက်နားမှ အသံပြာ

မတတ်အော်လာသည့် ချယ်ရီကြောင့် နှစ်ဦးသား

အကြည့်ဆုံသွားသည်။ လက်သီးကိုကျစ်ကျစ်ဆုပ်

ပြီး မျက်ရည်အဝိုင်းသားနှင့် သူနှင့်ထုံလေးနား

ရောက်လာသည့် ချယ်ရီကို ကြည့်ပြီး ထုံလေးဘာ

ဆက်လုပ်ရမည်မသိ။သူကတော့ ထုံလေးလက်အား

မလွတ်တမ်း ဖွဖွဆုပ်ကိုင်ထားလျှက်နှင့်ပဲ...မချယ်ရီ

ကို ရင်ဆိုင်လေသည်။


''ဘာလာလုပ်တာလဲ''


''မေးရဲတယ်နော် ဒီအိမ်လာမှတော့ ချယ်ရီက ကိုယ့်

ဆီမလာပဲ ဘယ်သူ့ဆီလာမှာလဲ ''


''ဘာကိစ်စလဲ''


''အဟွန်း...အကြောင်းမကြားဘာမကြားပဲ

နယ်ကိုသွားပြီး လေစိမ်းတွေတိုက်ခံရတော့ အသား

တွေပါ ညိုလာရုံတင်မကဘူး စကားလုံးတွေပါ 

ပြောင်းလဲလာတာပဲ ကိုယ့်ကို ဘယ်သူက ဒီလိုစိမ်း

စိမ်းကားကား ချယ်ရီကိုဆက်ဆံရမယ်လို့ သင်ပေး

လိုက်လဲမသိပါဘူး တော်တော်ပြောင်းလဲသွားတယ်နော် ကို''


''ချယ်ရီ...မင်းပြန်လိုက်တော့ ငါမင်းနဲ့ စကားမပြော

ချင်ဘူး နောက်တစ်ခါ ငါ့အိမ်လဲ မင်းလာစရာမလို

တော့ဘူး''


''အခုတော့ ပြောပြီပေါ့လေ ...ခုတော့ချယ်ရီကို

နှင်ပြီပေါ့ လေ ချယ်ရီကိုလိုသုံးလုပ်ခဲ့ပြီးမှ ခုတော့

နှင်ပြီပေါ့ ဟုတ်လားကိုယ် ချယ်ရီက ဘာလဲ ကိုယ့်

အတွက်ချယ်ရီက ဘာလဲပြောလေ ကိုယ်..''


ထုံလေးကို မျက်ထောင့်နီကြီးနှင့်ကြည့်ပြီး အသံ

ပြာအောင် အော်နေတဲ့ ချယ်ရီကို သူစိတ်ပျက်စွာ

ကြည့်နေသည်။ 


သုတို့ နှစ်ယောက်ကြား ထုံလေးငြိမ်သက်စွာသာ

မျက်နှာလွှဲထားရင်း ထွက်သွားရန်ပြင်တော့လည်း

သူအတင်းဆွဲထား၍ ထွက်သွား၍မရ။ ဘယ်သူ့ကိုမှ

အပြစ်မတင်ဘူး ဘယ်သူ့ကိုမှလဲ ထုံလေးမမုန်းဘူး

ထုံလေးအပေါ်မတိုက်ခိုက်လာသ၍ မမုန်းပါဘူး။

ကိုယ်နဲ့မဆိုင်တဲ့ အရာဟုသာ တွေးထားတာပို

ကောင်းတယ်မလား။


ဝမ်းနည်းနာကျင်ရမှာချင်းအတူတူ အမုန်းမပွားတာ

ပဲပိုကောင်းတယ်လေ။ ကိုယ့်ကြောင့်ပူလောင်ရတာ

လဲ မလိုချင်သလို တခြားသူကြောင့်လဲ ထုံလေးထပ်

ပြီး မပူလောင်ချင်တော့ဘူး ကွယ်။


'' ကိုယ် ချယ်ရီနဲ့ ခဏအပြင်လိုက်ခဲ့ ချယ်ရီကိုယ်

နဲ့ စကားအေးဆေးပြောချင်တယ် ''


''ငါ မလိုက်နိုင်ဘူး မင်းငါ့ကိုပြောချင်ရင် ဒီမှာပဲ

ပြော ဒီမှာမပြောဘူးဆိုရင် မင်းပြန်တော့ ''


''ဘာလဲ ကိုယ်နဲ့ချယ်ရီရဲ့ ပတ်သက်မှု့ကို သူ့မျက်နှာ

ကိုကြည့်ပြီး ပြောရမှာပေါ့ဟုတ်လား ကို''


ထုံလေး သက်ပြင်းချပြီး သူ့လက်ထဲမှ ထုံလေး

လက်ကို အတင်းတိုးထွက်လိုက်ပြီး...


''ရှင်တို့ အေးဆေးစကားပြောကြပါ ထုံလေးကြောင့်

အနှောက်အယှက်အဖြစ်မခံပါနဲ့...''


''မင်း သွားစရာမလိုဘူး သူနဲ့ငါနဲ့ဘာမှမဆိုင်ဘူး 

မင်းထိုင်နေ''


''ခုချိန်မှာ ကျွန်မကရှင်တို့အတွက် သူစိမ်းလူပဲ

နှစ်ယောက်အေးဆေးတိုင်ပင်ပါ ကျွန်မလဲပင်ပန်း

နေလို့ နားပါရစေ ကိုအဓိပတိရယ်

ကျွန်မ လက်ကို လွှတ်လိုက်ပါ''


စိမ်းသက်နေတဲ့ သူမမျက်ဝန်းတွေကို ကြည့်ပြီး

ကျွန်တော် ရင်ထဲနောင်တရသွားသည်။ သူလုပ်ခဲ့တဲ့

လုပ်ရပ်က ခုလို မြသင်းထုံကို ခံစားရစေဖို့ပဲလေ။

ထိုလုပ်ရပ်က သူတကယ်တွေးကြည့်မှ ကလေးဆန်

တဲ့ လုပ်ရပ်တစ်ခုမှန်း သိကာ နောင်တရလေတော့

သည်။ မြသင်းထုံဆိုတာ ခေါင်းအလွန်မာတဲ့ မိန်းက

လေးပဲလေ။


''မဟုတ်ဘူး ...ကျစ်''


ဖမ်းဆွဲလာတဲ့ သူ့လက်တွေကိုခါထုတ်ပြီး ကျော

ခိုင်းထွက်လာလိုက်သည်။ သူအံကြိတိပြီး မကျေ

မချမ်းကျန်ခဲ့ရတာကို ထုံလေးလှည့်မကြည့်တော့။

သိပါတယ် ရှင်တို့ရဲ့ပတ်သက်မှု့ကို ကျွန်မသိပါ

တယ် မချယ်ရီရယ်။ ကိုယ်ချင်းလဲစာပါတယ် ရင်

တွေလဲ နာရပါတယ်။ ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိ

တယ်လို့လဲ ခံစားရပါတယ်။ သံယောဇဥ်တွယ်မိ

မှာကို သိပ်ကြောက်တဲ့ ကျွန်မက လွယ်လွယ်နဲ့သူ့

အပေါ် ရင်နှီးမိတယ်၊ သံယောဇဥ်တွယ်မိတယ်၊ ဒါ

ကျွန်မရဲ့ အပြစ်ပါ။


စိတ်အပြောင်းအလဲ မြန်တဲ့ယောကျ်ားတွေကို

ကျွန်မ မုန်းပေမယ့် ရှင့်ကိုတော့ ကျွန်မမမုန်းပါဘူး။

နောက်ဆုံး ကျွန်မတို့တွေ ကိုယ့်လမ်းကိုယ်လျှောက်

ရမယ် ဆိုတဲ့ အချိန်ထိပေါ့...


တစ်ခါတစ်ရံ စွန့်လွှတ်ချင်းတွေက အချစ်ဖြစ်နိုင်သလို...တိတ်ဆိတ်ခြင်းတွေကလဲ နားလည်ပေးခြင်း

ဆိုတာ သူသိပါလစေ။


°°°°°°°

Creator-ငွေသုန္ဒရီ->21


ကျန်းမာရေး ဂရုစိုက်ကြပါကွယ်။

ကိုဗစ်က လူတိုင်းနီးနီးဖြစ်နေကြတာ ဂရုမစိုက်ရင်တော့ အကုန်ကူးမှာပဲ။

သုန်လဲ ဘယ်နေ့ကြူထွက်ရမလဲမသိဘူး၊ 

ကိုယ့်အိမ်ကိုယ်ရာမဟုတ်တော့ ကြူဝင်ရတာလဲ

ဒုက္ခရောက်ပါတယ်။ မဖြစ်ခင်မှာကြိုတင်ဂရုစိုက်ကြပါနော်။ 


နိုင်ငံရေးကတစ်မျိုး ငဗစ်ကတစ်မျိုးနဲ့ အားလုံး 

စိတ်ပမ်းလူပမ်းဖြစ်နေချိန်မှာ စိတ်ဓာတ်မကျကြပါ

နဲ့။ ကိုယ်တစ်ယောက်ထဲ ပင်ပန်းဆင်းရဲနေတာမဟုတ်ဘူးဆိုပြီး အားတင်းထားရင်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြတာပေါ့။


😘😘😘😘


rate now: