book

Index 2

အခန်း ၂

🌊ညှို့တတ်သော ပင်လယ်🌊


'မဖြစ်နိုင်ဘူးသား မာမီလုံးဝလက်မခံနိုင်ဘူး ဖြစ်လဲ

မဖြစ်သင့်ဘူး'


ဧည့်ခန်း တစ်ခုလုံး တိတ်ဆိတ်သွားသည်။ မာမီ

စကားကို သူဂရုမစိုက်စွာ မဲ့ကာ ရယ် သည်။ မာမီ

မျက်ဝန်းတွေကတော့ လက်မခံနိုင်တာထက် သွေး

ပျက်ဖွယ် ခြောက်ခြားနေတာဆို ပိုမှန်ပေသည်။ သူ

ဂရုမစိုက်ပါ။ သူလုပ်ချင်တာကိုသာ သူ့သဘောအ

တိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချပြီးသား။


'ကျွန်တော်ကတော့ ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာ မ

ဟုတ်ဘူး မာမီလဲ တားဖို့ မစဥ်းစားပါနဲ့ ကျွန်တော့်

စကားတွေ ရိုင်းသွားခဲ့ရင် တောင်းပန်ပါတယ်

ဒါ ပြင်ဆင်ဖို့မရှိတဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ဖြစ်

နေလို့ပဲ မာမီ''


နိုင်ငံခြားမှာ နေတာကြာပြီး နိုင်ငံခြားဆန်နေတာ မ

ဟုတ်ပဲ မိခင်စကားဆို ဘယ်တော့မှမနာခံခဲ့သလို

ပြန်ပြောတာ မဟုတ်ပဲ သူ့လုပ်ရပ်ကိုပိတ်ပင်တိုင်း

ယခုလိုပြောဆိုတာ သူ့ပုံစံပင်။ သို့ပေမယ့် 

ဒေါ်ပပလှိုင် ဒီတစ်ကြိမ်တော့ သားဆန္ဒကို တားဆီး

ရမည်။


'မရဘူး မာမီ လက်မခံဘူး မင်းသူ့ကို လုံးဝ လက်မ

ထပ်ရဘူးသား မာမီ သားတစ်ယောက်ပဲ ဆုံးရှုံးပါရ

စေ သားရယ်နော် ဒီတစ်ခါတော့ မာမီစကားကို နား

ထောင်ပေးပါနော် '


'အဟွန်း သူကဘယ်လောက်ထိ အဆိပ်ပြင်းနေလို့

မာမီ အရမ်းကြောက်နေရတာလဲ '


'အဆိပ်ပြင်းတာကို မာမီကြောက်တာ မဟုတ်ဘူး

အဲ့မိန်းကလေး အရမ်းသွေးအေးတတ်တာက ခေါင်း

မာတာ ဓားတွေသေနတ်တွေ မလိုတဲ့ လူသတ်လက်

နက်တွေ သူ့မှာပိုင်ဆိုင်ထားတာ သားရဲ့..'


'ဟွန့်..'


စီးကရက်သောက်ပြီး စူးနစ်နေတဲ့ မျက်ဝန်းတွေနှင့်

သာ ဧည့်ခန်း နံရံမှာ ချိတ်ဆွဲထားသည့် အကိုဖြစ်သူ

နှင့် မြသင်းထုံ၏ ဓာတ်ပုံကိုသာ မှေးရိုးများထောင်

ကာ အံကြိတ်စိုက်ကြည့်နေသည့် အဓိပတိ။


ဆုံးဖြတ်ချက် ချပြီးတိုင်း ပြန်မပြင်တတ်တဲ့ သူ့

အကျင့်ကို သိနေတဲ့ မာမီမှာတော့ အထိတ်တလန့်

မျက်ဝန်းတွေနှင့်သာ ကြည့်ပြီး လက်လျော့သွားတာ

မဟုတ်ပဲ ဆက်ပြီးမှလည်း ပိတ်ပင်ခြင်းမရှိ။


'မာမီနောက်ဆုံးစကားပြောမယ်သား မင်းအကိုရဲ့

မိန်းမကို ညီက ပြန်လက်ထပ်တယ်ဆိုတာ ပတ်ဝန်း

ကျင်မှာလဲ ကြားမကောင်းသလို မာမီတို့ မျိုးရိုး

သိက္ခာအတွက်လဲ မကောင်းဘူး ဘယ်လိုမှလဲ မတင့်

တယ်ဘူးသား၊ အရေးကြီးဆုံးအချက်က မင်းအကို

ကို သွေးအေးအေးနဲ့ သတ်ခဲ့တဲ့မိန်းမ ဖြစ်နေလို့ မာမီ 

လုံးဝသဘောမတူန်ုင်ဘူးသားရယ် မာမီစကားကို

နောက်ဆုံးအနေနဲ့ နားထောင်ပေးပါ'


အသနားခံနေတဲ့ မာမီမျက်ဝန်းတွေကို သူမျက်နှာ

လွှဲရင်း...


'မာမီ ကျန်းမာရေးသာ ဂရုစိုက်ပါ ကျွန်တော်

အတွက် ဘာမှစိတ်မပူပါနဲ့ မာမီစကားကို ကျွန်တော်

နားမထောင်တဲ့အတွက်လဲ ကျွန်တော်စိတ်မကောင်း

ပါဘူး'


'' မာမီ စကားကို နားထောင်ပေးပါနော် 

လက်စားချေတယ်ဆိုတာ လက်ထပ်ယူမှ

ချေလို့ရတာ မဟုတ်ပါဘူးသားရယ်''


'' ကျွန်တော် သွားတော့မယ် ''


​ကျောခိုင်းထွက်သွားတဲ့ သားဖြစ်သူရဲ့ ကျောပြင်ကို

ကြည့်ပြီး ဒေါ်ပပလှိုင် အရုပ်ကြိုးပျက် ငူငူကြီးကြည့်

နေဆဲ။


လိုချင်တာကို ရအောင်ယူတတ်သည့်စိတ်၊ ဖြစ်ချင်

တာကို ရအောင်လုပ်တဲ့ တဇွတ်ထိုးစိတ်က ငယ်ထဲ

ကပါပဲ။ ဒါကြောင့်လဲ မိခင်ဖြစ်သူအား စွန့်လွှတ်ပြီး

မသွားပါနှင့်ဟု တားဆီးနေသည့်ကြားမှ ငယ်စဥ်

ထဲက မိဘနှစ်ဦးလမ်းခွဲကြတော့လဲ ဖခင်လက်ကို

တင်းတင်းဆုပ်ပြီး ဖခင်ခေါ်ဆောင်ရာနောက် နိုင်ငံ

ရပ်ခြားကို လှည့်မကြည့်တမ်းကောက်ကောက်ပါ

လိုက်သွားခဲ့တာပေါ့။ 


အေးဆေးတဲ့ သားကြီးကသာ ဒေါ်ပပလှိုင်နှင့် အတူ

ကျန်ရစ်ခဲ့တာပါ။ ဘာတွေဆက်ဖြစ်မည်ကို မတွေး

ချင်လောက် အာရုံတွေ ရှုပ်ထွေးလွန်း၍ သံပုရာရေ

တစ်ခွက်ကိုသာ ပူဆွေးခြင်းနှင့်အတူ ခက်ခက်ခဲခဲ 

မြိုချနေမိတော့သည်။


•••••


'နင် ဘာလုပ်ပြန်ပြီလဲ ငါ့ကိုအသေသတ်နေတာ 

လွှတ်စမ်း'


တစ်လမ်းလုံး မိုးမိပြီး ပိုက်ဆံလဲပါမသွား၍ သူ့

စကားနားထောင်တာ မဟုတ်ပဲ လမ်းလျှောက်ပြန်

ခဲ့ရတဲ့ နှစ်နာရီခရီးဆိုတဲ့ မိုင်နှုန်းက တွေးကြည့်တာ

နှင့်ပင် ခြေထောက်တွေ ပြန်ခွေလာသည်ထိ။ အိမ်

ရောက်တော့လဲ အငြိမ်မနေရပါပဲ ကားပေါ်အတင်း

ဆွဲတင်ပြီး ကိုကြီးနှင့် အတူနေခဲ့တဲ့ အိမ်သို့ခေါ်

လာခဲ့တာ သူ့သဘောနှင့်ပင်။ စိုစွတ်နေတဲ့အဝတ်

အစားကြောင့် တစ်ကိုယ်လုံးအေးစက်ကာ ခြေ

ထောက်တွေလက်တွေ ကြင်ပြီးကားပေါ်ကချက်

ချင်းမဆင်းနိုင်။ ဒါကိုလဲ သူဒေါသထွက်နေ

ပြန်သည်တဲ့။


'ဆင်းစမ်း'


'ငါ..ငါ တောင်းပန်ပါတယ် ငါ့ကိုအတင်းကြီးမဆွဲပါနဲ့

ငါ့ခြေထောက်တွေ အရမ်းကြင်နေလို့ပါ အား..'


ထုံလေး စကားကို ဂရုမစိုက်ပါပဲမညှာမတာ ကား

ပေါ်မှဆွဲချပြစ်သည်။ မတ်တပ်ပင်မရပ်နိုင်ဖြစ်နေ

သည့်အခြေနေမို့ သူ့လက်ထဲမှ ပျော့ခွေကာ မြေပြင်

ပေါ် ပြစ်လဲရပြန်သည်။ ပွန့်ပဲ့ထားတဲ့ ဒဏ်ရာတွေလဲ

မိုးရေကြောင့် ပွကာ နာတာတစ်မျိုး ယခုခိုက်မိ၍

ပြန်နာနေပြန်သည်။ တစ်ကိုယ်လုံးမှာ သူနိပ်စက်

ထား၍ ရစရာမရှိအောင်နာကျင်နေရသည်။


'ထလေ မထပဲဘာလုပ်နေတာလဲ ငါ့အကို မဟုတ်

ဘူးနော် ငါက အဓိပတိ မင်းရဲ့မာယာထဲမှာ စီးမျော

သွားမယ်မထင်နဲ့ အခုထ'


'အား ..အဟင့်..'


ခွေခွေလေး လဲနေရာမှ သူ့အား တောင်းပန်သည့်

မျက်ဝန်းလေးတွေနှင့် အသနားခံနေသော်လည်း

သူ ဂရုမစိုက်ပါ။ လက်မောင်းရင်းမှ ဆောင့်ဆွဲထပြီး

ဧည့်ခန်းထဲမှ ဆိုဖာပေါ် တွန်းပြစ်ပြီး ထိုင်ခိုင်းသည်။

သူလဲ ဆိုဖာပေါ်ဝင်ထိုင်ကာ ကြောက်ကြောက်လန့်

လန့်ကြည့်နေသည့် သူအမုန်းဆုံးမိန်းမ။ သူ့အကြည်

တွေမှာ ရွံ့ရှာနေသည့် မျက်ဝန်းများနှင့်သာ။


'ဟိတ် မျက်စိဖွင့်ထား ငါပြောတဲ့စကားကို အကုန်

သေချာ နားထောင်ပြီးမှ အဝတ်စားသွားလဲ၊ ငါ့

စကားပြောလို့မပြီးမချင်း ဒီနေရာက တစ်ဖဝါးမှ

မခွာပဲ သေချာနားထောင်'


ထုံလေး အံ့ကြိတ်တင်းခံပြီး ငြိမ်နေမိသည်။ သို့

သော် သူပြောသလို မျက်ဝန်းတွေတော့ ဖွင့်မထား

ချေ။ မာနတွေခွာချပြီး တောင်းပန်ခဲ့တာတောင်

လူကို ညှာညှာတာတာဆက်ဆံခဲ့တာ မဟုတ်ဘူး။

လူရိုင်းကောင်။ ချမ်းလွန်း၍ နှုတ်ခမ်းတွေတစ်

ဆတ်ဆတ်တုန်ယင်ပြီး တစ်ကိုယ်လုံး အသားတွေ

ပင်ပြာနေချေပြီ။ ဒါကို စာနာစိတ်မရှိတဲ့လူ။ 


'မျက်စိဖွင့်စမ်း'


'အ့'


အတွေးပင်မဆုံးလိုက် အနားရောက်လာပြီး ပါးနှစ်

ဖက်ကို သူ့လက်ဝါးကြီးနှင့် အတင်းလာညှစ်တဲ့ သူ။

သူ့လက်တွေကို ရိုက်ချပြီး အားရှိသမျှတွန်းလွှတ်

ပေမယ့် နည်းနည်းလေးတောင် နေရာရွေ့မသွားခဲ့။

အသက်ရှူသံပြင်းပြင်းနှင့် ဆုပ်ကိုင်ထားတဲ့သူ့လက်

တွေ လွှတ်ချသွားပြီး သတိထားနေဆိုတဲ့ စိန်ခေါ်

ကြည့်နဲ့ကြည့်ကာ သူ့နေရာ၌ ပြန်ထိုင်သည်။ 


'ငါ့စကားကို မင်းကဆန့်ကျင်လို့ရမယ် ထင်နေတာ

လား မြသင်းထုံ'


'.....'


ဘာမှ သူနှင့်ပြိုင်မဖြစ်ချင်။ ပြိုင်ဖြစ်နေလဲ အရှုံး

ပေးမှာမှ မဟုတ်တာ။ လူရိုင်းစိတ်တွေဝင်ပြီး မိန်းက

လေးတစ်ယောက်ကို ဆက်ဆံပုံက အောက်တန်းကျ

လွန်းသည်။ သူ့ကိုကြောက်တာရော စကားမပြော

ချင်တာပါ ပေါင်းပြီး မျက်နှာလွှဲထားလိုက်သည်။


ကိုကြီးကိုပဲ အားကိုးတကြီး ပြေးဖက်ထားချင်မိ၏။


'မနက်ဖြန် မင်းနဲ့ငါ လက်မှတ်ထိုးပြီး လက်ထပ်မယ်'


လက်ထပ်မယ်ပြောမှ သူ့ထံကြည့်လာသည့်အကြည့်

လား ကျေနပ်အားရသဖွယ် စိုက်ကြည့်လိုက်သည့်

အဓိပတိ။


'နင်ရူးနေလား နင့်ကိုလက်ထပ်မယ်လို့ ငါပြောခဲ့ဖူး

သလား ၊ အသိဉာဏ်မဲ့တဲ့ လူတွေထဲမှာ နင်ကထိပ်

ဆုံးပဲ နင့်ကိုငါ သေတောင်လက်မထပ်ဘူး ငါက

ဦးဥပဓိရဲ့ တစ်ဦးတည်းသော တရားဝင်ဇနီးပဲ'


သူ့စကားသည် မြသင်းထုံအတွက် ထိတ်လန့်သွား

တာထက် သွေးပျက်ဖွယ်ခြောက်ခြားစေသည်ဆို ပို

မှန်ပေ၏။ တစ်ရက်ထဲနှင့် မသေရုံတမယ် ကျိုးရုံ

ကျိုး ကြေရုံကြေ ပြုမူနေတဲ့ ဘီလူးဆိုင်းတီးနေတဲ့

လူနှင့် တစ်သက်လုံး နေရမည်ဆိုသည့် အတွေး

သည် ဘယ်လိုမှမဖြစ်နိုင်။ အကိုလက်ထက်ကလဲ

မချစ်ပဲ ဘဝပျက်အသည်းအနာခံခဲ့ရပြီးပြီ။ ညီအ

လှည့်ဆိုရင်တော့ ထုံလေးသေသွားတာမှ ကောင်း

လိမ့်မည်။


အားတင်းပြီးပြောလာသည့် မြသင်းထုံစကားကို 

သာဂရုမစိုက်စွာ ဟက်ဟက်ပက်ပက်ရယ်ပြီးမှ

ရုတ်တရက်မျက်နှာအား တည်ချလိုက်တာ သူ မ

ဟုတ်သလိုပါပဲ။ မြသင်းထုံမှာတော့ သူ့ကိုအရူး

တစ်ယောက်လိုသာ ကြည့်နေလိုက်တော့သည်။


'မှန်တယ် ငါ့အကိုရဲ့ ဇနီးမှန်တာပေါ့ ဒါပေမဲ့ အခုငါ့

အကိုမရှိတော့ဘူးလေ ငါ့ရဲ့တရားမဝင်ဇနီးလုပ်ခိုင်း 

မှာမင်းနဲ့အတန်ဆုံးပြောရရင်မင်းကငါ့ရဲ့တိတ်တိတ်

ပုန်းမယားအဟွန့်...ငါတောင်နစ်နာသေးတယ် မင်း

လိုမိန်းမနဲ့ ငါကမတန်ဘူးလေ ငါ့ရဲ့လူပျိုသိက္ခာလဲ

ကျတယ် မင်းငါနဲ့လက်ထပ်ရမှာ ဂုဏ်ယူလိုက်စမ်း

ပါ  '


'အရိုင်းစိုင်းကောင် နင့်ကိုဘယ်သူကယူခိုင်းနေလို့ ငါ့

ကိုဘယ်လိုမိန်းမလို့ထင်နေလဲ '


'မိန်းမပျက်သာသာပေါ့ '


'တောက် မိုက်ရိုင်းဦး'


ထုံလေး၏ လက်သည်လေပေါ်တွင်သာ ရပ်တန့်

သွားပြီး မညှာမတာ ခပ်ကြမ်းကြမ်းဆွဲလိမ်ခြင်း ခံ

လိုက်ရ၏။  ဒေါသထွက်လွန်း၍ ချမ်းနေတဲ့စိတ်ပါ

ဘယ်ပျောက်သွားမှန်းမသိ။ သူလိမ်ထားသည့်လက်

နှင့် နောက်ကျောနား သူ့ကိုယ်ကြီးနှင့်အနီးကပ်ရှိနေ

ရတာပဲ ငရဲထက်ပူလောင်လွန်းလှသည်။ ရုန်းလဲ

မရ၍ အသည်းနာစွာ မျက်ရည်တွေသည်သာ သွေး

ထက် ပျှစ်နစ်နေခဲ့၏။


'လက်ထပ်တယ်ဆိုတိုင်း စိတ်ကူးယဥ်ပြီး ပျော်မနေ

နဲ့ မင်းကိုကြင်နာချင်လို့ လက်ထပ်တယ်ထင်လား

ငါ့အသိုင်းအဝိုင်း ငါ့ဂုဏ်သိက္ခာအကုန် မင်းနဲ့လုံးဝမ

အပ်စပ်တဲ့အပြင် ငါ့ခြေနင်းဖတ်လောက်တောင်

တန်ဖိုးမရှိတဲ့ မင်းလိုမိန်းမက ငါနဲ့မတန်ဘူး၊ ငါ့အကို

အတွက် သွေးကြွေးပြန်လိုချင်လို့ သိက္ခာအကျခံပြီး 

လက်ထပ်မှာနားလည်လား'


သိက္ခာမပြောနှင့် မြသင်းထုံဆိုတဲ့ ကျွန်မရဲ့ ဖြစ်တ

ည်မှု့အရာရာက သူ့စကားကြောင့် ရစရာပင်တစ်ခုမှ

မရှိတော့ချေ။ လိမ်ထားတဲ့လက်ကိုလွှတ်ချပြီး ခါး

ထောက်ပြီး နီရဲကာ မြေခွေးထက်ကောက်ကျစ်စင်း

လဲ့သော အကြည့်မျိုးနှင့် ​ကြည့်နေပြန်သေးသည်။


'နင့်အကိုကို သတ်ဖို့မပြောနဲ့ နစ်နာအောင် ငါဘာမှမ

လုပ်ခဲ့ဘူး ဒီစကားကိုနင်ယုံကြည်ချင်ယုံ မယုံချင်နေ

နင့်အကို လူယုတ်မာကြောင့်သာ ငါ့ဘဝပျက်ခဲ့ရတာ

နင်နားလည်လားနင်တို့ညီအကိုနှစ်ယောက်လုံးအသိ

ဉာဏ်မဲ့တဲ့ လူယုတ်မာတွေကြီးပဲ '


'တောက် ငါ့ကို အသိဉာဏ်မဲ့တယ် ဟုတ်လား ...'


ကြောက်မက်ဖွယ်ရာ လက်ဝါးကြီးကြောင့် ထုံလေး

မျက်ဝန်းတွေကို စုံမှိတ်ချထားလိုက်၏။ အသား

တွေလည်း တဆ်တ်တုန်လို့ပေါ့ ။သူ့လက်

ကြီးမှာ ထုံလေးပါးပြင်ပေါ် ရောက်မလာပဲ နံရံကို

သာ အချက်ပေါင်းမရေတွက်နိုင်အောင် စိတ်ရှိတိုင်း

ဒေါသတကြီး ထိုးနေသည်။ ပြီးနောက် မီးဝင်းဝင်း

တောက်နေတဲ့ မျက်ဝန်းတွေနှင့် အံ့ကြိတ်ကာဆိုလာ

သည့် စကားသည်...


'ငါဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်တဲ့သူဆိုတာ

မင်းခေါင်းထဲ စွဲနေအောင်မှတ်ထားလိုက်'


'ဂျိမ်း'


ကြောက်ပေမယ့် မျက်ဝန်းစူးစူးလေးနှင့်သာ ရင်

ဆိုင်ကြည့်နေလိုက်သည်။ ကျောခိုင်းပြီးမှ အေးချမ်း

မည်ထင်နေပေမယ့် တခါးကိုအသံအကျယ်ကြီးမြ

ည်အောင် ဆောင့်ပိတ်သွား၍ ထုံလေး အထိတ်တ

လန့် တံခါးနားပြေးကာ တံခါးဖွင့်ကြည့်တော့မရ။

အပြင်မှသော့ခတ်သွားပြီ။ တံခါးကိုအားနှင့်ဆောင့်

ကန်ပြီးမှ သူ မကြားပေမယ့် အသံကုန်အော်ဟစ်

နေသည်မှာ


'အရိုင်းစိုင်းကောင် ငါနှင့်ကို သေတောင်လက်မထပ်

ဘူး'


•••••


'သမီးရယ် ကြီးမေစိတ်မကောင်းလိုက်တာ ကြီးမေ

ကြောင့် သမီးခုလိုဖြစ်ရတာ ကြီးမေကြောင့်'


မျက်နှာလေးချောင်ကျပြီးအသားတွေပါဝါ လက်မှာ

ညိုမဲနေတာပါတွေ့ပြီး ယူကြုံးမရနောင်တရကာ ငို

မဆုံးနိုင်သည့် ကြီးမေ။ ထုံလေးသက်ပြင်းတွေ အ

ကြိမ်ကြိမ်ချပြီး ယခုမှအသက်ဝဝရှူရှိုက်နိုင်၍ 

ကြီးမေအား လူကမဟန်အောင်အားနည်းနေပေမယ့်

အားပေးစကားတွေပြောမိသည်။ သူ့ဆီမှထွက်ပြေး

လာတာ ဒူးတွေက ယခုချိန်ထိ တဆတ်ဆတ်တုန်နေ

ဆဲ။ ကားပေါ်ရောက်မှသာ အသက်ဝဝရှူနိုင်တာပါ။

ခုချိန် အဓိပတိ ဆိုတဲ့ အရိုင်းစိုင်း ဘယ်လောက်

ဒေါသထွက်နေမည်မှန်းမသိပေမယ့် သူ့အကြောင်း

တွေးတိုင်း အသက်ရှူကျပ်လာရတာ ထုံလေးပါ။


အရင်ကလဲ ကိုကြီးနှင့်နေလာသည့် အိမ်ဖြစ်နေ၍ 

ထွက်ပြေးဖို့ရန် တံခါးပေါက်အား ထုံလေးသိနေခဲ့

တာ ကံကောင်းသည်ဟု ဆိုရပေမည်။ ကံကောင်း၍

ကြီးမေကို ဖုန်းဆက်ချိန်သူတို့အိမ်သားများမသိစေ

ရန် ခြေရာဖျောက်ခိုင်းကာ အိမ်ထဲမှ ထွက်လာခိုင်းရ

သည်။


'ဖြစ်ပြီးတာတွေပြောမနေပါနဲ့တော့ ကြီးမေရယ် 

ထုံလေးသူ့ဆီကနေထွက်ပြေးနိုင်ခဲ့ပြီပဲ သူတို့နဲ့သာ

လုံးဝမဆက်သွယ်ပဲနေရမှာ'


'ဒါပေမဲ့ ကြီးမေကြောင့် သမီးခုလို ဒုက္ခခံပြီး စိတ်

ဆင်းရဲရတာလေ  ကြီးမေသာ သမီးတို့ရဲ့ ချစ်ခြင်း

ကိုမခွဲခဲ့ရင် သူတို့နဲ့ဆုံလာရမှာ မဟုတ်ဘူး '


'အတိတ်ကို ပြန်မပြောချင်ပါနဲ့တော့ ကြီးမေရယ်

သမီးလဲ အားလုံးကို မေ့ပြစ်ထားပါပြီ ပြန်လဲအနာ

ဟောင်းကိုတူးမဆွချင်တော့ဘူး အားလုံးက သူတို့

ကြောင့် ရင်နာရတာတွေပဲ'


တိမ်ဝင်သွားတဲ့ အသံလေးကြောင့် ဒေါ်ခင်မေထား

ဆက်မပြောတော့ပါ။ ငြိမ်သက်နေတဲ့ လက်သေး

သေးလေးတွေကိုဆုပ်ကိုင်ပြီး ဆံနွယ်ရှည်တွေမှာ

မျက်နှာဖြူဖြူလေးထက် ယိမ်းနွှဲ့ပျော်မြူးနေသည်

ကိုဖယ်ရှားပေးမိ၏။ လူလေးက နယ်သူဆိုပေမယ့်

ဖြူဖြူနွှဲ့နွှဲ့လေးနှင့် လူကောင်လေးလေးသေးရယ်။

လူတစ်ကိုယ်လုံးမှာ ခါးလောက်ရှိတဲ့ နောက်မှောင်

သည့် ဆံနွယ်တွေကသာ ကြီးစိုးနေခဲ့၏။


သူမ မိဘတွေရှိစဥ် လက်ထက်က အချမ်းသာကြီး

မဟုတ်ပေမယ့် ထုံလေးဆိုတဲ့ ယုန်ဖြူသဖွယ် 

ခလေးလေးကိုတော့ ပိုးလိုဥထားတဲ့ထိ ချစ်ကြ

သည်။ မိမိလက်ထဲရောက်မှ အရွယ်နှင့်မလိုက် 

လောကဓံကို ခံစားခိုင်းသလို ဖြစ်သွားတဲ့အတွက်

စိတ်မကောင်းရုံ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရုံမျှ

လွှဲပြီး နောက်ထပ်မမှားဖို့ ဆုံးဖြတ်ထားလိုက်သည်။


'သမီးကလေ ဘာပဲဖြစ်ဖြစ် အပြစ်မမြင်တတ်သလို

စိတ်ကောင်းရှိတဲ့ စိတ်ရင်းလေးက မုန်းနေတဲ့ လူ

တွေကိုတောင် သူတို့ဘယ်လောက်အပြစ်မြင်မြင်

 နစ်နစ်နာနာ မပြောခဲ့ဘူးကွယ် ထုံလေးကို ကြီးမေ

သနားလိုက်တာ အသက်အရွယ်နဲ့မမျှခံစားခဲ့ရတာ

ကြီးမေမကောင်းလို့'


'ကြီးမေက ထုံလေးကို ကောင်းစေချင်လို့ လုပ်ခဲ့

တာပဲ ထုံလေးအပြစ်မယူပါဘူး ကြီးမေသာ ထုံလေး

အနား ဖေဖေ မေမေအစားရှိနေပေးတာပဲ ကျေးဇူး

တင်လှပါပြီ'


'ခုချိန်ကစပြီး အားလုံး ထုံလေးသဘောဆုံးဖြတ်ဖို့

ကြီးမေခွင့်ပြုပါပြီကွယ်'


အပြုံးလေးနှင့်သာ ကြည့်လာပြီး ဘာစကားမှမဆို

သည့် ထုံလေး အဝေးတစ်နေရာသို့သာ စူးစိုက်ကြ

ည့်ကာ အတွေးမှာလည်း အဝေးဆုံး အတိတ်ဆီသို့

လွင့်ပျယ်နေခဲ့သည်။


ဒီစကားတွေသာ လွန်ခဲ့တဲ့နှစ်နှစ်က ပြောခဲ့ရင်

ထုံလေးသိပ် ကံကောင်းမှာပဲ ကြီးမေရယ်။ လွန်ခဲ့

နှစ်နှစ်ဆီ တွေးကြည့်မိတိုင်း ရစ်သီလာတဲ့ မျက်ရည်

တွေက ယနေ့ချိန်ထိ ဖျောက်ဖျက်မရသေး။ မျက်

ရည်မကျအောင် ပုတ်ခပ်ပြစ်ပြီး အတိတ်ကိုမေ့

ပြစ်ချင်၍ ဆူညံနေသည့် ကားထဲမှ ခရီးသည်များ

၏ စကားသံတွေကိုသာ အာရုံစူးစိုက်မိသည်။

ကျွန်မအတိတ်က မလှပခဲ့လို့ အတိတ်ကိုအတိတ်မှာ

ပဲ သတိတရထားခဲ့ချင်လို့ပါ။


လည်ပင်း၌ ချည်နှောင်ထားသည့် တစ်ချိန်ကသူ

ပေးထားသည့် ထုံလေးတန်းဖိုးအထားရဆုံး ပန်း

ရောင်ပုဝါပါးလေးအား ယုယုယယဆုပ်ကိုင်ထားမိ

လိုက်၏။ ထိုအချိန် ကားစပယ်ယာ၏ အော်သံမှာ

ကားတစ်စီးလုံး လွှမ်းမိုးသွားတော့သည်။


'ခရီးသည်များ ကားထွက်ချိန် နီးကပ်လာပြီမို့ အရန်

သင့် နေရာယူထားပေးကြပါရန် မေတ္တာရပ်ခံပါ

သည်'


•••••


Creator£ငွေသုန္ဒရီ


rate now: