book

Index 19

အခန်း ၁၉

🌊ညှို့တတ်သောပင်လယ်🌊


'' ရှင်ဘာတွေ ပြသနာရှာချင်ပြန်ပြီလဲ အဓိပတိရယ်''


အဲ့လိုခေါ်တာ မကြိုက်ဘူးပြောထားတာကို ထပ်ခေါ်

ပြန်ပြီ။ ကလေးတွေလို ထပ်မခေါ်အောင် နားရွက်

ဆွဲပြီးဆုံးမရမှာလား။ အဲ့လိုအလိုက်မသိ၍ သူအရွဲ့

တိုက်နေရတာ။ ရှုတည်တည်နှင့် သူ့မျက်နှာသည်

သာ သူမသိစေရန် ပြသလျှက်..


'' မေးတာပဲ ဖြေစမ်းပါ ငါ့ကိုထပ်မမေးနဲ့ငါမေးတာ

ပဲဖြေ မင်းဆံပင်ကိုဟိုကောင့်ကို အကိုင်ခံလားမခံလား ဒါပဲပြော''


ထုံလေး သူ့ကိုစိတ်ပျက်စွာနှင့်ပဲ ကြည့်ပြီးသက်ပြင်း

ခိုးချမိသည်။ သူနှင့်ဘာဆိုင်၍ သိချင်နေရတာလဲ။ 

ဆံပင်တွေကို ဘီးနှင့်ညင်ညင်သာသာဖီးရင်း

အကြည့်တွေက မှန်ထဲမှ ထုံလေးမျက်နှာထက်သာ

အလွတ်မပေးတမ်းကြည့်နေသည့်သူ။ ရွဲ့ဖြေလဲသူ

ပဲရန်ရှာမှာ..ထုံလေး ရန်မဖြစ်ချင်၍ အမှန်တိုင်းဖြေ

လိုက်သည်။ သူကျေနပ်စေရန်အတွက် မဟုတ်ပေ

မယ့် ရန်ဖြစ်စကားမများရရင်ပြီးရော ဆိုသည့်

သဘောနှင့်ပါ။ ထိုအရာကပဲ ကျွန်မတို့ကြားက

ငြိမ်းချမ်းရေးပဲမဟုတ်လားလေ။


'' ကျွန်မက ဆံပင်ကိုကိုင်ရင်မကြိုက်လို့ ဆံပင်ဖြော

င့် ဆိုင်တွေလဲမသွားဖြစ်ပါဘူး။

ကျွန်မ ဆံပင်ကို ဘယ်သူ့မှအထိမခံဘူး ရှင့်တစ်

ယောက်ကိုပဲ ခွင့်ပြုခဲ့တာ... ကျန်တာဘာသိချင်

သေးလဲ''


ခုမှ အလိုကျသွားသည့် မျက်နှာကြီးက ပြီတီတီနှင့်

မုန်းစရာကောင်းသလို ကြည့်၍လဲကောင်းနေသည်။

ဘာလူမှန်းမသိဘူး။ ဒါလားမုန်းနေတယ် အကြိမ်

ကြိမ်အော်ဟစ်ခဲ့တဲ့သူ။ ရှင့်စိတ်ကို ကျွန်မနားမ

လည်တော့ဘူး ရှင့်ရဲ့မာယာတွေက ပင်လယ်တွေလို

ပဲ။ အကွေ့အကောက်များလွန်းတော့ ကျွန်မဆိုတဲ့

မိန်းမသားက ဘယ်ကျွန်းမှာဘယ်ကျောက်ဆောင်

တွေနဲ့ ရိုက်ပြီးကျန်ခဲ့မလဲဆိုတာ မသေချာတဲ့

အတွက် ရင်မခုန်ရဲသေးဘူးကွယ်။ တကယ်တော့

တစ်နေ့နေ့ဆိုတဲ့ အချိန်လေးမှာ ကျွန်မတို့နှစ်

ယောက်အတွက် တွေ့ဆုံခြင်းက စက္ကန့်ပိုင်းအတွင်း

ရပ်တန့်ပြစ်လို့ရသလို ထိုစက္ကန့်လေးအတွင်းမှာလဲ

တစ်ဘဝစာရှေ့ဆက်ကြဖို့ မသေချာသေးဘူးကွယ်။


မျက်နှာမလိုက်တတ်တဲ့ သံယောဇဥ်ဆိုတဲ့ အရာကို 

ကျွန်မ သိပ် ကြောက်ပါတယ် ... 


'' ကိုင်ခဲ့တယ်ဆိုရင် မင်းဆံပင်တွေ အကုန်ဖြတ်

ပြစ်မှာ အဲ့ကောင်ထိခဲ့တဲ့ဆံပင်တွေကို ငါပြန်မထိ

ချင်ဘူး မင်းကိုယ်ပေါ်မှာရှိတဲ့ အရာရာက ငါ့တစ်

ယောက်ထဲအတွက်ပဲဖြစ်ရမယ်''


'' ရှင်ဘာမှမဟုတ်တဲ့ ကိစ္စတွေနဲ့လဲ လိုက်ပြိုင်နေ

တတ်တာပဲ သူနဲ့ရှင်ကဘာဆိုင်လို့ လိုက်ပြိုင်နေတာ

လဲ တကယ်ရှင်တွေးတတ်ခဲ့ရင် ဘာမှယှဥ်ပြိုင်ဖို့ကို

မလိုတာ  ''


'' ငါက အဲ့လိုကောင်နဲ့ပြိုင်စရာလား လူပုံကြည့်

တော့ နွဲ့နွဲ့နှောင်းနှောင်းနဲ့ မင်းမို့လို့ကြိုက်ခဲ့တာ အ

ပုန်းလားမသိ ယောကျ်ားအစစ်လားမသိ မင်းကို

ကြည့်တဲ့ သံယောဇဥ်မကုန်သေးတဲ့ မျက်လုံးတွေက

ဖောက်ထုတ်ပြစ်ချင်စရာကောင်းတယ် ရုပ်က

သူများမိန်းမကြာကူလီလုပ်မဲ့ရုပ်နဲ့.. ''


''ရှင်သူများကိုယ်ကျင့်သိက္ခာကို စော်ကားနေတာ

လား...ကိုစိုင်းဆိုတာ သိက္ခာရှိတဲ့ ကျောင်းဆရာတစ်

ယောက်ပါ အဲ့လိုအောက်တန်းကျတဲ့စိတ်ဓာတ်သူ့

မှာမရှိတာ ကျွန်မမှမဟုတ်ဘူး တစ်ရွာလုံးသိတယ်

စကားပြောတာဆင်ခြင်ပြီး သူများသိက္ခာကို မချပါ

နဲ့လား''


''နေစမ်းပါအုံး မင်းကဘာလို့ အဲ့ကောင်ထိရင်

ဆတ်ဆတ်ထိမခံဖြစ်နေရတာလဲ ဘာလဲ အဆက်ဟောင်းကြီးကို  မင်းလဲသံယောဇဥ် မပြတ်နိုင်

နေတာလား''


မလိုတမာအသံကြီးက နက်နက်နည်းနည်း...


''ရော်...ရှင်ဘာတွေ ရစ်ချင်နေတာလဲ ကျွန်မတို့

အရင်က ချစ်သူဖြစ်ခဲ့တာ မှန်တယ် ခုချိန်မှာသူလဲ

သူ့ဘဝနဲ့သူ ကျွန်မလဲကျွန်မဘဝနဲ့ ကျွန်မရှိနေပြီ

ကိုယ့်ဘာသာအေးဆေးနေနေပြီး သူများသိက္ခာတွေ

ကိုလိုက်မစော်ကားပါနဲ့ ကိုအဓိပတိရယ်''


'' ဪ ငါပြောတဲ့စကားလုံးတိုင်းက မင်းကောင်

ကို စော်ကားနေတာကြီးပဲလား ''


'' ရှင့်စိတ်ထဲ ဘာတွေအမှောင်ဖုံးနေတာလဲ ပြီးခဲ့

တာကို ပြီးတဲ့အတိုင်းပဲ ထားလိုက်ပါတော့လား ဘာ

လို့ လာရန်ရှာနေတာလဲ ''


'' ရန်ရှာနေတယ် ဆိုလဲရန်ရှာတယ်ပဲပေါ့

ငါမကျေနပ်တာကိုတော့ မင်းမရှင်းမချင်း ငါဆက်

ပြောနေမှာပဲ ပထမပြစ်ချက် မင်းအဲ့ကောင်ရှိလို့ ငါ

အိမ်ပြန်ခိုင်းတာကို ပြန်မလာတာ၊ ဒုတိယပြစ်ချက် 

အဲ့ကောင်ထိရင်ဆတ်ဆတ်ထိမခံဖြစ်နေတဲ့ မင်းပုံစံ 

သေချာတယ် ငါမရှိတုန်း အဲ့ကောင်နဲ့တွေ့နေရလို့ 

ဟုတ်တယ်မလား''


တစ်ဖက်သတ် စွတ်စွဲချက်က သိက္ခာကိုပါ ထိခိုက်

စေပြန်သည်။ တစ်ခါတစ်လေ သူ့အတ္တတွေကြောင့်

လားတော့မသိ သူ့စကားတွေက အဓိပ္ပာယ်မဲ့လာ

သလိုပါပဲ။


ခက်ပြီ။

ဒီလူရစ်ရင် သပွတ်အူထက်ဆိုးတာ ထုံလေးအသိ

ဆုံး။ အငြိုးအတေးကြီးသလို ကလေးဆန်ပြီး လူ

တစ်ယောက်ကို လိုက်ပြိုင်လိုက်တုဖို့ဆိုတာလဲ သူ့

အတွက်မခက်ခဲ။ တခါတလေ လူကြီးဆန်မာကျော

ပေမယ့် တစ်ခါတစ်လေ နားလည်ရခက်စွာ ဂျစ်

တိုက်တတ်တဲ့ ကလေးတစ်ယောက်လို မနာ

လိုဝန်တိုစိတ်ပဲ ကြီးတာလားမသိ။ ခူလိုကိစ္စသေး

သေးလေးကပါ စပြီးပြသနာရှာနေတာ မခက်ဘူး

လား။


စိတ်ပျက်နေတဲ့ ထုံလေးပုံစံကို သူလဲသိမည်ထင်

သည်။ ဒါကိုလဲ သူစိတ်တိုပြန်သည်။ ဖီးလက်စဘီး

ကို လွင့်ပြစ်လိုက်တာမှ အားကြီးနှင့် ဒါဒေါသ​

ဖြေတဲ့နည်းအသစ်လား။ ကျွန်မပြောပြီပဲ သူ သိပ်

ကလေးဆန်တယ်ဆိုတာ..။


'' ပြောလေ မင်းနဲ့အဲ့ကောင်ကိစ္စက်ု ငါမမေးဘူးဆို

ပြီး မသိဘူးမမြင်ဘူးများထင်နေလား အဟွန်း..ငါ့

မှာ နားတွေမျက်စိတွေပါတယ်ကွ ''


ထိုင်ရာမှထသွားပြန်သည်။

ထုံလေးကို ကျောခိုင်းပြီးခါးထောက်ရပ်လိုက်သည့်

သူ။ ထုံလေးထိုင်နေရင်းသာသူ့ကို စိုက်ကြည့်နေပေ

မယ့် ဘာစကားမှမပြောမိ။ ဘာမှလဲမပြောချင်တာ

ဆို ပိုမှန်​ေပသည်။ ဒီလိုလူမျိုးနှင့် အိမ်ထောင်ဖက်

ဖြစ်နေရတာပဲ ထုံလေးအကြိမ်ကြိမ်တွေးခဲ့ဖူးတဲ့

ဝဠ်ကြွေးတွေလား။


'' ရှင် ဘာတွေဒေါသဖြစ်ပြီး တစ်ယောက်ထဲ

ပူလောင်နေတာလဲ မနက်ဖြန် ကိုကြီးရဲ့သုံးလပြည့်

ဆွမ်းကပ်စရာတွေ ရှိနေတာ ဘာလို့မဆိုင်တာမေး

ပြီး ဒေါသထွက်နေတာလဲ ဒီတစ်ည အေးအေးဆေး

ဆေးလေး နေလို့မရဘူးလား ''


'' ဪ တော်သေးတာပေါ့ ငါ့အကိုရဲ့ သုံးလပြည့်

ရက်ကိုမှတ်မိသေးလို့ မာမီမပြောရင်မင်းမသိဘူး

မလား ဟိုကောင်နဲ့ပဲနယ်မှာအကြည်စိုက်နေမှာ..''


'' တော်ပါတော့ ကျွန်မရှင်နဲ့ရန်ဖြစ်ရတာ အရမ်း

ပင်ပန်းနေပြီ ဒီတစ်ရက်တော့ ကောင်းကောင်းလေး

အနားယူပါရစေလား''


ဒေါသတွေလား အတ္တတွေလား မသဲကွဲတဲ့ သူ့

မျက်ဝန်းတွေသည် အရောင်တလက်လက်နှင့် 

ထုံလေးကို မကျေမနပ်ကြည့်ပြီး...


''ဒုန်း..''


ကလေးဆန်လိုက်တာ အဓိပတိရယ်။

မှန်တင်စာပွဲကို သူ့အားကြီးနှင့် ကြိတ်မနိုင်ခဲမရ

ဒေါသတွေနှင့် ထိုးချလိုက်တာများ အားရပါးရ။

ဒေါသနဲ့ခြေလှမ်းတွေက လွှားခနဲ အခန်းထဲမှကျော

ခိုင်းထွက်ခွာသွားသည်။ သည်းခံခြင်းသည် အောင်

မြင်ခြင်းတဲ့လား.. ကျွန်မဆက်ပြီးသည်းခံရဦးမှာ

ပဲ။


ရှင့်စိတ်က နားလည်ရခက်တယ်ဆိုတာ သိပ်မှန်

တယ်။

မုန်းနေတဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်းတွေ

ဘာကြောင့် သိချင်နေရတာလဲ ရှင်ရယ်...ရှင့်အကို

အတွက်ပဲ ကျွန်မကို လက်စားချေလိုက်ပါ။

ရှင့် အမုန်းတွေပြေတဲ့ထိ လက်စားချေပြီးရင်တော့

ကျွန်မကို ကြည်ဖြူစွာနဲ့နော့ လက်လွှတ်ပေးရမယ်။


သူ့လှောင်းရိပ်အောက် နေရတာလဲ ..

ကျွန်မ သိပ် ပင်ပန်းပါတယ် ကွယ်။


ကျွန်မလဲ ရှင်နဲ့ပတ်သက်တာတွေ မေ့ထားပေးခဲ့

ပြီပဲ ကျေသင့်ပြီပေါ့...ရှင်နဲ့ကျွန်မရဲ့ အနာဂါတ်

လှပချင်ခဲ့ရင် အရင်က အတိတ်တွေကို မေ့ထားပေး

မှ ရမယ်ဆိုတာ သိသင့်ပါတယ်...

ကျွန်မစိတ်ထင် လက်စွပ်နှစ်ကွင်းပျောက်သွားရတာ

ရှင့်ကြောင့်ပဲလား..ဟုတ်မှာပါ မနာလိုစိတ်ကြီးတဲ့

 ရှင့်လက်ချက်ပဲဆိုတာ မေးစရာမလိုပဲ သေချာနေ

ပါပြီ။ ဘာမဟုတ်တဲ့ ဖုန်းကဒ်တွေကို လွှတ်ပြစ်ခဲ့

တာပဲ လက်စွပ်နှစ်ကွင်းဆို ပိုဆိုးပေါ့....


အမှတ်တရဆိုတဲ့ အရာကို နှမျောပေမယ့် 

ခုချိန် အရင်ကတန်ဖိုးထားရတဲ့ အရာက ထုံလေး

အတွက်မသက်ဆိုင်တော့သည့် အရာဝတ္ထုဖြစ်နေ၍

ကျွန်မ လွယ်လွယ်မေ့ပေးပါ့မယ်...ရှင်ကျေနပ်ပါ

စေလေ။


°°°°°°°


အကို အိပ်ခန်းထဲဝင်ပြီး ဖုံတက်နေတဲ့ ဂီတာ

တစ်လက်ကို ယူပြီးနံရံကိုကျောမှီကာ စိတ်ပျက်စွာ

ထိုင်ချလိုက်သည်။ စိတ်တွေရှုပ်ထွေးပြီး ရင်ထဲ

တင်းကြပ်ကြပ်ကြီးနှင့် မွန်းကြပ်နေသလို ခံစားရ

တယ်။ မြသင်းထုံ သူ့အတွေးထဲ ရှိသည့်နေ့မှစ၍

ပါပဲ... 


ဒီဂစ်တာလေးက ငယ်ငယ်က အကိုနှင့်သူ

အရမ်းကြိုက်ခဲ့တဲ့ ဂစ်တာလေး။ သူနှင့်အကိုကြား

က အမှတ်တရဆို ပိုမှန်တာပေါ့...


ဂစ်တာကို ပိုက်ထားလျှက်နှင့် အခန်းထဲ ဝေ့ဝဲကြည့်

တော့ မြသင်းထုံ၏ အပြုံးအရယ်မဲ့နေသည့် ပုံတွေ

က အသက်ဝင်ကာ ဆွဲဆောင်မှု့ရှိနေဆဲ။ကိုယ့်အပေါ်

မကြည်ဖြူတဲ့ မြသင်းထုံကို အကို အရမ်းရူးသွပ်ခဲ့

တာပဲ ဟုတွေးမိပေမယ့် အရင်လို အမုန်းတွေ

နာကြည်းမှု့တွေ ရှိမနေခဲ့တာ ဘာကြောင့်လဲ။

အကိုရဲ့ စိတ်ကဘာတွေတွေးပြီးဘယ်လို စိတ်မျိုး

နဲ့ မြသင်းထုံကိုသိမ်းပိုက်ခဲ့တာလဲ။သူတစ်စွန်းတစ်စ

သိရသလောက်ဆို အကိုက မြသင်းထုံဆန္ဒမပါပဲ

အရယူခဲ့တာ..သိမ်းပိုက်ရယူထားပြီး လေးလနီးနီး

အလှထိုင်ကြည့်ခဲ့တာ ဘာစိတ်နဲ့လဲ။ 


နံရံပေါ် ပြည့်နေတဲ့ပုံ၌ ယဥ်လွန်းတဲ့မျက်နှာထက်

မာနရောင်တွေက တလက်လက်။ သူ ဓာတ်ပုံတွေ

စိုက်ကြည့်နေရာမှ နှုတ်ခမ်းအစုံ တင်းတင်းစေ့ပိတ်

ရင်း..ငါမင်းကို ချစ်နေမိပြီလား။ 


''ဝေါ..ဝေါ...''


ရက်ရက်စက်စက်ရွာချလိုက်သည့် မိုးက သူ့အတွေး

တွေကို ပြတ်တောက်စေသည်။ ပြတင်းပေါက်မှတစ်

ဆင့်အေးစက်တဲ့ လေနုအေးအေးတွေ လာရိုက်ခတ်

တော့ တစ်ကိုယ်လုံး အေးခဲသွား၍ သူထိုင်ရာမှထ

ကာ ပြတင်းပေါက်ကိုပိတ်ပြီး ​အခန်းထဲမှထွက်လာ

ခဲ့သည်။


သူ့ခြေလှမ်း ဦးတည်ရာမှာ... မြသင်းထုံ ရှိရာသို့သာ


မှိန်ပျပျ မီးရောင်လေးအောက် အဖြူရောင်မွေ့ယာ

ကြီးထက် ကွေးကွေးလေး အိပ်ပျော်နေသည့် သူမ

အနား သူခြေလှမ်းဖွဖွနှင့် ချဥ်းကပ်သွားမိသည်။

အနားရောက်မှ ခုတင်ပေါ် တင်ပါးလွှဲထိုင်ပြီး အပြစ်

ကင်းစွာ အိပ်စက်နေသည့်ဆံပင်တွေကြားမှ မျက်နှာ

သေးသေးလေးကို သူသတိလက်လွတ် ငေးမောကြ

ည့်တာ အချိန်ဘယ်မျှကြာသည်မသိ။ ပန်းနုရောင်

နှုတ်ခမ်း လုံးလုံးလေးတွေနှင့် လက်ထိပ်ကလေး

တွေနှင့် တို့ထိဆော့ကစားနေသည်။ 


မင်းနဲ့သူနဲ့ ခုချိန် ဘာမှမပတ်သက်တော့တာ ငါသိ

တယ်။ ဒါပေမယ့် ....မင်းရဲ့ယောကျ်ားတစ်ယောက်

အနေနဲ့ မင်းကိုငါသဝန်တိုတာ ဘာဖြစ်လဲလို့ ငါ

ပြောချင်တာပေါ့။ မင်းနဲ့သူ ဆုံမိတိုင်း ငါသဝန်တို

တယ်လို့ ပြောချင်တာပေါ့... ငါ့ရင်ထဲ မင်းပြော

သလိုပဲ မာနတွေ အတ္တတွေကပဲ အမှောင်ဖုန်းနေပြီ

ထင်တယ်။ အမှန်တရားကို လက်မခံချင်ပဲ ဆက်ပြီး

ခေါင်းမာချင်နေတုန်း။  


ငါ ဘယ်လောက်အတ္တကြီးကြီး မင်းကိုလက်လွှတ်

မခံချင်ဘူး။ ဘယ်တော့မှလဲ လက်လွှတ်မှာ

ဘူး... မင်းကိုငါပိုင်သလို မင်းနှလုံးသားကိုလဲ ငါ

အပိုင်ယူမယ်။ ငါ့မာနနဲ့ အမုန်းတွေကြောင့် အချိန်

တော့ နည်းနည်းယူရမှာပေါ့။ 


သူ မြသင်းထုံဘေး ဝင်လှဲလိုက်ပြီး အိပ်မောကျနေ

တဲ့ သူမခေါင်းလေးထဲ သူ့ဘယ်ဘက်လက်မောင်း

ထိုးသွင်းကာ ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ်ပွေ့

ဖက်ထားလိုက်သည်။ နွေးနေတဲ့ ကိုယ်လေးက အင့်

ခနဲဖြစ်သွားပေမယ့် အိပ်ပုတ်လေးက နိုးမလာချေ။

သူမကို ပွေ့ဖက်လိုက်တိုင်း တစ်ထွေးကြီးပါလာတဲ့

နူးညံ့တဲ့ပိုးသားဆံနွယ်တွေပါ ရင်ခွင်ထဲ တစ်ပွေ့တစ်

ပိုက်။ မွှေးပျံ့နေတဲ့ ရှမ်ပူနံ့လေးက သူ့စိတ်အားနိုး

ဆွနေသယောင်.... တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထား

ရာမှ မြတ်မြတ်နိုးနိုး နမ်းရှိုက်မိပြန်သည်။


အမုန်းနှင့်အချစ်ကြား ပဠိပက္ခဖြစ်နေတဲ့ သူ့စိတ်ကို

သူ မခွဲခြားတတ်နေတော့ပါ။ သူ အကိုအပေါ်

မတရားရာများ ဖြစ်နေခဲ့ပြီလား။


'' ဂျိမ်း ...ဂျလိန်း

..ဝေါ..ဝေါ..''


သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးကို အန်တုနေတဲ့

သူ့ရင်ခုန်သံက မျက်နှာလှလှလေးထက် အနမ်းတွေ

ချွေချရင်း ...ထိုညသည် သူ့အတွက် ရင်အခုန်ရဆုံး

ညတစ်ညဖြစ်နေခဲ့လေသလား ....


°°°°°°°


နံနက် စောစော ဘုန်းကြီးဆွမ်းကပ်ပြီး ဘုန်းကြီး

တွေ တရားနာကာ ကြွသွားကြသည်။ 


သိမ်းစရာရှိတာ အကုန်သိမ်းပြီးတော့ သူနှင့်ထုံလေး

သူ့မာမီကို နှုတ်ဆက်ကာ အိမ်ပြန်လာကြသည်။

မနက်က စောစောအိပ်ယာထရ၍ ထုံလေးသူ့ကား

ပေါ်၌ အိပ်ငိုက်နေတာကို သူကားမောင်းရင်းလှည့်

ကြည့်လှည့်ကြည့်နှင့်။ ထုံလေးသိပေမယ့် သူ့ကို ဂရု

မစိုက်မိ။ ခေါင်းတွေမူးနှောက်နေကာ စိတ်ကမလန်း

နေ၍ ဖြစ်သည်။ သူ ကားမောင်းထွက်လိုက်ပြီး

အဲကွန်းမဖွင့်ပါပဲ သူကအလိုက်သိစွာ မှန်တံခါးကို

ဖွင့်ချပေးသည်။ ညက မိုးရွာထားသည့်အရှိန်နှင့်

သစ်ပင်လေးတွေပေါ်မှ မိုးစက်လေးတွေရဲ့အအေး

ဓာတ်နှင့် လေနုအေးအေးသည် စိတ်ကိုလန်းဆန်း

စေသည်။


စိတ်တွေလန်းသွားပေမယ့်လည်း အိပ်ရေးပျက်၍

ထင်ပါရဲ့ ရင်ထဲတစ်မျိုးကြီးနေရခက်နေတာကြောင့်

ထုံလေး မျက်ဝန်းတွေမှေးမှိတ်ထားလိုက်သည်။


'' အိပ်ချင်နေလဲ အိပ်လိုက်လေ အိမ်ရောက်ရင် ငါ

နိုးလိုက်မယ်''


'' ရတယ် အိမ်ရောက်မှပဲ အိပ်တော့မယ်''


သူ မျက်မှောင်ကျုံ့ကြည့်လာတာကို ခံရပြန်သည်။

လူက နေလို့မကောင်းရတဲ့ကြားထဲ သူ့ကိုဂရုစိုက်မ

နေပဲ ထုံလေး အေးဆေးသာနေလိုက်သည်။ နှစ်ဦး

ကြား ခေတ္တတိတ်ဆိတ်သွားပြီး သူကားကိုအာရုဏ်

စိုက်မောင်းပါစေဆိုပြီး ထုံလေးမျက်နှာလွှဲထားကာ

အပြင်လေနုအေးအေးတွေသာ တဝကြီးရှူရှိုက်နေ

သည်။


သူ့ပုံစံကိုလဲ ရယ်ချင်နေတာဆို ပိုမှန်သည်။

ဘုန်းကြီးဆွမ်းကပ်နေ့မို့ ယောပုဆိုးအစိမ်းရောင်

လေး နှင့် သူ့အမေဆင်ပေးတဲ့ အကျီလည်ကတုံး

လက်ရှည်အဖြူရောင်နှင့် လိုက်ဖက်နေတာတော့

ဝန်ခံပါသည်။ သူ့ပုံစံကတော့ ထိုဝတ်စုံကိုပဲစိတ်

တိုင်းမကျ စိတ်ရှုပ်နေတဲ့ ပုံစံပါပဲ။


''ရော့ ဒါလေး ခြုံထားလိုက် မင်းပုံစံကြည့်ရတာ

ဖြူဖတ်ဖြူလျော်နဲ့ လူမမာပုံစံကြီး''


''အင်း ..ကျေးဇူးပဲ''


''ရတယ်မလိုဘူး''


°°°°°°


Cretor - ငွေသုန္ဒရီ->20


rate now: