🌊ညှို့တတ်သောပင်လယ်🌊
ညထဲက အတင်းပွေ့ဖက်ထားတာ အဓိပတိတစ်ရေး
နိုးလာတာနှင့် ဘေးကိုစမ်းကြည့်တော့ မြသင်းထုံ
ရှိမနေတဲ့ အေးစက်စက်အိပ်ယာကိုသာ စမ်းမိသည်။
စိတ်အလိုမကျတိုင်း တွန့်ကွေးသွားတဲ့ မျက်ခုံးထူထူ
က အလိုမကျမှု့တွေ အထင်းသားပေါ်လွင်နေ၏။
အိစက်နွေးထွေးတဲ့ ကိုယ်ခန္ဓာလေး ရင်ခွင်ထဲမရှိ
တော့ တစ်ခုခုလိုအပ်နေသလို ခံစားချက်က နံနက်
စောစော နေထိုင်မကောင်းပဲ အကျည်းတန်လှသည်။
'' ကျစ်.. ဘယ်လျှောက်သွားနေပြန်ပြီလဲ ဒီမိန်းမ၊
ယောကျ်ားအိပ်ယာမထခိုင်းပဲ ထသွားတာ ညက
ဆုံးမထားတာ မမှတ်သေးဘူးထင်တယ်''
သူ့မျက်နှာတစ်ခုလုံးလဲ ရစရာမှရှိသေးလားမသိ။
ညက ကြောင်သိုင်းနှင့်အချခံထားရတာ စပ်ဖျင်း
ဖျင်းနာကျင်နေတဲ့ မျက်နှာကို သူ့လက်တွေနှင့်ထိတို့
ကိုင်တွယ်ပြီးမှ ဟွန့်ကနဲ တစ်ယောက်ထဲ တွေးပြီး
ပြုံးနေသည်။ မြသင်းထုံ အိပ်စက်သည့် ခေါင်းအုံး
လေးပေါ် လက်တစ်ဖက်တင်ကာ ကျန်တစ်ဖက်အား
နှာဖူးပေါ်တင်လျှက် မျက်နှာကျက်ကိုသာ မမှိတ်မ
သုန် စိုက်ကြည့်ပြီး မြသင်းထုံအကြောင်း တွေးမိ၏။
မြသင်းထုံရဲ့ စိတ်က ခန့်မှန်းရအလွန်ခက်သည်။
အနေအေးပေမယ့် ရေငုံနှုတ်ပိတ် ပြောသမျှမှားမှား
မှန်မှန်ခေါင်းငုံ့ငြိမ်ခံနေတတ်တဲ့ မိန်းကလေးမဟုတ်
ချေ။ မဟုတ်မခံ စိတ်လေးက မာနနှင့်အတူအရောင်
တလက်လက် မျက်ဝန်းတွေသည် ဘယ်တော့မှ သူ့
ကိုဆို အနိုင်မခံအရှုံးမပေးလေ။ ကောင်းတာပေါ့
အမြဲရန်ဖြစ်စကားများနေရတာ သူလဲမပျင်းတော့
ဘူးပေါ့။ ရေငုံနှုတ်ပိတ် နေတတ်တဲ့ မိန်းကလေး
တွေလဲ အဓိပတိသဘောမကျပါ။
ကြောင်မလေး။
ပီတိတွေဖြာနေတာလား ကြည်နူးနေတာလားမသိ
ပေမယ့် လိမ်ပြောစရာမလိုပဲ သူ့မျက်နှာထက်အမှန်
တရားသည် ဖုန်းကွယ်၍မရ။ သူ့ကို စိတ်တိုပြီး
ဒေါသအလျောက် မျက်နှာကို လက်သည်းရှည်တွေ
နှင့် လက်လှမ်းမီသမျှ ကုတ်ဆွဲထားတာ။ အဓိပတိ
စိတ်မဆိုးတဲ့အပြင် လက်သံပြောင်တဲ့ မြသင်းထုံ
အကြောင်းတွေးတွေးပြီး ကြည်နူးနေသည်။
ဟို တစ်ခါလဲ ခေါင်းပေါက်ပြီးပြီ ယခုလဲဖြူနေတဲ့
သူ့မျက်နှာကို ရစရာမရှိအောင် ပညာပြထားတာ
ဒီမိန်းမကို ချုပ်တတ်ဖို့နည်းလမ်းက လွယ်တော့မ
လွယ်ဘူး။
တစ်ချိန်မှာ မုဆိုးကပဲ သားကောင်ဖြစ်မလား သား
ကောင်ကပဲ မုဆိုးဖြစ်မလား မည်သူမှမသိ။
အဓိပတိ မထချင်ထချင်နှင့် အိပ်ယာမှလေးပင်စွာ
ထပြီး ရေချိုးခန်းထဲ ဝင် ရေကိုစိမ်ပြေနပြေချိုး
နေသည်။.. ဒီနေ့မှ သူ့စိတ်တွေ ထူးထူးခြားခြားပျော်
ရွှင်နေကာ ရေချိုးရင်းသီးချင်းတွေအော်ဆိုနေ
မိသည်။
တစ်နှစ်မှာ ရာသီဥတုသုံးမျိုးရှိသည်။
တစ်နေ့မှာ ကျွန်တော် သူမအပေါ်ခံစားချက်သည်
လည်း... သုံးလေးမျိုးရှိတတ်သည်။
°°°°°°°
'' မင်း ငါအိပ်နေတာ မနိုးပဲ ဘာလို့တစ်ယောက်ထဲ
ထွက်လာတာလဲ''
ရောက်တာနှင့် အပြစ်စကားသံက ကြားရသည်။
မျက်နှာရှသ်ခေါက်ချိုးနှင့် သူ့ကိုလှည့်ဂရုစိုက်မနေ
ပဲ ကြက်သွန်နီသာ ဆက်နွှာနေလိုက်သည်။
'' မာမီခေါ်လိုက်တာပါ သားရဲ့.. သားကိုပါခေါ်ခိုင်း
တာ သားအိပ်နေတယ်ပြောလို့ မြသင်းထုံကို တစ်
ယောက်ထဲ လာခိုင်းလိုက်တာ မင်းကအိပ်နေရင်နိုး
တာမှမကြိုက်ပဲ''
''ကျစ်..''
သူရေချိုးပြီးတာနှင့် တစ်အိမ်လုံးလိုက်ရှာမတွေ့မှ
ဖုန်းဆက်ကြည့်တော့ မာမီအိမ်ရောက်နေတယ်တဲ့။
သူ့မှာ ရုတ်တရက်စိတ်ပူလိုက်ရတာ ဘယ်များ
ထွက်သွားလဲ ဆိုပြီးစိတ်ပူနေရတာ ..ဖုန်းပြောပြော
ပြီးချင်း မာမီအိမ်ကို လိုက်လာတော့ တွေ့ပါပြီ။
တစ်ကိုယ်လုံး ပဲဟင်းမှောက်ထားသည့်အလား ပြင်
ဆင်ထားလိုက်တာများ မနာလိုချင်စရာ။
ဗေဒါရောင် ချင်းရိုးရာဝတ်စုံလေးနှင့် ဆံပင်ရှည်
တွေကို ကျစ်ဆံမြီးနှစ်ခွကျစ် ပါးနှစ်ဖက်သနပ်ခါး
အပြည့်က ရှု့တိုင်းယဥ်အေးဖြစ်နေတဲ့ သူမကို သူ
မနာလိုချေ။ ဂျေဝင်နေတဲ့ သူ့မျက်နှာက မှုန်ကုတ်
ကုတ်နှင့်။
မီးဖိုခန်းထဲ မျက်ရည်ဝိုင်းကာ
ကြက်သွန်ဥတွေသာ အာရုဏ်စိုက်ခွာနေတဲ့ ချွေးမ
ဖြစ်သူကို ရန်ရှာနေတဲ့ သားဖြစ်သူအား ဒေါ်ပပလှိုင်
ဝင်ဖြေရှင်းပေးရသည်။ မဖြေရှင်းလျှင် နှစ်ယောက်
သား ရန်ဖြစ်ကြတော့မှာ အသေအချာပါပဲ။ တစ်
ယောက်နှင့် တစ်ယောက်ကြည့်နေကြသည့် ဘုကြ
ည့်တွေက ကလေးတွေလို ပေစောင်းစောင်း။
'' မာမီက အလောတကြီး ဘာကိစ္စခေါ်တာလဲ ပြော
စရာရှိကျွန်တော်ကို ပြောပေါ့ သူနဲ့ဘာဆိုင်လို့ တကူး
တကခေါ်ရတာလဲ''
'' မာမီလဲ သားတို့မနေ့ညကမှ ခရီးကရောက်တာ
ဆိုတော့ မပြောလိုက်တာပါ မနက်မှဖုန်းဆက်တော့
သားအိပ်ယာမနိုးသေးလို့ မြသင်းထုံပဲခေါ်လိုက်တာ
မနက်ဖြန် မင်းအကိုဆုံးတာသုံးလပြည့်ဘုန်းကြီး
ဆွမ်းကပ်မလို့လေ ချက်ပြုတ်စရာရှိတာနဲ့ ခေါ်လိုက်
တာ သားရဲ့..စံပယ်နဲ့ဦးပုတုက နယ်မှာကျန်ခဲ့တော့
အိမ်မှာမာမီနဲ့ ဒေါ်စောပဲ ရှိကြတာလေ သားရဲ့
ဦးဇဥ်း ခုနှစ်ပါးစာချက်ရတော့ လိုအပ်တာဝိုင်းကူ
လုပ်ဖို့ခေါ်တာပါ ကျန်တာတော့အထွေအထူးပြော
စရာမရှိပါဘူး''
မာမီရှင်းပြနေသည်ကိုပဲ သူသဘောမကျသည့်
ပုံစံက မျက်မှောင်ကြီးကြုံ့ထားတာ အချိုးမပြေ။
ထုံလေးသာ သူ့မိခင်နေရာမှာဆို ဆူပုတ်ပုတ်နဲ့ အဲ့
လိုသားကို ခေါင်းခေါက်ပြစ်တာကြာပေါ့။ ကြက်
သွန်နီတွေ ခွာနေရလို့ မျက်ရည်ကျနေရတဲ့ကြားထဲ
သူက ရန်လာရှာတော့ လူကြီးရှေ့ရန်မဖြစ်ချင်တာ
နှင့်ပဲ ငြိမ်ပေးရတာ။ သူ့မျက်နှာကိုကြည့်ကိုမကြည့်
ချင်။
'' ဟယ်..ခုမှသတိထားမိတယ် သားပါးကဘာလို့
ပလာစတာ ကပ်ထားတာလဲကြည့်ပါဦး မျက်နှာတစ်
ခုလုံးလဲ ရစရာမရှိဘူး ကုတ်ရာတွေကြီးပဲ ဘာဖြစ်
တာလဲ''
'' အဟွန်း ဒါလား ဘာ မဖြစ်ပါဘူးမာမီ ဒီတိုင်းပဲ
မတော်တဆဖြစ်တာပါ''
မာမီစကားကြောင့် ကြက်သွန်မွှန်၍ မျက်ရည်တွေဖိ
သုတ်ပြီး ပျက်ယွင်းသွားတဲ့ မျက်နှာလေးထံ သူ
မျက်ဝန်းများမှေးစင်းကာ တစ်ချက်ကြည့်သည်။ အိ
န္ဒြရေမထိန်းနိုင်အောင် အရှက်သည်းတတ်တဲ့ သူမ
ပုံစံလေးကမျက်နှာထက် ပေါ်လွင်ကာ
အသည်းယားစရာ။ မာမီကတော့ ဘာမှမသိရှာလေ
တော့ သူ့ပါးနှစ်ဖက်ကို လက်ဖဝါးလေးတွေနှင့်
ဘယ်ပြန်ညာပြန်ဖွဖွဆုပ်ကိုင်ပြီး ကလေးတစ်
ယောက်ကို ငယ်ငယ်ကအတိုင်း ပူပန်နေကာ
စိုးရိမ်တကြီး တရစပ်မေးလေသည်။
'' ဘာ ဘာမှမဖြစ်ရမှာလဲ မျက်နှာတစ်ခုလုံးလဲ
ရစရာမရှိဘူး လည်ပင်းတွေမှာလဲ ကြည့်ဦး ခြစ်
ကုတ်ရာတွေကြီးပဲ မင်းမကြီးမငယ်နဲ့ ငယ်ငယ်ကလို
ရန်ဖြစ်ပြန်ပြီလား ''
'' မာမီကလဲကလေးကလား ရန်ဖြစ်ရင်ကုတ်ရာတွေ
ဖြစ်မလား ညိုမဲစွဲမှာပေါ့ ခုကဘာမှမဖြစ်ပါဘူး
ဆို မာမီရာ..''
မြသင်းထုံ စကားတွေပါ သူပြောတတ်နေပြီ သူမ
သူ့ကို ပြောပြောနေကျ ကလေးကလားဆိုသည့်
စကားက နှုတ်ထဲစွဲလာနေပြီပဲ။
'' ဒါဆို မာမီကိုမှန်မှန်ပြော ဒီပါးနဲ့လည်ပင်း ကုတ်
ရာတွေက ဘာဖြစ်ထားတာလဲ ဒီလောက်များတာ
ဆေးမလူးဘာမလူးနဲ့ ''
''မာမီနဲ့တော့ ခက်ပြီ .......''
ခေါင်းကို ကြက်သွန်ခြင်းထဲ ဝင်မတတ်ငုံ့ထားတဲ့
မြသင်းထုံကို ခပ်စောင်းစောင်း ညစ်ကျယ်ကျယ်
ကြည့်ရင်း စိတ်ပူနေတဲ့မာမီကို ဖြေရှင်းချက်ပေးရ
သည်။ မဖြေမချင်းမေးနေတဲ့ မာမီကို စကားပြော
ရင်းအကြည့်ကတော့ အရှက်သည်းနေတဲ့ ကြောင်မ
လေးထံ၌သာ တဝဲလည်လည်..
'' သိချင်ရင်လဲ ပြောပြမယ်မာမီရာ..ညကပေါ့
ဘယ်လမ်းပေါ်က သခင်မရှိတဲ့ကြောင်စုတ်လဲမသိ
ပါဘူး အခန်းထဲဝင်လာပြီး ကျွန်တော်အိပ်ပျော်နေ
တုန်း ခုတင်ပေါ်တက်ပြီးအတင်းကုတ်သွားတာ ''
သူအသံကျယ်ကျယ်နှင့် တမင်နာနာလေးပြောတော့
ခေါင်းထောင်လာကာ အံကြိတ်ကြည့်လာသည့်
မြသင်းထုံကို သူ မာမီမမြင်အောင် လျှာထုတ်ပြ
သည်။ သူမသည်လည်း မကျေမနပ် လက်သီးပြန်
ထောင်ပြလေသည်။ သူတို့နှစ်ယောက်ပုံစံက ဘာ
နှင့်တူနေမှန်းမသိ ဘေးလူတွေအမြင်ဆို မတည့်
အတူ ကြောင်နှင့်ကြွက်လိုပါပဲ။ ဒါကိုပဲသူအပျော်
ကြီးပျော်နေသည်။ ခုလိုရန်ဖြစ်နေရတာ သူပျော်
လို့လေ။
'' ဪကွယ်.. ကြောင်ကလဲနော် ဒေါသကြီးတဲ့
ငါ့သားကိုမှ ကုတ်ရတယ်လို့ မင်းဒေါသနဲ့အဲ့ကြောင်
လေး ပြစ်ပေါက်မခံလိုက်ရဘူးလား သနားပါတယ်
ကြောင်လေး ကျိုးကန်းကုန်မှာပေါ့ ''
ဒီတစ်ခါမာမီ စကားသံက စိုးရိမ်နေတဲ့လေသံ
မဟုတ်တော့ပဲ တမင်ရွဲ့မေးလာတဲ့ အငေါ့အတူး
စကားဖြစ်လေသည်။ အဓိပတိ လည်ပင်းကိုပွတ်
သပ်ပြီး ရယ်ကျဲကျဲလုပ်ကာ ..
'' ဘယ်ရမလဲ ကိုင်ပေါက်ပြစ်တာပေါ့''
'' ဪ ..ဪ ကြောင်လေးအရိုးတစ်ခြားအသား
တစ်ခြားဖြစ်သွားရှာမှာပဲ မာမီ့သားဒေါသကိုမာမီ
အသိဆုံး သူ့အသားတစ်ချက်ထိရင်ဆယ်ချက်ပြန်
လုပ်တတ်တာ မာမီသိပ်သိတာပေါ့''
'' ဒါပေါ့ မာမီရ..အဟွန်း အဲ့ကြောင်ဘယ်လွှတ်မလဲ
ကျွန်တော်လက်ကနေ..သူတစ်ချက်ဆို ကျွန်တော်
ဆယ်ချက်ပဲ ''
သားအမိနှစ်ယောက်ကြား ထုံလေးဆက်ပြီး
ရှိမနေချင်ပဲ အဝေးတစ်နေရာကို ပြေးထွက်သွား
ချင်သည်။ ရှက်လွန်းလို့ မျက်နှာတွေနီရဲကာ ဘာ
လုပ်၍ ဘာကိုင်ရမှန်းမသိ။ ထိုင်နေမှအကောင်းထ
သွားမှအကျိုး ဆိုသည့်အတိုင်း ထသွားမှဖြင့်ကိုယ့်
အပြစ်နှင့်ကိုယ် လူသိကုန်ဦးမည်။ ကျွတ်.. အဲ့တာ
ဟိုလူကြောင့်။ စိတ်တိုတိုနှင့်သာ စပ်ဖြီးဖြီးသူ့မျက်
နှာကို စိတ်ထဲမှကြိမ်းမောင်းကာ အံ့ကြိတ်ကြည့်
နေလိုက်သည်။ ရုပ်ကိုကမချိုမချဥ်နဲ့ ရုပ်ရှင်တွေထဲ
က လူကြမ်းသရုပ်ဆောင် နာဗူးကောင်တွေ ရုပ်နှင့်
ချောမောခန့်ညားတဲ့သူ့မျက်နှာမှာ ခုချိန်ဆန့်ကျင်
ဘက်အကျည်းတန်ကာ နှာဗူးကောင်နှင့်အတော်တူ
နေလေသည်။
'' ဟုတ်ပါပြီ ဟုတ်ပါပြီ.. လက်ဆိတ်တက်ပြီး
မျက်နှာပေါ် အမာရွတ်ကျန်နေလိမ့်မယ် လာဧည့်
ခန်းသွားကြမယ် မာမီဆေးလူးပေးမယ်''
မအီမသာဖြစ်သွားတဲ့ သားဖြစ်သူရုပ်ကိုကြည့်ပြီး
ဒေါ်ပပလှိုင် လူကြီးတန်မဲ့ရယ်ချင်တာကိုအောင့်
ထားရသည်။ ခေါင်းငုံ့ပြီးကြက်သွန်ခွာနေတဲ့ သူ့
မိန်းမထံသာ အကြည့်ရောက်နေတဲ့ သားဖြစ်သူရဲ့
အဖြစ်ကိုကြည့်ပြီး တမင်အရွဲ့တိုက်ပေးနေတာ။
မကြီးမငယ်နဲ့ နှစ်ယောက်သားအရွဲ့တိုက်မယ်ဆို
တာကြီးပဲ တကယ်လဲနေနိုင်ကြတာမဟုတ်ပဲနဲ့..
'' လာ လာ အမာရွတ်တွေမဖြစ်အောင် မာမီဆေးလူး
ပေးမယ် ဒေါ်စောက ဆီသပ်နေတာလား မသိဘူး
ညော်နံ့တွေရနေတယ်''
'' မာမီအေးဆေးနေပါ ဟိုတစ်ယောက်ကို လိမ်းခိုင်း
လိုက်မယ် သူရှိနေတာပဲ ''
သူ့စကားကြောင့် မကျေမနပ်ငုံ့ထားတဲ့မျက်နှာက
ဆတ်ကနဲမော့လာသည်။ ဘာစကားမှတော့မပြော
ပဲ မျက်ခုံးလေးသာ တွန့်လျက် မလုပ်ပေးနိုင်ဘူး
ဆိုသည့် သဘောပြသနေတာ သူမစိတ်ကိုသိနေတဲ့
သူသာအသိ။ သူကလဲမျက်မှောင် ပြန်ကျုံ့ပြတာ
သူတို့နှစ်ဦးထဲက နားလည်တဲ့ နှစ်ယောက်ကြားက
ဘာသာစကား။ အရွတ်ဆန်စွာ ပြုံးပြလိုက်သေး
သည့် အဓိပတိ။
'' မြသင်းထုံမှ မအားတာ မာမီအားနေတာပဲ
လာပါ မာမီပဲလိမ်းပေးမယ် မြသင်းထုံသူလုပ်စရာ
ရှိတာလုပ်ပါစေ ဘာမှပြောမနေနဲ့တော့ လာညော်ခံ
မိရင် ပိုရင်းသွားမယ် ဒဏ်ရာသေးသေးကနေကြီး
ကြီးဖြစ်သွားအုံးမယ်''
'' ............''
လိုချင်တာကို မရသည့် ကလေးတစ်ယောက်လို
သူ့မာမီနောက်ပါသွားပေမယ့် ထုံလေးကိုသာ
လှည့်ကြည့်လှည့်ကြည့်နှင့် ပါသွားသည်။ ထုံလေး
ကြက်သွန်နွှာနေတဲ့ ဓားလေးသာ ထောင်ပြလိုက်
သည်။ ကောင်းတယ် အနားမရှိလေ ကောင်းလေပဲ။
တစ်ခါတစ်ရံ သူက ချစ်စရာကောင်းသည့်ကလေးနှ
င့်တူသည်...။
တစ်ခါတစ်ရံ သူက မုန်းစရာကောင်းသည့်
လူယုတ်မာနှင့်တူသည်..။
°°°°°°°°
'' သားမင်း ဒီနေ့ထူးဆန်းနေပါလား မာမီအိမ်မှာ
ဖင်ပူအောင် မထိုင်ဖူးတဲ့လူက မနက်ထဲကနေ ခုည
နေစောင်းထိ နေနေတာ ဘာကြောင့်ပါလိမ့် အပြင်
လဲ မသွားပဲ ဧည့်ခန်းထဲပဲထိုင်နေတာ မညောင်းဘူး
လား အပြင်လေးဘာလေးထွက်လည်အုံးမှပေါ့''
'' မနက်ဖြန် အကို့ အတွက် ဆွမ်းကပ်မှာဆို
ကျွန်တော်လဲ လိုအပ်တာလေးတွေ လုပ်ကူပေးချင်
လို့ပါ ဘာလဲမာမီက မနေစေချင်တာလား''
'' ဟုတ်ပါပြီ ဟုတ်ပါပြီ...''
'' မြသင်းထုံ ရှိလို့နေနေတာ မဟုတ်ဘူးနော်မာမီ
အကိုလပြည့်ဆွမ်းမနက်ဖြန် အတွက် လာကူလုပ်
ပေးတာ..''
ကူလုပ်ပေးတယ်ပြောပြီး ဧည့်ခန်းထဲသာငုပ်တုတ်
ထိုင်နေသည့်သူ့မှာလိပ်ပြာမလုံ။ မြသင်းထုံ လှုပ်ရှား
သမျှသာ တစ်နေကုန်လိုက်ကြည့်နေတာဖြစ်၍ပါပဲ။
မာမီ သိလျှက်နှင့် သူ့ကိုတမင်များစနေတာလား။
မာမီပုံစံက အရင်လိုခပ်တည်တည်မဟုတ်ပဲ ပြုံးစေ့
စေ့နှင့်သာ သူ့ကိုကြည့်နေသည်။ အိုးမလုံအုံပွင့်နေ
တဲ့ မအူမလည်သူ့ပုံစံက မာမီအတွက်ရယ်စရာများ
ဖြစ်နေလားမသိ တစ်နေကုန်ပြုံး၍ မပြီးတော့..
'' မနက်စာ မြသင်းထုံရဲ့လက်ယာဟင်းတွေစားပြီး
မာမီလဲသွေးတိုးနေပြီ၊ ဘယ်ဟင်းမှဆားမငံတာမရှိ
ဘူး ဒေါ်စောကိုသေချာမှာထားရတယ် သူလုပ်တာ
သေချာကြည့်ထားလို့ မဟုတ်ရင် ဘုန်းကြီးတွေပါ
သွေးတိုးကုန်မယ် အဟင်း..ဒါနဲ့ သားနေ့တိုင်း ဒီလိုပဲ
သူ့လက်ယာကိုစားနေကြလား''
'' ကျွန်တော်က အငံစားတော့ သူ့လက်ယာနဲ့
အဆင်ပြေပါတယ်''
စားပွဲပေါ် သံပုရာရည်ခွက်ထောင်ပြီး သူ့မိန်းမ
သိက္ခာမကျအောင်ဖာထေးပြောပေးနေတာ အသိ
သာ။ ဒေါ်ပပလှိုင် အဆင်ပြေပါတယ်ပြောပြီး
သံပုရာရည်သာ တစ်ပြီးတစ်ငုံသောက်နေတဲ့ သား
ကို ပြုံးကာကြည့်ရင်း....ဒေါ်ပပလှိုင် သက်ပြင်းချ
ရင်းပြုံးမိပြန်သည်။
မြသင်းထုံကတော့ မီးဖိုခန်းထဲ စိတ်ပါလက်ပါနှင့်ပဲ
ဟိုပြေးလိုက်သည်ပြေးလိုက်နှင့် ဟင်ူချက်ရတာကို
ပဲ ပျော်နေသဖွယ် သွက်လက်နေ၏။
'' မင်းလဲ တော်တော်သည်းခံတတ်နေပြီပဲ ဘယ်
အရာမဆို အလျော့မပေးတတ်တဲ့သူက မြသင်းထုံ
နဲ့ပတ်သက်ရင် ကောင်းကောင်းဆိုးဆိုး အကောင်း
ဘက်ကတွေးပြီး မာမီ့ကိုလဲ ဖာထေးပြီးပြော
ပေးတတ်နေပြီနော် အဲ့တာကိုဘယ်လိုပြောရမလဲ..''
'' မာမီထင်လို့ပါ မဟုတ်ပါဘူး သူ့ကိုကြည့်မရပါဘူး''
'' မာမီထင်တာမဟုတ်ဘူး တစ်နေကုန်မြင်နေရတာ
မင်းကိုမွေးထားတဲ့အမေပါ မင်းအမူအယာကို ကြ
ည့်တာနဲ့မာမီသိပါတယ် မင်းဘယ်လိုပုံစံပြောင်းလဲ
နေတယ်ဆိုတာသိတာပေါ့''
'' ကျွန်တော်သူ့ကို အကို့အတွက်မုန်းနေတုန်း''
တုံးတိ အသက်မပါစွာပြောလာသည့် အဓိပတိစကားအား ဒေါ်ပပလှိုင် ခေတ္တငြိမ်သက်နားထောင်
ရင်း သားဖြစ်သူ၏ပခုံးလေးကိုခပ်ဖွဖွကိုင်ကာ ..
''တကယ်တော့ မြသင်းထုံမှာ...''
'' ကလင် ကလင် ...''
ရုတ်တရက်ထမြည်လာသည့် ဖုန်းကြောင့်စကား
စဖြတ်ပြီး မာမီဖုန်းသွားကိုင်သည်။ အဓိပတိနားထင်
ကို လက်ညှိုးလေးနှင့် ထောက်ပြီး မာမီဘယ်ချိန်က
စပြီး မြသင်းထုံကို ကြည်ဖြူသွားပါလိမ့်ဟုတွေး
မိသည်။ မြသင်းထုံကို လက်ထပ်မည်ဟု သူခွင့်
တောင်းစဥ်က မာမီခါးခါးသီးသီးငြင်းဆန်ခဲ့တာ။
ယခုတော့ သူ့ထက်ပင် မြသင်းထုံကို ကောင်း
ကောင်းဆက်ဆံပြောဆိုသည်။ ဘာကြောင့်ပါလိမ့်။
မာမီသူ့ကို မြသင်းထုံနှင့်ပတ်သက်ပြီး ဘာတွေရှင်း
ပြချင်နေတာလဲ။
°°°°°°°°
'' ကြောင်မလေး''
'' ရှင် ကျွန်မကို အဲ့လိုလာမခေါ်နဲ့နော် ကျွန်မမကြိုက်
ဘူး သိပ်ကျေနပ်နေတယ်မထင်နဲ့..အေးဆေးနေ''
မျက်နှာပေါ် ဆံပင်တွေ ဖရိုဖရဲကျပြီး ကြည့်မဝ
ရှု့မဝ ချစ်စရာလေးနှင့် ရန်တွေ့နေသည်။ အဓိပတိ
ခပ်တည်တည်နှင့်ပဲ ခုတင်ပေါ် အိပ်လှဲနေရင်း ကျစ်
ဆံမြီးတွေဖြည်နေတဲ့ မြသင်းထုံမျက်နှာလေးကို
ကြည့်ပြီး တမင်မကြိုက်တာကို ရွေးစနေသည်။
'' ပြောင်းပြန်မင်းကများ မကျေနပ်ရတယ်ရှိသေး
ငါက ခံခဲ့ရတဲ့သူ ပိုတောင်စိတ်တိုရဦးမယ် ကြည့်
လေ ငါ့မျက်နှာတွေမင်းကုတ်ထားတာရစရာကိုမရှိ
ဘူး ယောကျ်ားကို အရမ်းအနိုင်ကျင့်တယ် မာမီ့ကို
လဲ သူ့ဘက်ကနေပြီး လိမ်ပြောပေးရသေးတယ်''
'' ဪ .. အရမ်းကိုကျေးဇူးတင်ရမယ်ဆိုပါတော့
ရှင့်ကို အဲ့ထက်ပိုလုပ်ခဲ့ရမှာ''
'' ဒါပေါ့.. ''
''ရွဲ့ပြောနေတာလေ''
'' သိတယ်လေ ရွဲ့ပေါ့''
'' အပိုတွေ လာမပြောနဲ့ ကျွန်မစိတ်တိုလာပြီ''
'' စိတ်တိုတာ သိတယ် စိတ်တိုတဲ့အကြောင်းကို
ပြောပြစရာကို မလိုဘူး နီရဲနေတဲ့မင်းမျက်နှာကိုကြ
ည့်တာနဲ့သိပြီးသား ဒါပေမဲ့ မင်းစိတ်တိုလေ ကြည့်
လို့ ကောင်းလေပဲ ''
'' ကျွတ်... ကြည့်လို့ကိုမရဘူး''
'' မကြည့်နဲ့လေ မျက်စိမှိတ်ထား..ဟာ! ငါ့ကိုလုပ်
တယ် ကြည့်စမ်း အကြီးကိုမရိုမသေနဲ့ငရဲကြီးလိမ့်
မယ် မင်းထွက်လာခဲ့တွေ့မယ်''
''ဒုန်း''
သူ့ထံ ခေါင်းအုံးနှင့်ပြစ်ပေါက်ပြီး ရေချိုးခန်းထဲ
လစ်ကနဲမြန်သလားမမေးနှင့်အပြေးချန်ပီယံပါအရှုံး
ရမည့်ခြေလှမ်းတွေနှင့် ထွက်ပြေးသွားသည်။သူဘာ
မှမပြောရချိန် တံခါးကိုဆောင့်ပိတ်သွားသည်။ သူ့
ကိုဆိုခုနောက်ပိုင်း တစ်စက်ကလေးမှလေးစားမှု့
ကြောက်ရွံ့မှု့ ရှိမလာသည့် မြသင်းထုံကို မကျေနပ်
ပေမယ့်သူလဲသူပဲလေ။ လေးစားမှု့ရှိအောင် အရင်
လိုကြောက်စရာကောင်းအောင်မှ မနေတာ။ နေ၍လဲ
ရမှမရတာ မြသင်းထုံနှင့်တွေ့လျှင် အလိုလိုစချင်
နေတာ တားဆီး၍မှ မရပဲ။ အရင်လိုဒေါသတွေမှ
ထုတ်သုံး၍ မရပဲ။ အရင်လို မာနတွေမှ ထုတ်သုံး
မရပဲ။
ငါ မင်းကို........
°°°°°°°
'' ခေါင်းကို ညဘက်ကြီးဘာလို့လျှော်တာလဲ နှာစေး
ချောင်းဆိုးပြီး ဖျားတတ်တယ်ဆိိုာ မသိဘူးလား''
'' လျှော်ချင်လို့လျှော်တာ''
'' ကျစ်.. နည်းနည်းလေးဆို ရွဲ့မယ်ဆိုတာကြီးပဲနော်
စကားကို ဘယ်တော့မှ အကောင်းမပြောနဲ့...''
ရေချိုးခန်းထဲမှ ညအိပ်ဝတ်စုံ ပန်းရောင်ဂါဝန်
လက်ပြတ်ကလေးနှင့် ခေါင်းသုတ်ပြီး ထွက်လာ
သည့် ထုံလေးကို မျက်မှောင်ကျုံ့ကြီးနှင့်မေးတော့
ထုံလေးလဲ တမင်ရွဲ့ဖြေသည်။ အလိုမကျ မျက်နှာ
င်းတင်းကြီးဖြစ်နေတဲ့ သူ့ကိုကျောပေးပြီး မှန်တင်
ခုံပေါ်ထိုင်ကာ ခေါင်းသာဆက်သုတ်နေလိုက်သည်။
သူ့မာမီစီစဥ်ပေးတဲ့ အိပ်ခန်းမှာ နှစ်ယောက်အိပ်ရ
မယ်ဆိုတော့ လက်မခံချင်ပေမယ့်လဲ ခေါင်းငြိမ့်
ရသည်။ မနက်စောစောအိပ်ယာထရမှာဖြစ်၍ ဒီနေ့
နှစ်ဦးစလုံး အိမ်မပြန်ပါပဲ သူ့မာမီအိမ်အိပ်ဖြစ်ကြ
သည်။
ဘာလိုလိုနှင့် ကိုကြီးဆုံးတာ သုံးလရှိသွားပြီတဲ့။
ကုန်ဆုံးမြန်တဲ့အချိန်တွေကခဏလေးပါပဲ။ အသစ်
မြင်အဟောင်းမေ့ ဆိုတဲ့ စကားကို ထုံလေးမုန်း
တယ်။ ကိုကြီးကို ထုံလေးမချစ်ခဲ့သလို အဓိပတိကို
လဲ ထုံလေးမချစ်ဘူး။ ချစ်၍လဲရမှာမဟုတ်ပါ။ သူ
ကိုယ်တိုင်ကြွေးကြော်ထားတဲ့ ခေါင်းစဥ်က တစ်
သက်စာအမုန်းတွေ ရန်ငြိုးတွေဖြစ်နေပါလျှက် သူ့
ဘက်က ဘယ်လိုပုံစံဖြစ်ဖြစ် ဘယ်လိုဂရုစိုက်မှု့
ဖြစ်ဖြစ် ထုံလေးပျော့ညံ့မသွားပဲ စိတ်ကိုတင်းထား
ရမယ်။ ဒါမှ သူ့အပေါ် ထုံလေးဘယ်တော့မှ ခေါင်း
ငုံ့ အရှုံးမပေးရမှာ...
'' အ့ ..ဆံပင်တွေနာတယ် ဘာလုပ်တာလဲ''
ထုံလေး အတွေးတွေပြတ်တောက်သွားသည်။
ဇိုးဇိုးဇက်ဇက်နှင့် လက်ထဲကတဘက်ကိုဆွဲယူပြီး
ရေသုတ်ပေးနေတာလဲ ညင်သာမှု့မရှိပဲ သူ့လက်ကြီး
နှင့် အားပါးတရရေသုတ်ပေးနေသည်။ ဒါကို ဂရု
စိုက်မှု့ဟု ခေါ်မလား၊ တမင်ဆံပင်မွှေးတွေ ကျွတ်
အောင်ဆောင့်ဆွဲနေတာဟု ခေါ်ရမည်လား။
'' ရေသုတ်ပေးနေတာလေ''
'' ရှင်ရေသုတ်ပေးတာလား ဆံပင်ဆောင့်ဆွဲနေတာ
လား ဆံပင်တွေနာတယ်ရှင့် ဖြေးဖြေးသက်သာလုပ်
မလုပ်တတ်ရင်လဲမလုပ်နဲ့..''
'' ငါ ဘယ်မိန်းကလေးကိုမှ ဒီလိုမလုပ်ပေးဖူးတော့
ကြမ်းသွားခဲ့ရင်တောင် မင်းအပေါ်အနူးညံ့ဆုံးဆက်
ဆံတာလို့ပဲ မင်းစိတ်ထဲထည့်ပြီး ကံကောင်းတယ်လို့
တွေးထားလိုက် မင်းကကံထူးရှင်လေ ငါပထမဆုံး
ဂရုစိုက်ပေးဖူးတဲ့ မိန်းကလေးဖြစ်နေလို့ပဲ''
မှန်ထဲမှ ခပ်ချောချော သူ့မျက်နှာကို မျက်စောင်း
ထိုးတော့ သူ့နှုတ်ခမ်းတွေ တွန့်ကွေးကာ ဝင့်ကြွား
နေသည့် မျက်နှာထားနှင့် ...
'' ရှင်ဆက်ဆံတဲ့ ဘယ်အရာမဆို ကျွန်မရင်ထဲလဲ
မထည့်ဘူး ဦးနှောက်ထဲလဲမထည့်ဘူး''
'' ကိစ္စမရှိပါဘူးမင်းမျက်ဝန်းတွေကို ငါမြင်နေရ
တယ်လေ မင်းဘယ်လိုပြောပြော ငါမယုံဘူး''
ဘုရားရေ သူသိနေတာများလား။
အနီးကပ် ဖြစ်နေတဲ့အနေအထား၊ ထုံလေးစိတ်ထဲ
ဘယ်လိုပဲ သူ့ကိုမုန်းတယ်ပြောပြော ရုတ်တရက်
ပြောင်းလဲလာတဲ့ ဂရုစိုက်မှု့တွေကို ရင်ခုန်နေမိတာ
သူသိနေတာများလား။ ဟင့်အင်း...သူသိ၍မဖြစ်။
ဆံနွယ်တွေကိုစောစောကထက် တယုတယသုတ်
ပေးနေတဲ့ သူ့မျက်နှာချောချောကို မှန်ထဲမှ ခိုးကြည့်
ရင်း သူအရမ်းချောသည်ကို လက်မခံချင်ပဲ လက်ခံ
ရတာ ရင်ထဲအောင့်သက်သက်။ သူ့ရဲ့မာယာတွေထဲ
နစ်ဝင်ချင်နေပြီလား။ သူတို့ထုံလေးကို ရက်စက်ခဲ့
ကြတာလေ ..လွယ်လွယ်နဲ့ အလျော့ပေးရမည်လား။
မဖြစ်ဘူး..
'' ရပြီ .. ရှင့်လက်ဖယ်တော့ ဒရိုင်ရာနဲ့ကျွန်မ မှုတ်
လိုက်တော့မယ်''
'' ပေးစမ်းပါ ငါလုပ်ပေးတာပဲငြိမ်ငြိမ်နေ''
ထုံလေးလက်ထဲက ဒရိုင်ရာကို ဆွဲယူပြီးမလုပ်တတ်
ပဲ လုပ်ပေးနေတာ ယုယုယယ။ ထုံလေးမျက်လွှာချ
ပြီး ငြိမ်နေလိုက်သည်။ မကြာလိုက် ဆံပင်ရှည်ပြီး
ထူနေတဲ့ ထုံလေးဆံပင်တွေအမြန်ခြောက်သွား
သည်။ သူ့ကိုကျေးဇူးတော့တင်ပါတယ် ထုံလေး
ကိုယ်တိုင် ဆံပင်သုတ်မယ်ဆို လက်အရမ်းညောင်း
တာ။ ဆံပင်အရှည်တော့ ထားပါသည် သို့ပေမယ့်
ဆံပင်ခေါင်းလျှော်ပြီး ခြောက်အောင်လုပ်ရတာ
တော့ ထုံလေးအင်မတန်ပျင်းသောအရာဖြစ်သည်။
သူ ဆံပင်တွေကို သေချာဖြီးပေးပြီး..
'' ငါမေးတာ အမှန်တိုင်းဖြေနော်''
''........''
''ခုလိုပဲ မင်းဆံပင်တွေကို ဟိုကောင့်ကိုအကိုင်ခံခဲ့
တာလား''
'' ဘယ်ကောင်လဲ''
'' ဘယ်ကောင်ဖြစ်ရမှာလဲ ကျောင်းဆရာဆိုတဲ့
မင်းရဲ့ကိုစိုင်းပေါ့''
''ရှင်''
°°°°°°°
Author-ငွေသုန္ဒရီ->19