🌊ညှို့တတ်သောပင်လယ်🌊
အိမ်ပြန်လမ်း တစ်လျှောက်လုံး ရန်ဖြစ်ခဲ့ရတာ
မောသွားပြီ ထင်ပါရဲ့ ခဲရောင်နှစ်ယောက်အိပ်မွေ့
ယာကြီးထက် အေးချမ်းစွာအိပ်စက်နေတဲ့သူ။
ထုံလေးမှာလဲ သူနှင့်ရန်ဖြစ်ပြီး ငိုရလွန်းလို့ မျက်နှာ
တွေ မို့အစ်နေလေသည်။ အဲကွန်းကို ဂိတ်ဆုံးဖွင့်
ထား၍ ခုမှသူ့အခန်းထဲ ဝင်လာသည့်ထုံလေးပါ
အသားလေးတွေပါ အေးစက်လာသည်။ စောင်မခြုံ
ပဲ အိပ်နေသည့်သူဆိုလျှင် ပိုအေးမှာပဲ ဆိုသည့်စိတ်
က စေတနာထားမိပြန်သည်။
ကြမ်းပြင်ပေါ် ပွကြဲနေတဲ့ သူပေါက်ခွဲထားတဲ့
ပစ္စည်းတွေကို ကွေ့ရှောင်ပြီး သူ့အနားရောက်ရန်
သွားရတာမလွယ်လှပေ။ ဘယ်လိုသောင်းကျန်းထာ
မှန်းမသိ။ နှာခေါင်းထဲတိုးဝင်လာသည့် အရက်နှံ့
စူးစူးနှင့်အတူ စားပွဲပေါ်လှဲကျနေသည့် အရက်ပု
လင်းက သူသောက်ထားမှန်းသက်သေပြနေသည်။
'' အဲ့ဒီကောင်ကို ကြည့်တဲ့အကြည့်နဲ့ငါ့ကိုကြည့်တဲ့
အကြည့်က တူလို့လား ငါ့ကိုကျတော့ အဓိပတိ
အဲ့ကောင်ကျတော့ ကိုစိုင်း နောက်တစ်ခါခေါ်ရဲခေါ်
ကြည့် မင်းကောင်ရဲ့ သွားသုံးဆယ့်နှစ်ချောင်းလုံး
ကျွတ်အောင် ငါလုပ်ပြမယ်'' တဲ့လေ။
ဘယ်လိုဆိုးသွမ်းတဲ့ သူပါလိမ့်။
ရှင်းပြလဲ နားမထောင်ပါပဲ သူပြောချင်ရာသာ
ဇွတ်ပြော သူ့ဒေါသကိုပဲ ရှေ့တန်းတင်နေတဲ့ သူ့ကို
ထုံလေးမှာ ရှင်းပြချင်တာမဟုတ်ပေမယ့် ဖြေရှင်း
ခွင့်ပါ မရခဲ့။
ခြေထောက်နား လုံးထွေးတဲ့ထိ ကန်ချထားတဲ့
စောင်ကို အသာလေးယူပြီးဖြန့်ကာ သူ့ကိုခြုံပေး
ရင်း .. ဒေါသကင်းမဲ့နေတဲ့ သူ့မျက်နှာကို ခိုးကြည့်မိ
သည်။ ကိုကြီးနှင့် မျက်ခုံးထူထူတွေသာ ဆင်ပြီး
ကျန်သည့် အစိတ်အပိုင်းတွေမှာ လုံးဝမတူ။ ညီ
အကိုဟု ပြောမှယုံရမည့် ကွဲပြားမှု့။ ညီအကိုနှစ်
ယောက်စလုံးက အတ္တကိုယ်စီရှိကြသလို လိုချင်
တာကို ရအောင်ယူတတ်တဲ့ စိတ်ကတူနေပြန်
သည်။ ဒါကြောင့်လဲ ထုံလေး ဝဠ်းကြွေးကြီးစွာ ညီ
အကိုနှစ်ယောက်လုံးထံ ပေးဆပ်ခဲ့ရတာပေါ့။
'' ရှင့်ကို စိတ်ရှိတိုင်းမုန်းတယ်လို့ အော်ပြောပြစ်
ချင်တယ် အဓိပတိ ဒါပေမဲ့ .. ထိုစကားလုံးအတွက်
ကျွန်မရဲ့ နှုတ်ကပြောမထွက်ခဲ့တာ ဘာကြောင့်များ
လဲ''
သူအိပ်နေတဲ့ ဘေးနားဝင်ထိုင်ပြီး တိတ်တဆိတ်
ရင်မှ ပြောနေသည်ကို သူကြားမည်မဟုတ်။ ကြား
၍လဲမဖြစ်ပါ။ ရှင် ထုံလေးကို နာကျင်စေဖို့ ကြိုးစား
ပါ အရင်လိုပဲ နေသားတကျ အချစ်ကင်းကင်း
သံယောဇဥ်ကင်းကင်းရှိနေချင်တယ်။ ဘာအနှောင်
အဖွဲ့မှ မလိုချင်ပဲ အချိန်တန်ရင် ကိုယ့်လမ်းကို
လျှောက်ကြရန်ပဲ ရွေးခြယ်ကြတာကောင်းမယ်
အဓိပတိ။ အိမ်ထောင်ဖက်ဆိုတာ စိတ်တူကိုယ်တူ
စရိုက်တူမှ အိမ်ထောင်ဖက် ဖြစ်ထိုက်တာပါ။ ရှင်
နဲ့ ကျွန်မကတော့ ဘယ်တော့မှ မဖြစ်သင့်တဲ့ ဆန့်
ကျင်ဘက်တွေသာ ဖြစ်နေကြတဲ့ ဦးတည်ရာမဲ့သူ
တွေလို့ ကျွန်မထင်တယ်။
အနာဂါတ်ဆိုတဲ့ တစ်ချိန်မှာ ကျွန်မတို့က ဘဝ
ကိုယ်စီနဲ့ အချိန်တန်လမ်းခွဲရမဲ့ သူတွေဖြစ်နေခဲ့တဲ့
အတွက်...
'' မြသင်းထုံ ..ငါ့ကိုဖက်ထားပေးပါလား''
'' ဟင်''
အိပ်ပျော်နေတဲ့ သူ့ထံမှရုတ်တရက်ထွက်လာတဲ့
အသံကြောင့် ထုံလေးမျက်ဝန်းများပြူးကျယ်ကာ
သူ့ကို အလန့်တကြားပြူးကြည့်နေသည်။ သူမအိပ်
ပဲ နိုးနေတာလား ဒါမှမဟုတ် အိမ်မက်ယောင်နေ
တာများလား။
'' ငါမင်းကို လိုအပ်တယ် ငါမင်းကိုချစ်ချစ်မချစ်ချစ်
မင်းငါ့ကိုချစ်ရမယ် ၊ ငါမင်းကိုဂရုစိုက်စိုက်မစိုက်
စိုက် မင်းငါ့ကိုဂရုစိုက်ရမယ် ငါ့အတွက်မင်းက
ဘာပဲဖြစ်ဖြစ် မင်းအတွက်ငါဆိုတာ တစ်ယောက်ထဲ
ရှိရမယ်...''
အေးဆေးတည်ငြိမ်နေတဲ့ သူ့စကားတွေက လွန်ခဲ့
တဲ့ နှစ်နာရီခန့်က သောင်းကျန်းထားသူနှင့်ဆန့်ကျင်
ဘက် နူးညံ့နေ၏။ မျက်ဝန်းတွေမှေးမှိတ်ထားတဲ့
သူ့ကို နှုတ်ခမ်းလေးခပ်ရွဲ့ရွဲ့ကြည့်ရင်း..
ရှင်ဟာ အတ္တကြီးတယ်ဆိုတဲ့ စကားလုံးထက် တစ်
ကိုယ်ကောင်းဆန်တဲ့ သူလို့ပြောလျှင် ပိုလိုက်ဖက်မှာ
ပါပဲ။
''ရှင်က ခုချိန်ထိ တစ်ကိုယ်ကောင်းဆန်နေဆဲပါလား
အဓိပတိရယ်''
'' ငါတစ်ကိုယ်ကောင်းဆန်တာ ငါသိတယ်
ဒါပေမယ့် ငါ့အနားမင်းရှိနေဖို့ ငါလိုအပ်တယ်
ငါမချစ်ခဲ့ဖူး ဆိုရင်လဲ မင်းရှိနေရမယ် မင်းကိုလိုအပ်
တာ ချစ်နေဖို့လဲ မဟုတ်သလို အရင်လိုမုန်းသွားဖို့
လဲ မဟုတ်ဘူး ဒါငါ့ရဲ့နောက်ဆုံးမာနတွေကို လျော့
ချပြီး ပြောလိုက်တဲ့ နောက်ဆုံးစကားပဲ''
'' . . . . .''
'' ငါ့ကိုဖက်ထားပေးပါဦး ခုငါမင်းက်ု အရမ်းလို
အပ်တယ် မင်းငါ့အနားမှာမရှိတော့မှာကို ငါအရမ်း
ကြောက်နေတယ် မြသင်းထုံ ငါ့နားကနေ မင်းဘယ်
မှ ထွက်မသွားရဘူးနော် မင်းကိုလဲထွက်သွားခွင့်
ငါဘယ်တော့မှ မပေးတော့ဘူး ''
တကယ်တော့ ကျွန်မက ရှင့်အတွက် အစမ်းသပ်ခံ
လူသားတစ်ဦးပါ အဓိပတိရယ်။
ထုံလေးကို လက်လှမ်းပြီး အိပ်ယာထဲမှ မျက်ဝန်း
တွေ စုံမှိတ်ထားတဲ့ မချစ်တတ်သောခင်ပွန်းထံမှ
ဒီစကားဒီအမူအယာတွေက သူ..အဓိပတိမှ ဟုတ်ပါ
ရဲ့လားဟု ထုံလေးသံသယပါ ဝင်ရမလိုလို၊ သူ့ကိုပဲ
ပွေ့ဖက်ပြီး ဖြစ်ပျက်ခဲ့သမျှ အရာရာကို မေ့ဖျောက်
ကာ နှစ်သိမ့်ပေးရမလိုလိုပါပဲ။ ထုံလေးစိတ်ကပဲ
ပျော့ညံ့တာလား လူတစ်ယောက်ကိုပဲ ကြာကြာမ
မုန်းတတ်၍လားမသိတော့ပဲ သူ့ကိုပွေ့ဖက်ပေးထား
သည်။
မူး၍ပဲပြောပြော ရူး၍ပဲပြောပြော ထိုညတစ်ညလုံး
ခရီးပမ်းလာ၍လား ထူးထူးဆန်းဆန်းနူးညံ့နွေး
ထွေးနေတဲ့ သူ့ရင်ခွင်ကြောင့်လားမသိ နှလုံးသား
တစ်ခုလုံး ငြိမ်ချမ်းစွာ နှစ်ခြိုက်စွာ သူနှင့်အတူ အိပ်
ပျော်ခဲ့သည်။ စိမ်းသက်နေတဲ့ အနမ်းတွေသည်
ယနေ့၌ အဓိပ္ပာယ်မဲ့ နူးညံ့နေ၏။ သူအိပ်ပျော်သွား
သည့် အချိန်မှာတော့ လက်ချောင်းသွယ်သွယ်လေး
တွေနှင့် ပွေ့ဖက်ပြီး အရင်းနှီးရဆုံး သူစိမ်း၏ ရင်ခွင်
ကို နမ်းရှိုက်ခဲ့သည်။
ထိုရင်ခွင်သည်..လုံခြုံ၏။
ထိုရင်ခွင်သည်..နွေးထွေး၏။
ထိုရင်ခွင်၌ ..တစ်သက်လုံး စိတ်ချမ်းသာစွာ ခိုလုံ
ချင်၏။
°°°°°°°°
'' မင်းငါ့အခန်းထဲ ဘယ်လိုရောက်နေတာလဲ''
'' ဟင်..''
သူ အိပ်ယာနိုးနေတာ ကြာပါပြီ။
ရင်ခွင်ထဲ ကွေးကွေးလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်
ပျော်နေတဲ့ မြသင်းထုံရဲ့ နုနယ်လှပနေတဲ့မျက်နှာ
လေးကို ခိုးငေးကြည့်နေတာပါ။ အချိန်တွေဘယ်မျှ
ကြာမှန်းမသိတဲ့ထိ ငေးကြည့်ချင်လောက်အောင်
သူမ၏ အလှကသူ့အားညှို့ငင်ဆွဲဆောင်နေသည်။
တဖြေးဖြေးလွန့်လူးလာမှ သူမျက်နှာကို တည်လိုက်
ကာ မြသင်းထုံကို အသံမာမာနှင့် မေးတာရင်ထဲက
ဆန္ဒမဟုတ်။ သို့သော် .. သူ မြသင်းထုံအား နာကျင်
စေရန် ဝေသနာပေးရမည်။
'' ငါ့ရင်ခွင်ကို မင်းအိပ်ယာများထင်နေလား ထတော့
မင်းခေါင်းအုံးထားလို့ လက်မောင်းတွေလဲ ကျင်ထုံ
နေပြီ''
တကယ်တော့ ဒီခန္ဓာကိုယ်သေးသေးလေးက သူ့
အတွက်မပြောပလောက်ပါ။ တမင်ပြောတာ အနိုင်နဲ့
ပိုင်းချင်တာ ။
'' အင်း.. ဘယ်ချိန်ရှိပြီလဲ ကျွန်မအိပ်ချင်သေးတယ်''
'' ဟာ ဟေ့ မအိပ်နဲ့တော့ ထတော့ ဘယ်ချိန်ရှိရှိ ငါ
ဗိုက်ဆာတယ် မနက်စာထပြင်တော့..''
ကွေးကွေးလေး အိပ်ချင်မူးတူးဖြစ်နေတဲ့ သူမပုံစံ
လေးက မျက်ဝန်းလေးတွေပင် အနိုင်နိုင်အားယူ
ဖွင့်နေရှာသည်။ သူတမင်ညစ်ပတ်တာ မြသင်းထုံ
မသိ။ နံနက်လေးနာရီကျော် အချိန်က မိုးပင်မလင်း
သေးချေ။
'' ကိုယ်ဘာသာ ထလုပ်ပါလား အဓိပတိရယ်
ကျွန်မ ခရီးပမ်းလာတာ အရမ်းပင်ပန်းတယ် အရမ်း
လဲ အိပ်ချင်နေတယ် ကျေးဇူးပြု၍ ကျွန်မခဏလေး
ပြန်အိပ်ပါရစေ''
'' မရဘူး ငါဗိုက်ဆာနေတယ်လို့ ထ''
'' ကျွတ် .. ရှင်ဘယ်လိုဖြစ်နေတာလဲ အဓိပတိ''
စောစောက စချင်ရုံသက်သက်ပဲခိုင်းတာ၊ ခုက
တမင်အမြင်ကပ်၍ အလျော့မပေးပဲ ခိုင်းချင်တာ။
ဒီလောက်စိတ်ဆိုး ရန်ဖြစ်ထားကြတာကို သူ့ကို
အဓိအတိခေါ်နေတဲ့ သူမ ။ သူ့ကိုဘယ်လိုခေါ်ပါဟု
မပြောပေမဟ့် ထိုထက်နူးညံ့ညင်သာတဲ့ လေသံ
နှင့် ပြောင်းခေါ်စေချင်သည်။ နှုတ်မှလဲပြောမ
ထွက် ထိုမိန်းမသည်လည်း အလိုက်အကမ်းမသိ
ခက်လှပေသည်။
ဆံပင်ရှည်တွေ မျက်နှာလေးပေါ် ဖရိုဖရဲကျပြီး
လှချင်တိုင်းလှနေတဲ့ သဘာဝအလှတရားက သူ့ရင်
ကိုလှုပ်ခတ်စေသည်။ ကြည့်ရင်းနှင့်ပင် စိတ်ယား
စရာလေး။ သူနှုတ်ခမ်းကိုက်ကာ စိတ်ရှိတိုင်းဖက်
နမ်းချင်နေတဲ့ စိတ်အားချုပ်ထိန်းထားရသည်။
'' ရှင်ဘာ ဒုက္ခပေးချင်နေတာလဲ သူများအိပ်နေတာ
ကို တော်တော်အကျင့်မကောင်းတဲ့လူပဲ''
'' မင်းကောင်ထက်တော့ သာတယ်မလား''
မလိုတမာအသံကြီးက ဘာကိုပြောပြီး ဘယ်လို
အဓိပ္ပာယ်မှန်းမသိ။ ထုံလေး မျက်ဝန်းတွေအား
ပွတ်သပ်ရင်း အိပ်ချင်စိတ်မပြယ်သေးတော့ စိတ်တို
လာသည်။ ထို့ကြောင့် အရွဲ့တိုက်ခြင်းက မီးစမွှေး
ပေးလိုက်သလိုဖြစ်သွားစေသည်။
'' ယှဥ်လို့ကို မရတာ .. သူကရှင့်လိုအကြောင်းမဲ့
ကျွန်မကို ရန်မရှာဘူး ရှင့်လိုအကြောင်းမဲ့ တမင်ညစ်
ပြီး မခိုင်းတတ်ဘူး ''
'' အရမ်းကို မင်းအပေါ်သိပ်ကောင်းတဲ့ လူဆိုပါ
တော့...''
'' သိရင်ပြီးရော..အ့''
ပြောလက်စ တစ်ဝက်တစ်ပျက်နှင့် ငုတ်တုပ်လေး
အိပ်ချင်းမူးတူးနှင့် ရန်တွေ့နေတဲ့ ထုံလေးကို သူ
အိပ်ယာထက် မညှာမတာတွန်းလှဲပြီး ဝုန်းကနဲ
အပေါ်မှ စီးမိုးလာသည့် သူ။ မျက်ဝန်းတွေ အိပ်ချင်
နေတာပါ ပျောက်ပြီး စူးရဲစွာ သူ့ကိုပြူးကြည့်ရင်း
သူ့ရင်ဘတ်အား လက်ပလေးနှင့်တွန်းထားသည်။
'' ရှင်ဘာလုပ်တာလဲ မနက်စာစားမှာဆို ဖယ်
ကျွန်မသွားလုပ်ပေးမယ်''
'' စားတော့စားမယ် ဒါပေမဲ့ အစီအစဥ်ပြောင်း
လိုက်ပြီ..''
'' ဘာ ..ဘာလဲ ဖယ် ရှင်စားချင်တာ ပြောကျွန်မ
သွားလုပ်ပေးမယ်''
စတော်ဘယ်ရီသီးသဖွယ်မျက်နှာလေးတစ်ပြင်လုံးနီ
ရဲလျှက် သူ့အားထပ်မစွာရဲပဲ အကြောက်အကန်
လက်ကလေးနှင့် ရင်ဘတ်အားတွန်းထားသည်။
ယခုမှ မုဆိုးကျော့ကွင်းထဲ မိထားသည့် ယုန်သူငယ်
လေးသဖွယ် ငြိမ်ကုတ်နေလေသည်။ သူနှုတ်ခမ်း
တွေ တွန့်ကွေးပြုံးလိုက်ပြီး ဂဏာမငြိမ်ရွေ့လျား
နေတဲ့ သုမမျက်ဝန်းလေးတွေကို ဖျက်ကနဲနှုတ်
ခမ်းထူထူတွေနှင့် ငုံ့နမ်းသည်။
ရင်ထဲ မြည်းတစ်ကောင်လို ခုန်ပေါက်နေတဲ့ ရင်ခုန်
သံက ဝုန်းဒိုင်းကျဲလာ၍ ရှက်ရှက်နှင့် ရမ်းပြီး
ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ။ ရီဝေဝေစူးစိုက်
ကြည့်နေတဲ့ သူ့မျက်ဝန်းတွေကိုလဲ ရင်မဆိုင်ရဲစွာ
ဖယ်ရှောင်ရင်း..ရှက်ရမ်းရမ်းပြီး ဘာတွေပြောမိ
မှန်းမသိ။
'' ပလီပလာတွေ လာမလုပ်နဲ့ ကျွန်မမကြိုက်ဘူး
အဓိပတိရယ်''
'' ဒီနေရာမှာ ငါမဟုတ်တဲ့ ဟိုကောင်တာဆို မင်း
ဒါကို ပလီပလာလုပ်တယ်ပြောဦးမှာလား မင်းသွား
သုံးဆယ့်နှစ်ချောင်းလုံးဖြီးနေမှာမလား အပျော်လွန်ပြီးလေ ဟုတ်တယ်မလား မင်းပြောစမ်း''
'' မဟုတ်တာတွေ လာယှဥ်ပြောမနေနဲ့
ကလေးကလားစကားတွေ စိတ်ပျက်ဖို့ကောင်း
တယ် ''
'' ငါက အဲ့လောက်စိတ်ပျက်စရာ ကောင်းနေတာလား''
ထုံလေး စိတ်ပျက်စွာနှင့်ပဲ မျက်မှောင်ကြုံ့လေး
နှင့်သာ သူ့ကို မော့ကြည့်နေသည်။ ဟုတ်တယ်ဟု
ရွဲ့ပြောလျှင်လဲ လွယ်မည်မဟုတ်တာ သိသည်လေ။
ထို့ကြောင့် ငြိမ်နေပြန်တော့လဲ အပြစ်ကမလွတ်။
'' ပြောလေ ''
'' ဘာတွေလာအော်နေတာလဲ စောစောစီးစီး
ရှင်မနက်စာ စားမှာမလား ဖယ် ကျွန်မလုပ်ပေးမယ်''
'' မစားဘူး''
'' မစားချင်လဲ နေဟာ''
သူ့ရင်ဘတ်ကို ဆောင့်တွန်းပြီး ဘေးတစောင်းလှဲ
အိပ်ရန်ပြင်နေသည့် သူမအရွဲ့တိုက်မှု့က သူ့ကို
အသည်းတယားယားနှင့် စိတ်တိုစေသည်။ ထို့
ကြောင့် ပုခုံးလေးမှ ဆောင့်ဆွဲပြီးအတင်း ဆံပင်
တွေကြားတိုးဝင် နမ်းရှိုက်ပြစ်တော့ အထိတ်တလန့်
မျက်ဝန်းတွေက အကြောက်အကန်ငြင်းနေလေသည်။ သူကလဲ သိသိကြီးနှင့် ဇွတ်အတင်း ပါးပြင်မှ
တစ်ဆင်း နားသယ်စပ်တွေကြား နှာခေါင်းချွန်ချွန်
တွေနှင့် တိုးဝှေ့နမ်းရှိုက်ကာ ဘာရန်ငြိုးမှ မပါပဲ
အနမ်းတွေက နောက်မဆုတ်နိုင်တော့။
'' ရူးနေလား ဖယ်စမ်း အဓိပတိ ''
'' မင်းကြောင့်ရူးနေတာ ''
'' အဲ့လို တဇွတ်ထိုးဆန်တာ ကျွန်မမကြိုက်ဘူးနော်''
'' မင်းမကြိုက်တာကိုပဲ တမင်ရွေးလုပ်တာ..''
'' အဓိပတိ လူယုတ်မာ''
လှောင်ပြောင်နေတဲ့ ရယ်သံတွေကြား ရုန်းကန်ငြင်း
ဆန်နေရင်းမှ ကြမ်းတမ်းရိုင်းစိုင်းတဲ့ သူ့ရင်ခွင်ကြား
ထဲ နစ်မြှုပ်ခဲ့ရသည်။ မရင်းနှီးသေးတဲ့ သူ့အနမ်း
တွေကို ထုံလေးခမျာအသားမကျသေးပဲ မျက်
ရည်တွေနှင့် အရှုံးပေးရပြန်သည်။ ထုံလေးအပေါ်
ဆို ဘယ်တော့မှ အလျော့မပေး မနူးညံ့တတ်တဲ့ သူ့
ကျွန်မရှင့်ကို မုန်းတာ အဲ့လိုတဇွတ်ထိုး လုပ်ရပ်တွေ
ကြောင့်ပဲ... လူကြမ်းရဲ့...
°°°°°°°°°
Creator - ငွေသုန္ဒရီ->18