🌊ညှို့တတ်သောပင်လယ်🌊
'' ရှင်.. ရှင် ဘယ်လိုပုံစံဖြစ်နေတာလဲ''
'' ဘာဖြစ်နေလို့လဲ''
အခန်းထဲ ဝင်လိုက်သည်နှင့် ရေချိုးတဘက်ကိုသာ
အောက်ပိုင်းပတ်ထားသည့်သူ ဘွားကနဲပေါ်လာ
သည်။ ထုံလေး သူ့ကိုထမင်းစားရန် လာခေါ်မိတာပဲ
နောင်တရကာ မျက်နှာအား တဖက်သို့အလျှင်အမြန်
လွှဲရသည်။ ကိုယ့်ပုံစံကိုယ်မကြည့်ပါပဲ မေးခွန်းက
ပြန်ထုတ်နေသေးတာ ပိတ်ထုပြစ်ချင်စရာ။
'' ရှင့်အိမ်ထင်နေလား ဒီမှာ လူကြီးတွေရှိတာ
နည်းနည်းပါးပါး ဆင်ခြင်နေမှပေါ့''
'' ဘာဖြစ်နေလို့လဲ အိမ်မှာလဲ ဒီပုံစံပဲနေနေတာပဲ
အရမ်းပူတယ် ရေချိုးချင်လို့ ရေချိုးခန်းက ဘယ်
မှာလဲ''
'' ရှင်ပုဆိုးဖြစ်ဖြစ် အရင်ဝတ်၊ ပြီးရင်အနောက်
ဘက် တံခါးကနေဆင်းသွား နှင်းဆီပန်းရုံရဲ့
အနောက်မှာ ရေချိုးခန်းနဲ့တွိုင်းလက်တွဲရက်ပဲ
ရှင်ရေချိုးပြီးတာနဲ့ ထမင်းစားမယ် မြန်မြန်ချိုး''
'' ယောကျ်ားရေချိုးရင် မိန်းမက ရေချိုးခန်းရှေ့မှာ
စောင့်ပေးရမှာ မသိဘူးလား''
''ရူးနေလား စိတ်ကူးယဥ်မနေနဲ့''
ရှက်ကိုးရှက်ကန်းနှင့် သူ့ကိုလှည့်မကြည့်တမ်း
ပြောနေတဲ့ မြသင်းထုံအမူအယာလေးကို သူအသဲ
ယားလာသည်။ ရှက်နေလိုက်တာ သူ့ယောကျ်ား
မဟုတ်သည့်အတိုင်းပဲ။ သူတမင်စချင်လာ၍ ထွက်
သွားရန်ပြင်နေတဲ့ သူမရှေ့ ပိတ်ရပ်ပြစ်သည်။
အရှက်လွန်ကာ နီရဲနေတဲ့ မျက်နှာလေးက မကျေ
မနပ်မော့ကြည့်လာတာ သူထင်သည့်အတိုင်း။
'' ဘာလုပ်တာလဲ ကျွန်မရန်မဖြစ်ချင်ဘူး ရှေ့က
ဖယ် ကလေးကလား အမူအယာတွေလာမလုပ်နဲ့
ပွတ်သီးပွတ်သပ်နဲ့ ကြောင်ကျနေတာပဲ''
သူ စချင်နေတဲ့ စိတ်ပါ မြသင်းထုံစကားကြောင့်
ဟွန့်ခနဲ မဲ့သွားရသည်။ ဒီမိန်းမ အသည်းနှလုံးမှရှိရဲ့
လား မသိဘူး ရိုလို့ကိုမရဘူး ဘယ်လိုမိန်းမပါလိမ့်။
ရန်ဖြစ်ဖို့ပဲ အမြဲတွေးနေတာလားပဲ..။ ငြိမ်းချမ်းရေး
ယူရန် စဥ်းစားနေတဲ့ သူကပဲတစ်ဖက်သတ်ဆန်နေ
ခဲ့တာလား။
စိတ်ယား၍ တမင်ညစ်ချင်လာသည်။ အရပ်ပုပု
လေးနှင့် သူမမျက်နှာနားထိ သူ့မျက်နှာပါ ထိကပ်
လုနီးနီး ငုံ့ကြည့်တော့ စူပုတ်ပုတ်နှင့် သိသိသာသာ
ရှောင်ဖယ်တွန့်လိမ်နေသည်။ ဒီအမူအယာလေးကို
ပဲ သူပိုအသည်းယားတာ..
'' မဖယ်ဘူးဆိုရင် ဘာဖြစ်ချင်လဲ''
''ဘာဖြစ်ချင်လဲ ဟုတ်လား''
''အွန်း..''
'' အဲ့တာပဲ ရမယ်''
'' အ...တကယ်လုပ်တယ်''
သူ့ ဗိုက်ကို လက်သီးသေးသေးလေးနှင့် အလစ်
အငိုက်မှာ ထိုးထည့်လိုက်တာ အသက်ရှူရပါကြပ်
သွားသည်။ လျင်သလားမမေးနှင့် သူများကိုလုပ်
ချင်ရာလုပ်ပြီး ထွက်ပြေးသွားလိုက်တာ မြန်လိုက်
တာ။ သူဗိုက်ကိုနှိပ်ထားပြီး အံကြိတ်ကျိန်းမောင်းရ
သည်။
'' ညမှ မင်း.. ငါ့အကြောင်းသိစေရမယ်''
သူ့အပြုံးတွေက မြသင်းထုံသာ မြင်လျှင် မျက်
စောင်းရွယ်ပြီး လူယုတ်မာအပြုံးနှင့်ဟု ခပ်တည်
တည်လေး ပြောမှာသေချာပါသည်။
°°°°°°°°
'' သားကို ဖုန်းလေးဘာလေးကိုင်ဦးလို့ ပြောလိုက်
အုံး သူ့ဖုန်းဆက်တာလဲ စက်ပိတ်ထားတယ်ပဲပြော
နေတာ သူ့ဒယ်ဒီ အရေးကြီးကိစ္စနဲ့ ပြောစရာရှိတယ်
လို့ သေချာပြောပြလိုက်ပါဦး''
'' ဟုတ်ကဲ့ ကျွန်မ ပြောပြလိုက်ပါမယ် သူခုရေချိုး
နေလို့ပါ''
'' ကောင်းပြီ မြသင်းထုံ.. ကြီးမေသက်သာရဲ့လား''
'' ဟုတ် သက်သာနေပါပြီ ''
'' ဟုတ်ပြီ ဟုတ်ပြီ ဒါပဲလေနော်''
တစ်ဖက်မှ ဖုန်းချသည်ထိ ထုံလေးစောင့်ဆိုင်းနေမှ
သက်ပြင်းချလိုက်သည်။ မေးတစ်ခွန်းခေါ်တစ်ခွန်း
သာပြောနေကြတဲ့ ဆက်ဆံရေးက သိပ်တော့ မ
ထူးဆန်းချေ။
ထုံလေး တွေးမိတာ သူဘာလို့များ အိမ်ထိလိုက်လာ
ရတာလဲ။ အမြင်ကပ်ပါတယ်ဆို ထုံလေးမပြန် မ
ချင်း သူလဲပြန်မည့်ပုံမပေါ်။ ဘာတွေ ဘာရှုပ်ပြန်လဲ
မသိဘူး။ သူ့ကို အမှတ်ပေးမိတာ တစ်ခုက ကြီးမေ
ကို စကားအများကြီးမပြောပေမယ့် ကောင်းကောင်း
ဆက်ဆံသည်။ ကိုစိုင်းကိုလဲ ကျောင်းမှာရိုင်းရိုင်း
ပျပျမပြောဆိုပဲ အလိုက်သိစွာ နှုတ်ဆက်သည်။
မဆိုးပါဘူး သူအရင်လို စိတ်ရိုင်းတွေ မရှိတော့ဘူး
ပဲ။
'' ဟိတ်..ဘာတွေတွေးနေတာလဲ ငါ့အကြောင်းတွေး
ပြီး စိတ်ကူးယဥ်နေတာလား''
''အမေ့..''
အသားချင်းထိကာ ပွတ်ကပ်ပြီးလာခေါ်နေတဲ့
သူ့ကြောင့် ထုံလေးလန့်လဲလန့် ခြေလှမ်းလေးတွေ
လဲ အလျင်အမြန်ဆုပ်သွားရသည်။ ရေချိုးပြီးကာစ
ရှင်းသန့်နေတဲ့ သူ့မျက်နှာကိုမော့ကြည့်ပြီး စုတ်
သတ်ကာ မျက်စောင်းရွယ်မိသည်။ သူကတော့
မတည်မပြုံး မျက်နှာကြီးက ရယ်ချင်တာကိုအောင့်
ထားမှန်းသိသာနေသည်။
'' ဟုတ်တယ် တွေးတယ်စိတ်ပျက်ဖို့ကောင်းတဲ့
အကြောင်းတွေ''
''ဘာပဲ တွေးတွေးငါ့အကြောင်း တွေးနေရင်ရပြီ''
''အပိုတွေ ပြောမနေနဲ့ ရှင့်မာမီ ဖုန်းဆက်တယ်
အရေးကြီးကိစ္စပြောစရာရှိတယ်တဲ့ ဖုန်းဆက်ခဲ့ပါ
တဲ့ ''
''အွန်း''
သူ အလေးအနက်မထားဟန်နှင့် ခေါင်းသာငြိမ့်ပြီး
ထုံလေးလက်ကို ဆွဲကာ အိပ်ခန်းထဲဝင်လာသည်။
'' အကျီဝတ်စရာ ထုတ်ပေး''
'' ရှင့်လက်မပါဘူးလား''
'' ပါတယ်လေ မိန်းမယူထားတာ ယောကျ်ားတွေရဲ့
ဝေယျာဝစ္စလုပ်ပေးဖို့ပဲ ''
'' ရှင်တို့မိန်းမယူတာ အိမ်ဖော်ခေါ်ငှားတာ မဟုတ်
ဘူး သူများယောကျ်ားတွေများ သူတို့မိန်းမတွေကို
ချစ်လွန်းလို့ ဘာမှမခိုင်းရက်ကျဘူး ရှင့်အလှည့်ကျ
မှ အစရာခပ်သိမ်းအကုန်ခိုင်းနေတာ ..''
'' တခြားသူတွေက ချစ်လို့ယူတာ ငါကမင်းကိုမုန်း
လို့ယူတာ မတူဘူး အဲ့တော့တခြားမိန်းမတွေနဲ့ မ
ယှဥ်နဲ့ အိုကေ''
သူ့နှင့်ဆက်မငြင်းချင်စိတ်ပါ ကုန်ဆုံးသွားသည်။
ယောကျ်ားတစ်ယောက်ဖြစ်ပြီး ဘယ်တော့မှ
အလျော့ပေးမည်မရှိ။ သူ့အကျီတွေ့ရာ ထုတ်ပေး
ပြီး သူ့ကိုလှမ်းပေးတော့..
'' ဗိုက်ဆာနေပြီ ''
'' ရှင့်ကိုစောင့်နေတာပဲ ရေချိုးနေတာတစ်နာရီကြာ
တယ်''
'' အဲ့လောက်ကြာသွားလား''
''အဲ့ထက်ကြာတယ် အဝတ်အစားအမြန်လှဲ ထမင်းစားမယ် ''
''ဒါဆို မင်းငါနဲ့ပတ်သက်တာတွေ စက္ကန့်မိနစ်အကုန်
တွက်ဆနေပြီဆိုတော့...ဟာ ဟေ့ ခဏနေဦးလေ''
သူ့စကားမဆုံးလိုက်ပါပဲ စကားတွေ ပွစိပွစိပြောပြီး
ထွက်သွားသည့် သူမနောက် အကျီအမြန်လှဲပြီး
ပြုံးစိစိနှင့်ပြေးလိုက်ရသည်။
°°°°°°°°
သူ့အိမ်လို မပြည့်စုံတော့ အားနာမိပေမယ့် သူက
တော့ ထုံလေးအိမ်ကိုပင် ပိုသဘောကျနှစ်သက်နေ
ဖွယ်ရသည်။ နှစ်ဦးသား ပထမဆုံးအကြိမ် ထမင်း
လက်ဆုံ ရန်ဖြစ်ရင်းစားရင်းနှင့် ပြီးဆုံးသွားသည်။
ထမင်းစားပြီးတော့ ညနေစောင်းနေလေပြီ။
ခြံထဲ လှမ်းဆင်းလျှောက်ချင်တယ် ဆိုပြီးနားပူ
နားဆာလာလုပ်နေ၍ ပိတ်အော်စိတ်တိုရသေး
သည်။ ဒါလဲ မျက်နှာမာသည် .. ခြံထဲလိုက်မပို့မ
ချင်း အနောက်ကတကောက်ကောက်လိုက်ပြီး တ
တွတ်တွတ် ကလေးလိုပူဆာနေသည်။ မတတ်နိုင်
တဲ့ အဆုံးထုံလေးပဲ လက်လျော့ကာ ဆူဆူအောင့်
အောင့်နှင့် သူ့ဆန္ဒကို လိုက်လျောပေးရသည်။ ခြံ
ထဲမှာ ဒန်းလေးမရှိပေမယ့် ကျွန်းထိုင်ခုံလေးရှ်နေ၍
အဆင်ပြေနေသည်။ လမ်းလျှောက်ရတာ ညောင်း
လာတော့ နှစ်ဦးသား ဝင်ထိုင်ကြရင်း မကြာမီမိုးရွာ
တော့မည့် အရိပ်အခြေက ကောင်းကင်ပေါ်မှ
တိမ်လိပ်တွေက ပြသနေသည်။
မထိတထိ ထုံလေးလက်နားရောက်လာတဲ့ သူ့
လက်တွေကို ထုံလေးသိသိသာသာရှောင်ဖယ်ပြစ်
တော့ သူမျက်နှာလေးမဲ့သွားပေမယ့် ဘာမှတော့
မပြော။
'' မဆိုးဘူးပဲ မင်းအိမ်ခြံက အကျယ်ကြီးပဲ အပင်
တွေလဲ အစုံပဲ မင်းစိုက်ထားတာလား''
'' ကြီးမေနဲ့အတူ စိုက်ထားကြတာ''
'' မင်းကအပင်စိုက် ဝါသနာပါတယ်ဆိုပါတော့..''
''အင်း အဲ့လိုပဲဆိုပါတော့..''
ခြေထောက်ညောင်းလာ၍ ထုံလေးက နားချင်နေပြီ
သူကတော့ တစ်ခြံလုံးမှာ ရှိတဲ့ အပင်တွေကို ကြည့်
ပြီး စိတ်တိုင်းကျပျော်ရွှင်ကာ တက်ကြွပျော်ရွှင်နေ
ဆဲပဲ။
'' အိမ်ပေါ်တက်ကြစို့ ခဏနေမိုးရွာတော့မယ်ထင်
တယ် လမ်းလျှောက်ရတာလဲညောင်းလာပြီ''
'' ခဏလေးပါ မိုးမှမရွာသေးပဲ လေကောင်းလေ
သန့်လေး ခဏရှူပါရစေဦး''
''မှောင်လာပြီ ခြင်ကိုက်တယ်''
''ခြင် မကိုက်အောင်ဖက်ထားပေးမယ်''
'' ရှင်လေ စကားကို အကောင်းမပြောတတ်ဘူးလား''
'' မင်းကကော ငါ့ကိုနည်းနည်းလေးမှ အလိုလိုက်ဖို့
စိတ်ကူးမရှိဘူးလား''
'' အလိုလိုက်အလျော့ပေးရအောင် ရှင်နဲ့ကျွန်မက
ချစ်သူတွေ မဟုတ်ဘူး''
မြသင်းထုံ စကားကြောင့် သူ့ရင်ထဲတင်းကြပ်သွား
ရသည်။ ဟုတ်သည်...မြသင်းထုံ ပြောတာ သိပ်မှန်
သည်။ သူယခုမှ တွေးမိတယ် မကြည့်ချင်လောက်
တဲ့ထိ မုန်းခဲ့တဲ့ သူက ဘာကြောင့်များသိသိသာသာ
ပြောင်းလဲပြီး သူမအပေါ် နွေးနွေးဆက်ဆံနေရတာ
လဲ။ တကယ်ဆို အဲ့လိုရင်းနှီးကြမဲ့အတူ မုန်းဖို့ပဲ
တွေးပြီး သူမဒုက္ခရောက်ရမဲ့ လမ်းစတွေပဲ ဖန်းတီး
နေရမဲ့ သူက ခုတော့ ဆန့်ကျင်ဘက်။ သူဘာတွေ
ဖြစ်နေတာလဲ စိတ်တွေဘာကြောင့်များ ရုတ်တရက်
ပြောင်းလဲ သွားရတာလဲ။
ထိုအခါမှ ရုတ်တရက် မြသင်းထုံပုခုံးလေးကို
အကြမ်းပတမ်း ဆုပ်ကိုင်ပြီး မျက်ဝန်းချင်းဆုံတော့
ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ မျက်ဝန်းတောက်
တောက်လေးတွေက မကျေမနပ်သူ့ကို ကြည့်လာ
သည်။
'' မင်းမှန်မှန်ပြောစမ်း... မင်းနဲ့ငါက လင်မယား
တော်ထားတာ မှန်တယ်မင်းပြောသလိုပဲ ချစ်သူ
တွေ မဟုတ်ပဲ ဘာလို့မင်းပေါ်ရုတ်တရက် ငါ့ဆက်
ဆံ ပုံတွေပြောင်းလဲသွားရတာလဲ''
'' ရှင်ကိုယ်တိုင်မသိပဲ ကျွန်မက ဘယ်လိုသိမှာလဲ
လွှတ်ဦး ရှင့်လက် ကျွန်မပုခုံးတွေနာလာပြီ ''
သူ့ကို မကြိုက်တာ ဘယ်လိုပြောပြောမရ ထုံလေး
ကိုဆို ဘယ်တော့မှ ညင်ညင်သာသာမဆက်ဆံပေး
ဖူးဘူး။ သူလိုချင်တာရှိမှ မျက်နှာလုပ်တတ်တဲ့သူ
ထုံလေးအတွက်ဆို အမြဲသူ့စိတ်သူ့သဘောပဲ။ ဒီလို
တွေကြောင့် သူ့ကိုထုံလေး မကျေနပ်တာ။
နာကျင်၍ ရှုံ့မဲ့နေတဲ့ထုံလေးမျက်နှာထံ သူစိုက်
ကြည့်ပြီး မျက်ခုံးထူထူကြီးတွေက နားလည်ရခက်
စွာ တွန့်ချိုးသွားလျှက်..
'' မင်း ငါ့ကိုဆေးတွေနဲ့များ လုပ်ထားတာလား''
''ရူးနေလား ဘာဆေးနဲ့လုပ်ရမှာလဲ ရှင်လိုလူကို..''
'' မုန်းနေတာကို ပြန်ချစ်တဲ့ဆေးလေ ဒါပေမဲ့ ငါက
တော့ မင်းကို ငါဘယ်တော့မှချစ်မှာမဟုတ်ဘူး''
အမှန်ကို လက်မခံတတ်တာ မဟုတ်ပေမယ့်
သူမရှေ့ မာနတွေထားချင်မိတာတော့အမှန်။ ဒါငါ
တို့ နှစ်ယောက်ကြားက ရှိနေတဲ့ အမုန်းကြောင့်
ထားတဲ့ မာနပဲ။
'' ချစ်ဆေးတော့ မဖော်ဘူး ရှင့်လိုစိတ်ဓာတ် မ
ကောင်း တစ်ကိုယ်ကောင်းဆန်တဲ့ လူကို အရူး
ဆေးပဲ တိုက်သတ်ပြစ်မှာ ရှင်းလား..မြန်မြန်ရူးသွား
လေ ကောင်းလေပဲ ''
သူ့လက်တွေကို ရိုက်ချပြီး ထွက်သွားသည့်
မြသင်းထုံကျောပြင်လေးကို သူစိုက်ကြည့်ပြီး သူ့
ကိုယ်သူနားမလည်နိုင်တဲ့ အရာတွေကို ပြန်တွေးနေ
မိသည်။ သို့ပေမယ့် အဖြေကထွက်မလာပဲ ပို၍
ရှုပ်ထွေးသွားလျက်..လက်ချောင်းတွေနှင့် ဆံပင်
တွေထဲ ထိုးသွင်းလိုက်ပြီး ကောင်းကင်ကို စိတ်သက်
သာမှု့ ရလိုရငြား မော့ကြည်နေလိုက်သည်။
ဟုတ်တယ်... ငါ့အကိုအတွက် ငါမင်းကို မုန်းရမယ်။
မင်းကို ငါအရင်လိုပဲ မုန်းရမယ် မြသင်းထုံ။
အဓိပတိ ထိုညတစ်ညလုံး ခြံထဲ၌သာအချိန်ကုန်ဆုံး
သွားပြီး နံနက်လင်ူခါနီးမှ အိမ်ပေါ်တက်သည်။
သူ လာအိပ်မှာစိုး၍လားမသိ သူမုန်းလာမည့်အမျိုး
သမီးသည် သူ့ထက်ပို မုန်းတီးနေပုံရှိကာ ကြီးမေ
အနားကွေးကွေးလေး အိပ်နေရှာသည်။ သူသက်
ပြင်းကိုသာ ချလိုက်ပြီး သိပ်မရင်းနှီးတဲ့ သူမရဲ့
အိမ်ထဲ ယောင်ချာချာနှင့် ဒရင်းဘတ်ပေါ်၌သာ
အတွေးပေါင်းစုံနှင့် သူအိပ်ပျော်သွားသည်။
သူ...အိမ်မက်ထဲမှာ မြသင်းထုံကို စိမ်းစိမ်းကားကား
ကြီး မုန်းနေခဲ့သည်တဲ့။ ထိုအရာသည်သာ အပြင်မှာ
တကယ်ဖြစ်ခဲ့လျှင်..
°°°°°°°°
''ရုတ်တရက်ကြီး ကိုစိုင်းရယ် ပြောတော့ဒီရွာကနေ
ဘယ်မှ မပြောင်းပါဘူးဆို..''
'' ကျွန်တော်လဲ မပြောင်းချင်ပါဘူး ထုံလေးရယ်
ခုက မပြောင်းမဖြစ်တဲ့အခြေအနေမို့ လာနှုတ်ဆက်
တာပါ ဟိုဘက်ကျောင်းက မြို့တွေနဲ့အလှမ်းဝေး
တော့ဆရာ ဆရာမအရမ်းနည်းတယ်ပြောတယ်၊
ကျွန်တော်လဲ အပြောင်းအရွေ့တင်ထားတာလဲကျ
နေပြီးသားဆိုတော့ ပြောင်းလိုက်တာပါ၊ ထုံလေး
ဘယ်နေ့ပြန်မလဲမသိပေမယ့်ကျွန်တော်ကတော့
မနက်ဖြန်ပဲ ပြောင်းရတော့မှာဒါကြောင့်လာ
နှုတ်ဆက်တာပါ''
နံနက်ခင်း အာရုံဦးက သူ့ကိုစိတ်တိုစေသည်။
ဒါ ဟိုဆရာဆိုတဲ့ တစ်ယောက်နဲ့ မြသင်းထုံပဲ။
သူ အိပ်ယာနိုးနိုးချင်းကြားလိုက်ရသည့်စကားသံ
တွေကြောင့် အိပ်ယာထလျှင် မိန်းနေတတ်တဲ့သူ့
အကျင့်ပါ ပျောက်သွားလျှက် ဝုန်းကနဲအလျင်အ
မြန်ထသည်။
ပျာယာခတ်သွားတဲ့ သူ့ပုံစံကြောင့် ထမင်းချက်နေ
တဲ့ စံပယ်ပါ အလန့်တကြားသူ့အား ပြူးပြူးလေး
ထွက်ကြည့်လာသည်။ သူဂရုမစိုက်ပါပဲခြေလှမ်း
ကျဲကြီးနှင့် ဝုန်းဝုန်းဒိုင်းဒိုင်းထပြီး ခြံထဲမှ ဟိုနှစ်
ယောက်ကို ခါးထောက်ရပ်ကြည့်နေလိုက်သည်။
အလွမ်းသယ် မဝတဲ့ နှစ်ယောက်ကတော့ သူ့ကိုမ
မြင်သလို သတိလဲထားမိပုံမရ။ ပိုပြီးစိတ်တိုရတာ
သနပ်ခါး ပါးကွက်လေးနှင့် ကချင်ဝတ်စုံ မိတ်ကပ်
ရောင်လေးနှင့်အလှကြီးလှနေတဲ့ မြသင်းထုံကြောင့်
ဖြစ်သည်။ သူနှင့်ဆိုလျှင် ကပ်ကပ်လန်ရန်တွေ့
ကိုစိုင်းဆိုသည့် ကြောင်သူတော်ကြွက်သူခိုးကိုကျ
တော့ မော့ကြည့်နေတဲ့မျက်ဝန်းတွေက သူတစ်ခါ
မျှ သုမထံမှမရဖူးတဲ့အကြည့်တွေက နက်ရှိုင်းလွန်း
လှသည်။
မနာလို ဝန်တိုစိတ်က ဒေါသဖြစ်စေသည်။
အချစ်ဆိုတာ လုပ်ယူဖန်တီး၍ မရမှန်း သူမသိခဲ့
လေသလား ။ ဒါမှမဟုတ် အချစ်ဆိုတာ သူနှင့်
အလှမ်းဝေးနေခဲ့လေသလား ။
'' စောစောစီးစီး မိတ်ဆွေဟောင်းတွေ တွေ့နေကြ
တယ် ဆိုပါတော့..''
ခါးကြီးထောက်ပြီး မလိုတမာအသံကြီးနှင့် သူ့
အသံကြားမှ ထုံလေးသူရောက်လာမှန်း သိသည်။
ကိုစိုင်းကတော့ အိပ်ချင်မူးတူးနှင့် သူ့ပုံစံကို ပြုံးပြ
ကာ နှုတ်ဆက်လေသည်။
'' ဟုတ်ကဲ့ ကျွန်တော် ထုံလေးကို လာနှုတ်ဆက်တာ
ပါ၊ ကိုအဓိပတိ အိပ်နေတယ်ဆိုလို့ ထုံလေးနဲ့စကား
ခဏပြောနေကြတာပါ ''
'' ခင်ဗျား ရှင်းပြနေရအောင် ကျုပ်ကဘာမေးနေလို့
လဲ ဘာလဲစိတ်မလုံနေတာလား ''
'' ဗျာ..''
အငေါ်အတူး သူ့စကားတွေကို ကိုစိုင်းက နားမလည်
ပေမယ့် သု့အကြောင်းသိလွန်းတဲ့ ထုံလေးမှာတော့
ကိုစိုင်းကို အားနာရသည်။ ဘာကိုမှဂရုမစိုက်သည့်
သူ့မျက်နှာအနေအထားကလဲ ဒီထက်ပိုဆိုးမဲ့ အခြေ
အနေကိုသာ ဖန်တီးတော့မည်မှန်းသိနေ၍ ထုံလေး
သက်ပြင်းချရင်း...ပြသနာကိုမြန်မြန်ရှင်းရတော့
မည်။
'' ကိုစိုင်းပြန်တော့မယ်ဆို ထုံလေးသူ့အတွက် မနက်
စာ ပြင်ပေးရဦးမှာမို့ အိမ်ပေါ်တက်တော့မယ်''
သူ့လက်မောင်းကို စိတ်မပါပဲ လက်တွဲချိတ်လိုက်
ပြီး မနှင်ချင်ပဲ မျက်နှာပူပူနှင့်နှင်ရသည်။ ဒီလုပ်ရပ်
က ရိုင်းသည်ဆိုပေမယ့် သူ့ထံမှထွက်ကျလာမည့်
စကားတွေထက်တော့ ယဥ်ကျေးပါသည်။ မီးဆို
တာ မလှောင်ခင်တားရသည်တဲ့။
'' ဟုတ် ဟုတ်ကဲ့ ကျွန်တော်ပြန်လိုက်ပါဦးမယ်
ထုံလေး ကိုအဓိပတိကိုလဲ နှုတ်ဆက်ခဲ့ပါတယ်''
အားနာပါးနာနှင့်ပင် နှုတ်ဆက်ဖော်မရပဲ လူမှုရေး
မရှိတဲ့ သူ့လုပ်ရပ်က ထုံလေးအတွက်စိတ်ပျက်စေ
သည်။ ကိုစိုင်းရှေ့မှ ရုတ်ပျက်ဆင်းပျက်ဆွဲခေါ်
လာတာ ဒရွတ်ဆွဲမတတ်ပါပဲ။ တော်သေးတာက
ကိုစိုင်းရှေ့၌ သူမပေါက်ကွဲပဲ အိမ်ထဲရောက်မှ
ထုံလေးကို အော်ဟစ်သောင်းကျန်းလေတော့သည်။
'' အရမ်းကို သာယာနေကြတယ်ပေါ့ .. လင်တစ်
ယောက်လုံး ငုပ်တုတ်ရှိနေတာကို ပေါ်တင် အရင်
ရည်းစားနဲ့ ချိန်းတွေ့နေတာမင်းမရှက်ဘူးလား ..''
''ရှင့်ပါးစပ်ကို ပိတ်ထားလိုက်''
သူ့ထံမှ ထိုထက်ကြမ်းတမ်းတဲ့ စကားလုံးတွေ
ထွက်မလာခင် ထုံလေးပိတ်အော်ပြစ်သည်။ တစ်
ဖက်သတ်စွတ်စွဲနေတဲ့ သူ့စကားတွေကို ရှင်းပြရမှာ
လဲ စိတ်ပျက်သည်။ မရှင်းပြ၍လဲ သူစိတ်လျော့မည်
မဟုတ်မှန်းသိနေသည်လေ။ အရွဲ့တိုက်ချင်တဲ့ စိတ်
က သူ့ဒေါသကို ပိုဆွပေးလိုက်သလိုဖြစ်သွားလေ
သလားမသိ။
'' မကျေနပ်ရင် ကွာရှင်းလိုက် ရှင့်ကိုရှင်းပြနေလဲ
နားလည်မှာမဟုတ်ဘူး ကျွန်မလဲဆက်ပြီးသည်းမခံနိုင်တော့ဘူး''
'' ဘာ..ကွာရှင်းလိုက် ဟုတ်လား။
အားကိုရှိတော့ အရမ်းသတ္တိရှိနေတယ်ဆိုပါတော့
မင်းအကောင်ရဲ့ အသွားလမ်းကမလှပချင်ဘူး
ထင်ပါရဲ့..''
သူ့ချိန်းခြောက်တာမကြောက်ပေမယ့် ယုတ်မာ
တတ်တဲ့ သူ့အကျင့်ကို သိနေ၍ က်ုစိုင်းဒုက္ခရောက်
ရန် ချိန်းခြောက်လာတော့ တုန်လှုပ်သွားတဲ့ ထုံလေး
အမူါယာကို သူပိုပြီးစိတ်တိုသွားသည်။
'' မင်းအကောင်ကို ထိတော့ ကြောက်သွားတယ်
မလား''
'' ရှင်.. ကိုစိုင်းကို ဘာမှဒုက္ခပေးစရာအကြောင်း
မရှိဘူး ''
'' ဟား..ဟားဟား
ကိုစိုင်း..ကိုစိုင်းဟုတ်လား ငါ့ကိုကျ တရှင်ရှင်နဲ့
အဲ့ကောင်ကိုကျ ကိုစိုင်းဟုတ်လား''
'' အွန်း..''
ပါးစောင်နှစ်ဖက်အား သူ့လက်ကြီးနှင့် ဖိဆုပ်ညှစ်
လာတာ အညှာအတာကင်းမဲ့လျှက် အရိုးထဲထိပါ
နာကျင်သွားသည်။ အေးစက်နေတဲ့ သူ့မျက်နှာအ
နေအထားက ကြောက်စရာအလွန်ကောင်းနေသည်။
ထုံလေး ကိုယ့်အတွက် မပူပေမယ့် အပြစ်မရှိအပြစ်
ရှာခံရမဲ့ ကိုစိုင်းကို ထပ်ပြီးထိခိုက်မခံချင်တော့။
ကိုစိုင်း ထုံလေးအပေါ်အနစ်နာခံခဲ့ရတာ များပြီလေ။
'' သွား .. အထုတ်သွားပြင် ခုချက်ချင်းပြန်မယ်''
'' မပြန်ဘူး ''
'' မြသင်းထုံ ငါ့စကားကိုထပ်ညှင်းနေရင် ငါဘာ
ကောင်လဲ မင်းသိစေရမယ် ငါကားပေါ်မှာစောင့်နေ
မယ် အချိန် မိနစ်နှစ်ဆယ်ပေးမယ် မင်းဆင်းလာခဲ့''
'' ထုံလေး...ဘာတွေဖြစ်နေတာလဲ''
သူဆောင့်တွန်းလွှတ်လိုက်၍ စာကြည့်စာပွဲခုံ
ဇောင်းနှင့် ဗိုက်ပြေးဆောင့်တာ စူးကနဲ နာကျင်လှ
သည့် ဝေသနာကြောင့် မျက်နှာလေးရှုံ့မဲ့ကာ
ကြီးမေအမေးကို ရုတ်ျရက်ပြန်မဖြေနိုင်။သူကတော့
ထုံစံအတိုင်း သူ့ဒေါသကိုသာ ရှေ့တန်းတင်လျှက်
ဘာကို ဂရုမစိုက်ပါပဲ ကျောခိုင်းသွားလေပြီ။
'' ထုံလေး သမီးဘာဖြစ်ကြတာလဲလို့ ကြီးမေမေး
နေတယ်လေ''
'' ဘာ ဘာမှမဖြစ်ဘူးကြီးမေ၊ ထုံလေးဘာမှမဖြစ်ပါဘူး''
ကျလုနီးနီးမျက်ရည်တွေကို ကြီးမေမမြင်စေလို၍
မျက်တောင်ရှည်တွေနှင့်ပုတ်ခတ်မိသည်။ သူ့
နောက်လိုက်မပြန်လျှင် ကြီးမေရှေ့လဲ မရှောင်ပဲ
သူပြသနာရှာမှာသေချာနေလေသည်။သူ့အကြောင်း
သိနေ၍ မျက်ဝန်းတွေ မှိတ်ချလိုက်ပြီး...အရာရာ
သည် သူ့သဘောအတိုင်းခေါင်းငြိမ့် ရတော့မည်။
သူ့ကို ကြောက်၍မဟုတ်ပေ...ထုံလေးကြောင့်
ကြီးမေစိတ်ဆင်ူရဲရမှာ ကိုစိုင်းဒုက္ခရောက်ရမည်
ကို မကြည့်ရက်၍ပါပဲ။
ဒီဘဝ ဒီနေရာကြီးကို မထင်မှတ်ပဲ ရောက်လာခဲ့တဲ့
မိန်းမတစ်ယောက်ရဲ့ ပူဆွေးခြင်းက အပြစ်မဲ့သက်
သက် အကြောင့်မဲ့ ဝဠ်ကြွေးတစ်ခုပဲလား..
°°°°°°°°°
Creator-ငွေသုန္ဒရီ -> 17