book

Index 15

အခန်း ၁၅

🌊ညှို့တတ်သော ပင်လယ်🌊


'' ကြီးမေကို ရိုရိုသေသေနှုတ်ဆက် ပြီးမှရှင်ပြော

ချင်တာပြော ကြီးမေကိုတော့ စိတ်ဆင်းရဲအောင်

မလုပ်ဖို့ ကျွန်မတောင်းဆိုတယ် ''


'' မင်းပြောစရာ မလိုဘူးငါသိတယ် ရောက်ထဲက

ငါ နှုတ်ဆက်ပြီးသား ''


'' နှုတ်ဆက်ပြီးရင် ရပြီ အသံဗြဲကြီးနဲ့ အော်မနေနဲ့

ဒါရှင့်အိမ် မဟုတ်ဘူး ဆင်ဆင်ခြင်ခြင်ပြော''


'' အော်အောင် မင်းလုပ်နေတာလေ''


ကလေးတွေလို ရန်ဖြစ်နေကြတဲ့ အဓိပတိနဲ့ထုံလေး

ရဲ့ ရန်ပွဲကို နားထောင်ပြီး ဝင်လဲမဖျန်ပဲ ကြီးမေ

အခန်းထဲမှသာ ခေါင်းခါရမ်းကာ ပြုံးနေလိုက်

သည်။ 


'' စံပယ်''


'' ရှင် ကိုလေး''


'' ငါ့ကားပေါ်က ပစ္စည်းတွေ ဦးပုတုနဲ့အတူ သွားချ

ထားဦး''


'' ဟုတ်ကဲ့ ကိုလေး''


ထုံလေး သူနှင့်ဆက် စကားမပြောချင်၍ ကြီးမေကို

ပင် ဝင်နှုတ်မဆက်တော့ပဲအိပ်ခန်း

ထဲ ဝင်လာတော့ သူပါ လိုက်ဝင်လာသည်။ ဦးထုတ်

အနက်ရောင်လေးကို အိပ်ယာပေါ်  ဆောင့်ဆောင့်

အောင့်အောင့်ပြစ်ချလိုက်တဲ့ သူ။ မသိလျှင် သူ့အိပ်ယာ ကျလို့။သူ့ဒေါသကို 

တမင်မသိချင်ယောင်ဆောင်နေပြီး အိပ်ခန်းထဲမှ

ပြန်ထွက်မယ် ပြင်ပြီးမှ လူတစ်ကိုယ်လုံး ကြမ်းကြမ်းတမ်းတမ်းဆွဲဖက်ခြင်းခံလိုက်ရသည်။ 


'' ဘယ်လိုဖြစ်နေတာလဲ လွှတ်  ''


'' မလွှတ်တော့ ဘာဖြစ်လဲ ရုန်းလေ မင်းရုန်းလေ

ငါ မလွှတ်ပေးလေပဲ စိတ်တိုနေတာ လာမဆွနဲ့..''


တမင် အရွဲ့တိုက်တတ်တဲ့ မျက်နှာက မုန်းစရာ

ကောင်းနေသည်။ အိပ်ယာထဲနှစ်ဦးသား လုံးထွေး

ပြီး ထုံလေးရုန်းလေ သူဇွတ်ဖက်လေပင်။ အသံလဲ

ကျယ်ကျယ်မထွက်ရဲ ရန်ဖြစ်နေတာ ကြီးမေကြား

ပြီး စိတ်မကောင်းဖြစ်မှာ စိုးရိမ်၍ပါ။ ဒါကိုသူက

အခွင့်ကောင်းယူကာ ဇွတ်ဖက်လေကာ တွန့်လိမ်

ရုန်းဖယ်နေတဲ့ ထုံလေးပါးပြင်ကို လိုက်နမ်းသည်။


'' ဘယ်လိုဖြစ်နေတာလဲ အဓိပတိ အရှက်ကိုမရှိ

ဘူး လွှတ် ကျွန်မ မကြိုက်ဘူး ကောင်းကောင်းပြော

ရင် လွှတ်လိုက်တော့''


'' ငါ နမ်းတာဖက်တာတော့ မကြိုက်ဘူး ဟိုကောင်

နဲ့တော့ အကြည်စိုက်ပြီး သာယာနေတာ ဟုတ်လား

ငါက မင်းယောကျ်ားဆိုတာ သိသေးရဲ့လား သတိ

ကောရသေးလား''


'' မသိပဲ လျှောက်မပြောနဲ့ ရိုးရိုးသားသားတွေ့တာ

ဘာမှအကြည်မစိုက်ဘူး လာမစွတ်စွဲနဲ့ ''


'' ငါ့မှာတော့ နေမကောင်းတဲ့ ကြားကလိုက်လာရ

တာ မင်းကတော့အဆက်ဟောင်းနဲ့ သာယာပြီး 

အိမ်ကိုပြန်မလာချင်ဘူး ဟုတ်လား သတိထားနေ

မင်းကောင်ကို တစ်ခုခုမဖြစ်စေချင်ရင် ငါမပေါက်

ကွဲချင်သေးဘူး နေမကောင်းဖြစ်နေလို့ အိမ်ရောက်

မှ မင်းနဲ့ငါတွေ့မယ် ''


'' ခုလဲတွေ့နေတာပဲ ကျွတ်.. လွှတ်ဦးလို့''


ထုံလေး ပွစိပွစိနှင့် တစ်ခွန်းမကျန်ပြန်ပြောနေတာ

ကို သူအသည်းယားနေသည်။ သူ့ကိုကျ တစ်ခွန်း

မကျန် အမြဲပြန်ပြောတယ်။ ဟိုတစ်ယောက်နဲ့ကြ

ပျော်လို့ရွှင်လို့ ဒါကို သူလုံးဝမကျေနပ်။


'' မလွှတ်တော့ ဘာဖြစ်ချင်လဲ''


သူ့ကို ထုံလေးမကြိုက်တာ အဲ့တာတွေပဲ။

လူကိုဖက်ရင် လူလိုညင်ညင်သာသာ မဖက်ဘူး

မြွေတစ်ကောင်လို ကျိုးကြေမတတ်ဖိညှစ်ပြီး အ

တင်းဖက်ထားတာပဲ။ နှာမွှန်ကြီးနဲ့ပြောနေ၍ နေမ

ကောင်းဖြစ်နေတာကို သနားပြီးဆေးတိုက်ပေး မ

လို့ကို စေသနာကို ထားလို့မရဘူး။ ရန်စကားပဲ စနေ

သည်။ ကိုယ့်အိမ်လိုက်လာတော့လဲ ကိုယ့်တာဝန်

ရှိနေ၍ သူဘုတောသမျှ ရန်ရှာသမျှ စိတ်လျော့

ဆက်ဆံရမည်။ မဟုတ်လျှင် ကြီးမေ စိတ်မကောင်း

ဖြစ်ရမှာလေ။


'' ရှင့်ကို ကိုယ်ပူစမ်းကြည့်ပေးမလို့ နေမကောင်းဘူးဆို''


ဒီလိုမှ အချိုမသတ်ရင် သူကလွှတ်တော့မည်မဟုတ်။


'' အွန်း စမ်းကြည့် ပူနေတာပဲ နေလို့မကောင်းဘူး''


ခုမှမျက်နှာငယ်လေးနှင့် လာလုပ်ပြနေတာ ခေါင်း

ကိုသာ ပိတ်ထုပြစ်ချင်စရာကောင်းသည်။ ထုံလေး

လက်ကိုဆွဲပြီး သူ့နှဗူးကို လက်တင်ကာ စမ်းခိုင်း

ကာ မျက်ဝန်းတွေက စောစောကလို ဘီလူးသရဲစီး

နေသလို မဟုတ်တော့ပဲ ကလေးတစ်ယောက်နေမ

ကောင်း၍ အပြုအစုခံချင်နေသည့် ပုံနှင့်။ မချစ်

သော်လည်း အောင့်ကာနမ်းဆိုသည့်အတ်ုင်း 

မျက်စောင်းအကြိမ်ကြိမ်ရွယ်ပြီး နည်းနည်းလေးပူ

နေတဲ့ ကိုယ်ကို ရေးကြီးခွင်ကျယ်လုပ်နေတာ သူ့

ခန္ဓာကိုယ်နှင့်ဗလကြီးတွေမှအားမနာ။ 


'' သိပ်လဲမပူပါဘူး ဆေးမသောက်ဘူးလား''


'' မသောက်ဘူး တိုက်မဲ့သူမှမရှိတာ''


'' ဆေးသောက်မှ ပျောက်မှာပေါ့ ကျွန်မဆီလိုက်

လာလို့ ဘယ်လိုပျောက်မှာလဲ အိပ်နေ ကြီးမေအခန်း

မှာ ဆေးသွားယူဦးမယ်''


 ထုံလေးအမြင်ကပ်ကပ်နှင့် ဇွတ်ဟောက်ပေးပြစ်

သည်။ သူကတော့ကလေးလို မျက်တောင်လေး

ပုတ်ခတ်ပြီးငြိမ်ပြီး လက်ခံသည်။ အမြင်ကပ်လိုက်

တာ။

သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး လာချွဲနေတာ။

ထုံလေး သူမမြင်အောင် ပြုံးပြီးအခန်းထဲမှ ထွက်

လာလိုက်သည်။


°°°°°°°°


'' ရော့ ..မြန်မြန် သောက်လိုက်''


သူ့လက်ထဲ ဆေးငါးလုံးလောက်ထည့်ပေးပြီး

သောက်ရန်ပြောနေသည်။ မျက်နှာက တည်နေပေ

မယ့် သူ့ကိုတမင်ရွဲ့တာ သိနေသည်လေ။ ဆေး

သောက်ကြောက်တဲ့ သူ့အတွက် ဘယ်လိုမြိုချရမ

လဲ အကြောက်အကန်တွေးအကြံထုတ်နေမိသည်။ 

သူ့အတွေးတွေကို သူမက သိနေသလိုပါပဲ...


'' သောက်လေ ဉာဏ်နီဉာဏ်နက်များမယ်မစဥ်းစားနဲ့ 

နေမကောင်းဘူးဆိုရင် သောက်ရမယ်''


'' သောက်မှာပါ ဒီလောက်ဆေးလေးများ အလုံး

တစ်ရာလဲ သောက်နိုင်တယ် ဆေးကဒီလောက်ကြီး

သောက်စရာလိုလို့လား တော်ရောပေါ့ တစ်လုံးဆို''


'' အကုန်သောက်မှ ပျောက်မှာလေ

လေကြီးလေကျယ်နဲ့  ဆေးကိုသရဲသဘက်လို ပြူး

ကြည့်မနေနဲ့ ခုသောက် ''


'' ဘာမှ စားမလာရသေးဘူး တစ်ခုခုစားဖို့အရင်

လုပ်ပေး စားပြီးမှသောက်မယ်''


'' ကြာဇံပြုတ်ပေးမယ် အဆင်ပြေလား''


'' မင်းလုပ်ပေးတာ ဘာမဆိုကြိုက်တယ်''


ရုပ်ကိုက... ထုံလေး ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ

တဲ့မျက်စောင်းရွယ်ပြီး မီးဖိုခန်းထဲ ထွက်လာတော့

စံပယ်နှင့်ဦးပုတု ထမင်းစားနေကြသည်။ 


'' မမလေး စံပယ်ဘာလုပ်ပေးရမလဲ''


'' ထမင်းအေးဆေးစားပါ ထုံလေးဘာသာလုပ်မယ်

နော် ''


'' ဟုတ်ကဲ့ မမလေး''


ထုံလေး အပြုံးလေးနှင့် နှုတ်ဆက်ပြီး သူ့အတွက် 

ကြာဇံပြုတ်ပေးရင်း တွေးနေမိသည်။ ထူးဆန်းနေ

တာသူ ထုံလေးကို အရင်လို မမုန်းတော့ဘူးလား။

အရင်ကဆို ထုံလေးဒုက္ခဖြစ်စရာပဲ ကြံစည်နေတဲ့

သူက ခုတော့ ပုံစံက တစ်မျိုး။ သူ့အိမ်မလိုက်မှာ

စိုးပြီး အချိုသပ်နေတာ များလား။ သူ့စိတ်ကခန့်

မှန်းရခက်ပါရဲ့။ 


'' ဟင်း..''


သက်ပြင်းရှည်ကြီးသာ ချပြီး သူ့အကြောင်းတွေ

တွေးနေမိသည်။ 


'' အယ် မမလေး ကြာဇံအိုး ရေလျှံကျနေပြီ''


'' ဟင်..''


စံပယ်ပြောလဲပြော ​ကြာဇံအိုးနားပြေးပြီး မီးပလပ်

ဆွဲဖြုတ်လိုက်မှ ထုံလေးသတိဝင်လာသည်။ 


'' မမလေး ဘာတွေ သက်ပြင်းချပြီး အတွေးလွန်

နေတာလဲ ကြာဇံအိုးက ကြက်နေပြီ''


'' အော် ဟို.. ဒီတိုင်းပဲ အတွေးလွန်နေလို့''


'' စံပယ် ပန်ကန်ထဲထည့်ပေးထားပြီ ''


'' ကျေးဇူးပဲနော်''


ရှက်ကိုးရှက်ကန်းနှင့် ပန်ကန်လေးမပြီး ထွက်သွား

တဲ့ မမလေးကို ကြည့်ပြီး စံပယ်နှုတ်ခမ်းလေးကို

လက်နှင့်အုပ်ကာ ဟိခနဲရယ်လိုက်ပြီး..


'' မမလေးက အကိုလေး အိမ်လိုက်လာတော့

အပျော်လွန်ပြီး ကြာဇံအိုးတောင် ဂရုမစိုက်နိုင်တော့

တာနေမှာ အဟိ''


°°°°°°°°


'' ရပြီ စားလိုက်ဦး''


'' ခွံ့လေ''


သူ့ကို မျက်မှောင်ကြုံ့လေးနှင့် စိတ်မရှည်စွာ

ကြည့်လာသည့် မြသင်းထုံ။ သူ ပက်လက်ကြိမ်

ထိုင်ခုံကြီးပေါ်  ဇိမ်ကျကျမှီထိုင်ထားပြီး တမင်

နွဲ့ပြနေတာ ကိုယ့်ကိုယ်ကိုယ်ပါ ဘာလုပ်လို့လုပ်နေ

မှန်းမသိ။ သို့သော် သူ့မျက်နှာထက်တော့ ကြည်

ကြည်လင်လင်ဖြစ်နေလေသည်။ 


'' ရှင့်ကိုယ်ရှင် လွန်နေပြီလို့ မထင်ဘူးလား အရမ်း

ကြီး နွဲ့ပြမနေနဲ့ ကိုယ့်ဗလမှ ကိုယ်အားမနာ နည်း

နည်းလေးဖျားတာကို ရောက်ထဲက ခိုင်းလို့မပြီး

တော့ဘူး''


'' တကယ်ဖျားနေတာကို..''


'' ရှင့်ကို အလကားဖျားနေတယ်လို့ မပြောမိပါ

ဘူး၊ အရမ်းနွဲ့ပြနေလို့ အမြင်ကပ်တာ မခွံ့ဘူး

ရော့ ..ကိုယ့်ဘာသာကိုယ်စား ကျွန်မရေသွားချိုး

ဦးမယ်''


'' မရဘူး ခွံ့ပြီးမှ သွား''


'' ကျွတ်..''


ထုံလေးလက်တစ်ဖက်ကို ဆွဲပြီး ပူဆာနေတာ

ကလေးတစ်ယောက်သဖွယ်။ စိတ်လဲပျက်သည်

လိုက်လဲလိုက်လျောချင်သည်။ 


'' သူများအိမ်လာပြီး ဗိုလ်လာကျနေတာ ရှင်တော့

နော် မရှက်ဘူးလား''


''လင်နဲ့မယားပဲ  မင်းအိမ်လဲ ငါ့အိမ်၊ ငါ့အိမ်လဲ

မင်းအိမ်ပဲ မရှက်ပါဘူး ကိုယ့်မိန်းမအိမ်ကိုယ်လာ

နေတာ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ မိန်းမရဲ့..''


'' တော်တော့ ဆက်မခေါ်နဲ့ ခေါ်ရင် လုံးဝမခွံ့ပေး

ဘူး''


'' ဟွန်း..မိန်းမမို့လို့ မိန်းမခေါ်တာ ဘာဖြစ်လဲ မိန်းမ''


'' ရှင်တော့နော် မခေါ်နဲ့လို့ပြောနေတယ် ခေါ်ရဲခေါ်

ကြည့်..''


'' ခေါ်မှာပဲ မိန်းမ..''


'' ဂွပ်...''


'' အ..မိန်းမနော် ယောကျ်ားကို လုပ်ရက်တယ် ငရဲ

ကြီးမှာကြည့်နေ''


'' ကြီးကြီး...ခေါ်ပြန်ပြီလား ''


စိတ်ဆိုးနေတဲ့ ပုံစံလေးက ချစ်စရာလေးမို့ စတာ

ကို ခေါင်းကိုခေါက်ပေးလိုက်တာ ထူပူသွားတာပဲ။

တော်သေးတာပေါ့ လူကောင်သေးလို့ မဟုတ်လို့က

မလွယ်ဘူး။ ထပ်ခေါက်ခံရမှာစိုးလို့ ပါးစပ်ပိတ်နေ

ရတာ မဟုတ်ရင် ခေါ်ရတာ အရသာရှိသလားမ

ပြောနဲ့ ဘာနဲ့မှကိုမတူဘူး။


ဆောင့်အောင့်ပြီး ကြာဇံလာခွံ့သည်။

သူပြုံးပြီး ခွံ့ကြွေးသမျှ စားလိုက်၊ မျက်လွှာလေး

ချပြီး နုနယ်လှပနေတဲ့သူမမျက်နှာကို ငေးလိုက်နှင့် 

သူ့အတွက်သာယာနေသည်။ မြသင်းထုံ အရမ်းလှ

တာ သူခုမှလက်ခံတော့သည်။ ဆံပင်လေးတွေ ပါး

ဖော်ဖရိုဖရဲ ကျနေပြီး မျက်နှာလေးက ထိုပုံစံလေး

နှင့်ပါ အရမ်းကြည့်ကောင်းလှနေသည်။

ပထမဆုံးအကြိမ် သူမ မျက်နှာကို စေ့

စေ့ကြည့်ခြင်းပါ။ သူ့စိတ်တွေ ခုရက်ပိုင်း ဘာဖြစ်

နေလဲ မသိ၊ မြသင်းထုံကိုပဲ သတိရလိုက် လွမ်း

လိုက်နှင့် မနေနိုင်မထိုင်နိုင် မာနတွေခွာချပြီး အရှက်

မရှိလ်ုက်လာခဲ့တာပဲကြည့်။ မုန်းတယ်ကြွေးကြော်

ပြီးမှ မတွေ့ရမနေနိုင်ဖြစ်နေရတာ ဘာကြောင့်လဲ။


'' ပြီးပြီ ဆေးသောက်တော့''


ကြာဇံတစ်ပန်ကန်က ဘယ်လိုကုန်သွားမှန်းမသိ။

သူ့မှာတော့ မြသင်းထုံကို ငေး၍ပင် မဝသေးပေ။


'' ဟင် ကုန်သွားပြီလား ''


'' ကုန်ပြီ ရော့ဆေးသောက်''


'' အမ်''


ဆေးမြင်မှ ပြူးပြဲသွားတဲ့ သူ့ပုံစံကို ကြည့်ပြီး

ထုံလေး စိတ်ထဲမှ ကြိတ်ပြုံးနေလိုက်သည်။ 

ထုံလေးအကြောင်း သိစေရမယ် ။ မာယာများနေတဲ့

သူ။ 


ထပြေးဖို့ ပြင်နေတဲ့ သူ့ကိုအတင်းဆွဲထားပြီး..


'' ဘယ်ထွက်ပြေးမှာလဲ ရော့သောက် ''


'' ခဏလေး ခုမှ စားပြီးတာ ဗိုက်တင်းနေသေးတယ်

လမ်းဆင်းလျှောက်လိုက်အုံးမယ်''


''မရဘူး ရှင်လူလည်ကျပြီးမှ ပြေးလို့ရမယ်မထင်နဲ့''


'' မသောက်ချင်ဘူးလို့''


'' မရဘူးသောက်ရမယ်''


အတင်းထပြေးရန် ပြင်နေသည့် အဓိပတိနှင့်

ဇွတ်ဆွဲထားတဲ့ မြသင်းထုံ။ ဆေးလုံးလေးကိုင်ပြီး

သူ့ကို အတင်းဆေးဝင်အောင် တိုက်ရန်ပြင်နေ

သည်။ သူစိတ်ယားတာနှင့် သူမတစ်ကိုယ်လုံးပွေ့

ဖက်ပြစ်ပြီး စွာလွန်းတဲ့ နှုတ်ခမ်းလေးကို နမ်းပြစ်မှ

လက်ကားယားခြေကားယားနှင့် ဇွတ်ရုန်းသည်။

သူစိတ်ကြိုက်နမ်းလို့ ဝမှ လွှတ်ပေးပြီး ပြုံးစိစိနှင့်

မျက်စိ တစ်ဖက်မှိတ်ပြသည်။ သူမ မှာတော့အသက်

ကို အပြေးအလွှားရှူနေပုံနှင့် သူ့ထံ မကျေနပ်သည့်

အကြည့်လေးက စူးစူးရဲရဲ။


'' လူယုတ်မာ''


'' မင်းအတွက်ပဲ သီးသန့်ယုတ်မာတာ ဘာဖြစ်လဲ''


'' ဘာစေတနာမှ ထားဖို့မတန်တဲ့လူ ဒါလားနေမ

ကောင်းတာ သက်သက်မာယာများနေတာ အမြင်

ကပ်စရာကောင်းတယ် ''


'' မထားနဲ့ပေါ့ ရအောင်ပဲယူမှာ .. က်ုယ့်မိန်းမကိုယ်

မာယာများတာ ဘာဖြစ်လဲ ဘယ်သူ့မှဂရုမစိုက်ဘူး

ဘာဖြစ်လဲ ''


'' ရှင့်ကို မခေါ်နဲ့လို့ ပြောထားတယ်နော် ''


'' ခေါ်မှာပဲ''


'' ခေါ်ကြည့် ထပ်ထုမှာ..''


'' ထပ်နမ်းမှာ ..''


ထုံလေး သူနဲ့ပြိုင်မငြင်းချင်၍ နှုတ်ခမ်းလေးဖိ

ကိုက်ပြီး သူဆုပ်ကိုင်ထားတဲ့ လက်ကို ပုတ်ချပြီး

အခန်းထဲမှ ထွက်ခဲ့သည်။ နိမ့်ချည်မြှင့်ချည်နှင့်

ရင်ဘတ်လေးကို ဖိပြီးမှ ခုံတစ်ခုံမှာ ဝင်ထိုင်ရသည်။

ရင်တုန်ရလွန်းလို့ ဒူးပါ မခိုင်တော့။ ဘယ်လိုလူလဲ

မသိဘူး တဇွတ်ထိုး တစ်ယူသန် အတ္တကြီးတဲ့သူ

မုန်းဖို့ပဲ ကောင်းတယ်။


ထူပူနေတဲ့နှုတ်ခမ်းလေးကိုလက်ချောင်းကလေးနှင့်

အယောင်ယောင်အမှားမှား တို့ထိမိသည်။ ထုံလေး

မျက်နှာလေးက အလိုလိုပြုံးနေလေသည်။


ဘုရားရေ..ထုံလေးသူ့ကိုများ ရင်ခုန်နေမိတာလား။

ယခုချိန်ထိ နိမ့်ချည်မြှင့်ချည် ရင်ဘတ်ကလေးကို

လက်ကလေးနှင့် ဖိပြီး သူ့ကိုရင်ခုန်နေတာလား 

တွေးရသည်။ ဟင့်အင်း...ထုံလေး သူ့ကိုရင်ခုန်၍

မဖြစ်ပါ။ သုက ထုံလေးကို မုန်းနေတဲ့ သူ။ ထုံလေး

လဲ တန်ပြန်ပဲ သူ့ကိုမုန်းရမယ်။ ဟုတ်တယ်..ထုံလေး

သူ့ကို ချစ်၍ မဖြစ်ဘူး..။


ချစ်ခဲ့မိရင်လဲ ဥပေက္ခာပဲပြုလိုက်မယ်။

ဂရုစိုက်မိခဲ့ရင်လဲ ဥပေက္ခာပဲ ပြုလိုက်မယ်။

ကြင်နာမိခဲ့ရင်လဲ ဥပေက္ခာပဲပြုလိုက်မယ်။


ကျွန်မတို့ရဲ့ ဇာတ်လမ်းက ဥပေက္ခာတွေနဲ့ပဲ

အဆုံးသတ်လိုက်တာ ကောင်းပါတယ်။


°°°°°°°°°

Creator - ငွေသုန္ဒရီ -> 16


rate now: