book

Index 14

အခန်း ၁၄

🌊ညှို့တတ်သော ပင်လယ်🌊


'' ကြီးမေကတော့ မလိုက်ချင်ဘူး ထုံလေးရယ်

ကြီးမေအိမ်မှာပဲ အေးအေးဆေးဆေးနေချင်တယ်''


'' ကြီးမေ မလိုက်ရင် ထုံလေးဘယ်လို စိတ်ချမလဲ

နီးနီးနားနားနေရာမဟုတ်ဘူး ကြီးမေရဲ့ သူတို့ဆန္ဒ

ကြောင့် ခေါ်တာမဟုတ်ဘူး ကြီးမေကိုတစ်ယောက်

ထဲ ထားခဲ့ရမှာစိတ်မချလို့ ထုံလေးဆန္ဒအတိုင်းခေါ်

နေတာ ထုံလေးနဲ့လိုက်ခဲ့ရမယ်နော် ကြီးမေ ''


'' ဒါတော့ ဒါပေါ့ ထုံလေးရယ်... ''


'' မငြင်းနဲ့တော့ ကြီးမေရဲ့ မနေ့ညက ဟိုတစ်

ယောက်ဖုန်းဆက်ခဲ့တယ် သူလဲနေမကောင်းဘူးတဲ့''


'' ဒါဆို ထုံလေးပြန်လိုက်လေ ကြီးမေလဲသက်သာ

နေပြီပဲ စိတ်မချရင် စံပယ်ကို ထားခဲ့လိုက် မဟုတ်

ရင် ကြီးမေကြောင့် ထုံလေးတို့ပြသနာဖြစ်နေရမှာ

မလိုလားဘူးကွယ်''


'' မပြန်ပါဘူး ကြီးမေရယ် သူ့ကိုဂရုစိုက်နေရင် နေ

စရာကို ရှိမှာမဟုတ်ဘူး အပိုတွေပြောနေတာ သိ

တာပေါ့ သူကလေးမှမဟုတ်တာ နေမကောင်းရင်

ဆရာဝန်ခေါ်ပေါ့''


ပြောမဲ့သာ ပြောရတယ် သာတကယ်နေမကောင်း

ဖြစ်နေတာလားဆိုပြီး စိတ်ပူမိတယ်။ သူကိုယ့်

အပေါ်မကောင်းမှန်းသိပေမယ့် သနားတတ်တဲ့

ထုံလေးရဲ့ စိတ်ခံက နာကျည်းမှု့ကို လစ်လျုရှု့ထား

နိုင်ပြန်သည်။ အံ့သြစရာတော့ ကောင်းသား..

ကိုယ့်ကို မုန်းပြီး အရှက်ခွဲ ဒုက္ခရောက်အောင်လုပ်

တဲ့သူကို စိတ်ပူနေတာ။


'' ဘာပဲဖြစ်ဖြစ် ...''


'' ဘာမှမဖြစ်ဘူး သူ့အကြောင်းမပြောတော့နဲ့

ခေါင်းကိုက်လာပြီ သူ့အကြောင်းပြောရတာ

ကြီးမေသာ ပြန်လိုက်ခဲ့ ဒါပဲထုံလေးစကားပဲ နား

ထောင်ရမယ်''


'' ခက်တော့ ခက်နေပြီကွယ်''


ရန်ကုန်ခေါ်နေတဲ့ ထုံလေးနှင့် ဇွတ်ငြင်းနေတဲ့

ကြီးမေ။ ခုပင်အိပ်ယာထဲမှ ထူထူထောင်ထောင်

ထနိုင်တာ မဟုတ်။ ထုံလေးပြန်ပြီး ကြီးမေကို

တစ်ယောက်ထဲ ထားခဲ့ရမည်ဆိုလျှင် ဘယ်လိုမှ

ထုံလေး စိတ်ဖြောင့်ဖြောင့်နှင့် အိမ်ပြန်နိုင်မှာမဟုတ်

ချေ။ စံပယ်ဆိုတာလဲ ဂရုစိုက်တတ်ပေမယ့် စိတ်

က ကလေးသာသာမို့ တော်ရုံစိတ်ချရန်မလွယ်။


'' ကြီးမေ မလိုက်ရင် ထုံလေးလဲ မပြန်ဘူး

အရင်ထဲက အဲ့အိမ်မှာနေချင်တာ မဟုတ်ဘူး''


ပျက်ယွင်းသွားတဲ့ ကြီးမေမျက်နှာမြင်မှ ထုံလေး

စကားလွန်သွားပြီကို သတိထားမိသည်။ ဒါပေမဲ့

မတတ်နိုင်ပါ။ ကြီးမေကို အဲ့လိုမှ မခြိမ်းချောက်

လျှင် ရမှာမဟုတ်ပေ။


'' ကြီးမေ စဥ်းစားပါဦးမယ်နော် ... ဟော...ဆရာစိုင်း

လာ ထိုင်ပါဦး''


အဖြူအစိမ်းဝတ်စုံနှင့် ကိုစိုင်းရောက်လာမှ

ကြီးမေနှင့်ထုံလေး စကားစပြတ်သွားသည်။

ထုံလေးဘေး ဝင်ထိုင်လာပြီး... 


'' ကြီးမေ သက်သာရဲ့လား''


'' သက်သာပါပြီ ဆရာစိုင်းပေးတဲ့ တောဆေးတော

မြစ်တွေလဲ ထုံလေး သွေးလိမ်းပေးလို့ အတော်ကြီး

သက်သာလာပြီကွဲ့''


'' သက်သာတယ်ဆိုတော့ ကျွန်တော်လဲ ဝမ်းသာပါ

တယ် ကြီးမေ''


'' ဒါနဲ့ ဆရာစိုင်းက အစောကြီးပါလား ကျောင်း

သွားရင်း ဝင်လာတာလား''


ကြီးမေအမေးကြောင့် ကြီးမေကို စိတ်ကောက်ပြီး

ငြိမ်သက်နေတဲ့ ထုံလေးဘက်ကြည့်ပြီး ကိုစိုင်းက

ရှင်းပြလေသည်။ ထုံလေးခေါင်းငုံ့ငြိမ်သက်နေ

လိုက်သည်။ 


ဒီနေ့ ထုံလေးစိတ်မကြည်နေဘူး။ ကြီးမေကြောင့်လဲ

ဆိုင်သလို တမင်စိတ်မကြည်၍ ကြီးမေကိုလဲ

အပြစ်ရှာနေတာ ကလေးများ ဆန်သွားသလား။

ဘာကိုအလိုမကျမှန်းမသိ တခါတရံကိုယ့်စိတ်ကိုယ်

နားမလည်တော့ ဘူး။


'' ထုံလေးကို လာခေါ်တာ ကြီးမေ ဘယ်မှတော့

မဟုတ်ဘူး ကျောင်းကို ခဏခေါ်သွားမလို့ပါ

ရလား ကြီးမေ မိတ်ဆက်ပေးစရာရှိလို့ပါ ''


အရင်အချိန်တွေလိုပဲ ခါးခါးသီးသီးငြင်းဆန်ခဲ့

မည် မဟုတ်မှာတော့ကြိုသိပြီးသားမို့ ရဲရဲတင်းတင်း

ခွင့်တောင်းလိုက်ခြင်းပါ။


''ရတာပေါ့ကွယ် ကဲ သွားကြ ဆရာစိုင်းကျောင်း

ချိန်နောက်ကျနေပြီ''


'' ဟုတ် ဒါဆို သွားလိုက်ဦးမယ် ကြီးမေ''


'' အင်အင်''


ကြီးမေ ကို နှစ်ဦးသား နှုတ်ဆက်ပြီး ကျောင်းသို့

စကားပြောရင်းထွက်လာကြသည်။


°°°°°°°


'' ထုံလေး ဘာတွေငေးနေတာလဲ''


ရုံးခန်းရဲ့အရင်က ထုံလေးထိုင်ခဲ့တဲ့ နေရာမှာပဲ

ထိုင်ပြီး မမြင်တာကြာပြီဖြစ်တဲ့ တချို့ပြောင်းလဲ

သွားတဲ့ အပြင်အဆင်တွေကို ငေးမောနေမိခြင်းပါ။

အရင်ကလဲ ကျောင်းဆရာမ လုပ်ခဲ့တော့ ကျောင်း

အုပ်ကြီးက နွေးထွေးစွာ ကြိုဆိုပြီး ဆရာမပြန်လုပ်

ရန် တောင်ူဆိုနေသေးသည်။ ထုံလေး ရင်နာနာနှင့်

သာ ကိုယ်အရမ်းဝါသနာပါတဲ့ အရာကို ခေါင်းခါ

ငြင်းဆန်ခဲ့ရသည်။  ထုံလေးရဲ့ ဝေသနာကို ထုံလေး

ပဲ အသိပါ။


'' ထုံလေး ဘာတွေ ငေးနေတာလဲ ကျွန်တော်မေး

​တာလဲ ပြန်မပြောဘူး''


အတွေးလွန်ပြီး ကိုစိုင်းကို ဘာမှပြန်မပြောပဲ

တွေတွေကြီးငေးနေတဲ့ ထုံလေး ယခုမှအသိဝင်လာ

ကာ မျက်နှာထက်အပြုံးလေးဆင်မြန်းလိုက်ပြီး...


'' မရောက်တာ ကြာလို့ အငေးလွန်သွားတာပါ ကိုစိုင်းရဲ့''


'' ဟုတ်တယ်နော် ထုံလေးမရှိတဲ့ ရှစ်လဆိုတဲ့အချိန်

တိုတိုလေးက အရာရာကို ပြောင်းလဲ သွားစေတယ်''


'' ဒါပေါ့ ... သက်မဲ့ပဲဖြစ်ဖြစ် သက်ရှိပဲဖြစ်ဖြစ် ဘယ်

အရာမှ မတည်မြဲဘူးလေ''


အတွေးလွန်နေတဲ့ စကားတွေက ကိုစိုင်းကို အထင်

လွှဲသွားစေမလားဆိုပြီး ထုံလေးကိုယ်စကား

အတွက် အားနာရသည်။ ကိုစိုင်းကတော့ ဘာမှစိတ်

ထဲထားပုံမရပါ ...


'' ဟုတ်တယ် ထုံလေးရေ ရှိတဲ့အချိန်လေးပဲ အရာ

ရာ တန်ဖိုးထားရတယ်''


'' နေပါဦး က်ုစိုင်း မိတ်ဆက်ပေးမဲ့သူက ဘယ်မှာ

လဲ ''


'' လာ ...ဆောရီး ကိုယ့်နောက်လိုက်ခဲ့''


'' ဟုတ်''


အရင်လိုပဲ စိတ်ကထင်ပြီး ထုံလေးလက်ကိုဆွဲရန်

ပြင်ပြီးမှ ကိုယ့်ဘက်မပေးတော့တဲ့အခြေအနေတွေ

ကြောင့် အားနာမိကာ တောင်းပန်ရသည်။ နှစ်ဦး

သား ရှက်ရမ်းရမ်းနှင့် ကိုစိုင်းခေါ်ရာနောက် တိတ်

တဆိတ် လိုက်ခဲ့သည်။


ဒုတိယတန်း ဆိုသည့် အခန်းရှေ့နှစ်ဦးသားခြေစုံ

ရပ်ပြီး ကိုစိုင်းကထုံလေးဘက် အခန်းထဲမဝင်မှီငဲ့

ကြည့်ရင်း...


'' ထုံလေး မှန်းကြည့်ပါလား ဘယ်သူနဲ့မိတ်ဆက်

ပေးမလဲ ဆိုတာ''


ထုံလေး မျက်မှောင်လေးကြုံ့ပြီး ကိုစိုင်းရဲ့

ပဟေဠိကို စဥ်းစားသည်။ မခက်သည်ပုစ္ဆာက

ထုံလေးအတွက်တော့ အဖြေတွေရှိပြီးသားပဲလေ။


''ကိုစိုင်းရဲ့ ချစ်သူလား''


'' အဟင်း... လူကဲခတ်တော်ပေမယ့် ဒီတစ်ခါတော့

ထုံလေး ညံ့သွားပြီ''


'' ဟင် မဟုတ်လို့လား''


ကလေး တစ်ယောက်လို ခေါင်းလေးကိုဖွဖွထုပြီး

ကိုစိုင်းက ရယ်ကာ ထုံလေးကိုစသည်။ မျက်တောင်

လေးနွေ ပုတ်ခတ်ပြီး နားမလည်သည့်အကြည့်လေး

နှင့် အူလည်လည်ဖြစ်နေရတာ ထုံလေး။


'' ကြုံတုန်းလေး ကြော်ညာဝင်လိုက်မယ် ကိုယ့်ဘဝ

မှာ နောက်ထပ်အချစ်သစ်ကို မရှာတော့ဘူး ...လာ

ဆရာမ စာသင်နားပြီ ထုံလေးရှေ့မှာပဲခဏစောင့်

နော် ကျွန်တော်ခဏလေးဝင်လိုက်အုံးမယ်''


ထုံလေး ခေါင်းသာ ငြိမ့်ပြလိုက်တော့ ဆရာစိုင်း

ကျောင်းခန်းထဲဝင်သွားသည်။ ဝရန်တာလေး၌ မှီ

ရပ်ပြီး ဦးတည်ရာမရှိငေးမောနေမိတယ်။

ထုံလေးသိတာပေါ့... သူ့မျက်ဝန်းတွေထဲက ပုံရိပ်

တွေကို။ အရင်က ကိုယ်လို့ပဲ ပြောတတ်တဲ့ သူက

ကျွန်တော်ဆိုပြီး ပြောနေရမှာ ခက်ခဲသလို ကိုယ်လို့

ခေါ်ခဲ့ဖူးတဲ့ ထုံလေးအဖို့လဲ ကိုစိုင်းဆ်ုပြီးပြောင်းလဲ

လိုက်ရတာ ခက်ခဲလှပါသည်။ ဘယ်တတ်နိုင်ပါ့

မလဲ ကိုစိုင်းနဲ့ထုံလေးက ဖူးစာဖက်တွေမဟုတ်ခဲ့ဘူး

လို့ပဲ သတ်မှတ်ရမှာပေါ့။


'' မင်္ဂလာပါ ဆရာ...''


'' မင်္ဂလာပါ ဆရာမ ကျွန်တော် ခဏဝင်မယ်နော်''


'' ဟုတ်ရပါတယ် ဆရာ ဘာပြောစရာများ ရှိလို့လဲ''


'' မိတ်ဆက်ပေးစရာရှိလို့ ပါ ဆရာမ ကလေးတစ်

ယောက်ကို ခဏလောက် ခေါ်ထုတ်ပေးလို့ရမလား

ဆရာမ''


'' ရပါတယ်ဆရာ ဘယ်သူများလဲ''


'' မင်းထက်ကျော်ပါ''


'' ခဏလေးစောင့်နော် ကျွန်မခေါ်လာပေးပါမယ်''


'' ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်''


စာတွေ ကုန်းလုပ်နေကြတဲ့ ကလေးတွေကြားထဲ

အများထက် အရပ်ပိုရှည်ပြီး ဒုတိယတန်းဟုပြော

လျှင် ယုံစရာမရှိအောင် ထွားလွန်းတဲ့ ကလေးတစ်

ဦးလက်ဆွဲထွက်လာသည်။ အမှန်တကယ်သည်

လည်း ထိုကလေးသည် ဒုတိယတန်းအရွယ်မဟုတ်

ပဲ စတုတ္ထတန်းတက်ရမည့်အရွယ်ဖြစ်သည်။ သို့

သော်....


'' ဆရာမ ခဏလေးနော် သူ့အရင်ဆရာမနဲ့မိတ်

ဆက်ပေးမလို့ သူ့ဆရာမက ရန်ကုန်ကနေပြန်တော့

မှာကြောင့်ပါ''


'' ဟုတ်ကဲ့ ရပါတယ်ဆရာ''


ကလေးက သူ့ကိုရင်းနှီးနေ၍ ပြုံးပြပြီး ဘာမှမသိ

ပဲ လိုက်လာခဲ့သည်။ မိတ်ကပ်ရောင် မြန်မာဝမ်း

ဆက်လေးနှင့် ကျောပေးပြီး ရပ်နေတဲ့ ထုံလေးနား

ကလေးကို ခေါ်ခဲ့ပြီးမှ...


'' ထုံလေး ဒီမှာကြည့်ပါအုံး ဘယ်သူလဲလို့''


'' ဟင်.. ကိုထက်ကလေး ''


" ဆရာမ ''


ခုမှဆရာမနှင့် တပည့် ဝမ်းသာတကြီးပြေးဖက်ကြ

သည်။ လက်သေးသေးလေးတွေက ထုံလေးကို

တင်းကျပ်အောင် ပွေ့ဖက်လို့ဝမှမျက်ရည်စီး

ကျောင်းလေးတွေနှင့် ရှိုက်သံမစဲစကားသံလေးတွေ

ထွက်လာသည်။


'' ဆရာမက သားကိုနှုတ်ဆက်မသွားဘူး''


'' တိတ်ပါကွယ် မငိုနဲ့တော့ ဆရာမက ကိစ္စလေး

အရေးကြီးလို့ သားကိုနှုတ်ဆက်မသွားတာနော်''


ကလေးဆိုတော့ ဘာအကြောင်းမှသိမှာမဟုတ်၍

ပြောသမျှခေါင်းငြိမ့်ရှာသည်။


တစ်ချိန်က ရွာမျက်နှာဖုံးသူဌေးရဲ့ သား။ ကလေး

သေးသေးလေးနှင့် မိဘ ဆုံးမမှု့ညံ့ဖျင်းမှု့ကြောင့်

အတန်းဖော်ကလေးတွေကို အနိုင်ကျင့် စာညံ့ဆရာ

ဆရာမ ပြောစကားနားမထောင်တတ်တဲ့ ကလေး

လေးက ထုံလေးထိန်းသိမ်းမှု့ကြောင့် ခုတော့အရမ်း

လိမ္မာနေပါပြီ။ ဒါကြောင့်လဲ တခြားကလေးတွေ

ထက် ဒီကလေးလေးကို ထုံလေးက သံယောဇဥ်ပို

တွယ်သလို ဒီကလေးလေးကလဲ ထုံလေးကို

သံယောဇဥ်တွယ်နေတာ မထူးဆန်း။


'' ဖက်လို့က ဒီတစ်သက် ပြီးဦးမှာလား မြသင်းထုံ''


'' ဟင်...ရှင်''


ဘယ်ချိန်ထဲက ရောက်နေမှန်းမသိတဲ့ အဓိပတိက

မျက်ရည်လေးနဲ့ ထုံလေးကိုဖက်ထားတဲ့ ကလေး

လေးလက်တွေကို ဆွဲဖြုတ်ပြီး ကိုစိုင်းလက်ထဲထည့်

သည်။ ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာတဲ့ သူ့ကို

အံ့သြနေ၍ သူ့လုပ်ရပ်ကို သတိမထားမိ။ ကိုစိုင်းက

ကလေးလက်ကလေးကို တွဲပြီး နားမလည်ပုံနှင့် သူ့

အား တလေးတစားလေးမေး ရှာသည်။


'' သူက ဘယ်သူလဲထုံလေး''


နေကာမျက်မှန်ကြီးတပ် လျှာထိုးဦးထုပ်ပါအနက်ရောင်ကို မချွတ်ပဲ

စတိုင်တကားကားနှင့် သူ့ကို ထုံလေးအမြင်ကပ်စွာ

မျက်စောင်းရွယ်မိသည်။  ကလေးလေးကလဲ ဘာမှ

နားမလည်၍အားလုံးကိုပြူးကြည့်နေရှာသည်။


'' သူက ထုံလေး..ထုံလေး ရဲ့..''


'' ယောကျ်ား''


'' အမေ့..''


ထစ်ငေါ့နေတဲ့ စကားနှင့်အတူ ဖြတ်ပြောလိုက်တဲ့

ခက်ထန်ထန် မာရေကျောရေ သူ့အပြောအဆိုက

လုံးလုံးမှမယဥ်ကျေး။ နားဝင်လဲမချိုပေ။ ပိုဆိုးတာ

က ပခုံးကိုပါ ဆွဲဖက်လိုက်၍ပါ။ ကျောင်းဝင်းထဲ

လင်မယားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အများရှေ့

ခုလိုလုပ်ပုံကိုတော့ ထုံလေးမကြိုက်ပါ။ သူ့အကျင့်

ကိုသိနေ၍ ကြိတ်ရုန်းပေမယ့်လဲမရ။ သူ့လက်ဖဝါး

ကြီးနှင့် အတင်းဖိညှစ်ဖက်တွယ်ထားသည်။ သူ့ပုခုံး

ကြား ခေါင်းလေး နစ်ဝင်ပြီး လူက သူ့ရင်ခွင်ထဲ

ကုပ်ကုပ်လေးနစ်မြုပ်နေသည်။


'' ဒီကျောင်းထိ မင်းကဘာလာလုပ်တာလဲ''


'' ကိစ္စရှိလို့လာတာပေါ့''


'' ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ''


'' ကိုယ့်ခြေထောက်နဲ့ ကိုယ်လာတာ ဘာဖြစ်လဲ''


သူ့ကို အလျော့ပေးရင် ပိုကဲတတ်တာကြောင့်

ထုံလေး ဘုပဲတောနေသည်။ ဒါကို အဓိပတိကလဲ

ပိုတင်းနေသည်။


ကိုစိုင်းကိုရှေ့ထားပြီး နှစ်ယောက်သား သူတစ်ပြန်

ကိုယ်တစ်ပြန်စကားများနေတော့ ကိုစိုင်းကပဲ

ကြားထဲမှ ဝင်ဖြေရှင်းပေးရသည်။


'' တောင်းပန်ပါတယ်နော် ကလေးက 

သူ့ဆရာမကို တွေ့ချင်တယ် အမြဲပူဆာနေလို့ 

ထုံလေးကို ကျောင်းခဏခေါ်လာတာပါ ''


ရိုင်းလိုက်တာကြည့်အုံး သူများရှင်းပြနေတာကို

ခေါင်းလဲမငြိမ့် ပြန်လဲမဖြေ။ မျက်မှန်အောက်ကနေ

သာ မျက်လုံးပြူးပြီး ထုံလေးကိုသာ စိတ်တိုနေ

တယ် ဆိုတဲ့ မျက်ဝန်းတွေနှင့် ကြည့်နေသည်။

ကိုစိုင်းကတော့ အရာရာကို ခွင့်လွှတ်တတ်သည့်သူ

ဖြစ်နေ၍ အပြုံးနှင့်သာ နှုတ်ဆက်ဆဲ။


'' ကျွန်တော်က ထုံလေးရဲ့ မိတ်ဆွေ စိုင်းဝဏ္ဏပါ''


'' စိုင်းဝဏ္ဏ''


'' ဟုတ်ကဲ့ ကျွန်တော် စိုင်းဝဏ္ဏပါ''


အဓိပတိ ကိုစိုင်းရဲ့ အမည်ကို တီးတိုးရေရွတ်ပြီး

တဖြေးဖြေးပြုံးလာသည်။ သိသည် ထိုအပြုံးကို

ထုံလေးပဲသိသည် ။


'' တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်က 

မြသင်းထုံရဲ့ ယောကျ်ား အဓိပတိပါ နောက်မှအေး

ဆေးဆုံကြတာပေါ့ ကျွန်တော်လဲခရီးပင်ပန်းလာ

တော့ ပြန်လိုက်ပါဦးမယ် မိန်းမရဲ့ရင်းနှီးတဲ့ မိတ်

ဆွေဆိုတော့ နောက်ထပ်ဆုံကိုဆုံရဦးမှာပေါ့ အဟွန်း''


'' ဟုတ်ကဲ့ပါ ကိုအဓိပတိ အေးဆေးအနားယူပါဗျ''


'' သွားမယ်''


'' ဆရာမ တာ့တာ့''


ကလေးနှုတ်ဆက်နေတာကိုပါ နှုတ်ဆက်ခွင့်မရပဲ

သူ ဆွဲခေါ်ရာနောက် ပါလာရသည်။ တိုနေတဲ့စိတ်ကို

ထုံလေး မြိုသိပ်ထားပြီး အရှက်မကွဲချင်၍ ကျောင်း

ဝန်းထဲမှ သူခေါ်ဆောင်ရာအတိုင်း ငြိမ်ငြိမ်လေး

လိုက်လာပေမယ့် စိတ်ထဲတော့အခဲမကြေ။ ကျောင်း

ထဲ ထွက်မှ သူရပ်ထားထဲ ကားထဲနှစ်ယောက်ဝင်

ထိုင်သည်နှင့် သူ့ဘက်က မုန်းတိုင်းသဖွယ်အရင်

ပေါက်ကွဲလာသည်။


'' ဘာလဲ အဆက်ဟောင်းနဲ့ တွေ့ရတော့ အရမ်း

ပျော်နေတယ်ပေါ့''


'' ရှင့် စိတ်နဲ့ လာမနှိုင်းနဲ့  .. ရိုးရိုးသားသားမိတ်ဆွေ

တွေ''


'' ရိုးရိုးသားသား ဟုတ်လား ငါ့ကိုဘာမှမသိတဲ့ မင်း

ကောင်လို ရွာသားထင်နေလား''


'' ရှင် စကားပြောတာ မိုက်ရိုင်းလှချည်လား''


'' မင်းကောင်ကို ထိတော့နာတယ်ပေါ့ အဲ့ထက်ပို

ပြောဦးမှာ စောင့်ကြည့်နေ ''


'' ရှင်.. ''


'' မင်း ငါ့အကြောင်းသိမယ် အိမ်ရောက်မှ''


သူ့ကို စိတ်ကုန်လွန်းလို့ ထုံလေး မျက်နှာလွှဲထား

လိုက်သည်။ ကိုစိုင်းနဲ့ထုံလေး ချစ်သူတွေဖြစ်ခဲ့ဖူး

တာ သူဘယ်လိုသိနေလဲပဲ တွေးမရ။ သူအိမ်မှ

ပေါက်ကွဲတော့မဲ့ သူ့ဒေါသတွေကိုလဲ ရင်ဆိုင်ရမှာ

တွေးပြီး စိတ်ပျက်မိလေသည်။


ကျွန်မကို ရှင်ဘယ်တော့မှ စိတ်ချမ်းသာမှု့ ပေးမှာ

လဲ အဓိပတိရယ်။

°°°°°°°°

Creator - ငွေသုန္ဒရီ ->15


rate now: