🌊ညှို့တတ်သောပင်လယ်🌊
'' ဘယ်လို ဖြစ်ရတာလဲ ချယ်ရီ မိန်းကလေးတစ်
ယောက်ဖြစ်ပြီး ခုလိုသောက်စရာလိုလို့လား ငါ
မင်းအပေါ် စိတ်ယိုင်အောင်လုပ်နေရင်လဲ ရပ်တန်း
က ရပ်လိုက်တော့ မင်းဒီလိုလုပ်လေ ငါမင်းကို ပို
စိတ်ပျက်လေပဲ''
အဓိပတိ စားပွဲပေါ်ခေါင်းငိုက်ဆိုက်နှင့် လူမှန်းမသိ
မူးနေတဲ့ ချယ်ရီကို သူစိတ်ပျက်စွာ ခေါင်းခါရမ်း
ကြည့်သည်။ မူးတာမူးတယ် သူ့ကိုတော့ ဖုန်းဆက်
နိုင်သားပဲ။ တီးလုံးသံတွေနှင့် ဆူညံနေတဲ့ ကလပ်
ထဲမှ လူမှန်းသူမှန်းမသိမူးနေတဲ့ ချယ်ရီကို တွဲထုတ်
ကာ ကားပေါ်တင်လာခဲ့သည်။ ဒီရက်ပိုင်းစိတ်ညစ်
နေတာ အမည်ဖော်မရတဲ့ ပုစ္ဆာတစ်ခုလိုပါပဲ။
တွေး၍လဲမပေါ် ပေါ်လာပြန်လဲ အမှန်တရားကို
လက်မခံပဲ ခေါင်းမာနေတာ အဓိပတိ။
တစ်ယောက်ထဲ နေချင်ပါသည်ဆို တောက်တက်လို
လိုက်ကပ်ချင်နေတဲ့ ချယ်ရီကိုလဲ သူရှောင်နေရ
တာ မောလှပြီ။ ဒီနေ့တော့ ဘယ်လိုမှရှောင်မရတော့
ပဲ တည့်တည့်တိုးတော့သည်။ ကြိုးတစ်လုံး အကျီ
မှာ ပခုံးပေါ် ဖရိုဖရဲ လျောကျနေပြီး ရင်သားတွေ
ပခုံးတွေ ပေါ်နေပြီကို သူအလျင်အမြန်မျက်မှောင်
ကြုံမျက်နှာလွှဲလျက် ဆွဲတင်ပေးလိုက်သည်။ သူ့
အပေါ်ထပ် အကျီကိုချွတ်ပြီး မလုံမလဲပုံစံနှင့်
ချယ်ရီကိုယ်ပေါ်ခြုံပေးတော့ ရုတ်တရက်မျက်ဝန်း
များဖွင့်လာကာ သူ့အားရီဝေဝေစိုက်ကြည့်ရင်း...
'' ကိုယ် .. ချယ် ရီ ကို ချစ်ရဲ့လား ကိုယ်ချယ်ရီကို
မချစ်ပဲ ချစ်ဟန်ဆောင်နေတာမလား''
'' ကျွတ် ''
ချယ်ရီရဲ့ ပလုံးပထွေးစကားသံ မသဲမကွဲက သူ့ကို
စိတ်ရှုပ်ထွေးစေသည်။ မူးနေတာကို မအိပ်ပဲ
စတီယာရင်ကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေကို
အတင်းဆွဲပြီး ငိုယိုပြနေသည်။ သူ့ရင်ထဲ ဘာခံစား
ချက်မှမရှိ။ ငယ်စဥ်က ခံစားချက်အနည်းအကျည်း
ရှိခဲ့သော်လည်း ယခုအချိန် ချယ်ရီရဲ့ပုံစံ ချယ်ရီရဲ့
စရိုက်တွေက သူထိတွေ့ဖူးတဲ့ နိုင်ငံခြားမှ လူဖြူ
မိန်းမတွေ ပုံစံနီးနီးဖြစ်နေ၍ ရင်ခုန်မှု့အရှိန်က တိုး
တက်မလာ။ အချိန်ကြာလာလေ စိတ်ပျက်လာ
လေ ဖြစ်နေသည်။
'' ကို ပြောလေ ချယ်ရီကို ဘာလို့မချစ်ရတာလဲ
ဘာလဲ ချယ်ရီက ဟိုမိန်းမထက် ဘာများမသာနေ
လို့လဲ သူ့ထက်ချယ်ရီ အများကြီးလှတယ် သူ့ထက်
လဲ ပညာတတ်တယ် သု့ထက်လဲ ဥစ္စာတွေရှိတယ်
အို သူ့ထက်အစစအရာရာသာလွန်နေတဲ့ ချယ်ရီကို
ဘာလို့ စိတ်ပျက်တဲ့ ပုံစံနဲ့ ဆက်ဆံနေရတာလဲ''
'' မင်းမူးနေရင် ပါးစပ်ပိတ်လိုက်တော့''
'' မပိတ်ဘူး ကို..''
သူ ချယ်ရီကို အရမ်းစိတ်ပျက်သည်။
မျက်နှာအား တည်တင်းထားပြီး ငိုယိုနေတဲ့
သူမထံ အံတင်းစူးစိုက်ကြည့်ကာ အံကြိတ်သံနှင့်
သူ တစ်လုံးချင်း ပြောသည်။
'' မတူလို့ ဟုတ်ပြီလား မြသင်းထုံနဲ့မင်းကနှိုင်း
ယှဥ်စရာကို မလိုလို့ ဟုတ်ပြီနော် ငါ့ကို ထပ်ပြီး
ဆက်မမေးနဲ့ ငါဒီထက်မင်းကို နစ်နာအောင်မပြော
ချင်လို့ ပါးစပ်ပိတ်ပြီးငြိမ်နေပါ''
ချယ်ရီ နှုတ်ခမ်းလေးကိုက်ပြီး သူ့ကိုမကျေမနပ်
ကြေကွဲစွာကြည့်သည်။ ဒါလား မြသင်းထုံကို
မုန်းတယ်ကြွေးကြော်ခဲ့တဲ့သူ။ စိတ်ထဲ ကြိတ်ခိုး
ချစ်နေပြီး အပေါ်ယံဟန်ဆောင် မုန်းပြနေတာ သိ
တာပေါ့။ ချယ်ရီကို ဓားစာခံ ရွဲ့ပြရုံသက်သက်
ဆက်ဆံနေတာသိတာပေါ့။
'' ချယ်ရီက ဘာလဲ ကို ချယ်ရီက ကို့အတွက်
ဘာလဲ လိုသုံးသက်သက်ပဲလား ပြော ပြောလေ''
တစထက်တစ ပိုကျယ်လာတဲ့ ချယ်ရီအမူအယာ
ကို သူစိတ်မရှည်တော့။ မျက်ဝန်းနီတွေနှင့် စူးစူးရဲရဲ
ကြည့်ရင်း...
'' မင်းပါးစပ်ပိတ်ပြီး လိုက်မလား ဒီနေရာမှာပဲ
ငါ ကန်ချထားရမလား ကြိုက်တာရွေး''
'' ကို ...''
'' တော်တော့လို့ ငါပြောနေတယ်''
သူ ဆောင့်အော်ပြစ်မှ မျက်နှာငယ်လေးနှင့် တဖက်
သို့ မျက်နှာ လွှဲကာ ငြိမ်ကျသွားသည်။ သူကားကို
မောင်းထွက်ခဲ့သည်။ နှစ်ယောက်သား တိတ်ဆိတ်
နေကြပြီး ဟိုတယ်ရှေ့တစ်ခု၌ သူ့ကားကိုရပ်လိုက်
မှ ချယ်ရီသူ့ကို ကြည့်တော့ သူကဆင်းဆိုသည့်
သဘောနှင့် မေးဆတ်ပြသည်။
'' ဆင်းတော့ မင်းက်ု ဒီပုံစံဒီအချိန်မှာ မင်းအိမ်
ငါလိုက်မပို့ ပေးနိုင်ဘူး ဒီဟိုတယ်မှာပဲ အိပ်လိုက်ပါ
မနက်မှ မင်းအိပ်ယာနိုးအမူးပြေရင် ငါ့ကိုဖုန်းဆက်လိုက် ခုတော့ ဆင်း''
ချယ်ရီကို သူ့ကားပေါ်မှ ဆင်းခိုင်းနေတာ လုံးဝ
မလိုလားသည့်ပုံနှင့်။ တကယ်တော့ ချယ်ရီမမူးပါ။
သူ့ကို လိုချင်တပ်မက်စိတ်နှင့် ကြံမိကြံရာ ကြံစည်
မိတာ အကြံအစည်မအောင်မြင်သည့် အပြင်
သူ့အမုန်းကိုပါ ခံလိုက်ရပြီ။ ချယ်ရီမှားသွားပြီ
လား။ ငယ်သူငယ်ချင်း သံယောဇဥ်ပါ မထောက်
သူကတော့ ချယ်ရီကို ရက်စက်ပြတ်သားလွန်းနေ
သည်။
'' ဘာကြည့်နေတာလဲ မင်းကိုဆင်းလို့ ငါပြော
နေတယ်လေ''
'' .....''
မျက်နှာတင်းတင်းနှင့် သူအတင်းမောင်းထုတ်နေ
၍ ချယ်ရီ ကားပေါ်မှဆင်းသည်နှင့် သာကားကို
တရကြမ်းမောင်းထွက်သွားသည်။
ချယ်ရီဘာမှားနေလို့လဲ...
ကို့ကို မဆွဲဆောင်နိုင်အောင် ချယ်ရီဘာတွေများ
လိုအပ်နေခဲ့တာလဲ ကိုရယ်....
°°°°°°°°
'' မမလေး ဖုန်းလာနေတယ်''
'' လာပြီ လာပြီ စံပယ် ခဏကြီးမေကို ဆေးတိုက်
လိုက်နော် ကြီးမေခဏနော်''
'' အင်အင် သမီးသွားပြောလိုက်ဦး သမီးယောက်ခမ
လားမသိ''
'' ဟုတ်ကဲ့ ဆေးတွေပေး စံပယ်ကို ''
'' အင့်''
ထုံလေး ခေါင်းငြိမ့်ကာ ထုံလေးလက်ထဲမှ ဆေးတွေ
ကို စံပယ်လက်ထဲ ပြန်ထည့်ပေးကာ ထထွက်ခဲ့
သည်။
ထုံလေး စာကြည့်စာပွဲပေါ်တင်ထားသည့် ဖုန်းကို
ကောက်ကိုင်လိုက်သည်။
ဖုန်းနံပါတ်ကို ကြည့်တော့အမည်မသိ ဖုန်းနံပါတ်
စိမ်းဖြစ်နေ၍ ဒေါ်ပပလှိုင်မဟုတ်ချေ။
'' ဟယ်လို ''
'' . . . . . ''
'' ဟယ်လို''
တစ်ဖက်မှ ဘာအသံမှပေးမလာတော့ ထုံလေး
စိတ်မရှည်တော့။ နားနားကပ်ထားသည့် ဖုန်းအား
မျက်စောင်းဝင့်ကြည့်ရင်း ... နောက်တစ်ကြိမ်
ထပ်မေးမိသည်။
'' ဟယ်လို ဘယ်သူလဲ''
'' တူ တူ တူ..''
'' ဘယ်က ဖုန်းသရဲတွေမှန်းမသိဘူး ဖုန်းဆက်ပြီး
ဘာမှလဲ မပြောဘူး''
ဖုန်းကို စားပွဲပေါ်ပြန်တင်ပြီး စူပုတ်ပုတ်နှင့်
ကြီးမေအနားရောက်လာသည်။ ကြီးမေကအိပ်ယာ
ထဲမှ ထုံလေးကို ဘာဖြစ်လာတာလဲဆိုသည့်အကြ
ည့်နှင့်...
'' ဘယ်ကလဲ မသိပါဘူးကြီးမေရယ် မေးတာကို
ဘာမှပြန်မဖြေပဲ ချသွားတယ် အလကားအရှုပ်တွေ''
'' ဟုတ်ပါပြီ ထမင်းစားကြတော့ ဦးပုတူလဲ
ဗိုက်ဆာရောပေါ့... စောစောက ခြံထဲက သရက်သီး
မှည့်တွေ ခူးနေတာတွေ့လိုက်တယ် ထမင်းနဲ့စားမလို့
ထင်တယ်''
'' ဟုတ် စံပယ်သွားပြင်လိုက်မယ်နော် မမလေး''
'' ထုံလေးနဲ့ အတူပြင်မှာပေါ့ ကြီးမေဆေးသောက်
ပြီးပြီဆိုတော့ ခဏမှိန်းလိုက်ဦး ထုံလေးထမင်းစား
ပြီး ခြေတက်ဆေးပြီး ဘုရားစာဖတ်ပြမယ်''
'' အင်းပါ ကြီးမေခဏမှိန်းလိုက်ဦးမယ်''
ထမင်းချက်ခန်းဘက် စံပယ်နှင့်အတူထွက်လာပြီး
မှ မနေ့က ဒေါ်ပပလှိုင်ပြောတဲ့ စကားကြီးမေကို
ပြောပြရန် မေ့နေတာယခုမှသိတရသည်။ ထမင်း
စားပြီးမှပဲ အေးဆေးပြောပြတော့မယ်။ ထုံလေး
စိတ်ထင် ကြီးမေလက်ခံမှာမဟုတ်မှန်း ကြိုသိနေ
သလိုပါပဲ...။
°°°°°°°°°
'' ဟူး....''
အဓိပတိ ဖုန်းကို အိပ်ရာပေါ်ပြစ်ချပြီး မျက်မှောင်
ကြုံ့ကြီးနှင့် မျက်နှာကျက်ကို ငေးနေမိသည်။
တစ်အိမ်လုံး တိတ်ဆိတ်နေလျှက် အပ်ကျသံပင်
မကြားရ။ သူဖုန်းကို စွေကြည့်ရင်း မြသင်းထုံကို
အပြစ်မရှိ အပြစ်မဲ့စိတ်တိုသည်။
'' နယ်မှာ ဘယ်လောက်ကို ပျော်နေလဲမသိဘူး
ကိုယ့်ယောကျ်ားတစ်ယောက်လုံး ရှိနေသေးတယ်
ဆိုတာလဲ သတိရမှာမဟုတ်ဘူး အဲ့မိန်းမကအကျော
မာကိုမာတယ် မေးဖော်လေးကိုမရဘူး''
သူကိုယ်တ်ုင်ဖုန်းဆက်ပြီး ဘာမှမပြောပဲ ဖုန်းချ
လိုက်တာပါ။ နယ်ရောက်တာ လေးရက်ရှိပြီ သူ့ထံ
ဖုန်းတစ်ချက်မဆက်။ မာမီဆီဆက်လဲ သူ့အကြောင်
း မမေး။ စိတ်တိုဖို့ ဘယ်လောက်ကောင်းလဲ။
မြသင်းထုံကို လေးရက်အတွင်း တစ်နေ့မှ
တစ်စက္ကန့်မှ မေ့မရသည်ကိုလဲ သူ့ကိုသူမကျေနပ်
ပါ။ အကြိမ်ကြိမ်မေ့ဖို့ ကြိုးစားရင်း..
ငါမင်းကို မုန်းနေရမှာ ဘာလို့ သတိရလွမ်းဆွတ်
နေရတာလဲ။ မရဘူး မင်းငါ့စိတ်ကို လွမ်းမိုးလို့မရ
ဘူး။ ငါမင်းကို မချစ်ဘူး။ ငါမင်းကိုမုန်းတယ်။
မင်းနဲ့ငါ့ကြားမှာ သံယောဇဥ်ဆိုတာ မလိုအပ်ဘူး။
လွမ်းနေဆွေးနေဖို့လဲ မလိုဘူး။
အကို့အတွက် ငါ့စိတ်ကိုယ်ငါ ဒဏ်ခတ်သင့်နေပြီ။
ငါမှားနေပြီ... မင်းကိုလွမ်းနေတဲ့ ငါ့စိတ်ကို ငါမုန်း
နေပြီ။
°°°°°°°°
'' ဟင်းတွေက အများကြီးပဲ ထုံလေးကိုယ်တိုင်
ချက်ထားတာလား''
'' အဟင်း.. ဟုတ်တယ် ထုံလေးချက်ထားတာ
အားရပါးရစားနော် ကိုစိုင်းဘာမှ အားမငယ်နဲ့''
'' စိတ်ချ ထုံလေးလက်ယာဆို ယုံပြီးသား အဝ
စားမှာ ကြီးမေစားပြီးပြီလား ဧည့်သည်တွေလဲ
တစ်ခါထဲ ဝင်စားခိုင်းပါလား''
''ကြီးမေက ထုံလေးတို့ထက် အရင်စားရတယ်
ကိုစိုင်းရဲ့ ဆေးသောက်ချိန်အမှီ အရင်ကြွေးရတယ်
ဦးပုတုနဲ့ စံပယ်က စောစောကပဲ စားပြီးကြပြီ''
'' ဟုတ်လား ''
'' သရက်သီး ငပိချက် ...''
'' ကျေးဇူးပဲနော် ထုံလေး''
ထုံလေး ဘာစိတ်နှင့်မှ မဟုတ်ပဲမိတ်ဆွေတစ်
ယောက် အကိုတစ်ယောက်လိုသာ သဘောထားပြီး
ဦးချပေးသည်။ ရင်ထဲမှာဘာခံစားချက်ပဲ ရှိနေရှိနေ
ယခုအချိန်မှာတော့ ကိုစိုင်းနှင့် ထုံလေးက မိတ်ဆွေ
ကောင်း တွေပါပဲ။
ထမင်းလက်ဆုံစားပြီးကြတော့ စံပယ်အနား
ရောက်လာကာ...
'' ပေး မမလေး စံပယ်သိမါးလိုက်မယ်''
'' ရတယ် စံပယ်နေနေ ထုံလေးပဲသိမ်းမယ် မိုးလဲ
မှောင်နေပြီ အိပ်ချင်အိပ်တော့နော်''
'' မာမီကြီးကမှာထားတယ် စံပယ်ကို ဝေယျာဝစ္စတွေ
လုပ်ပေးဖို့ မမလေးဘာမှအားနာစရာမလိုဘူး''
ပန်းကန်တွေ အတင်းလုသိမ်းနေတဲ့ စံပယ်ကြောင့်
ထုံလေး လက်လျော့လိုက်ရသည်။
ကိုစိုင်းကတော့ ပြုံးပြီးသာကြည့်ရင်း ...
'' ထုံလေး ယောက်ခမက အတော်ချစ်ပုံပဲနော်''
'' အဲ့လိုပဲပေါ့ အဟင်း''
ချစ်လားမချစ်လားဆိုတာ ထုံလေးမသိပါ။
လူတစ်ယောက်ရဲ့ သိက္ခာကိုအမှန်သိသည်ဖြစ်စေ
မသိသည်ဖြစ်စေ ထုံလေးကြောင့် အဲ့ဒီလူ သိက္ခာ
ကျ ရမှာကို ထုံလေးဘယ်တော့မှမပြောဆို ပါ။
'' ဒါနဲ့ ထုံလေးမနက်ဖြန် အားလား''
'' အားပါတယ် ဘာဖြစ်လို့လဲ ကိုစိုင်း''
'' မနက်ဖြန်မိတ်ဆက်ပေးစရာရှိလို့လေ ထုံလေး
အားပါ့မလားလို့ ကျွန်တော်က အားနာနေတာ''
'' ဘာအားနာစရာလိုလို့လဲ ကိုစိုင်းရယ် .. မိတ်ဆွေ
တွေပဲ လိုမှမလိုတာ ကဲပြောပါဦး မနက်ဖြန်ထုံလေး
နဲ့ ဘယ်သူ့ကို မိတ်ဆက်ပေးမလို့လဲ ကိုစိုင်းမိတ်
ဆက်ပေးဖို့ ခဏခဏပြောချက်အရဆိုရင် ကိုစိုင်း
အတွက် အရေးပါအရာရောက်တဲ့သူ ဖြစ်လိမ့်မယ်
ဟုတ်တယ်မလား''
ထုံလေးအမေးအား ကိုစိုင်းခေါင်းတဆတ်ဆတ်
ငြိမ့်ပြီးသာ ငြိမ်နေသည်။ ပြုံးတုန့်တူန့်နှင့် ကိုစိုင်း
အမူအယာကြောင့် ထုံလေးရင်ထဲ ဝမ်းနည်းခြင်း
လှိုင်းတပိုးတွေ ရိုက်ခတ်လာသည်။ သို့ပေမယ့်
ဘယ်တော့မှ မဖြစ်နိုင်တော့မှန်း ကိုစိုင်းကို မေ့ပြစ်
ဖို့ကြိုးစားပြီးသား။ ကိုစိုင်းလို စိတ်သဘောထား
ကောင်းပြီး နူးညံ့ဖြူစင်တဲ့သူက အမည်းစက်တွေ
နဲ့ မဖြူစင်တော့တဲ့ ထုံလေးနဲ့မထိုက်တန်ပါဘူူ။
ထို့ကြောင့် ကိုစိုင်းအတွက် ထုံလေးဝမ်းသာပါတယ်။
'' ဆိုပါတော့ မနက်ဖြန်ရောက်မှ သူ့ကိုထုံလေးနဲ့
မိတ်ဆက်ပေးမယ် အဲ့ချိန်ထုံလေး အံ့သြသွားမှာ
သေချာတယ်''
ဪ ကိုစိုင်းရယ် မုန်းလို့စွန့်လွှတ်ခဲ့ကြတာမှ
မဟုတ်ပဲ။ ထုံလေးရင်ထဲမှာ ကိုစိုင်းအတွက်ခံစား
ချက် ရှိနေမှန်းလဲ သိပါတယ်။ ခုလိုကိုစိုင်းရဲ့
ဘာမှမဟုတ်တဲ့ လုပ်ရပ်ကလေးကို ထုံလေးစိတ်
မကောင်းဖြစ်နေတာ ကိုစိုင်းအလှည့်တုန်းက ဘယ်
လောက်ထိများ ခံစားခဲ့ရမလဲ ကိုယ်ချင်းစာမိပါ
တယ်။ မတွေးတော့ဘူး ဆုံးဖြတ်ထားပေမယ့် ထို
အရာတွေက ခေါင်းထဲ ဝင်ဝင်လာ၍ အတိတ်ကို
မုန်းမိသည်။
ဘာပဲဖြစ်ဖြစ် ကိုစိုင်းအတွက် ထုံလေးဝမ်းသာပါ
တယ်။
''ကျွန်တော် ပြန်တော့မယ်ထုံလေး၊ မိုးလဲမှောင်လာ
ပြီ မနက်ဖြန် မနက်ဆယ်နာရီအချိန် ကျွန်တော်လာ
ခေါ်မယ် ထုံလေးအဆင်သင့်ပြင်ဆင်ထားလို့ရတာ
ပေါ့''
'' ဟုတ် ကိုစိုင်း ဂရုစိုက်ပြန်နော် ညမိုးချုပ်နေပြီ''
စိုင်းဝဏ္ဏ နှုတ်ဆက်ပြီး ပြန်လာခဲ့ရပေမယ့် စိတ်
တွေက ထုံလေးအနားသာ ကျန်ရစ်နေခဲ့သည်။
မသင့်တော်တဲ့ အနားအထားမှာ အိန္ဒြေရေသိက္ခာ
တွေ ကြောင့်သာစောင့်ထိန်းထားရတယ် တကယ်ပါ
ကိုယ်ဝန်ခံပါတယ် ထုံလေးရယ် မင်းကို တစ်ရက်မှ
ယနေ့ချိန်ထိ မေ့မရခဲ့ပါဘူး။ မဖြစ်နိုင်တဲ့အခြေ
အနေမှာ စွန့်လွှတ်ခဲ့ရပေမယ့် ကိုယ့်ရင်ထဲမှာ မင်း
က ကိုယ့်ရဲ့ ထာဝရ မိန်းကလေးပါ။
မင်းမှာအပြစ်မရှိခဲ့ပါဘူး။
ဖြစ်စင်အပြစ်ကင်းစင်တဲ့ မင်းလေးက ဒီလိုလုပ်ရပ်
မျိုး ကိုယ့်အပေါ်မလုပ် ရက်ခဲ့ဖူးဆိုတာ ကိုယ်သိ
တယ်။
ထားလိုက်ပါတော့... ကိုယ်တို့ရဲ့ ကံကြမ္မာကိုက
ဝေးဖို့ပါလာခဲ့တာပဲနေမှာပါ။
မနက်ဖြန်အတွက် ထုံလေးရင်ခုန်နေမှာကို သူတွေး
ပြီး သိနေသည်။
°°°°°°°°°
'' 📲📲📲''
'' ဒီချိန်ကြီး အင်းဟင်း..''
ကြီးမေကို ပြုစုရ၍ ထုံလေးနှင့်စံပယ်ပင်ပန်းပြီး
ယနေ့မှ ညစောစောအိပ်ယာဝင်ကြသည်။
အချိန်မတော် ဝင်လာသည့် ဖုန်းကြောင့် ထုံလေး
အိပ်ချင်မူးတူးညည်းညူရင်း ခေါင်းရင်းမှဖုန်းလေး
ကို မျက်စိမဖွင့်ပဲ လှမ်းယူရင်း ပါးနားကပ်ကာ..
'' ဟယ်လို ဘယ်သူလဲ''
'' မင်းပြန်မလာသေးဘူးလား''
ထုံလေး ဖုန်းထဲမှအသံကြောင့် မျက်စိတွေပြူး
ကျယ်သွားသည်။ အိပ်ချင်တဲ့စိတ်ပါကြက်ပျောက်
ငှက်ပျောက်။ သူပဲ.. သူအသံ ဆူအောင့်အောင့်
က တစ်ခုခုကိုအလိုမကျနေမှန်းသိသာသည်။ ဘေး
နားမှာ ကွေးကွေးလေးအိပ်နေတဲ့ စံပယ်နိုးမှာစိုး၍
ထုံလေးအိပ်ယာမှထကာ ခြံထဲလဲညအချိန်ကြီး
မဆင်းရဲ၍ မီးဖိုခန်းဘက် သူနှင့်ဖုန်းပြောရန်ထွက်
လာလိုက်သည်။
''ပြောနေတာကြားလား မင်းမှာယောကျ်ားရှိသေး
တယ် ဆိုတာသတိရသေးလား မြသင်းထုံ''
အပြစ်တင်သံက အရင်ထွက်လာပြီ။ အဲ့ဒါတွေပဲ
သူ့ကို ထုံလေးမကြိုက်တာ။ သူဖြစ်ချင်တာသိတတ်
တဲ့ တစ်ကိုယ်ကောင်းသမား။ တိတ်ဆိတ်နေတဲ့
ညအချိန်ကြီးထဲ ကြီးမေနှင့် အိပ်နေကြသည့် သူများ
နိုးမှာစိုး၍ အသံကိုထိန်းရင်း...
''ဒီမှာ ညကြီးအချိန်မတော် ရှင်ဘာဖြစ်နေတာလဲ
ကြီးမေတို့ အိပ်နေကြပြီ ပြောစရာရှိရင် မနက်မှ
ဆက်ခဲ့ ခုအိပ်တော့''
ထုံလေး အသံအုပ်အုပ်လေးနှင့် သူ့ကိုပြောပြစ်
သည်။
'' ဖုန်းမချနဲ့နော် ''
သူ့အသံက အမိန့်ပေးနေတာ မဟုတ်ပဲ တောင်းဆို
နေတဲ့ အသံလေးနှင့်။ ထုံလေးထူးဆန်းနေတဲ့
တစ်ဖက်မှ သူ့စကားသံကို အသက်အောင့်ပြီး နား
ထောင်နေသည်။ သူ့ဘာတွေပြောလာမယ်ဆိုတာ
ကို အာရုဏ်စိုက်ရင်း နားစွင့်နေရတာ ပင်ပန်းလှ
သည်။ မထင်လျှင်မထင်သလို ထင်တိုင်းကြဲတတ်
တဲ့ သူ့အကျင့်တွေကြောင့်ပါ။
'' ငါနေမကောင်းဘူး မနက်ဖြန်မင်းပြန်လာခဲ့တော့
ငါနေကောင်းအောင်လာပြုစုပေး ခုအရမ်းဖျားနေ
တယ် ကိုယ်တွေလဲအရမ်းပူနေတယ် အနားမှာပြုစု
ပေးမဲ့သူလဲ ဘယ်သူမှလဲမရှိဘူး''
ကြည့်စမ်း...သူတစ်ခါမှ မပြောဖူးတဲ့ လေသံနဲ့
ထုံလေးကို ပြောနေတာလား။ ထုံလေးအိမ်မက်
မက်နေတာတေယ့ မဟုတ်ပါဘူးနော်။ မသိလျှင်
ချစ်သူအချင်းချင်း ချွဲနေတဲ့လေသံနှင့်။ ဟင်း...
ကြက်သီးထလိုက်တာ ။ ဘာအကြံတွေထုတ်နေလဲ
မသိဘူး ။ ရှင့်စိတ်ကို ခုချိန်ထိ ကျွန်မ ခန်းမှန်းမရ
တာ အထူးအဆန်းတော့ မဟုတ်။
သူနှင့် ပတ်သက်သည့် အတွေးပေါင်းစုံက ထုံလေးကို ခေါင်းရှုပ်စေသည်။
'' မနက်ဖြန်ပြန်လာခဲ့တော့နော် ကို နေမကောင်းဘူး
အနားမှာ မင်းရှိမှဖြစ်မှာ .. အိမ်မှာငါတစ်ယောက်
တည်း ဘယ်သူမှ ဂရုစိုက်မဲ့သူလဲမရှိဘူး ''
အဓိပတိ ကိုယ့်အသံကိုယ် ပြန်နားထောင်ပြီး
မျက်နှာတွေပါ နီမြန်းလာသည်။ ငါဘာတွေပြောနေ
တာပါလိမ့်။ သတိရတဲ့စိတ်က မထိန်းနိုင်တော့
မာနတွေ ခဝါချပြီး သူတောင်းဆိုနေတာ။ သူ့ကိုယ်
သူ ပြန်တွေးပြီး ရှက်လာသည်။
'' နေမကောင်းရင် ဆရာဝန်ခေါ်ပေါ့ ကျွန်မပြန်လာ
တော့လဲ ရှင်သက်သာမှာမို့လား ဒီမှာကြီးမေလဲ
မသက်သာသေးဘူး''
'' ကျစ် မင်းခေါင်းထဲမှာ မင်း ကြီးမေကပဲအရေးကြီး
နေတာလား သူပဲလူလား ငါလဲနေမကောင်းဘူးလို့
ပြောနေတာကို ပြန်လာခဲ့''
'' ဟုတ်တယ် ကြီးမေထက် ဘယ်အရာမှအရေး
မကြီးဘူး ရှင်စကားကိုပြေပြေလည်လည်မပြော
တတ်ဘူးလား ဒေါသပဲလာထွက်ပြမနေနဲ့ ဒီကလူ
မမာက အသက်ကြီးပြီ ရှင်က အကောင်းကြီးကနေ
ဘယ်လို ထဖြစ်တာလဲ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်
ပေါ့''
'' တော်တော့ မြသင်းထုံ.. ငါနေမကောင်းရင်
ပြုစုရမှာ မင်းတာဝန်ပဲလေ ငါ့ကိုမေးခွန်းတွေပြန်မ
မေးနဲ့ကလန်ကဆန်လာမလုပ်နဲ့ မနက်ဖြန်ပြန်လာခဲ့''
'' ကလန်ကဆန်လုပ်နေတာ မဟုတ်ဘူး၊ ရှင်က
ကန့်လန့်လာတိုက်နေတာ ရှင်တို့ကချမ်းသာနေတာ
ပဲ ဘေးနားမှာအခြွေအရံတွေ ပြုစုပေးမဲ့သူ
အများကြီး ကြီးမေက ကျွန်မတစ်ယောက်ပဲရှိတာ
ရှင်တွေးမိလား ''
ဘယ်လိုမိန်းမလဲ မသိဘူး ၊ လူလေးနူးညံ့သလောက်
နူးနူးညံ့ညံ့ကို ဆက်ဆံလို့မရ။ ပြောလိုက်ရင် ရွဲ့မယ်
ဆိုတာကြီးပဲ ဘယ်တော့မှ ငြိမ်ခံလိုက်တယ်ဆိုတာ
မရှိ။ ဖျားချင်ယောင်ဆောင်နေတာပါ ပျောက်သွား
ချင်ပြီ။
'' မင်းလေ... တော်ပြီ ငါဘာမှဆက်မပြောဘူး
ပြန်လာခဲ့ မနက်ဖြန် ပြန်မလာရင် မင်းငါ့အကြောင်း
သိမယ်''
'' ရှင် နေဦး...ကျွတ်''
ဘယ်လိုလူလဲ ပြောချင်တာပြောပြီးချသွားတယ်။
'' လိုချင်တာကိုပဲ သိတတ်တဲ့ ရှင့်ကို ကျွန်မ မုန်းတာ
လဲ မပြောနဲ့ အဓိပတိ ရှင်ကိုက တမင်ဖန်တီးနေ
တာ ကျွန်မသိတယ် ရှင်နဲ့ကျွန်မကြားမှာဘယ်တော့
မှ ငြိမ်းချမ်းရေးရမှာမဟုတ်ဘူး''
တဇွတ်ထိုး သူ့စိတ်ကို သိနေတဲ့ ထုံလေး အိပ်ယာထဲ
မဝင်ဖြစ်ပဲ စိတ်ညစ်ညစ်နှင့် ထိုနေရာ၌သာ စိတ်
ပျက်စွာ ထိုင်နေမိသည်။ ည၏တိတ်ဆိတ်ခြင်းက
ထုံလေးကို မသာယာစေပဲ စိတ်ရှုပ်ခြင်းတွေနှင့်သာ
ကုန်ဆုံးစေခဲ့သည်။
°°°°°°°°°
Creator - ငွေသုန္ဒရီ -> 14