book

Index 12

အခန်း ၁၂

🌊ညှို့တတ်သော ပင်လယ်🌊


'' ကြီးမေ .. ''


ကြီးမေကိုခေါ်သည်ဆိုပေမယ့် အလန့်တကြားလှည့်

ကြည့်မိတာ ထုံလေးပါ။


'' ဟင်.. ထုံလေး ''


ရက်လ အလီလီတမ်းတ လွမ်းဆွတ်ခဲ့ရတဲ့ သူ။

ဘယ်တော့မှ ရင်ထဲ မေ့မရအောင် စွဲမှတ်ထားရတဲ့

သူ။ တမေ့တမျော မျက်ဝန်းချင်းဆုံ ငေးကြည့်နေ

ပြီးမှ အရင်သတိဝင် မျက်နှာလွှဲသူမှာ ထုံလေး။

အမှားလုပ်ခဲ့တာ မဟုတ်ပေမယ့် မှားခဲ့တဲ့ထုံလေး

ကပဲ သူ့ကိုရင်မဆိုင်ဝံ့။ ထို့ကြောင့် မျက်လွှာချပြီး

မားမားကြီးရပ်ကြည့်နေတဲ့ သူ့ကိုဘယ်လိုစကားမျိုး

နှင့် နှုတ်ဆက်ရမည်ကိုလဲ မတွေးတတ်တော့ပါ။

သူကတေယ့ အရင်လိုအရင်အတိုင်းပဲ အဖြူအစိမ်း

ဝတ်စုံနှင့် ရှင်းသန့်နေဆဲပါပဲ။


ကြီးမေကပဲ ဒီအခြေအနေကြီးကို အလိုက်သိနေ၍

နှစ်ယောက်လုံးရဲ့ တိတ်ဆိတ်မှု့ကို စတင်ဖြိုခွင်း

ပေးလိုက်သည်။


'' ဆရာစိုင်း လာပါ၊ ထိုင်ပါဦးကွယ် ''


'' ဟုတ် ဟုတ်ကဲ့ကြီးမေ''


ထုံလေးနှင့် မလှမ်းမကမ်းနေရာလေး၌ ဝင်ထိုင်

လိုက်ပေမယ့် အကြည့်တွေကတော့ မျက်လွှာချ

ငြိမ်သက်နေတဲ့ ထုံလေး၌သာမလွှဲ။ မတွေ့တာကြာ

လေ ပိုလှလာပေမယ့် မျက်နှာလေးချောင်နေသလို

အရင်ထဲက သေးကွေးတဲ့ ကိုယ်ခန္ဓာလေးက ယခုမှ

ပုဝါစလေးလို ပါးလွှာနေသယောင်။ သူပဲစိတ်ထင်

နေခဲ့တာလား။


'' ကျောင်းကနေ လာခဲ့တာလား ဆရာစိုင်း''


အဖြူအစိမ်းဝတ်စုံနှင့် သူ့ကိုမေးတဲ့ကြီးမေကို 

စိုင်းဝဏ္ဏ ခေါင်းငြိမ့်ပြုံးပြလိုက်သည်။


'' ဟုတ်ကဲ့ ကြီးမေ ကျွန်တော် ကျောင်းဆင်းတာနဲ့

တစ်ခါထဲ ကြီးမေဆီဝင်လာတာ ကြီးမေအတွက်

တောဆေးတောမြစ်တွေ လာပေးတာပါ ကြီးမေက

ဒူးလဲနာတယ်ပြောလို့ လိမ်းဆေးတွေပါ ပါတယ် ရွာ

ကနေ အမေပါးလိုက်လို့ပါ''


'' ကျေးဇူးပါပဲကွယ် ကြီးမေလဲ အင်္ဂလိပ်ဆေးထက်

တောဆေး ရိုးရာဆေးတွေပဲကုရတာ စိတ်ချမ်းသာ

တယ်''


'' ဟုတ်ကဲ့ ''


ကြီးမေနှင့် သူစကားပြောနေတာကိုပဲ ထုံလေးငြိမ်

သက်စွာ တိတ်ဆိတ်နေမ်ပေမယ့် ရင်ထဲမှာတော့

သူ့ကို စကားလုံးတွေအများကြီးနှင့်။ မမှားပေမယ့်

တောင်းပန်ချင်သည်။ သဘောထားပြည့်ဝတဲ့သူက

ထုံလေးကို အပြစ်မယူမှန်း ထုံလေးသိပေမယ့်

ကိုယ့်ကိုယ်ကိုယ်လိပ်ပြာမလုံပေ။


နှစ်ဦးလုံး နှုတ်ဆက်ရန် တိတ်ဆိတ်နေပေမယ့်

ရင်ထဲမှာတော့ စကားလုံးတွေနှင့် ပြည့်လျှံနေတာ

သူတို့နှစ်ဦးသာ အသိ။ ဒါကို ကြီးမေကနားလည်

ပုံနှင့် အလိုက်တသိစကားစပေးသည်။


'' ထုံလေးလဲ ဒီနေ့မှ ပြန်ရောက်တာလေ ကြီးမေ

နေမကောင်းလို့ ပြန်လာတာ၊ ကဲ သွားကြလေခြံထဲ

မှာ သူငယ်ချင်းတွေ စကားပြောကြ ကြီးမေ ပုတီး

စိပ်လိုက်ဦးမယ်''


ကြီးမေစကားကြောင့် ကိုစိုင်းနှင့်ထုံလေး အကြည့်

ချင်းပြိုင်တူ ဆုံသွားပြီး နှစ်ဦးသား လိုလိုလားလား

ခေါင်းငြိမ့်ကာ ခြံထဲဆင်းလာကြသည်။


•••••


'' ဟိုမှာနေရတာ အဆင်ပြေရဲ့လား''


'' ဟုတ်ကဲ့ ပြေပါတယ် ကိုစိုင်းလဲ အဆင်ပြေရဲ့

လား တာဝန်တွေနဲ့ တခြားနယ်ပြောင်းရမယ်ပြော

ပြီး မပြောင်းဖြစ်တာလား''


'' အဟွန်း..ကျွန်တော်က ဒီရွာလေးမှာပဲ စာသင်ရတာ

နှစ်သက်တဲ့သူဆိုတော့ စာသင်ရင်းအချိန်ကုန်ဖြတ်

သန်းနေတာ အဆင်ပြေပါတယ် ဒါကြောင့်လဲ ဘယ်

မှ အပြောင်းအရွေ့မတင်တော့တာ''


'' ....... ''


ခဏအတွင်း နှစ်ဦးကြား တိတ်ဆိတ်သွားပြန်သည်။

ထုံလေးမတွေးခဲ့ဖူးဘူး အရင်းနှီးဆုံးလူတွေကလဲ

ယခုလို ပြောစရာစကားမရှိအောင် စိမ်းသက်သွား

ရလိမ့်မယ်မှန်း မတွေးခဲ့ဖူးပါ။ ဒါတွေအားလုံးက

ဘယ်သူ့ကြောင့်လဲ။


ညနေခင်း အချိန်ပိုင်းဖြစ်၍ ရာသီဥတုက သာယာ

နေသလို လတ်ဆတ်တဲ့လေထုတွေကသာ စိတ်ကို

လန်းဆန်းစေသည်။ သို့သော် ထုံလေးစိတ်တွေတော့

မွှန်းကြပ်လွန်းနေသည်။ အဖြူအစိမ်းနှင့် ရှမ်းတိုင်း

ရင်းသားဖြစ်တဲ့ ကိုစိုင်းရဲ့အသားအရည်မှာဖြူတာ

ထက် အနီဘက်သန်းနေတဲ့ အသားအရည်က မျက်

နှာနှင့် မလိုက်ဖက်ပေမယ့် ထုံလေးနှစ်သက်ခဲ့ဖူး

သည်။ ကျောင်းဆရာတစ်ယောက် ဖြစ်၍လား ဒါမှ

မဟုတ် ကိုစိုင်းရဲ့ စထတ်ခံကပဲ နူးညံ့တတ်တာ

လား မသိ။ ထုံလေးတို့ရဲ့ အတိတ်က အရာရာကို

သူ တစ်ခါမှ အပြစ်မပြောပဲ လွယ်လွယ်နှုတ်ဆိတ်

ပေးတတ်သည်။


အတိတ်အကြောင်းတွေးရမှာ ထုံလေး

ကြောက်တယ်။ အဲ့ဒီအကြောင်းတွေ တွေးမိလျှင်

ရင်နှာစရာပဲမို့လေ။


'' ထုံလေး သတင်းတွေ ကျွန်တော်ကြားပါတယ်၊

အမှန်အတိုင်းပြောတာပါ ကျွန်တော် အရမ်းစိတ်မ

ကောင်းဖြစ်ရပါတယ်''


'' ထုံလေး ကံပဲပေါ့ ဘယ်တတ်နိုင်ပါ့မလဲ ကိုစိုင်းရဲ့

အဟင်း..''


'' ကြီးမေကျန်းမာရေးကြောင့် မဟုတ်ရင် ပြန်မလာ

တော့ဘူးမလား''


ထုံလေးသိတာပေါ့။ သူ့အသံတွေထဲ ယခင်လိုပဲ

နွေးထွေးမှု့တွေပါနေဆဲ။ တမ်းတခြင်းတွေပါနေဆဲ။

နူးညံ့မှု့တွေ ပါနေဆဲပါပဲ။ နှလုံးသားချင်းခံစားရ

နေပါတယ် ကိုစိုင်းရယ်။


'' ပြန်လာမှာပေါ့ ထုံလေးအကြောင်းကိစ္စလေးတွေ

ကြောင့် ပြန်လာမရတာပါ ထုံလေးပြန်လာချင်တာ

ပေါ့ ကိုစိုင်းရယ်''


'' ဆောရီး ထုံလေး ကိုယ့်မေးခွန်းတွေက ဘောင်

ကျော်သွားတယ်၊ အမှန်ဆို ကျွန်တော်ဒီလိုမေးခွန်း

ကိုမမေးသင့်ခဲ့ဘူး တောင်းပန်ပါတယ်''


'' ရပါတယ် ကိုစိုင်းရယ် တောင်းပန်ရမှာက ထုံလေး

ပါ ထုံလေးပဲမှားခဲ့တာပါ''


မျက်ရည်လေးဝဲပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေ

တဲ့ အသံသိမ်သိမ်လေးနီင့် ထုံလေးကို သူငဲ့ကြည့်

ပြီး ရင်နာသည်။ ကိုယ်အပိုင်လို့ တွက်ထားခဲ့တဲ့

အရာတွေကလဲ ဖူးစာကြောင့်မဟုတ်ပဲ ဦးရာကြောင့်

ကွဲလွဲသွားခဲ့ရတဲ့အတွက်လဲ ကြေကွဲမဆုံးပါပဲ။

တစ်သက်လုံးလက်တွဲသွားဖို့ နှစ်ဦးသားတိုင်တည်

သစ္စာကတိတွေဘယ်လောက်ပြုပြု ၊ နှစ်ဦးလုံး

ဘယ်လောက် သစ္စာရှိရှိ အနှောက်အယှက်တစ်ခု

ကြောင့်လဲ ဝေးကွာသွားတတ်ကြသည်လေ။


'' မမှားပါဘူး ဒီကိစ္စတွေမှာ ထုံလေးလဲမမှားခဲ့သလို

ကိုဥပဓိလဲမမှားဘူး၊ ကိုယ်တို့ရဲ့ ကံကြမ္မာကြောင့်ပဲ

ဖြစ်ခဲ့ရတဲ့ ကိစ္စရပ်အတွက် တောင်းပန်ဖို့မလိုပါဘူး

ထုံလေးရယ် ကျွန်တော်ခွင့်လွှတ်ပြီးသားပါ''


'' ဒါပေမယ့် ထုံလေးအပြစ်ရှိပါတယ်''


'' မေ့လိုက်ကြစို့ ကျွန်တော်လဲ မေ့ထားခဲ့ပြီးပြီ

ခုချိန်ထုံလေးက ကျွန်တော်ရင်ထဲက အမြဲထာဝရ

ညီမလေးပဲနော် မငိုနဲ့တော့''


သူ နှစ်သိမ့်မှ ထုံလေးမျက်ရည်တွေ ပိုကျလာသည်။

အရင်က အတူတူဖြတ်သန်းခဲ့တဲ့ အချိန်တွေကို

ထုံလေးဘယ်တော့မှ မေ့သွားမှာမဟုတ်ဘူး။ သူ့ကို

လဲ ထုံလေး မေ့နိုင်မှာမဟုတ်ဘူး။ သူတို့တွေနဲ့

တခြားစီပဲ။ ထုံလေးအပေါ်ဆို ဘာလိုချင်တပ်မက်

မှု့တွေမှမပါပဲ အမြဲနူးနူးညံ့ညံ့ဆက်ဆံခဲ့တာ၊ အမြဲ

အလိုလိုက် ဂရုစိုက်ပေးခဲ့တာ။ အဲ့ဒီမေတ္တာတွေက 

ထုံလေး ကိုစိုင်းတစ်ယောက်ဆီကပဲ ရခဲ့ဖူးတာပါ။


'' မမလေး''


'' ဟင်''


မျက်ရည်တွေ မတိတ်နိုင်တဲ့ ထုံလေးကို သူသုတ်

ပေးနေရာမှ အထိတ်တလန့် စံပယ်ရဲ့ခေါ်သံကြောင့်

ရုတ်တရက်နှစ်ဦးသားလန့်သွားသည်။ ဘာစိတ်မှ

မပါပဲ နှစ်သိမ့်ပေးနေတာ ဆိုပေမယ့်လဲ တစ်ချိန်က

ဘယ်လိုပဲဆိုင်ခဲ့ဆိုင်ခဲ့ ယခုချိန်မှာ သူမသည်

 အိမ်ထောင်ရှင်မ။ ခုလိုအနေအထားကြီးက အမြင်

မသင့်တော်၍  စိုင်းဝဏ္ဏအားနာမိကာ မျက်စိမျက်နှာ

ပျက်ယွင်းသွားသည်။ ထိုကောင်မလေးကလဲ

မျက်လုံးကြီး ပြူးကာ စူးစမ်းကြည့်နေတာကြောင့်

သူပိုအနေခက်လှသည်..


'' မာမီကြီး ဖုန်းဆက်တယ် မမလေး''


'' ဟုတ်ပြီ စံပယ် ထုံလေးခုလာခဲ့မယ်နော်''


'' ဟုတ်ကဲ့ မမလေး''


ထိုကောင်မလေးထွက်သွားပေမယ့် လှည့်ကြည့်

လှည့်ကြည့်နှင့်သာ။ စိုင်းဝဏ္ဏအားနာနေသော်

လည်း ထုံလေးကတော့ ဘာကိုမှဂရုမစိုက်သဖွယ်။

မျက်ရည်တွေသာ သုတ်နေ၍ သူသက်ပြင်းရှည်ကြီး

ခိုးချရင်း ...


'' ကျွန်တော်ပြန်တော့မယ် ထုံလေး ညနေပိုင်း

ကလေးတွေကို ကျူရှင်သင်ပေးရဦးမှာမို့ပါ''


'' ထုံလေး မပြန်ခင်လေး ကိုစိုင်းကို ထမင်းဖိတ်

ကြွေးပါဦးမယ် ကြီးမေအတွက်ဆေးတွေလာပေး

လို့လဲ ကျေးဇူးတင်ပါတယ်နော်''


'' ပြောစရာမှမလိုပါဘူး ထုံလေးရဲ့... ကျွန်တော်လဲ

ထုံလေးကို မိတ်ဆက်ပေးစရာလူ ရှိသေးတယ်

နောက်နေ့မှပဲ ဆုံကြတာပေါ့ ခုတော့ကျွန်တော်ပြန်

ဦးမယ်နော်''


'' ဂရုစိုက်ဦးနော် ကိုစိုင်း''


ကိုစိုင်းက ဘယ်သူနဲ့များ ထုံလေးကို မိတ်ဆက်ပေး

မှာပါလိမ့်။ ထုံလေးနားမလည်စွာနှင့်ပဲ 

သူခေါင်းငြိမ့် နှုတ်ဆက်ထွက်သွားသည်ကို ထုံလေး

မျက်တောင်မခတ်ကြည့်နေမိသည်။ အရင်အချိန်

တွေကို သတိရသည်။ အရင်ကထုံလေးသည်လဲ

ကျောင်းဆရာမ တစ်ယောက်ပါပဲ။ ကိုကြီးကြောင့်

သာ အလုပ်ကအပြီးအပိုင်ထွက်လိုက်ရတာ။ သူတို့

ညီအကိုအကြောင်းတွေးလျှင် ထုံလေးမုန်းရလွန်းလို့

ဘာမှမတွေးချင်။ ထုံလေးအပေါ် နူးညံ့တဲ့ကိုကြီး

ထက် ရိုင်းစိုင်းတတ်တဲ့ အဓိပတိအား ပိုမုန်းသည်

ဆိုပိုမှန်ပေသည်။


•••••


'' ဟုတ်ကဲ့ သက်သာပါတယ် အန်တီ''


'' နယ်မှာကုရတာထက် မြို့မှာဆေးဝါးစုံစုံလင်လင်

နဲ့ ကုရတာဆို ပိုကောင်းတာပေါ့ မင်းတို့တစ်ရက်

နှစ်ရက်လောက်နားပြီး ကြီးမေကိုပါ ရန်ကုန်တစ်ခါ

ထဲ ခေါ်ခဲ့ပါလား ဒါဆိုပိုအဆင်ပြေတာပေါ့ မင်းလဲ

နီးနီးကပ်ကပ် ပြုစုရတာပေါ့''


'' ဟုတ်ကဲ့ အန်တီ ကျွန်မကြီးမေကိုမေးကြည့်ပါဦး

မယ် အရင်ထဲက ကြီးမေက ရန်ကုန်မှာနေရတာ

မ​ပျော်ဘူးပြောလို့ပါ''


'' ဟုတ်ပြီ ဟုတ်ပြီ သေချာလေးနားချလိုက်ပေါ့

အသက်ကြီးပြီဆိုတော့ အဝေးမှာ လူကြီးတစ်

ယောက်ထဲထားရတာ စိတ်မချရဘူး''


'' ဟုတ်ကဲ့ပါ အန်တီ''


'' ဒါပဲနော် လိုအပ်တာရှိရင်ဖုန်းဆက်လိုက်နော်

ကြီးမေရဲ့ ကျန်းမာရေးအခြေအနေလဲ ဖုန်းဆက်ပြီး

ပြောဦး''


'' ဟုတ်ကဲ့''


မာနဖုန်းချပြီး ရှစ်ခေါက်ချိုးဖြစ်နေတဲ့ သူ့မျက်နှာ

ကို ကြားတယ်နော်ဆိုတဲ့ သဘောမျိုးနှင့်ကြည့်လာ

သည်။ ဖုန်းဆက်ချင်တာက သူ။ မာနတွေနှင့်ဆက်

ဖို့ကို တွန့်ဆုပ်နေ၍ မာမီကိုတစ်ဖက်လှည့်နှင့် 

ကြီးမေအခြေအနေက်ု မေးခိုင်းရတာပါ။ 


'' ကြားတယ်နော် သက်သာတယ်တဲ့ ''


'' မာမီကလဲ သူတို့လမ်းခရီးသွားရတာ အဆင်ပြေ

လား ဘာညာကိုမမေးလိုက်ဘူး''


'' သားငယ် မင်းဒီနေ့လုပ်သမျှအကုန်ထူးဆန်းနေ

တာ မဟုတ်ဘူး စကားတွေပါ အရမ်းများပြီးထူး

ခြားနေတာ မင်းဘာဖြစ်နေတာလဲ သိချင်ကိုယ်တိုင်

မေးပါလား မာမီ့ကိုပါအပြစ်မရှိအပြစ်လာရှာနေတာလား''


'' ဘာမှမဖြစ်ဘူး မာမီ့ကိုဘယ်မှာ အပြစ်ရှာနေလို့လဲ''


အဓိပတိ မုန့်မရတဲ့ကလေးတစ်ယောက်လို

မျက်နှာက တင်းနေသည်။ မာမီက ပြုံးချင်နေတဲ့

မျက်နှာကို အတင်းတည်ထားပုံနှင့် သူ့အားလှောင်

နေတာကို သိပေမယ့် သတိမထားနိုင်။ 


မုန်းဖို့ ကောင်းတဲ့ မိန်းမ ။ သူ့နာမည်လေးကို တစ်

ခွန်းမှကို မဟ ၊ အဆင်ပြေလားမေးဖော်ပင်မရ

တဲ့ မြသင်းထုံကို သူစိတ်တိုသည်။


'' မင်းစကားပြောချင်ရင်လဲ ကိုယ်တိုင်ဖုန်းဆက်လဲ

ရနေတာပဲ မာမီကိုဓားစာခံ လုပ်တာတော့ မဟုတ်

သေးဘူး။ ဘာလဲ တစ်ရက်ကလေးပဲ ရှိသေးတယ်

မုန်းတယ်မုန်းတယ်နဲ့ သတိရနေတာလား''


'' ကျွတ်... မာမီကလဲ ဆက်စရာလား ကျွန်တော်က

သူ့ကို ဘာလို့ဖုန်းဆက်ရမှာလဲ''


အနာပေါ် တုတ်ကျသလို သူဆတ်ဆတ်ထိ မခံဖြစ်

ရင်း ရှက်ရမ်းရမ်းကာ ရုပ်တည်နှင့် ပြောနေတဲ့ 

မာမီကို ဘာပြန်ပြောရမည်မသိတော့။


'' တစ်ခါမှ မလာဖူးတဲ့မာမီအိမ်ကို တကူးတကလာ

ပြီး ဖုန်းဆက်ခိုင်းတာ ဘာသဘောလဲ မင်းကိုယ်

မင်းပဲ အသိဆုံးနေမှာပေါ့''


'' ကိုယ့် အမေအိမ်ကိုယ်လာတာ မလာရဘူးလား''


'' အမေအိမ်တော့ တံခါးမရှိဓားမရှိလာလို့ရတယ်

မိန်းမကိုတော့ တကူးတက ဖုန်းဆက်ခိုင်းလို့မရဘူး

နောက်တစ်ခါပြောချင်ရင် ကိုယ်တိုင်ဆက် အဲ့လိုမှ

မဟုတ်ရင်လဲ နယ်လိုက်သွား''


'' မာမီ ဘာဖြစ်နေတာလဲ ဒီနေ့မာမီနဲ့ စကားပြောရ

တာ အဆင်ကိုမပြေဘူး''


'' ဟောတော်..''


သားဖြစ်သူ မျက်နှာကိုကြည့်ပြီး ဒေါ်ပပလှိုင်

စနေမိသည်။ ကြည့်ပါလား ကိုယ်ပိုင်စီးပွားရေးကို

ဦးဆောင်နိုင်တဲ့ သူတစ်ယောက်က ကလေးလို

စူပုတ်ပြီး အလိုမကျဖြစ်နေတာ မိခင်ဖြသ်တဲ့ သူမ

ပင် ငယ်ငယ်ကလွှဲလို့ ယခုမှပထမဦးဆုံးမြင်ဖူး

ခြင်းပါပဲ။ သားကြီးအတွက် စိတ်မကောင်းဖြစ်ပြီး

မစားန်ုင်မရယ်နိုင်ဖြစ်နေရတာ အတော်ကြာနေခဲ့

လေပြီ။ ယနေ့မှ ဒေါ်ပပလှိုင် နှစ်ခြိုက်စွာ ပြုံးမိတာ

သားငယ်နှင့် မုန်းပါတယ်ဆိုတဲ့ချွေးမကြောင့်။


ထိုင်ရာမှထပြီး ပြန်ရန်ပြင်နေသည့်သားကို ကြည့်ပြီး ...


'' ကဲ ဒီတစ်ခါ မာမီစကားအတည်ပြောမယ် ခဏထိုင်ဦး''


'' .......''


မထိုင်သေးပဲ မျက်မှောင်ကြုံ့ပြီး သူမာမီကို

အလိုမကျကြည့်သည်။


'' မင်းဒက်ဒီအကြောင်းမေးမလို့ ခဏထိုင်ဦး:'


'' မပြောချင်ဘူး ဗျာ သိချင်ရင်မာမီကိုယ်တိုင်

ဒက်ဒီဆီ ဖုန်းဆက်မေး ''


'' ဟယ် ဒီကောင်လေးတော့''


သူ့အား စနေတဲ့ မာမီကို သူပြန်လှည်ချေပပြီး

ထွက်လာခဲ့သည်။ မာမီရဲ့ မကျေနပ်သံလေးက

တော့ သူ့နောက်ကျောမှာ ကျန်ရစ်ခဲ့သည်။


ထိုအခိုက်အတန့်လေးမှာပဲ သာနှင့်မာမီကြားမှ

စိမ်းသက်ခြင်းတွေ ရင်းနှီးမှု့ရသွားလေသည်။


အဓိပတိ မာမီခြံထဲမှ ကားကိုမောင်းထွက်ခဲ့ပြီး

သူ့အကြောင်းကို မေးဖော်မရတဲ့ မြသင်းထုံအား

တွေးတွေးပြီး ဒေါသထွက်နေမိသည်။


ဘယ်လို မိန်းမမှန်းမသိ.. ယောကျ်ားတစ်ယောက်

လုံးကို ပြစ်ထားပြီး အဆင်ပြေမေးဖော်မရတဲ့ 

မိန်းမ။


•••••

Creator - ငွေသုန္ဒရီ ->13


rate now: