book

Index 11

အခန်း ၁၁

🌊ညှို့တတ်သော ပင်လယ်🌊


ခါးထောက်ပြီး ထုံလေးကိုစီးမိုးကြည့်ကာ မေးနေတဲ့

သူ့ကို စူးစူးကြီးသာကြည့်ပြီး ဘာမှပြန်မဖြေချင်။ 

သူ့ကိုမုန်းတယ်။ သူ့ကြောင့်ခုလိုတွေ ဖြစ်နေရတာ။

တရားခံကသူပဲ..  သူတစ်ကိုယ်ကောင်းဆန်လို့ ခုလို

ဖြစ်နေရတာ။ 


အဝတ်တွေထည့်လိုက် မျက်ရည်သုတ်လိုက်နှင့် 

သူ့ကို အလေးမထားသလိုဆက်ဆံနေတဲ့ မြသင်းထုံ

အနား တိုးကပ်သွားပြီ ဒူးထောက်ထိုင်ချလိုက်

သည်။ မာမီရှင်းပြ၍ သိပြီးသားဆိုပေမယ့် သူမက

သူ့ကို ဂရုမစိုက်တော့ စိတ်ထဲချဥ်လာသည်။


တိတ်တဆိတ်နေနေတဲ့ သူမလက်မောင်းလေးအား

ဆောင့်ဆွဲလိုက်မှ မော့ကြည့်လာတာ မျက်ရည်

တွေပြည့်လို့....


'' မေးနေတာ ဘာလုပ်မှာလဲ အဝတ်ထည့်ပြီး...''


'' ကြီးမေ နေမကောင်းဘူး ကျွန်မနယ်လိုက်သွား

မလို့ ရှင်ဘာသိချင်သေးလဲ''


'' မင်းကိုဘယ်သူသွားခိုင်းလဲ''


သူ့မေးခွန်းက ထုံလေးအသည်းနာသွားသည်။

သူသွားခိုင်းမှ သွားရမည်ဆိုတဲ့ သဘောနှင့်ပြော

နေတာ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလိုက်သ

လဲ။ သူပိုင်တယ်သူနိုင်တယ်ဆိုတဲ့ အချိုးကလုံးဝ

မလျော့။ စိတ်ပျက်ဖို့အလွန်ကောင်းတဲ့ သူ့နှုတ်မှ

ထွက်လာမည့် စကားတွေကို ထုံလေးနားမထောင်

ချင်ပေမယ့်လည်း...


'' ကျန်းမာရေး​ဖြစ်လို့ သွားရမှာ ရှင်ကျွန်မကို 

အရမ်းကို မချုပ်ချယ်နဲ့တော့ ကျွန်မလဲသည်းခံနိုင်

သမျှ သည်းခံခဲ့ပြီးပြီ ပြန်လာမှာစိတ်ချ ဘာမှမပူနဲ့''


'' မင်းကိုစိတ်ပူလို့ပြောနေတာ မဟုတ်ဘူး မင်းမရှိ

ရင် ဒီအိမ်မှာငါကဘယ်သူ့ကို ခိုင်းရမှာလဲ ငါတစ်

ယောက်ထဲလဲ အိမ်မှာမနေချင်ဘူး''


'' တစ်ယောက်ထဲမနေတတ်ရင် မိန်းမဆယ်ယောက်

ယူထားလိုက် တစ်ယောက်ခရီးထွက်ရင် ကိုး

ယောက်ကကျန်နေရင် နေတတ်ပြီမလား ရှင်တို့

ချမ်းသာနေတာပဲ ခိုင်းစရာလူခေါ်ပေါ့ ကျွန်မမရှိတဲ့

ရက်အတွင်း ပြန်လာမှအတိုးနဲ့ခိုင်း ဟုတ်ပြီလား''


'' ​မင်းငါ့ကိုဘာမှပြောစရာမလိုဘူး ငါယူချင်ယူ

မယ် မယူချင်မယူဘူး ''


နှုတ်ခမ်းတွေမဲ့ပြစ်တော့...


'' ငါ့ကိုမရွဲ့နဲ့...''


ကျန်းမာရေးကို နားလည်ပေမယ့် မြသင်းထုံမရှိပဲ

သူတစ်ယောက်ထဲနေရမည့် အိမ်ကြီးထဲ စဥ်းစား၍

ပါမရ။ ဘယ်လောက်များခြောက်သွေ့နေမလဲ။

ဒါကို သူမ ကမသိ။  သူအိမ်ရောက်တာနှင့်မာမီ

​ရှင်းပြ၍ အကုန်သိပြီးပြီ။ အသက်ကြီးလို့ တခါ

တလေနေမကောင်း ဖြစ်တာကို ငိုကြီးချက်မနှင့်

မယ်မင်းကြီးမက အထုတ်တွေပါပြင်နေပြီ။ ကျန်း

မာရေးကို နားလည်ပေးနိုင်ပေမယ့် အကဲပိုနေတဲ့

မြသင်းထုံပုံစံကိုတော့ သူ စိတ်ဘဝင်မကျ။


'' ဖယ်တော့ .. ဧည့်ခန်းမှာရှင့်မာမီ စောင့်နေတယ်

ရှင်းပြနေလဲအပိုပဲ နားမှမလည်တာ ဖယ်''


အခန်းတံခါးနား သူ့ကိုယ်ကြီးတကားကားနှင့်

လိုက်ပိတ်နေတဲ့ သူ့ကိုပူပန်နေတဲ့စိတ်က ဘာမှ

တွေးမရပါပဲ အားအင်ပြည့်နေကာ တွန်းလွှတ်ပြစ်

သည်။ ခရီးဆောင်အိတ်ဆွဲပြီး ဧည့်ခန်းထဲစောင့်

နေတဲ့ ဒေါ်ပပလှိုင် ထွက်လာခဲ့တာ သူဘယ်လိုဖြစ်

ကျန်နေမလဲ မစဥ်းစားတော့။ဆိုဖာပေါ်ဝင်ထိုင်ပေ

မယ့် စိတ်ကကြီးမေထံသာ ပြေးသွားချင်နေလေပြီ။

မျက်နှာမသာမယာနှင့် ခြေလှမ်းကျဲကြီးနှင့် နီးနီး

ကပ်ကပ် လာထိုင်သည့် အဓိပတိကို စိတ်ပျက်စွာ

လှမ်းကြည့်ပြီး မျက်စောင်းထိုးပြစ်သည်။ သူကလဲ

မျက်မှောင်ကျုံ့ပြသည်။ သူ့မာမီရှေ့မှာဖြစ်နေ၍

နှစ်ယောက်လုံး စကားသံမထွက်ပေမယ့် မျက်ဝန်း

ချင်းဆုံကာ အသံတိတ်ရန်ဖြစ်နေကြသည်။


နှစ်ယောက်လုံးအခြေအနေကို အကဲခတ်နေသည့်

ဒေါ်ပပလှိုင် သက်ပြင်းချသံမှာ သူတို့နှစ်ယောက်ရဲ့

တိတ်ဆိတ်မှု့ကိုပါ လွှမ်းမိုးသွားခဲ့သည်။


'' သားကလဲ မသွားနဲ့တဲ့ မင်း ကြီးမေကိုပြုစုပေးဖို့

ကောင်မလေးတစ်ယောက်လွှတ်ပေးလိုက်မယ်ပြော

နေတယ် မင်းဘယ်လိုလုပ်မလဲ မြသင်းထုံ မင်းဆန္ဒ

ကိုပြော''


'' အို.. သူပြောတာနဲ့ပဲ ကျွန်မက မသွားပဲနေရမှာလား

ခုက အပျော်သွားတာမှ မဟုတ်တာအန်တီကိုယ်တိုင်

လဲသိနေတာပဲ၊  ဒါတော့ကျွန်မ

လုံးဝ လက်မခံဘူး ကြီးမေကိုကျွန်မကိုယ်တိုင်ပဲ

ပြုစုမယ် ဘယ်သူမှ လွှတ်ပေးစရာလဲမလိုဘူး''


'' မင်းငါ့ မာမီကိုရန်တွေ့နေတာလား ..''


'' ရှင်းပြနေတာ ရှင်ဘာမှလာမပြောနဲ့ ကျွန်မလူကြီး

တွေကို ကောင်းကောင်းဆက်ဆံတတ်တယ် ရှင့်လို

မဟုတ်ဘူး  ရှင့်ကြောင့်ခုလိုဖြစ်နေရတာ''


'' မင်းလဲ ရိုရိုသေသေ အေးအေးဆေးဆေးပြော

လေ''


'' ကျွန်မက ခုရိုင်းနေလို့လား''


ကြီးမေကို စိတ်ပူနေလို့ ထုံလေးစကားသံ အနည်း

အကျည်းကျယ်သွားတာ လက်ခံသည်။ ဒါပေမယ့်

သူပြောနေသလို ရိုင်းရိုင်းပျပျ ပြောဆိုနေတာ 

မဟုတ်တာတော့ ကာယကံရှင် ဒေါ်ပပလှိုင်သိသည်။

သူပဲ နားမလည်တာ တမင်အပြစ်ရှာနေတာ။


'' မင်း​ပုံစံက မာမီကိုရန်တွေ့နေသလိုပဲ အဲ့လောက်

ထိ ရိုင်းနေတာ ငါ့ကိုမေးစရာမလိုဘူး မင်းသတိထား''


''ရှင်...''


''ကဲ တော်ကြတော့ ''


သူတစ်ခွန်းကိုယ်တစ်ခွန်းနှင့် ရန်ဖြစ်ကြတော့

မည့် သားနှင့်မြသင်းထုံကို ပိတ်အော်လိုက်မှတိတ်

သွားကြသည်။ အကြည့်တွေကတော့ ကလေးတွေ

လို မကျေလည်နိုင်ပဲ စွေစောင်းကြည့်နေကြသည်။

မိမိကျန်းမာရေးမကောင်းတာပါ ပျောက်ချင်သလို

ဖြစ်သွားတာ သူတို့နှစ်ယောက်ကို ကြည့်ပြီးမှပါ..


'' ဘယ်လိုဖြစ်နေကြတာလဲ မင်းတို့ကလေးတွေ

လား "


'' သူ့ကို စိတ်တိုလို့မာမီ''


'' တော်တော့သား ခုကကျန်းမာရေးကြောင့်သွား

ရမှာ ဘာမှပြောမနေနဲ့တော့ ကောင်မလေးတစ်

ယောက်ပါ အကူထည့်ပေးလိုက်မှာ အိမ်ကဒရိုင်ဘာ

ဦးပုတုနဲ့သွားခိုင်းမှာ မင်းဘာမှစိတ်မပူနဲ့ ပိုစိတ်ချရ

တာပေါ့။ ဟိုမှာဘယ်နှစ်ရက်ကြာမလဲတော့ မသိဘူး 

လမ်းခရီးကတော့ တစ်ညအိပ်လောက် ကားစီးရ

မယ်ပြောတယ် ဒါမသွားလို့မဖြစ်ဘူး  ''


မာမီစကားကို လက်မခံချင်ပေမယ့် မနာခံ၍လဲမရ။

ထပ်မံတားဆီးရန် မာနကလဲ လက်မခံ။


'' မဟုတ်သေးပါဘူးမာမီရာ လူလွှတ်လိုက်လဲ

နေရတာပဲ သူကိုကအကဲပိုနေတာ''


ဒေါ်ပပလှိုင် စီစဥ်ပေးတာအဆင်ပြေနေ၍ ထုံလေး

တိတ်နေပေမယ့် မတိတ်နိုင်တာ သူ။ ဒေါ်ပပလှိုင်ကို

ထုံလေးကျေးဇူးတင်ပါသည်။ ထုံလေးကိုမုန်းပေ

မယ့်လည်း ယခုလို ကြီးမေကျန်းမာရေးကို ဂရုစိုက်

ပေးတော့  ဘယ်လိုကျေးဇူးတင်ရမည်မှန်းမသိနိုင်

တဲ့ ထိပါပဲ။

သူကတော့ စောဒကတက်၍ မပြီးနိုင်။


'' မင်းလဲ ဘာမှပြောမနေနဲ့ စိတ်မချရင် မင်းပါလိုက်

သွား စကားမများနဲ့''


မျက်နှာ အကြီးအကျယ်ပျက်ယွင်းပြီးစိတ်မချဖြစ်

နေတဲ့သားဖြစ်သူ သည်းနေမှု့ကိုကြည့်ပြီတမင်

ပြောပြစ်သည်။ ဟုတ်တယ်လေ သူ့မိန်းမကို မသွား

ခိုင်းချင်ပဲ အင်တင်တင်လုပ်နေတာ အသိသာကြီး။

ဒါလားမုန်းတာ။ သားကြီးကိစ္စနှင့် ဒီမိန်းကလေးကို

မုန်းပေမယ့် အဖြစ်အပျက်အမှန်ကို လူကြီးဆန်ဆန်

တွေးကြည့်ပြန်တော့လဲ ဒီမိန်းကလေးမမှား။ 


အဓိပတိ ငြိမ်နေတဲ့ မြသင်းထုံကို မကျေ

မနပ် ကြည့်လိုက် စိတ်အလိုမကျလိုက်နှင့် ခေါင်း

ခါရမ်းပြီးသာ မာမီစကားကိုလဲ မကျေနပ်ပြန်။


'' ဘာလို့စိတ်မချရမှာလဲ အိမ်မှာသူမရှိရင် ခိုင်းရမဲ့

လူမရှိလို့ ပြောနေတာ သွားမယ်ဆိုလဲသွားပါစေ

ကျွန်တော်ဘာမှ မပြောတော့ဘူး မာမီလဲကျွန်တော်

ကို ဘာမှမပြောနဲ့တော့ နောက်ကိုမာမီလဲ ကျွန်တော်

တို့ ကြားဝင်မပါတာပိုကောင်းမယ်''


သူ့ပုံစံက ကလေးဆန်နေသည်။ လိုချင်တာမရ

သည့် ကလေးတစ်ယောက်လို မျက်နှာကပုတ်သိုး

လို့။


ပြောချင်ရာပြောပြီး ထွက်သွားတဲ့ သူ့ကိုထုံလေး

ဝမ်းသာအားရမျက်လုံးလေးလှန်ကြည့်လိုက်သည်။

ရင်ဘတ်လေးဖိပြီး ခုမှအသက်ရှုဝတော့သည်။ 

သူမသွားခိုင်းလဲ သွားမှာပဲဆ်ုတဲ့စိတ်တွေးထားပေ

မယ့် သူ့ရဲ့အနိုင်ယူတတ်တဲ့ စိတ်ကိုကြောက်၍ရင်

တမမနှင့် ငြိမ်နားထောင်နေရတာပါ။


'' သွားတော့ မြသင်းထုံ.. မင်းဟိုမှာ လိုအပ်တာ

အကုန် ဦးပုတုကနေတစ်ဆင့်ပြောခိုင်းလဲရတယ်

မင်းကိုယ်တိုင်ပြောတော့ ပိုအဆင်ပြေတာပေါ့''


'' ဟုတ်ကဲ့.. ဒါဆို ကျွန်မသွားတော့မယ်နော်

အန်တီကို ကျေးဇူးတင်ပါတယ်''


'' ရတယ် သားအတွက်လဲ ဘာမှစိတ်မပူနဲ့ မင်း

ကြီးမေကိုသာ အမြန်ကျန်းမာအောင် အထူးဂရု

စိုက်ပါ''


'' ဟုတ်ကဲ့ပါ ''


ထုံလေးလက်အုပ်လေးချီ ဦးညွှတ်ပြီးနှုတ်ဆက်

တော့ တခါမှမမြင်တွေ့ဖူးတဲ့ အပြုံးနှင့်ပြုံးပြနေတဲ့

ဒေါ်ပပလှိုင်။ ထုံလေး စိတ်ထဲပျော်ရွှင်သွားရသည်။

ကျေးဇူးတင်ပါတယ် အရာရာတိုင်းအတွက်ပေါ့။


ခြံထဲမှ ကားလေးမောင်းထွက်သွားသည်ကိုကြည့်

ပြီး အပြစ်မရှိတဲ့ ခန်းစီးစလေးကို ဒေါသတကြီး

ဆောင့်ပိတ်သွားသည့် သူ့လုပ်ရပ်က ဘာနှင့်တူ

နေပါလိမ့်။ 


•••••


'' ပြော ချယ်ရီ''


'' ဟွန်း အသံကြီးက ဘယ်လိုကြီးလဲ ကိုရဲ့

သူစိမ်းဆန်နေသလိုပဲ ချယ်ရီဖုန်းဆက်တာမကြိုက်

လို့လား ဟင်''


သူဖုန်းကိုမျက်မှောင်ကြုံ ကြည့်ရင်းချယ်ရီအသံကို

နားထောင်ရတာ စိတ်ရှုပ်လာသည်။ တစ်ညလုံး

အိပ်မပျော်၍ မနက်ကမှအိပ်ပျော်တာ အနှောက်အ

ယှက်က ဝင်လာတော့ စိတ်တိုသည်။ သူစိတ်

လျော့လိုက်ရသည်။


'' မဟုတ်ပါဘူး ကိုယ်အိပ်ရေးမဝဖြစ်နေလို့'


'' ဟုတ်လား ဒါဆိုချယ်ရီ လာခဲ့ရမလား ကိုယ့်ကို

ပြုစုပေးမယ်လေ ကိုယ်ခေါင်းကိုက်နေတယ်မလား''


ဒီစကားတွေသာ သူလိုချင်နေတဲ့သူမထံမှ ပြောလာ

ခဲ့လျှင် သူချက်ချင်းခေါင်းငြိမ့်မိလေမလား။

ချယ်ရီကို ဆက်ဆံသလိုပဲ အလိုမကျဖြစ်နေလေ

မလား။


'' ရတယ် ကိုယ်အိပ်လိုက်ရင်အဆင်ပြေသွားမှာပါ

မင်းပင်ပန်းနေမယ် မလာနဲ့နော်''


'' ဒါဆို ညနေကိုတော့ လာခဲ့မယ်လေ ရလား ကိုနဲ့

မတွေ့ရတာကြာပြီဆိုတော့ လွမ်းနေပြီကိုကတော့နေနိုင်နေလိုက်တာ ''


'' ကိုယ်စိတ်ရှုပ်နေလို့ ချယ်ရီ''


'' အင်အင် ဒါဆိုကို အိပ်လိုက်ဦးမယ်''


'' အိုကေ ကိုယ်တို့ ညနေတွေ့မယ်နော်''


သုဖုန်းကို မွေ့ယာပေါ်ပြစ်ချပြီး မျက်နှာကို ခေါင်း

အုံးနှင့်အပ်တော့ မြသင်းထုံထံမှ ရတတ်တဲ့ ရှန်ပူနှ့ံ

လေး နှာခေါင်းထဲတိုးဝင်လာသည်။ မျက်စိထဲ

ဆံနွယ်ရှည်တွေနဲ့ သူမပုံရိပ်လေး မြင်ယောင်လာ

သည်။ စိတ်တိုလျှင် ငြိမ်ငြိမ်လေးပြန်ခံပြောတတ်

တဲ့ မျက်နှာလေးကို တစ်ရက်အတွင်းမတွေ့ရတော့

အရမ်းလွမ်းနေတာ သူဟန်မဆောင်နိုင်။ သူ့ကိုယ်သူ

လဲစိတ်တိုင်းမကျ။ မုန်းဖို့ကြိုးစားနေတဲ့ မိန်းမတစ်

ယောက်ကိုဘာကြောင့် သတိတရလွမ်းနေရတာလဲ။ 


ယခု သူ့အတွက် ဘယ်အရာက ခက်ခဲနေလဲဆိုလျှင်

မြသင်းထုံကို သတိမရအောင်ကြိုးစားဖို့ပဲ။


ကျွတ်..စိတ်ပျက်ဖို့ကောင်းတဲ့ မိန်းမ။ မသွားပါနဲ့

ပြောတာကို ဂရုမစိုက်ပဲသွားတာ။ နေနှင့်အုံးပေါ့

ပြန်လာမှ စိတ်ရှုပ်အောင် မင်းကိုကလဲ့စားချေပြ

မယ်။ ခုတော့မင်းအကြောင်းတွေးပြီး ငါစိတ်ရှုပ်ရ

အုံးမယ်။


•••••


ထုံလေးတို့ နံနက်ဆယ်နာရီမှာ ... နယ်အိမ်သို့ ရောက်

ရှိလာကြသည်။


'' ဦးပုတုက ဘုရားခန်းမှာပဲ အိပ်လိုက်နော် ခရီးပန်း

လာပြီဆိုတော့ အေးအေးဆေးဆေးအနားယူပါ ပြီးမှ ထမင်းလက်ဆုံစားကြတာပေါ့''


'' ရပါတယ်မမလေး''


'' စံပယ်က ဟိုဘက်အခန်းလေးမှာအိပ်လဲရတယ်

ထုံလေးနဲ့အတူအိပ်လဲရတယ်နော်''


'' ရပါတယ်မမလေးရဲ့ ကြီးမေကိုပြုစုရမှာပဲ 

မမလေးနဲ့အတူအိပ်မယ်လေ''


ဆံပင်ရှည်တွေနှင့် နူးညံ့ပြီး လှပလွန်းတဲ့ မမလေး

မြသင်းထုံကို စံပယ်ခင်လဲခင်သည် ချစ်လဲ

ချစ်သည်။ စိတ်ထားကောင်းပြီး ချစ်စရာကောင်းနေ

တာကို အကိုလေးမချစ်ဖူးဆိုတာ သိတော့နှမြော

လိုက်တာ။ 


'' စံပယ်သဘော လောလောဆယ်အနားယူဦးနော်

ခရီးပန်းသွားပြီ''


'' ဟုတ် မမလေးလဲ ဂရုစိုက်ပြီး အနားယူပါဦး 

မျက်နှာက ပုံမှန်မဟုတ်ဘူး အားနည်းနေသလိုပဲ

ဖြူဖတ်ဖြူလျော်နဲ့  ''


ယခုမှသိပေမယ့် စံပယ်လေးက ခင်ဖို့ကောင်းပါ

သည်။ လမ်းခရီးတစ်ခုလုံးလည်း ထုံလေးကိုပဲ

ဂရုစိုက်လာတာ။ ဝဝကစ်ကစ်လေးနဲ့ ချစ်ဖို့ကောင်း

တဲ့ ကောင်မလေးပါပဲ။


'' အင်းပါ စိတ်မပူနဲ့နော်  ''


'' ဟုတ် စံပယ်ရေချိုးလိုက်အုံးမယ် ရေကဘယ်မှာ

ချိုးရမှာလဲ မမလေး''


'' အိမ်အနောက်ဘက် နှင်းဆီပန်းရုံနံဘေးမှာ 

ရေကန်ရှိတယ် ရေချိုးခန်းလဲပါတယ်နော်''


'' မမလေးက ပန်းအရမ်းကြိုက်တယ်ထင်တယ်

အိမ်ထဲမှာ ပန်းပင်လေးတွေအစုံပဲ စံပယ်ရုံတွေ 

နှင်းဆီရုံတွေ အကြီးကြီးပဲ တစ်အိမ်လုံးအပြည့်ပဲ''


'' ထုံလေးက ပန်းပင်စိုက်ရတာ ဝါသနာပါတယ်လေ

ထုံလေးငယ်ငယ်ထဲက စိုက်ထားတော့ အပင်အကြီး

ကြီးဖြစ်နေတာ စံပယ်ရေချိုးပြီးရင် ထုံလေးတို့ခြံ

ထဲ လမ်းလျှောက်ကြမယ် ညဆိုပန်းနှံ့တွေကအရမ်း

မွှေးတာ''


'' ဟီး.. ဒါဆို စံပယ်ခုရေချိုးတော့မယ်''


'' အင် အင်  မြန်မြန်ချိုးအအေးမိမယ် လမ်းမှာမိုး

နည်းနည်းမိလာသေးတယ်နော်' 


'' ဟုတ်မမလေး''


ထုံလေး .. စံပယ်နှင့် စကားပြောပြီးအိပ်ခန်းထဲမှ 

ထွက်လာကာ ကြီးမေအခန်းဘက် ကူးလာလိုက်

သည်။ စကားပြောဖော်မရှိတာကြာပြီ ဆိုတော့

စံပယ်နှင့် စကားတွေတစ်လမ်းလုံးပြော အိမ်ရောက်

တော့လဲ ပြော၍ မကုန်ပါပဲ။ 


'' အဟွတ် ..အဟွတ်''


မျက်နှာလေးညှိုးပြီး ချောင်းတွေတဟွတ်ဟွတ်

ဆိုးနေတဲ့ ကြီးမေဘေးနားထုံလေးအသာအယာဝင်

ထိုင်လိုက်သည်။ ထုံလေးလက်က်ု ဖွဖွလေးဆုပ်

ကိုင်လာသည့် ကြီးမေ။


'' သမီးရယ် ကြီးမေ အအေးမိပြီးဖျားရုံပါ လိုက်လာ

ဖို့ထိ စိတ်ပူဖို့မလိုပါဘူး  လမ်းခရီးကဝေးကဝေးနဲ့ 

အဟွတ်..''


'' ဘာပဲဖြစ်ဖြစ် ကြီးမေကိုစိတ်ပူတယ် ကြီးမေမှာ

ထုံလေးပဲရှိတာ ထုံလေးမှာလဲ ကြီးမေပဲရှိတာ ကြီး

မေ တစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့ပေါ့ ကြီးမေရယ်''


'' ဟုတ်ပါပြီ သမီးလဲ အိမ်ရောက်တုန်းစိတ်အပန်း

ဖြေလိုက်ဦး ဘာမှစိတ်မပူနဲ့ ..စိတ်ချမ်းသာအောင်နေ''


'' ကြီးမေသာ ကျန်းမာအောင်နေ ဒါဆို ထုံလေးစိတ်

ချမ်းသာပြီ''


လက်ကိုဖွဖွလေးဆုပ်ပြီး အားပေးစကားပြော

တော့ ခေါင်းငြိမ့်ပြုံးရှာသည်။ ထိုအပြုံးတွေက

အင်အားမပါပဲ ဖွဖွလေးသာ။ ကြီးမေနဲ့ခုလိုကြီး

ခွဲနေရမယ်ဆို ကြာရင်အဆင်မပြေပါ။ ကြီးမေက

အသက်ကြီးပြီလေ ခုလိုနေမကောင်းဖြစ်ရင်

ထုံလေးပဲ စိတ်ဒုက္ခရောက်ရမှာ။ မဖြစ်ဘူး ဟိုလူ

ကို မရရအောင်ပြောပြီး ကြီးမေကို ခေါ်ထားမယ်။


'' ဘာတွေသက်ပြင်းချနေတာလဲ သမီး''


'' ကြီးမေကို စိတ်မချလို့ပေါ့ ကြီးမေကတစ်ခုခုဆို

ထုံလေးကို ဘာမှမဖြစ်သလိုကြီးပဲ ပြောပြောနေတာ

ဘယ်စိတ်ချမလဲ ကြီးမေအကြောင်းထုံလေးသိပြီး

သား''


''ကြီးမေ တကယ်သက်သာပါတယ်ကွယ်...''


'' ကြီးမေ''


ထိုစဥ် အိမ်ရှေ့မှ ယောကျ်ားတစ်ယောက်၏ ခေါ်

သံက ထုံလေးနားထဲ ရင်းနှီးနေသလိုကြီးမေသည်

လည်း ထိုအသံကြောင့် သိသိသာသာမျက်နှာ

ပျက်ယွင်းသွားသည်။


ဟုတ်တယ်... ဒီအသံကို ထုံလေး သိပ်ကိုရင်းနှီးနေ

တယ်။


•••••


rate now: