book

Index 10

အခန်း ၁၀

🌊ညှို့တတ်သော ပင်လယ်🌊


'' ကျွန်မဖုန်းကဒ်တွေ ရှင်ဖြုတ်ထားတာလား

အဓိပတိ''


လက်တော့ပ်ကိုသာ အာရုံစိုက်နေတဲ့သူက ထုံလေး

လှည့်၍ကို မကြည့်ပါ။ တစ်နေ့လုံး စကားများပြီးထဲ

က နှစ်ယောက်လုံးစကားမပြောကြ။ သူလဲအရင်လို

ဘာမှမခိုင်း၊ အခန်းတံခါးပိတ်ပြီးနေသလို ထုံလေး

လဲ သူ့ကိုစိတ်တိုလွန်းလို့ ထမင်းစားမလားကိုမမေး

ပါ။ ခုတော့မပြောပဲမရတော့တဲ့ အခြေအနေရောက်

လာပြီ။ 


ထုံလေးရေချိုးမယ်ဆိုပြီး ဖုန်းကိုမှန်တင်ခုံပေါ်

တင်ထားတာ။ ရေချိုးခန်းကထွက်လာတော့ ဖုန်းက

တစ်စစီ မဖြစ်ရုံတမယ် ဖုန်းကာဗာတခြား ဟန်း

ဆက်တခြား။ ဒီလူယုတ်မာပြီဆိုတာသိတော့ ဒေါသ

က အရှိန်မထိန်းနိုင်ပဲ သူ့အခန်းပြေးတက်ပြီးမေး

တော့လဲ မသိသလို မဆိုင်သလို။ သူဆိုတာသိပြီး

သား။


'' ပြောနေတာကြားလား ကျွန်မဖုန်းကဒ်ကို ရှင်

ဖြုတ်ထားတာလား''


'' ဒီအိမ်မှာမင်းနဲ့ငါ နှစ်ယောက်ပဲရှိတာ မေးစရာလို

လို့လား မင်းမတွေးတတ်ဘူးလား လေကုန်ခံပြီး

မင်းကိုစကားပြောနေရတာ စိတ်ပျက်ဖို့ကောင်း

တယ် ထွက်သွား ငါ့အခန်းကိုငါမခေါ်ပဲ ဝင်မလာနဲ့''


'' ကိစ္စရှိလို့လာတာ ရှင့်အခန်းကိုလာချင်လွန်းလို့

များ ဇွတ်ထင်မနေနဲ့ ''


သူကများ စိတ်မရှည်သလိုနှင့် ထုံလေးကိုလာပြန်

အော်သည်တဲ့ ။ ဘယ်လောက်များမုန်းဖို့

ကောင်းလိုက်သလဲ။ ထုံလေးလက်သီးလေးကျစ်

အောင်ဆုပ်ထားပြီး ဒေါသကိုမြိုသိပ်ရသည်။ သူ့

ရဲ့ ထီမထင်အပြုံးတွေက ပိုပြီးစိတ်တိုစေရန် ဆွနေ

သလိုပါပဲ။ ရှင့်မှာ ဘယ်အတိုင်းအတာထိ ကောက်

ကျစ်ဖို့ ကြံစည်ထားတာလဲ အဓိပတိရယ်။ ကျေသင့်

နေပါပြီ။ 


'' အရမ်းတရားလွန်နေပြီ အဓိပတိ၊ ကျွန်မဖုန်းကို 

ရှင်ဘာမှလုပ်စရာမလိုဘူး ရှင်နဲ့ဘာမှ မဆိုင်ဘူး 

ကျွန်မကိုယ်ရေးကိုယ်တာအထိဝင်စွက်ဖက်နေတာ 

သည်းမခံနိုင်တော့ဘူး''


'' သည်းမခံနိုင်တော့ဘာဖြစ်ချင်လဲ''


" ကျွန်မဖုန်းကဒ်ပြန်ပေး''


မျက်နှာချင်းဆိုင် သွေးအေးအေးနှင့်ဖြေလာသည့် သူ့အဖြေမှာ...


'' မရှိတော့ဘူး''


'' ဘယ်ရောက်သွားလို့လဲ''


'' လွင့်ပြစ်လိုက်တာ''


'' ရှင်.. ရှင် လုပ်စရာလား ရှင်နဲ့ဘာဆိုင်လို့ အဲ့လို

လုပ်ရတာလဲ''


'' မင်းကငါ့မိန်းမ မင်းနဲ့ပတ်သက်တာအကုန် ငါ

လုပ်ချင်သလိုလုပ်လို့ရတယ် ဘာဆိုင်လဲဆိုတဲ့မေး

ခွန်းမမေးမိစေနဲ့ ''


သူ့ရဲ့ မင်းကငါ့မိန်းမဆိုတဲ့ စကားတစ်ခွန်းက 

ထုံလေးအတွက်တော့ နားခါးသွားသည်။


ထုံလေး စိတ်တိုလွန်းလို့ အပြုံးအရယ်မဲ့နေပြီး လူ

ယုတ်မာဆန်နေတဲ့ သူ့ကို ဘယ်လိုတုန့်ပြန်ရမည်ဆို

တာ မစဥ်းစားတတ်တော့။ သူ့ရဲ့ယုတ်မာမှု့က ကမ်း

ကုန်နေပြီ။ 


'' ဝဠ်ကြွေးရှိလို့ ဆပ်နေရတာ တစ်သက်လုံး သေ

တောင် ရှင့်မိန်းမအဖြစ်ဘယ်တော့မှ မခံယူဘူး ''


'' အဲ့တော့ .. ငါကဝမ်းနည်းနေမယ် ထင်လား'' 


တောက်။ မုန်းလိုက်တာ။ တစ်သက်လုံးထိန်းသိမ်း

လာတဲ့ သိက္ခာတွေလဲ ရစရာမရှိ။ လူပုံအလယ်မှာ

အရှက်ခွဲလိုခွဲ လူမမြင်အောင်နိပ်စက်လိုစက်။ ကျေ

ပါတယ် ဒါတွေကိုစိတ်ထဲ မထားပဲ ဝဠ်ကြွေးဆိုပြီး

မေ့ထားလွယ်ပါတယ်။ ဒါပေမဲ့ သူနဲ့မဆိုင်တဲ့

ထုံလေး အမြဲတမ်းသုံးနေတဲ့ ဖုန်းကဒ်ကိုမှယူဖြုတ်

တယ်တဲ့။ ဘယ်အတိုင်းအတာက သူ့အတွက်

အမုန်းကြေဖို့လဲ။ ထုံလေးကတော့ သူ့ကိုအတော်

ကြီး စိတ်ပျက်ပြီး သူမုန်းတာထက်ပိုမုန်းနေမိပြီ။


'' မင်းဖုန်းကဒ်ကို ဖြုတ်လိုက်တယ် အဲ့တော့မင်း

ဘာဖြစ်ချင်လဲပြော... ''


အလှမ်းဝေးနေတဲ့အနေအထားကြား သူခုတင်ပေါ်မှ

ဆင်းလာပြီး တံခါးနားရပ်နေတဲ့ ထုံလေးနားတိုးကပ်

လာသည်။ ထုံလေး အားတင်းရင်း ကုန်ဆုံးနေတဲ့

စကားတွေက သူ့လုပ်ရပ်ကို အလွန်စိတ်ပျက်သွား

ရုံမှတပါး...


'' ကျွန်မသိချင်တာ တစ်ခုပဲ''


'' ပြောလေ ဘာသိချင်လဲအကုန်မေး''


'' အဲ့ဖုန်းကဒ် ဘယ်နားလွင့်ပြစ်လိုက်လဲ''


ထုံလေး မေးခွန်းက သူ့အတွက်ဘာများရယ်စရာ

ပါသွားမှန်းမသိ။ ခြောက်ကပ်ကပ်နှင့် မရယ်ချင်ပဲ

လှုပ်ရယ်နေမှန်း အရမ်းသိသာသည်။ ဖုန်းကဒ်

ပျောက်၍မဖြစ်ပါ။ အဲ့ဒီဖုန်းကဒ်က ထုံလေးရင်ထဲ

မှာ အမြံရှိနေတဲ့ လူတစ်ယောက်နှင့် တစ်ချိန်ကဆင်

တူ ကိုင်ထားကြတဲ့ နံပါတ်ပါ။ သူတမင်များ ထုံလေး

တန်ဖိုးထားတဲ့အရာမှန်သမျှ လိုက်ဖျက်စီးနေ

သလားမသိပါ။ သည်းပြလေ မဲလေဖြစ်တတ်တဲ့

သူ့အကျင့်ကို အလွတ်ရနေ၍ စိတ်လျော့ပြီး မေးရ

သည်။ မဟုတ်လျှင် သူ့စိတိကပြောမရ။


'' ဒီပုံအတိုင်းဆို ဖုန်းကဒ်ကိုမင်းအရမ်းတန်ဖိုး

ထားပုံရတယ်''


မေးတာကို မဖြေပဲ ထုံလေးတစ်ကိုယ်လုံးကိုလိုက်

ပတ်လမ်းလျှောက်ပြီး အသည်းယားအောင်လုပ်နေ

သည်။ ဆံပင်ရှည်တွေကို ဆော့ကစားနေတာ

သူ့အပိုင်ကျလို့။ သူနှင့်မယှဥ်ချင်ပါ။ အရှက်မဲ့တဲ့သူ

က ဘယ်တော့မှအလျော့ပေးမှာ အဟုတ်မှန်း သိနေ

၍ပါပဲ။


'' ရှင် ကျွန်မမေးတာကိုပဲဖြေပေး ဘယ်မှာလွင့်ပြစ်

လိုက်လဲ''


သူခပ်တည်တည်နှင့် လက်ညှိုးထိုးပြတဲ့နေရာက

ခြံထဲမှ ရေကူးကန်။ 


'' ရေကူးကန်ထဲပြစ်ချလိုက်တာ...''


'' ရှင့်လိုယုတ်မာတဲ့လူ နှစ်ယောက်ရှိမှာမဟုတ်ဘူး

ဖယ်...''


သူ့ကိုတွန်းတိုက်ပြီး ဆံနွယ်ရှည်တွေ တယိမ်းယိမ်း

နှင့် ထွက်သွားတဲ့ သူမ။ သူနှုတ်ခမ်းတွေ မဲ့ပြစ်ကာ

မျက်ဝန်းတွေမှာ အေးခဲတော့မည့် ရေခဲသဖွယ်။


ရေကူးကန်နားမှာဂဏာမငြိမ်ဖြစ်နေတဲ့ မြသင်းထုံကို

ပြတင်းပေါက်မှ ခါးတောက်ကြည့်ရင်း စိတ်ကအလို

မကျ။ စိတ်တိုလို့ အပြစ်မရှိအပြစ်ရှာ လုပ်ချင်ရာ

လုပ်မိတာ ။သူမယခုလောက်ထိ ပျာယာခတ်ဖို့

လိုလို့လား။ ဖုန်းကဒ်ကအဲ့လောက်ထိ အရေးကြီး

လား။


ဘာကိုအလိုမကျလို့ မကျမှန်းမသိ။

ကိုယ့်ကိုယ်ကိုယ်လဲ နားမလည်။ ဒေါသဆိုတာလဲ

 အကောင်အထည်ဖော်မရ။ လက်ထဲကျစ်နေအောင်

ဆုပ်ထားသည့် ဖုန်းကဒ်သေးသေးလေးအား ယခုမှ

အမှန်တကယ် လွင့်ပြစ်လိုက်တော့သည်။


•••••


'' လူယုတ်မာ အရိုင်းအစိုင်း.. သူနဲ့ဘာဆိုင်လို့ ခုလို

လုပ်ရတာလဲ''


တွေးလေစိတ်တိုလေ။

ရေကူးကန်ထဲ ကူးဆင်းရှာရအောင်လဲ ရေကမကူး

တတ်။ သူတမင်များလုပ်နေတာလားမသိ။

ထုံလေးတန်ဖိုးထားတဲ့အရာဟူသ၍ သူဖျက်စီးနေ

တာ။


ကန်ဘောင်နားသာ ထိုင်ပြီး သူ့ကိုသာ မေတ္တာပို့

နေလိုက်သည်။ ဘယ်တတ်နိုင်မလဲ ခုချိန်သူ့လက်

ခုပ်ထဲကရေဖြစ်နေမှတော့ သည်းခံ..သည်းခံ။


နောက်မှပဲ ဖုန်းရုံးမှာအဲ့ကဒ်ကိုပြန်လျှောက်ရုံပေါ့။


•••••


'' ဦးဦး ..သားသားအတွက် မုန့်ပါလား''


'' အမ်...''


စိတ်ရှုပ်နေတာနှင့် သူငယ်ချင်းဗလ အိမ်ဝင်

ခေါ်ပြီး ဘားထိုင်ပါမည်ဆို ဗလရဲ့သားကပါလာ

သည်။ ကလေးကသူ့ကိုမြင်တာနှင့် မုန့်ပါလားမေး

နေတာ ချစ်စရာ။ သူ ကလေးချစ်သည်။ ဒါပေမဲ့ 

ကလေးထိန်းရမှတော့ ပျင်းသည်။ ငယ်သူငယ်ချင်း

တွေထဲ အရင်စွန်သွားတာ ဗလ။ ကလေးပါ ရနေပြီ။


'' ဦး တို့ ဆိုင်ရောက်မှ သားအတွက်မုန့်တွေ အကုန်

ဝယ်ပေးမယ်ကွာ ကျေနပ်ပြီလား ''


''ဟုတ်''


သူကားမောင်းရင်း ပါးဖောင်းဖောင်းနှင့် ချစ်စရာ

ကောင်းနေတဲ့ ကလေးကို ပါးလေးညှစ်ပြီး ချစ်မဝ

ဖြစ်နေရသည်။ 


''ဗလ မင်းသားကလဲ ငယ်ငယ်လေးနဲ့ဘောလုံး

ကန်တာ စိတ်ဝင်စားတယ်ဆို''


'' အေး ဟုတ်တယ်ကွ.. ခုကလေးနှစ်ကလေးက 

တီဗီွမှာ ရော်နယ်ဒိုသတင်းဖြစ်ဖြစ် သူ့ပွဲဖြစ်ဖြစ်

လာပြီဆို ရှေ့ဆုံးကအားပေးတာ နေ့တိုင်းဘောလုံး

ကလဲ ကန်သလားမမေးနဲ့ အိမ်ကပန်းအိုးတွေလဲ သူ

ကန်မိလို့ ကွဲတာမရေတွက်နိုင်တော့ဘူး' 


'' ဟားဟား..ဘယ်ဆိုးလို့လဲ မင်းသားက ဒိုလေး

လက်ထွက်လေးပဲ''


'' အေး ငါတော့သူဘောလုံးကန်ရင် ခေါင်းကြိမ်း

လွန်းလို့ သူ့အမေဆူထားလို့ ခုငြိမ်နေတာ''


''မင်းသားက မလွယ်ဘူးငယ်ငယ်လေးနဲ့''


'' ငါ့သားကိုပဲ ပြောမနေနဲ့ မင်းလဲဘယ်ယူသင့်ကိုပြီ''


'' ဘာ ဘာကိုလဲကွ''


'' ကလေး''


ကလေး။

သူ တိတ်တဆိတ် ရွတ်မိသည်မှာ ဗလပြောတဲ့ 

ကလေး။ ဗလပြောမှ သူတွေးမိတယ်။ သူ့ဘဝရဲ့

အနာဂါတ်ကို သူမတွေးမိဘူးပါ။ သူနဲ့ မြသင်းထုံ

ကြားမှာ အဲ့လိုရင်းနှီးနွေးထွေးမှု့တွေ လိုလို့လား။

တစ်သက်လုံး သားတွေမြေးတွေနဲ့ရိုးမြေကျ ပေါင်း

သင်းသွားမယ်ဆိုတာ သူတွေးကိုမတွေးထားမိပါ။

လိုလို့လား။ လိုအပ်လို့လား။ မင်းနဲ့အဲ့လိုနွေးထွေးမှု့

က တန်လို့လား။


အိမ်ထောင်ရေးဆိုတာ ဘာမှန်းမသိပဲ အမုန်းနှင့်

လက်ထပ်လိုက်တဲ့ သူ့ရဲ့အိမ်ထောင်ရေးက ဘာမှန်း

မသိ။ ငယ်ငယ်ကကြားဖူးတဲ့ အိမ်ထောင်ပြုတယ်

ဆိုတာ တောင်ကျတာနှင့်အတူတူပဲဆိုတာ မှန်နေ

သလား မှားနေသလားသူမခွဲခြားတတ်။ 


တကယ်တော့ အိမ်ထောင်ရေးကို သူစိတ်မဝင်စား

ပါ။ အေးစက်တဲ့ ဆက်ဆံရေးက သူကိုယ်တိုင်

ဖန်တီးတာမှန်သည်။ သူကိုယ်တိုင် ယခုချိန်ထိ

အလေးအနက်မထားသလို ခေါင်းထဲလဲမထည့်ပါ။


ထိုအရာသည် မြသင်းထုံကို သူ အလွန်မုန်း၍ပါ...

သို့သော်.. သူ ကလေးလိုချင်သည်။


သူ့ပုံစံကြီးနဲ့ ကလေးလိုချင်တယ် ... ကလေးချစ်

တတ်တယ် ပြောရင် လှောင်လေမလား။ မြသင်းထုံ

နဲ့ သူ့ရဲ့ရင်သွေးကိုလဲ သူတကယ်ချင်လား။


ခေါင်းထဲမေးခွန်းပေါင်းစုံနှင့်... အဖြေထွက်မလာ

သလို ထိုမေးခွန်းက သူ့ဘဝအတွက်အခက်ခဲဆုံး

မေးခွန်းဖြစ်နေသလိုပါပဲ။


•••••


'' ဘယ်သူ လာပါလိမ့်''


ထုံလေး ဟင်းမချက်တတ်ချက်တတ်နှင့် ချက်နေ

စဥ် အပြင်မှ တံခါးဘဲလ်တီးသံကြောင့် ဟင်းအိုး

မီးပိတ်ပြေး တံခါးဖွင့်ဖို့သွားရပြန်သည်။


သေချာတယ် အဓိပတိတော့မဖြစ်နိုင်။ 

မကြာသေးမီကမှ ထွက်သွားတဲ့သူ ပြန်လာတာ

တော့မဟုတ်နိုင်။ တခါမှအိမ်ဧည့်သည်မလာဖူး

တော့ တွေးစရာဖြစ်နေသည်။


'' ဟင်...''


တံခါးဖွင့်မှ ထုံလေးပိုအံ့သြသွားရသည်။

ဒေါ်ပပလှိုင်။ ကားထဲမှ အရင်လိုမျက်နှာတင်းနေ

တာ မဟုတ်ပေမယ့် ဖြူဖတ်ဖြူလျော်နဲ့ ခပ်တည်

တည်လေးပါပဲ။ ခြံထဲမောင်းဝင်သွားတဲ့ကားကို

တစ်ချက်ကြည့်ပြီးသာ ထုံလေးခြံတံခါးပိတ်ပြီး

သာနှင့် အိမ်ထဲဝင်လာလိုက်သည်။


ဘာကိစ္စများရှိလို့ပါလိမ့်။ ထုံလေးမျက်လွှာလေးချ

ပြီး ကားပေါ်မှဆင်းလာတဲ့ ဒေါ်ပပလှိုင်အနား

ရောက်လာသည်။ ဖြူလျော်နေတဲ့ မျက်နှာကို

ကြည့်ပြီး နေမကောင်းနေတာလားဆိုပြီး ထုံလေး

မေးချင်ပေမယ့် မမေးရဲ...


'' မြသင်းထုံ''


''ဟုတ်ကဲ့''


အိမ်ထဲမဝင်သေးပါပဲ ကားပေါ်တီကိုအောက်မှာ

သာ စကားစလာသည်။


'' သားရှိလား''


'' သူအပြင်သွားပါတယ်''


'' မင်း ကြီးမေနေမကောင်းဖြစ်နေတယ်တဲ့ ''


''ရှင်... ကြီး ကြီးမေမှာဘာရောဂါမှ မရှိပါဘူး

ကြီးမေဘာဖြစ်တာလဲ ဟင်''


'' အရမ်းကြီးစိတ်ပူစရာတော့မလိုဘူး သူလဲအသက်

ကြီးရောဂါဖြစ်တာ နေမယ်၊ အနားမှာဂရုစိုက်ပေး

တဲ့ သူမရှိတော့ အားငယ်ပြီးစိတ်ဖိစီးတာ ကျန်တာ

တော့ သိပ်စိုးရိမ်ဖို့မလို့ဘူး''


'' .....''


ထုံလေး ခြေဖျားလက်ဖျားတွေပါ အေးစက်သွားရ

သည်။ ကိုယ့်ကိုယ်ကိုယ်လဲ အပြစ်တင်မုန်းသည်။

ကိုယ့်ကြီးမေတစ်ယောက်လုံး နေမကောင်းဖြစ်နေ

တာကို မသိတဲ့အပြင် ဂရုစိုက်ခွင့်လဲမသာ။ ထုံလေး

အဖြစ်က ဘာနဲ့တူနေမှန်းကိုမသိဘူး။


တစ်ခုခုဆို ကျလာပြီ မျက်ရည်က...


''မင်းငိုနေလဲ ဘာထူးမှာလဲ သွားအဝတ်တွေသွား

ထည့် မင်းကိုနယ်ထိ လိုက်ပို့ဖို့ ကားဒါရိုင်ဘာထည့်

ပေးလိုက်မယ်။ လိုအပ်တာ ဂရုစိုကါပေးဖို့ ကောင်

မလေး တစ်ယောက်ပါထည့်ပေးလိုက်မယ်''


'' ဟုတ် ဟုတ်ကဲ့''


ဒေါ်ပပလှိုင်ကို ငျေးဇူးတင်ပါတယ်။ ထုံလေးဘာမှ

ဆက်ပြောမနေနိုင်ပဲ လူကထူပူပြီး အခန်းထဲပြေး

ဝင် တွေ့ရာအဝတ်အစားကောက်ထည့် မျက်ရည်

က တစ်ဖက်နှင့်။


ထုံလေးမှာကြီးမေပဲရှိသလို ကြီးမေမှာလဲ ထုံလေး

ပဲရှိတာ။ ခုချိန်ဆို ကြီးမေဘယ်လောက်များအား

ငယ်နေရှာမလဲ။ ဒါတွေ ဟိုအရိုင်းအသိုင်းကြောင့်။

ကြီးမေကို အိမ်ခေါ်ထားရင်ဘာဖြစ်သွားမှာမို့

နယ်ပြန်ပို့ရတာလဲ။


ထုံလေးမျက်ရည်သုတ်လိုက် အဝတ်ထည့်လိုက်နှင့်

သူ့ကိုလဲ စိတ်တိုလေပါပဲ။


'' ဒါငဘယ်လဲ''


''ဟင်...''


•••••


rate now: