book

Index 1

အခန်း ၁

🌊ညှို့တတ်သော ပင်လယ်🌊


တိတ်ဆိတ်နေတဲ့ သုဿာန်ဝန်းထဲ အနက်ရောင်

ဝတ်စုံတွေနှင့် စျာပနာ ပို့ကြသော လူအများ 

သုဿာန်ဝန်းကြီးထဲ အပြည့်ပင်ရှိကာ တစ်ချို့သည်

လည်း ငိုကြွေးလျှက် တစ်ချို့သည်လည်း တီးတိုး

ပြောဆိုနေကြသည်။


ထိုလူအုပ်ထဲ၌ အများ၏ အာရုံစိုက်ခြင်း ခံနေရသူ

မှာ သေဆုံးသူ ဥပဓိ၏ဇနီးမြသင်းထုံ ပင်ဖြစ်သည်။


'ကောင်မလေး သနားပါတယ် ၊ အသက်ကငယ်ငယ်

လေးပဲရှိသေးတာ ရုပ်လေးကလဲ ပြစ်ချက်ပြောစရာ

ကို မရှိဘူး လှလိုက်တာမှ ကြည့်လိုက်တာနဲ့ မျက်နှာ

လေးက အေးချမ်းလွန်းတယ်၊ မုဆိုးမ ဖြစ်ရှာပြီ 

လက်ထပ်ထားတာ ​လေးလတောင် မပြည့်သေးဘူး 

တဲ့လေ'


'စိတ်မကောင်းစရာပဲ'


'ဝဠ်ကျွတ်သွားတယ်ပဲ ဆိုရမှာပဲ ကောင်လေး မဆုံး

ခင်ထဲက ကောင်မလေးက ဖောက်ပြန်နေတာလေ ဒါ

ကြောင့် သူတို့ အမြဲစကားများရန်ဖြစ်ကြတယ်တဲ့ 

ကောင်လေးဆုံးတာလဲ အဲ့ဒီမိန်းကလေး ကြောင့်ပဲ'


'ဟုတ်လို့လားဟယ် ကောင်လေးက ရောဂါဖြစ်နေ

တာဆို'


'ကောင်လေး က သွေးကင်ဆာနဲ့ ရောဂါအတော်

ကျွမ်းနေပြီဆိုတာ သိတော့ ယောင်္ကျားမသေခင်ထဲ

က ဖောက်ပြန်နေတာ သနားစရာ မိန်းမ မဟုတ်ဘူး

သူတို့အကြောင်း အကုန်သိတဲ့ ငါ့မိတ်ဆွေက ပြော

ပြတာ'


'ရောဂါဖြစ်နေတာ သိသိလျှက်နဲ့ လက်ထပ်ယူခဲ့

သေးတာပဲ ဖောက်ပြန်တယ်ဆိုတာကြီးကဖြစ်နိုင်ပါ့ 

မလား အမရယ်'


'ဒါကလဲ ကောင်လေးက ပိုက်ဆံရှိတယ်လေ ဒီရုံမြင်

လို့ ဒီခြုံထင်လိုက်တာပေါ့ သူ့အတွက်ဘာမှ မနစ်နာ

ဘူးလေ ကောင်လေးကတော့ သူ့ကိုအတော်ချစ်ရှာ

တယ်။  ချစ်လွန်းလို့လဲ သူ့မိဘတွေသဘောမတူတာ

ကို ရအောင် လက်ထပ်တယ်။ အဲ့ဒီမိန်းမနဲ့ နေဖို့ အိမ်

ဆောက်ပြီး သူ့ကိုအရမ်းချစ်တဲ့အမေကို ဆန့်ကျင်

ပြီး အိမ်ခွဲနေတာ၊ သူကနယ်ကလေ ကောင်လေးက 

ဆရာဝန်ဆိုတော့ နယ်ကို တာဝန် ငါးနှစ်ကျတာ 

ပြန်လာတော့တစ်ခါထဲ ခေါ်လာခဲ့ပြီ လက်ထပ်လိုက်

ကြတာ ကောင်လေး အမေကတော့ လုံးဝသဘောမ

တူဘူး'


'ဒါဆိုတော့ ကောင်လေးအတွက် စိတ်မကောင်းစရာ

ပဲ'


'ပိုပြီး စိတ်မကောင်းစရာက ရောဂါနဲ့ မဆုံးပဲ အချိန်

မတိုင်ပဲ သူတို့စကားများပြီး ကားအက်စီးဒန့်နဲ့ ဆုံး

တာလေ'


'ဟုတ်လား'


'ကြည့်ပါလား ယောင်္ကျားတစ်ယောက်လုံးဆုံးတာ

မျက်ရည် တစ်စက်တောင် မကျပဲ အသဲမာနေတာ

ဘယ်လိုမိန်းမမျိုးလဲဆိုတာ သိသာနေတယ်'


'.......'


ကိုယ့်အပူ ကိုယ့်သောကနှင့် ဘယ်သူ့ကိုမှ စကား မ

ပြောချင်လောက်အောင် ဖြစ်နေချိန်မှာ အတင်းပြော

နေတဲ့ စကားသံတွေက မကြားချင်ယောင် ဆောင်

ထား၍ မရအောင်ပင် စကားတွေက အတော်ကြီး

တစ်ဖက်သတ်ဆန်နေသည်။ ထိုကြောင့် အကြည့်စူး

စူးနှင့် ကြည့်လိုက်တော့ မှ ထုံလေး တစ်ခါမျှမမြင်

ဖူးတဲ့မိန်းမသုံးယောက်  အိုးတိုးအမ်းတန်းနှင့် စကား

သံတွေရပ်သွားကြတော့သည်။ 


စျာပန လာပြီး အားပေးဖော် မရတဲ့အပြင် အတင်း

လာပြောနေကြတာ အတော်တော့ အသိတရားနည်း

လွန်းကြသည်။ သူတို့ပြောသလို အသဲမာတဲ့ မိန်းမ 

မဟုတ်ပေမယ့်မျက်ရည်ဆိုတာ ထုံလေးအတွက်

မရှိခဲ့သလိုပါပဲ။ အထူးသဖြင့် ကိုကြီးအတွက် 

ထုံလေး ဘယ်အရာမှ ခံစားချက်မရှိခဲ့သည်ဆို ပိုမှန်

ပေလိမ့်မည်။ လက်ထပ်ခဲ့ကြတယ်ဆိုထဲက ကိုကြီး

ရဲ့ တစ်ဦးတည်းသဘောနှင့်သာ စီစဥ်ခဲ့တဲ့အတွက် 

ဘာခံစားချက်မှ မရှိတာ ကိုကြီးသာအသိ။ သို့သော် 

ကိုကြီးရဲ့ နောက်ဆုံးခရီးမှာတော့ ရင်ထဲတကယ် 

နာနာကျင်ကျင်တော့ ခံစားမိသည်ဆိုတာ မလိမ်ညာ

ပဲ ဝန်ခံပါသည်။


'ဘာမှ အားမငယ်နဲ့နော် ဘယ်သူမှ သေခြင်းတရား

ကို မလွန်ဆန်နိုင်ကြတာ သဘာဝပဲလေ ထုံလေးနား

မှာ အမြဲကြီးမေရှိတယ်'


'......'


ပုခုံးပေါ် လက်ဖွဖွလေးတင်ပြီး အားပေးစကားပြော

လာတဲ့ ကြီးမေအား ထုံလေး ခေါင်းသာ ငြိမ့်ပြပြီး

ဘာစကားမှ မဆိုမိ။ ကြီးမေဆိုတာ ထုံလေးအတွက်

တစ်ဦးတည်းသော အမျိုးရင်းချာမဟုတ်လား။ ခု

ချိန်မှာ အားလုံးက ထုံလေးကို မုန်းနေခဲ့ကြတာလေ။

ကိုကြီး မေမေသည်လည်း ကိုကြီးရှိစဥ်ကာလထဲက

ထုံလေးကို မကြည်ပါ။ ကိုကြီးမရှိတော့ အခြေအနေ

တွေကပြောစရာမှ မလိုတော့ပဲ။ 


ယခုလဲ ကိုကြီးရဲ့ မြေပုံနားမှာ ငိုလိုက် ထုံလေးထံ

မျက်လုံးစိမ်းကြီးတွေနှင့် ကြည့်လိုက်နှင့်ပင်။ ဒါကို

ကြီးမေလဲ ယခုမှ သိတော့ စိတ်မကောင်းဖြစ်နေခဲ့

၏။  ကိစ္စတွေ ပြီးသွားခဲ့ရင်တော့ ကျွန်မလဲ ထွက်

သွားပေးမှာပါ။ ကိုကြီးရဲ့ နောက်ဆုံးခရီးလေးမှာ

တော့ နောက်ဆုံး ပတ်သက်ခြင်းနှင့်အတူ ထုံလေး

ကို ဘယ်သူမှမလိုအပ်တာ သိပေမယ့် ရှိနေပေးမှာ

ကိုကြီးကြောင့်ပါ။ 


ကိုကြီးအတွက် ထုံလေး တစ်ခုတော့ ဆုတောင်းပေး

ပါရစေ။ ကိုယ့်ကို မချစ်တဲ့ လူနဲ့ နောင်ဘဝမှာမဆုံရ

ပါစေနဲ့လ်ု့ အမြဲဆုတောင်းပေးနေမှာပါ။


အတိတ်ကို ကျွန်မ မရှိချင်ဘူး။

ဘယ်အရာမှ ကျွန်မအတွက် မလှပခဲ့လို့ပါပဲ။


•••••


'ဒေါက် ဒေါက် ဒေါက်'


'ဘယ်သူလဲ'


'ဝင်လာမယ်'


'.........'


အခန်းတံခါးရှေ့ ရပ်နေတဲ့ ကိုကြီးရဲ့မေမေ။ ထုံ

လေး မျက်လွှာလေးချကာ အခန်းထဲ ဝင်စေရန် နေ

ရာရွေ့ပေးလိုက်၏။ ကျွန်မလဲ အားလုံးနဲ့ ထပ်တူ

စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်မက်ု သူစိမ်းလို

ရန်သူလို ဆက်ဆံနေကြတဲ့ အသိုက်အဝန်းထဲကနေ

အမြန်ထွက်သွားချင်လှပါပြီ။ ဒါမှအားလုံးအတွက်

စိတ်ချမ်းသာရမှာလေ။


ကိုကြီးဆုံးတာ သုံးရက်မြောက်နေ့။ အားလုံးက 

ထုံလေးကို မလိုလားနေသည်ကြောင့် ကိုယ်တစ်

ယောက်ထဲ သီးသန့် အခန်းထဲအောင်းနေမိတာ ပါ။

ကိုကြီး လူပျိုဘဝကနေခဲ့တဲ့ အခန်းတဲ့။ လက်ထပ်

ထားပြီးထဲက သူ့အခန်းကိုထုံလေးခုမှဝင်ဖူးတာပင်။

အခန်းထဲမှာလဲ ထုံလေးရဲ့ပုံတွေကြီးပဲမို့ မျက်ရည်

တော့  ကျမိပါ၏။ ကိုယ့်ကိုအရမ်းချစ်တဲ့လူကို ဘာ

ကြောင့်မချစ်နိုင်ရတာလဲ ဆိုပြီမှလဲ တစ်ခါတော့ အ

ပြစ်တင်မိသွားတာ အမှန်ပါပဲ။


ဒီရက်ပိုင်း ကိုကြီးမရှိတော့မှ စိတ်အားငယ်ခြင်းကို 

ပထမဆုံး ခံစားမိနေကာ ဘုရားစာအုပ်တွေသာ ဖတ်

ရင်း စိတ်ငြိမ်စေရန် ထိန်းချုပ်နေမိသည်။


'ငါ့သားရဲ့ စိတ်ဆန္ဒအတိုင်း မင်းတို့နေခဲ့တဲ့ အိမ်နဲ့

မင်းရသင့်ရထိုက်တဲ့ အမွေတွေကို စာချုပ်နဲ့သေချာ

လုပ်ထားပေးတယ်။ ရော့..'


'ထုံလေး မယူပါရစေနဲ့ အန်တီ'


'အဟွန်း...ခုမှ ငြင်းနေလဲ အပိုပါပဲ မင်းအတွက်

တကယ်လိုအပ်တာ ဒါတွေပဲမလား ခုမှဘာကိစ္စငြင်း

နေရတာလဲ မြသင်းထုံ'


မာနကို ထိခိုက်လွန်းနေပေမယ့် ထုံလေးစိတ်ကို အ

ကောင်းဆုံးလျော့ချမိ၏။ အနားထိ တွန်းပို့လာတဲ့

စာချုပ်တွေအား ဒေါ်ပပလှိုင်အနား တဖန် ပြန်တိုး

ရွေ့ပေးလိုက်သည်။ ကိုကြီးရဲ့ မေမေ ဖြစ်နေတဲ့ အ

တွက် ထုံလေး လေးစားရမယ်။


'ကျွန်မ ဘယ်အရာမှ မလိုချင်ပါဘူး၊ ကိုကြီးရက်

လည်ပြီးတာနဲ့ နယ်ကို ပြန်မှာပါ။ ကျွန်မပြောချင်

တာက ကိုကြီးရဲ့ ဇနီးဆိုပြီး ကျွန်မကိုယ်တိုင်က ဘာ

ခံစားခွင့်မှ မတောင်းတဲ့အတွက် အန်တီတို့ဘက်က

လဲ ဘာမှ ပေးစရာမလိုပါဘူးရှင့် '


'ဒါဆို မင်းအတွက် ဒါတွေ မလိုအပ်ဘူးဆိုရင်အပြစ်

မရှိတဲ့ ငါ့သားကို မင်းဘာလို့ သွေးအေးအေးနဲ့ ရက်

စက်ရတာလဲ '


'ကျွန်မ ..'


'မင်း အရမ်းရက်စက်တတ်တဲ့ မိန်းကလေးပဲ

မြသင်းထုံ'


နံရံတွေမှာ ကိုကြီး ရှိစဥ်က အပြည့်ကပ်ထားတဲ့

ထုံလေးရဲ့ ဓာတ်ပုံတွေထံ အရူးတစ်ယောက်လိုပြေး

ဖြုတ်ပြီး မိခင်တစ်ယောက်၏ ပူဆွေးမျက်ရည်တွေ

က အတားအဆီးမဲ့လျှက် ဓာတ်ပုံအား ကိုင်ပြကာ..


'မင်းသိလား ငါ့သားက .. ငါ့သားကလေ မင်းကို

သူအရမ်းချစ်ရှာတာ တွေ့လား သူ့အခန်းတစ်ခုလုံး

မင်းပုံတွေကြီးပဲ ကပ်ထားတာ ၊ ဒါတင်မပြီးဘူး မင်း

နဲ့ ပတ်သက်တဲ့ အသေးအမွှားကအစ သူတန်ဖိုးထားလွန်းလို့ အကုန်တန်ဖိုးရှိရှိသိမ်းဆည်ထားတာ၊ သူမင်းအပေါ်ဘယ်လောက်ရူးသွတ်ခဲ့လဲ ဆိုတာ မင်းတွေ့လား မင်းငါ့သားမှာ ဘာအပြစ်ရှိလို့ မင်းရက်စက်ရတာလဲ '


'ကျွန်မ ကိုကြီးကို မရက်စက်ခဲ့ပါဘူး အန်တီ အရင်

ထဲက ကျွန်မတို့ရဲ့ လက်ထပ်ခြင်းက နှစ်ဦးသဘော

တူ မဟုတ်ခဲ့ကြတဲ့အတွက် ဘယ်သူ့အတွက်မှပျော်

စရာမရှိသလို ခုလိုလဲ ဖြစ်လာစရာအကြောင်းမရှိခဲ့

ပါဘူး' ဟု ကျွန်မ ပြောပြချင်ပါသည်။ သို့သော် ယခု

အချိန်၌ ထုံလေးပြောသမျှ စကားတိုင်းသည် သူတို့

အတွက် ယုံချင်မှလဲယုံကြမည် ထိုစကားသည်တော့

အမှန်တရားဆိုတာသိကြမည်မဟုတ်ပါ။ ထို့ကြောင့်

ထုံလေးနှုတ်ဆိတ်နေလိုက်သည်။ ကိုကြီးရဲ့ တစ်

ဖက်သတ်ဆန်မှု့တွေကြောင့်လဲ သူ့ကို ကျွန်မ မချစ်ခဲ့

တာ ကိုယ်တိုင် လိပ်ပြာလုံသည်။


'ဘာလဲ ငါ့သားကို သတ်သလိုပဲ သွေးအေးအေးနဲ့

ငါ့ကို ပြန်သတ်မလို့လား၊ မင်းပြောလေ မင်းတို့ရဲ့

ဖြစ်ရပ်တွေကို မင်းပြောလေ ငါ့သားကပဲမှားတာလား မင်းကပဲ ရက်စက်လွန်းတာလား ငါ့ကိုပြော'


ဒေါ်ပပလှိုင် ရှေ့မှ မလှုပ်မယှက်နှင့် ရပ်နေတဲ့မိန်း

ကလေးအား မုန်းတီးစွာ ကြည့်နေမိပေမယ့်တစ်ဖက်

မှာတော့  ခေါင်းငုံ့ မျက်လွှာချကာ အေးချမ်းနေသည်။ ထိုမိန်းကလေးသည်

ဤသို့ သွေးအေးလွန်းတတ်သည်။ သားရဲ့ အချစ်

တွေ အားလုံးကို ရထားတဲ့ မိန်းကလေး ၊ သားကို

စိတ်နဲ့သတ်ခဲ့တဲ့ မိန်းကလေး။ ဒီထက်ကြမ်းတမ်းတဲ့

စကားလုံးတွေနှင့် အော်ဟစ်ပြောဆိုချင်ပေမယ့် 

ကိုယ်သိပ်ချစ်တဲ့ သားရဲ့ အချစ်ဆုံးမိန်းမမို့ စကား

လုံးတွေက ပြောမထွက်ခဲ့။  


'ကျွန်မ ရဲ့ အိမ်ထောင်ရေးက အန်တီတို့ထင်သလို

နှစ်ဦးနှစ်ဖက် သဘောတူထားခဲ့ကြတာ မဟုတ်ဘူး

ဆိုတာပဲ ကျွန်မပြောပါရစေ ကျန်တာတော့ ကျွန်မ

မှာ ပြောစရာမရှိတော့ပါဘူး'


'မင်းလဲ တစ်နေ့ငါ့သားလို ဝဠ်မလည်ပါစေနဲ့ပဲ ငါ

ဆုတောင်းပေးတယ် မြသင်းထုံ၊ ရော့ဒီမှာစာချုပ်

ငါ့သားရဲ့သဘောဆန္ဒအရလုပ်သွားတာမို့ မင်းမှာ

ငြင်းပိုင်ခွင့်မရှိဘူး၊မင်းမလိုချင်လို့ မင်းဟာမင်းလွင့်

ပြစ်ပြစ်ဆုတ်ဖြဲဖြဲ ဒါမင်းအပိုင်းပါ ဒါတွေက မင်း

ပစ္စည်းတွေပဲ နောက်ဆုံးပြောချင်တာက ငါ့သား

ရက်လည်ပြီးတာနဲ့ ငါ့မျက်စိရှေ့မှာ မင်းကိုလုံးဝ မ

မြင်ချင်ပါဘူး ဒါငါ့ရဲ့ တောင်းဆိုမှု့ပါပဲ'


မျက်ရည်တွေ သုတ်ပြီး ကျောခိုင်းထွက်ခွာသွားတဲ့

ဒေါ်ပပလှိုင်ရဲ့ ကျောပြင်ကို ကြည့်ပြီး ထုံလေးသက်

ပြင်းချမိသည်။ ကျေးဇူးတင်ပါတယ် အန်တီ။ ထုံ

လေးကို မုန်းနေပေမယ့် အရာအားလုံးမှာ လူကြီး

ဆန်ပေးခဲ့တဲ့အတွက်အန်တီရဲ့စိတ်ဓာတ်ကိုကျေးဇူး

တင် လေးစားမိပါတယ်။


ကိုကြီးလွှဲပေးခဲ့တဲ့အမွေတွေကိုလဲ ထုံလေးမယူပါ

ဘူး။ နယ်ပြန်တာနဲ့ အားလုံးကို ကိုကြီးအတွက်ပဲ

အလှူလုပ်ပေးခဲ့မှာပါ။


ကောင်းရာဘဝမှာ ကောင်းတဲ့အရာတွေနဲ့ပဲ ဆုံစည်း

နိုင်ပါစေ တမလွန်က ကိုကြီးရယ်...။


•••••


'အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်

မူကြပါ ဂုဏ် သာဓု သာဓု သာဓု......'


ရေစက်ချ အပြီးမှာတော့ ထုံလေး အိပ်ရေးပျက်တာ

များ၍ ခေါင်းတွေအတော်မူးနှောက်လာသည်။ ဒါ

ကြောင့် အခန်းဆီသွားပြီး အနားခဏယူဖို့ရန် ဆုံး

ဖြတ်လိုက်၏။ အားအရမ်းနည်းနေ၍ ထင်သည်

လမ်းလျှောက်နေရင်းပင် ခေါင်းထဲတရိတ်ရိတ်နှင့်

အာရုံတွေက တချက်တချက်ဝေဝါးလာ၍ သတိ

အတော်ထားပြီး ထိန်းလျှောက်နေရသည်။


ထုံလေးလက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်ပြီး ထိန်း

ပေးလာတဲ့ နွေးထွေးလွန်းတဲ့ လက်တစ်စုံသည်...


'ထုံလေး အဆင်ပြေရဲ့လား ကြီးမေအခန်းထဲထိ 

လိုက်ပို့မယ်နော်'


'ရတယ် ကြီးမေ ၊ ထုံလေး ခေါင်းတွေမူးနေလို့ ခဏ

လေး အနားယူလိုက်ရင် သက်သာမှာပါ ကြီးမေသာ

သူတို့ကို ထုံလေးအစား ခဏလေး ကူညီပေးပါနော်'


'ဆေး သောက်လိုက်နော် ထုံလေး'


'ဟုတ်'


ထိုအချိန် ရုတ်တရက် လက်ကောက်ဝတ်လေးအား

အကြမ်းပတမ်း ဆုတ်ကိုင်ခံလိုက်ရ၍ ခေါင်းတွေပါ

ချာချာလည်သွားကာ ကိုယ်ဟန်မပျက်စေရန် မ

နည်းထိန်းလိုက်ရသည်။


'မိန်းမရိုင်းမ ငါ့အကိုကို သတ်တဲ့မိန်းမ'


ထိုလူရဲ့ လုပ်ရပ်​သည် ထုံလေးအပါအဝင် တရားနာ

နေကြသော လူတွေအားလုံး ရုတ်တရက် ဆွံ့အသွား

ကြသည်။


'အ့ ကျွန်မ လက်အရမ်းနာနေပြီ လွှတ်'


'နာလေ နာရုံမကဘူး မင်းဒီနေရာမှာ လဲသေသွားလဲ

မလွှတ်ပေးဘူး'


'သား သားငယ် သားပြန်လာတယ်'


'မာမီ ခဏ ဒီမိန်းမကို ကျွန်တော် ခဏခေါ်သွားမယ်'


နိုင်ငံခြားမှာ အပြီးနေတော့မယ်ဆိုပြီး အကြောင်းမ

ကြားပဲ ပြန်လာတဲ့ သားကို ခုချိန်မှာမြင်ရတော့ ဒေါ်

ပပလှိုင် ဝမ်းသာရမလို ဝမ်းနည်းရမလိုပါပဲ။


'ဟဲ့ သား နေဦးလေ'


ဘယ်ကလာပြီး ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်

က ရုတ်တရက် လူအများကြားမှ ဆွဲခေါ်လာခဲ့တာ

ရုပ်ပျက်ဆင်းပျက်ပင်။ သေချာတာကတော့ သူ

သည် ကိုကြီးပြောပြဖူးတဲ့ ကိုကြီးရဲ့ ညီဆိုတာဖြစ်

လိမ့်မည်။


'ကားပေါ် တက်စမ်း ဘာတွန့်ဆုတ်တွန့်ဆုတ်လုပ်

နေတာလဲ'


လူကို လူလိုမဆက်ဆံပဲ တိရိဆာန်တစ်ကောင်လို

ပြုမူနေတာ အတော်တရားလွန်သည်။ ထုံလေးမှာ

ဘာမှပြောချိန်မရပဲ သူအတင်းတွန်းထည့်သည့်ကား

ပေါ်သာ ဖရိုဖရဲ ရောက်သွားရသည်။ သူကိုယ်တိုင်

လဲ ကားထဲ ဝင်လာပြီး ကားငိုကြမ်းကြမ်းတမ်းတမ်း 

စတင်ကာမောင်းလေတော့သည်။ မူးနှောက်နေတာ

ပင် ဘယ်ပျောက်သွားမှန်းမသိ။ ထုံလေးကို ဂရု

မစိုက်ပဲ ကားကိုသာ အာရုံစိုက်မောင်းနေတဲ့ သူ့

အား ရန်တွေ့မိသည်။


'နင် ငါ့ကိုဘယ်ခေါ်လာတာလဲ'


'ပါးစပ်ပိတ်ထား'


'မပိတ်နိုင်ဘူး ငါ့ကို ဘယ်ခေါ်လာတာလဲ ကားကို

ခုရပ် ကားရပ်လို့ငါပြောနေတယ်လေ'


'ပါးစပ်ပိတ်ထား ပါးစပ်ပိတ်ထား မင်းအသံငါ မ

ကြားချင်ဘူး'


ဒေါသတကြီး သူ့အော်သံနှင့် မီးဝင်းဝင်းတောက်နေ

သည့် သူ့မျက်ဝန်းတွေကြောင့် ထုံလေးအသားလေး

ပင်တုန်တက်ကာ လန့်သွားတော့သည်။ ဘာမှဆက်

မပြောရဲတော့တာကြောင့် လက်နှစ်ဖက်နှင့် မျက်နှာ

ကို အုပ်ပြီး ငိုချမိသည်။ သု့ပုံစံကြီးက လူရိုင်းဆန်

နေသည်။ ထို့ကြောင့် ထုံလေးဘာမှလဲ ဆက်မပြော

ရဲ အသက်ပင်ပြင်းပြင်းမရှူရဲချေ။ ထုံလေးကို ဘယ်

ခေါ်လာမှန်းလဲ မသိ။ 


ကိုကြီးဆိုတာ အသံမာမာနဲ့ပင် ထုံလေးကို မပြောခဲ့

ဖူးချေ။ ကွဲပြားလွန်းတဲ့ အနေအထားက ထုံလေးကို

စိမ်းစိမ်းကားကားကြီး ကြိုဆိုနေခဲ့သည်။ ဘာအ

တွက် ထုံလေးက ပေးဆပ်ရဦးမှာလဲ။ ကိုကြီးကိုလဲ

ထုံလေး ဘဝတစ်လုလုံးပေးဆပ်ခဲ့ပြီးပြီ ယခုလည်း

လူသတ်တရားခံ သဖွယ် အမုန်းခံပြီး ပေးဆပ်ရဦး

မည်လား။


ဘာကြောင့် မြသင်းထုံဆိုတဲ့ ကျွန်မကိုပဲ အပြစ်မြင်

နေကြတာလဲ လောကကြီးရယ်။


•••••


'ဒူးထောက် ဒူးထောက်စမ်း'


'အ့ ...နင် ဘာလုပ်တာလဲ'


'ဒူးထောက်'


သူ့သဘောကြီးအတိုင်းသာ စီရင်နေတဲ့ လူသည် 

အင်မတန်ကြောက်စရာကောင်းပြီး ထုံလေးအား 

မညှာမတာ ပြုမူနေသည်။ 


သူ့အားကြီးနဲ့ ဆောင့်တွန်းလိုက်၍ မြေပြင်ပေါ်

အရှိန်နှင့် လှဲကျသွားပြီး လူကတော်တော်နှင့်မထ

နိုင်။ ​ခဲလုံးတွေနှင့် ပွတ်တိုက်၍ ဒူးတွေပွန့်ပဲ့လာ

သည့် ဒဏ်ရာက စပ်ဖျင်းဖျင်းနှင့်နာကျင်လာသည်။

ဒါကိုပင် ကျေနပ်ဟန်မပေါ်သေးပဲ ထုံလေးပါးစောင်

နှစ်ဖက်အား အားကြီးနှင့် ကျိူးကျေမတတ် ညှစ်

ဆုပ်ထားပြီး...နားကွဲမတတ် ကျယ်လှောင် သူ့အသံ

ကြီးက ကြောက်ခမန်းလိလိ။


'တောင်းပန် ငါ့အကိုကို ခုချက်ချင်းတောင်းပန်စမ်း'


'အွန့်...အ..'


ပါးနှစ်ဖက်လုံးကို ညှစ်ဆုပ်ထား၍ နာကျင်လွန်း၍

မျက် ရည်တွေပါ စီးကျလာတဲ့ထိ လွှတ်မပေးပါပဲ

ပိုတိုးလို့ပင် ဖိညစ်ထားကာ အမိန့်တွေပေးနေတာ တ

ရစပ်။


'ငိုစမ်း ငို...အသက်ထွက်အောင် ငိုပြလဲ ငါမင်းကို

သနားမယ် မထင်နဲ့၊ ငါ့အကိုကို မင်းရက်စက်ခဲ့တုန်း

ကလဲ ခုလိုပဲလား ဟားဟားဟား'


အရူးတစ်ယောက်လို အော်ရယ်နေပြီး သူ့မျက်ဝန်း

တွေမှာ စိတ္တဇ ဆန်နေသည်။ ထုံလေးမှာနာကျင်

လွန်းတာရော သူ့ကိုကြောက်တာပါ ပေါင်းပြီး ခက်ခဲ

လာတဲ့ အသက်ရှူခြင်းကို အတင်းရှူရှိုက်နေမိ၏။


'အသည်းနှလုံးမရှိတဲ့ မိန်းမ မင်းပြန်ပြီးပေးဆပ်ရ

မယ် ငါ့အကိုကို မင်းသွေးအေးအေးနဲ့ သတ်ခဲ့တဲ့

အတွက် မင်းပြန်ပြီး ပေးဆပ်ရမယ်'


'လွှတ်...'


ဆောင့်တွန်းလွှတ်လိုက်တာလဲ အညှာအတာကင်းမဲ့

လွန်းလှ၏။ အသက်ကို ဝဝရှူပြီးမှ ...


'နင့်အကိုနဲ့ ငါ့အကြောင်းမသိပဲနဲ့ နင်တို့တွေ တစ်

ဖက်သတ်မစွတ်စွဲပါနဲ့ ..'


'အဟွန်း မင်းတို့လက်ထပ်ခဲ့တာကို ငါစိတ်မဝင်စား

ဘူး ဒါပေမဲ့ ငါ့အကိုကို ကားအက်စီးဒန့်နဲ့ သေ

အောင်သတ်ခဲ့တာတော့ ငါနဲ့ဆိုင်တယ်'


'လွှတ်စမ်း အရိုင်းစိုင်းကောင်ရဲ့'


ဒေါသထွက်တိုင်း သူစိတ်ရှိတိုင်း သူ့အရပ်အမြင့်

ကြီး သူ့ဗလကြီးနဲ့  အကောင်သေးသေးလေးနဲ့

ထုံလေးကို ဆောင့်ဆွဲခါနေတာ အရုပ်တစ်ရုပ်လိုပဲ

ပြုမူနေသည်။ လွှတ်ဆိုတိုင်းလဲ မလွှတ်ပဲ ပိုပြီး

အရွဲ့တိုက် နေတဲ့ မျက်နှာသည် အရွတ်ဆန်လွန်းနေ

သည်။ 


'မင်းပြောသလိုပဲ ငါဒီထက်ပိုပြီး ရိုင်းစိုင်းတတ်တာ

သိရဦးမှာ ငါကအရိုင်းစိုင်ကောင်ဆိုတာ မင်းမြင်လဲ

မြင်ရမယ် ခံလဲခံစားစေရမယ် နားလည်လား'


'အ့..နင့်အကိုနဲ့ ငါနဲ့အကြောင်းမသိပဲ ငါ့ကိုမစွတ်စွဲ

နဲ့..'


'မင်းလို မိန်းမမျိုးဆီက စကားတွေက အကုန်အလိမ်

အညာတွေပဲ ထွက်လာမှာ ငါ သိတယ်ရှင်းပြဖို့ မလို

ဘူး ကြားလဲမကြားချင်ဘူး'


'အ့...'


ဒီတစ်ကြိမ်လဲ သူ့စိတ်တိုင်းကျ မြေပြင်ပေါ်လှဲကျနေ

တဲ့လူကိုဇွတ်အတင်းဆွဲထူပြီးသူ့အားကြီးနှင့်ဆောင့်

တွန်းလွှတ်ပြစ်တာ မညှာမတာ ရက်စက်လွန်းလှ

သည်။ ထုံလေးမှာ မူးနှောက်ပြီး ခေါင်းထဲချာချာ

လည်သွားရတော့သည်။ လူကရုတ်တရက် မထူနိုင်

မထနိုင်သည်ထိ အခြေနေဆိုးရွားလှ၏။


' အိမ်ကို လမ်းလျှောက်ပြန်ခဲ့ ဒီနေရာက ငါ့အကိုရဲ့

အုတ်ဂူဘေးမှာ ဖြစ်နေလို့ မင်းအပေါ်ပြင်ဆင်ထား

တဲ့ ငါ့အမုန်းတွေက ဒီလောက်နဲ့ မပြီးသေး

မြသင်းထုံ'


ဒီလောက် နိပ်စက်နေတာကို မကျေနပ်နိုင်တာတဲ့

လား။ 


'အိမ်ကို လမ်းလျှောက်ပြန်ခဲ့ ငါ့ကားပေါ် မင်းလို

မိန်းမကို တင်ရတာ မတန်လို့ '


မျက်မှန်အနက်ရောင်ကို တပ်ပြီး ကျောခိုင်းထွက်

သွားသည် ယနေ့မှ ပထမဆုံးမြင်ဖူးတဲ့ ကိုကြီးရဲ့ညီ။

အကြောင်းအရင်းကို မသိကြပဲ ထုံလေးကိုမုန်းနေ

ကြတာ တရားရဲ့လား ကိုကြီးရယ်။ ထုံလေးပေး

ဆပ်ခဲ့ရတာတွေက ဒီရယူမှု့တွေနဲ့ တန်ရဲ့လား။


ကွယ်လွန်သူ

ဦးဥပဓိ သက် ၃၁နှစ်။


ကိုကြီးသေဆုံးချိန်မှာပင် မျက်ရည်တစ်စက်မှ မကျ

ခဲ့ပဲ ယနေ့တော့ မဖိတ်ခေါ်ပါပဲ အတားအဆီးမဲ့နေ

တဲ့ မျက်ရည်တွေက ထုံလေးအတွက် အဖော်တဲ့

လား။ 


ယနေ့သည် ကျွန်မအတွက် အမှောင်လား အလင်း

လား မသေချာတဲ့ အနာဂါတ်တစ်ခုထံ အကျည်း

တန်လွန်းစွာ နှုတ်ဆက်ခေါ်ဆောင်ခဲ့သော

နေ့တစ်နေ့ဖြစ်သည်။


•••••


Creator£ငွေသုန္ဒရီ


rate now: