book

Index 9

အပိုင်း(9)♥♥♥♥♥

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

"ဟင်"


အဝါရောင် အရိပ်လေးက သူ့အရှေ့ကို

တရွေ့ရွေ့တိုးလာတော့ သူမျက်တောက်

မခက်တမ်းကြည့်နေမိကာ...သူမလေး

 သူ့အနားနီးလာတော့ သူမျက်ခုံးတွေပင့်တက်သွားပြီး...


"ကလေး..."


သူ့ ပါးစပ်လှုပ်ယုံလေး ခေါ်လိုက်ပြီး သူမလေး

 သူ့အရှေ့ကိုရောက်တော့ သူ မျင်ဝန်းတွေ

 ကျဥ်မြောင်သွားကာ အံကို တင်းတင်းကြိတ်လိုက်ပြီး....


"ကလေး....မင်း...မင်းဒဏ်ရာတွေ 

ဘယ်သူလုပ်တာလည်း....ပြောစမ်း....

မင်းကိုဘယ်သူ အခုလိုဖြစ်အောင်

 ဘယ်သူလုပ်တာလည်း.."


သူစိုးရိမ်စွာ သူမ မျက်နှာလေးကို

 ကိုင်ပြီးမေးလိုက်တော့ သူမလေးက

 သူ့ကို မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ပြန်မော့ကြည့်ကာ....


" မူ..အဲ...ကမ္ဘာ ကားတိုက်မိတာပါ...."


"ဟာကွာ...စစ်သွေး တော်ဝင်ဆေးရုံကို

 ဖုန်းဆက် အခုချက်ချင်း လိုအပ်တာတွေယူပြီး

 အိမ်လာခဲ့လို့..."


သူ စိုးရိမ်စွာ စစ်သွေးကို လှည့်ပြောတော့...


"ဟုတ်ကဲ့..အကိုလေး..ကျွန်တော်အခုပဲ

ဆက်သွယ်လိုက်ပါ့မယ်..."


စစ်သွေးအပြင်ထွက်လာပြီး

 အခုမမလေးကမ္ဘာကို သူ့ဘယ်မှာ

တွေ့ဖူးလည်းဆိုတာ စဥ်းစားပင်မဲ့

 စဥ်းစားမရပေ။ သူခေါင်းကိုခါထုပ်လိုက်ပြီး

 ဆေးရုံအုပ်ကို ဆက်သွယ်ဖို့ ကိစ္စသာ အာရုံစိုက်လိုက်တော့သည်။


စစ်သွေးထွက်သွားတော့ သူမလေးက

 ခေါင်းလေးငုံ့နေတော့..သူ သူမလက်ကလေးကို ကိုင်လိုက်တော့ သူ့စိတ်ထဲ စိမ်းနေသလို ခံစားရကာ...


"ကလေး....ကိုယ်တောင်းပန်ပါတယ်နော်....

ကလေးကို ကိုယ်ပစ်ထားမိသလိုဖြစ်သွားတယ်ကွာ...ကိုယ်တောင်းပန်တယ်နော်..."


"ဟုတ်...ကမ္ဘာခွင့်လွတ်ပါတယ်....ကိုကို...."


"ဟင်...."


သူ သူမလေးသူ့ကို ကိုကိုလို့ခေါ်တော့ ဝမ်းသာရမဲ့အစား စိတ်ထဲ အလိုမကျဖြစ်မိသွားသည်။ အခုမှ ပြန်တွေ့တဲ့ ယောကျာ်းတစ်ယောက်ကို ချက်ချင်းကြီး ကိုကိုလို့ ခေါ်စရာလား...ပြီးတော့ သူမလေးက သူ့ကို သိပ်ကြောက်ရွံပုံလည်းမပေါ် စိတ်လည်းမဆိုး....မဟုတ်သေးပါဘူး..ပြီးတော့  သူမလေးရဲ့ အသားအရည်က သူနဲ့ ရှိခဲ့တဲ့ အချိန်တွေကလို့  မနူးညံ့ပေ။


 ရုပ်ကလည်း သူ့တွေ့ခဲ့တဲ့ သူမလေး ပုံစံပါပဲ...ဟုတ်မှာပါ...အပြင်မှာ တစ်လလောက် ရောက်နေတော့ အသားအရည်ကြမ်းတမ်းခြောက် သွေ့သွားတာလည်းဖြစ်နိုင်တာပဲ....


"ကိုကို...."


"ဟင်..."


သူစဥ်းစားရင်း သူမလေးခေါ်သံကြားမှ ယောင်ရမ်းပြီးထူးမိတော့ သူမလေးက သူ့ကို ပြုံးနေသော မျက်နှာလေးနဲ့ကြည့်ကာ....


"အဟင်း....ကမ္ဘာကို ထိုင်ခွင့်မပေးတော့ဘူးလားဟင်..."


"Sorry ကိုယ် စိတ်များသွားလို့...ထိုင်လေ..."


သူပြောလိုက်တော့ သူမလေးက ရယ်ပြပြီး သူ့အရှေ့က ဆိုဖာပေါ် ဝင်ထိုင်လိုက်တော့...သူပါ ဘေးမှာထိုင်လိုက်တော့ သူမလေးက သူ့ကိုကြည့်ပြီး.....


"ကိုကို...ကမ္ဘာကို ရှာနေတာဆို....ကမ္ဘာတောင်းပန်ပါတယ်နော်...ကမ္ဘာလူတွေကို​ကြောက်လို့ စိတ်ငြိမ်တဲ့နေရာခဏသွားနေတာပါ....ကမ္ဘာက လူရော စိတ်ရော စိတ်ဓာတ်ကျနေတာကြောင့်ပါ..."


"သူမလေးပြောတော့ သူ စိတ်မကောင်းဖြစ်သွားကာ....sorry ကလေး ကို တကယ်တောင်းပန်ပါတယ်...ကိုတို့ဖြစ်သွားတဲ့ ကိစ္စကလည်း တမင်ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး...."


"ဟုတ်...ကမ္ဘာ ကိုကို ကိုခွင့်လွတ်ပါတယ်....ကိုကိုပဲ ကမ္ဘာ့ကို ကယ်ပေးမဲ့သူရှိတာမဟုတ်လား....အဟင့်..."


သူမ မျက်ရည်တွေကျလာတော့ သူပြာပြာသလဲဖစ်သွားကာ...


"ဘာဖြစ်လို့ငိုတာလည်းကွာ...."


သူပြောလည်းပြော သူမလေးရဲ့ ခေါင်းလေးကို ပွတ်လိုက်တော့ မျက်ရည် ကျနေသော မျက်ဝန်းလေးနဲ့ သူ့ကိုပြန်ကြည့်ကာ..


"အဟင့် ...ကမ္ဘာအားငယ်လို့ပါ....အခုဆို ကမ္ဘာမှာ....ဘယ်သူမှ အားကိုးစရာမရှိတော့ဘူးလေ...ကမ္ဘာ...ကမ္ဘာ...လူ့လောကကြီးမှာ မနေချင်တော့ဘူးကိုကို...အဟင့်....ဟီး...."


သူမငိုပြီးပြောတော့ သူ့မှာ သူမလေးဘေးကိုကပ်သူကိုယ်ကြီးရွေ့လိုက်ကာ....


" အခုချိန်ကစပြီး မင်းနားမှာကိုယ်ရှိတယ်ကလေး....မင်းဘာဖြစ်ချင်တယ်သာပြောလိုက် ဖြစ်စေရမယ်လို့ကိုကတိပေးတယ်ကွာနော်...."


သူပြောလည်းပြော သူမကိုယ်လေးကို ဖက်လိုက်တော့ သူ့စိတ်ထဲ တစ်မျိုးကြီးဖြစ်သွားမိပြန်သည်။ သူအာ့ညက ရခဲ့တဲ့ ကိုယ်သင်းနံ့သင်းသင်းလေး က လူကို စိတ်ကြည့်သွားစေတဲ့ စွဲမက်ဖွယ်အနံ့လေး...အခုတော့ အာ့လိုမဟုတ်ဘူး အရိုင်းဆန်စွာ မွှေးကြိုင်နေတဲ့ အနံ့  သူဖက်ထားရင်း စိတ်ရူပ်စွာ သူမကိုယ်လေးကို ဆွဲဖယ်သလိုဖြစ်သွားတော့ သူမက အံ့သြ သလို မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ကြည့်လာကာ....


"ဘာဖြစ်လို့လည်းကိုကို..."


"အင်း...ဘာမှမဖြစ်ဘူးကလေး...ကားသံကြားတယ်....ဆရာဝန်လာပြီထင်တယ်..."


သူပြောလိုက်ပြီး စစ်သွေးဝင်လာကာ...


"အကိုလေး ဆရာပါလာပြီ..."


သူခေါင်းငြိမ့်ပြလိုက်တော့ အနောက်က မျက်မှန်နဲ့ အသက်ခပ်လက်လက်ဆေးရုံအုပ်ကြီးနဲ့ အကူဒေါက်တာလေးက ဝင်လာကာ....


"မင်္ဂဘာပါ....သခင်းလေး..."


"ကျွန်တော်တို့မမလေးကို...ကြည့်ပေးဖို့လာတာပါ...."


သူ့ကို ဦးညွှတ်ပြီးပြောတော့ သူ သူသူမလေးကိုကြည့်ကာ....


"ကလေး...ဒါမင်းဒဏ်ရာတွေကိုကုပေးမဲ့ အတော်ဆုံးဆေးရုံအုပ်ကြီးပဲ...အာ့ဒါကြောင့် မင်းအဝတ်အစားလဲလိုက်ပြီး ပြန်ထွက်ခဲ့နော်...."


သူပြောတော့ သူမလေးက ခေါင်းငြိမ့်နာခံစွာ...စစ်သွေး လိုက်ပြသော အခန်းကို သွားတော့မှ သူလေမှုတ်ထုတ်လိုက်ကာ...စိတ်ထဲ မတင်မကျဖြစ်နေမိကာ...မျက်မှောင်ကုတ်လိုက်ပြီး...ဘေးမှာခေါင်းငုံ့ရပ်ကြည့်နေသော ဆေးရုံအုပ်ကြီးဘက်ကိုလှည့်ကာ...


"ကျွန်တော့တစ်ခုလောက်တောင်းဆိုချင်တယ်..အန်ကယ်..."


"ဒီ....ဒီ.....ဒီ....ဒီ...."


ထိုအချိန် ဖုန်းမှ အသံတိုးထားတာကြောင့် Vibrate အသံလို့ တုန်နေတဲ့ အသံထွက်လာတာကြောင့် သူတို့သုံးဦးလုံး မျက်လုံးဝေ့ကြည်လိုက်ချိန်...သူမအိတ်လို့ထင်တဲ့ အိပ်သေးသေးလေးက ဆိုဖာပေါ်မှာ ကျနေတော့ သူမှောင်ကုတ်သွားကာ...အနားသွားလိုက်ပြီး ထုတ်ကြည့် လိုက်တော့...မာမီဆိုတော့ ဖုန်းစကရင်ပေါ်က နာမည်ကိုတွေ့တော့ သူမျက်မှောင်ကုတ်သွားပြီး ကြည့်နေကာ မြည်နေတဲ့ ဖုန်းလေးကျသွားတော့ သူဖုန်းကို သေချာစိုက်ကြည့်နေကာ....သူမက အမေမရှိတော့တာမဟုတ်ဘူးလား...အခုတော့ မာမီတဲ့...တစ်ခုခုတော့ လွဲနေပြီဆိုတာ...သူသေချာသိနေတော့သည်။ခဏကြာတော့ ဖုန်းက အသံထမည်လာတော့ သူ ကိုင်လိုက်ကာ...တစ်ဖက်က စိုးရိမ်တကြီးထွက်ပေါ်လာသောအသံက...


"သမီး မူယာခင်..ညည်းအဆင်ပြေရဲ့လား...ဟိုကရော..ညည်းကို မသင်ကာဖြစ်သေးလား..အမေ့ကိုပြောစမ်း..."


သူ ထိုစကားတွေကြားတော့ မေးကြောကြီးတွေတင်းနေအောင် အံကိုကြိတ်လိုက်ကာ...


"အဟက်...ခင်ဗျား...သမီးကို ပြန်ပို့လိုက်မယ်...ဒါပင်မဲ့ အသက်ရှင်လျှက်တော့မဟုတ်ဘူး....အဟင်း...."


"ဟင်..မင်း...မင်..."


သူ စကားဆုံးအောင်နားမထောင်တော့ဘဲ ဖုန်းကို ချလိုက်ပြီး...ဒေါသကြောင့် မျက်နှာမှာတင်းမာနေကာ...သူလို မာန်တံခွန်ကို လှည့်စားဖို့ လုပ်ရဲ့တယ်ဆိုတော့ တော်ယုံသတ္တိမျိုးတော့မဟုတ်ဘူး...အဟင်း...စိတ်ချ...ငါက မင်းတို့ကို နောက်မလုပ်ရဲအောင် ပညာပေးပြမယ်....သူအာ့ဒါကြောင့် သူမဂုတ်သားလေးက မဲ့ကိုကြည့်တော့မတွေ့တာကို...ဒါကြောင့် သူ သူမကို စိမ်းသက်နေတယ်လို့ ခံစားမိတာကို...စိတ်ချ....ကလေး...မင်းမဟုတ်ဘဲ အခြားလူတွေကို ကိုယ်ရင်ခွင်မှာဘယ်တော့မှမနားစေရဘူး....


"အန်ကယ်..ပြန်လိုက်တော့ ရပြီ..."


"ဗျာ...ဟုတ်ကဲ့..သခင်လေး...."


ဆေးရုံအုပ်နဲ့ အကူဒေါက်တာလေးပြန်သွားတော့ သူ ဆိုဖာပေါ်ထိုင်လိုက်ကာ..ပြန်ထွက်လာမဲ့....မူယာခင်ကို မျက်နှာတင်းမာကာ..အေးစက်စက်ပုံစံက သူမကို လွယ်လွယ်နဲ့ ခွင့်မလွတ်ဘူး ဆိုတာ ပြောစရာပင်မလိုတော့ပေ။


မူယာ....စစ်သွေးဆိုတဲ့ အိမ်လာသွားတဲ့တစ်ယောက်လိုက်ပို့သော သူမအတွက်လို့ပြောသွားတဲ့ အခန်းထဲကိုရောက်တော့ သူမနှုတ်ခမ်းလေးမဲ့လိုက်ကာ...


"ဟွန့်..အခုတော့လည်းအပိုးကိုကြိုးလို့... ငါ့အိမ်လာတဲ့နေ့ကရုပ်နဲ့ တူတာဆိုလို့ ရုပ်တည်တာပဲရှိတယ်..ဟင်..ဟိုကောင်မအတွက် ပြင်ထားတဲ့အခန်းက ရှယ်ရှယ်ကျနေတာပဲကြည့်စမ်း...ကောင်မ... အဟင်း..အခုတော့ နင့်ပိုင်မဲ့ အရာတွေကို ငါပိုင်တော့မယ်...ဟား....ပြီးတော့ သူ့ကိုရောပဲ...ဟား...."


မူယာ အခန်းအကျယ်ကြီးနဲ့ အဖိုးတန်ပစ္စည်းများကိုကြည့်ကာ...လောဘရက်မက်စောများက သူ့ကို လမ်းအမှားကိုပိုရောက်အောင်းတွန်းပို့ပေးနေသလိုပင်။မကြာခင်​ေ

ရောက်လာတော့မဲ့ သူမရဲ့ကံတရားကိုတော့ သူမသိရင်သူမအခုလို ပြုံးနိုင်တော့မည်မထင်။


သူမအခန်းပြင်ပြန်ထွက်လာပြီး စစ်သွေးဆိုတဲ့လူ ခေါင်းငုံ့ကာ ရပ်စောင့်နေတော့...သူမ ထိုလူ့အနားသွားကာ မျက်နှာကို ပြုံးလိုက်ပြီး..


"အဟင်း..ကိုစစ်သွေး ကျွန်မတို့ ကိုကိုတို့စီသွားကြမယ်..."


"ဟုတ်ကဲ့..."


စစ်သွေးပြောပြီး သူမကိုမော့ကြည့်လိုက်တော့ စောစောက ပုံနဲ့ကွာခြားသွားသော သူမကြောင့် မျက်လုံးပြူးသွားမိကာ...


"မမလေး စောစောက ခင်ဗျာ...ဒဏ်ရာတွေကော...."


သူပြောလိုက်တော့ သူမ မျက်နှာပျက်ကာ...လည်ပင်းနဲ မျက်နှာ​ကိူ ယောင်ရမ်းကိုင်လိုက်ကာ...


"ဟို....ဒဏ်ရာကနည်းနည်းပါ...ဆေးထည့်ထားတော့ များသလိုဖြစ်နေတာ ဒီမှာလေ...တွေ့လား...အာ့ဒဏ်ရာနည်းနည်းပဲရှိတာ..."


သူ့ကို လက်ကရှရာဒဏ်ရာသေးသေးလေးကိုသာ ပြနေသော မမလေးမိုးစက်ကမ္ဘာကို သူစိတ်ပျက်သလိုဖြစ်သွားကာ...ဘာမှမပြောတော့ဘဲ...အကိုလေးနဲ့တွေ့မှသာရှင်းဆိုသည့်သဘောဖြင့် အကိုလေးတို့ရှိရာ နားနေခန်းသီကိုသာ ခေါ်ဆောင်လာလိုက်တော့သည်။


သူမ ကိုကိုစီရောက်တော့ စောစောက ဆရာဝန်တွေကိုမတွေ့ ကိုကိုတစ်ယောက်ထည်း ဆိုဖာပေါ်တွင် ဆေးလိပ်ကို ဖွာနေပုံက တစ်နေကုန်တစိမ့်စိမ့်ထိုင်ကြည့်နေရင်တောင်သူမအတွက်ရိုးသွားမှာမဟုတ်။မကြာခင်လည်း သူမ ကိုကို ကို ပိုင်ဆိုင်ရတော့မည်မဟုတ်လား။


သူမ ကိုကိုအနားသွားပြီး...


"ကိုကို....ဟိုဆရာဝန်...ဟင်..."


သူမစကားတစ်ဝက်တစ်ပျက်နဲ့ ရပ်သွားပြီး သူ့ဘေးမှာ ချထားသော သူမဖုန်းလေးကို ကြည့်ကာ မျက်နှာမှာပျက်ကြသွားပြီး ထိန့်လန့်တုန်လှုပ်သွားကာ...သူ့ကိုကြည့်လိုက်တော့ မျက်နှာချောချောမှာ တင်မာနေပြီး ခြေထောက်ကို တစ်ချောင်းပေါ်တစ်ချောင်းချိတ်လိုက်ကာ....


"ငါ့...ကလေးဘယ်မှာလည်း.."


အေးစက်စက်မေးလိုက်သော ပြတ်သားလှတဲ့

 အသံတို့မှာ  သူမအဖို့ ကြက်သည်းထဖွယ်...


"ကမ္ဘာက.... ကမ္ဘာပါ..ကိုကို..."


"တိတ်စမ်း...မူယာခင်....မင်းဘယ်အထိ ညာချင်သေးတာလည်း...."


သူမ ထိပ်လန့်သွားကာ...နောက်ကို ခြေလှမ်းဆုပ်တော့ စစ်သွေးက အနောက်မှာ ပိတ်ရိပ်လိုက်တော့ သူမ ရပ်လိုက်ကာ...


"မသိဘူး...မူယာမသိဘူး..."


"အဟက်...မင်းက ငါ့ကို လိမ်လို့ရမယ်ထင်နေတာလား...မင်းစရောက်ကထည်းက ငါ့ကလေးမဟုတ်ဘူးဆိုတာ ငါခံစားမိတယ်...မင်းလိုမိန်းမမျိုးက ငါ့ကို လှည့်စားဖို့ ကြံရဲတယ်ပေါ့...ပြောစမ်းငါ့ကလေးဘယ်မှာလည်း...."


သူထပြီး သူမမေးရိုးကို လက်နဲ့ဖိညစ်ပြီးမေးလိုက်တော့ သူမတုန့်လှုပ်သွားပြီး မျက်ရည်တွေကျလာကာ...


"ဟင့်အင်း....မူယာမသိဘူး....မူယာက အခုလိုလုပ်တာ ကိုကို...ကိုတကယ်ချစ်လို့ပါ..."


"တော်စမ်း...မင်းလို့မိန်းမက ငါ့ကိုချစ်တယ်ဟုတ်လား...ဟား...ရယ်စရာပဲ...မင်းလို့မိန်းမက ငါ့မျက်လုံးထဲမှာ အပျက်မပဲ....မင်းကိုငါ နောက်ဆုံတး်ကြိမ်ထပ်မေးမယ်...ကမ္ဘာဘယ်မှာလည်း...."


မူယာ သူတကယ်သူမကို မဖြေတော့ရင် တစ်ခုခု လုပ်တော့မယ်ဆိုတာသိတာကြောင့် ကြောက်ရွံ့ ထိပ်လန့်သွားကာ....


"ဟို...မူယာလေ...ကမ္ဘာဘယ်မှာရှိလည်းဆိုတာ တကယ်မသိတာပါ...တကယ်ပါ...ဒါပင်မဲ့ဆေးရုံမှာ ယောကျာ်းတစ်ယောက်က သူ့ကိုခေါ်ထုတ်သွားတာတော့သိတယ်...အခြားကိစ္စတွေတော့ တကယ်မသိတာပါ...မူယာမညာပါဘူး..."


သူမပြောကို သူနားထောင်ပြီး...ဆိုဖာပေါ်ပြန်ထိုင်လိုက်ပြီး ဘေးမှာ အခြေအနေကိုနားလည်စွာရပ်ကြည့်နေသော စစ်သွေးကို မျက်ရိပ်ပြပြီးသူမကို ဆွဲအပြင်ဆွဲခေါ်သွားပြီး နောက်မလုပ်ရဲအောင် ပညာပေးဖို့ ပြောလိုက်တော့ စစ်သွေးက နားလည်သွားကာ...လက်က စက်ကို နှိပ်လိုက်ပြီး ကိုယ်ရန်တော်နှစ်ယောက်ကို အထဲဝင်ဖို့ခေါ်လိုက်တော့...သူမ ထိပ်လန့်စွာ...သူ့ကိုကြည့်ပြီး....


"မူယာတောင်းပန်ပါတယ်နော်..မူယာကိုဘာမှမလုပ်ပါနဲ့...မူယာနောက်တစ်ခါ အခုလိုမျိုးထပ်မလုပ်တော့ပါဘူးနော်...မူယာ ရှစ်ခိုးပြီးတောင်းပန်ပါတယ့်နော်...."


ပြောလည်းပြော သူ့ခြေသလုံးကိုပြေးဖက်တော့ သူခါထုတ်လိုက်ကာ...


"ကျစ်...ဖယ်စမ်း...မင်းလိုမိန်းမမျိုးကိုရွံတယ်...စစ်သွေး...."


"ဟုတ်ကဲ့အကိုလေး....''


စစ်သွေးလည်း ကိုယ်ရန်တော်တွေကို သူမကိုခေါ်သွားဖို့ ခေါင်းငြိမ့်ပြလိုက်တော့ ကိုယ်ရန်တော်နှစ်ယောက်သူမကိုလက်တစ်ဖက်စီက ဆွဲခေါ်သွားတော့ သူမအော်ကာ...လိုက်ပါသွားတော့သည်။


"ကျစ်...နားညီးတာ.."


သူနားကို လက်ညိုးနဲ့ ထိုးပြီးပြောကာ..စစ်သွေးကိုကြည့်လိုက်ပြီး....


"အာ့နေ့က ဆေးရုံဝင်းက CCTVကို စစ်တာ မတွေ့ဘူးနော်..."


"ဟုတ်ကဲ့အကိုလေး..ပြီးတော့ ကားပါကင်ဘက်CCTVက ပျက်နေတော့ စစ်မရပါဘူး...အာ့တစ်ခုပဲ ကျန်တာပါ.."


သူစိတ်ရူပ်ရင်လုပ်တဲ့အတိုင်းဆံပင်တွေကိုထိုးဖွကာ...


"လူသုံးဆထပ်ထည့်....သူမရန်ကုန်ထဲမှာမရှိတော့လောက်ဘူး....ရှမ်းပြည်နယ်ဘက်တွေကို ထပ်ပြီးသေချာရှာ..."


"ဟုတ်ကဲ့အကိုလေး..."


သူစီးပွားရေးတွေလုပ်တာအခုလိုခေါင်းမရူပ်ပေ။အခုတော့ သူမလေးကြောင့် သူ့မှာခေါင်တွေတောင်ခြောက်ချင်နေပါပြီ....ကိုယ်မင်းကို ဘယ်လောက်ကြာကြာ တွေ့အောင်ရှာမှာပါကလေးရယ်....


--------------------------------------^^^^^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒


၅နှစ်ခန့်ကြာသော်အခါ.....


"သားရေ....ဘယ်မှာပုန်းနေတာလည်း...

ထွက်လာခဲ့နော်...မေမေစိတ်ဆိုးလိုက်မှာသိလား...

ပြီးရင်...ဘွားဘွားကြီးတို့ ရှမ်းပြည်ပြန်ရောက်ရင်

 ခြံကိုလိုက်မပို့တော့ဘူးနော်..."


"လာပီ...မေမေ..."


"အဟွန်း...လူဆိုးလေး..."


သူမပြောသံအဆုံး အသံသေးသေးလေးက

 ချက်ချင်းထဖြေတော့ သူမပြုံးလိုက်မိသည်။

သားက ကိုကိုအမေစိုက်ပျိုးခြံထဲကို သွားရရင်...

အရမ်းပျော်နေတာမဟုတ်လား....အခုလည်း

 သူမတို့ သားကိုဆေးခန်းပြဖို့

 ရန်ကုန်ပြန်ရောက်နေတာပါ။ပြီးရင်တော့

 ရှမ်းပြည်ကိုပြန်ဖို့သူမစီစဥ်ထားသည်။ 


သူမရန်ကုန်မှာ တစ်စက်ကလေးမှ

 မနေချင်ပါ။ဟိုမှာက အန်တီမေ

တစ်ယောက်ထည်းကျန်နေခဲ့တော့

သူမစိတ်မချ။ကိုစစ်ကလည်း ကမ္ဘာနဲ့ 

သားဆေးခန်းပြဖို့ လိုက်လာခဲ့သည်။ 


ကိုစစ်တို့သားအမိက ကမ္ဘာအတွက်တော့

 အမေနဲ့ အကိုပါပဲ။ သူမကိုယ်ဝန်ရှိစတောက 

ကိုစစ်က သူမကို လက်ထပ်ခွင့်တောင်းတာ 

ကို သူမညင်းပယ်လိုက်သည်။ သူမကို

 ဒုက္ခတွေကို သူတစ်ပါးကိုမပေးနိုင်ပါ။ 

အန်တီမေကလည်း သူမအပေါ်သမီး

အရင်းလေးလို စောင့်ရှောက်ပေးပါသည်။


"မေမေ...သားသား...ရှမ်းပြည်ပြန်ရောက်ရင်

 ခြံထဲ ဖေဖေစစ်နဲ့သွားမှာနော်"


"အဟင်း...ဟုတ်ပါပြီ...သားသားသဘော...."


"ရေး...ဒါမှ သားသားမေမေ..."


ပြောလည်းပြော သူမပါးလေးကိုနမ်းကာ..

အိမ်ထဲပြေးဝင်သွားသော သားလေးကိုကြည့်ကာ...

သူမပြုံးလိုက်မိသည်။


သားလေးက အရွယ်နဲ့မလိုက်အောင်

 အရမ်းချစ်စရာကောင်းပြီး 

စကားလည်းတက်သည်။ ညဏ်လည်း

အရမ်းကောင်းတဲ့ကလေးဖြစ်သည်။


 သူ့အဖေကို သူမ မျက်နှာမမြင်ဖူးပင်မဲ့ 

သားလေးက သူမနဲ့ရုပ်မတူဘဲ

အသားလေးဖွေးတာပဲတူသည်။

သူ့အဖေရုပ်ကိုသွားတူတာဖြစ်လောက်မည်။

သားလေးက မျက်ခုံးမျက်လုံးကောင်းကောင်းနဲ့

 လူချောလေး...သူ့အဖေရုပ်ကလည်း သားနဲ့တူရင်တော်တော်ချောလောက်မည်။


တစ်ခါတစ်ခါ သားသားက 

သူ့အဖေကိုမေးရင် သူမ ညာနေရတာ

 မျက်နှာတွေပူလှသည်။ ဒီတစ်ခါမေးရင်တော့

 သားသားဖေဖေသေပြီလို့သူမပြောရမည်။မဟုတ်ရင်စကားတက်တဲ့သားသားက

 သူမကိုလှည့်ပတ်ပြီးမေးနေမှာ။ 

သူမခေါင်းကိုခါရမ်းလိုက်ကာ....


မာန်တံခွန် ရှင်နဲ့ ကျွန်မ ထပ်မစုံပါရစေနဲ့....


"ဟော့ ဝလုံးလေး...သားသားရော...."


အပြင်က ပြန်လာသည့်ကိုကိုက 

ကားပေါ်ကဆင်းဆင်းချင်း...

သားသားကိုမေးတော့...


"ကိုကိုသား...အခုလေးတင်...

အိမ်ထဲပြေးဝင်သွားတယ်...

ထမင်းစားဖို့...ကိုကိုလည်း 

ရေချိုးပြီးဆင်းခဲ့နော် ထမင်းစားမယ်...

ဆေးရုံကိစ္စရော အဆင်ပြေလားကိုကို..."


စစ်ခွန်းကားပေါ်က ဆင်းပြီးဝလုံးလေး

နားသွားကာ..ပြုံးပြလိုက်ပြီး...


"ပြေတယ် ဝလုံးလေးရဲ့...မနက်ဖြန်...

သားသားကို သွေးစစ်ရမယ်....

လိုအပ်တာတွေလုပ်ပြီးရင်...

သမားတော်ကြီးနဲ့ပြရမယ်...

ပြီးတာနဲ့ ကိုကိုတို့ပြန်ကြမယ်လေ..."


"ဟုတ်ကဲ့ကိုကို သားလေးဆိုးဆိုးရွားရွား

ရောဂါတော့မခံစားရပါဘူးနော်...."


သူမလေးမျက်နှာငယ်လေးနဲ့ပြောတော့ 

သူ အားပေးသလို သမပုခုံးလေးကိုကိုင်လိုက်ပြီး

..ပြုံးပြလိုက်ကာ..


"စိတ်မပူပါနဲ့...ဝလုံးလေးရယ်..သားသားက

 ဘာမှမဖြစ်ပါဘူး...အကယ်၍ ဖြစ်ခဲ့ရင်လည်း 

အခုမှ စကာစဆိုတော့ ကိုကိုတော့ ကုနိုင်မှာပါ...

ဘာမှမစိုးရိမ်နဲ့နော်...."


"ဟုတ်ကဲ့...ကိုကို..."


"လာ...သားသားနဲ့ ကိုကိုတို့ထမင်း

အတူတူသွားစားကြရအောင်...."


"ဟုတ်ကဲ့ ကိုကို..."


မနက်ရောက်တော့ သူမတို့သားအတွက်

 ဆေးရုံကိုရောက်လာတော့ သားအတွက်ပြမဲ့ 

ဆရာဝန်က မရောက်သေးတာကြောင့် သူမတို့သုံးယောက်ထိုင်စောင့်နေကြရသည်။


"မင်္ဂလာပါ....ဦးမာန်တံခွန်..."


"ဟင်...."


ထိုအချိန်တီဗီမှာပြထားသော

 နိုင်ငံတကာသတင်းတွင်လာနေသော

အင်တာဗျူးတစ်ခုတွင်....နာမည်တစ်ခုကြောင့် သူမစိတ်ဝင်စားသွားကာ..ကြည့်မိတော့...


"ဟင်...."


သူမ ထိုလူ့ကို မှန်သားပြင်ပေါ်တွင်

 ရုပ်ကိုထင်ထင်ရှားရှားမြင်တော့ 

ပါးစပ်အဟောင်းသားဖြစ်သွားမိသည်။

သူ့ရုပ်က သားသားရုပ်နဲ့ တစ်ပုံစံထည်းဖြစ်နေ

တော့သူမအံ့သြမိသည်။မသိရင် သားနဲ့သူ ပုံတူထုထားတဲ့အတိုင်း သားကကလေးလေးသာရှိသေးတော့သာတော်တော့သည်။


 ​ဘေးတွင်ထိုင်နေသော သားသားနဲ့ကိုကို

 ကြည့်မိတော့ နှစ်ယောက်သားစနောက်ပြီး 

ဘာတွေပြောနေမှန်းမသိ။သူမတီဗီဖန်သားပြင်ပေါ်ကိုအားရုံပြန်ရောက်သွားတော့ ..


"အဟွန်း...ဟုတ်ကဲ့မင်္ဂလာပါ...."


"ဟုတ်ကဲ့ရှင့်...ဦးမာန်တံခွန် ကို 

လူတွေအကုန်လုံးက ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတော့ စီးပွားရေးမှာရော လူမှုရေးနယ်ပယ်မှာရော အကုန်စိတ်ဝင်စားနကြတယ်ဆိုတော့ မေးခွန်းလေးတွေမေးခွင့်ပြုပာရှင့်...."


"မေးပါ..."


"ဟုတ်ကဲ့....ဦးမာန်တံခွန် ဘယ်နိုင်ငံမှာ

 စိးပွားရေးထပ်ချဲ့ဖို့ရှိသေးလည်းရှင့်...."


"ရှိပါတယ်...မြန်မာနိုင်ငံမှာပါ..."


"အာ့ဒါဆိုမြန်မာနိုင်ငံမှာအခြေချတော့မဲ့သဘောပေါ့နော်.."


"အဟွန်းဖြစ်နိုင်ပါတယ်..."


"ဦးမာန်တံခွန်က အခုဆို တကမ္ဘာလုံးမှာအောင်မြင်ဆုံးလုပ်ငန်ရှင်စီးပွားသေမားတစ်ယောက်ဖြစ်နေပြီဆိုတော့ ပြီးတော့ မြန်မာနိုင်ငံမှာအခြေချဖို့သဘောလည်းဖြစ်နေ မိန်းကလေးတိုင်းကလည်း အခုမေးမဲ့ကိစ္စကို အရမ်းသိချင်နေကြတော့ ကျွန်မကပဲ ဒီမေးခွန်းလေးကို ပျိုမေးလေးတွေကိုယ်စားမေးပါကစေရှင်..."


သူရုပ်တည်ကြီးနဲ့နေတော့ မေးတဲ့ပရိုကျူစာအမက မျက်နှာ ပျက်ပြီးမှ ပြန်ပြုံးသွားကာ....


"ဟုတ်ကဲ့ရှင့်....ဦမာန်တံခွန်မှာ....ကောက်မလေးရှိနေပြီလား..လက်ထပ်ဖို့ရည်ရွယ်ထားတဲ့မိန်းကလေးရှိနေပြီလား..."


"အဟက်...ဟုတ်ကဲ့ရှိပါတယ်...ဒါပင်မဲ့....

ကောင်မလေးတော့မဟုတ်ဘူး....မိန်းမပါ..."


ကမ္ဘာထိုလူ့အဖြေကြောင့် ဝမ်းနည်းစွာ သားသားကိုကြည့်တော့ သားသားက ကိုကို ကိုဘာတွေကပ်ပြောနေမမှန်းမသိ....ရယ်မောပြုံးရွှင်နေသည်။သားသားက ဖေဖေရောလို့မေးရင်..သူမ သားသားဖေဖေသေပြီဆိုတာ ပြောဖို့ဆုံးဖြတ်ချက်ချလိုက်မိသည်။သူက အခုအချိန်မှာ မိန်းမတောင်ရှိနေပြီမဟုတ်လား။သူမကိုပိုက်ဆံပုံပေးပြီး ထားခဲ့တဲ့ယောကျာ်းက သားသားအပေါ်မှာရော ချစ်မှာသတဲ့လား။ဟင့်အင်း....သားသားက ငါတစ်ယောက်ထည်းရဲ့သားပဲ။သူနဲ့လုံးဝမပတ်သက်ဘူး။


"ဟင်....ဝလုံးလေး...ဘာဖြစ်နေတာလည်း 

ချွေးတွေတောင်ပျံလို့..ဟိုမှာဆရာဝန်ရောက်

လာပြီသွားကြမယ်လေ..."


"ဘာမှမဖြစ်ဘူးကိုကို....ကမ္ဘာသားသားအတွက် 

စိုးရိမ်လို့ပါ.."


"အဟင်း...ဖြစ်ရမယ်...ငါ့ညီမလေးကတော့...

ဘာမှမစိုးရိမ်နဲ့ဟုတ်ပြီးလား...လာသွားမယ်.."


"ဟုတ်ကဲ့ကိုကို..."


ကိုကိုနဲ့သားသားက ရှေ့ကဝင်သွားတော့ 

သူမနောက်က လေးတွဲစွာဝင်လိုက်လာခဲ့သည်။

တော်သေးသည် ကိုကိုဟိုလူကို ဂရုမစိုက်မိတာ။ကျေးဇူးပြု၍ ရှင် ကျွန်မတို့သားအမိနားပြန်မ

ပေါ်လာပါနဲ့တော့ ဦမာန်တံခွန်။အခုဆိုရှင်မှာလည်း မိသားစုရှိနေပြီမဟုတ်လား....


ဆက်ရန်.....

စာရေးသူ - လွမ်းခြင်း


rate now: