book

Index 8

အပိုင်း(8)♥♥♥♥

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

''ဘာ....အခုချိန်ထိ မတွေ့ဘူးဟုတ်လား..."


စစ်သွေး ခေါင်းလေးငုံ့ကာရပ်နေပြီး

 မျက်နှာမပြဝံစွာ...


'' တောင်းပန်ပါတယ်...သခင်လေး...

ကျွန်တော်လူတွေကို နေရာအနှံ့ ဖြန့်ပြီး ရှာခိုင်းထားတာ...အခုထိ မတွေ့သေးဘူးပြောပါတယ်..."


''တောက်.....မတွေ့တာမလိုချင်ဘူး...

ရအောင်ရှာခိုင်း....ဘယ်လိုနည်းပဲ​သုံးရသုံးရ...

သုံးပြီး တွေ့အောင်ရှာခိုင်း...."


''ဟုတ်ကဲ့..သခင်လေး...စိတ်ချပါ....

ကျွန်တော်တွေ့အောင်ရှာပါ့မယ်..."


'' Ok နောက်ဘာပြောစရာရှိသေးလည်း...."


''ဟုတ်ကဲ့ အကိုလေး .....အကိုလေးကို

 Roseကမေးနေပါတယ်....မြန်မာနိုင်ငံက

 ဘယ်တော့ပြန်လာမလည်းဆိုတာ...''


''ကျစ်...Roseကို ပြောလိုက်....

ငါမလာတော့ဘူးလို့.....ငါ့စီးပွားရေးကို 

ငါနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာပဲ....အခြေချတော့မယ်....ရင်းနှင်းမြုပ်နှံမှုတွေကတော့ 

အရင်တိုင်းဘဲ...အခြားနိုင်ငံတွေကိုတော့ 

အလုပ်ကိစ္စတွေလောက်ပဲ....ငါသွားတော့မယ်....

မင်း Roseကိုပြောလိုက်...အာ့ဒိက 

အလုပ်ကိစ္စတွေ သူ့ကိုအသေးစိတ်ငါပြောမယ်လို့..."


''ဟုတ်ကဲ့...အကိုလေး...."


စစ်သွေးထွက်သွားတော့မှ သူ စားပွဲခုံမှာ

 တင်ထားသော ဆေးလိပ်အကောင်းစားဘူးထဲမှ ဆေးလိပ်တစ်လိပ်ကိုယူပြီး မီးခြစ်ကာ လက်ကြားထဲ ညှပ်ကာသောက်လိုက်ပြီး...အငွေ့တွေကို မှုတ်ထုပ်လိုက်ကာ......


"ကလေး....မင်းဘယ်ရောက်နေတာလည်း...

ကိုယ့်ကို ကလေးကြည်စားတာ လွန်နေပြီကွာ...

ကိုယ်ကလေးကို တာဝန်ယူမှာပါ...ကလေးရယ်...

ကိုယ်ကလေးကို.... တကယ်တောင်းပန်ပါတယ်ကွာ...."


သူနှုတ်ကနေ တိုးဖွဖွလေးပြောပြီး 

သက်ပြင်တွေသာချနေမိတော့သည်။


သူ.....ဒီကောင်မလေးကို

 တကယ်စွဲလမ်းမိနေပြီပဲ....

သူ့ဘဝမှာ အခုလိုမိန်းမငယ်လေးကို

 စွဲလမ်းဖို့ဆိုတာ စိတ်တောင်မကူးဖူးပေ။ 


စီးပွားရေးလောကမှာသာ 

ကျင်လည်နေပြီး အိမ်ထောင်ရေးဆိုတာကိုသူ 

မစဥ်းစားခဲ့ပေ။ဘေးတွင် မိန်းမလှတွေဝိုင်းနေသော်လည်း သူ့ကို ရင်ခုန်အောင် လုပ်နိုင်တဲ့

 မိန်းကလေးမရှိခဲ့။ အခုတော့ 18နှစ်သာသာ

 မိန်းကလေးက သူ့ကို ရင်ခုန်အောင်

 စွမ်းဆောင်နိုင်ခဲ့လေပြီ။


"အကိုလေး...ကျွန်တော်စစ်သွေးပါ...

ဝင်ခဲ့မယ်နော်..."


သူတွေးနေတုံး စစ်သွေးအသံကြောင့်

 လက်ထဲက ဆေးလိပ်ကို ပြာခွက်ထဲထည့်ပြီး

 ခန္ဓာကိုယ် ကိုမက်လိုက်ကာ...


"ဝင်ခဲ့...''


စစ်သွေးဝင်လာပြီး သူ့ကို

 ဝမ်းသာအားရ ကြည့်ကာ....


"အကိုလေး...ကျွန်တော်တို့ မမ​လေး

 ကမ္ဘာမိုးစက်ကိုပြန်ရှာတွေ့ပါပြီ...''


"ဘာ..."


သူ စစ်သွေးစီက ကြားရတဲ့စကားကြောင့် 

ထိုင်နေတဲ့ ခန္ဓာကိုယ် ကြီးက ထလိုက်မိတဲ့

အထိဝမ်းသာသွားကာ...


"ဟုတ်လား...ဘယ်မှာလည်း...ချာတိတ် 

အဆင်ပြေပြေရောရှိရဲ့လား...အာ့ဒါဆို 

တစ်ခါထည်းခေါ်ခဲ့လေ..."


စစ်သွေး ဝမ်းသာသောစိတ်လှုပ်ရှားနေသော 

အကိုလေးကိုကြည့်ကာ...ပါစပ်အဟောင်း

သားလေးနဲ့ အံ့သြ ကာ...ရပ်ကြည့်နေမိသည်။

အကိုလေးလို လူက အခုလိုဖြစ်တယ်ဆိုတော့

 မမလေးတစ်ကယ်ကံကောင်းတဲ့အမျိုးသမီးပါပဲ....

အဟွန်း...မမလေး...အကိုလေးရဲ့ အချစ်ဒဏ်တွေသာ

 ခံနိုင်အောင်ကြိုးစားပေတေါ့မမလေးရေ...


"ဟိတ်ကောင် စစ်သွေး...ငါမေးနေတယ်လေ..."


"အဟမ်း တောင်းပန်ပါတယ်...အကိုလေး...

ကျွန်တော် မကြားလိုက်လို့ပါ..."


သူရုပ်တည်တည်လေးနဲ့ပြောလိုက်တော့

 အကိုလေးက သူ့ကို မျက်မှောင်ကုတ်ပြီးကြည့်ကာ...


"ချာတိတ်..အခုဘယ်မှာလည်းလို့...

ငါမေးနေတာ.."


"ဟုတ်ကဲ့ အကိုလေး....မမလေးကို

 အခုခေါ်လာနေပါပြီ...မမလေးက

 နယ်ဘက်သွားတဲ့ ကားဂိတ်မှာတွေ့တာပါ..."


"အင်းကောင်းပြီး သူမအတွက်

 အခန်းပြင်ပေးထါးဖို့...ဟန်သာ့ကိုပြောလိုက်..."


"ဟုတ်ကဲ့...အကိုလေး.."


စစ်သွေးထွက်သွားပြီး သူခုံပေါ်ပြန်ထိုင်လိုက်ကာ...

ရင်ဖက်ကိုအသာဖိကာ....


"အဟွန်း...ကိုယ်မင်းကိုပြန်တွေ့တယ်မယ်..ကလေး...ကိုယ်အခုရင်တွေခုန်နေပြီ.....

အာ့ဒါကလေးသိလား...ကိုယ်...ကလေး​ကြောင့် 

ရင်တွေခုန်တက်နေပြီ...."


------------------------------------------^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒


"ဝလုံးလေး...ဝလုံးလေး..."


"ဟော့ သား...ဘယ်လိုဖြစ်လာတာလည်း

အမောတခေါနဲ့....သမီးလေးက အနောက်ခြံမှာ...

သပြစ်ခိုင်ခူးနေတယ်...."


သူအလောတကြီးမေးနေတာကြောင့်

 မေမေက မျက်ခုံးပင့်ပြီးမေတော့...


"မေမေ...ဝလုံးလေးကို အပြင်မထွက်ခိုင်းနဲ့နော်..

အခုရက်..ဒီဘက်ကို...လူစိမ်းတွေလာလာနေတယ်...

ကြည့်ရတာ...ရန်ကုန်မှာသားတွေ့ခဲ့တဲ့ လူတွေနဲ့တူတယ်...ပြီးတော့ ဝလုံးလေးနဲ့ ဆေးရုံဆင်းတဲ့နေ့က

 အာ့လိုလူတွေပဲ..အာ့ကြောင့် ဝလုံးလေးကို မေမေ 

အခုရက်ပိုင်း အပြင်ထွက်ခိုင်းလို့အဆင်မပြေသေးဘူးနော်..''


"အေးပါသားရယ်...မင်းမယ်လည်း 

အကဲကိုပိုလိုက်တာ...သမီးလေးကို

 ဒီရောက်တာ ၁လလောက်ရှိပြီဆိုတော့

မေမေက အပြင်းပြေ နန်းစိန်တို့ နန်းကလျာတို့နဲ့ 

အပြင်ထွက်ခိုင်းတာကိုတောင် မထွက်ချင်သေးလို့ 

မထွက်သေးဘူးတဲ့...ပြီးတော့ မေမေတို့ခြံထဲကို

 ဘယ်သူက ကြူးကျော်ပြီးလာရဲမှာလည်းသားရယ်..."


"အဟွန်း..ဒါတော့ဒါပေါ့မေမေရယ်....

အန္တရာယ်ဆိုတာ ပြေောမရဘူးလေမေမေရယ်...

အာ့ဒါကြောင့်သားပြောတာပါ..."


"အဟင်း..အေးပါသားရယ်...

သားကိုမေမေကျေးဇူးအရမ်းတင်တယ်သိလား..

ကမ္ဘာလေးကို မေမေစီခေါ်လာပေးလို့..."


"အဟွန်း မေမေရယ်...သားအမိချင်းကို..

သားလည်းပျော်ပါတယ်မေမေ...ဝလုံးလေးကို

 တွေ့ပြီးဆောက်ရှောက်ခွင့်ရလို့..."


"အဟင်း...မေမေသားက နောက်ပိုင်းတရားဝင်

စောင့်ရှောက်ခွင့်မရချင်ဘူးလား..."


သူမေမေအပြောကြောင့် ဖြူသောမျက်နှာမှာ

 ရဲတက်သွားပြီး...


"ဟာဗျာ..မေမေကလည်း 

ပေါက်ကရတွေပြောတော့မယ်...."


"အဟင်း...ဟင်း..."


မေမေက သူ့ကိုကြည့်ပြီးရယ်နေတဲ့အချိန်....


"အန်တီ နန်းရေ...ဒီမှာ...ကမ္ဘာမူလဲသွားလို့လာပါအုံး..."


အနောက်က စိုးရိမ်တကြီးထွက်လာတဲ့

 နန်းစိန်အသံကြောင့်သားအမိနှစ်ယောက် 

အမြန်ထကာ...ဝလုံးလေးရှိတဲ့ နောက်ဖွေး

စပြစ်ခြံကြီးထဲကို ပြေးလာခဲ့တော့သည်။

ဟိုရောက်တော့ မျက်ခင်းပြင်လေးပေါ် 

နန်းကလျာလက်ထဲမှာ ပုံ့ပုံ့လေးလဲနေတာမြင်တော့

 သူအပြေးသွားလိုက်ပြီး....နန်းကလျာလက်ထဲက ပြောင်းယူကာ သူမပါးလေးကိုလက်နဲ့

 အသာပုတ်လိုက်ပြီး...


"ဝလုံးလေး...ဝလုံးလေး....ဘာဖြစ်တာလည်းကွာ..."


"စပြစ်ခူးနေရင်းနဲ့ မေ့လဲသွားတာကိုစစ်.."


နန်းကလျာပြောတော့ သူ ဝလုံးလေးမျက်နှာကို

 စိုးရိမ််တကြီးသာ ကြည့်နေမိသည်။


အနောက်က ဒေါ်နန်းမေ..ရောက်လာပြီး....


"သား....သမီးကို အိမ်ထဲသယ်ခဲ့လေ...

နန်းစိန် ဟိုဘက်နှစ်ခြံကျော်က ဆရာကို

 အကြံပေးပါအုံး အေ.."


"ဟုတ်ကဲ့..ဟုတ်ကဲ့ ဒေါ်လေးနန်း.."


နန်းစိန်ပြေးထွက်သွားတော့မှ...သူ

 ဝလုံးလေးရဲ့ ကိုယ်လေးကို ပွေ့ကာ

 အိမ်ထဲက သူမအခန်းထဲကို ခေါ်လာလိုက်သည်။

မေမေနဲ့ နန်းကလျာကလည်း အနောက်ကနေ စိုးရိမ်တကြီး လိုက်ပါလာကြသည်။


သူတို့စိုးရိမ်တကြီးရပ်ကြည့်နေတော့ 

ဝလုံးလေးကို စမ်းသက်သော သမားတော်

 ဦးဘကွမ်းက မျက်နှာပျက်ကာ..

သူတို့ဘက်လှည့်လာပြီး...


"လူလေးစစ်....ဒီသမီးလေးမှာ 

အိမ်ထောင်ရှိတာလား..."


"ဗျာ...မရှိပါဘူးဗျာ.."


သူ စိုးရိမ်စွာပြောသော စကားကို 

ဦးဘကွမ်း ခေါင်းငြိမ့်ပြပြီး 

သက်ပြင်းအသာချကာ...


"ဒီမိန်းကလေးမှာ.....ကိုယ်ဝန်ရှိနေပြီ....

လူလေးစစ်..."


"ဗျာ...."


မေမေနဲ့ သူ တစ်ယောက်ကိုတစ်ယောက်

ကြည့်ကာ ထိန့်လန့်သွားသလို သူနောက်ကို 

ရောင်ရမ်းပြီး ဆုတ်လိုက်မိတဲ့ အထိ တုန်လှုပ်မိသွားကာ...


"ဦးကွမ်း...သေ...သေချာရဲ့လားရှင်..."


မေမေ စိတ်မကောင်းစွာဝင်ပြောတော့

 ဦးဘကွမ်း ဒေါ်နန်းမေကို စိတ်မကောင်းသလိုကြည့်ကာ...


"သေချာပါတယ်...နန်းမေရယ်...

ကျုပ်မသေချာမှာဆိုးလို့ နှစ်ခါတောင် စစ်တာ.."


"ဟုတ်ကဲ့ပါရှင်.."


"ကဲ..ဒါဆို ကျုပ်ပြန်ပြီ...နန်းမေ.."


"ဟုတ်ကဲ့ကျေးဇူးပါ ရှင်...နန်းစိန် 

ဦးကွမ်းကို ပို့ပေးလိုက်အုံးနော်..."


"ဟုတ်ကဲ့ ဒေါ်လေးနန်း...."


ဆရာ ပြန်သွားတော့မှ သူမ သူမလေးအနားကပ်ကာ...အိပ်ယာပေါ်တွင် ဖြူဖြူပုံ့ပုံ့လေး 

မေ့နေသော သူမလေးမျက်နှာလေးကို ကိုင်ပြီး...မျက်ရည်တွေကျကာ..


"ကံဆိုးရှာတဲ့ ငါ့သမီးလေးရယ်.."


သူမပြောပြီး သားကိုကြည့်လိုက်တော့လည်း

 မေးရိုးကြီးတွေတောင်နေတဲ့အထိ အံကြိတ်ထားကာ...ဒေါသထွက်နေပုံရပြီး...သူမလေးအတွက် ဝမ်းနည်းတဲ့ အရိပ်အရောင်တွေ တွေ့နေရကာ..

သူမသားအနားအသာ ထသွားလိုက်ပြီး....

ပုခုံးလေးကို ကိုင်ကာ...


"သား..."


သူမခေါ်လိုက်တော့ သားက 

သူ့ကိုကြည့်လာတော့...


"သားကို မေမေတစ်ခုပြောချင်တယ်..."


သူစိတ်ကို လျော့ချလိုက်ပြီး.....


"ဟုတ် ပြောပါမေမေ..."


"သားသမီးလေးကို တကယ်ချစ်တယ်မှတ်လား.."


"ဗျာ...မေမေဘာဖြစ်လို့လည်း "


"အဟင်း မေမေမေးတာပဲဖြေပါကွယ်..."


"ချစ်တာပေါ့မေမေရယ်...ဝလုံးလေးက

 သားရဲ့ ညီမလေးလို့လည်းဟုတ်တယ်...

သားရဲ့ ငယ်ချစ်ဦးပဲ....သားဘာဝမှာ မေမေနဲ့

 ဝလုံးလေးက သားဘဝပါ...."


"အဟင်း...အာ့ဒါဆို သမီးလေးသာ 

လက်ခံရင် သား..သမီးလေးကို လက်ထပ်ပါ...''


"ဗျာ.."


"ဟုတ်တယ်သား...မေမေကတော့ သဘောတူတယ်..သမီးလေးရဲ့ ဗိုက်ထဲက ကလေးလေးက 

ဖအေးမရှိတဲ့ အဖြစ်မျိုး မဖြစ်ဆစချင်ဘူးကွယ်...

မေမေသမီးလေးရဲ့ ရင်သွေးလေးကို ရအောင်မွေးခိုင်းမယ်...မေမေမြေးအရင်းလေးလိုချစ်မှာပါ..."


သူမေမေကို ငေးငေးလေးကြည့်နေပြီး ပြုံးလိုက်ကာ...


"စိတ်ချပါ..မေမေ..ကျွန်တော် ဝလုံးလေးကို...

လက်ထက်မယ်..."


သူတို့စကားတွေကို ရေနွေးကြမ်းရည်ဗန်း

လေးကိုင်းကာ မျက်ရည်တွေစီးကျပြီး

 ဗန်းလေးကို တင်းတင်းဆုပ်ကိုင်ကာ...

လှည့်ထွက်သွားသော နန်းကလျာကိုတော့

 သူတို့သားအမိ သတိမထားမိကြပေ။


-------------------------------------------^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒


သူစိတ်လှုပ်ရှားဆုံးနေ့ကို ပြောရမယ်ဆိုရင်

 ဒီနေ့လို့ပြောရပေမည်။ခဏနေ သူမလေးနဲ့ 

တွေ့ရတော့မယ်မဟုတ်လား။ရှာနေတာ

 လနဲ့ချီနေပြီ အခုမှ ပဲ အပုန်းအရမ်းကောင်းလွန်းတဲ့

 သူမလေးကို သူပြန်တွေ့ရတော့မယ်။ 


ဒီတစ်ခါတော့ သူမလေးကို သူအပိုင်သိမ်း

ထားရတော့မယ်။မဟုတ်ရင် သူမလေး 

နောက်တစ်ခါထွက်ပြေးသွားရင် မဟုတ်ဘူး 

မာန်တံခွန် ရှေ့ရောက်လာတဲ့ အရာတိုင်းက 

အနောက်ပြန်လှည့်ခွင်မရှိဘူး...အာ့လိုပဲ..

မာန်တံခွန် ပိုင်တယ်လို့ သတ်မှတ်ထားတဲ့ 

သူမလေးကို ဘယ်သူမှ ထိပါးခွင့်မရှိစေရဘူး...

မင်းက ကိုယ့်အပိုင်...ကလေး...


"အဟွန်း.."


သူတွေးပြီး ပြုံးနေလိုက်ချိန် စစ်သွေး

 ဝင်လာတော့ သူရုပ်ကိုတည်လိုက်ပြီး.....


"စစ်သွေး...ကလေးတို့ ဘယ်ရောက်ပြီလည်း..."


"ဟုတ်ကဲ့ အကိုလေး...မြို့အဝင်လမ်း

ထဲရောက်နေပါပြီ...နာရီဝက်လောက်နေရင်

 ရောက်ပါလိမ့်မယ်အကိုလေး..."


"အွန်း...အဟွန်း...စစ်သွေး မင်းငါ့ကို 

ဘယ်လိုမြင်လည်း စစ်သွေး..."


"ဗျာ..."


စစ်သွေးသူ့အမေးကို ကြောင်အအလေးဖြေတော့

 သူရယ်လိုက်ပြီး...


"ငါ....ကလေးပေါ် အရမ်းသည်းနေတယ်လို့ 

ထင်လာလို့မေးနေတာကွ...."


"အဟဲ...အာ့ဒါတော့ အသေချာပဲ အကိုလေး...

အကိုလေယအခုလိုဂရုစိုက်ခံရမဲ့ မမလေးက

 ကမ္ဘာပေါ်မှာ အရမ်းကံကောင်းတဲ့ မိန်းကလေး

 ဖြစ်မှာပါ..."


"ဟား...."


သူစစ်သွေးအပြောကို သဘောကျသလို 

ရယ်လိုက်ပြီး...


"တီ...တီ...''


ကားဟွန်းသံကြောင့် သူနဲ့ စစ်သွေး 

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး...

သူ သူမလေးကို ထွက်ကြိုရန်...အထ...


"ဟင်...."


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: