"တောက်!!! ..ဒါဘယ်လိုဖြစ်တာလည်း ဦးခိုင်ခန့်....ကျွန်တော် သေချာကြည့်ထားဖို့ပြောထားတယ်လေ..."
မျက်နှာမှာ ဒေါသကြောင့် ခက်ထန်နေကာ....
နီရဲတင်းမာကာပြောတော့...ဦးခိုင်ခန့် နဲ့အတူ
ကိုယ်ရံတော်သက်တော်စောင့်များနဲ့ ဆေးရုံရဲ့အကြီးအကဲများ... မျက်နှာပျက်စွာ ခေါင်းပင်မဖော်နိုင်တော့....
"တောင်း...တောင်ပန်ပါတယ်...သခင်လေး...
ကျွန်တော့်ကို ဆေးရုံဆင်းဖို့ ကောင်လေးတစ်ယောက်လာပြောတော့ ကျွန်တော် ဆေးရုံမှာ
တစ်ရက်လောက်နေဖို့ ပြောထားတာပါ...
အခုဘယ်လို ဆင်းသွားမှန်းတောင်မသိပါဘူး..."
ဦးခိုင်ခန့်အပြောကြောင့်...သူမျက်မှောင်ကုတ်ကာ
ဦး ခိုင်ခန့်ကိုကြည့်လိုက်ပြီး....
"ဘာ...ခင်ဗျာဘာပြောတယ်...လူတစ်ယောက်ဟုတ်လား..."
"ဟုတ်....ဟုတ်ပါတယ်...သခင်လေးတို့အရွယ်ပါပဲ...
အာ့ဒိမိန်းကလေးရဲ့ လူနာရှင်လို့လည်းပြောပါတယ်..."
"ဘာ...လူနာရှင်ဟုတ်လား...."
"ဟုတ်ကဲ့..."
သူ့ဘေးမှာခေါင်းငုံစွာရပ်နေသော
စစ်သွေးကိုကြည့်လိုက်တော့....
"အကိုလေး...ကျွန်တော်တို့စုံစမ်းထားတာ...
မမလေးမှာ ဒေါ်ငွေခင်တို့အပြင် ဘယ်အသိမိတ်ဆွေမှ
မရှိပါဘူး...သူ သူငယ်ချင်းမိန်းကလေးတစ်ယောက်တော့ရှိပါတယ်...ဒါပင်မဲ့ အခုအဆက်ပြတ်သွားတာလည်းကြာပါပြီး..."
"မင်း...လုံခြုံရေး ချထားတယ်မှတ်လား...
အကုန်ဖြုတ်လိုက်....လူတစ်ယောက်လုံးထွက်သွားတာတောင် မသိတဲ့ လူတွေကို ငါမလိုချင်ဘူး....
မာန်တံခွန်ရဲ့ လက်အောက်မှာ အလုပ်လုပ်တဲ့သူက
တိကျပြတ်သားစွာ လုပ်နိုင်မှ..."
"ဟုတ်ကဲ့...အကိုလေး...တောင်းပန်ပါတယ်..."
"အခု သူမကို ရှာ....မရရအောင်ရှာ...
မြေလှန်ရှာရမယ်ဆိုရင်တောင်ရှာ...သူမကို
ခေါ်ထုတ်သွားတဲ့ လူကိုလည်း ငါသိချင်တယ်..."
"ဟုတ်ကဲ့....အကိုလေး..."
"ချာတိတ်.....မင်းကိုယ့်ဆီကနေ ဘာလို
အခုလို ထွက်ပြေးနေရတာလည်း...စိတ်ချ...
မင်းကမ္ဘာအပြင်ဘက်ကို ထွက်ပြေးရင်တောင်...
ကိုယ်မရရအောင် မြေလှန်ရှာပြမယ်...ပြီးရင် ကိုယ့်နှလုံးသားထဲမှာ ထွက်ပြေးနေတဲ့ ချာတိတ်ထွက်ပြေးလို့မရအောင်... တံခါးပိတ်ပြီး သော့ခပ်ထားမယ်...."
-------------------------------------------------^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
"မေမေရေ...မေမေ..."
ဒေါ်ငွေခင် သူမသမီးမူယာခင် အသံကြောင့်
မှိန်းနေရာမှ လန့်ပြီးမျက်လုံးဖွင့်မိရာ...
"ဟဲ့...ဘယ်လိုဖြစ်လို့ အော်ခေါ်လာတာလည်း...
ဒီမှာလန့်လို့သေတော့မယ်..."
"အမလေး မူယာပြောတာ ကြားရင် မေမေ
ပိုပြီးလန့်နေအုံးမှာ မေမေရဲ့...."
"ဟင်..ဘာလည်း...ဟိုမိန်းမယုတ်ကိုပြန်တွေ့လို့လား...
တွေ့ရင် ခေါ်လာစမ်းပါ ပါးရိုက်ပြီး
အိမ်အလုပ်တွေခိုင်းပစ်မယ်...ပြီးရင် ကို
ထွန်ထွန်းနဲ့ ပေးစား ရမယ်...ဒါမှ မေမေတို့ ငွေရမှာ..."
ဒေါ်ငွေခင် အလိုရမက်ကြီးစွာပြောတော့...
"ဟာ...မဟုတ်ပါဘူးမေမေရယ်...
အာ့ဒိမိန်းမကို တွေ့တာမဟုတ်ဘူး...
အာ့ဒိမိန်းမထက် ပိုတန်ဖိုးရှိတာကိုတွေ့တာ..."
"ဘာများလည်းအေ...မြန်မြန်ပြော..."
ဒေါ်ငွေခင်စိတ်လှုပ်ရှားစွာပြောတော့
မူယာခင်ပြုံးလိုက်ပြီး...
"ဒီနေ့ မူယာ မေ့မေ့ဆေးထုတ်ဖို့ ဆေးရုံကို
ရောက်ခဲ့တယ်သိလား....အာ့ဒိမှာမူယာတွေ့ခဲ့တယကလေ......,........
........................................................
...................
...............................
...............................
................................
..................................
................................
မူယာခင်ပြောပြတော့ ဒေါ်ငွေခင် အံ့သြ
သွားပြီး မျက်နှာကို မဲ့လိုက်ကာ...
"နေပါအုံး...အာ့ဒါ နဲ့ ညည်းက ဘာဆိုင်လို့လည်း..."
"အဟင်း....မေမေကလည်း...မေမေသမီးက
လူတိုင်းလေးစားအားကျရပြီး မိန်းကလေးတိုင်း
လိုချင်နေတဲ့ သူရဲ့ မဟေသီဖြစ်နိုင်မယ်ဆိုရင်ရော...
မေမေဘာပြောမလည်းပြော...."
"ဘာ...ဘာပြောတယ် မူယာခင်....ညည်းတကယ်ပြောတာလား...."
ဒေါ်ငွေခွင် မျက်နှာ ဝမ်းပသွားပြီး
လောဘတွေပြည့်နေသော မျက်နှာနဲ့
အားရဝမ်းသာမေးနေသော ပုံကြောင့်
မူယာခင် ပြုံးပြုံးလေးခေါင်းငြိမ့်ပြပြီး....
"ဒါပေါ့မေမေရဲ့....ပြီးတော့ မေမေ...မူယာပုံစံကိုကြည့်စမ်း...မိုးစက်ကမ္ဘာနဲ့ မဆင်ဘူးလား..."
"ဟင်...."
"အေးဆင်တယ်....ဆင်လို့လည်း တစ်ခါတစ်လေး
ညည်းကိုပါ မုန်းမိတာ... ပြီးတော့
ညည်းကလည်း ညည်းအဖေ သမီးလေ....
သူကလည်းညည်းအဖေသမီးလေ....တူတာစမ်းလား...."
"အဟင်း....အာ့လိုတူတာကိုက....
သမီတို့အတွက် အခုက ကံကောင်းမှုပဲမေမေ...
မေမေ သူဌေးရဲ့ ယောက်က္ခမ မဖြစ်ချင်ဘူးလား
ဟင်းဟင်း...."
"ဘာ...ညည်းဘာတွေပြောနေတာလည်း မူယာ...ညည်း..ရှင်းရှင်းပြောစမ်းအေ...."
"အဟင်း....ဒီလိုမေမေရဲ့...."
"မူယာ...အာ့နေ့က ဆေးရုံကထွက်လာခါနီး
ကိုမာန်ရဲ့...သက်တော်စောင့်က ပြောတာတွေ
အကုန်ကြားခဲ့တာ...ပြီးတော့ မေမေ မိုးစက်ကမ္ဘာ
မေမေလွတ်လိုက်တဲ့ ညက မှားခဲ့တယ်သူက
ဘယ်သူလို့ထင်လည်းမေမေ..."
သူမမျက်ခုံးလေးပင့်စွာမေးလိုက်တော့ ဒေါ်ငွေခင်
ဝေခွဲမရစွာ...
" ဟင်...ဘာလည်း....မူယာ ညည်း ကျုပ်ကို
မိကမ္ဘာနဲ့ ဖြစ်တဲ့ယောကျာ်းက အာ့သူဌေးလို့တော့
မပြောနဲ့နော်..."
"Right မှန်တယ်မေမေ....သူပဲ....အခု ကမ္ဘာကိုအသည်းအသန်ရှာနေတာ..."
"ဘာ...."
မူယာ သူ့နောက်ကျောကိုကြည့်ပြီး....သူ
သူမမြင်ကွင်ကွင်းက ပျောက်ကွယ်သွားမှ
ဆေးဝယ်ဖို့သတိရကာ...ဆေးသွားဝယ်ပြီး
ပြန်ဖို့ ဆေးရုံအဝကအထွက်....
"ဟေ့ကောင်...သခင်လေး...အခုလာတာ...
သူ့ကောင်မလေးစီမဟုတ်လား..."
"ဟာ...ကောင်မလေးမဟုတ်ပါဘူးကွ..
မိန်းမပါ..နာမည်က...ဘာဆိုလား...
နေပါအုံး..သြော်...မိုးစက်ကမ္ဘာလို့ပြောတာပဲ..."
"အေး မမလေးမိုးစက်ကမ္ဘာကတော့ ကံကောင်းတယ်...သခင်လေး မိန်းကလေးတစ်ယောက်ကြောင့် သူအချိန်တွေကို ပေးတါ ပထမဆုံးမြင်ဖူးတာပဲ..."
"အေးလေကွာ...သခင်လေးတကယ်ချစ်လို့ထင်တယ်...
အာ့မမလေကို သူပြန်လာတဲ့ညက golden hotelမှာ
တွေ့တာလေကွာ...သခင်လေးလုပ်ကြံခံရတဲ့ညက..."
သူတို့ပြောတော့ သူမ နားထောင်နေကာ
မိုးစက်ကမ္ဘာဆိုတဲ့နာမည်ကြောင့် သူမ
မျက်နှာပျင်ယွင်းနေကာ နောက်ဆက်တွဲ
စကားတွေကြောင့် သူမ မမြန်သေးဘဲ
အခြေအနေကို စောင့်ကြည့်ပြီးမှ ပြန်ဖို့ဆုံးဖြတ်ပြီး
ဆေးရုံအခန်းဒေါင့်ကွယ်လေးက ကြည့်နေခဲ့သည်။
ပြီးတော့ ထိုလူတွေကို လူတစ်ယောက်လာပြောတော့
ထိုလူတွေ အထိပ်တလန့်ဖြစ်သွားကာ....
"ဘာ...မမလေးမိုးစက်ကမ္ဘာက ထွက်ပြေးသွားပြီဟုတ်လား..."
"အေးဟုတ်တယ်...ငါတို့တော့ သေပြီကွား...
လာလာ ငါတို့သခင်လေး ခေါ်လို့အမြန်သွားရမယ်..."
ထိုလူတွေထွက်သွားတော့မှ သူမအခန်းတောင့်
အကွယ်ကနေ ထွက်လာကာ အဓိပ္ပါယ် ခွဲမရသော
အပြုံးတစ်ခု ဖြစ်ပေါ်လာတော့သည်။
---------------------------------------------^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
ဒေါ်နန်းမေး အိမ်ရှေ့က ကားသံကြောင့်
သားပြန်လာမှန်းသိကာ....အမြန်ပြေးထွက်လာပြီး...
သားစစ်ခွန်းကိုတွေ့တော့...
"သား.."
"မေမေ..."
စစ်ခွန်း သူပြန်လာလို့ ဝမ်းသာနေရှာသော
မိခင်ကို ဖက်ထားချိန်...ကားပေါ်က သူမလေးကို
သတိရကာ..
"မေမေ...ဒီမှာ ဘယ်သူပါလာလည်း ကြည့်ပါအုံး...."
"ဟင်...."
ဒေါ်နန်းမေ..ကားပေါ်ကက ဆင်းလာသော
မိန်းမလှလေးကိုကြည့်ပြီး တွေ့ဖူးသလိုမျိုးရှိနေကာ...သေချာပြန်စဥ်းစားတော့လည်း
စဥ်းစားလို့မရပေ...
"သား....သူလေးက...ဘယ်သူလည်းကွယ်..."
သူမမေးတော့ စစ်ခွန်းက ပြုံးလိုက်ကာ...
"မေမေကလည်း....သေချာကြည့်ပြီး စဥ်းစားပါအုံးဗျ...."
ကမ္ဘာ ကိုကိုနဲ့ ရှမ်းပြည်နယ်ကို ရောက်လာပြီး
ကိုကိုအိမ်လို့ထင်ရတဲ့ အပင်တွေဝေနေအောင်
စိုက်ထားသော လှပပြီး နေချင်စရာ
ခြံဝန်းကျယ်ကြီးထဲသို့ ရောက်ရှိလာပြီး
နှစ်ထပ်တိုက် လှလှလေးရှေ့မှာ ရပ်လိုက်တဲ့အချိန်
အိမ်ထဲမှ အခုချိန်ထိ အရွယ်တင် လှပနေသော
မိန်းမကြီးတစ်ဦးထွက်လာပြီး ကိုကို
ကိုယ်ဖက်လိုက်ပြီး သူမဘက်မျက်နှာလည့်လိုက်ပြီး
သူမကို ဘယ်သူလည်းလို့မေးနေသော
အန်တီမေ့ကို ကမ္ဘာ မျက်ရည်လေးဝဲစွာ ကြည့်နေမိသည်။
" အန်တီမေ..... ''
"ဟင်....ဒါ....ဒါ...ဝလုံးလေးလား...."
သူမကို အန်တီမေလို့ခေါ်တာ ဝလုံးလေး
တစ်ယောက်ပဲရှိတယ်မဟုတ်လား... ဒေါ်နန်းမေ
ပြောလည်းပြော သူမအနားကိုရောက်သွားကာ ...
မျက်ရည်တွေဝဲကာ သူမ သူမပါးလေးကို ကိုင်ပြီး.....
"သမီးက...ဝလုံးလေးလားဟင်..."
အန်တီမေ့အမေးကို သူမမျက်ရည်တွေကျကာ
ခေါင်းလေးငြိမ့်ပြလိုက်တော့...အန်တီမေက
သူမကိုဖက်ပြီးငိုတော့ သူမလည်း
အန်တီမေ့ကိုဖက်ပြီး ငိုပါတော့သည်။
စစ်ခွန်း ဝလုံးလေးနဲ့ မေမေကိုကြည့်ပြီး
ကြည်နူးကာ ဝမ်းသာမျက်ရည်များကျလာတော့သည်။
စစ်ခွန်း ဆေးရုံအုပ်ကြီးကို သူမလေးဆေးရုံဆင်းဖို့
ပြောတော့ တစ်ရက်ထပ်နေပါအုံးလို့
ပြောတာကြောင့် ပြန်ထွက်လာပြီး
ဝယ်စရာရှိတာ တစ်ခါထည်းဝယ်ဖို့သွားရင်
အမည်းရောင်ဝတ်ထားသော ကိုယ်ရန်တော်လိုလို
လူဆိုးဂိုဏ်းကလိုလိုနဲ့ တူတဲ့
လူနှစ်ဦးရပ်ပြီး ဆေးလိပ်သောက်ကာ
စကားပြောနေတာတွေ့တော့ သူ
တစ်ချက်ကြည့်လိုက်ပြီး သွားဖို့ပြင်တော့....
"ဟေ့ရောင်....မမလေး မိုးစက်ကမ္ဘာကို
သေချာစောင့်ကြည့်နော်...ခဏနေ
သခင်လေးလာခေါ်မယ်တဲ့..."
"အေးပါကွာ...ငါသေချာစောင့်ကြည့်ပါတယ်..."
စစ်ခွန်း ဝလုံးလေးရဲ့ နာမည်ကြားတော့
ဝလုံးလေးပြောပြချက်အရ အခြေအနေကို
ရိပ်စားမိကာ....ဝလုံးလေးရှိတဲ့ အခန်းကို
အမြန်ပြန်ကာ...
"ဝလုံးလေး...ထ...ကိုကိုတို့ အမြန်သွားရမယ်...
ဝလုံးလေးကို ရှာတဲ့လူတွေရှိနေပြီ..."
သူပြောတော့ သူမလေး ထိပ်လန့်သွားကာ...
"ဟုတ်...ဟုတ်ကဲ့ ကိုကို..."
သူတို့လည်းသိမ်းစရာရှိတာအမြန်သိမ်းပြီး...
သူ သူမလေးခေါင်းပေါ်သဘက်ခြုံပေးပြီး
လက်ကလေးကို ဆွဲကာ ကားရှိရာအမြန်
ထွက်လာပြီး ဆေးရုံဝန်းထဲကနေ အမြန်မောင်းကာ
ရှမ်းပြည်ကိုသာ မောင်းလာခဲ့သည်။
သူ ဝလုံးလေးကို ဘယ်သူ့ကိုမှ မပေးနိုင်ပါ။
တကိုယ်ကောင်းဆန် တယ်လိုပဲပြောပြော
ဝလုံးလေးကို သူ အပါမခံနိုင်ပါ။ ဒါကြောင့်
ရန်ကုန်အိမ်မှာ ယူစရာရှိတာတွေတောင် သူဝင်ယူနိုင်ခဲ့....
"သား....သမီးလေးကို...ဘယ်လိုတွေ့ပြီးခေါ်လာတယ်လည်း..."
မေမေမေးတော့မှ သူအတွေးတို့ကိုရပ်တန့်ကာ...
ဝလုံးလေးနဲ့ တွေတဲ့အကြောင်းတွေကို အစအဆုံး
ပြောပြလိုက်တော့...
"ဘုရား...ဘုရား...ငါ့သမီးလေးမှ ဒီလိုမျိုးတွေ
ကြုံရလားကွယ်....ဟီး..."
သူပြောပြတော့မေမေက ဝလုံးလေးကို ဖက်ကာငိုပြီး....
" သမီးလေး....ဘာမှအားမငယ်နဲ့နော်...
အန်တီမေရှိတယ်သိလား...သမီးမေမေ
မရှိတော့ပင်မဲ့လည်း အန်တီမေက သမီးရဲ့မေမေပဲ...သမီးရဲ့ ကိုကိုကလည်း သမီးအကိုအရင်းပဲနော်..သမီး ဘာမှအားမငယ်နဲ့...သမီးဘဝကို အန်တီမေတို့စောင့်ရှောက်မယ်..."
အန်တီမေစကားကြောင့် သူမဝမ်းသာစွာ
မျက်ရည်တွေကျလာပြီး အန်တီမေကို ဖက်ထားကာ...
" ကျေးဇူးတင်ပါတယ်...အန်တီမေ...ကမ္ဘာတကယ်ကျေးဇူးတင်ပါတယ်..."
အန်တီမေ့ကို ကမ္ဘာဖက်ထားကာ...ရင်ထဲကနေ
" ကမ္ဘာအတွက် နွေးထွေးစွာကြိုဆိုပေးလို့ ကိုကိုနဲ့
အန်တီမေကို ကမ္ဘာဒီတစ်သက် ကျေးဇူးဆပ်လို့ ကုန်မှာမဟုတ်ပါဘူး...ပြီးတော့ အရမ်းလည်းကျေးဇူးတင်ပါတယ်...အန်တီမေနဲ့ ကိုကို..."
ဆက်ရန်.....
စာရေးသူ - လွမ်းခြင်း