book

Index 6

အပိုင်း (6)♥♥♥♥

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

ကမ္ဘာ....သတိရလာတော့ အရင်ဆုံးမြင်လိုက်ရတာက မျက်နှာကျက်အဖြူရောင်ကြီးနဲ့ သူမလက်မှာ ဆေးပိုက်တွေ တန်းလန်းဖြစ်နေသောကြောင့် ကမ္ဘာ ဘေးဘီကို ကြည့်လိုက်တော့ သူမ လှဲနေသော ကုတင်ဘေးမှာ ကုလည်ထိုင်ပေါ်တွင် ထိုင်ပြီး လက်ပိုက်ကာ မျက်လုံးမှိတ်ပြီး အိပ်နေတာလား မှိန်းနေလားမသိသော   ခပ်ချောချော ယောကျာ်းတစ်ယောက်ကြောင့် ကမ္ဘာ အံသြ သွားပြီး သူမ ကားတိုက်မှုဖြစ်တာ ဒီလူရဲ့ကားလား..ဒါမှမဟုတ် ဒီလူက ဘာဖြစ်လို့ ငါ့အနားမှာရှိနေတာလဲ.....ဒါဆို ငါမသေသေးဘူးပေါ့.....ရက်စက်လိုက်တာ ကံကြမ္မာရယ်...ဘာလို့ ကမ္ဘာကို တစ်ခါထည်းခေါ်မသွားတာလည်း...သူမစိတ်ထဲကနေပြောပြီး မျက်ဝန်းများကို မှိတ်လိုက်တော့ မျက်ရည် စီးကြောင်းများကမျက်ဝန်းဒေါင့်မှ စီးကျနေတော့သည်။


"ဟင်...ဝလုံးလေး..နိုးပြီလား...."


သူမ ဝမ်းနည်းစွာ မျက်လုံးမှိတ်ပြီး မျက်ရည်ကျနေတုံး....ဝမ်းသာအားရ အသံတစ်သံကြောင့် သူမ မှိတ်နေသော မျက်ဝန်းများကို ဖွင့်ပြီးကြည့်လိုက်တော့...ခပ်ချောချော ယောကျာ်း တစ်ယောက်က သူမကို အုပ်မိုးပြီး ဝမ်းသာအားရမေးနေကာ....မျက်ရည်တွေပါ စီးကျနေသည်။သူမနှုတ်ခမ်းကလည်း...


"ဝ....ဝလုံးလေးဟုတ်လား...ရှင်...ဘယ်သူလည်း...ကမ္ဘာကိုဘယ်လိုခေါ်လိုက်တယ်....ဝလုံးလေးဟုတ်လား.."


သူမ...စိတ်လှုပ်ရှားစွာမေးတော့ စစ်ခွန်း သူမလက်ကလေးကို အားပေးသလို ကိုင်လိုက်ပြီး....


"ဟုတ်ပါတယ်....ကိုကို...ဝလုံးလေးလို့ ခေါ်လိုက်တာပါ...."


"ကိုကို နတ်သားလေးလားဟင်...ကမ္ဘာအိမ်မက် မက်နေတာတာမဟုတ်ပါဘူးနော်...ဟင့်...."


သူမ စီးကျလာသော မျက်ရည်များကို သုတ်ပြီး ဝမ်းသာစွာမေးလိုက်တော့ စစ်ခွန်းလေး သူမလေးနည်းတူ မျက်ရည်တွေကျလာကာ..


"ကိုကို....နတ်သားလေးဟုတ်ပါတယ်....ဝလုံးလေးရဲ့...ကိုကိုပါ...ကလေးရယ်..."


စစ်ခွန်း​ပြောလည်းပြော သူမလေးကို ငုံ့ပြီး ဖက်ထားလိုက်တော့သည်။ သူမလေးကတော့ ကုတင်ပေါ်မှာ ပလက်ကလေးကနေ တရှုံ့ရှုံငိုနေတော့သည်။


"ဟီး....ဟင့်....ကိုကို...ဘာလို ကမ္ဘာကို အခုမှလာရှာတာလည်း....ကိုကိုမကောင်းဘူး....ကမ္ဘာကို ပစ်ထားတယ်...."


ပြောလည်းပြော သူငုံ့ဖက်ထားသော သူရင်ဘတ်ကို လက်သေးသေးလေးနဲ့ ထုပြီးပြောတော့ သူမျက်ရည်တွေ ကျနေနေရင်းကနေ ပြုံးမိလိုက်သည် ။


" ကိုကိုအခုကစပြီး ဝလုံးလေးကို...မပစ်သွားတော့ဘူးနော်...ဝလုံးလေးကို ကိုကိုစောင့်ရှောက်မယ်သိလား..အန်တီရော...ဝလုံးလေး...အန်တီနေကောင်းတယ်မဟုတ်လား....ဝလုံးလေးနေကောင်းရင်  ကိုကိုတို့ အန်တီစီသွားရအောင်..."


"ဟီး.....ဟီး....."


"ဟာ...ဝလုံးလေး...ဘာလို့ငိုတာလည်းကွာ...ဘယ်နားနာလို့လည်း...ကိုကို ကိုယ်ပြော...."


သူပြောလိုက်မှ သူမလေး ပိုပြီး ထငိုတော့ သူပြာယာခက်စွာ သူမမျက်ရည်တွေ ကို သုတ်ပေးပြီးမေးတော့...သူမလေးက သနားစရာမျက်နှာလေးနဲ့ သူ့ကိုမော့ကြည့်ပြီး...


"မေမေ...မေမေကလေ....ကမ္ဘာ ၁၃နှစ်သမီးထည်းက ဆုံးသွားတာပါ...အဟင့်...."


သူမလေးဝမ်းနည်းကာပြောတော့ သူမလေးကို ခပ်တင်းတင်းလေးပြန်ငုံ့ဖက်လိုက်ပြီး.....


" sorry ပါ ဝလုံးလေးရယ်...ကိုကို... မသိလို့မေးနေမိတာပါ...အခုအာ့ဒါဆို အန်ကယ် နဲ့ ဝလုံးလေးနှစ်ယော​က်ထည်းနေတာပေါ့..."


"ဟင့်အင်း...ဖေဖေကလေ...မေမေဆုံးပြီး တစ်လလောက်မှာပဲ...နော​က်မိန်းမ ယူပြီး အိမ်ကိုခေါ်လာတယ်...ပြီးတော့ ကမ္ဘာအရွယ် သမီးတစ်ယောက်လည်းပါလာတယ်...ဟင့်..."


သူမလေးက သူ့ကို ကလေးတစ်ယောက်လို ရှိက်ပြီးပြောတော့....သူ သူမလေး ဆံပင်ကို သပ်တင်ပေးလိုက်ပြီး...


"အာ့ဒါဆို...ဝလုံးလေး တို့အတူတူနေတာပေါ့..."


"ဟုတ်.."


"အာ့ဒါဆို ဝလုံးလေး ကောင်းသွားရင် ကိုကိုနဲ့ အတူတူသွားကြတာပေါ့....ဝလုံးလေးကို ကိုကို ရှမ်းပြည်ခေါ်သွားမယ်..ဝလုံးလေးလိုက်မယ်မဟုတ်လား...ကိုကို ဝလုံးလေးဖေဖေစီမှာ သွားခွင့်တောင်းမယ်..."


"ဟင့်အင်း...."


စစ်ခွန်းသူမလေး ဟင့်အင်း လို့ပြောတာကြောင့် မျက်နှာပျက်ပြီး စိုးရိမ်စွာ.....


"ဘာလို့လည်း ဝလုံးလေးရဲ့ ကိုကို...ဝလုံးလေးကို...ကောင်းကောင်းမွန်မွန် စောင့်ရှောက်မှာပါဗျာ..."


"ကမ္ဘာပြောတာ...ကိုကို အနောက်ကို မလိုက်ဘူးလို့ပြောတာမဟုတ်ပါဘူး....ကမ္ဘာအပေါ် သမီးတစ်ယောက်လို့ မိသားစုတစ်ယောက်လို သဘောမထားတဲ့...အာ့ဒိမိသားစုဆီကို ကမ္ဘာမပြန်ပါရစေနဲ့နော်....နော်ကိုကို..."


သူ့ကို တောင်းပန်သလို မျက်ရည်တွေစီးကျကာ ပြောလာသော သူမလေးကြောင့် စစ်ခွန်း မဲနက်သောမျက်ခုံးနှစိဖက် ပင့်တက်သွားကာ....


"ဝလုံးလေး...မင်း...ကိုကိုနဲ့ အဆက်သွယ်မတဲ့အချိန်တွေမှာ ဘာတွေဖြစ်ခဲ့တာလည်း ကိုကို ကိုယ်ပြောပြမလား..."


"ဟုတ်...."

.......................

.......................

.......................

......................


................................

"တောက်!..ယုတ်မာလိုက်တာ... ဝလုံးလေးရယ်...ကိုကို အချိန်မှီရောက်မလာခဲ့လို့ တောင်းပန်ပါတယ်ကွာ...."


စစ်ခွန်း သူမလေးအကြောင်းတွေကိုကြားတာ မယုံကြည်နိုင်ဖြစ်ကာ အသက်အရွယ် မရင့်ကျက်သေးသောမိန်းကလေးကို လုပ်ရက်ကြတဲ့ လူတွေကိုလည်း စစ်ခွန်း ဒေါသထွက်မိသည်။ အခုသူ့လိုယောကျာ်းအရင့်အမာကြီးတောင် အခုကိစ္စတွေကိုကြားတော့ သူမလေးအတွက် ဝမ်းနည်းဒေါသထွက်တာ သူမလေးဆို ဘယ်လောက်တောင် ခံစားရရှာမလည်း...သူ ဒေါသအရှိန်ကြောင့် မျက်နှာကြီးရဲလာကာ ဝမ်းနည်းစွာငိုနေသော သူမမလေးကို ဖက်ပြီး....


"မငိုနဲ့တော့ ဝလုံးလေး....ဒီနေ့ကစပြီး သလုံးလေးက ကိုကိုရဲ့ ညီမလေးဖြစ်သွားပြီး..ဘာအကြောင်းနဲ့မှ...ဝလုံးလေး မငိုစေရဘူး...ကိုကို ဝလုံးလေးကို ရှမ်းပြည်ခေါ်သွားမယ်...ဟိုမှာ...မေမေက ဝလုံးလေးတို့သားအမိကို တွေ့ချင်နေတာ ဝလုံးလေးရဲ့...နော်တိတ်တော့..."


သူပြောလိုက်တော့ သူမလေးက ငိုနေတာရပ်ပြီး ....


"ကိုကို ကမ္ဘာကိုလေ...တကယ်ခေါ်သွားမှာနော်....အန်တီ​မေရော...နေကောင်းတယိနော်..ကမ္ဘာ အန်တီမေနဲ့ တွေ့ရတော့ရတော့မှာပေါ့နော်...."


သူမလေးဝမ်းသာစွာမေးတော့ သူပြုံးပြပြီး သူမလေးကို ခေါင်းငြိမ်ပြလိုက်တော့...သူမလေးက မျက်ရည်တွေသုတ်ကာ...ကလေးလေးလို သူ့ကို ပြုံးပြလာလေသည်။ 


"ဝလုံးလေး..နားလိုက်အုံးနော်....ကိုကို ဝလုံးလေးဆေးရုံဆင်းဖို့အတွက်...ဆရာဝန်နဲ့တွေ့ပြီး​ပြောလိုက်အုံးမယ်...."


"ကိုကို...ကမ္ဘာကို မထားခဲ့နဲ့နော်..."


သူမလေက သူ့လက်က အင်္ကျီအစကို လက်သေးသေးလေးနဲ့ကိုင်ပြီး ကလေက သူ့မိဘကိုပြောသလိုမျိုးပြောလာတော့ သူ ဝဲတက်လာသော မျက်ရည်များကို ပုတ်ထုတ်ပြီး...သူမလေးလက်ကလေးကို ကိုင်ကာ...


"မထားသွားပါဘူး..ဝလုံးလေးရယ်...ကိုကိုက...ဝလုံးလေးကို တစ်သက်လုံးစောင့်ရှောက်မှာ လို့ပြောပြီးပြီလေ...ကိုကို ကိုယ်ယုံတယ်မှတ်လား...."


သူထိုသိုပြောလိုက်မှ သူမလေးက သူ့ကိုပြုံးပြပြီး.....မျက်လုံးလေးမှိတ်ပြီး အနားယူနေတော့သည်။ သူ မျက်လုံးလေးမှိတ်ကာ အနားယူနေသော သူမလေးကိုကြည့်ပြီး...


"ဝလုံးလေးရယ်...အချိန်မှီရောက်မလာလို့ ကိုကိုကိုယ်ခွင့်လွှတ်ပါဗျာ...ကိုကို ဝလုံးလေးကို တစ်သက်လုံး စောင့်ရှောက်မှာပါ..."


သူသနားစရာကောင်းသော သူမလေးမျက်နှာကိုကြည့်ပြီး စိတ်ထဲကနေပြောကာ...ပါးပြင်ပေါ်သို့ သူမလေးအတွက် ဝမ်းနည်းသော မျက်ရည်တွေ ကျလာတော့သည်။


ကမ္ဘာ ကိုကို သူမကိုကြည့်ပြီး အခန်းထဲက ထွက်သွားတော့မှိတ်ထားတဲ့ မျက်ဝန်းတွေ ပွင့်လာပြီး...မျက်ရည်များစီးကျလာကာ..


"မာန်တံခွန်...ကိုယ့်နာမည်မာန်တံခွန်.."ဆိုသည့် သူပြောခဲ့သည့် အချိန်တွေကို သူမမေ့မရပေ။ သူနဲ့ ပတ်သတ်ခဲ့တဲ့အချိန်က သူမဘဝအတွက် ငရဲခန်း​ရောက်နေသလိုပါပဲ... သူမအံ့လေးကြိတ်ကာ...


"လူယုတ်မာ....ရှင့်ကြောင့် ကျွန်မ..ဘဝပျက်ရတာ....ရှင့်ကို ကျွန်မသေတာတောင် ခွင့်မလွတ်ဘူး....မာန်တံခွန်..."


သူမပြောပြီး ဝမ်းနည်းစွာ ငိုချလိုက်တော့သည်


-----------------------------------^^^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒


"အကိုလေး...မမလေး သတင်း ကြားပြီအကိုလေး...."


စစ်သွေး လာပြောတော့ သူComputerပေါ်မှာ ပြေးလွှားနေသော လက်များ ရပ်သွားပြီး....


"ဘာ......ချာတိတ်သတင်းကို ရပြီ ဟုတ်လား...."


"ဟုတ်ကဲ့..အကိုလေး...ဒါပင်မဲ့...."


စစ်သွေးစကားရပ်သွားတော့ သူ မျက်မှောင်ကုတ်သွားပြီး...


" ဆက်ပြော..."


"မမလေး ကားတိုက်မှူဖြစ်ပြီး ဆေးရုံမှာပါအကိုလေး.."


"ဘာ...ကာတိုက်မှုဟုတ်လား......ချာတိတ်..ဘာဖြစ်သွားသေးလည်း..."


သူစိုးရိမ်စွာမေးတော့ စစ်သွေး အံ့သြ သွားကာ....


"အခုတော့ မမလေးစိုးရိမ်စရာမရှိတော့ဘူးလို့ပြောပါတယ်...အကိုလေး...ကျွန်တော် ကျွန်တော်လူတွေကို စောင့်ကြည့်ဖို့ ပြောထားပါတယ်...အာ့ဒိဆေးရုံကို...."


"အခု အာ့ဒိဆေးရုံကို သွားမယ်...ကားအသင့်ပြင်လိုက်..."


"ဟုတ်ကဲ့....အကိုလေး..."


သူပြောပြီး သူမရှိရာဆေးရုံကို ထွက်လာခဲ့လိုက်သည်။


ဆေးရုံကိုရောက်တော့....သူကားပေါ်က ဆင်းဆင်းချင်း ဆေးရုံအုပ်ကြီးသာမက ဆေးရုံရှိ ဒေါက်တာသူနာပြုမျာ က သူ့ကို ခေါင်းငုံအရ်ုအသေပေးပြီး ခရီးဦးကြိုပြူတော့...သူစစ်သွေးကိုကြည့်လိုက်ကာ...


"ကျွန်တော်ဖုန်းဆက်အကြောင်းကြားထားလို့ ဆေးရုံအုပ်ကြီးသိပြီး အကိုလေးက ထွက်ကြိုကြတာပါ.."


" အင်း..."


"မင်္ဂလာပါ..သခင်လေးမာန်တံခွန်...သခင်လေးလာမယ်ဆိုလို့ ကျွန်တော်တို့ ထွက်ကြိုတာပါ.."


"ရတယ်...ခင်ဗျာဝန်ထမ်းတွေကို လုပ်စရာရှိတာလုပ်ခိုင်းလိုက်ပါ..."


"ဟုတ်ကဲ့ပါခင်ဗျာ..."


သူပြောလိုက်တော့ ဆေးရုံအုပ်ကြီးက အကုန်လုံးကို လုပ်စရာရှိတာ လုပ်ဖို့ ခေါင်းငြိမ်ံ​ပြလိုက်တော့ အကုန်လုံး သူ့ဆိုင်ရာနေရာကိုပြန်ကြပြီး အလုပ်ကို လုပ်နေကြသည်။ ဆေးရုံးမှာရှိတဲ့ ဝန်ထမ်းမိန်းကလေးတွေသာမက ယောကျာ်းလေးတွေရဲ့ မျက်ဝန်းတွေ ကပါ...သူအနောက်ကျောမှာ ကပ်ပါလာသည်ကိုတော့ သူလှည့်မကြည့်ဘဲ ခန့်မှန်းမိပါသည်။


"သခင်လေးပြောတဲ့ မိန်းကလေးက အခန်း...... မှာပါခင်ဗျာ.."


"အင်း...ကျွန်တော်...အာ့ဒိမိန်းကလေးမခန်းသွားချင်တယ်....ပြီးတော့ သူ ထိခိုက်ဒဏ်ရာ မစိုးရိမ်ရဘူးမှတ်လား....ရခဲ့ရင်လည်း ဘာအမာရွတ်မှ ကျန်တာမလိုချင်ဘူး...."


"စိတ်ချပါ...သခင်လေး....ကျွန်တော် အစွမ်းကုန် ကုသပေးပါမယ်.."


သူခေါင်းငြိမ့်ပြပြီး သူမရှိရာအခန်းအရှေ့ကို လျှောက်လာပြီးရောက်တော့ အထဲဝင်ဖို့ တုန့်ဆိုင်းနေမိသည်။ မာန်တံခွန် ရဲ့ဘဝမှာ အခုလိုဖြစ်တာ ဒါပထမဆုံးပဲ...ဘာပဲလုပ်လုပ် မှားမှားမှန်မှန် ရဲရဲဝံ့ဝံလုပ်ခဲ့သည်။ အခုတော့ ဘာမှမဟုတ်တဲ့ မိန်းမငယ်လေး တစ်ယောက်ကြောင့် သူ စိတ်တွေ မတည်မငြိမ်ဖြစ်တာ သူ့တပည့် စစ်သွေးသာသိရင် အံ့သြအုံးမှာအမှန်။ သူစိတ်ကိုတင်းကာ...တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်သူအပါဝင် ဘေးလူတွေပါ...


"ဟင်..."


"ဟာ.."


----------------------------------------^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒


ဒေါ်ငွေခင် တိုက်ခန်းကျင်းကျင်းလေးကို နှာခေါင်းရှုံ့စွာ ကြည့်ပြီး....


"ကိုဝဏ္ဏာ  ကျွန်မတို့က...ဒီမှာနေရမှာလား..."


ဒေါ်ငွေခင်အမေး​ကြောင့် ဦးဝဏ္ဏာ မျက်နှာချိုသွေးလိုက်ပြီး...


"မိန်းမရာ...ခဏပဲနေရမှာပါ...ငါ့သူငယ်ချင်းကို ငါတိုက်တစ်လုံးငှားပေးဖို့ ပြောထားပါတယ်ကွာ..."


"အာ့ဒါဆိုလည်းမြနိမြန်ရှာ...ကျွန်မတို့ အိမ်သာလောက်ရှိတဲ့ အခန်းမှာ မနေနိုင်ဘူးနော်..."


"ဟုတ်တယ်ဖေဖေ....မူယာလည်းမနေနိုင်ဘူးနော်...ဖေဖေမြန်မြန်ရှာပေး တိုက်တစ်လုံးကို..."


"အေးပါသမီးရယ်...ဖေဖေမြန်မြန်ရှာပေး ပါ့မယ်..."


ဦးဝဏ္ဏာ မိန်းမနဲ့ သမီးစကားကြောင့် ခေါင်းခြောက်စွာ ဖြေလိုက်ပြီး မိုးစက်ကမ္ဘာကို လည်းသတိရလိုက်မိသည်။ သူမအခုအချိန်ဆို ဘယ်များရောက်နေမလည်း....


မူယာ မေ့မေ့အတွက်ဆေးဝယ်ဖို့ ဆေးရုံကို ရောက်လာချိန်...ဆေးရုံးအတွင်းက ဆရာ ဆရာမ မကျန် ဝန်ထမ်းအကုန်လုံးက ပြာယာခက်စွာ အတန်းလိုက်နေရာယူနေကြတာကို သူမ ပါးစပ်အဟောင်းသာလေးနဲ့ ရပ်ကြည့်နေမိသည်။ 


"သူတို့....ဘာလုပ်နေကြတာလည်း..."


ပါးစပ်က တိုးတိုးလေး ပြောနေချိန်..ဘေးက ဆရာမလေးတွေထံက...


"ဟဲ့..... ငါတော့ သူဌေးမာန်တံခွန်ကို တွေ့ချင်နေပြီဟယ်....အသက်ငယ်ငယ်လေးနဲ့ အရမ်းချမ်းသာပြီး အရမ်းလည်းချောတာတဲ့...သိလား... ပြီးတော့ တော်လည်း အရမ်းတော်တာတဲ့....အလုပ်တစ်ခုခုလုပ်မယ်ဆိုလည်း အရမ်းတိကျပြတ်သားတာတဲ့...အာ့ဒါကြောင့်လည်း ချမ်းသာတာနေမယ်နော်..."


"နင်ကလည်...အာ့ဒါတင်မကဘူးလေး....မိန်းမတွေကိုလည်းစိတ်မဝင်စားဘူးတဲ့...အခုထိ သူ့အသည်းကို လှုပ်ကိုင်နိုင်တဲ့ မိန်းကလေး မတွေ့သေးဘူးဆိုပဲ...ပြီးတော့ သူလိုလူက ငါတို့ဆေးရုံကိုလာတာ အံသြစရာပဲနော်...ငါတော့ အရမ်းဝမ်းသာတာပဲ...."


"ငါလည်း အရမ်းတွေ့ချင်နေပြီး...မရပင်မဲ့လည်း.... အခုလိုလူကိုတွေ့ရတော့ သေပျော်ပါပြီဟယ်..."


"မိန်းမ... ဒေါက်တာဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်းငဲ့အုံး နည်းနည်းထိန်းအုံး..."


အနောက်က မိန်းကလေးအပြောကြောင့် အကုန်လုံးပြုံးစိစိဖြစ်သွားတော့ ထိုဒေါက်တာမလေးက ရယ်ကာ...


"အမယ်....အာ့အထဲမှာ...ရှင်ရောမပါဘူးလားပြော..."


"အဟဲ ထိပ်ဆုံးကပဲ...ဟီး..."


"ဟဲ..ဟဲ လာပြီ တိတ်တော့ တိတ်တော့..."


သူတို့ပြာနေတာကို သူမနားထောင်ပြီး အခုလာမဲ့ သူက တော်ယုံတန်ယုံလူမဟုတ်မှန် မူယာ ခန့်မှန်းမိသည်။


ထိုအချိန် တန်းစီစွာဝင်လာသော ကားများကြောင့် စိတ်ဝင်စားစွာ ရပ်ကြည့်နေတုံး ကားများက အသီးသီး ဆေးရုံဝန်းထဲတွင် ရပ်လိုက်ကာ...အမည်းဝတ်စုံဝတ်ထားသော လူများက ကားတစ်စီးပေါ်မှ ဆင်းလာကာ မည်းမှောင်ပြောင်လက်နေသော ကားအကောင်းစားကြီး ရဲ့ အနား ဦးညွတ်အရိုအသေပေးသလို ရပ်လိုက်ကြပြီး...ထိုအချိန် ကားမှန်ပွင့်လာပြီး ကိယ်လုံးကိုယ်ထည်က မော်ဒယ်တွေတောင် မယှဥ်နိုင်လောက်အောင် အရပ်ရှည်ရှည် ချောမောသော လူတစ်ယောက်ဆင်းလာတော့ မူယာ ပါးစပ်အဟာင်းသာလေးနဲ့ ရပ်ကြည့်နေမိသည်။


တကယ်ပါ...မူယာဘဝမှာ ဒီလောက်ချောတဲ့ ယောကျာ်းမတွေ့ဖူးပေ... ပြီးတော့ သူဘေးက လူတွေကလည်း မျက်မှန်အမည်ရောင်ကို ဝတ်ဆင်ထားပြီး ထိုလူချောကို ဝန်းရံကာ...ဆေးရုံထဲဝင်သွားတဲ့အထိ မူယာ ထိုလူချောရဲ့ ကျောပြင်ကို ရပ်ကြည့်နေမိသည်။


"ရှင့်နာမည်က မာန်တံခွန်လား....မူယာတော့ရှင့်ကို စိတ်ဝင်စားသွားပြီး မာန်ရယ်...မူယာရှင့်နားကို ရောက်အောင်လာပြီး ရှင့်နှလုံးသားကို ရအောင်ယူပြမယ်...ရှင့်ရဲ့လက်ကိုတွဲ့မဲ့....ရှင့်ရဲ့ မိဖုရားဖြစ်ဖို့...မူယာ ရှင့်ရှေ့ကို ရောက်အောင်လာခဲ့မယ် မာန်...."


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: