ဒေါ်ငွေခင်တို့သားအမနှစ်ယောက် ပြောနေတုံးအိမ်ရှေ့က ကားရပ်သံကြည့် တစ်ယောက်ကို
တစ်ယောက်ကြည့်ကာ....ဘယ်သူလည်းဆိုတာ
သိလိုစိတ်ဖြင့် အိမ်အဝကိုကြည့်လိုက်တော့...ကားအကောင်းစားကြီးများပေါ်မှ အမည်းရောင်အနောက်တိုင်းဝတ်ဆုံကို ဝတ်ဆင်ထားတဲ့လူတွေက
အရင်ဆင်းလာပြီး ကားတံခါးဖွင့်ကာ
ခေါင်းငုံ့ အရိုအသေပေးနေစဥ်
မဲမှောင်နေသော ကားကြီးပေါ်မှာ
အသားရောင် တီရှပ်လက်ရှည်နဲ့
ဘောင်းဘီအနက်ကို ဝတ်ဆင်ထားသော
ခပ်ဖြောင့်ဖြောင့် လူတစ်ဦးဆင်းလာပြီး
ထိုလူတွေကို ဘာပြောလိုက်မှန်းမသိ...
အကုန်လုံးခေါင်းငြိမ့်ပြပြီး သူမတို့အိမ်ရှိရာကို....
ဦးတည်လာကြတော့.....
...သူမနဲ့ မူယာခင်လည်း ပျာပြာခက်သွားကာ
ဧည့်ခန်းတွင်ရူပ်ပွနေသော ပစ္စည်းများကို
သားအမိနှစ်ယောက်အမြန်သိမ်းလိုက်ကာ ကိုယ်ဟန်ဖို့ ထိုင်ခုံတွင် ထိုင်နေလိုက်ချိန်...
''ဒီအိမ်က...ဒေါ်ငွေခင် အိမ်လာ.."
'' ဟုတ်ပါတယ်ရှင်....ဘာကိစ္စများလည်းမသိဘူး...ထိုင်ကြပါရှင်...."
ဒေါ်ငွေခင် ပျာပျာသလဲ ပြောကာ မျက်နှာကို
ပြုံးချိုနေကာ ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံနေမိသည်။
မူယာခင်ကတော့ ထိုလူတွေထဲက
ခေါင်းဆောင်လို့ ထင်ရတဲ့ ရုပ်ဖြောင့်ဖြောင့်
လူအိမ်ထဲဝင်လာထည်းက ကြည့်နေတာ မျက်တောင်တောင် မခက်မိချေ။
စစ်သွေးသူတက်လာထည်းက သူ့ကိုမျက်တောင်မခက် ကြည့်နေသောထိုမိန်းကလေး ကို ကြည့်မရချေ။
မိန်းကလေးတန်မဲ့ရဲတင်းလွန်းသည်။ရုပ်လေးနဲ့မှမလိုက်...
"အင်း..ဒီအိမ်က ဦးဝဏ္ဏာ ရဲ့ အိမ်လည်းဟုတ်ပါတယ်နော်.."
ဒေါ်ငွေခင်...သူမ ယောကျာ်းကို မေးတော့
မျက်မှောင်ကျုတ်သွားပြီး....
'' ဟုတ်ပါတယ်....ကျွန်မခင်ပွန်းပါ....
တူလေးတို့က ဘာဖြစ်လို့မေးတာလည်း..."
သူမ ပြောနေတုံး ခေါင်းဆောင်လို့ထင်ရတဲ့
လူငယ်လေးက စာချုပ်တစ်ခုကို
သူမတို့အရှေ့ကို ချပေးတော့
သူမယူကြည့်လိုက်ပြီး...ထိုလူငယ်လေးကို
နားမလည်သလိုပြန်ကြည့်တော့....
"အာ့ဒါ.....ဦးဝဏ္ဏာ ကျွန်တော်တို့စီက
ပိုက်ဆံချေးထားပြီး ဒီအိမ်ကို
စာချုပ်ချုပ်ထားတဲ့ စာချုပ်ပါ...."
"ရှင်...."
ဒေါ်ငွေခင်ပြုံးနေသော အပြုံးတို့
ပျောက်ပြယ်သွားပြီး မျက်နှာပျက်သွားကာ
သူတို့ကို စောစောကနှင့်မဆိုင်စွာ လေသံပြောင်းပြီး....
"အာ့ဒါ....အန်တီတို့နဲ့ မဆိုင်ဘူးထင်တယ်...
သူရူပ်ထားတာ သူရှင်းမှာပေါ့..."
"ဟုတ်ပါတယ်....အခုစာချုပ်က
ရက်ပြည့်သွားလို့၅ရက်ကျော်သွားပါပြီ...
အာ့ဒါကြောင့် ဒီအိမ်ကနေ ဆင်းပေးဖို့ လာပြောတာပါ...."
"ဘာ မဆင်းပေးနိုင်ဘူး...ငါတို့ပေါင်းထားတာမဟုတ်ဘူး..."
"ဟုတ်ကဲ့ရပါတယ်...ကျွန်တော် ၅ရက် အချိန်ပေးမယ်...နောက်၅ရက်နေပြီးရင် ကျွန်တော်တို့
ဒီအိမ်မှာလူတွေ မရှိတာဘဲ လိုချင်တယ်...
ကျွန်တော်ပြောတာ နားလည်ပါတယ်နော်..."
ထိုအချိန် အိမ်ထဲသို့လေတချွန်ချွန် ဝင်လာသော
လူတစ်ယောက်ကြောင့် ဒေါ်ငွေခင် မျက်နှာမှာ
ဒေါသတွေနဲ့ တင်းမာသွားပြီး....
"ကိုဝဏ္ဏာ ...ရှင်လာခဲ့ .."
"ဒါဆို.... ဆက်ရှင်းလိုက်ပါအုံး...ကျွန်တော်တို့
ပြန်ပါတော့မယ်..."
ထိုလူငယ်တွေ ပြန်ထွက်သွားတော့
အခန်းတောင့်တွင် မျက်နှာပျက်ကာ
ရပ်နေသော ဦးဝဏ္ဏာက မျက်နှာငယ်လေးနဲ့...
"မိန်းမ....ငွေခင်...ကိုယ်တောင်းပန်ပါတယ်ကွာ..
ကိုပြန်ရှာပေးမှာပါ..."
ဘာဒေါ်ငွေခင် ဒေါသမျက်ဝန်းများနဲ့ ဦးဝဏ္ဏာ ကိုကြည့်ပြီး...
"ဘာလည်း...ရှင်ဘယ်လိုပြန်ရှာမှာလည်း...
ဒီအိမ်ကို ဘယ်လိုပိုက်ဆံပြန်ရှာပြီး
ပြန်ဝယ်ပေးမှာလည်း...ကိုဝဏ္ဏာ...ရှင်....
ရှင်လုပ်ရက်တယ်....ရှင့်ကို ကျွန်မကွာမယ်...
အမလေး..အခုတော့ ကျွန်မတို့သားအမိ
ဘယ်မှာ သွားနေရမှာလည်း....ကိုဝဏ္ဏာ...ဟီး...."
ဒေါ်ငွေခင်ငိုလည်းငို ပြောလည်းပြောကာ...
တအိအိလဲကျကာ...သတိမေ့သွားပါတော့သည်။
"မေမေ...ဖေဖေ...မေမေဘာဖြစ်သွားတာလည်းမသိဘူး...လုပ်ပါအုံး..."
မူယာခင် အလန့်တကြားပြေးပွေ့ပြီး
ဦးဝဏ္ဏာ ကိုလှမ်းပြောတော့...ဦးဝဏ္ဏာ
ဒေါ်ငွေခင်အနားပြေးလာကာ...
"သမီးသွား...ဆရာဝန်ဆီဖုန်းဆက်
ဖေဖေ အိပ်ယာထဲပွေ့သွားလိုက်မယ်..."
မူယာခင်အမြန်ထပြီး ဖုန်းဆက်ပြီး
ဆရာဝန်ခေါ်ရန် ဖုန်းရှိရာ အမြန်ပြေးသွားတော့သည်။
သူ့တို့ကံကြမ္မာကတော့ မတွေးဝံတော့ပေ.....
------------------------------------^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
"အကိုလေး အကိုလေးပြောတဲ့အတိုင်း
ကျွန်တော် လုပ်ပြီးပါပြီ..."
"ကောင်းပြီ..."
"ဟိုလေ...မမလေးကိစ္စကတော့..."
စစ်သွေးဘာမှ မပြောသေးဘဲ ရပ်လိုက်တော့
သူမော့ကြည့်ပြီး ဆက်ပြောဆိုသည့်သဘော
မေးဆက်ပြကာ..
"မမလေး...သတင်းအစအနကို ကျွန်တော်တို့
စုံစမ်းတာမရပါဘူး...စုံစမ်းတဲ့အဖွဲ့ကိုတော့
ကျွန်တော် လူထပ်တိုးပြီး နေရာအနှံ့ လွတ်ထားပါတယ်..."
သူဘာမှမပြောသေးဘဲ လက်ချောင်းသွယ်များက
စာကြည့်စားပွဲကို ခေါက်နေပြီး...အတော်ကြာမှာ
ခန္ဓာကိုယ် ကိုမက်လိုက်ကာ...
" လူတွေ ဒီခပ်ပိုတိုးပြီး ထပ်ရှာ... မြန်မာနိုင်ငံအနံ့ကိုရှာ...
မတွေ့မချင်းကိုရှာရမယ်..."
"ဟုတ်ကဲ့ အကိုလေး...ကျွန်တို့ဒီထပ်ပိုပြီး
လူထပ်တိုးလိုက်ပါ့မယ်...နေရာတိုင်းကိုလည်း
လူဖြန့်ပြီး ရှာခိုင်းလိုက်ပါမယ်..."
"အင်း...ဒီရက်ပိုင်းအလုပ်ကိစ္စတွေနဲ့ တွေ့မဲ့သူတွေရော အလုပ်ကိစ္စတွေရော သယ်မလာနဲ့အုံး စိတ်မကြည်သေးလို့..."
"ဟုတ်ကဲ့အကိုလေး..."
အာကာပြောပြီး ထွက်သွားတော့မှ
သူပြတင်းပေါက်အနားကို ထသွားပြီး
ဘောင်းဘီဘေအိပ်ထဲ လက်ထည့်ကာ
ပျံသန်းသွားလာနေသော ငှက်ကလေးများကိုကြည့်ပြီး...
" ဘယ်လောက်အထိ ပုန်းနေအုံးမှာလည်း ကလေး....
ကိုယ့်ကို ကြည်စားနေတာလား...အဟွန်း
အာ့ဒါဆိုရင်တော့ မင်းကို ကိုယ်ပြန်တွေ့ရင်
အပြစ်ပေးရတော့မယ်...မင်းအကြည်စားလွန်သွားပြီ ချာတိတ်...မင်းကြည်စားတဲ့ကိုက.... မာန်တံခွန်ဖြစ်နေတော့...ချာတိတ် ကိုပေးမဲ့ အပြစ်က ပေါ့တဲ့မပေါ့ဘူး...အဟွန်..."
-------------^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒
"ဝလုံးလေး..."
စစ်ခွန်းသူမလေးကို ပြန်တွေ့တော့
မယုံကြည်နိုင်ဖြစ်ကာ သူမလေးရဲ့ လက်ဖျံလေးပေါ်က အမှတ်အသားလေးကို တွေ့တော့ သူမလေးဟာ...
ဝလုံးလေးဖြစ်တာ သေချာသွားတာကြောင့်
စစ်ခွန်း အရမ်းဝမ်းသာသွားကာ သူမလေးရဲ့ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်ပြီး...
"ဝလုံးလေးရယ်...ကြည့်ပါအုံး...မင်းဘာကြောင့် ကိုကိုနဲ့
အခုလိုပုံစံမျိုးနဲ့ ပြန်တွေ့ရတာလည်းကွား..."
ခေါင်းမှာပတ်တီးအဖွေးသားလေးနဲ့ သတိမေ့နေသော
သူမမျက်နှာလေးကို သနားဂရုဏာမျက်ဝန်းများနဲ့ကြည့်ကာ...ဝမ်းနည်းစွာပြောပြီး ခေါင်းမှ ဆံပင်များကို
လက်ကလေးနဲ့ ထိလိုက်ပြီး....သူမရဲ့ ခပ်နွမ်းနွမ်းအဝတ်အစားများကိုကြည့်လိုက် ချောင်ကျနေသော
မျက်နှာလေးကို ကြည့်လိုင်နဲ့ စစ်ခွန်းဗျာများနေတော့သည်။
သူမလေးနဲ့ သူတို့ အဆက်သွယ်ရှိခဲ့စဥ်က
သူမလေးတို့ စီးပွားရေးပွားအတော်ပြေလည်တဲ့ပုံပါ...
အခုတော့ သူမလေးရဲ့ ပုံစံလေးက နွမ်းနွမ်းဖက်ဖက်....
ဒါပင်မဲ့ သူမလေးရဲ့ အလှတရားတွေကတော့ အရင်ကထက် ပိုပြီး ထင်ပေါ်ဝင်လက်လာခဲ့သည်။
"ဝလုံးလေးရယ်...ကိုကို မင်းကို ပြန်တွေ့တော့
အရမ်းဝမ်းသာတာပဲဗျာ...ကိုကို မင်းကို ဘယ်တော့မှ လက်လွတ်မခံတော့ဘူးသိလား..."
သူမလက်ကလေးကို ကိုင်ပြီး သူမှာစကားတွေတတွတ်တွတ်ပြောနေသလောက် သူမလေးကတော့
နှစ်နှစ်ခြိုက်ခြိုက်ကို သတိမေ့အိပ်ပျော်နေတော့သည်။
ထိုအချိန်ဆရာဝန် ဝင်လာပြီး သူမလေးကို လာကြည့်ကာ..
"ဒီလူနာရဲ့...အုပ်ထိန်းသူက ခင်ဗျာလား..."
ထိုဆကာဝန်က သူ့ကိုကြည့်ကာ မေးတော့...သူခေါင်းငြိမ့်ပြကာ..
"ဟုတ်ပါတယ်ဆရာ...သူမက ကျွန်တော့်ညီမလေးပါ...
ပြီးတော့ သူမ ဘာလို့ သတိမရသေးတာလည်း ဒေါက်တာ..."
"သြော်...ဒီကလေးမက ဆိုးရိမ်စရာမရှိတော့ပါဘူး...
ခေါင်းစောင့်မိသွားတော့ အကြောက်လွန်ပြီး
သတိမေ့သွားတာပါ... အခုထိမနိုးသေးတာလည်း
အိပ်ဆေးထိုးထားတဲ့ အရှိန်ကြောင့်ပါ...သိပ်စိတ်မပူပါနဲ့..
မကြာခင် သတိပြန်ရလာမှာပါ..."
"ဟုတ်ကဲ့ဒေါက်တာ...ကျေးဇူးပါဒေါက်တာ..."
ဒေါက်တာ ပြန်ထွက်သွားတော့ သူ သူမမျက်နှာလေးကို သေချာကြည့်ပြီး...
"မင်းကို ကိုကို...လက်မလွတ်တော့ဘူး...
ဝလုံးလေး..ကိုကို မင်းမှာ အုပ်ထိန်းသူရှိရင်တောင် ခွင့်တောင်းပြီး မင်းကို ကိုကို စောင့်ရှောက်မယ်...
မရှိခဲ့ရင်လည်း...ကိုကို မင်းကို တစ်ခါထည်းရှမ်းပြည်ခေါ်သွားပြီး စောင့်ရှောက်မယ် ဝလုံးလေး...
အရင်အချိန်တွေမှာ..မင်းဘယ်လို အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ရလည်းမသိပင်မဲ့....အခုတော့...
ကိုယ့်ကမ္ဘာထဲမှာ...မင်းကို ပျော်ရွင်အောင်...
ကိုကိုထားမှာပါ....မင်းမျက်ရည် မနက်ဖြန်ကစပြီး...
ဘယ်တော့မှ မကျစေရဘူး...ဝလုံးလေး..."
သူမလက်ကလေးကိုကိုင်ပြီး သူစကားတွေ
တွတ်တွတ်ကပ်ကာပြောနေတော့သည်။
သူ့မဘဝလေးကတော့ ပျော်ရွှင်ခြင်းတွေနဲ့
ရှေ့ဆက်ရမှာ...မလွဲသေချာပင်...
အာကာ ဦးထွန်းထွန်းတို့ကိုပြန်ပို့ပေးပြီး
လုပ်ပေးစရာရှိတာလုပ်ပေးပြီး သူဆေးရုံကို
ပြန်လာပြီး အကို စစ်စီကို ပြန်လာပြီး အခန်းထဲ
ဝင်ဖို့ပြင်တော့ ကားတိုက်ခံရသော မိန်းကလေးရဲ့
လက်ကို ကိုင်ပြီး ဝမ်းသာစွာ ပြောနေသော ကိုစစ်ကြောင့်
သူ အံသြ သွားကာ ရပ်ကြည့်နေမိသည်။
သူအကိုစစ်နဲ့ လက်တွဲ အလုပ်လုပ်လာတာ
အကိုစစ်မိန်းကလေးတွေနဲ့ အခုချိန်ထိ အခုလို
စကားပြောဖို့မပြောနဲ့...ကြည့်တောင်မကြည့်ပေ...
အခုတော့ သတိမေ့နေသော မိန်းကလေးရဲ့...
လက်ကလေးကို ကိုင်ပြီး ပြောနေပုံက အနှစ်နှစ်
ကာလကွဲကာသွားသော ညီမလေးတစ်ယောက်ကို
ပြန်တွေ့သလိုမျိုး ဝမ်းသာပုံဖြစ်နေသော ပုံစံကို
သူအခုလို တစ်ခါမှမမြင်ဖူးပေ....
ပြီးတော့ အကိုစစ်ရဲ့ အပြုံးက မြင်ရခဲပေသည်။
အကိုစစ်အမေအန်တီရှေ့ရောက်မှ ပြုံတက်တဲ့
အပြုံးမျိုးကို အခုတော့ ထိုမိန်းကလေးကို
ပြုံးကြည့်နေတာ သူတွေ့ရသည်။ဝမ်းသာပါတယ်..
အကိုစစ်အခုလို ပြုံးပျော်နေတာကို...သူ အကိုစစ်ကို
အခုလို အပြုံးမျိုးကို အမြဲတမ်းပြုံးစေချင်ပါသည်။
ထိုမိန်းကလေးက အကိုစစ်ရဲ့ အရေးပါသော
မိန်းကလေးဆိုတာ အာကာ မြင်ယုံနဲ့ သိပါသည်။
ဒါကြောင့် အကိုစစ် အမြဲပြုံးရွှင်နိုင်တော့မှာပါ....
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း