book

Index 4

အပိုင်း(4)♥♥♥♥

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

စစ်ခွန်းမှိုင်း  သူ့ကုမ္ပဏီက  ပစ္စည်းပို့တဲ့ကား လူတိုက်မိတယ်လို့ ဖုန်းဆက်တာကြောင့် လူနာပို့ထားသော ဆေးရုံကို အမြန်မောင်းပြီး လာလိုက်ခဲ့လိုက်သည်။


သူက ရန်ကုန်မှာနေတာမဟုတ်ပါ...ရှမ်းပြည်နယ်မှာနေတာဖြစ်ပြီး ရှမ်းပြည်က ခြံထွက်သီးနှံတွေကို ရန်ကုန်ကို တင်ပို့ပြီး ရုံးခွဲလေးဖွင့်ထားကာ...သူရန်ကုန်အနှံ့က စားသုံးသူတွေကို ပို့ပေးတါဖြသ်သည်။ 


အခုလည်း သီးနှံတွေကို စာသုံးသူတွေကို အလုပ်သမားကားမောင်းတဲ့ ကောင်လေးတွေကို ပို့ခိုင်းရင်း ဖုန်းဝင်လာပြီး taxiက လူနှစ်ဦးကို တိုက်မိလို့ ဆေးရုံရောက်နေတယ် ပြောတော့ သူခေါင်းကြီးသွားကာ တိုက်မိတဲ့ သူတွေကို လုပ်ပေးစရာရှိတာလုပ်ပေးဖို့နဲ့ တောင်းပန်ဖို့ သူကားမောင်းပြီး အမြန်ရောက်ရှိလာခဲ့သည်။


သူမနက်ရှမ်းပြည်ကိုပြန်ဖို့ ပြန်ဆင်ထားပင်မဲ့ အခုတော့ ဖြစ်လာတဲ့ကိစ္စတွေကြောင့် သူပြန်ဖို့ နောက်ဆုတ်ရပေးအုံးမည်။ သူကအကြောင်းမဟုတ်ပင်မဲ့ အမေတစ် သားတစ်ခုသာရှိတဲ့ မေမေက သူ့ကို မျှော်နေတာ့မည်။


 ပြီးရင်တော့ မေမေကို ဖုန်းဆက်အကြောင်းကြားရပေအုံးမည်။နောက်မင့်ဆို မေမေစိတ်ပူနေမှာ...သူ၈တန်းလောက်အထိ သူနဲ့မေမေက ရန်ကုန်မှာနေတာဖြစ်ပြီး ၉တန်းတက်မည့်နှစ်မှာ မေမေ့ဘက်က အဖေအမေတို့က မေမေကိုပြန်ခေါ်ကာ သူတို့ပိုင်တဲ့ ခြံတွေမြေတွေ အမွေပေးခဲ့တာကြောင့် သားအမိနှစ်ယောက်လုံးရှမ်းပြည်သို့ ပြောင်းကာ အခြေချပြီး သူလည်း ကျောင်းကို အာ့မှာပဲ ပြီးတဲ့အထိဆက်တက်ခဲ့သည်။


ကျောင်းပြီးတော့လည်း ခြံအလုပ်ကို ဦးဆောင်ပြီး သူလုပ်ခဲ့သည်။ အောင်လည်းအောင်မြင်ခဲ့သည်။ အခုဆို မြန်မာနိုင်ငံအတွင်းကိုသာမက နိုင်ငံခြားကိုပါ ပို့နိုင်နေပြီဖြစ်သည်။


 သူ ရန်ကုန်ကို လာတိုင်းလည်း မေမေက သူ့သူငယ်ချင်းနဲ့ ဝလုံးလေးကို တွေ့အောင်ရှာဖို့ သူကိုအမြဲမှာနေကြဖြစ်သည်။ သူလည်း ဝလုံးလေးတို့သားအမိကိုရှာသော်လည်း ဘာသတင်းမှ အစအနကို မကြားရ....သူကားမောင်းကာ စဥ်းစားနေရင်းသက်ပြင်းအရှည်ကြီးကို ချကာ...


"မင်းဘယ်ရောက်နေတာလည်း....ဝလုံးလေးရယ်...ကိုကို မင်းကိုသတိရနေတာ..."


သူနှုတ်မှ ဖွဖွလေးပြောကာ... ရန်ကုန်အထူးကုဆေးရုံကြီးအတွင်းသို့ ကားကို မောင်းဝင်လာခဲ့သည်။


------------------------------------^^^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒


သူကားပေါ်ကဆင်းပြီး ဆေးရုံ Reception ကောင်တာက ဆရာမလေးတစ်ယောက်ကို....


"ညီမလေး...ဒီဆေးရုံကို စောစောက ကားတိုက်မှုနဲ့ ရောက်လာတဲ့ လူနာနှစ်ယောက်ကို လာတွေ့တာပါ..''


ကောင်တာက ကောင်မလေးက သူ့အမေးကို ချက်ချင်းမဖြေပဲ သူ့ကိုကြောင်ကြည့်နေတာကြောင့်...


"ညီမလေး...အကိုမေးတာ...ကြားလား..."


သူပြောလိုက်မှ ထိုကောင်မလေးသတိဝင်လာသလိုဖြစ်ပြီး...


" ဟုတ်..ဟုတ်ကဲ့ရှင့်...ရှိပါတယ်...ဒီကနေသွားပြီး ညာဘက်တောင့်က တွေ့တဲ့ အခန်းပါ..."


"ကျေးဇူးနော်...."


သူထိုကောင်မလေးကို ကျေးဇူးစကားပြောပြီး ထွက်လာလိုက်သည်။ သူအခုလို အမြဲကြုံတွေနေကြဖြစ်သည်။ သူက ရှမ်းဆက်ဆိုတော့ အသားက ဖြူဖွေးနေက. ယောကျာ်းပီသချောမောသော မျက်နှာ ရှည်လျားသောအရပ်ကြောင့် မိန်းကလေးတော်တော်များများရဲ့ အာရုံစိုက်ချင်းကို ခံရပါသည်။


 သူသွားရင် ထိုကောင်မလေးပြောလိုက်သော အခန်းကိုတွေ့တော့ ဝင်သွားလိုက်ကာ...သူ့ကားမောင်းသမားက ထိုလူနာနှစ်ဦးနားတွေ ခေါင်းလေးငုံ့ကာရပ်နေရင်း သူ့ကိုတွေ့တော့...ဝမ်းသားသွားပုံမျက်နှာလေးနဲ့...


"အကိုစစ် ရောက်လာပြီးနော်...လာအကို..."


သူ့ကိုပြောလည်းပြော ထိုင်ခုံဆွဲပေးတော့ သူလက်ကာပြပြီး...


"နေ...နေ ရတယ်...ဆရာဝန်ဘာပြောလည်း...."


"ဟုတ်ကဲ့..အကို...ဦးလေးကြီးကတော့ ခြေထောက်ထိသွားတယ်...မစိုးရိမ်ရဘူးတဲ့...ဟိုကောင်မလေးကတော့ ခေါင်းနည်းနည်းထိတော့ နိုးလာမှ စောင့်ကြည့်ရမယ်တဲ့...."


သူထိုကောင်လေးအပြောကို ခေါင်းငြိမ်ပြလိုက်ပြီး...


"မင်းပြန်ချင်ပြန်လိုက်တော့....ငါသူတို့နိုးတဲ့အထိစောင့်နေလိုက်မယ်..."


"ရပါတယ်..အကိုစစ် ကျွန်တော်လည်းစောင့်ပေးပါ့မယ်....အခုလိုဖြစ်သွားတာ ကျွန်တော်တို့အပစ်ပါ..."


မျက်နှာငယ်လေးနဲ့ပြောနေတဲ့ သူ့အလုပ်သမားလေးကြောင့် သူ ပြုံးပြလိုက်ကာ...


"မင်းတို့ကို အပြစ်မတင်ပါဘူး...နောက်တစ်ခါတော့ပိုဂရုစိုက်ပြီးမောင်းပေါ့...အခုတော့ ဖြစ်ပြီးနေတာကို စိတ်အညစ်ခံပြီး ပြောမနေပါနဲ့တော့  ငါတို့ လူနာတွေကို ကျေနပ်တဲ့အထိတောင်းပန်ရမယ်..."


"ဟုတ်ကဲ့...ကိုစစ်...."


သူတို့ပြောနေစဥ် အသက်ခပ်ကြီးကြီး မိန်းမကြီးတစ်ဦး ၁၀နှစ်အရွယ်ကလေးတစ်ဦးကို လက်ဆွဲလာပြီး သူတို့အခန်းထဲကို စိုးရိမ်တကြီးဖြစ်နေသော မျက်နှာလေးနဲ့ ဝင်လာတော့ သူလည်း လူနာရဲ့ မိသားစုဆိုတာ ထင်လိုက်တာမို့...


"ဒီက... အဒေါ်က...Taxi ယာဥ်ဦးလေးရဲ့...မိသားစုလားဗျ..."


သူ့ကို ထိုအဒေါ်က ပြူးပြူးလေးကြည့်နေပြီး မျက်နှာမကောင်းစွာ..


" ဟုတ်ပါတယ်..ငါ့တူရယ်...သူကအဒေါ်ယောကျာ်းပါ..."


"ဟုတ်တယ်...ကျွန်တော်တို့က ကုန်တင်ကားပိုင်ရှင်ပါ...အခုလိုဖြစ်သွားတာကို ကျွန်တော်တို့ အနူးအညွှတ်တောင်းပန်ပါတယ်ဗျ...ကျွန်တော်လူတွေ ပေါ့ဆမိလို့ပါ...ဆေးဖိုးကုန်ကျစရိတ်အတွက်လည်းမပူပါနဲ့ဗျ...ကျွန်တော်အကုန်တာဝန်ယူမှာပါ..."


"ကျေးဇူးတင်ပါတယ်..ငါ့တူရယ်...အဒေါ်တို့ကလည်း တစ်နေ့လုပ်မှ တစ်နေ့စားရတော့ အခုဆေးဖိုးကိူ အဒေါ်ခေါင်းခဲနေရတာ..."


"မလိုပါဘူးဗျ....ကျွန်တော် တို့ကသာ တောင်းပန်ရမှာပါ....ပြီးတော့ ဆေးဖိုးအပြင် ကျွန်တော်တို့ ဦးလေးခြေထောက်ကောင်းတဲ့အထိ ထောက်ပံ့ပေးသွားမှာပါ..."


သူ့အပြောကြောင့် ထိုအဒေါ်က မျက်ရည်တွေကျလာကာ..


"ကျေးဇူးပါ...သားရယ်...ကျေးဇူးပါ..."


"ရပါတယ်ဗျ...ဒါနဲ့...ဟိုမိန်းကလေးကရော...အဒေါ်အသိပဲလား..."


ဟိုဘက်ကုတင်တွင် ခေါင်းမှာပတ်တီးအဖွေးသားလေးနဲ့ ဟိုဘက်ကို မျက်နှာလေးလှည့်ကာ သတိမေ့နေသော ဖြူဖြူသွယ်သွယ် မိန်းမငယ်လေးကို ကြည့်ပြီးမေးလိုက်တော့...ထိုအဒေါ်က ခေါင်းလေးခါပြကာ...


"မဟုတ်ပါဘူးကွယ်...အဒေါ်တို့မိသားစုမဟုတ်ဘူး...အာ့မိန်းကလေးက အဒေါ်ယောကျာ်းကားကို ငှားစီးလာတာဖြစ်မယ်..."


"အား....ကျွတ်...ကျွတ်..."


ထိုအချိန် taxi မောင်းတဲ့ ဦးလေးသတိရလာပြီး ထ ထိုင်လာတော့ အဒေါ်ကြီးနဲ့ သူတို့ အာ့ဒိဦးလေးအနားပြေးသွားကာ..


"ကိုထွန်းလှ...ရှင်သတိရလာပြီနော်...ကျုပ်ဝမ်းသာလိုက်တာတော်...ဒီမှာလေ...ရှင့်ကားနဲ့တိုက်မိတဲ့ ကားပိုင်ရှင်သူဌေးလေးတဲ့....ရှင်ဘာမှ မစိုးရိမ်နဲ့ တော့သိလား....ဒီသူဌေးလေးက အကုန်းရှင်းပြီးတဲ့အပြင် တော်ကောင်းတဲ့အထိ ဆေးဖိုးထောက်ပံ့မှာတဲ့..."


ထိုအဒေါ်က ပြာပြာသလဲရှင်းပြနေသလောက် ထိုဦးလေးမှာ မျက်နှာ မအိမသာဖြစ်နေကာ....


"ဟာ...မမျို့ရယ်..ငါစကားပြောပါရစေအုံးဟ....နင်ကြီးပဲပြောနေ... "


ထိုသို့ပြောလိုက်တော့ မမျို့က သူ့ကို မျက်စောင်းထိုးလိုက်ပြီး...


"ကျုပ်က...ရှင်ပူမှာဆိုးလို့ ပြောတာပါတော်...တော်အခု ဘယ်လိုနေသေးလည်း...."


"ငါကောင်းပါတယ်..."


 ဦးထွန်းထွန်းမိန်းမကိုပြောလိုက်ပြီး ကုတင်ဘေးတွေ ရပ်နေသော လူငယ်နှစ်ဦးကိုကြည့်လိုက်ပြီး...


"မောင်ရင်တို့က...တစ်ဖက်ကားက သူတွေလား..."


" ဟုတ်ပါတယ်ခင်ဗျာ....ကားမောင်းတာက ကျွန်တော်ပါ...ဒါကတော့ ကျွန်တော့် သူဌေးပါ...အခုဖြစ်တာကိုလည်း ကျွန်တော် သူဌေး သိသိချင်း လိုက်လာခဲ့တာပါ..."


အာကာရှင်းပြလိုက်တော့ ထိုဦးလေးခေါင်းငြိမ့်ပြပြီး...


'' သြော်...ငါ့တူရယ်...ဦးလေးက အကြောင်းမဟုတ်ပါဘူး..ဟိုတူမလေးကိုသာ ဂရုစိုက်ပေးပါ..."


ထိုဦးလေးက ကုတင်ပေါ်တွင်အခုထိ သတိမေ့နေသော မိန်းကလေးကို စိုးရိမ်ပူပန်မှုများနဲ့ပြောတော့...


"ဟုတ်ကဲ့ပါဗျ...သူရဲ့ မိသားစုရော....ဦးလေးသိလား..."


''ဦးလေး အာ့ဒါတော့မသိဘူးကွဲ့...အာ့တူမကြီးက မနက် ၄နာရီကျော်လောက်ကြီး တောင်ကြီးသွားဖို့ ကားဂိတ်ကို မောင်းခိုင်းတာကွဲ့...."


စစ်ခွန်းလည်း ထိုဦးလေးအပြောကြောင့် သူမရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ဖို့ အဆင်မပြေနိုင်တော့မှန်းသိလိုက်သည်။


"ဦးလေးဆေးရုံက ဆင်းလို့ရပြီးလာ...မောင်ရင်..."


'' ဆရာဝန်ကတော့ ရပြီလို့ ပြောပါတယ်...ဦးလေက သိပ်မထိခိုက်တော့ စိုးရိမ်စရာမရှိဘူးလို့ပြောပါတယ်..."


သူဖြေမလို့ရှိသေး သူဘေးက အာကာကဝင်ဖြေလိုက်သည်။


'' အာ့ဒါဆို ဦးလေး ပြန်ချင်တယ်ကွယ်..."


'' ဟုတ်ကဲ့...ကျွန်တော် အကုန်အဆင်ပြေအောင် လုပ်ပေးပါ့မယ်..."


အာကာက ပြောလည်းပြော ဆေးရုံဆင်းဖို့ အတွက် ဆရာဝန်ကိုပြောရန်ထွက်သွားတော့ သူနဲ့ ထိုဦလေးမိသားစုသာကျန်နေခဲ့သည်။


'' မောင်ရင်...ဒီတူမလေးကို ဂရုစိုက်ပြီး သူ့အိမ်ကို ပြန်ပို့ပေးပါကွယ်..."


''စိတ်ချပါ...ဦးလေး..သူနိုးလာတာနဲ့ ကျွန်တော်မေးပြီး ပို့ပေးလိုက်ပါ့မယ်..."


သူတို့စကားပြောနေရင်း အာ့ကာပြန်ဝင်လာပြီး...


''ဦလေး....ရပြီနော်...ကျွန်တော်လိုက်ပိုမ့ယ်..."


''အာကာ ငါ့ကားယူသွားပြီး ဒီဦးလေးတို့ကို...လိုက်ပို့လိုက်....ငါ ဒီမိန်းကလေးကို သတိရတဲ့အထိစောင့်နေလိုက်မယ်...မင်းဦးလေးတို့မိသာစု လိုအပ်တာတွေ အကုန်ဖြည့်ပေးလိုက်..."


"ဟုတ်ကဲ့...ကိုစစ်..."


''အာ့ဒါဆို ဦးလေးတို့သွားမယ်...မောင်ရင်..."


''ဟုတ်ကဲ့... ဦလေးဗျ..."


ထိုဦးလေးကို သူ့ဇနီးနဲ့ အာကာတွဲပြီး ထွက်သွားတာကို သူကြည့်နေလိုက်ပြီး ကုတင် လေးပေါ်တွင် ပတ်တီးအဖွေးသားလေးနဲ့ သတိမေ့နေသော သူမလေးကုတင်ရှိရာကို သွားပြီး သေချာရပ်ကြည့်လိုက်တော့ မျက်နှာက တစ်ဖက်စောင်းနေတာကြောင့် သူမမြင်ရသော်လည်း သူမလေး အသက်ငယ်ငယ်လေးရှိသေးမယ်မှန်း သူခန့်မှန်းမိကာ...သူမအကြောင်းတွေကို သူမလေးနိုးမှပဲ...သူမေးပြီးပြန်ပို့ပေးရမယ်... 


ကုတင်တစ်ဖက်ပေါ်ကို မျက်နှာလေးစောင်းနေသောကြောင့် သူလက်လှမ်းလိုက်ပြီး မျက်နှာလေးကို ဒီဘက်ကိုရောက်အောင် လှည့်ပေးလိုက်ချိန် ပေါ်လာသော ဖြူဖြူဖွေးဖွေးချစ်စရာမျက်နှာလေးကို မြင်လိုက်ချိန်...သူနှလုံးသားတွေ အခုန်မြန်လာာကာ...ပါးစပ်က လည်း...လေသံတိုးတိုးဖြင့်....


''ဝ...ဝလုံးလေး..."


--------------------------------------------^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒


"မေမေရေ...ဟို မိန်းမအကြောင်းကို သူဌေးဟိုက်ဘော့ တစ်ယောက်က စုံစမ်းနေတယ်တဲ့..."


မူယာခင် အပြင်ကပြန်လာကာ အမောတကြီး လာပြောတော့ ဒေါ်ငွေခင် စိတ်ဝင်စားသွား​​ပြီး ​စဥ်းစားသလိုလေးဖြစ်သွားကာ...


"သေချာလို့လားသမီး..."


"ဟုတ်ပါတယ်ဆိုမေမေကလည်..သမီးကို လမ်းထိပ်က မုန့်ဟင်းခါးရောင်းတဲ့ ဒေါ်ဝိုင်းပြောတာ..လာတာမှနော် ကားအကောင်းစားကြီးတွေနဲ့တဲ့ တစ်စီးတောင်မဟုတ်ဘူးနော်...လေးငါးစီးတောင်တဲ့...ကိုယ်ရန်တော်လိုလူတွေနဲ့တဲ့ အာ့ထဲက လူတစ်ယောက်ကတော့ ချပ်ချောချော ငယ်ငယ်တဲ့...ဟိုမိန်းမနေတဲ့ အိမ်ကို သူ့ကိုမေးလို့ ပြန်ဖြေလိုက်တာကို ပိုက်ဆံ သောင်းတန်တွေ အထပ်လိုက် ပေးသွားတာတဲ့....ဘယ်လောက်တောင်ချမ်းသာနေလည်းမသိဘူးနော်...သမီးက အာ့လိုလူနဲ့တွေ့ရမှာလေ.... ဘာလို့ အာ့ဒိဟာမကပဲ တွေ့နေရတာလည်း..."


မူယာခင်မနာလိုဝန်တိုမှုများနဲ့ပြောတော့...


"နေပါအုံး...ဟိုက အာ့ကောင်မကို ဘာကိစ္စနဲ့ လာမေးမှန်းတောင်မသိသေးဘူး...တော်ကြာ မဟုတ်တာတွေလုပ်ထားခဲ့လို့...ငါတို့ကရှင်းနေရအုံးမယ်...ဂြိုလ်ကောင်မ....ပြန်တွေ့မှ ဒင်း ကိုသေအောင်ပါးရိုက်ပစ်အုံးမယ်..."


ထိုအချိန်အိမ်ရှေ့ကို ကားတစ်စီးရပ်ပြီး ဟွန်းတီးသံကြားတာကြောင့် သူမနဲ့ မူယာခင်တစ်ယောက်ကို တစ်ယောက်ကြည့်မိသွားကာ...နှစ်ဦးလုံးရဲ့ အတွေးထဲမှာတော့...အတွေးကိုယ်စီဖြင့်....


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: