book

Index 3

အပိုင်း (3)♥♥♥♥

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

သူမ ငိုလို့ ပြီးတော့ အဝတ်အစားတွေထည့်ပြီး မေမေ့ပုံလေးကို ကြည့်ပြီး မျက်ရည်များစီး​လြာကာ...


"မေမေရယ်...ဘာကြောင့် ကမ္ဘာကို တစ်ယောက်ထည်း ထားခဲ့ရတာလည်း....ကမ္ဘာကို တစ်ခါထည်းခေါ်သွားပါလား မေမေရယ်...."


ကမ္ဘာငိုနေရင်း မေမေ ဓာတ်ပုံလေးကို ရင်ခွင်မှာ ပိုက်ထားပြီး...


"မေမေ ကမ္ဘာလေ...ငိုတာ ဒီနေ့နောက်ဆုံးပဲသိလား...ကမ္ဘာဘယ်တော့မှ မငိုတော့ဘူး....ကမ္ဘာ  မနက်ဖြန်ကစပြီး စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းတော့မယ်...ကမ္ဘာသူတို့နဲ့ဝေး ရာထွက်သွားတော့မယ်...မေမေကတော့ ကမ္ဘာကို ပစ်မထားဘူးမှတ်လား...."


အရူးမလေးတစ်ယောက်လို ငိုလည်းငိုပြောလည်းပြောနေသည်။ အသက်အရွယ်ရင့်ကျက်တဲ့သူတွေတောင် အခုလိုအဖြစ်အပျက်ကို တကယ်ရင်ဆိုင်ရရင်တောင် ခံနိုင်ရည်ရှိမှာမဟုတ် အခုတော့ အသက်၁၈နှစ် အရွယ်လေးကို ကူညီအားပေးမဲ့သူမရှိ လောကထဲ တစ်ယောက်ထဲ ရပ်တည်ရတော့မဲ့ အခြေအနေမှာ သူမလေးဘယ်လောက်တောင် ခံစားနေရမလည်....


ကမ္ဘာငိုနေတာ အချိန်အတော်ကြာနေပြီဖြစ်ကာ သူမထွက်သွားဖို့ အချိန် နီးနေပြီဖြစ်တာကြောင့် သူမမျက်ရည်တွေ သုတ်လိုက်ကာ နာရီကြည့်လိုက်တော့ မနက်၄နာရီထိုးနေတာကြောင့် သူမ မေမေ ဓာတ်ပုံလေးကို အိပ်ထဲ ထည့်လိုက်ပြီး မများလှသော အဝတ်အိတ်ကလေးကို ဆွဲကာ သူမနေခဲ့သော အခန်းလေးကို နောက်ဆုံးအနေနဲ့ တစ်ချက်ပြန်လှည့်ကြည့်ကာ စိတ်ကိုတင်းလိုက်​ပြီး အခန်းတံခါးကို အသာဖွင့်ကာ ဒေါ် ငွေခင် တို့နိုးမှာကြောင့် ခြေသံဖွဖွလေးနင်းကာ..ခြံအပြင်ဘက်ကို ထွက်လာခဲ့တော့သည်။


ခြံအပြင်ဘက်ရောက်တော့...မနက်၄နာရီကျော်ကျော်လေးရှိတာကြောင့် မှောင်နေကာ သူမကြောက်စီတ်လေးဖြစ်သွားပြီး ဟိုကြည့်ဒီကြည့် ကြည့်လိုက်တော့ ကားလမ်းမကြီးပေါ်တွင် ကားတစ်စီး စ နှစ်စီးစ သာ သွားနေကြသေးသည်။


သူမထွက်လာတာက ဆယ်တန်းတက်တောက သူမနဲ့ ခင်တဲ့ သူမသူငယ်ချင်း ထုံးဝေက တောင်ကြီးမှာနေတာဖြစ်ပြီး သူမကို သူ့စီကို အလည်လာဖို့ ပြောပြီး ဖုန်းနံပါတ်လေးရေးပေးထါးခဲ့သည်။ ကမ္ဘာသူ့စီ အရင်သွားရမည်..ပြီးမှ ကျန်တာတွေ ကမ္ဘာဆပ်လုပ်ရမည်...အခုလောလောဆယ်တော့ ကမ္ဘာသူတို့နဲ့ဝေး ရာကို ထွက်သွားရမည်...ကမ္ဘာတွေးကြီး ထုံးဝေရေးပေးထါးသော လိပ်စာနဲ့ ဖုန်းနံပါတ်စာရွက်လေးကို လက်ကလေးနဲ့ အသာစုတ်ကာ ကားဂိတ်ကိုသွားဖို့ ကားငှားရန် လမ်းမပေါ် အငှားကားများကို ကြည့်နေမိချိန် ကားတစ်စီး ကမ္ဘာအရှေ့ရောက်လာကာ...အသက်ကြီးကြီး ဦးလေးကြီးတစ်ယောက်က ကားအပြင်ဘက်သို့ခေါင်းထွက်လာကာ...


" တူမကြီး....ကားငှားနလို့လား...."


"ဟုတ်ကဲ့....ကမ္ဘာ ကားငှားမလို့ပါ...."


ထိုဦးလေးကြီးက သူမကိုကြည့်ပြီး...


"တူမကြီးက ဘယ်သွားမှားလဲကွယ်..."


"ကမ္ဘာကိုလေ တောင်ကြီးကို သွားမလို့ အဝေးပြေးကားဂိတ်ကို ပို့ပေးပါနော်..."


"ဟုတ်ပြီး..ဟုတ်ပြီ...တူမကြီးတက်..."


ကမ္ဘာချက်ချင်းကားပေါ်တက်မလို့ ပြင်ဆင်ပြီးမှ ကားခကို သတိရကာ...


" ဟို...ဦးလေ...ကားခကလောက်ပေးရမလည်းရှင့်...."


"ဟာ...ရတယ် တူမကြီး ဦလေးလည်း အခုစျေးဦးပေါက်ဆို တော့ ကြည့်ပေးရတယ်..."


ကမ္ဘာလည်း အာ့တော့မှ သက်ပြင်းချပြီး ကားပေါ်တက်လိုက်ူည်။ သူမ မှာ ပိုက်ဆံက များများစားစားမရှိတော့ပါ...တောင်ကြီးသွားဖို့ ကားခလည်းကုန်အုံးမှာဆိုတော့...သူမ မလောက်မှာတောင် စိတ်ပူနေမိသည်။ ဒါပင်မဲ့ ထုံးဝေစီရောက်ရင်တော့ သူမပြဿနာတွေ ပြေလည်သွားမှာပါ...သူမ သက်ပြင်းချကာ အပြင်ကို ကြည့်ပြီး လိုက်လာမိချိန် တစ်ဖက်က ကုန်တင်ကားက အရှိန်နဲ့ သူမတို့ကားရှိရာ ပြေးဝင်လာခဲ့ချိန်...သူမနဲ့ Taxiသမားဦးလေးကြီးလည်း အော်ဖို့ပင်မေ့ကာ ကြောင်ကြည့်နေမိချိန်...သူမတို့ကားလေးကို ထိုကုန်တင်ကားက တိုက်ချလိုက်တော့သည်။


ကျီ....ဒုန်း....


ကျယ်လောက်သော ကားတိုက်သံကြီး ဖြစ်ပေါ်လာပြီး ဘေးမှာဖြတ်သွားနေသော ကားများကလည်း ရပ်လိုက်ကြကာ ထိုကားအနားကို ဝိုင်းအုံလာကြကာ....


" ဟာ....သေပြီလားမသိဘူး...."


"အေးဟုတ်တယ်...taxi ဘက်က မသက်သာလှဘူး....ကြည်ကြအုံးဟ..."


"ဟ အရေးပေါ်ကားခေါ်လေ.."


"Taxiမှာ မောင်းတဲ့လူကိုကြည့်အုံး ...ဟာ အနောက်မှာလည်း မိန်းကလေးတစ်ယောက်ပါတယ်ဟ..."


ကားသမားတွေပြောလည်းပြော ကားထဲက မိန်းကလေးနဲ့ လူကြီးကိုကယ်ဖို့ လုပ်ကြသူနဲ့ အရေးပေါ်ကားခေါ်တဲ့သူနဲ့ အလုပ်ရုပ်နေကြသည်။


" ဟေ့ကောင်တွေ taxi ပေါ်က နှစ်ယောက်လုံး အသက်ရူသေးတယ်ဟ...အရေးပေါ်ကားမြန်မြန်ခေါ်ကြပါကွာ..."


Taxi မောင်းသမားလို့ထင်ရသော လူကြီးကပြောတော့ အကုန်လုံး အတိုက်ခံရသော ကားနား ကပ်လာကာ သူမတို့ကို ကားထဲက ကယ်ထုတ်ကြ ကာ မကြာခင် အရေးပေါ်ကားရောက်လာတော့ သူမနဲ့ taxiသမားဦးလေးကြီးကို အရေးပေါ်ကားပေါ်တင်ပေးလိုက်ကြ ကား  ....


"ဒီကုန်တင်ကားသမား...ဘယ်သူလည်း လူနာအနောက်က တစ်ယောက်လိုက်သွားဟေ့..."


တစ်ဖက်က ကုန်တင်ကားသမားနှစ်ယောက်မှာလည်း စိုးရိမ်နေသော မျက်နှာလေးတွေနဲ့ တစ်ယောက်က သူမတို့အနောက် လိုက်လာခဲ့သည်။


ကမ္ဘာ ကားတိုက်မိသည်ဆိုတာသိပါသည်။ ကမ္ဘာသေရတော့မှာလား..."ဟင့်အင်း...ကမ္ဘာမသေချင်သေးဘူး...ကမ္ဘာသူတို့ကို လက်တုပ်ပြန်ချင်သေးတယ်...ကမ္ဘာခံစားရသလို သူတို့ပြန်ခံစားရစေချင်သေးတယ်....မေမေ...ကမ္ဘာကိုကယ်ပါ..."


ကမ္ဘာစိတ်ထဲကနေသာပြောနိုင်ပြီး ခေါင်းမှ နီးရဲနေသော သွေးများက တစ်စက်စက်ကြနေကာ..သူမ ကမ္ဘာကြီးနဲ့ အဆက်သွယ်ပြတ်သွားပါတော့သည်။


----------------------------------------^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒


"ဘာ...သူမက ထွက်သွားတယ်ဟုတ်လား...."


မာန်..အလုပ်စားပွဲ ထိုင်ခုံပေါ်မှာထိုင်ပြီး တစ်ခုခုကို အလိုမကျသလို ချောမောနေသော မျက်နှာမှာ ဒေါသထွက်လို့ထင်သည် တင်မာနီရဲနေသည့်တိုင် ချောမောမှုတို့ကတော့ မပျောက်ပျက်သွားပါ.....


အပြစ်ရှိသလို ခေါင်းတွေကိုယ်စီငုတ်နေကြသော ကိုယ်ရန်တော်တွေနဲ့ သူအတွင်းရေးမှူး စစ်သွေး...


"ဟုတ်ပါတယ်....သခင်လေး...ကျွန်တော်တို့ သိသိချင်း အခုမနက်လိုက်သွားတော့...သူမက အခန်းထဲမှာ မရှိတော့ ဘူး အိမ်ကထွက်ပြေးသွားပြီလို့ သူ့မိထွေးလို့သိရတဲ့ အဒေါ်တစ်ယောက်ကပြောပါတယ်...."


"ဘာ....သူ့မိထွေးဟုတ်လား...."


မာန် အံ့သြသလိုလေးမေးလိုက်တော့....စစ်သွေးက ခေါင်းငြိမ့်ပြလိုက်ပြီး


"ဟုတ်ပါတယ်...သခင်လေး...သူမက သူ့အဖေ ဦးစိုင်ဝဏ္ဏာနဲ့ မိထွေး ဒေါ်ငွေခင် နဲ့ ဒေါ်ငွေခင်ဘက်ကပါတဲ့ သမီး မူယာခင်တို့နဲ့ အတူတူနေပါတယ်....မမလေးနာမည်ကတော့...မိုးစက်ကမ္ဘာလို့ ခေါ်ပါတယ်...ဒီနှစ်ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်ထားပြီး အသက်က ၁၈နှစ်ပဲရှိသေးတယ်လို့သိရပါတယ်...မမလေးအမေက မမလေး၅တန်းနှစ်မှာ နှလုံရောဂါနဲ့ ဆုံးသွားတယ်လို့သိရပါတယ်...ပြီးတော့ သူတို့မိသားစုက မမလေးကို အမျိုးမျိုးနှိပ်စက်နေတာလို့ပြောပါတယ်...ပြီးတော့..."


စစ်သွေးစကားရပ်သွားတာ​ကြောင့် မာန် မျက်မှောင်ကုတ်ပြီး အလိုမကျစွာကြည့်တော့....


"ဆက်ပြော..."

ထိုတော့မှ စစ်သွေး ဆက်ပြောလာကာ.....


"အာ့နေ့က မမလေး အာ့ဒိ ဟိုတယ် ကို လာတဲ့ အကြောင်းအရင်းကိုလည်း ကျွန်တော်သိရပါပြီ..."


"အင်းပြော.."


"မမလေး မိထွေး ဒေါ်ငွေခင်က လူတစ်ယောက်စီကို မမလေးကို ငွေနဲ့ တစ်ညတာရောင်းစားထားတာပါ..''


"ဘာ..."


မာန်မောကြောကြီးများထောင်တဲ့အထိ အန်ကိုကြိတ်လိုက်ကာ...သူကို ရပ်ကြည့်နေသောစစ်သွေးကို ဆက်ပြောဖို့ ခေါင်းငြိမ့်ပြလိုက်တော့....


"အာ့ဒါကို မမလေးကို သူ့အဖေအတွက် အကြွေးတွေပေးဖို့ ငွေးသွားယူပေးဖို့ လွှတ်လိုက်တယ်ဆိုပြီး ဟိုတယ်ကို ညာလွှတ်လိုက်တာပါ..."


" သူ့အဖေကရော...ဘာမှမပြောဘူးလား..."


"သူ့အဖေကလည်း မမလေးအပေါ် မကြင်နာဘူးလို့သိရပါတယ်...သူတို့အိမ်နီးချင်း တစ်ယောက်က အကြောင်းစုံသိပြီးပြောပြတာပါ...အခုမနက်ရောက်တော့ မမလေး အိမ်ကထွက်သွားတယ်လို့ သတင်းရပါတယ်...တောင်းပန်ပါတယ်...သခင်လေး...ကျွန်တော်တို့ ပေါ့လျော့မူကြောင့် မမလေးကို အခုထိ ရှာမတွေ့တာပါ.... သိတည်းက ကျွန်တော်တို့လူတွေ အာ့အိမ်အနားထားလိုက်ရင် အခုလိုဖြစ်မှာမဟုတ်ပါဘူး..."


သူ့ကို စစ်သွေး ခေါင်းငုံ့ကာ တောင်းပန်သလိုပြောတော့ သူလက်ကာပြလိုက်ကာ..


"ရတယ်...ဒီတစ်ကြိမ်တော့ထားလိုက်...သူမကို မတွေ့တွေ့အောင်ရှာ... ဘယ်လိုရှာရရှာရ ရအောင်ရှာရမယ်...."


"ဟုတ်ကဲ့...သခင်းလေး..."


စစ်သွေးတို့ သူ့ကို ခေါင်းငုံ့အရိုအသေပေးပြီး  ထွက်သွားကြတော့ သူနံဖူးပေါ်ဝဲနေသော ဆံပင်များကို လက်တစ်ဖက်နဲ့ ထိုးဖွလိုက်ကာ...ပါးစပ်မှလည်း လေမုတ်ထုပ်လိုက်မိသည်။


သူမလေး ဘယ်လောက်တောင် ခံစားနေရမလည်း....သူ့မလေးဘဝကို သူကလည်း မညာမတာ ဖျက်စီးပစ်လိုက်မိသည်။ ရှိနေတဲ့ ဖခင်ကလည်း မကြင်နာ မိထွေးကလေး သူမအပေါ်ယုတ်မာ...သူမလေးဘဝက အတော် သနားဖို့ကောင်းပါလား...."စိတ်ချပါကလေးရယ်...ကိုယ်မင်းကို ရှာတွေ့အောင်ရှာပြီး တဝန်ယူမှာပါ...မင်းကို စိတ်ချမ်းသာအောင် ကိုယ်ထားမှာပါ...မင်းဘဝလေးကို လှပတဲ့ ပန်းပွင့်လေးဖြစ်အောင် ကိုယ်ပျိုးထောင်ပေးမယ်...ပြီးတော့ မင်းဘဝကို ယုတ်မာခဲ့တဲ့ မင်းမိသားစုအတုကိူလည်း ကိုယ် မင်းအတွက် ဖြတ်စီးပစ်ပေးမယ်...."


သူပြောလည်းပြော မေးကြောကြီးများထောင်တဲ့အထိ လက်သီးကို ကြစ်ကြစ်ပါအောင်ဆုပ်ပြီး...ဒေါသကို ဖြေလျော့နေမိသည်။


"ကလေးရယ်...မင်းအခုဘယ်ကို ရောက်နေပြီလည်း..ကောင်းကောင်းမွန်မွန်ရောရှိနေရဲ့လား..."


သူပါးစပ်က ဖွဖွပြောလိုက်ပြီး ရင်ထဲက မွန်းကြပ်မှုတွေကို ဘေးက ဝိုင်နဲ့သာ ဖြေဖျောက်နေမိသည်။


သူမိန်းမတစ်ယောက်အတွက်နဲ့ အခုလိုမဖြစ်ဘူးပါ မာန်တံခွန်ရဲ့ ဘဝမှာ အခုလိုမိန်းမငယ်လေးတစ်ယောက်အတွက်နဲ့ ခံစားရမယ်လို့လည်း မထင်ခဲ့...အခုတော့ တစ်ညတာသာ ရင်နီးလိုက်သော မိန်းမငယ်လေးကို သူစွဲလမ်းမိနေတာလား...အာ့လို စွဲလမ်းမိတယ်ဆိုရင်တောင် သူမအပေါ် ဘာရက်မက်မှ မပါပါ.... မြင်မြင်ချင်းအချစ်ဆိုတာ သူအခုတော့ ကိုယ်တွေ့ကြုံနေရပါပြီ....သူဝိုင်ခွက်ကို လက်ချောင်းသွယ်များနဲ့ အသာလှုပ်လိုက်ပြီ...


"မင်း....ကိုယ့်စီက ဘယ်လောက်ဝေးအောင်ပြေးပြေး...ကိုယ်ရအောင်ရှာပြီး...ကလေးရဲ့ဘဝကို ကိုယ်အချစ်တွေနဲ့ အကောင်းဆုံးမွန်းမံပေးမယ်....အခုတော့ ကလေးပြေးထားအုံးပေါ့..."


----------------------------------------------------^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒


"တောက်... ဒီကောင်မလေး ဘယ်အချိန်ထွက်သွားလိုက်တာလည်း...တော်တော် ဂြိုလ်မွှေတဲ့ ဟာမ..."


"မေမေရယ်...သူအခုလို ထွက်သွားတာ မူယာတို့အတွက်မကောင်းဘူးလား...ဘာတွေမေမေစိုးရိမ်နေတာလည်း.."


ဒေါ်ငွေခင်ဒေါသထွက်စွာပြောနေတာကြောင့် မူယာခင် မဲ့မဲ့လေး ဝင်ပြောလိုက်တော့ ဒေါ်ငွေခင်မျက်နှာ မဲ့သထက်မဲ့သွားကာ..


"မေမေက အာ့ဒိဂြိုလ်မကို စိုးရိမ်နေတာမဟုတ်ဘူး... အခုလိုထွက်သွားတာ တာဝန်တောင်ပေါ့သွားသေးတယ်..အခုက ပိုက်ဆံမယူရသေးဘဲ...ထွက်သွားလို့ပြောတာ..."


"ခင်ကလဲကွာ...အခုသူထွက်သွားပြီပဲထားလိုက်တော့...ဒီအိမ်ကိုလည်း သူထားခဲ့တာပဲ သူပြန်မလာရဲပါဘူး...ဒီအိမ်ကို ကိုတို့ပိုင်နေပြီပဲ...ခင်လိုချင်တာ ဒါပဲမဟုတ်လား..."


ဦးဝဏ္ဏာဝင်ပြောတော့.....ဒေါ်ငွေခင်မျက်နှာ ပြုံးသွားကာ..ဦးဝဏ္ဏာစကားကို ထောက်ခံကြောင်း ခေါင်းငြိမ့်ပြလေသည်။


သူတို့မသိတာက မကြာခင်သူတို့စီရောက်ရှိလာမဲ့ ကံဆိုးခြင်းများစွာကို... သူတို့ ရင်ဆိုင်ရတော့မှာဆိုတာကိုပင်....။


ဆက်ရန်.....

စာရေးသူ - လွမ်းခြင်း


rate now: