မူယာခင် လက်ထဲကဓာတ်ပုံတွေ
ကို ကိုင်ကာ..သဘောကျကာပြုံးနေ
မိသည်။
"ဂျက်..ရှင့်အကြည့်တွေက အရမ်းကို
အသက်ဝင်တာပဲ...ကျွန်မကတော့
ရှင့်ရဲ့သရုပ်ဆောင်ပီပြင်မှုကို အရမ်း
အထင်ကြီးသွားပြီသိလား..အဟင်း..."
ဘေးမှာဆေးလိပ်ထိုင်သောက်နေသော
ဂျက်ကိုမူယာကြည့်ပြီးပြောလိုက်တော့
သူက သူမကိုကြည့်ပြီးပြုံးကာ...
"ကိုယ်..သရုပ်ဆောက်တာလို့
ဘာလို့ထင်တာလည်းမူယာ..."
"ဟင်.."
မူယာနားမလည်သလိုလေး
သူ့ကိုပြန်ကြည့်နေတော့ သူပြုံးပြီး
လက်ထဲကဆေးလိပ်ကို ခြေထောက်နဲ့
ဖိနင်းခြေလိုက်ကာ...မူယာကိုပြန်ကြည့်ပြီး..
မေးငေါ့ပြတော့...
"ရှင်..ကျွန်မအကူအညီတောင်းလို့
လုပ်ပေးတါလေ..."
"အဟင်း..အစကမှန်ပါတယ်..ဒါပင်မဲ့
အခုအာ့လိုမဟုတ်တော့ဘူး.."
မူယာမျက်နှာပျက်သွားပြီး...
"ဂျက်..ရှင်..ရှင်ဘာကိုဆိုလိုတာလည်း.."
ဂျက်မူယာကိုကြည့်ပြီး..မျက်နှာလွဲ
လိုက်ကာ...
"ကိုယ် သူ့ကို ရအောင်လိုက်မယ်..."
"ဟင်..ဂျက်..ရှင် ခဏလေးနဲ့
ထိသွားတာလား...''
မူယာမျက်ခုံးလေးပင့်ကာပြော
လိုက်တော့...သူရယ်လိုက်ပြီ....
"ကိုယ်သူ့ကို ခဏတာမဟုတ်ဘူး
ရင်ထဲတကယ့်ကိုညှိသွားတာ..."
မူယာဂျက်အပြောကြောင့် မျက်နှာ
ပျက်သွားပြီးနှုတ်ခမ်းလေးကို
ကိုက်ကာ...စိတ်ထဲကနေ..
"ဒီမိန်းမ ဘာကြောင့်
ယောကျာ်းတွေကို ချစ်လာအောင်
ဆွဲဆောငိနိုင်ရတာလည်း..."
သူမတွေးပြီးအဓိ ပ္ပါယ်ရှိစွာ
ပြုံးလိုက်ကာ...
"အဟင်း...ဂျက်..သူကပိုင်ရှင်မရှိသေး
ဘူး..ရှင်အမြန်လိုက်မှရမှာနော်...တော်
ကြာကျန်ရစ်ဖြစ်နေမယ်.."
သူမပြောလိုက်တော့လှုပ်လှုပ်ရှား
ရှားဖြစ်သွားကာ...
"အင်း..ကိုယ် သူမကို မရရတဲ့နည်းနဲ့ယူမှာ...
ကိုယ်ရင်ထဲရောက်ပြီဆို ဘယ်သူမှ ထွက်သွား
ခွင့်မရှိဘူး...သူမမှာပိုင်ရှင်ရှိနေတယ်ဆိုရင်တောင်မှပေါ့.".
မူယာပြုံးလိုက်ပြီး...
"ရှင်လက်နှေးရင်ကျန်နေခဲ့မှာပဲ.."
ဂျက်မျက်လုံးများမေးစင်းကာ
မူယာကိုကြည့်လိုက်ပြီး...
"အဟွန်း..ကိုယ်လက်မနှေးတက်ဘူး
ဆိုတာ..မင်းသိမှာပါ..."
မာယာပြုံးလိုက်ပြီး ဂျက်ရဲ့ပေါင်
ပေါ်ကို ထိုင်ပြီး..သူရဲ့ပါးကို သူမလက်
ကလေးနဲ့ ကိုင်လိုက်ကာ...
"အာ့အကြောင်းတွေနောက်မှ စဥ်းစား
အခုတော့ကျွန်မတို့နှစ်ယောက်အကြောင်း
ပဲပြောကြတာပေါ့..."
သူမပြောလိုက်တော့ ဂျက် အဓိပ္ပာယ် ပါပါပြုံး
ပြီး သူမခါးလေးကို ဖက်ကာ..မျက်နှာနှစ်ခု
အပ်ကျသွားပြီး ဂျက်သူမကိုယ်လေးကို အိပ်ယာ
ပေါ်ကို ပွေ့ယူသွားပြီးတဲ့နောက်.....
-------------------------------------------------------------^^^^^^🍒🍒🍒🍒🍒🍒🍒🍒
"မိန်းမ မင်းသမီးခြေလှမ်းတွေ
ဒီရက်ပိုင်းအရမ်းပျက်နေတယ်နော်..."
"အို....ရှင်ကလည်း...မိန်းကလေးပဲ
အပေါင်းအသင်းတော့ထားမှာပေါ့..."
ဦးဝဏ္ဏာ ပြောတော့ ဒေါ်ငွေခင် မျက်စောင်း
လေးထိုးပြီးပြောတော့...ဦးဝဏ္ဏာ ခေါင်းခါလိုက်ကာ...
"အပေါင်းအသင်းးများတာငါမပြောဘူး
အခုက အရမ်းကိုလွန်နေလို့ပြောတာ..."
"ရှင်ကလည်း..ဘာတွေလွန်နေလို့လည်း...ပြီးတော့
ကျွန်မသမီးက ကျွန်မတို့ကိုငွေရှာပေးနေတာပဲကို..."
"ဟာ..မင်းကငွေတစ်ခုပဲကြည့်တဲ့မိန်းမပဲ
အာ့ဒါကြောင့်လည်း ကမ္ဘာလေးတုန်းကလည်း
မင်း..ငွေမျက်နှာပဲကြည့်ခဲ့တာလေ..."
ဒေါ်ငွေခင် ခင်ပွန်းဖြစ်သူကို မျက်စောင်းထိုးပြီး...
"ဒီမှာရှင်ပြီးခဲ့တာတွေ ချီးခြောက်ရေမနူးနဲ့...
ကျွန်မက အခုဘာလုပ်နေလို့လည်း..."
"ဟ...မင်းသမီးကိုပြောလေ...
အချိန်တန် အိမ်ပြန်လာရမယ်
ပြန်လာတဲ့အချိန်ကိုလည်းကြည့်အုံး
မိန်းမကောင်းတွေအိမ်ပြန်လာတဲ့အချိန်
မဟုတ်ဘူး...မင်းသတိပေးထါး...ငါ
အရှေ့မှာမဟုတ်တာတွေမြင်လို့ကတော့
မင်းရော မင်းသမီးရောမလွယ်ဘူးမှတ်....
ပြီးတော့ကမ္ဘာလေးကို မင်းတို့သားအမိ
နှစ်ယောက် ဒက္ခပေးဖို့ကျန်နေတာ ရပ်တန်းက
ရပ်..ငါမသိဘူးမထင်နဲ့..."
ဦးဝဏ္ဏာ ပြောပြီးထွက်သွားတော့
ဒေါ်ငွေခင်မဲ့လိုက်ကာ....ကျွန်မလိုချင်တာ
မရမချင်း..မရပ်နိုင်တာစိတ်မကောင်းဘူး
ကိုဝဏ္ဏာ.....
-----------------------------------------------------^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒
ကမ္ဘာသားသားကို ကျောင်းကြိုပြီး
သူ့ဆီကို စစ်သွေးနဲ့ လိုက်လာခဲ့လိုက်သည်။
သူမတို့ Companyအောက်ကို ရောက်တော့
ကားပေါ်ကဆင်းကာ..ကမ္ဘာသားသားကို လက်ဆွဲပြီး
စစ်သွေးခေါ်ဆောင်ရာကို လိုက်လာခဲ့လိုက်သည်။
သူမ တို့company ထဲဝင်သွားတော့ Company က
ဝင်ထမ်းတွေအကုန်လုံးက သူမနဲ့ သားသားကို
အကုန်သိတော့ ခေါင်းညွှတ်အရိုအသေပေးကြတော့
သူမပြန်ပြုံးပြကာ...သူ့ရုံးခန်းရှိရာကို တက်လာလိုက်သည်။
"ဟဲ့..အာ့ဒါသူဌေးရဲ့..မိန်းမနဲ့သားမဟုတ်လား..."
"အေးလေ..ဟုတ်တယ်လေ.."
"အရမ်းချောပြီးလှလိုက်တာ..ကလေး
အမေလို့တောင်မထင်ရဘူးနော်..."
"အေးလေ..သူဌေးက သူ့မိန်းမဆို အရမ်း
ချစ်တာတဲ့ သူ့သားလေးကိုရောပဲ..."
"အာ့အမအရမ်းကံကောင်းလိုက်တာ
ငါတို့သူဌေးလို ငယ်ရွယ်ချောမောပြီး
အရမ်းတော်တဲ့ သူကိုရထားလို့..."
"နင်ကလည်း..ငါတို့သူဌေး လည်းကံကောင်း
တာပဲ အာ့အမလို ချောမောပြီး ချစ်စရာကောင်းတဲ့
မိန်းမအပြင် သူနဲ့ ချွတ်စွတ် သားလေးကို ရထား
တာလေ..."
"အေးနော်..ကလေးမွေးပေးတါတောင်
သူဌေးနဲ့ ရုပ်ချင်းခွဲမရဘူး..ဒါတောင်
ငယ်သေးလို့..."
"အေးနော်..ငါဆို သူဌေးမိန်းမနဲ့ ကလေးရှိတာ
မင်္ဂလာဆောင်မှသိရတာဟ..."
"နင်ကလည်း..ဇာတ်လမ်းအရှည်ကြီး
တွေရှိတယ်ဟ.."
"ဟေ့ကလေးမတွေ..ဘာရပ်လုပ်နေတာလည်း...
ဟိုမှာကိုစစ်သွေးကြီး ဆင်းလာမှ အဆူခံနေရအုံးမယ်
အလုပ်လုပ်ကြတော့.."
စကားရပ်ပြောနေကြသော ကောင်မလေး
နှစ်ယောက်ကို သူတို့နဲ့အတူတူရုံးဝန်
ထမ်းကောင်လေးက သတိပေးသလိုပြော
သွားမှ နှစ်ယောက်သား..အလုပ်အခန်းဆီကို
ခသုတ်သုတ်ထွက်လာလိုက်ကြသည်။
"မမလေး..ကျွန်တော်ကားထဲမှာ ဖိုင်ကျန်နေခဲ့လို့
ပြန်ပြီးဆင်းယူလိုက်အုံးမယ်...ဟိုမှာ အကိုလေး
ရုံးခန်းပါ...သားမာန်ကမ္ဘာလေးလည်းသိတယ်..."
"ဟုတ်တယ်မေမေ..သားသားသိတယ်..."
စစ်သွေးသူ့ရုံးခန်းကို လက်ညိုးလေး
ထိုးပြီးပြောတော့ သားသားကသူသိကြောင်း
ပါဝင်ပြောတော့ကမ္ဘာပြုံးမိသွားကာ..
"ရတယ်..ကိုစစ်သွေး..ကမ္ဘာသွား
လိုက်ပါ့မယ်.."
"ဟုတ်ကဲ့မမလေး..အာ့ဒါဆို
ကျွန်တော်သွားလိုက်ပါ့မယ်.."
စစ်သွေးပြန်ဆင်းသွားတော့ ကမ္ဘာ
သားသားလက်ကိုဆွဲကာ..သူ့ရုံး
ခန်းဆီကို လာလိုက်ပြီး..အခန်းတံခါး
ကိုခေါက်လိုက်သည်။
ဒေါက်..ဒေါက်..
မာန် အသိတစ်ယောက်နဲ့ဖုန်းပြောနေရင်း
အခန်းတံခါးကို လာခေါက်တာကြောင့်
လှည့်ကြည့်လိုက်ပြီး...
"ဦးမင်းခေါင်..ကျွန်တော်နောက်မှ အေးဆေး
ပြောကြရအောင်ဗျာ...ဧည်သည်လာလို့..."
ဟိုဘက်ကအပြောကြောင့်မာန်ပြုံးလိုက်ကာ...
"Ok ok bye...seeyouဗျာ..."
မာန်ဖုန်းကိုချလိုက်ပြီးတံခါးဆီကို
သွားကာဖွင့်လိုက်တော့ မြင်လိုက်ရတဲ့
မြင်ကွင်းကြောင့် သူမျက်ခုံးမြင့်တက်သွားပြီး
ပြုံးလိုက်ကာ...
"ဟာ..ကလေးနဲ့သားကလည်း
အခန်းထဲမဝင်ဘဲနဲ့ ဘာလိုရပ်နေတာလည်း...."
ကမ္ဘာမျက်စောင်းလေးထိုးလိုက်ပြီး...
"ဦးမာန်က ကြီးကျယ်မြင့်မြတ်တဲ့ သူဌေးလေ
ကမ္ဘာတို့သားအမိမပြောဘဲဝင်လာရင်
အော်ထုတ်ရင်ဘယ်လိုလုပ်မလည်း..."
မာန်သူမအပြောလေးကြောင့်
ပြုံးလိုက်ကာ...သားကိုကောက်
ချီလိုက်ပြီး...သူမနဖူးလေးကိုနမ်းပြီး
လက်ကလေးကို ကိုင်လိုက်ကာ...
"ကိုယ်ပိုင်တဲ့အရာမှန်သမျှက
ကလေးနဲ့ သားရဲ့ အပိုင်တွေဘဲ
ဒါကြောင့်ဘယ်နေရာပဲဖြစ်ဖြစ်
ကလေးနဲ့သား...ဝင်ထွက်ခွင့်ရှိတယ်..."
သူပြောပြီး သားကိုချီလိုက်ကာ
သူမလက်ကလေးကိုဆွဲပြီး
ရုံးခန်းထဲက ဆိုဖာပေါ်ကို ခေါ်
လာလိုက်သည်။
"သားသား..ဒီနေ့ကျောင်းတက်ရတာ
ပျော်ရဲ့လား...."
"ဟုတ်ကဲ့ပျော်တယ်ဖေဖေ..သား
သူငယ်ချင်းတွေကလည်းသားသား
ကို အရမ်းခင်ကြတယ်..."
"ဟုတ်လား...ဖေဖေသားက
အကုန်တော်ပြီးသားပဲကွ..."
သူပြောပြီး သားရဲ့ပါးလေး
ကိုနမ်းကာပြောပြီး သားသား
ကိုကလိထိုးလိုက်တော့သား
ကခန္ဒာကိုယ်လေးတွန့်လိန်ကာ
တစ်ခစ်ခစ်ရယ်နေတော့သည်။
ကမ္ဘာသူတို့သားအဖကိုကြည့်ပြီး
ပြုံးနေလိုက်သည်။
အခုလိုပဲကမ္ဘာတို့မိသားစုလေး
အမြဲတမ်းပျော်ရွှင်နေအောင်
ကမ္ဘာအကောင်းဆုံးကြိုးစား
ပြီး နေသွားမှာပါ။
ကမ္ဘာပြုံးကြည့်နတုံး သူက
ကမ္ဘာဘက်ကိုလှည့်လာပြီး...
"ကလေး..အပြန်ကြရင်..ကိုယ်တို့
တစ်နရာရာဝင်ပြီး မုန့်စားကြရအောင်.."
ကမ္ဘာသူ့ကိုပြုံးပြပြီး...
"ဟုတ်ဦးမာန်သဘောလေ.."
"ကလေးနဲ့ သားသားက
ဘာကြိုက်လည်း ဘာစား
ချင်လည်း..."
"သားသားက စတာ်ဘယ်ရီ ရေခဲမုန့်...
ပြီးရင်ပီဇာ..."
သားသားအသံလေးကြောင့်သူနဲ့
ကမ္ဘာပြုံးလိုက်ပြီး...
"အဟွန်း..သားသားက အာ့ဒါတွေ
ကြိုက်တလား...စိတ်ချဖေဖေဝယ်ကျွေးမယ်နော်..."
"ဟုတ်ကဲ့ဖေဖေ..."
"ကလေးကရော...."
ကမ္ဘာ့ကိုမေးလာတဲ့သူ့ကြောင့်
ကမ္ဘာခေါင်းငြိမ့်ပြပြီး...
"ကမ္ဘာက..အကုန်စားပါတယ်..."
သူဘာကိုသဘောကျသွားလည်း
မသိပြုံးသွားတာကြောင့် ကမ္ဘာမျက်ခုံလေး
ပင့်တက်ပြီး...မေးမလို့ပြင်တုန်း...
ဒေါက်...ဒေါက်..ဒေါက်...
"အကိုလေး...ကျွန်တော်ဝင်ခဲ့မယ်နော်..."
"ဝင်ခဲ့လေ..."
မာန်သားကိုပေါင်ပေါ်ပွေတင်ထားပြီး
သူမလေးလက်ကို ကိုင်ထားကာ
ဖြေလိုက်တော့..စစ်သွေးဝင်လာပြီး
လက်ထဲက ကိုင်ထားတဲ့ စာအိတ်လေး
ကို သူ့ဆီကိုကမ်းပေးကါ...
"အကိုလေး..ဒါ..အကိုလေးအတွကိ
ဆိုပြီး...လူတစ်ယောက်လာပေးသွားတာပါ..."
မာန်မျက်ခုံးတွေပင့်တက်သွားပြီး
ယူလိုက်ကာ..
"ငါ့အတွက်ဟုတ်လား..."
"ဟုတ်ကဲ့အကိုလေး..."
စစ်သွေးခေါင်းငြိမ့်ပြတော့ သူ
သေချာပိတ်ထားသောစာအိတ်ကို
ယူပြီး ကြည့်ကာ..ဖွင့်လိုက်တော့
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်...
လက်သီးကိုဆုပ်လိုက်ကာ...
ကမ္ဘာဘက်ကိုကြည့်လိုက်ကာ...
သူမလေးကလည်းသူ့ကို
မျက်လုံးလေးဝိုင်းကာ
တအံ့တသြကြည့်နေပြီး
သူ့လက်ထဲကအရာကို
လက်ညိုးလေးထိုးပြီး...
"ဒါ...ဒါက.."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း