book

Index 27

အပိုင်း (27)♥♥♥♥

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

"သားသားရေ...ဘယ်မှာလည်း

ကျောင်းသွားရမယ်လေ..လျှောက်

ပုန်းမနေနဲ့..ထွက်ခဲ့နော်..."


ကမ္ဘာသားသားပုန်း​နေတာကြောင့်

လျှောက်ရှာရင်း အသံပေးသော်လည်း

သားသားကထွက်မလာတော့ ကမ္ဘာ

ပြုံးလိုက်ကာ...


"သားသားရေ....မေမေ ဖေဖေCompany

ကို ဒီနေ့သွားမှာနော်..သားသားမလိုက်ချင်

လည်းနေခဲ့တော့...သာားသားကျောင်းလွတ်တာ

နဲ့မေမေကသွားမလို့..သားသားကမသွားချင်ဘူး

ဆိုတော့လည်း..."


"မေမေ..သားသားဒီမှာ..ဟီး..."


အနီရောင်တီရှပ်လေးနဲ့..ဘောင်ဘီအနီလေး

ဝတ်ထားသောသားသားကအရမ်းကိုချစ်

စရာကောင်းနေသည်။


"သြော်..သားသားကဒီမှာကို...

မေမေက သားသားကို ဖေဖေဆီ

လိုက်မပို့တော့ဘူးနေတာ..."


"သားသားကို..လိုက်ပို့နော်မေမေ...သားသား

သွားမှာ..."


ကမ္ဘာညစ်ကျယ်ကျယ်ပြုံးလိုက်ကာ..


"အဟင်း...သားသားမေမေကို ကတိ

တစ်ခုတော့ပေးရမယ်.."


"ဘာလည်းမေမေ.."


မျက်လုံးလေးဝိုင်းကာပြန်မေး

လာတော့..ကမ္ဘာပြုံးလိုက်ကာ...


"အဟင်း...သားသားနောက်တစ်ခါ

အခုလို မမတွေ့အောင်မပုန်းတော့ပါ

ဘူးလို့..."


သားသားကစဥ်းစားသလိုလေး

ခဏနေပြီးမှ....


"ဟုတ်မေမေ..သားသားကတိပေးပါတယ်

နောက်မပုန်းတော့ပါဘူး..."


ကမ္ဘာပြုံးပြီး ရယ်လိုက်ကာ..သား

ပါးလေးကိုနမ်းလိုက်ပြီး...


"မေမေသားကအရမ်းလိမ်မာတာပဲ..

လာမေမေသားသားကို အင်္ကျီလဲပေး

မယ်...ပြီးရင်ကျောင်းသွားမယ်..ညနေမေမေ

လာကြိုရင် ဖေဖေဆီကိုသွားမယ်နော်.."


"ဟုတ်မေမေ..."


ကမ္ဘာသားကို အင်္ကျီလဲပေးပြီး

ကျောင်းကိုပို့ရန်ပြင်ဆင်ပေးပြီး

ကားဆီကိုခေါ်လာခဲ့သည်။


ဟိုရောက်တော့..စစ်သွေးက 

ကားတံခါးဖွင့်ပေးထါးသော

ကားပေါ်ကို သားသားကိုတင်ပေးပြီး..

ကမ္ဘာစစ်သွေးကိုကြည့်လိုက်ကာ..


"ကိုစစ်သွေး...သားသားကို ဂရုစိုက်ပြီး

ပို့ပေးအုံးနော်..."


"ဟုတ်ကဲ့မမလေး.."


စစ်သွေးပြောပြီးမမလေးကို

ဦးညွှတ်ကာ...ကားပေါ်တက်လာ

ပြီး မောင်းထွက်လာခဲ့သည်။


ကမ္ဘာထွက်သွားသောကားပေါ်က

သားလေးကို လက်ပြနှုတ်ဆက်ပြီး

ပြုံးနေမိသည်။


သားသားကို စစ်သွေးကမနက်ပိုင်း

အမြဲ ကျောင်းကို ပို့ပေးနေတော့

ကမ္ဘာလိုက်မပို့ရတော့ပါ။


သားသားကိုကျောင်းပို့ပြီးတာနဲ့စစ်သွေး

ကအိမ်ကိုပြန်လာပြီး သူ့အတွက်ထမင်း

ချိုင့်ကိုဝင်ယူနေကြဖြစ်သည်။


ညနေကြရင်တော့သားသားကိုသွားကြို

ရင်ကမ္ဘာပါလိုက်သွားပြီး..သူ့ဆီကို

လာဖို့ သူပြောထားတာကြောင့် ကမ္ဘာတို့

သားအမိသူ့ဆီကို သွားရအုံးမှာဖြစ်သည်။


ကမ္ဘာသူ့ စစ်သွေးပြန်မလာခင်သူ့အတွက်

ထမင်းချိုင့်ပြင်ပေးရန်..မီးဖိုဆောင်ဘက်

ကို ထွက်လာခဲ့လိုက်သည်။


စစ်သွေး မာန်ကမ္ဘာလေးကို

ကျောင်းကိုသေချာပို့ပေးပြီး

သူကအကိုလေးအတွက်မမလေး

ကမ္ဘာဆီမှာ ထမင်းချိုင့်သွားယူရအုံးမှာကြောင့်

သူ စံအိမ်ဘက်ကိုပြန်မောင်းဝင်လာခဲ့လိုက်သည်။


သူကားမောင်းလာတုံး...အမှတ်မထင်..သူလူ

တစ်ယောက်ကိုတွေ့လိုက်တာကြောင့် သေ

ချာကြည့်လိုက်တော့သူမှတ်မိသွားကာ....


"ဟင်...ဒါ..မမလေးကမ္ဘာအယောင်ဆောင်

တဲ့တစ်ယောက်ဘဲ...ဒီလမ်းထဲဘာလာ

လုပ်တာပါလိမ့်..."


ဟိုကြည့်ဒီကြည့်ဖြစ်လမ်းလျှောက်နေတာကို

သူ အနောက်ကနေအသာလေး ကားကို

ဘီးလှိမ်းပြီး..မောင်းပြီးကြည့်နေလိုက်ရာ

မျက်နှာချင်းဆိုင်ကနေ ကားအဖြူရောင်

တစ်စီးရောက်လာတော့ သူမက ပြုံးရွှင်

ကာတက်သွားတာကို စစ်သွေးကြည့်ပြီး

ကားမောင်းကာထွက်လာလိုက်သည်။

ဒီကိစ္စကို မမလေးကိုတော့ ပြောပြဖို့

စိတ်ကူးမရှိတော့ပါ။


သူမလည်းဒီအနီးပတ်ဝန်းကျင်ကို

လာစရာရှိလို့နေမှာပေါ့။စစ်သွေး

ကားကိုအရှိန်တင်လိုက်ပြီး...မမလေး

ကမ္ဘာဆီကို ထမင်းချိုင့်ယူရန်မောင်း

လာခဲ့လိုက်သည်။


-------------------------------------------------------^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒


"ဦးလေး...လွန်းဒါကြီး မချက်တက်ဘူး..."


"ဟာ...သလွန်းအနောက်ဆုတ်အပူ

လောင်မယ်လေ.."


ဒီနေ့ စစ်ခွန်းခေါင်းမီးတောက်နေရသည်။

မေမေက သူ့အမျိုးအိမ်မှာအလှူရှိတာကြောင့်

သူနဲ့သူမနှစိယောက်ထည်းသာကျန်နေခဲ့ပြီး

မီးဖိုဆောင်ထဲမှာ ဆူညံပွလောရိုက်နေတော့သည်။


သူကလည်းဟင်းမချက်တက်..သလွန်းကလည်း

မချက်တက်နဲ့ နှစ်ယောက်သားအခက်တွေ့နေရ

သည်။


"ဦးလေး...လုပ်ပါအုံး..လွန်းကို

ဆီတွေစင်ကုန်ပြီ..."


"ဟာ...သလွန်းမင်းအမြန်ဖယ်..."


ဆီဆူနေတဲ့ အိုးကို ရေစိုနေတဲ့ဇွန်းနဲ့

သွားမွေလိုက်တော့ဆီတွေက အကုန်

ထပေါက်ကုန်တော့ စစ်ခွန်းလန့်သွားကာ

သူမလေးကို အမြန်ခါးလေးကနေပွေ့ပြီး

ဒီဘက်ကို ချလိုက်ကာ..သူမီးခလုတ်အမြန်

ပိတ်ပြီး....သူမလေးဘက်ကိုလှည့်ကာ..

သူမရဲ့ ခန္ဓာကိုယ် လေးကိုသူစိုးရိန်တကြီး

ကြည့်ပြီး...


"လွန်း..မင်း..မင်း..ဘာဖြစ်သွား

သေးလည်း...ဘယ်နေရာပူသွား

လည်းဟင်..."


သလွန်ကြောင်နေရာမှ သူ့ရဲ့စိုးရိမ်တကြီး

မေးတာကြောင့် လွန်းပြုံးလိုက်ကာ...


"ဟို..ဟို..လွန်ဘာမှမဖြစ်ပါဘူး..

ဦးလေ...ဟင်..."


လွန်သူ့ရဲ့ လက်ဖြူဖြူပေါ်က 

ရဲလာတာကြောင့် စိုးရိမ်သွားပြီး...


"ဦးလေး..လက်က...နီလာပြီး...."


စစ်ခွန်းသူမပြောမှ လက်မှာပူသွားတဲ့

အနာကို တွေ့ကာ..


"ကိုယ်..ဘာမှမဖြစ်ဘူး..မင်းဘာမှ

မဖြစ်တာတော်သေးတာပေါ့..."


လွန်းမျက်ရည်လေးတွေဝဲလာပြီး...


"ဟင့်အင်း..ဟင့်အင်း..လွန်းကြောင့်

ဦးလေးဆီပူမိတာ..လွန်းကြောင့်ပါ...

အဟင့်..."


မျက်ရညိတွေကျလာကာပြော

သောလွန်းကြောင့်စစ်ခွန်းမျက်ခုံး

မဲကြီးတွေ ပင့်တက်သွားပြီးပြုံးလိုက်ကာ...


"ဟာကွာ...ဒါငိုစရာလားလို့...ကိုယ်က

မင်းထိမှာပဲစိုးရိန်နေတာကွ..တိတ်တော့

မငိုနဲ့ကိုယ်ဘာမှမဖြစ်ဘူး...သနပ်ခါးတွေ

ပျက်ကုန်အုံးမယ်..."


ဆံပင်လေးကိုနှစ်ဖက်ခွဲစီးထားကာ

သနပ်ခါးလေးလိမ်းပြီး ထမိန်လေးကို

မဝတ်တက်ဝတ်တက်နဲ့လိမ်းထားသော

သူမပုံလေးက အရမ်းကို ချစ်စရာကောင်း

နေပါသည်။


သူကျလာသော သူမပါးပေါ်က

မျက်ရည်လေးတွေကို သုတ်ပေး

ပြီး ပြုံးလိုက်ကာ...


"မငိုနဲ့တိတ်..ကိုယ်ဒီလောက်လေး

နဲ့ဘာမှမဖြစ်ဘူးသိလား.."


သူပြောတော့သူမလေးက

မျင်ရည်တွေဆက်ကြလာကာ

သူ့ရဲ့လက်ကို ဆွဲယူပြီး....


"ဦးလေး...အရမ်းနာနေလားဟင်...

လွန်းကြောင့်ပါအဟင့်...."


ပြောလည်းပြောသူမရဲ့ 

ကကြီးပုံနှုတ်ခမ်းလေးနဲ့

မှုတ်ပေးတော့ စစ်ခွန်း ထိုနှုတိ

ခမ်းလေးကိုငေးကြည့်ကာ

ရင်ဘတ်ထဲတွင် ခုန်လာသော

နှလုံးသားလေးကိုလက်နဲ့အသာ

ဖိပြီး သူလေးပူတွေမှုတထုတ်နေလိုက်သည်။


သူမလေးက သူ့ကို ချစ်စဖွယ်မော့ကြည့်

လာပြီး...အလိုက်ကန်းဆိုးမသိစွာ...


"ဦးလေး..ရင်ဘတ်ပါအောင့်တာလားတဲ့..."


ဖြစ်တာသူ အခုတော့သူ သူမလေးကို

တစ်မနက်လုံးချော့လိုက်ကတာအာ

ပေါက်မတက်...မိန်းကလေးတွေနဲ့

အရောတဝင်မနေတက်တဲ့သူ..အခုတော့

ကလေးစိတ်မကုန်သေးသောသူမလေး

ကို အငို တိတ်အောင် နည်းအမျိုးစုံဖြင့်

သူ့မှာဗျာများခဲ့ရတာ..အခုတော့ သူ့ပေါင်

ပေါ်ကို ခေါင်းတင်ပြီး အိပ်တာ အပူအပင်ကို

ကင်းလို့ပင်။


စစ်ခွန်းသူမမျက်နှာလေးကို 

အချစ်မျက်ဝန်းတွေနဲ့

ငုံ့ကြည့်ပြီး...ပါးလေးကို

အသာ ကိုင်လိုက်ကာ...


"မင်းအရမ်းချစ်ဖို့ကောင်းတယ်လွန်း..."


သူပြောပြီး...သူမပါးလေးနားကို

တဖြည်းဖြည်းငုံ့ကြလာကာသူမပါးလေး

နားအရောက် စစ်ခွန်းသတိဝင်သွားကာ

ခေါင်းကိုအမြန်ပြန်မတ်လိုက်ပြီး..သက်ပြင်း

ချလိုက်မိသည်။


"ကြာရင်..မင်းကြောင့် မလွယ်တော့ဘူး

သလွန်း...."


------------------------------------------------^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒


"အာ့..."


ကမ္ဘာ...သားသားကို ကြိုဖို့ သူရကား

ပေါ်က ဆင်းပြီး ကျောင်းထဲကို ဝင်မလို့

လုပ်တော့...သူမကို ဝင်တိုက်လိုက်တဲ့လူ

ကြောင့် လူက ယိုင်မလိုဖြစ်သွားကာ..ထို

လူက သူမကို ဖမ်းထိန်းလိုက်တော့..ကမ္ဘာ

ခါးလေးကို ဖက်လျှက်လေးဖြစ်သွားတာ

ကြောင့် ကမ္ဘာအမြန်ထိုလူရင်ခွင်ထဲက 

ထွက်လိုက်ပြီး ခပ်ဆူးဆူးကြည့်လိုက်ကာ...


"ဒီမှာ..ရှင်လူတစ်ယောက်လုံးလာတာ

မမြင်ဘူးလား..."


ကမ္ဘာမေးသော်လည်း ထိုလူက 

ပြန်မဖြေပဲ ကမ္ဘာကို ပြုံးပြီးစိုက်

ကြည့်ကာနေတော့ ကမ္ဘာမျက်စောင်း

ထိုးပြီး..ဘာမှမပြောချင်တော့တာကြောင့်

သားသားရှိရာဆီကို ဝင်လာခဲ့လိုက်သည်။


ဂျက်..အရမ်းလှသော သူမအလှကြောင့်

ဘာမှပြန်မပြောနိုင်လောက်အောင်သူမ

မျက်နှာလေးကိုသာစိုက်ကြည့်နေလိုက်သည်။


သူမက မူယာနဲ့ဆင်တူသလိုဖြစ်သော်လည်း

သူမက မူယာထက်အများကြီးပိုလှပြီး ပိုကျက်

သရေရှိကာ..မူယာနဲ့ မျက်နှာလေးသာခပ်ဆင်

ဆင်ဖြစ်ပြီး...အမူအကျင့်တွေကတော့ မူယာ

နဲ့ဘာမှမဆိုင်..မူယာလို့ ခပ်ဟော့ဟော့တွေမဝတ်ဘဲ

ရိုးရိုးလေးသာဝတ်ပြီး...အပြောအဆိုပုံကအစ

သူမက သိမ့်မွေ့ကာ..အသံလေးကအစ နား

ထောင်လို့ အရမ်းကောင်းနေခဲ့သည်။


သူမ သူ့ကိုမျက်စောင်းထိုးပြီး 

ကျောင်းထဲဝင်သွားတော့

သူ သူမရဲ့ ကျောပြင်လှလှလေးကို

ကြည့်ကာ မင်သတ်ပြီး ကျန်နေခဲ့တော့သည်။


သူ သူမလေးရဲ့ မျက်နှာကို ကြည့်လို့မဝ

သူရင်တွေခုန်လာကာ..ရင်ဘက်ကိုစမ်း

လိုက်ပြီး သူမဝင်သွားသော ကျောင်းဘက်ကို

ကြည့်ကာ..


"မင်းက ငါ့ရဲ့ရင်ခုန်သံလေးလား..ကောင်

မလေး..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: