"ဖေဖေ....သားသားကို ကျောင်း
မှာ သားသားသူငယ်ချင်းတွေက
ပြောတယ်သိလား.."
မျက်လုံးလေးဒေါင့်ကပ်ကာပြော
နေသောသားကို မာန် အလုပ်လုပ်နေ
ရင်း ပေါင်ပေါ်ဆွဲတင်ပြီး...
"ဟုတ်လား...သားရဲ...
ဘာတွေပြောတာတုန်း..ဖေဖေကို
ပြောပါအုံး.."
"သားသားရဲ့ ဖေဖေက အရမ်းတော်တာတဲ့
ပြီးတော့သားသားက ဖေဖေနဲ့လည်းတူ
တယ်..ချောလည်းချောတယ်တဲ့... ပြီးတော့
သားကိုကြီးလာရင် ဖေဖေလို စီးပွားရေး
လုပ်ငန်းရှင်ကြီးလုပ်မှာလားလို့လည်း
မေးတယ်..."
မာန်ပြုံးလိုက်ပြီး သားရဲ့ ပါးဖောင်း
ဖောင်းလေးကိုနမ်းလိုက်ကာ..
"ဟုတ်လာ...ပြောပါအုံး..သား
သားက ဘာဖြေလိုက်လည်းဆိုတာ..."
သားလေးက သူ့ပေါင်ပေါ်ကနေ
ခေါင်းလေးမော့ပြီး ချစ်စဖွယ်ရယ်ပြကာ...
"သားသားက ပြောလိုက်တယ်
သားကြီးလာရင် ဖေဖေလို့ စီးပွားရေး
ရှင်ကြီးလုပ်မှာတော့မှန်တယ်..ပြီးတော့
ဖေဖေထက်အများကြီး ပိုတော်အောင်
လည်းလုပ်မှာလို့ပြောလိုက်တယ်.."
"အဟွန်း..."
မာန်သားအပြောကို သဘောကျစွာ
ပြုံးလိုက်ပြီး...
"ဖေဖေသားက ဖေဖေထက်ပိုတော်
နေရမှာပေါ့ကွ..ဒါမှ ဖေဖေသားပိသမှာ..."
"ကဲသားအဖတွေ စကားလည်းပြော
ဒါလေးလည်းစားလိုက်ကြအုံး.."
ကမ္ဘာအသီးလေးတွေစိတ်ကာ
ဗန်းလေးထဲထည့်ပြီး..သူ့အလုပ်
အခန်းထဲကိုယူလာပြီး...ကျွေးတော့
သားအဖနှစ်ယောက်လုံးသူမကို
ရယ်ပြကာ...
"မေမေ...သနပ်ခါးလိမ်းထားတာ
လား.....ပါးတစ်ဖက်က နည်းနည်း
မရှိဘူးမေမေ.."
ကမ္ဘာသားအမေးကြောင့် ပါးလေး
ကိုအုပ်ကိုင်ကာ.သားကို ပေါင်ပေါ်
တင်ထားပြီး မချိုမချဥ်ပြုံး
သူမကို စူးစိုက်ကြည့် နေသော
သူ့ကို မျက်စောင်းထိုးလိုက်ကာ...
"ဟို..အာ့ဒါ..မေမေရေစင်သွားလို့
သားရဲ့..."
သားလေးက သူမပြောတာယုံ
သွားလားမသိခေါင်းလေးငြိမ့်ပြ
တော့သူမအသီးပန်ကန်ကိုအမြန်
ချပေးခဲ့ပြီး..သူ့ရဲ့ အကြည့်စူးစူးတွေ
အောက်က အမြန်ရှောင်ပြီး အခန်းပြင်
အမြန်ထွက်ခဲ့လိုက်သည်။
အခန်းပြင်ရောက်မှ ကမ္ဘာသက်ပြင်းလေး
ချပြီး...နှုတ်ခမ်းလေးကို ဖိကိုက်ထားကာ
"တော်တော်နှာဘူးကျတဲ့လူကြီး..."
မနက်က သူမဘုရားရှစ်ခိုးပြီး
ဘုရားခန်းက ထွက်လာတော့
သူနဲ့ ဆုံတော့ သူမကိုမှုန်ကုတ်
ကုတ်ကြည့်ပြီး...
"ကလေး...ဘယ်ကို သွားနေတာ
လည်းကွာ..ကိုအိပ်ယာထတော့
မတွေ့တော့ လန့်သွားတာပဲ...."
သူမခါးလေးကိုဖတ်ပြီးပြောတော့
သူမ သူ့ရင်ဘက်ကိုလက်ကလေးနဲ့
အသာတွန်းပြီး...
"ဦးမာန်...ဒါဘုရားခန်းနော်...ဖယ်
ကမ္ဘာအောက်ထပ်မှာ ဦးမာန်တို့
အတွက်မနက်စာ သွားလုပ်မလို့..."
"ဟာကွာ..မလုပ်နဲ့ကလေးရာ
အာ့ဒါတွေလုပ်ဖို့ အလုပ်သမား
တွေရှိတယ်...."
ပြောလည်းပြောသူမကိုယ်လေးကို
ပွေ့ချီလိုက်တော့...သူမလန့်သွားကာ
"အို..ဦးမာန်ဘာလုပ်တာလည်း
ကမ္ဘာကို ချပေး..."
သူမပြောလိုက်တော့သူ
ရယ်လိုက်ကာ.....
"မင်းပဲ..ဘုရားခန်းရှေ့မှာဟုတ်လို့ဆို
အာ့ဒါကြောင့် အခန်းထဲသွားမလို့..
အာ့ရောက်မှချပေးမယ်..."
"အိုဦးမာန်..ကမ္ဘာအာ့သဘောနဲ့ပြော
တာမဟုတ်ဘူး..ပြီးတော့ဦးမာန်ဘာစ
ကားတွေပြောနေတာလည်း..."
ရှက်မျက်နှာရဲလေးနဲ့ပြေနေသော
သူမလေးကို သူ့ငုံ့ကြည့်ပြီး....
"လင်မယားစကားတွေပြောနေတာလေ..."
"အို...ဦးမာန်.."
ကမ္ဘာမနက်က သူဆိုးတဲ့အကြောင်း
ကိုတွေးရင်း ရှက်သွားကာ..
"ဦးမာန်လူဆိုးပဲ.."
မာန်ရှက်ကာပြေးထွက်သွား
သောချစ်ဇနီးလေးကြောင့်
ပြုံးလိုက်မိသည်။
သူ့မိန်းမလေးက တော်တော်
အရှက်အကြောက်ကြီးတဲ့
မိန်းကလေးပါပဲ....
------------------------------------------------------^^^^^^🍒🍒🍒🍒🍒🍒🍒🍒
"သမီးမူယာ..ညည်းညက
ဒီပိုက်ဆံတွေအများကြီးကို
ဘယ်ကရတာလည်း..."
ဒေါ်ငွေခင် ပိုက်ဆံတွေကို
ရေတွက်ပြီး အိပ်ယာပေါ်မှာ
ထိုင်ပြီး ခြေသည်းနီဆိုးနေသော
သမီးဖြစ်သူကိုမေးလိုက်တော့
မူယာခြေသည်းနီဆိုးနေရာမှ
လှပစွာပြုံးပြီး...
"မေမေသမီးရဲ့ အစွမ်းအစကို
သိပြီမဟုတ်လား...မူယာ
အစာကြီးကြီးကို မိထားတယ်...."
ဒေါ်ငွေခင် မျက်လုံးတွေအရောင်
တလက်လက်ဖြစ်သွားပြီး...
"သမီးမူယာ...အမေကိုပြော
စမ်းပါအုံး...ဘယ်ကလည်း
ဘယ်သူလည်း...''
မူယာပြုံးလိုက်ပြီး...
"အဟွန်းသူက အခုသမီးသွားနေတဲ့
Class ပိုင်ရှင်အမေ...ရုပ်ရှိငွေလျှံပေါ့..
ပြီးတော့..."
မူယာစကားကိုရပ်လိုက်ပြီး
ကောက်ကျစ်စွာပြုံးလိုက်ကာ...
"သူက သမီးတို့ရဲ့ ကစားပွဲမှာပါဝင်မဲ့
အဓိကမိန်းပဲ..အဟွန်း..မူယာတော့
အာ့ဒိကစားပွဲကို အရမ်းစိတ်လှုပ်ရှား
နေပြီးအဟင်း..."
ဒေါ်ငွေခင်ပြုံးလိုက်ကာ...
"သမီး...ပိုင်မှ လုပ်နော်...မဟုတ်ရင်
မလွယ်ဘူးသိတယ်မှတ်လား..ပြီးတော့
မာန်တံခွန်ကိုလည်း...လျော့မတွက်နဲ့နော်..."
မူယာမေမေကိုကြည့်ပြီး
ပြုံးလိုက်ကာ...
"မူယာခင်ပါမေမေ... မပိုင်ရင်
ခြင်တောင်မရိုက်ဘူး....
အခု...အာ့မိန်းမဇာတ်သိမ်းခန်းရောက်
ဖို့မလိုတော့ပါဘူး..."
မူယာပြောပြီး ကောက်ကြစ်
ယုတ်မာသော အပြုံးကို
ပြုံးလိုက်ကာ...
"အမေ..ဒိကိစ္စကို...မူယာကြည့်
စိစဥ်မှာဟုတ်လို့..မေမေ...ဘေးက
ကြည့်နေပေးနော်..."
ဒေါ်ငွေခင်ခေါင်းငြိမ့်ပြပြီး...
"မေမေကတော့ သမီးကို
အန္တာရယ် ဖြစ်လာမှာကိုပဲ
စိတ်ပူတာ.."
"မပူနဲ့မေမေ..သမီးအားလုံး
အစီစဥ်ဆွဲထားပြီးသားပါ...
မကြာခင်အာ်ဒိအစီအစဥ်ကြီး
ကအကောင်အထည်ပေါ်တော်မှာပါ...."
ဒေါ်ငွေခင်နဲ့ မူယာခင် မျက်လုံးချင်း
စုံကာ..အဓိပ္ပါရှိသောအပြုံးတို့ကို
အသက်ဝင်စွာပြုံးလိုက်တော့သည်။
----------------------------------------------------^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒
နန်းကလျာ ကိုစစ်ပြန်လာပြီ
ဆိုတာကြောင့် ပျော်ရွှင်ပြီး
ဟင်းချိုင့်လေးဆွဲကာ..ကိုစစ်တို့
အိမ်ဘက်ကို ထွက်ခဲ့ရာ..မြင်လိုက်
ရတဲ့မြင်ကွင်းကြောင့် သူမ တွေတွေ
လေးငေးကါရပ်ကြည့်နေမိသည်။
ကိုစစ်က ပြုံးရွှင်ပြီး...မိန်းမလှလေး
တစ်ယောက်ကိုသနပ်ခါးလိမ်းပေး
နေသောမြင်ကွင်းက သူမရင်
ကို ဓားနဲ့ အစိမ်းလိုက်ခွဲနေသည့်
အတိုင်းပင်။
သူမထိုမြင်ကွင်းကို မျက်ရည်တွေ
နဲ့ကြည့်ကာ..လက်သီးလေးကိုဆုတ်ပြီး
ကျောခိုင်းလိုက်ကာ...နှုတ်ခမ်းလေးကို
ဖိကိုက်ထားလိုက်ပြီး...
"ရှင်အရမ်းရက်စက်တယ်...စစ်..."
"အား..ဦးလေး..လွန်းဆံပင်ကို
ဖီးပေးနေတာလား...လွန်းအိပ်ချင်
အောင်လုပ်နေတာလား..."
သလွန်းခေါင်းကို ဖွဖွလေးကိုင်ကာ
ဖီးပေးနေသောသူ့ကြောင့် မျက်ကျော
လေးတွေဆင်းလာတာကြောင့် အော်
လိုက်တော့..
စစ်ခွန်းပြုံးကာ သူသူမလေးကို သနပ်ခါးလိမ်းခိုင်း
တာကို မလိမ်းချင်ဘူးဆိုလို့ သူကိုယ်
တိုင်သွေးပြီး အတင်းလိမ်းပေးထါ
သော သနပ်ခါးလေးနဲ့ ဝင်းစက်စက်
လေးလှနေသော ကလေးမ။
အခုလည်းခေါင်းဖီးပေးတါကို
သူ့ကို အသံဆူးဆူးလေး
နဲ့ပြန်အော်တော့စစ်ခွန်းပြုံးလိုက်ပြီး...
"သလွန်းကလည်းကွာ..ကိုယ်မင်းခေါင်း
လေးနာမှာဆိုးလို့..ဖြေးဖြေးလေးဖီးပေး
နေတာ..ဘယ်သူ့ကိုမှ ဖီးပေးဖူးတာမဟုတ်
ဘူးကွ..."
လွန်းသူ့စကားကိုမဲ့လိုက်ပြီး...
"ဦးလေးညာတာ.."
စစ်ခွန်းခေါင်းဖီးဘေးနေရာမှ
မျက်ခုံးမြင့်တက်သွားပြီး...
"ကိုယ်ကဘာညာလို့လည်းကွ...''
"မမကမ္ဘာကိုရော...မလုပ်ပေးဖူး
ဘူးလား..."
သူမအမေးကြောင့် စစ်ခွန်း
ခေါင်းဖီးပေးနေတဲ့လက်ကလေး
ရပ်တန့်သွားကာ
ပြုံးလိုက်ပြီး....
"ဟင့်အင်း...မလုပ်ပေးဖူးပါဘူး..."
"ဟင်..."
လွန်းသူ့အပြောကြောင့်
သူ့ကိုလှည့်ကြည့်လိုက်တော့
သူကလည်းသူမမျက်နှာလေး
ကိုပြန်ကြည့်နေတာကြောင့်
လွန်းရှက်သွားပြီး အရှေ့ကို
အမြန်ပြန်လှည့်လိုက်ကာ....
"ဟို..ဟို..လွန်းမသိလို့နော်....
မေးမိတာပါ..."
လေသံလေးတိုးတိုးလေးပြော
တော့ သူပြုံးလိုက်ပြီး..
"ရပါတယ်ကွာ..မင်းနဲ့ကိုယ်က
ပြောရမဲ့လူတွေလား..."
"ဟင်..."
လွန်းသူ့စကားကြောင့် မျက်နှာလေး
ရဲနေကာ...ခုန်နေသောနှလုံးသားလေး
ကိုလက်နဲ့အသာဖိပြီး
နှုတ်ခမ်းလေးကိုက်ထားမိသည်။
"ဒီလူကြီးငါ့ကို ရင်ခုန်အောင်
အမြဲလုပ်တာပဲ..."
"ကိုယ်တို့ တနင်္ဂနွေ
ပြန်ပြီး..အင်္ဂါနေ့ မင်းအိမ်
ကိုသွားမယ်..."
လွန်းမျက်လုံးလေးဝိုင်းသွားပြီး..
"လွန်းကိုပြန်ပို့မလို့လားဟင်...
လွန်းရှင့်ကိုကျေးဇူးတင်ပါတယ်
လွန်းကိုစောင့်ရှောက်ပေးတဲ့အတွက်...
အိမ်ကြရင်လည်း..လွန်းမေမေတို့ကို
လွန်းတို့ဘာမှမဆိုင်တာကိုရှင်းပြပေးမှာပါ
ဦးလေးမှာဘာအပစ်မှမရှိဘူး..လွန်းဘာသာ
ကားမှားပြီးလိုက်လာမိတယ်ဆိုတာပါရှင်းပြ
မှာပါ..."
စစ်ခွန်းအခုထိ အထူအပါးနား
မလည်းသေးသောမကြာမှီသူ့ရဲ့
ဇနီးဖြစ်တော့မဲ့သူမကို နှုတ်ခမ်း
ကိုက်ကာ..အသည်းယာစွာကြည့်နေလိုက်သည်။
သူပြုံးလိုက်ပြီ...
"တော်တော်တုံးတဲ့ကောင်မလေးဘဲ.."
------------------------------------------------------^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒
"သော်..မင်းသမီးက
ဟုတ်သေးရဲ့လားကွ..
ငါတို့ကိုအဆင်အသွယ်
လည်းမလုပ်ဘူး..."
ဦးကောင်းကင် တီဗီအေးဆေးစွာ
ထိုင်ကြည့်နေသော မိန်းမဖြစ်သူကို
မျက်မှောင်ကြုတ်ပြီးကြည့်ကာမေးတော့
ဒေါ်လွန်းသော် ခင်ပွန်းဖြစ်သူကိုပြန်ကြည့်ကာ..
မျက်စောင်းထိုးလိုက်ပြီး...
"အို..ရှင်ကလည်း..သမီးက
ယောကျာ်းနောက်လိုက်သွား
ပါတယ်ဆို..ရှင့်ဆီကို ဆက်မလားလို့...''
"ဘာပဲဖြစ်ဖြစ်ကွာ...သူ့ယူမဲ့ကောင်လေး
ရဲ့မိသားစုကတော့ ဖုန်းလေးတော့ ဆက်
သင့်ပါတယ်.."
"အို..ရှင်ကလည်းကျွန်မကို
ဆက်ပါတယ်...လာမဲ့ အင်္ဂါနေ့မှာ
သူတို့သမီးလေးနဲ့ ရန်ကုန်လာခဲ့
မယ်တဲ့..."
"ဟာ..မင်းအာ့ဒါငါ့ကိုဘာ
လို့မပြောတာလည်း.."
ဒေါ်လွန်းသော်မျက်စောင်းလေး
ထိုးလိုက်ပြီး...
"ကျွန်မမေ့သွားလို့ပါရှင်..."
ဦးကောင်းကင်သူ့ကိုပြန်ပြောပြီး
တီဗီကိုအေးဆေးပြန်ကြည့်နေသော
ဇနီးသည်ကိုကြည့်ပြီး ခါးထောက်လိုက်ကာ
ခေါင်းခါလိုက်မိသည််။
"သမီးနဲ့အမေ လိုက်လည်းလိုက်ပါပေတယ်..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း