book

Index 25

အပိုင်း (25)♥♥♥♥♥

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

ဒေါ်နန်းမေ...ဆိုဖာပေါ်ထိုင်နေသော

သားနဲ့ သားဘေးမှာ သားရဲ့အဝတ်

တွေနဲ့ ကပိုကရိုလေးလှနေသော

မိန်းကလေးကိုကြည့်ကာ..မင်သတ်နေ

မိသည်။


အလုပ်ကိစ္စအရေးကြီးလိုပြန်လာ

တဲ့သားတော်မောင်ကအခုတော့

သူ့အပြင်..မိန်းမလှလေးတစ်ယောက်

ပါအိမ်ကိုအပါခေါ်လာခဲ့တော့ ဒေါ်နန်းမေ

အံ့သြနေတာအမှန်။


ကောင်မလေးကြည့်ရတာ

သာမန်အသိုင်းအဝိုင်းက

ဖြစ်ဟန်မတူ..ဝင်းဝင်းစက်

စက်လေးနဲ့ အရမ်းချစ်စရာ

ကောင်းနေပြီး အသားအရည်မှာ

လည်း သူမတို့ရှမ်းပြည်က ရှမ်းမ

လေးတွေတောင် သူမရဲ့အသားကို

မှီမယ်မထင်။ကမ္ဘာလေးနဲ့ လှတာချင်း

ကညီမလို့တောင်ပြောယူရမည်။


ဒေါ်နန်းမေကြည့်နေတော့သူမလေးက

သားအနားထပ်တိုးသွားပြီး မျက်နှာလေး

ကွယ်လိုက်တော့ နန်းမေးပြုံးလိုက်ကာ

အချစ်ပိုတိုးမိသွားသည်။စိတ်ထဲတွင်

မှတ်ချက်ပေးလိုက်မိတာက...


"တော်တော်ချစ်ဖို့ကောင်းတဲ့ မိန်းကလေး..."


မေမေကြည့်နေတာကြောင့်

သူအနားတိုးကပ်လာသော

သူမလေးကြောင့် စစ်ခွန်းပြုံးလိုက်ကာ...


"မေမေ...အာ့လိုကြီးမကြည့်နဲ့လေ

ဗျာ..ဟိုမှာ..မေမေကိုလန့်နေပြီ..."


စစ်ခွန်းအပြောကြောင့် 

ဒေါ်နန်းမေ..ပြုံးပြီး...


"အဟင်း..သားကလည်းမေမေက

ထူးဆန်းလို့ပါ...ပြီးတော့ဒီသမီး

လေးနဲ့သားက...."


"ကျွန်တော့်မိန်းမပါ..."


လွန်းသူ့ကျောအနောက်လေးမှာ မျက်နှာကွယ်

ထားရာမှ သူ့စကားကြောင့် အလန့်တကြား

သူ့မျက်နှာကိုမော့ပြီး

ကြည့်လိုက်တော့...သူပြန်ကြည့်တာနဲ့

ဆုံနေတာကြောင့်.

လွန်းအမြန်အကြည့်လွဲကာ...ခေါင်းလေး

ငုံ့လိုက်မိသည်။


စစ်ခွန်းသူမရဲ့အသည်းယားစရာ

ပုံလေးကြောင့်...ပြုံးလိုက်ကာမေမေ

ကိုကြည့်တော့ အံသြပြီးသူတို့ကိုကြည့်

နေတာတွေ့တော့စစ်ခွန်းပြုံးလိုက်မိသည်။


ဒေါ်နန်းမေသားပြောလိုက်တဲစကား

ကြောင့် မယုံနိုင်ဖြစ်နေမိသည်။


သူမရဲ့သားအေးစက်စက်ကြီးက

အခုတော့မိန်းမခိုးပြေးလာပြီတဲ့။

သူမအမှန်တကယ်ချွေးမရတာလား။

မိန်းကလေးကိုကြည့်တော့လည်း

ရှက်လို့ထင်သည်။ဖွေးဥနေတဲ့ပါးလေး

မှာ ရဲနေကာ..ခေါင်းလေးငုံ့ထားတာ

အိမ်ကကြွေပြားခင်းထားတဲ့ 

ကြမ်းခင်းကို ခေါင်းစောင့်မိတော့မဲ့အတိုင်း...


"သား..ဘာလို့...သူများသမီးပျိုကို

အခုလိုခိုးလာရတာလည်းကွယ်..မင်း

သဘောကျရင်မေမေ...တောင်းပေးမှာပေါ့..."


မေမေပြောတော့စစ်ခွန်းခေါင်းငုံ့နေ

သောသူမကိုတစ်ချက်ကြည့်ပြီးပြုံး

လိုက်ကာ..


"အခြေအနေက အခုလိုဖြစ်သွားလိုပါမေမေ..."


"ဘုရား..."


ဒေါ်နန်းမေးရင်ဘတ်လေးဖိကာ

ဘုရားတလိုက်မိတာက..သားတို့

အခြေအနေကဘယ်လောက်အတိုင်း

အတာအထိ ပတ်သတ်ပြီးလည်းဆိုတာ

တွေးမိသွားလို့ပါ။


ဒေါ်နန်းမေ ကိုယ့်အတွေးကိုရှက်သွားပြီး


"သမီးလေးနာမည်က ဘယ်လိုခေါ်လည်း

ကွယ်..."


လွန်းသူ့အမေမေးတာကြောင့် ခေါင်းလေး

မော့ကာကြည့်ပြီး...


"လွန်းနာမည်က မြသလွန်ပါအန်တီ..."


ဒေါ်နန်းမေ မျက်ခုံးပင့်တက်သွားပြီး...


"အို..သမီးကလည်း မေမေလို့ခေါ်ပါ...."


လွန်းကြောင်အအလေးနဲ့...


"ဟုတ်..ဟုတ်ကဲ့..မေမေ..."


ဒေါ်နန်းမေအာ့တော့မှသဘောကျ

သွားကာ....


"သားသွားနားတော့ အဝေး

ကြီးကလာတော့ ပင်ပန်းမှာပေါ့

သွားသမီးလေးကိုခေါ်သွား..

မေမေပြီးရင်သမီးလေးဝတ်ဖို့

အဝတ်အစားလာပို့ပေးမယ်နော်..."


"ဟုတ်ကဲ့မေမေ..."


သူပြောပြီး သူမလက်ကလေးကို ဆွဲ

ကာအခန်းထဲကို ခေါ်လာလိုက်သည်။


ဒေါ်နန်းမေ အခန်းထဲဝင်သွား

သောသားနဲ့ချွေးမဖြစ်တော့မဲ့

သူမလေးကိူကြည့်ကာ..မျက်နှာ

မှာတော့ ပိတိအပြုံးကျေနပ်သော

အပြုံးတို့ကတော့ ဖြစ်ထွန်းနေမှာတော့

အသေချာပင်။


လွန်းသူခေါ်လာတဲ့အခန်းထဲ

ကိုရောက်တော့ သူမလက်ကို

ကိုင်ထားတဲ့လက်ကို ဆွဲဖြုတ်လိုက်ကာ...


"ဒီမှာ...ဦးလေ..ရှင်ဘာလို့

ရှင့်အမေကို မဟုတ်တာတွေ

ပြောလိုက်ရတာလည်း..."


သူ သူမမျက်နှာလေးကို 

တချက်စိုက်ကြည့်ပြီး

ဘာမှမပြောဘဲ အဝတ်အစား

ဗီဒိုဖွင့်ကာ...ရေချိုးပြီးရင် 

ဝတ်ဖို့ အဝတ်အစားယူနေလိုက်သည်။


လွန်း...ဘာမှပြန်မပြောဘဲ

သူ့လုပ်စရာရှိတာလုပ်နေတဲ့

လူကြီးကြောင့် နှုတ်ခမ်းလေး

ဖိကိုက်ကာ...


"ဒီမှာ..ဦးလေးကြီး လွန်းမေး

တာဖြေအုံးလေ.."


သူမသူ့အရှေ့မှာရပ်ပြီး

ပြောလိုက်တော့သူ့ရဲ့

ရှည်လှတဲ့အရပ်ကြီး

ကြောင့် လွန်းမှာမော့မော့

လေးဖြစ်နေကာ...သူက 

တစ်ချက်စိုက်ကြည့်ပြီး...


"အာ့လိုမဖြေရင်..ဘယ်လိုဖြေရမှာလည်း..."


"ဟင်..."


လွန်းသူမေးတော့လည်းပြန်မဖြေတက်စွာ

ကြောင်အအလေးဖြစ်နေတော့သူရယ်လိုက်

ပြီး...


"ဘာလည်း...မင်းက ငါနဲ့လိုက်လည်

တာလို့ဖြေရမှာလား..ရှေ့ကိုဘာဖြစ်မယ်

ဆိုတာတွေးသလွန်း..."


သူ သူမခေါင်းလေးကို 

လက်ညိုးလေးအသာထိုး

ကာပြောတော့...လွန်းမျက်စောင်း

ထိုးလိုက်ကာ..နှုတ်ခမ်းလေးကိုက်ပြီး

ကြည့်နေလိုက်သည်။


သူကတော့ဘာမှမပြောတော့ဘဲ

ခပ်တည်တည်ပင်ရေချိုးခန်းထဲ

ဝင်သွားတော့..လွန်းမဆုံးနိုင်သော

မျက်စောင်းလေးများက ရေချိုးခန်း

စီကိုအရောက်ပို့နေလိုက်တော့သည်။


---------------------------------------------------^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒


"ဦးမာန်....ဒါကဘာကြီးလည်း..."


မာန်ရေချိုးခန်းကထွက်လာတော့

သူမလေးက စားပွဲခုံပေါ်က ကဒ်လေး

ကိုယူပြီးပြတော့...မာန်ပြုံးလိုက်ကာ...


"ကလေးအတွက်...ကိုယ်ဘဏ်accဖွင့်ပေး

ထားတာလေ...အာ့ထဲမှာငွေပမာဏ......ရှိတယ်"


ကမ္ဘာမျက်လုံးပြူးသွားပြီး...


"ဟင့်အင်း..ကမ္ဘာအတွက်မလိုပါဘူး..

ဦးမာန်ကိုယ့်ဘာသာကိုယ်ပြန်ယူထား..."


သူမလေးကခေါင်းခါပြီးညင်းတော့သူ

မျက်မှောင်ကုတ်ကာ...


"ဘာလို့ညင်းရတာလည်းကလေး..ကိုယ်

ပိုင်ဆိုင်သမျှက ကလေးနဲ့ သားအတွက်ပဲ...

နောက်ဆို သားသမီးတွေကအများကြီး

ဖြစ်လာတော့မှာ..အာ့သားသမီးအတွေ

အတွက်ပါ...အခုထည်းက ဘဏ်အကောင့်

တွေ ဖွင့်ထားအုံးမှ..."


ကမ္ဘာပိုလွန်းသောသူ့ကို

မျက်စောင်းလေးထိုးပြီး....


"သားကိုကျောင်းပို့ရအုံးမယ်နော်...ဦးမာန်.."


"ကိုယ်သိပါတယ်..ကလေးရယ်...အဖွားကြီး

လေးကြနေတာပဲ..."


"ဟွန့်အခုတော့ အဖွားကြီး လို့ပြောပြီပေါ့..."


မာန်မျက်စောင်းလေးထိုးပြီး 

ပြောလာသောသူမလေးကို

ရယ်ပြကာ..


"ကိုယ်ကစတာပါကွာ..ကလေးက

ကိုယ့်အတွက်တော့ ဘယ်အချိန်ကြည့်ကြည့်

မရိုးသွားတဲ့မှန်လေးဘဲ.."


ကမ္ဘာဘာမှမပြောဘဲသူ့အတွက်

ထုပ်ပေးထါးတဲ့အင်္ကျီကိုယူပြီး

ကမ်းပေးလိုက်ကာ...


"ဦးမာန်ကိုကမ္ဘာပေးစရာရှိသေးတယ်..."


သူမပြောလည်းပြောအံဆွဲလေး

ထဲက စာရွက်လေးတစ်ရွက်ထုပ်

ပေးတော့ မာန်ယူကြည့်လိုက်ကာ..


"ဟင်..ဒါက...က​လေး မထုတ်ဘူးလာ..."


"ဟင့်အင်း.ကမ္ဘာအတွက်မှ မလိုအပ်တာ

အာ့ဒါ့ကြောင့် ဒီလက်မှတ်ကို ဦးမာန်ပြန်

ယူထား..."


"ကလေးပဲယူထား...ဒါတွေက

ကလေးနဲ့သားအတွက်ပဲ​ပြောပြီးပြီလေးကွာ

ကလေးပဲယူထား..ကိုယ်ကလေးအကောင့်

ထဲကိုပဲ ထည့်ပေးထါးမယ်..."


ကမ္ဘာပြောမရတဲ့သူ့ကြောင့်

ပြန်​ပြောမနေတော့ဘဲ....


"ဦးမာန်..ကမ္ဘာတို့ရှမ်းပြည်

ဘယ်တော့သွားရမှာလည်း..."


"အဟွန်း..ကလေးသွားစရာမလိုပါဘူး..

နောက်သုံးလေးရက်နေရင်..စစ်ခွန်းတို့ရောက်

လာလိမ့်မယ်..."


သူပြုံးပြီးပြောတာကြောင့်

ကမ္ဘာမျက်မှောင်လေးကုတ်

ကာကြည့်ပြီး...


"ကမ္ဘာကို လာမယ်လို့လည်..

ကိုကိုမပြောပါဘူး...."


"အဟွန်း..သူမလာလို့မရတဲ့

အကြောင်းရှိသေးတယ်ကလေးရဲ့..."


"ဘာအကြောင်းဦးမာန်...ကမ္ဘာကိုပြောပြ ပါလား.."


"ကိုပြောစရာမလိုပါဘူး....ကလေးကိုယ့်ဘာသာ

ကိုယ်သိလာမှာပါ..."


ကမ္ဘာသူ့ရဲ့ ပြုံးစေ့စေ့အပြုံးကြောင့်

မျက်မှောင်လေးကုတ်ကာကြည့်ပြီး...


"ဦးမာန်ဘာတွေကမ္ဘာကို

လျှိုဝှက်ထားပြန်ပြီလည်း..."


"ဟာကွာကလေးကလည်း

ကိုကထားစရာလား...အဟွန်း..."


ကမ္ဘာမျက်စောင်းတွေပဲထိုး

ပလိုက်ပြီး...


"ဦးမာန်..အာ့လိုလူယုတ်မာ

အရယ်မျိုးမရယ်နဲ့..."


"ဟားးး...ဟား.."


ကမ္ဘာသူမပြောမှပိုရယ်နေတဲ့

ဦးမာန်ကြောင့် မျက်နှာလေးဆူပုတ်လိုက်ကာ...


"ဦးမာန်ကလူရုပ်မာကြီးပဲ..."


-------------------------------------------------^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒


ရောင်စုံစလိုက်များကြားတွင်

ကခုန်နေကြသော အလွှာအသိုင်း

အဝိုင်းအသီးသီးက လူငယ်များ..

ထိုထဲတွင် မူယာခင်တစ်ယောက်လည်း

ပါပါတယ်။


"ဟေ့အလှလေး..ကိုယ်နဲ့ ကကြရအောင်.."


မူယာအနားကပ်လာသော

ချောမောကြီး ခန့်ညားတဲထို

လူကို မူယာပြုံးပြီးကြည့်လိုက်ကာ...


"Okလေ..."


သူတို့ ခေတ်ပေါ်သီချင်းကို စည်းချက်ညီစွာ

ကခုန်နေပြီး..မောလာတော့ နှစ်ယောက်သား

ဝိုင်းဘားမှာထိုင်ပြီး...


"Hi ကိုယ့်နာမည်ဂျက်..."


မူယာကို ဆွဲဆောင်မှုရှိစွာ

လက်ကမ်းလာပေးသော

ထိုလူချောကို မူယာပြုံး

လိုက်ပြီး ပြန်လက်ဆွဲနှုတ်ဆက်လိုက်ကာ..


"ကျွန်မနာမည်က မူယာခင်ပါ..."


"အဟွန်း..ကိုယ်မင်းကို စိတ်

ဝင်စားတယ်...မင်းကိုအရင်ရက်

တွေထည်းက ကိုယ်သတိထားမိနေတာ..."


မူယာဟန်ပါပါလေးပြုံး

လိုက်ပြီး...


"မူယာကတော့ ရှင့်ကို အခုမှ

တွေ့တာ..အရင်ကတစ်ခါမှလည်း

မတွေ့မိဘူးနော်..."


သူရယ်လိုက်ပြီး..မူယာကိုစိုက်ကြည့်ကာ...


"ကိုယ့်ကို ဘယ်တွေမလည်း

ကိုယ်က အပေါ်က အခန်းထဲမှာ

ပဲနေတာကို...."


မူယာသူညွှန်းပြတဲ့ အပေါ်ထပ်ကအခန်း

ကိူကြည့်ကာ...


"ဟင်...ရှင်က..ဒါဆို..."


မူယာလက်ညိုးလေးထိုးပြီး

ပြောတာ့သူက ရယ်လိုက်ကာ...


"Right...ကိုယ်က ဒီ Class ရဲ့

ပိုင်ရှင်ပဲ..."


မူယာသဘောကျသလို

ပြုံးသွားသည်ကိုသူက

စိုက်ကြည့်ကာ....


"ကိုယ်နဲ့မင်း.သူငယ်ချင်းဖြစ်ပြီနော်..."


မူယာရှက်ပြုံးလေးခေါင်းလေးငြိမ့်ပြကာ...

ပြုံးလိုက်မိသည်။


"ရှင်က ကျွန်မရဲ့ ငါးစားပဲ...ဂျက်..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: