လွန်းအိပ်နေရင်း..
အကြောတွေနာလာတာကြောင့်
မျက်လုံးမဖွင့်ဘဲခေါင်းထောင်လိုက်တော့
ကြယ်ခေါင်းတွေမူးနေကာ
မနည်းအားယူပြီးကြုံးထလိုက်
တော့...မျက်လုံးပြူးသွားကာ...
"ငါ...ငါ..ဘယ်ကိုရောက်နေတာလည်း..."
ပြောလည်းပြောဘေးဘီကိုဝေ့ကြည့်
လိုက်တော့ တောင်တန်းတွေကို တွေ့တော့
လွန်းထိပ်လန့်သွားကာဂေါင်ဝန်စလေးကို
ဆုပ်ကိုင်ကာ...
"ငါ..ငါညက ကားမှားပြီးတက်လိုက်မိပြီး
ဒီကိုပါလာတာထင်တယ်..."
သူမ ကားမှန်ကိုကပ်ပြီး အပြင်ကို
ကြည့်တော့ စားသောက်ဆိုင်တစ်ခုကို
တွေ့တော့ ဆိုင်းဘုတ်ကိုကြည့်လိုက်တော့...
သူမဖတ်ကြည့်လိုက်ကာ...
"ကျိုင်းထုံမြို့ထမင်းဆိုင်..."
"ဟင်..ဒါဆို..ငါ...ငါ..ရှမ်းပြည်ဘက်ရောက်
နေတာပေါ့...ဘုရား..ဘုရား...''
လွန်းကိုယ့်ကိုကိုယ်ဆန်းစစ်ကြည့်တော့
ပုံမှန်ပဲဖြစ်နေတော့ သက်ပြင်းလေးချကာ...
"ငါဒီကအမြန်ထွက်နိုငိအောင်ကြံရမယ်..."
ပြောလည်းပြောလွန်းကားအရှေ့ခန်းက
စတီယာတိုင်းနားက ယောဥ်မောင်းလိုင်
စင်ကိုတွေ့တော့ ဆွဲယူလိုက်ပြီးကြည့်လိုက်တော့
မျက်လုံးတွေပြူးကျယ်သွားကာ...
"သူ..သူကဘယ်လိုလုပ်ပြီး..."
လွန်းစကားတွေထစ်ကုန်ကာ
အံ့သြနေရသည်။ သူမသူ့ကားဆိုတာ
သိတော့ ပိုပြီးအံ့သြကာတိုက်ဆိုင်လှ
သော ကံတရားကို ကျေးဇူးတင်ရမလား
အပစ်တင်ရမလားဆိုတာတော့မပြောတက်
တော့ပေ။
လွန်း...ကားပေါ်မှာထိုင်နေတုံးသူ
ပြန်ထွက်လာတာတွေ့တော့
လွန်းလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး....
"ဘုရား..ဘုရား..ငါ့ကိုမမောင်းချပါစေနဲ့..."
လွန်းဆုတောင်းနေတုံးသူကား
အရှေ့ခန်းကိုဝင်လာပြီး ဘေးခုံပေါ်ကို
ပိုက်ဆံအိတ်ထားလိုက်ကာ..ကားမောင်ရန်
ပြင်တော့ သူမကိုတွေ့သွားပြီးလန့်သွားကာ..
"မင်း..မင်း..ဘယ်သးလည်း..."
လွန်းသူ့လန့်သွားပုံကိုကြည့်ပြီး
ပြုံးမိသည်။တော်သေးတယ်သူလည်း
လန့်တက်ပေးလို့...
သူမမဖြေတော့သူ မျက်နှာတင်းသွားကာ
"ဟေ့..ဒီမှာမင်းကိုငါမေးနေတယ်လေ
သွား..အခုငါ့ကားပေါ်ကဆင်း..."
သူ့အပြောကြောင့်လွန်းနှုတ်ခမ်းလေး
ကိုက်ကာကြည့်လိုက်ပြီး...
"အာ့ဒါဆို..ဦးလေး..ရန်ကုန်ပြန်
လိုက်ပို့ပေးလေ..."
စစ်ခွန်းအခုမှ အသံလေးထွက်
လာသောထိုမိန်းကလေးကြောင့်
မျက်မှောင်ကြီးကုတ်ကာကြည့်နေပြီး..
"မင်းဘယ့သူလည်း...မင်းကို
ငါမသိဘူး...ဘာကိစ္စရန်ကုန်ကို
ငါကပြန်ပို့ရမှာလည်း..ကိုယ့်ဘာသာ
ကိုယ်ပြန်ကြွပေါ့...."
လွန်းသူမကို မမှတ်မိဘဲ
မိန်းမကြီးလိုရန်တွေ့နေသော
ဦးလေးကြီးကြောင့် မျက်နှာလေး
မဲ့လိုက်ကာ..
"ရှင်ကြီး..အခုမှမသိချင်ယောင်ဆောင်မနေနဲ့..."
စစ်ခွန်း..ကားးအနောက်ခန်းရဲ့အမှောင်ကြောင့်
မျက်နှာကို သဲသဲကွဲကွဲ မမြင်ရတဲ့ ထိုမိန်းကလေး
ကိုကြည့်ပြီး မျက်နှာတင်းသွားကာ..လက်ကကား
အရှေ့ခန်းက မီးခလုတ်ကိုဖွင့်လိုက်တော့...
"ဟာ...."
မီးရောင်အောက်တွင်မြင်လိုက်ရတဲ့
မျက်နှာဖွေးဖွေးလေးကြောင့် စစ်ခွန်း
ဘာမှပြန်မပြောနိုင်လောက်အောင်
စွန့်အနေခဲ့သည်။
"ဒါ...ဒါ...ကိုမာန်ရဲ့ ညီမလေးဘဲ..
ဘာကြောင့်သူကားပေါ်ပါလာရတာလည်း..."
စစ်သွေးမျက်မှောင်ကြီးကုတ်
ကာစဥ်းစားနေရင်းသူမလေးကို
ကြည့်လိုက်တာ့ ဆံပင်တွေပွကာ
လက်ကလေးပိုက်ပြီး သူ့ကို ခပ်တည်
တည်ကြည့်နေတာကြောင့်စစ်သွေး
ရယ်ချင်သွားကာ...မျက်နှာကို ကားအရှေ့
ပြန်လှည့်လိုက်ပြီး...ရယ်လိုက်ပြီးမှ
သူမအရှေ့ကို မျက်နှာတည်တည်နဲ့ပြန်လှည့်လာကာ...
"ဒီမှာကလေးမ...မင်းတစ်ခုခုတော့လွဲနေပြီနော်...."
သူပြောတော့ သူမလေးက သူ့ကို
မျက်မှောင်ကုတ်ပြီးကြည့်ကာ...
"လွန်းကဘာလို့လွဲရမှာလည်း
လွဲတာက ဦးလေးလွဲတာလေ...."
"ဘာ..ငါကလွဲတာ..."
စစ်ခွန်းသူ့ကိုဦးလေးလို့ခေါ်
တာကြောင့် မျက်မှောင်ကြီးကုတ်
ပြီးသူ့ကိုယ်သူလက်ညိုးပြန်ထိုး
ကား...မေးတော့ သူမလေးက
ခေါင်းကို ဆက်ခနဲ့ငြိမ့်ပြတော့
စစ်ခွန်း သူမရဲ့ အိပ်ယာထစက
ဖရိုဖရဲပုံလေးကို တစ်ချက်ကြည့်ကာ...
"ပြောပါအုံး..ငါကဘာကိုလွဲတာလည်း..."
သူမေးတော့သူမလေးက
မေးလေးဆက်ကနဲမော့လိုက်ပြီး...
"ဦးလေးကားမောင်းရင်...ကားကို
မစစ်ဘူးလား..."
"စစ်တယ်လေ.."
"စစ်ရင်လွန်းကဒီကိုပါလာစရာအကြောင်းမ
ရှိဘူး...အဟင့်..အခုတော့..လွန်း..ရန်ကုန်နဲ့အဝေး
ကြီးကိုရောင်နေပြီး...အဟင့်..."
ပြောလည်းပြောငိုလာတာကြောင့်
စစ်ခွန်းပြာယာခက်သွားကာ..
"ဟာ...ဟေ...မင်းကိုငါဘာမှမလုပ်ဘူးနော်...
လာငိုမနေနဲ့..."
သူမမျက်စောင်းလေးထိုးလိုက်ပြီး..
"ငိုမှာပဲ..သူများကိုပြန်ပို့ပေး..."
"ဟာ..ပြန်ပို့ပေးဆိုတာ..လွယ်မှာများ
ထင်နေတာလားသလွန်း..."
"ဟင်..."
လွန်းသူ့ကို သလွန်းလို့ခေါ်လိုက်တာကြောင့်
ငိုနေရင်းနဲ့ဘသူ့ကိုမော့ကြည့်လိုက်တာ့
သူကသူ့ကိုယ်သူသတိထားမိဟန်မတူ
လွန်းကို မျက်မှောင်ကြီးကုတ်ကာကြည်နေ
တာကြောင့် ဝမ်းနည်းသွားကာ...
"အခုပါလာတာလည်း..လွန်းဦးလေးကို
အပြစ်မတင်ပါဘူး...လွန်းကို ပြန်ရမဲ့ကား
ဂိတ်ကိုပဲပို့ပေးပါ...လွန်းကားမှားပြီးတက်
အိပ်လိုက်တာပါ..."
"ဘာ..."
စစ်ခွန်းဒီအခြေအနေမှာတောင်ပြန်ဖို့
ပြောနိုင်သေးသောသူမကိုကြည့်ပြီး
ဒေါသထွက်သွားကာ...
"မင်းဦးနှောက်ရှိသေးရဲ့လား
သလွန်း...မင်အခုအချိန်ပြန်သွား
ရင်ရော..နောက်ဖြစ်လာမဲ့ပြဿနာ
တွေကို မတွေးတာလား..."
သူအော်လိုက်တော့သူမလေးက
သူ့ကို မျက်ဝန်းဝိုင်းကြီးတွေနဲ့ကြည့်ကာ..
"အာ့ဒါဆို..လွန်းကဦးလေးကြီးနဲ့
လိုက်ရမှာလား..အဟင့်..."
သူ သူမမျက်နှာဝင်းဝင်းလေးကို
စိုက်ကြည့်ကာ...
"ဟုတ်တယ်..ငါနဲ့လိုက်ရမယ်..."
"ဟင်..."
လွန်းအံသြကာသူ့ကို
ကြည့်နေမိသည်။
"ရော..ပြီးရင်ဒါလဲလိုက်..."
သူမကနားမလည်စွာသူ့ကိုကြည့်နေ
တော့စစ်ခွန်းသက်ပြင်းချကာ...
"မင်းဟိုပေါ်ဒီပေါ်အင်္ကျီတွေနဲ့ ငါ့ကို
မြူစွယ်မလို့လား..."
အာ့တော့မှသူမလေးလက်ကလေးနဲဟိုဖုန်း
ဒီဖုန်းလုပ်တော့..စစ်ခွန်းမျက်မှောင်ကြီး
ကုတ်သွားကာ...
"အခုမှလိုက်ဖုန်းမနေနဲ့ငါအကုန်မြင်ပြီးသား...
ငါအပြင်ခဏထွက်ပေးမယ်..မင်းလဲထားလိုက်.."
လွန်းအပြင်ထွက်သွားသောသူ့ကို
မျက်စောင်းထိုးလိုက်ကာ..
အဝတ်အစားကိုအမြန်လဲလိုက်သည်..
အဝတ်အစားတွေက လွန်းနဲ့ကြီးလွန်း
နေကာ..မသိရင်ကြောင်ပေါက်လေး
ကို အဝတ်ဝတ်ပေးထါးသလိုဖြစ်နေတော့သည်။
လွန်းတွေးကာ..
"ဒါသူ့အဝတ်အစားတွေပဲနေမယ်...သူ့ရဲ့
ကိုယ်သင်းနံ့လေးကမွေးလိုက်တာ.."
လွန်းအင်္ကျီကိုနမ်းနေတုံးသူရောက်လာတော့
အမြန်ခေါင်းလေးကိုမော့လိုက်ကာ..အသိသလို
နေနေလိုက်သည်။
စစ်ခွန်းကားပေါ်တက်လာတော့ သူမ
လေးဘာလုပ်နေလည်းဆိုတာသူအကုန်
မြင်ပါသည်။သူမသိချင်ယောင်ဆောင်ပြီး
နှုတ်ခမ်းကတော့ အပြုံးတွေဖြစ်ထွန်းနေမိသည်။
သူက အိတ်ထဲက တစ်ခုခု
နိုက်ကာထုတ်ယူပြီး...ကမ်းပေးကါ...
"ရော..မင်းကိုယ်မင်းပြန်ကြည့်အုံး..."
လွန်းသူမကိုပြုံးစေ့စေ့ပြန်ကြည့်
ပြီး လေးဒေါင့်မှန်လေးကမ်းပေး
တာကြောင့်...ယူလိုက်ပြီး..မဲ့လိုက်ကာ
"ဟွန့်..မှန်တွေဘာတွေဆောင်ထားလို့
မိန်းမကြီးကြနေတာပဲ...''
လွန်းစီတ်ထဲကနေပြောပြီး..
သူမမှန်လေးကိုထောင်ကြည့်လိုက်တော့..
"အမလေး..."
"ဟား....."
မှန်ကိုကြည့်ပြီးလန့်ကာ
အော်လိုက်တဲ့သူမကြောင့်
စစ်ခွန်းရယ်လိုက်မိသည်။
လွန်းသူမလန့်သွားတာကို
ရယ်နေတဲ့လူကြီးကြောင့်
မျက်စောင်းထိုးလိုက်ကာ...
"ရယ်..ရှင်ကြီးမိန်းမရရင်
ရှင်ကြီးကိုနိုင်တဲ့သူနဲ့
ရပါစေတော်..."
သူတို့နှစ်ယောက်ရဲ့ ကံတရားသည်ကာ....
------------------------------------------------------^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒
"ဦးမာန်...ဘာတဲ့လည်း...''
အရင်ကခေါက်တုန့်ခေါက်ပြန်
အခန်းထဲမှာလျှောက်နေတဲ့ဦးမာန်
ဖုန်းဝင်လာတာကိုဖြေပြီး မျက်မှာကြီး
ပြုံးနေတာကြောင့် သူမမျက်မှောင်လေး
ကုတ်ကာမေးလိုက်တော့..ဦးမာန်သူမအနား
လျှောက်လာကာ..ဘေးမှာဝင်ထိုင်ပြီး....
"လွန်းကိုတွေ့ပြီတဲ့..ကလေးရဲ့..."
"ဟင်..တကယ်လား..."
ကမ္ဘာဝမ်းသာစွာမေးတော့သူက
သူမခေါင်းလေးကို အသာပုတ်လိုက်
ပြီး..
"အဟွန်းတကယ်ပေါ်..သူအခု
လုံခြုံတဲ့နေရာမှာရှိနေပါပြီ..."
ကမ္ဘာဦးမာန်ကိုကြည့်ပြီး...
"တော်သေးတာပေါ့..ပြန်တွေ့
လို့..မဟုတ်ရင်ကမ္ဘာစိတ်ပူလွန်းလို့..
ပြီးတော့ကမ္ဘာတို့မင်္ဂလာပွဲညက
ပျောက်သွားတာထက်..လွန်းကို
ညီမလေးတစ်ယောက်လို ပိုချစ်တယ်
..''
ကမ္ဘာလူကြီးလေးလိုပြောနေသော
ချစ်ဇနီးပါးလေးကို ဖွဖွကိုင်လိုက်ပြီး...
"ဟုတ်ပါပြီကွာ..အခုလည်းညီမတော်
နေရပြီပဲ..ပြီးတော့...စစ်ခွန်းက ကိုယ်နဲ
အသက်အတူတူပဲလား..."
"အင်း...အတူတူပဲ..ဦမာန်လည်
ဒီနှစ်ဆို..၂၉မှတ်လား..."
"အွန်းဟုတ်တယ်..."
"နေပါအုံး..ဘာလို့မေးတာလည်းဟင်.."
မျက်မှောင်လေးကုတ်ကာမေး
လာသောသူမလေးကြောင့်မာန်
မျက်နှာပိုးကိုသတ်လိုက်ပြီး...
"ဘာမှမဟုတ်ပါဘူးကွာ...
ဒီအတိုင်းမေးကြည့်လိုက်တာ...
သားသားကိုမနက်ဖြန်..ကျောင်းစ
ထားမယ်နော်ကလေး...."
"ဟုတ်...သားက..ကျောင်းမှာ
ငိုနေရင်ဘယ်လိုလုပ်မလည်း
ဦးမာန်..ကမ္ဘာစိုးရိမ်တယ်..."
"ကလေးကလည်း..သားက
ကျောင်းမှာအပေါင်းအသင်း
တွေနဲ့တွေ့ရင်ပျော်လာလိမ့်
မယ်...ဘာမှမစိုးရိမ်နဲ့..ကျောင်း
တက်ရမဲ့အရွယ်မှာကျောင်းက
တက်ရမှာပဲကလေး..."
သူ သူမလေးခေါင်းလေးကို
ရင်ခွင်ထဲထည့်ကာဖတ်ထား
တော့ သူမလေးက သူခါးကို
ပြန်လာဖက်တွယ်ထားကာ..သူမ
ခေါင်းလေးကို သူနမ်းလိုက်ပြီး...
ပြုံးလိုက်ကာ...
"ကလေးလည်း..ကျောင်းတက်ရ
အုံးမယ်..သိလား..."
ကမ္ဘာသူ့ကိုမော့ကြည့်ပြီးအံ့သြ
သွားကာ...
"ကမ္ဘာကဘယ်ကျောင်းကိုတက်ရ
မှာလည်း..ကျောင်းပြီးသွားပြီလေ...."
ဘာမှမသိစွာ မျက်ဝန်းပြူးပြုး လေး
နဲ့ပြောတော့ မာန်နှုတ်ခမ်းကိုအသည်း
ယားစွာကိုက်ကာကြည့်လိုက်ပြီး...
"ကလေးတစ်ခုမတက်သေးဘူး
သင်ရအုံးမယ်..ကိုယ်ကိုတိုင်သင်ပေး
မှာ..ကလေးစိတ်မပူနဲ့...."
"ဟင်..ကမ္ဘာကဘာထပ်သင်ရအုံးမှာလည်း..."
"အဟင်းရှိတာပေါ့...လာကိုယ်ပြမယ်..."
ပြောလည်းပြောသူမကိုယ်လေးကို
ပွေ့ချီလိုက်တော့...ကမ္ဘာလန့်သွားကာ...
"ဦးမာန်..ဘာလုပ်တာလည်း....''
ကမ္ဘာမေးတာကိုမဖြေဘဲ
အခန်းကိုသာဦးတည်ပြီးသွားနေသော
ဦးမာန်ကြောင့် ကမ္ဘာသဘောပေါက်သွားကာ...
"အား!!!!!....ဦးမာန်နှာဘူး..."
'"ဟား....."
ကမ္ဘာရဲ့...အော်သံလေးနောက်မှာ
မာန်ရဲ့ ကျီးစားသံလေးများက
အခန်းထဲမှာပျံလွှင့်လို့နေပါတော့သည်။
ကြင်စဦးဇနီးမောင်နှံတွေအတွက်က
တော့အချစ်သည်နေ...အချစ်သည်
ညဖြစ်လို့နေပါတော့သည်။
------------------------------------------------------^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒
"ဖေကြီးသမီးကို ပြန်တွေ့ပြီတဲ့တော့.."
ဦးကောင်းကင်...သမီးပျောက်လို့
စိတ်ပူနေရာမှ ဇနီးသည်စကားကြောင့်
ဝမ်းသာသွားကာ...
"ဟုတိလား..ဘယ်မှာလည်း..
သမီးကိုသွားခေါ်မယ်လာလေ..''
"အို..ရှင်ကလည်းနေပါအုံးတော်."
ဦးကောင်းကင်မတွေ့ခင်
အချိန်တောကတော့တငိုငို
တရည်ရည်ဖြစ်နေတဲ့ မိန်းမ
ဖြစ်သူအခုတွေ့ပြီဆိုတော့
သွားခေါ်မယ်လို့ပြောတာကို
အင်တင်တင်လုပ်နေတဲ့မိန်းမကြောင့်...
ဦးကောင်းကင်ဒေါသထွက်သွားကာ...
"ဒေါ်လွန်းသော်..အခုပြန်ရှာ
တွေ့တဲ့ခင်ဗျားသမီးကိုသွားပြန်
ခေါ်မှာနော်..ဘာတွေအင်တင်တင်
လုပ်နေတာလည်း... ''
ဒေါ်လွန်းသော်ခင်ပွန်းဖြစ်သူကို
မျက်စောင်းထိုးလိုက်ပြီး...
"အို..ရှင်ကလည်းတော်.. ကျွန်မ က
စိတ်မပူဘဲနေမလားတော့..အခုက
မပူရတော့လို့ မသွားတော့တာပေါ့..."
"ဟာမဟုတ်သေးပါဘူး
သော်ရယ်မင်းကလည်းငါ
တို့သမီးကတစ်ညလုံးပျောက်
ထားတာနော်..ဘာတွေများဖြစ်လည်း
ဆိုတာ...ငါတို့အခုသွားကြည့်သင့်တယ်...
မင်က..မချစ်ရင်တောင်..ငါ့မှာဒီသမီး
လေးတစ်ယောက်ပဲရှိတာ..မလိုက်ရင်နေ
ငါ့ဘာသာတစ်ယောက်ထည်းသွားမယ်..."
ဒေါ်လွန်းသော်ခင်ပွန်းဖြစ်သူကို
မော့ကြည့်လိုက်ပြီးပြုံးလိုက်ကာ..
"လိုက်ပေါ့တစ်ယောက်ထည်း..ရှမ်း
ပြည်ကိုလိုက်သွား..."
ကားဆီကိုသွားတော့မဲ့ ဦးကောင်းကင်
ဇနီးသည်စကားကြောင့်ပြန်လှည့်လာကာ
"သော်..မင်းဘာပြောလိုက်တယ်..."
ဒေါ်လွန်းသော်အဖြစ်သည်းနေသော
ဇနီးသည်ကိုမျက်စောင်းထိုးလိုက်ပြီး..
"သမီးကရှမ်းပြည်မှာ သူယူမဲ့ယောကျာ်း
နဲ့အတူရှိနေတာလေ..ရှင်ကဘာလိုက်လုပ်
မလို့လည်း..."
"ဘာ...သမီးမှာကောင်လေးရှိတယ်လို့
လည်းငါမကြားမိပါဘူး..မင်းမဟုတ်တာ
တွေမပြောနဲ့..သော်.."
"အို..ကျွန်မကဘာကိစ္စရှင့်ကိုညာရ
မှာလည်း..အမှန်တိုင်းပြောတာပဲ
သမီးကမ္ဘာလေးရဲ့အကို..မောင်စစ်
ခွန်းမှိုင်းနဲ့ပါသွားတာတဲ့..''
ဦးကောင်းကင် အံသြကာ ဘာမှ
မပြောနိုင်တော့ ဒေါ်လွန်းသော်
ပြုံးလိုက်ကာ...
"ကျွန်မဆန္ဒနောက်ဆုံးတော့ပြည့်ဝပြီ
သမက်တစ်ယောက်ရပြီ..ကျွန်မသမီး
လေးကအရမ်းတော်တာပဲ..လူရွေးတော်
လိုက်တဲ့သမီ...."
ဦးကောင်းကင်းသမီးယောကျာ်းရတာ
ကိုပျော်နေတဲ့ ဇနီးသည်ကိုကြည့်ကာ
ခေါင်းအသာရမ်းပြီး အပေါ်ထပ်ကိုတက်
သွားပါတော့သည်။
ဆိုဖာပေါ်တွင်ထိုင်နေသောဒေါ်လွန်း
သော်ရဲ့နှုတ်ခမ်းမှာတော့ အပြုံးတွေက
ဖြစ်ထွန်းလျှက်....
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း