ဒီ....ဒီ....ဒီ..
မာန်..သူမကိုရင်ခွင်ထဲ ထည့်
ပြီးအိပ်နေရာမှ အသံတိုးထားသော
ဖုန်းမှ Vibrate အသံတုန်ခါလာ
တာကြောင့် မာန်နိုးလာကာ
သူမနိုးသွားမှာဆိုးတာကြောင့်
သူမခေါင်းလေးကို ခေါင်းအုံးပေါ်
အသာတင်ပေးပြီး ဖုန်းကိုယူကာ..
ခါးမှာသဘတ်ကိုပတ်လိုက်ပြီး
မှန်နံရံ ပြတင်းပေါ်က်ကြီးတွေအနား
လျှောက်သွားကာ...
"ဟုတ်ကဲ့ဒေါ်လေး...ပြောလေ..."
"အမလေး..သာမာန့်ရေ..
ဒေါ်လေးတို့ကို ကူညီပါအုံး..."
ဒေါ်လေးရဲ့ ငိုသံကြောင့်
မာန်စိုးရိမ်သွားကာ...
"ဘာဖြစ်လို်လည်း..ဒေါ်လေး..
ကျွန်တော်ကို့ပြောလေဗျာ.."
"မင်းညီမလွန်း..လွန်းလေ...အိမ်မှာ
မရှိတော့ဘူး..."
မျက်ခုံးတွေပင့်တက်သွားကာ..
"ဘယ်ကိုသွားလို့လည်းဒေါ်လေးရဲ့...."
"မသိပါဘူးသားမာန့ရယ်..
သူ့သူငယ်ချင်းတွေကိုလည်း
ဒေါ်လေး...မေးပြီးပြီး သူတို့ဆီ
လည်းမလာဘူးတဲ့...ညကထည်းက
ပြန်မရောက်တာသားရဲ့...ညက
သမီးက ဝိုင်နည်းနည်းသောက်ပြီး
မူးလို့ဆိုပြီး...ကားပေါ်အရင်သွား
ခိုင်းလိုက်တာ...ဒေါ်လေးတို့ ကားဆီပြန်
ရောက်တော့ သမီးကိုမတွေ့ဘူး..
သူ့ဘာသူပြန်သွားပြီဆိုပြီး ထင်ပြီး
အိမ်ရောက်တော့လည်းမကြည့်မိလိုက်
ဘူးကွယ်..ဒီမနက်မှဒေါ်လေးသူ့အခန်း
ထဲသွားကြည့်တော့ ညကထည်းက
ပြန်မရောက်သေးတဲ့ ပုံဖြစ်နေတယ်..
ဒေါ်လေးကို ကူညီပါအုံး...မင်းဦးလေး
ကတော့..ရဲစခန်းကိုတိုင်ချက်ဖွင့်ပြီး
သူ့မိတ်ဆွေတွေကိုတော့ဝိုင်ကူ
ရှာခိုင်းထားတယ်ကွယ်...အဟင်..."
မာန်ဒေါ်လေးရဲ့ စကားကို
နားထောင်ပြီး...သက်ပြင်း
ကိုချလိုက်ကာ...
"ဒေါ်လေးစိတ်ကိုအေးအေးထားပါဗျာ
ကျွန်တော်လွန်းကိုရအောင်ရှာပေးမှာပါ...
ဒေါ်လေးသာစိတ်ကိုအေးအေးထားနော်
ကျွန်တော်..လူတွေကို ဆက်သွယ်ပြီးရှာခိုင်း
မယ်..ပြီးရင်ဒေါ်လေးကိုကျွန်တော်ဖုန်းပြန်
ဆက်မယ်နော်..."
မာန်ဒေါ်လေးနဲ့ပြောပြီး သူရဆီ
ဖုန်းခေါ်လိုက်ကာ.
"သူရ..မင်းလူတွေအခုရန်ကုန်
အနှံ့နဲ့ နယ်စပ်တစ်ဝိုက်လူလွတ်
ပြီး လွန်းကိုတွေ့အောင်ရှာ..."
------------------------------------
------------------------------------
"အေး..ပြီးရင် ငါ့ဆီဖုန်းပြန်ဆက်..."
သူပြောပြီး လွန်းပျောက်တဲ့ကိစ္စကို
မျက်မှောက်ကုတ်ကာစဥ်းစားနေမိသည်။
လွန်းကယောကျာ်းနောက်လိုက်ရအောင်
လည်း...သူ့မှာချစ်သူကောင်လေးမရှိတာ
သူအသိဆုံးပင်။သူရင်တွေပူကာဆံပင်ကို
လက်ငါးချောင်းနဲ့ထိုးဖွပစ်ပြီး အိပ်ယာပေါ်
ကြည့်လိုက်တော့ သူမလေးက သူ့ရုပ်အင်္ကျီ
ကြိးဝတ်ထားကာ..သူ့ကို မျက်ဝန်းဝိုင်းလေး
နဲ့ကြည့်ပြီး...
"ဦးမာန်..လွန်းက ဘာဖြစ်လို့လည်းဟင်...''
မာန်အိပ်ယာပေါ်မှာ ပုံ့ပုံ့လေးထိုင်
နေသော သူမလေးဆီလျှောက်လာပြီး...
"လွန်းညကထည်းကပျောက်လို့တဲ့..."
ကမ္ဘာစိုးရိမ်သွားကာ..
"ဦးမာန်အာ့ဒါဆို..ကမ္ဘာတို့ပါ
ဝိုင်းရှာရအောင်လေ..."
သူမလေးစကားကြောင့်
သူပြုံးပြလိုက်ပြီး...
"ကလေးမလိုက်ပါနဲ့
ကလေးညကပင်ပန်း
ထားတယ်လေ...ပြီးတော့
နောက်ကျမှ အိပ်ရတာဆိုတော့
ကလေးထပ်အိပ်လိုက်အုံးလေ.."
"အဟင်း...ဟုတ်ပါပြီကွာ....
လိုက်ခဲ့နော်..ပြီတော့ မနေ့က
စစ်ခွန်းပြန်သွားလား..."
"ဟုတ်တယ်..ပြန်သွားတယ်လေ
ကမ္ဘာနဲ့စကားပြောပြီးတောကပဲ..
ခဏနေတော့ကားမောင်း...."
ကမ္ဘာစကားဆက်ပြောနေရင်း
သူ့ကို ကြည့်လိုက်ကာ...
"ဦးမာန်..ကိုကို ကိုယ်ဖုန်းဆက်
ပါလား..လွန်းကိုတွေ့မိသေးလားလို့...."
ကမ္ဘာပြောသော်လည်းဦးမာန်ကတစ်ခုခု
ကိုစဥျးစားနကော...
"အွန်းကိုဆက်ကြည့်လိုက်မယ်..."
သူပြောလည်းပြောစစ်ခွန်းရဲ့
ဖုန်းနံပါတ်ကိုနှိပ်ကာ...
"Hello..ကိုစစ်ခွန်းမှိုင်း
ခင်ဗျာလမ်းမှာပဲလား...."
----------------------------
"သြော်ဟုတ်တယ်..ခင်ဗျာတစ်ယောက်
ထည်းပြန်တာလား..."
-------------------------------------------------
"မဟုတ်ပါဘူး...ကျွန်တော်ကဒီအတိုင်း
ဖုန်းဆက်ကြည့်တာပါ....အာ့ဒါဆို
ကိုစစ်ခွန်းမှိုင်း ကားကိုဂရုစိုက်မောင်း
အုံးနော်...ကျွန်တော်ဖုန်းချလိုက်တော့မယ်.."
သူပြောပြီးဖုန်ချလိုက်ကာ
အိပ်ယာပေါ်ကသူမလေးက
သူ့ကိုမျက်ဝန်းဝိုင်းလေးနဲ့
ကြည့်ပြီး..စစ်ခွန်ဘာပြန်ပြော
လည်းကို သိချင်နေတဲ့ပုံစံလေး
ဖြင့်ကြည့်နေတော့ သူပြုံးလိုက်ပြီး...
သူမလေးအနားသွားကာထိုင်လိုက်ပြီး..
"စစ်ခွန်းကအခုလမ်းမှာပဲ
ရှိသေးတယ်တဲ့..လွန်းလည်းပါ
သွားပုံမရပါဘူး..သူတစ်ယောက်ထည်း
တဲ့..."
"ဟင်..ဟုတ်လား..အာ့ဒါဆို
ကမ္ဘာတို့ သွားဝိုင်းရှာရမယ်..."
ပြောလည်းပြောကမ္ဘာထလိုက်တော့
သူက ခါးလေးကို ဆွဲဖက်လိုက်ကာ...
"နေပါအုံး...ကိုယ်လူတွေဖျန့်ရှာခိုင်းထား
ပါတယ်ကွာ...ပြီးတော့ အခုချက်ချင်းကြီး
ဘယ်နေရာကို သွားရှာရမှာလည်း..သဲလွန်စ
အရင်ရှာရအုံးမယ်..."
"ဦးမာန်လွန်းကိုမစိုးရိမ်ဘူးလား.."
"ဆိုးရိမ်တာပေါ့လွန်းက ကိုယ့်
ရဲ့တစ်ဦးတည်းသောညီမလေးပဲ...."
"အာ့ဒါဆိုရင်သွားရှာမယ်လေ..."
"အဟွန်းလွန်းက သူ့ကိုယ်သူ
ကာကွယ်နိုင်ပါတယ်..သူ့ကို
ယောကျာ်းအရင့်အမာကြီး
နှစ်ယောက်ရှင်ပြီးဘောက်စင်
ထိုးတာတောင် မနိုင်ဘူးနော်
လွန်းက ဘောက်စင်ထိုးတာအရမ်း
တော်တာ..အာ့ဒါကြောငိ့လွန်းကို
ကိုယ်ယုံကြည်တယ်..."
သူစကားကို ခဏရပ်လိုက်ကာ
သူမလေးကိုကြည့်ပြီး ခပ်ညစ်ညစ်
ပြုံးလိုက်ပြီး...
"အခုတော့...ကိုယ်တို့ မင်္ဂလာညဦး
ကပြီးပြီဆိုတော့..မင်္ဂလာနေ့ဦးလေး
လုပ်လိုက်ရအောင်လာခဲ့..."
"အို...ဦးမာန်...ဦးမာန်နော်...ရှင်ကြီး
အရှက်မရှိလာမပြောနဲ့...
ကမ္ဘာကလိုက်မှာပဲ
လွန်းကိုကမ္ဘာပါလိုက်ရှာ....."
ပြောလည်းပြောသူက
သူမတို့နှစ်ဦးစလုံးပေါ်ကို စောင်
ဖြူဖြူဖွေးဖွေးကြီးကို လွှမ်းမိုးလိုက်ကာ
ကမ္ဘာအသံလေးမှာလည်းတိတ်စိတ်သွား
ပြီး မနက်ဦးရဲ့ နေမင်းကြီးကတော့
အလင်းရောင်ကို တောက်ပနေလို့ပင်။
----------------------------------------------------------^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒
"မေမေ...မူယာအပြင်
ခဏသွားအုံးမယ်.
ပိုက်ဆံနည်းနည်းလောက်
ပေးပါအုံ..."
ဒေါ်ငွေခင် ဟင်းရွက်သင်းနေရင်း
သမီးဖြစ်သူပြင်ဆင်ထားတာကို
ခေါင်းဆုံးခြေဆုံးကြည့်ပြီး မဲ့လိုက်ကာ..
"ဟဲ့ မူယာခင် သမီးဘယ်လိုတွေ
ဝတ်ထားတာလည်း...သွားပြန်ချွတ်စမ်းအေ..."
ဒေါ်ငွေခင် စကပ်ပေါင်တိုလေးကို
ချပ်ကပ်နေအောင်ဝတ်ဆင်ပြီး
အင်္ကျီလက်တစ်လုံးလေးကလည်း
ဗိုက်သားဖွေးဖွေးလေးတွေပေါ်တဲအထိ
ဝတ်ဆင်ထားပြီ..မျက်နှာလေးကိုလည်း
ကာလာတွေရောင်စုံအောင်ခြာ်သပြင်ဆင်
ထားသော သမီးဖြစ်သူရဲ့ပုံစံကိုကြည့်ကာ
ပြောလိုက်တော့...
မူယာလှပအောင်ကောက်ထားသော
ဆံအခွေတွေကို စိတ်ရူပ်သလိုကုတ်
လိုက်ပြီး...
"ဟာ..မေမေကလည်း..မူယာကဘယ်
လိုဝတ်လို့လည်း..အခုသွားမဲ့ Class
က အခုလိုဝတ်မှ ဝင်လို့ရတာမေမေရဲ့...."
"မသိဘူးအေ..ညည်းဝတ်ထားတာ
ဖင်ကပေါ်တော့မယ်...ညည်းအဖေသိရင်
ညည်းကိုပြောလိမ့်မယ်..."
"ဟာ..မေမေကလည်းမူယာ
အာ့ဒိကိုအလကားသွားနေတာ
မဟုတိဘူးနော်...အာ့မှာမူယာကို
ကြွေနေတဲ့ သူတွေအများကြီး
အာ့ထဲကမှ မူယာအသုံးချလို့ရမဲ့
တစ်ယောက်ကိုရွေးပြီး...မူယာ
Planကိုစဆွဲရမယ်..."
သမီးဖြစ်သူအပြောကြောင့်
ဒေါ်ငွေခင် မျက်နှာမှာဝင်းလက်
သွားကာ...
"အာ့ဒါဆို ညည်းအာ့ကောင်လေး
တွေဆီက ငွေရအောင်အရင်လုပ်အေ
ငါတို့မှာ သိပ်မရှိတော့ဘူး..ညည်းကလည်း
အရမ်းသုံးတာ..ညည်းအဖေတော့မသိစေ
နဲ့နော်....''
မူယာမေမေကိုပြုံးပြလိုက်ပြီး....
"ဟုတ်ကဲ့ပါမေမေ...မူယာဒီည
ငွေထုတ်ပိုက်ပြီးပြန်လာခဲ့မယ်..အဟင်..
အခုတော့အရင်ပေးနောိ..."
ဒေါ်ငွေခင်သမီးစီက ပိုက်ဆံ
ရမယ်ဆိုတာကြောင့် မျက်နှာ
မှာပြုံးရွှင်နေကာ...
"ပြော..ဘယ်လောက်လည်း..."
မူယာခင်လက်ငါးချောင်းထောင်
ပြတော့...ဒေါ်ငွေခင် မျက်လုံးပြူး
သွားကာ...
"ဘုးရားရေ...ငါးသိန်းဟုတ်လား..."
ဒေါ်ငွေခင်ရင်ဘက်ပုတ်ကာ
ပြောတော့မူယာပြုံးလိုက်ကာ...
"မေမေ..ဒီညမူယာပါလာတဲ့
ပိုက်ဆံကိုမလိုချင်ဘူးလား.."
ဒေါ်ငွေခင်မျက်စောင်း
ထိုးလိုက်ပြီး...
"ညည်းနော်..ပေးလိုက်မယ်
ပါမလာလို့ကတော့အိမ်ပေါ်
ကဆင်းကပြီမှတ်..."
"အဟင်း..မေမေကလည်းစိတ်ချ
ပါလာစေရမယ်..လုပ်ပါ..၅သိန်းထည်းကို.."
"အေးပေးလိုက်မယ်..အာ့ဒါအကုန်
ပဲနော်..ညည်းပါမလာရင် ငတ်ပြီသာမှတ်..."
ဒေါ်ငွေခင်ပြောပြီး အခန်းထဲမှာ
ပိုက်ဆံသွားယူက သမီးဖြစ်သူကို
ပေးလိုက်ပြီး...
"မူယာညည်းကို ကျုပ်ယုံလိုက်မယ်နော်...''
"အဟင်း...စိတ်ချ..ငါးဆဖြစ်အောင်
မူယာတို့ဖန်တီးလာခဲ့မယ်..."
ဒေါ်ငွေခင်လှပခေတ်ဆန်စွာ
ဝတ်ဆင်ပြီးထွက်သွားသော
သမီးဖြစ်သူရဲ့ နောက်ကျော
လှလှလေးကိုကြည့်ကာ...
ပြုံးလိုက်မိသည်။
"အဟင်း..ငါ့သမီးကငွေထုပ်လေးပဲ..."
"ငွေခင်...မင်းသမီး...လား
စောစောက ထွက်သွားတာ..."
ခင်ပွန်းဖြစ်သူ ဦးဝဏ္ဏာ မီးဖို
ခန်းထဲဝင်လာပြီးပြောတော့
ဒေါ်ငွေခင်မျက်နှာပျက်သွားကာ...
"ဟုတ်တယ်..သမီးက သူ့သူငယ်ချင်း
မွေးနေ့ရှိလို့သွားတာလေ..."
"အေး..သွားတာလည်းသွားပေါ့
မိုးချုပ်ထိအောင်တော့မနေခိုင်း
နဲ့အုံး..."
"အင်းပါ..."
"သြော်ပြီးတော့..နောက်တစ်ပတ်
ငါတို့အိမ်ပြောင်းရမယ်ထင်တယ်...."
ဒေါ်ငွေခင်မျက်နှာပျက်သွားကာ
မေးတော့ ဦးဝဏ္ဏာ ပြုံးလိုကိကာ..
"မစိုးရိမ်ပါနဲ့..ငါ့အသိတစ်ယောက်
ရဲ့အိမ်..မင်းတို့ဘဲ..ဒီအခန်းလေးထဲမှာ
မနေချင်တော့ဘူးဆို..အာ့ဒါကြောင့်
ငါ့အသိတစ်ယောက်က ကူညီတာ..
အိမ်လစာလည်းမပေးရဘူး..."
"ဟင်...ရှင်တကယ်ပြောတာလား
ဝမ်းသာလိုက်တာ...ဘယ်လိုအိမ်
မျိုးလည်းဟင်..."
"ဒီအခန်းထပ်တော့ကြီးတယ်..မင်းဟိုရောက်
ရင်တွေ့ရလိမ့်မယ်..''
ဦးဝဏ္ဏာ ပြောပြီး ဝရံတာလေး
ဘက်ထွက်သွားတော့..
မက်တပ်လေးရပ်ကာ
ကျန်ခဲ့သောဒေါ်ငွေခင်မှာတော့
မျက်နှာမှာအပြုံးတွေဝေဆါနေတော့သည်။
သူမတို့ကို ကံတရားက မျက်နှာသာပြန်ပြီး
ပေးနေပြီမဟုတ်လား....
------------------------------------------------------^^^^^^^^🍒🍒🍒🍒🍒🍒🍒
စစ်ခွန်းကိုမာန်ထူးထူး
ဆန်းဆန်းဖုန်းဆက်တော့
အံ့သြကာ...ဖြစ်နေပြီး
တစ်ဖက်ကဖုန်းချသွားသော်
လည်းသူစဥ်းစားနေမိသည်။
တစ်ခုခုသတိရသွားကာ
မျက်နှာမှာပြုံးလိုက်ပြီး....
"အဟွန်း..ဝလုံးလေးဆက်ခိုင်းတာနေမယ်.."
စစ်ခွန်းကားမောင်းနေရင်း...လမ်းဘေး
မှာ သပ်ရပ်နေသော သူစားနေကြထမင်း
ဆိုင်အနားကားရပ်လိုက်ကာ...ထမင်းစား
ရန်ကားပေါ်က ဆင်းလာခဲ့သည်။
"ဟယ်မောင်လေး...မမြင်ရတာကြာပြီ..
ဘယ်တောက ရန်ကုန်ဘက်သွားလိုက်တာ
လည်း..."
သူ့ကို ရင်းနှီးနေပြီဖြစ်သော ဆိုင်ရှင်အမကို
သူပြုံးပြလိုက်ကာ....
"သွားတာလွန်ခဲ့တဲ့ ၄ရက်လောက်ထည်ဗျ...
ကျွန်တော်ဒီကိုမဝင်မိတာ..."
"အဟင်း..ဟုတ်ပါပြီး...ဟင်း
ကအရင်တိုင်းပဲလား... ဆက်သား
ခြောက်လေးလည်းရနေပြီးနော်မောင်လေး..."
"ဟုတ်ကဲ့အမ..အာ့ဟင်းပါ
ထည့်လိုက်..ပြီးရင်..ကျွန်တော့်
ကိုရေဘူးပါပေး...."
"Okမောင်လေးရမယ်...."
စစ်ခွန်းတောင့်နေရာက
ထိုင်ခုံလေးမှာသွားထိုင်ပြီ
ဆိုင်ထဲကိုမျက်လုံးဝေ့ကြည့်
လိုက်တော့...အခြားဝိုင်းက
ခရီးသွားတဲ့ ကောင်မလေးတွေ ထင်သည်
သူ့ကို ပြုံးစီစီနဲ့ကြည့်နေကြတော့ သူပြုံးကာ
ခေါင်းရမ်းလိုက်မိသည်။
"ဟဲ့...ဟိုမှာကြည့်ရမ်းကျားကျား
ယားယားရှိလိုက်တာဟယ်...အရမ်း
ချောတာပဲ အသားလေးကိုဖွေးနေတာ
ပဲ...."
"ဟုတ်ပ..နင်သွားမိတ်ဆက်ပါလား..."
"ဟာ..မသွားရဲပါဘူး..ရုပ်ကြီးကတည်တင်း
နေတာကို...ပြီးတော့ ရှမ်းလူမျိုးလေးလား
မသိဘူး..အသားလေးကို ဥပြီး ဝင်းဝါနေတာပဲ
မျက်နှာလေးကလည်းချောလိုက်တာ...မျက်ခုံးကြီး
ကလည်းထင်းနေတာပဲ..ငါတော့ ရင်တွေခုန်လာပြီ..."
"ဟဲ့ကောင်မ...အရမ်းလည်းငမ်းမနေနဲ့အုံး
တော်ကြာလိုင်စင်ကြီးနဲ့ဖြစ်နေအုံးမယ်..."
"ဖြစ်စရာလားအေ..ဒီလောက်သန့်သန့်ပြန့်ပြန့်
လေးကို...."
"သြော်ပြောရမလား..အခုခေတ်က အိမ်ထောင်သည်
တွေလည်းချောနေကြတဲ့သူတွေမှအများကြီး.."
"အေးပါအေ..နင်ကလည်း..ချောလို့
ငမ်းတာတောင်ဝအောင်မငမ်းရဘူး.."
စစ်ခွန်ထိုကောင်မလေးတွေပြောနေကြတာ
ကိုမကြားချင်ယောင်ဆောင်နေကာ...
ဖုန်းကြည့်နေလိုက်သည်။
"မောင်လေး..သုံးဆာင်လို့ရပြီနော်..."
သူထိုဆိုင်ရှင်အမကိုပြုးပြလိုက်ပြီး...
"ဟုတ်ကဲ့အမ..ကျေးဇူးပါ ဗျ..."
စစ်ခွန်းဆိုင်ရှင်အမ
လာချပေးသောထမင်းကို
ဗိုက်စာစာနဲ့ စားနေလိုက်သည်။
ပြီးတာနဲ့ ပိုက်ဆံရှင်းကာ
ကားပေါ်တက်လိုက်ပြီးမောင်း
ထွက်ရန်အပြင်...ဆံပင်တွေပွကာ
သူ့ကို ကားနောက်ခန်းကနေ
လက်ပိုက်ပြီးထိုင်ကာကြည့်
နေသောမိန်းမတစ်ယောကိကြောင့်
စစ်ခွန်းလန့်သွားကာ...
"မင်း....မင်း...ဘယ်သူလည်း..."
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း