book

Index 22

အပိုင်း (22)

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

သူက ရယ်လိုက်ပြီးသူမအနားတိုး

လာကာ...


"ကိုယ်ကိုက်ရင်လည်း...

ကလေးမအော်နဲ့နော်..."


ကမ္ဘာရှက်သွားပြီးသူ့ကို

ထုလိုက်ကာ....


"သွား..နှာဘူးကြီး..."


"ဟား...ဟား...ဟားး..."


သူအမြင်ကပ်စရာကောင်း

လောက်အောင်ရယ်နေတာ

ကြောင့် ကမ္ဘာမျက်စောင်း

လေးထိုးလိုက်ကာ...သူ့ကို

ကျောခိုင်းကာ  ဆူပုတ်ပုတ်လေး

ထိုင်နေမိသည်။


မာန် လှပသောခန္ဓာကိုယ်လေး

မှာမြန်မာဝမ်းဆက်လေးကို

ချပ်ရပ်စွာဝတ်ဆင်ထားသော

သူအခု တရားဝင်ပိုင်ဆိုင်

ရတော့မဲ့ သူ့ဇနီးလေးကို

မာန်..ဘယ်လိုချစ်လို့ ချစ်မှန်း

ကိုမသိတော့ တစ်နေ့တစ်ခြား

ကို ပိုပိုတိုးပြီချစ်လာတာတော့

ကြိမ်းသေပါသည်။


မာန်စိတ်ဆိုးသွားသော

သူမလေးကိုကြည့်ကာ

နှုတ်ခမ်းကိုက်ကာပြုံးလိုက်

မိသည်။


"အကိုလေး...ထွက်လာဖို့ ရှေ့နေကြီး

ပြောခိုင်းလိုက်လို့ပါဗျ...ဧည့်သည်တွေ

လည်းအစုံရောက်နေပါပြီ..."


"အင်း...ထွက်လာခဲ့မယ်.."


သူရအခန်းအပြင်ကနေပြီးပြော

တာကြောင့် သူမလေးကလည်း

သူ့ကိုလှည့်ကြည့်လာကာ သူ သူရ

ကိုပြန်ပြောပြီး သူမလေးနားကို

လျှောက်လာပြီး မှန်တင်ခုံပေါ်က

သတိုးသမီးလက်ကိုင်မိုးပြာရောင်

ပန်စည်းလှလှလေးကိုယူပေးကါ

သူမလေးကိုကမ်းပေးလိုက်ပြီး

သူ့လက်ကိုချိတ်ရန် အချင်ပြလိုက်တော့

သူမလေးကသူ့ကို မျက်စောင်းထိုးကာ

ထရပ်ပြီး သူ့လက်ကို ချိတ်ကာ...

သူတို့နှစ်ဦး လက်မှတ်ထိုးရန် ခန်းမထဲကို

ဝင်လာပြီး ဖိတ်ဖိတ်တောက်နေသော အနီ

ရောင်ကော်ဇောကြီးတွေအပေါ်မှတစ်ဆင့်

ဖြတ်လျှောက်လာခဲ့ကြသည်။


"ဟယ်...လှလိုက်တာ.."


"လိုက်ဖက်လိုက်တာကြည့်စမ်း..."


"ကျက်သရေရှိလိုက်ကြတာ..."


သူမသူ့လက်ကိုချိတ်ကာ ခန်းမ

ထဲကိုဝင်လာတဲ့တစ်လျှောက်

လူအများရဲ့ အားကျခြင်း ချီမွန်း

ခြင်းတွေကို တစ်လမ်းလုံးကြား

လာရပါသည်။ ဒါကလည်း သူမ

တော်ရမည့်ခင်ပွန်းရဲ့ အရှိန်အဝါတွေ

ကြောင့်ဆိုတာသူမသိပါသည်။

ဤခင်ပွန်းသည်သူမအတွက်တော့

လုံခြုံမှုပေးပြီး နွေးထွေးစေမဲ့

ရင်ခွင်နန်းတော်ကြီးပါပဲ....

နောက်ဆုံးတော့လည်းသူမရဲ့

အနီရောင်စာမျက်နှာနွေက သူရဲ့

အကြင်နာတွေကြောင့် အဖြူရောင်

သန်းသော စာမျက်နှာလေးတွေ

ဖြစ်တော့မယ်ဆိုတာကို သူမယုံကြည်

နေမိပါသည်။ထို့ကြောင့် ဤခင်ပွန်းကို 

သူမ အများကြီးပိုချစ်သွားမယ်ဆိုတာ

သူမ မျက်နှာလေးတွေပေါ်က

အပြုံးလေးများကဖော်ပြနေပါသည်။


မာန်တို့လက်မှတ်ထိုးပွဲပြီးတော့

ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦး

ဆွမ်းကျွေးအလှူလေးပြုလုပ်ကာ

အခုတော့ ညစာစားပွဲလေးကို

ရောက်ရှိလာပြန်ပါပြီ။


ဧည့်ခံပွဲမှာ ဧည့်သည်များကစည်း

ကားနေပြီး သူနဲ့သူမမှာ အခုထိ 

ဧည့်ခံပွဲကိုမသွားရသေးဘဲ ပြဿနာဖြစ်

နေကြသည်။


"ဦးမာန်နဲ့...မနက်ကလည်း ဒီအတိုင်းပဲ

သွားကမ္ဘာကို စောင်သွားယူပေး

အာ့စောင်ကို ကျောမှခြုံသွားမယ်..."


မာန်သူမအပြောကြောင့် မျက်နှာကြီး

ရူံ့မဲ့သွားကာ...


"ကလေးကလည်းကွာ..ဒီတစ်ခါတော့

ကိုယ့်စကားကိုနားထောင်...တောက်

တွေ့အုံးမယ်..."


"ဘာ..ဦးမာန်ရှင်..ကမ္ဘာကိုတောက်ခပ်

လိုက်တာလား..."


အသံစာစာလေးနဲ့သူ့ကိုရန်တွေ့နေသော

ဒီညရဲ့ သတိုးသမီးလေးမှာသူ့ကို မျက်မှောင်

လေးကုတ်ကာရန်တွေ့နေတော့သူပြာယာ

ခပ်စွာ...


"မဟုတ်တာကလေးရာ...ကိုယ်က 

ကလေးကို တောက်ခပ်စရာလား..

ဒီလောက်ထားစရာနေရာမရှိအောင်

ချစ်ရတာကို...ဟိုဒဇိုင်နာကို တောက်

ခပ်တာ..စေချာပြောထားရက်နဲ့ လုံခြုံအောင်

မချုပ်ပေးဘူး...''


သူမသူ့ကိုမျက်စောင်းထိုး

လိုက်ကာ...


"ဦးမာန်ကပိုကိုပိုတာလေ

ဒီမှာကြည့်ပါလား...ဘယ်မှာကျော

အာ့လောက်ပေါ်လို့လည်း..ဒီလောက်တော့

ဝတ်အုံးမှာပေါ့..အာ့လောက်အပေါ်မခံချင်ရင်

အရင်ထဲကဦးမာန် ကမ္ဘာအတွက် ပိတ်စပဲခြုံ

ဖို့ဝယ်ပေးထါးပါလာ..."


သူ့ကိုဆူပုတ်ပုတ်လေးဖြင့် 

လှပသောကိုယ်လုံးလေးကို

သူ့အရှေ့မှာလှည့်ပြကာ..

ကျောသိပ်မပေါ်တဲ့အကြောင်း

လာပြောနေသော သူမအမူအရာလေး

ကြောင့် သူနှုတ်ခမ်းကိုက်လိုက်ကာ..

မျက်ခုံးကိုလက်နဲ့အသာခြစ်ပြီး...


"ကလေး...မင်းဒီအခန်းထဲက မထွက်

ချင်တော့တာလား..."


"ဟင်..."


ကမ္ဘာသူ့အပြောကို နားမလည်သလို

လေးဖြစ်ပြီး ပြူးကြောင်ကြာင်လေး

ကြည့်နေရာမှ...တစ်ခုခုကိုသတိရသွား

သလိုမျက်နှာလေးရဲသွားကာ...


"ဦးမာန်တော်တော်နှာထတာပဲ

ရှင်ကြီးမိန်းမမမြင်ဖူးဘူးလား..."


"အဟက်...မြင်ဖူးတာပေါ့

ဒါပင်မဲ့ အာ့မိန်းမတွေကို 

ကိုယ် စိတ်ကူးထဲတောင်မရှိ

ဘူး...ကိုယ်ဘူးတာက 

ကလေးတစ်ယောက်ပဲ..."


ကမ္ဘာသူ့ရဲ့အရှက်မရှိတဲ့

အပြောတွေကြောင့်ရှက်သွားကာ


"တော်ပြီး..ဦးမာန်သွားမယ်

အခုလောက်ဆို ဧည့်သည်တွေ

ရောက်နေလောက်ပြီ...."


"အဟွန်း..ဟုတ်ပြီး...

ဒါလေးတော့ခြံထားပေးနော်..."


ပြောလည်းပြောသူမရဲ့ ပုခုံလေးကနေ

သူ့ရဲ့ ကုတ်အင်္ကျီအမဲရောင်လေးထပ်

ဝတ်ခိုင်းထားတော့..ကမ္ဘာဘာမှပြန်မပြော

တော့ဘဲ သူစိတ်ကျေနပ်အောင်..ဝတ်လိုက်ပြီး

ဧည်သည်များရှိရာကို ထွက်လာခဲ့လိုက်သည်။


----------------------------------------------------^^^^^^^🍒🍒🍒🍒🍒🍒🍒🍒


"ဟာ...ဦးမာန်တံခွန်တို့

ကို ထွက်လာမယ်တောင်

မထင်ထားဘူးဗျာ...."


သူတို့ ခြံဝိုင်းထဲက 

ဧည့်ခံပွဲစီရောက်သွား

တော့...သူ့ရဲ့ အပေါင်း

အသင်းတွေရဲစနောက်မှု

ကြောင့် ကမ္ဘာကတော့

မျက်နှာလေးရဲချိတ်နေကာ

သူကတော့ ပြုံးပြီး...


"မဟုတ်တာဗျာ...ကျွန်တော်ကလေး

ပြင်ဆင်နေတာ နည်းနည်းကြာသွား

လို့ပါဗျ..."


"ဟား....ဟုတ်ပါပြီဗျာ..

ဦးမာန်တံခွန်ကိုမနက်ထည်းက

နှုတ်တက်မလို့ဗျ...စီနေရာထိုး

နေရတာနဲ့ အခုမှရတယ်ဗျာ..

Congratulations ပါဗျာ..

အခုလို ဇနီးချောလေးကို

ပိုင်ဆိုင်ထားရပြီး ကလေးတွေ

လည်းအများကြီးရပါစေဗျာ..."


"Thanks ပါ...စာကြအုံးနော်

ကျွန်တော်တို့ ဟိုဘက်ဝိုင်းတွေ

ဧည့်ခံလိုက်အုံးမယ်...."


သူတို့ပြောပြီးအခြားဝိုင်း

ဘက်ကိုထွက်လာတော့..


"Oh.Mr.မာန်...Congratulations

Your girl is so beautiful.... "


"Thanks Mr.Jon..."


သူနိုင်ငံခြားသားတွေကို

လက်ဆွဲနှုတ်ဆက်စကား

ပြောကာ..သူမကိုကြည့်လိုက်

ထိုလူတွေနဲ့ပြောလိုက်နဲ့ သူမနား

လည်တာလည်းရှိသလို သူမမသိသော

ပြင်သစ်လူမျိုးတွေနဲ့ပါသူက မိခင်ဘာသာ

စကားလို ကျွမ်းချင်စွာပြောနိုင်တော့

သူမအထင်ကြီးလေးစားမိတာအမှန်ပါ။


"မေမေ...သားသားရောက်ပြီ..."


သူမအနားပြေးလာသော သားကို

သူမ ထိုင်ပြီးဖက်လိုက်ကာ...


"သားသားဖွားဖွားတို့အိမ်ရောက်

သွားတာပျော်ရဲ့လား..."


"ဟုတ်ပျော်တယ်မေမေ...ဖေစစ်ရောဟင်..."


"အဟင်း..သားဖေစစ်ဟိုမှာ လူကြီးတွေနဲ့

စကားပြောနေတယ်သားရဲ့...သားသားဘယ်

သူနဲ့လာတာလည်း..."


"ဖိုးဖိုးနဲ့ဘွားဘွားနဲ့..တီတီနဲ့..."


"အဟင်း...ဟုတ်ပါပြီး..."


သူမသားပါးဖောင်းဖောင်းလေး

ကိုနမ်းလိုက်မိသည်။လွန်းတို့က

သားကိုမနက်ထည်းက သူတို့အိမ်ကို

ခေါ်သွားကာ...အခုပြင်ဆင်ပြီးမှ ပြန်

ခေါ်လာတာဖြသ်သည်။


"ဟယ်..သမီးရယ်...လှလိုက်တာ

ဒါ့ကြောင့်တူတော်မောင်က 

ကလေးမှကလေးဖြစ်နေတာကို..."


"အဟင်း..အာ့လောက်လည်းမဟုတ်ပါဘူး

ဒေါ်လေးရဲ့..."


ဒေါ်လွန်းသော်သူ့ကိုသားမာန်လို့

ဘဲတရင်းတနှီးဒေါ်လေးလို့ခေါ်

လာတာကြောင့် မျက်နှာကြီးမှာ

ပြုံးသွားကာ...


"အဟင်း...မဟုတ်ပဲ

နေမလား..ဒီပွဲမှာသမီးလောက်လှတဲ့

သူမရှိသေးဘူး..."


ကမ္ဘာပြုံးလိုက်ပြီးအခုမှပွဲထဲကို

ဝင်လာတဲ့ ပန်တောက်ခြောက်ရောင်

ဂါဝန်ပွဲတက်အရှည်လေးကိုဝတ်ဆင်

ထားသော မြသလွန်းကိုကြည့်ပြီး

ပြုံးလိုက်ကာ..


"အဟင်း..ဒေါ်လေးကလည်း

မရှိဘဲနေမလား..ဟိုမှာလေး

လွန်းရှိပါတယ်..."


ဒေါ်လွန်းသော ကမ္ဘာလက်ညိုး

လေးထိုးပြီး ပြလိုက်သော

နေရာကိုကြည့်လိုက်တော့

သူမသမီးလွန်းကိုတွေ့တာကြောင့်

ပြုံးလိုက်ကာ...


"ကမ္ဘာလေးကိုတော့မမှီပါဘူးကွယ်..."


"ဟာ..ဒေါ်လေးတို့ရောက်ပြီကို...

လာသားဖေဖေဆီကို...ဒေါ်လေး

တို့လည်းထိုင်ကြအုံး..ကျွန်တော်

ဧည်သည်တွေကို  သားနဲ့ကလေးကို

မိတ်ဆက်ပေးလိုက်အုံးမယ်..."


"အင်းဟုတ်ပြီးသား..."


သူသားနဲ့ သူမလေးကိုခေါ်လာပြီး

သူ့ရဲ့အပေါင်းအသင်းတွေနဲ့မိတ်ဆက်

ပေးတော့ ကမ္ဘာမှာ ပြုံးပြနေရတာ

ကြာတော့ပါးတောင်းညောင်းလာပြီ

ဖြစ်သည်။


"ဦးမာန်...သားနဲ့ လိုက်ဧည့်ခံနေလိုက်အုံး

ကမ္ဘာကိုကိုစီသွားလိုက်အုံးမယ်...သူ

က ဒီပွဲပြီးတာနဲ့ ညတွင်းချင်း ရှမ်းပြည်ပြန်

ဖို့ပြင်နေတယ်သိလား..."


"ဟင်..ဟုတ်လား..အာ့ဒါဆို

သွားလေကလေးရဲ့..ကိုယ်နဲ့သားပဲ

လိုက်ပြီးနှုတ်ဆက်လိုက်မယ်.."


"ဟုတ်..."


ကမ္ဘာပြောပြီး ဂေါင်ဝန်လေးကို အနည်း

ငယ်မကာ..ကိုကိုစီကိုထွက်လာလိုက်သည်။


"ကိုကို...ကိုကို ပြန်မလို့ဆိုဟုတ်လား..."


မျက်နှာငယ်လေးနဲ့ မေးလာသော

ဝလုံးလေးကြောင့် စစ်ခွန်း ပြန်ဖို့ပြင်

နေရာမှပြုံးလိုက်ကာ...


"ဟုတ်တယ်..ဝလုံးလေးရဲ့..

ကိုကို..ရှမ်းပြည်မှာ အရေးကြီး

ကိစ္စပေါ်လာလို့ မေမေဖုန်းဆက်လို့..."


ကမ္ဘာမျက်နှာလေး

ဆူပုတ်ကာ...


"ဟင်..ကိုကိုကလည်း..အချိန်မရှိမှ

မနက်မှပြန်လို့မရဘူးလား.."


"အဟင်း...မရလို့ပေါ့

ဝလုံးလေးရယ်..ကိုကို

ဝလုံးလေးတို့ မင်္ဂလာ ပွဲ

ပြီးအောင်နေချင်ပါတယ်..

စိတ်မကောက်နဲ့နော်..ကိိုကို

လာလည်အုံးမှာပါ.."


"ဟုတ်..အာ့ဒါဆို

ကားကိုဂရုစိုက်

ပြီးမောင်းနော်ကိုကို.."


သူမပြောတော့ကိုကိုက

သူမခေါင်းလေးကိုပုတ်လိုက်ပြီး...


"ဟုတ်ပါပြီဗျာ..ကိုမာန်တံခွန်ကိုရော

ကိုကိုနှုတ်ဆက်တယ်ပြောပေးနော်..."


"ဟုတ်ကိုကို..."


"အာ့ဒါဆိုသွား..ဧည်သည်တွေကို

သွား​ဧည့်ခံလိုက်အုံး..."


"ဟင့်အင်းမသွားရတော့ဘူး

ကိုကိုရဲ့ ကမ္ဘာအခန်းကိုပဲ

ပြန်နားတော့မှာ...''


စစ်ခွန်းသတိုးသမီးညဝတ်စုံလေး

နဲ့လှပနေသောကမ္ဘာလေးကို

ကြည့်ကာပြုံးလိုက်ပြီး...


"အဟွန်းဟုတ်ပါပြီ....အာ့ဒါဆို

သွားတော့ ကိုကို...ပြန်ဖို့ပြင်ဆင်

လိုက်အုံးမယ်..."


"ဟုတ်ကိုကို..."


ကမ္ဘာပြောပြီးအခန်းရှိရာကို တက်လာ

ခဲ့သည်။

-------------------------------------------------------^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒


လွန်းဝိုင်းနည်းနည်းသောက်ပြီး

မူးလာတာကြောင့် မေမေနဲ့ဖေဖေကို

ကြည့်ကာ..


"မေမေ..လွန်းနည်းနည်းခေါင်းမူးလာ

လို့...ကားထဲအရင်သွားနှင့်မယ်နော်..."


"ဟုတ်ပြီသမီးမေမေတို့လည်း

မကြာပါဘူး..အနောက်ကလိုက်

လာခဲ့မယ်.."


"ဟုတ်..."


လွန်းဝိုင်းသောက်ပြီးတာ

နဲ့အခုလို ဖြသ်နေကြဖြစ်တာ

ကြောင့် သူမဝိုင်းဆိုဝေးဝေး

ကာရှောင်ခဲ့တာဖြစ်သည်။


အခုတော့ ကိိုကိုမင်္ဂလာ

ဆောင်မှာ သူငယ်ချင်း

တွေရဲ့ကောင်းမှုကြောင့်

လွန်းသောက်ခဲ့ရတာဖြစ်သည်။


သူမလှမ်းလျှောက်လာရင်း

ပိုပြီးမူးဝေလါကာ မျက်လုံးတွေဝါး

လာပြီး သူမတို့ကားအနောက်ခန်းထဲ

ဝင်ခွေနေလိုက်သည်။


စစ်ခွန်း..ပြင်ဆင်ပြီး...

ရှမ်းပြည်ပြန်ဆင်းဖို့ကား

ကားပေါ် ကိုတက်ကာ..

မောင်းထွက်လာခဲ့သည်။


ကားလေးကတစ်စတစ်စ

ထိုမင်္ဂလာပွဲလေးနဲ့ဝေးရါဆီသို့.....

ထိုအတူသူ့နှလုံးသားလေးက

လည်း သူနဲ့ အဝေးရောက်သွားခဲ့

ပါပြီ။


"ကိုယ်မင်းအပေါ်ညီမလေး

တစ်ယောက်လို ဖြူဖြူစင်စင်

ချစ်သွားမှာပါဝလုံးလေးရယ်...''


ဒေါ်လွန်းသော်တို့ သားမာန်တို့ကို

နှုတ်ဆက်ကာ...ကားဆီကိုပြန်လာခဲ့တော့

သမီးလွန်းကိုမတွေ့တော့တာကြောင့်...


"ဖေကြီး သမီးကိုမတွေ့ပါလား..."


"ဟင်...ဟုတ်လား...အရင်များပြန်

သွားပြီလားမသိဘူး..."


ဒေါ်လွန်းသော်ခင်ပွန်းအပြောကို

ခေါင်းငြိမ့်ပြီး..


"ဟုတ်လောက်မယ်...ကဲ ကျွန်မတို့ပြန်

ကြမယ်.."


"အင်းကောင်းပြီးသော်..."


ဒေါ်လွန်းသော်တို့ကားလေး

သည်လည်း လမ်းမကြီးအထက်ကနေ

သူတို့အိမ်ရှိရာကို မောင်းနှင်လာခဲ့တော့သည်။


-------------------------------------------------^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒


မာန်အားလုံးပြန်သွားတော့လက်ထဲတွင်

 အိပ်ပျော်နေသောသားကို

 အိမ်တော်ထိန်းဒေါ်မြိုင်ကိုပေးပြီး

 သားအခန်းထဲထည့်သိပ်ပေးရန်​ပြော

ထားခဲ့ပြီး အပေါ်ကိုတက်လာခဲ့သည်။


အိပ်ခန်းထဲရောက်တော့ သူမလေးက 

အိပ်ယာပေါ်မှာ စောင်လေးခေါင်းမူခြုံပြီး

အိပ်နေတော့မာန်ပြုံးလိုက်ကာ..ရေချိုးခန်း

ထဲရေချိုးရန် ဝင်လာခဲ့သည်။


မာန်ရေးချိုးပြီး ပြန်ထွက်လာတော့

မျက်ခုံးတွေပင့်တက်သွားသည်။

အကြောင်းမှာ စောစောကစောင်

ခေါင်းမူးခြံနေသောသူမလေး မရှိတော့တာ

ကြောင့် ဖြစ်သည်။သူမျက်လုံးဝေ့ကြည့်လိုက်

တော့လိုက်ကာအနောက်တွင်လူရိပ်ကလေး

တွေ့လိုက်တာကြောင့် ​ မာန်ကလေးဆန်လွန်းသော

သူမလေးကြောင့် ခေါင်းကိုရမ်းလိုက်ကာ

ပြုံးလိုက်မိသည်။ 


"ကလေး....မင်းဘယ်နေရာမှာရှိနေတယ်

ဆိုတာကိုယ်သိတယ်..ထွက်ခဲ့နော်...."


မာန်ခေါင်းသုတ်ရင်းဆိုဖာပေါ်

ထိုင်ကာအေးဆေးပြောနေသော်လည်း

သူမလေးက လိုက်ကာနောက်ကထွက်မလာ..


"ကလေး...မင်းကိုယ်လာခေါ်မှ ထွက်လာရင်

မလွယ်ဘူးနော်.."


သူပြောသော်လည်းသူမလေးက

အသံထွင်မလာတာကြောင့် မာန်

ခပ်ညစ်ညစ်ပြုံးလိုက်ကာ..

ထိုနေရာကိုထသွားလိုက်ပြီး...

လိုက်ကာကိုဆွဲဖယ်ကာ..


"အဟွန်း..တွေ့ပြီး.."


ပြောလည်းပြော...ပေကပ်ကပ်လေး

ရပ်နေသောသူမလေးကိုပွေ့ချီကာ

ကုတင်ရှိရာကိုခေါ်လာခဲ့တော့...

သူမလေးသူ့ကိုထုရိုက်ပြီးလိုက်ပါလာခဲ့သည်။


"အို..ဦးမာန်တံခွန်နော်..ကမ္ဘာပုန်းနေတာ

မဟုတ်ဘူး..အပြင်က ရူခင်းကို

ကြည့်နေတာ..လွတ်..."


သူသူမလေးကို အိပ်ယာပေါ်ချပေး

လိုက်ပြီး...ညဝတ်ဂေါင်ဝန်လေးနဲ့

လှပနေသောသူရဲ့သတိုးသမီး

လေးကိုကြည့်ကာ...ပြုံးလိုက်ပြီး..


"ကိုကတော့ကလေးကိုယ့်ကို

ကြောက်ပြီးပုန်းနေတယ်ပဲ

ထင်တယ်..အဟွန်း..."


ရေချိုးဝတ်စုံတစ်ခုထည်းပါသော

သူ့ကိုကမ္ဘာမကြည့်ရဲစွာ...မျက်စောင်း

လေးထိုးလိုက်ပြီး...


"ကမ္ဘာကဘာလို့ ကြောက်ရမှာလည်း

ပြီးတော့ပုန်းလည်းမပုန်းဘူး.."


မာန်သူမရဲ့နှုတ်ခမ်းလေးဆီအကြည့်

တွေကိုပို့ကာ...


"အဟွန်းဟုတ်လား...အာ့ဒါဆို

လာခဲ့..."


ပြောလည်းပြောသူ သူမကို

အိပ်ယာပေါ်သူနဲ့အတူဆွဲလှဲ

ချပစ်တော့သူမလန့်သွားကာ

ရုန်းသော်လည်းသူ သူမခါး

လေးကို သူ့လက်ကြီးတွေနဲ့

ရစ်ပတ်လိုက်ပြီး အပေါ်ကနေ

မိုးကာ...မီးရောင်အောက်မှာလှပနေ

သော မျက်နှာဝင်းဝင်းလေးကို

စူးစိုက်ကြည့်ကာ...


"ကလေး..မရုန်းနဲ့တော့ကွာ...

ကိုယ်စီတ်တွေမထိန်းထားချင်တာ့

ဘူး...."


"အို...."


သူပြောလည်းပြော လက်တစ်ဖက်က

မီးထိန်ထိန်ကြီးကိုမှိတ်လိုက်ပြီး

ပြာလဲ့သော ညအိပ်မီးရောင်လေး

ထွက်ပေါ်လာကာ..အမှောင်ကျသွား

သလို...ကမ္ဘာသည်လည်း...မျက်ဝန်းများ

ကိုမှိတ်ထားလိုက်ပြီး...သူ့အလိုတော်အတိုင်းသာ.....


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: