ကောင်းကင်မှာတိမ်လေးတွေက အပြာ
ရောင်းသန်းနေပြီး လောကကြီးကိုအလှ
ဆင်ပေးထါးသလို..ဒီနေ့ဟာလည့်
တူတော်မောင်ရဲ့..မင်္ဂလာရှိသော
မင်္ဂလာနေ့လေးဖြစ်ပါသည်။
ဒါကြောင့်လည်း..ဒေါ်လွန်းသော်
အစောကြီးတက်ကြွနေကာ
ပြင်ဆင်ပြီးသော်လည်း...ခင်ပွန်း
ဖြစ်သူနဲ့..သမီးကြောင့် ဒေါ်လွန်း
သော်စောင့်နေရတာ စိတ်မရှည်ဖြစ်လာကာ..
"လွန်ရေးမြန်မြန်လုပ်...ဖေကြီးရော
မြန်လုပ်နော်...သော်တို့နောက်ကျနေအုံးမယ်.."
"အေးပါကွ...လာပါပြီး...မင်း
သမီးကိုပဲပြော..."
ဦးကောင်းကင် မင်္ဂလာဆောင်
သွားရမှာဆိုတော့ တိုက်ပုံနဲ့အင်္ကျီကို
သပ်ရပ်စွာဝတ်ပြီးထွက်လာပြီးပြောတော့
ဒေါ်လွန်းသော်အပေါ့ထပ်ကိုကြည့်ပြီး...
"သော်တို့က မိဘနေရာကနေပေးရမှာ
လေ..ဒါကြောင့် ဟိုကိုစောစောရောက်မှ
တော်ကာကြမှာဖေကြီး...ရှင့်သမီးလုပ်ပုံနဲ့
နောက်ကျတော့ပါမယ်.."
"လာပါပြီမေမေရယ်..အချိန်က
နောက်မကျပါဘူး...မေမေကပို
လွန်းနေတာ..."
ဒေါ်လွန်းသော်သမီးဖြစ်သူ
ကိုမျက်စောင်းထိုးပြီး...
"အမလေး..ငါ့မှာဒီတူတစ်ယောက်
ထည်းရှိတာ ပိုသင့်တာတော့ ပိုရမှာပဲ...
ည ည်းကိုတော့ထည့်
မတွက်တော့ဘူးယူချင်ယူမယူချင်နေ...."
လွန်နှုတ်ခမ်းဆူလိုက်ကာ....
"အာ့မေမေကလည်း..လွန်းဆို
ပြောဖို့ကြီးပဲ..."
ဒေါ်လွန်းသော် အသက်ကြီးသော်
လည်း စိတ်ချမ်းသာမှုကြောင့်ထင်တယ်
အရွယ်တင်နုပျိုနေကာ...နားမှာပန်ထား
သော စိန်နံကတ် စိန်ဆံထိုး..လက်စွပ် ဆွဲကြို
လက်ကောက်ကအစ..အင်္ကျီနဲ့ဆင်တူ
ဖြစ်နေကာပြင်ထားတာလည်းလွန်း
တောင်အရူံးပေးရသည်။
ဒေါ်လွန်းသော်အရောင်တင်ထား
သောလှပသောနှုတ်ခမ်းကို
မဲ့လိုက်ကာ...
"ညည်းပုံကမဟုတ်လို့လား...
ဒီတစ်သက်လည်းရမယ်မထင်ပါ
ဘူးအေ....."
လွန်းမေမေကိုကြည့်ပြီးပြုံး
လိုက်ကာ...
"လွန်းကိုအထင်မသေးပါနဲ့မေမေ
လွန်းကမယူချင်သေးလို့.လွန်းကို
ကြိုက်တဲ့သူတွေထုနဲ့ဒေ..ဟွန်း
မေမေကြည့်ထားလိုက်..လွန်းက
ယူပြီဆိုလည်း..တစ်ခါထည်းအာ့
ယောကျာ်းနောက်လိုက်သွားမှာ..."
ဒေါ်လွန်းသော် သမီးအပြောကို
သဘောကျသွားကာ...
"အမလေး..အမလေး...ကျုပ်က
ဝမ်းတောင်သာလိုက်အုံးမယ်...."
"ကဲ..ကဲ..ဒီသားအမိဟုတ်တာလည်း
မဟုတ်ဘူး...တွေ့တာနဲ့တကျက်ပျက်ပဲ..
နောက်ကျနေအုံးမယ်သွားကြမယ်...လာ..."
ဦးကောင်းကင်ပြောတော့မှ
သားအမိနှစ်ယောက်စလုံး
တိတ်သွားပြီးကားပေါ်ကိုယ်
စီတက်လိုက်ကြသည်။
လွန်းပန်းနုရောင်ချတ်လေးကို
ချပ်ရပ်စွာဝတ်ဆင်ထားပြီး
ဆံပင်လှိုင်းအကောက်အရှည်
ကြီးကို နောက်တွဲဆံထုံးလေးထုံး
ထားကာ..လှပသောမျက်နှာလေး
မှာလည်း လင်းနေအောင်လှပလွန်းပါသည်။
ဒေါ်လွန်းသော်သမီးဖြစ်သူရဲ့အလှကို
ကိုမျက်လုံးထောင့်ကခိုးကြည့်လိုက်ပြီး
ကျေနပ်စွာပြုံးလိုက်မိသည်။
-----------------------------------------------^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒
"ဖေဖေစစ်သားချောလား
ကြည့်ပေးပါအုံး..."
မနက်စောစောစီးစီးသူ
အခန်းထဲလာပြီး မြန်မာ
ကလေးတိုက်ပုံလေးနဲ့
ခန့်ညားချစ်စရာကောင်း
နေသော သားသားမာနကမ္ဘာ
လေးရဲ့အပြောကြောင့်
စစ်ခွန်းပြုံးလိုက်ပြီး...
"ချောတာပေါ့သားသားရဲ့
သားသားက ဖေစစ်ထက်တောင်
ပိုကြည့်ကောင်းသေးတယ်..."
"ဟီး...အာ့ဒါဖေဖေနဲ့တူလို့...."
"ဟား....ဟုတ်ပါပြီးဗျာ....သားသား
နဲ့ညက ဖေဖေအတူတူအိပ်တာမဟုတ်
လား..အခုဖေဖေဘယ်ရောက်သွားလည်း..."
"ဖေဖေက မေမေကိုခေါ်ပြီး...
လက်မှတ်ထိုးမဲ့ခန်းမမှာ..
အလှပြင်အုံးမှာတဲ့..အာ့ဒါကြောင့်
သားသားကိူ ဖေစစ်ကိုစောင့်ခေါ်ပြီး
လာခဲ့တဲ့...."
"အဟွန်းဟုတ်ပါပြီး...အာ့ဒါဆိုဖေစစ်တို့
သွားကြမယ်.."
"ဟုတ်..ဒါနဲ့ဖေစစ်လည်းဒီနေ့ ချစ်စရာ
ကောင်းနေတယ်...."
ကြည့်ကောင်းတာကိုမပြော
တက်သောသားသားက
ချစ်စရာကောင်းတယ်လို့
ပြောတာကြောင့် စစ်ခွန်းသဘော
ကျသွားကာ..သားသားကို
ကောက်ချီလိုက်ပြီး...နမ်းလိုက်ကာ..
ကိုမာန်လွတ်ပေးထါးသော
ကားဆီကိုလျှောက်လာပြီး...
"ဟုတ်ပါပြီဗျာ..သားသးလည်းအတူတူပါပဲ..."
အိမ်ရှေ့ရောက်တော့အသင့်ဖွင့်ပေး
ထားတဲ့ ကားစီကို သူနဲ့သားသား
တက်လိုက်ပြီးကားလေးကလည်း
သက်ဆိုင်ရာနေရာကို မောင်းသွားပါ
တော့သည်။
စစ်ခွန်းနဲ့သားသားဟိုရောက်တော့
ကိုမာန်တံခွန်ပိုင်ဆိုင်တဲ့ ကြီးမားလှသော
Hotelကြီးကိုကြည့်ပြီး နှစ်ယောက်သား
အထဲကိုလျှောက်ဝင်လာခဲ့သည်။
"ဖေစစ်သားသားဖေဖေက
အရမ်းချမ်းသာတာပဲနော်
ဒီလိုအကြီးကြီး တိုက်ကြီး
တွေအများကြီးရှိတယ်သိလား...."
စစ်ခွန်းလူကြီးလေးလိုပြော
နေသောသားသားကိုကြည့်ကာ...
"အာ့ဒါတင်ဘာ်ကမလည်းသားသား
ရဲ့ သားသားဖေဖေက အများကြီး
ချမ်းသာတာလေး..."
သူတို့ခန်းမဆောင်ထဲကိုဝင်သွားတော့
အလွန်လှပစွာ တကယ့်ပန်းအစစ်တွေ
နဲ့ကြီးပဲပြင်ဆင်ထားသော မင်္ဂလာလက်မှတ်
ရေးထိုးပွဲအပြင်အဆင်က သူ့ကိုတောင်
ငေးယူရလောက်တဲ့အထိ ကိုမာန်တံခွန်
အသေအချာကို စနစ်တကျပြင်ဆင်ထား
ပုံက သူဝလုံးလေးကိုဘယ်လောက်
အလေးထားတယ်ဆိုတာပြသနေသယောင်။
Hotelဧည့်ကြိုလေးများက သူနဲ့သားသား
ကို VIP နေရာကိုခေါ်သွားပြီး..နေရာပေးတော့
သူနဲ့သားသားထိုင်လိုက်ပြီး တချို့ရောက်နေကြ
ပြီဖြစ်တဲ့ ဧည်သည်တွေကို မျက်လုံးဝေ့ကြည့်
လိုက်တော့...ပန်းရောင်ချိတ်လေးနဲ့...မြန်မာဆန်ဆန်
လှပနေသော ဟိုတစ်ခါသူနဲ့တိုက်မိတဲ့ချာတိတ်...
အာ့တောက ပရုတ်ကျသလောက်အခုတော့
လူကြီးလေးလို တည်တည်ငြိမ်ငြိမ် လျှောက်လာ
ပုံလေးကြောင့် သူနှုတ်ခမ်းလေးတွန့်ကာပြုံးလိုက်
မိသည်။
လွန်းတို့လက်မှတ်ထိုးပွဲလုပ်မဲ့
ကိုကိုဟိုတယ်ကိုရောက်တော့
ဧည့်ကြိုလေးတွေကထွက်ကြိုကာ...
အထဲကိုခေါ်သွားတော့ ဖေဖေနဲ့မေမေအနောက်
ကလွန်းလိုက်လာခဲ့သည်။
လွန်းလမ်းလျှောက်လာရင်း..ရောက်နေကြ
ပြီဖြစ်တဲ့ ဧည်သည်အချို့ကို မျက်လုံးဝေ့ကြည့်
လိုက်တော့..
"ဟင်..သူ..သူပါလား...ငါ့ကိုကြည့်နေပါလား.."
လွန်းကိုစိုက်ကြည့်နေသောသူ့ကြောင့်
လွန်းခြေလှမ်းတွေမှားချင်သလိုဖြစ်ကာ
မနည်းထိန်းလျှောက်နေရသည်။လွန်းသူ့ကို
တွေ့တော့ရင်တွေလည်းအခုန်မြန်လာကာ
ပျော်လည်းပျော်မိသွားသည်။သူက
လွန်းတိတ်ဆိတ်စွာရှာနေတဲ့လွန်းရဲ့ နှလုံးသားလေး
ပဲမဟုတ်လား...
လွန်းတို့ကို ဧည်ကြိုမလေးတွေက
VIPဝိုင်းသူနဲ့ကပ်လျှက်ဖြစ်ပြီး..
သူနဲ့လွန်းက မျက်နှာချင်းဆိုင်ဖြစ်
နေတော့..လွန်းသူ့ကိုတစ်ချက်
လှမ်းကြည့်မိတော့သူကလည်း
လွန်းကိုကြည့်တာနဲ့ဆုံကာ
လွန်းကပြာကရာမျက်နှားလေးလွဲမိသည်။
စစ်ခွန်းသူကြည့်လိုက်တော့
ရှက်သွားကာမျက်နှာလေးလွဲပြီး
ခေါင်းလေးငုံ့နေသောသူမလေး
ကြောင့်သူနှုတ်ခမ်းမှာအပြုံးတွေထပ်
မံဖြစ်ထွန်ရပြန်ပါပြီး...
"ဟာ...တီတီနဲ့...ဘွားဘွားကြီးနဲ့ဘိုးဘိုး..."
သားသားအသံလေးကြောင့်
ဒေါ်လွန်းသော်သာမကဦး
ကောင်းကင်နဲ့ လွန်းလည်းတစ်ဖက်
ခုံကိုကြည်လိုက်မိသည်။
"ဟယ်မြေးလေး...အမလေး
ကြည့်စမ်းငါ့မြေးလေးက
ငါ့ကိုသိတယ်တော့...အမလေး
လာပါအုံး..ဘွားဘွားစီ..."
ဒေါ်လွနသော်မာန်ကမ္ဘာလေး
ကိုအရင်ထဲက ချစ်နေတဲ့သူ
အခုမာန်ကမ္ဘာလေးက သူမတို့ကို
မစိမ်းတော့..ဒေါ်လွန်းသော်အပျော်တွေ
ဆိုကာ..မြေးလေးကိုခေါ်ပြီး...
သူ့ပေါင်ပေါ်ပွေ့တင်လိုက်သည်။
"ကြည့်စမ်း...ဖေကြီး...သားမာန်
အတိုင်းပဲ..တစ်ရုပ်ထည်းပဲကြည့်စမ်း
သော်မြေးလေးက ကြီးလာရင်လည်း
သူအဖေနဲ့တူတော့အရမ်းချောမယ်တော့..."
ဦးကောင်းကင်ဇနီးသည်အပြောကို
လက်ခံစွာခေါင်းငြိမ်ံပြကာ.
"အေးကွာ...အာ့လောက်ချွတ်စွတ်
တူမယ်လို့တောင်မထင်ထားဘူး
မာန်တံခွန်ပေါက့စလေးပဲ..."
"ကျေးဇူးပါဘွားဘွားနဲ့ဖိုးဖို..."
ဒေါ်လွန်းသော်သားသားရဲ့
ပါးဖောင်းဖောင်းလေးကို
နမ်းပြီး...
"အမလေး..ချစ်ဖို့ကောင်းလိုက်တာ.."
သားသားက သူမကို ချစ်စဖွယ်ကောင်း
အောင်ရယ်ပြပြီးပြုံးပြီးကြည့်နေသော
လွန်းစီကိုအကြည့်ရောက်ကာ....
"တီတီလွန်းက မေမေလိုဘဲ..အရမ်းလှတယ်.."
လွန်းသားသားက သူ့ကို
ပြောတာကြောင့် ဟိုဘက်ခုံက
သူ့စီအကြည့်ရောက်သွားတော့
စောစောကလိုဘဲသူမစီကို
ပြုံးကာစူးစိုက်စွာကြည့်နေတဲ့
သူ့ကြောင့်အနေခက်စွာ..ကြောင်အအ
လေးပြုံးလိုက်မိသည်။
"အမလေးမိလွန်း..ကျုပ်မြေးက
ညည်းကိုပြောနေတယ်လေ...ပြန်
ပြောလိုက်အုံး...."
လွန်းလည်ပင်းဖွေးဖွေးလေးကို
ပွတ်ကာ...
"ကျေးဇူးတင်ပါတယ်..သားသားရယ်
တီတီက..အာ့လောက်လည်းမဟုတ်ပါ
ဘူး.."
"ဟုတ်တီတီရပါတယ်..သာကတီတီကို
ချစ်လို့ပြောတာ..."
သူမပြုံးလိုက်ပြီးပါးဖောင်း
ဖောင်းလေးကို လှမ်းဆွဲကာ...
"တီတီလည်းသားသားကိုချစ်ပါတယ်..."
ဒေါ်လွန်းသော်သမီးနဲ့မြေးလေးကို
ကြည့်ပြီးပြုံးနေလိုက်ကာ..တစ်ခုခုကို
သတိရသွားပြီး...
"သားသား..သားသားကိုမေမေတို့က
မခေါ်သွားဘူးလား...ဘယ်သူနဲ့လာ
တာလည်း..."
"သားသားကဖေစစ်နဲ့လာတာ...."
တစ်ဖက်ဝိုင်းကိုလက်ညိုး
လက်ညိုးလေးထိုးကာပြောနေသော
သားသားကြောင့်...ဒေါ်လွန်းသော်လှည့်ကြည့်
လိုက်တော့...
"ဟင်..."
အသားအရည်ဖြူကာ သားမာန်လိုဘဲ
ချောမောခန့်ညားသောလူရွယ်လေးက
သူမကို ခေါင်းညွတ်ကာနှုတ်ဆက်ပြတော့
ဒေါ်လွန်းသော်ပြန်ပြုံးပြလိုက်မိသည်။
ဒါသားမာန်ပြောတဲ့ သမီးကမ္ဘာရဲ့
အကိုပဲနေမယ်....သူမတွေးပြီး
အရှေ့ကသမီးတော်ကိုကြည့်
တော့လည်းဘာကိုရှက်နေမှန်းမသိ
ပါးလေးတွေရဲနေကာခေါင်းလေးငုံ့နေသော
ကြောင့် သူမအံသြနေရာမှ ကျေနပ်စွာပြုံးလိုက်မိသည်။
---------------------------------------------------^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒
"အို..ဦးမာန်နော်...ကမ္ဘာငိုတော့မှာ..."
သူမလေးလက်မှတ်ထိုးသထိုးသမီး
ဝတ်ဆုံမိုးပြာရောင်လေးနဲ့လှပနေသော
သူဇနီးလေးက မျက်နှာလေးမဲ့စွာ
ငိုမဲ့မဲ့ပြောတော့..မာန်ပြာယာခက်သွားကာ....
"ဟာဗျာ...ငိုတော့မငိုပါနဲ့ဗျာ.
ကလေးက ဒါလေးထပ်ပြီး
အုပ်ရမှာကို...ဘာဖြစ်တာလည်းကွာ.."
ကမ္ဘာဒေါသလေးထွက်သွားပြီး
ခါးလေးထောက်လိုက်ကာ...
မိုးပြာရောင် တိုက်ပုံနဲ့ခန့်ညား
နေသောသူ့ကို မှုန်ကုတ်ကုတ်
လေးကြည့်ပြီး...
"ရှင်ကြီးနဲ့ ကမ္ဘာမဝတ်ဘူးလို့
ပြောပြီးပြီး...ဝတ်လည်းဝတ်ပေးကြည့်
ကမ္ဘာလက်မှတ်ထွက်မထိုးတော့ဘူး..."
မာန်သူမလေးအပြောကြောင့်
သူ့အင်္ကျီ အပေါ်ကုတ်ကြီးကို
လက်မှာကိုင်ပြီး ကို့ယိုကားယာ
ဖြစ်နေတော့သည်။
ကမ္ဘာစီတ်ဆိုးချင်စရာလည်း
ဆိုးချင်စရာပါ..မနက်ထည်းက
ဘယ်မှမသွားဘဲနဲ့ သူမအနားမှာပဲ
နေပြီး မိန်းမကြီးလို ဟိုဟာမလုပ်နဲ့
ဒီဟာမလုပ်နဲ့ အလှပြင်ပေးတဲ့အမပြင်
ပေးတါကိုလည်းအရမ်းလှအောင်ပြင်
လို့ဆိုပြီးပြောနေသေးသည်။
နှုတိခမ်းနီကိုလည်းလှအောင်ဆိုးလို့
ဖြတ်မယ်တကဲကဲလုပ်နေသေးသည်။
ကမ္ဘာအော်ထားလို့ငြိမ်သွားတာပါ။အခုလည်း
သူမသတိုသမီးဝတ်ဆုံလေးက ရင်ဘက်လေးနည်းနည်း
ပေါ်နေတာကို သူ့အင်္ကျီကြီးအတင်းခြုံခိုင်း
ထားတော့ ကမ္ဘာမျက်နှာလေးပျက်ကာ
နေတော့သည်။သူမသတိုးသမီးဝတ်ဆုံလေးပေါ်က
သူ့အင်္ကျီထပ်ခြုံလိုက်ရင် ဘာပုံပေါက်
သွားမယ်ဆိုတာသူမစဥ်းစားမိဘူးထင်ပါရဲ့...
မာန်မှုံကုတ်ကုတ်လေးကြည့်နေသော
သူမလေးကြောင့် အလျော့ပေးလိုက်ကာ....
"ဟုတ်ပြီကွာ..မဝတ်ခိုင်းတော့ဘူး...
ဒါပင်မဲ့မငုံ့လိုက်နဲ့နော်...ငုံ့လိုပေါ်ရင်
ညကြရင် အာ့နေရာကိုအခါတစ်ရာနမ်းမှာ..."
ကမ္ဘာနှုတ်ခမ်းလေးကိုက်ကာ
သူ့ကိုကြည့်လိုက်တော့သူက
မချိုမချဥ်ပြုံးပြကာ...
"ဟာကွာ..အာ့နှုတ်ခမ်းလေးကိုလည်း
မကိုက်နဲ့...ကလေးနှုတ်ခမ်းလေးနာနေအုံးမယ်..."
ကမ္ဘာသူ့ကိုအမြင်တွေကပ်လာကာ...
သူ့အနားတိုးသွားလိုက်ပြီး...
လက်ကိုဆွဲလိုက်ကာ..ကိုက်ချလိုက်တော့သည်။
"အဟွန်း...ကလေး..ဘာလို့ကိုက်တာလည်းဗျ..."
သူမအရမ်းကိုက်လိုက်တာတောင်
ဘာမှမဖြစ်သလို သူမကိုက်ထားတဲ့
လက်ကိုကြည့်ပြီးပြုံးကာမေးနေသော
သူ့ကြောင့် သူမ ကြောင်အသွားကာ...
"အမြင်..အမြင်ကပ်လို့..."
"အဟက်..."
သူက ရယ်လိုက်ပြီးသူမအနားတိုး
လာကာ...
"ကိုယ်ကိုက်ရင်လည်း...
ကလေးမအော်နဲ့နော်..."
ကမ္ဘာရှက်သွားပြီးသူ့ကို
ထုလိုက်ကာ....
"သွား..နှာဘူးကြီး..."
"ဟား...ဟား...ဟားး..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း