book

Index 20

အပိုင်း(20)♥♥♥♥♥

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

မာန်အရှေ့ကနေဆူပုတ်

ပုတ်လေးဆင်းသွားသော

သူမကိုကြည့်ပြီး ပြုံးပြီး

အနောက်ကနေလိုက်လာ

ခဲ့သည်။


ကမ္ဘာအောက်ထပ်ရောက်တော့

ကိုကိုက သတင်းစာဖတ်နေတော့

ကမ္ဘာအားနာသွားကာ..ကိုကိုအနား

သွားလိုက်ပြီး.....


"ကိုကိုကမ္ဘာ..ထမင်းဝိုင်းပြင်ပေး

မယ်နော်စောင့်အုံးသိလား..."


"ရတယ်..ဝလုံးလေးအေးဆေးလုပ်

ကိုကိုမစာသေးပါဘူး..."


"ဟုတ်ကိုကို...."


ကမ္ဘာမီးဖိုဘက်သွားဖို့အနောက်

ကိုလှည့်လိုက်တော့ သူရဲ့ ခပ်ထေ

ထေအပြုံးကြောင့် မျက်စောင်း

လေးထိုးလိုက်ပြီး မီးဖိုထဲဝင်

လာခဲ့သည်။


မာန် ကလေးဆန်လှသော

သူမအမှုအရာလေးကြောင့်

နှုတ်ခမ်းလေးကိုက်ကာ

ပြုံးလိုက်ပြီး စစ်ခွန်မှိုင်း

ထိုင်နေတဲ့ ဆိုဖာတစ်ခု

မှာ သွားထိုင်လိုက်ပြီး....


"ကိုစစ်ခွန်မှိုင်း...အမေ 

မလိုက်လာဘူးလားဗျ...."


စစ်ခွန်းကိုမာန်တံခွန် ဝင်ထိုင်

လိုက်ပြီးမေမေကိုမေးတာကြောင့်

ပြုံးပြကာ...


"မေမေကအသက်ကြီးပြီလေ

အာ့ဒါကြောင့် ကားစီးတာသူမခံ

နိုင်ဘူးလေ...ဝေးလည်းဝေးတော့..."


မာန်ခေါင်းငြိမ့်လိုက်ကာ..


"ကလေးတို့သားအမိလည်း

အာ့ဒိကို သွားလည်ချင်လို့

ကျွန်တော့်ကိုပြောနေတယ်..."


"အဟွန်း...ဝလုံးတို့သားအမိ

ဘဲမလွတ်ဘဲ ကိုမာန်တံခွန်ပါ

လိုက်ခဲ့ပါလား...ကျွန်တော်

တို့ရှမ်းပြည်ဘယ်လောက်

သာယာတယ်ဆိုတာ မြက်ဖူး

သွားအောင်.."


"အဟွန်း..ကျွန်တော်လည်း

လိုက်ဖို့အစီစဥ်ရှိပါတယ်...

အလုပ်ကိစ္စလေးတွေ စီစဥ်

ပြီးမှ ကျွန်တော်တို့လာပါမယ်..."


စစ်ခွန်းပြုံးပြလိုက်ကာ...


"ဟုတ်ကဲ့...ကျွန်တော်အမြဲ

ကြိုဆိုနေမှာပါ...''


"ကျေးဇူးပါ...ကိုစစ်ခွန်မှိုင်း

အကုန်လုံးအတွက်ကျေးဇူး

တင်ပါတယ်...ကျွန်တော့်ကို

နားလည်ပေးတဲ့အတွက်ရောပေါ့...."


စစ်ခွန်ပြံးရုံမျှပြုံးလိုက်ကာ...


"ကျွန်တော်က...ခင်ဗျာကို

ကျေးဇူးတင်တာပါ...နောက်ဆို

ဝလုံးလေးတို့သားအမ ခင်ဗျာ

စီမှာပျော်ပျော်ရွှရွှင်နေသွားရတော့

မှာပြီးတော့သားသားက အခုဆို

သူ့မှာအဖေရှိသွားပြီဆိုပြီးပျော်

နေရှာတာ..ဘယ်လောက်တောင်

ပျော်လည်းမပျော်လည်းဆို

အရင်တောကရောဂါဖြစ်ချင်

နေလို့ ဆေးရုံသွားနေရတာ

အခုမသွားရတော့တာပဲကြည့်

လေ...အဟင်.."


စစ်ခွန်းအပြောကြောင့်

မာန်သွားလေးတွေပေါ်

အောင်ပြုံးလိုက်ပြီး...


"အဟွန်း..စိတ်ချပါ...ကျွန်တော်

သားသားနဲ့ကလေးကို ပျော်ရွှင်အောင်

ထားမှာပါ...သူတို့သားအမနှစ်ယောက်

က ကျွန်တော်ရဲ့ကမ္ဘာပဲ..."


"အဟွန်း...ကျွန်တော်က ကိုမာန်

တံခွန်ကို အစက အရမ်းမာနကြီး

မယ်ထင်ထားတာ..အခုတော့ခင်ဗျာ

ကဖော်ရွေတက်သားပဲ.."


စစ်ခွန်းအပြောကိုမာန်

ပြုံးပြီးခေါင်းငြိမ့်ပြကာ...


"အရင်က ကျွန်တော့်ဘဝမှာ

ဘာမှမရှိဘူး...စည်းစီမ်ဥစ္စာ

လူအထင်ကြီးကျော်ကြား

မှုတွေပဲရှိတာ...ကျွန်တော့်ကို

နွေးထွေးအောင်လုပ်ပေးမဲ့

မိသားစုဆိုတာမရှိဘူး..."


မာန်စကားကိုရပ်လိုက်ပြီး

သူ့စကားကိုသေချာနား

ထောင်နေသော စစ်ခွန်းကို 

ကြည့်ကာ...


"ကျွန်တော့်လူတွေနဲ့ စီးပွားရေး

အရပြောရတယ်...လူမှုရေးအရ

ပြောရတယ်..အကုန်လုံးက

အပေါ်ရံတွေပဲ...ကျွန်တော်သူတို့

ကိုလွှမ်းမိုးနိုင်လို့...ကျွန်တော့်ကို

ရိုသေကြတာ...အာ့အရာကငွေပဲ

အာ့ငွေကပဲ..ကျွန်တော့်ဘဝကို

ပိုအေးစက်စက်ဖြစ်အောင်ဖန်တီး

ခဲ့တာ....ဝလုံးလေးတို့သားအမိ

ကျွန်တော့ဘဝထဲကိုပြန်ရောက်

လာတော့...မိသားစုဆိုတာဘယ်

လောက်အရေးပါ...နွေးမှုရှိလည်း

ဆိုတာကျွန်တော်သိခဲ့တာ...."


မာန်ပြုံးလိုက်ပြီး..စစ်ခွန်းကို

ကြည့်ကာ...


"ခင်ဗျာကိုဒီတစ်ခါလည်း

ကျေးဇူးတင်စကားပြော

ရအုံးမှာပဲ..ကိုစစ်ခွန်မှိုင်း

တကယ်ကျေးဇူးတင်ပါ

တယ်..ကျွန်တော်မိသားစု

ကို...ကျွန်တော်လက်ထဲ

လွယ်လွယ်ကူကူပြန်ထည့်

ပေးခဲ့လို့...."


စစ်ခွန်းကိုမာန်တံခွန်အပြောကြောင့်...

ပြုံးပြီး...


"မဟုတ်တာဗျာ...ကျွန်တော်မထည့်ပေး

လည်း..ခင်ဗျာတို့က ဖူးစာဆိုတာပါလာ

ပြီးသားပဲ...ဒီလောက်နှစ်တွေအကြာကြီး

ကွဲသွားတာတောင်..အခုလက်ထပ်ရတော့

မယ်လေ..ဒါကိုမာန်တံခွန်နဲ့..ဝလုံးလေးရဲ့

ဖူးစာရေးဆက်ပဲလေ...ပြီးတော့ဝလုံးလေး

ရဲ့ပိုင်ရှင်အစစ်မှန်က ကိုမာန်တံခွန်ပဲလေ

ကျွန်တော်က ခဏစောင့်ရှောက်ပေးထါး

တဲ့လူလေ..ပိုင်ရှင်အစစ်အမှန်ကိုတော့ပြန်ပေး

ရမှာပဲ..မဟုတ်လား..."


"အဟင်း...အကယ်၍

ကိုစစ်ခွန်းမှိုင်း..ကျွန်တော့်

စီမှာ အကူညီတောင်းနိုင်ပါ

တယ်...ကိုစစ်ခွန်းမှိုင်းတောင်း

တဲ့အကုအညီဆို..ကျွန်တော်

ဘာမဆိုကူညီပေးမှာပါ..."


"ဟုတ်ကဲ့..ကိုမာန်တံခွန်..

ကျွန်တော်အကူအညီလိုအပ်

လာရင်ပြောပါ့မယ်.."


"ကိုကိုတို့ထမင်းစားလို့

ရ​ပြီနော်..."


ထိုအချိန်အနောက်ကအသံ

စာစာလေးကြောင့်...သူတို့

နှစ်ယောက်ကြည့်ကာပြုံးလိုက်

မိသည်။


"ကိုမာန်တံခွန် နောက်ပိုင်း

သားသားတစ်ယောက်ပဲ

ထိန်းရမှာမဟုတ်ဘူးဗျ...ကလေး

ကြီးကိုပါထိန်းရမှာ...အဟွန်း..ဝလုံး

လေးက... သားသားတာငါးနှစ်ပြည့်

တော့မယ်...အခုချိန်ထိ မရင့်ကျက်သေး

ဘူး တစ်ခါခါကလေးလိုပဲဗျ...."


"အဟွန်း..ကျွန်တော်သိပါတယ်

သူမကလေးဘယ်လောက်ဆန်လည်း

ဆိုတာ..."


"ကဲ..ကိုမာန်..ကျွန်တော်တို့

ထမင်းဝိုင်းသွားရအောင်

တော်ကြာမလာလို့ စိတ်ကောက်

နေအုံးမယ်...''


စစ်ခွန်းရယ်ပြီးပြောတော့

မာန်လည်းရယ်လိုက်ကာ

သူမလေးရှိရာထမင်းဝိုင်း

ဆီကို...လာခဲ့လိုက်တော့သည်။


---------------------------------------------------^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒


"ဖေဖေနဲ့ဖေစစ်...ဒီမှာ

မေမေလက်ရာတွေ

အရမ်းမွှေးနေတာပဲ...."


သူတို့ဝင်လိုက်တာနဲ့

ထမင်းစားစာပွဲထိုင်

ခုံမှာထိုင်ပြီး ချစ်စဖွယ်

ပြောလာသောသား

ကြောင့် မာန်နဲ့စစ်ခွန်ပြုံးလိုက်မိပြီး

ထိုင်ခုံမှာအသီးသီးဝင်ထိုင်လိုက်

တော့သည်။


သူမကတော့ သားဖြစ်သူ

အပြောလေးကြောင့် ပြုံး

​ကာ..သူတို့ထမင်းပန်ကန်တွေ

ထဲကို ထမင်းလိုက်ထည့်ပေးကါ

မာန်သူဆီအကြည့်ရောက်လာတော့

သူမလေးကို မျက်လုံးမှိတ်ပြလိုက်ကာ

သူမမျက်စောင်းလေးတစ်ခုကို

ပြန်လက်ဆောင်ရလိုက်တော့...

ပြုံးလိုက်မိသည်။


"အဟွန်း..."


ကမ္ဘာထမင်းစားခန်းထဲတောင်

မျက်နှာပိုးမသတ်သေးသော

သူ့ကြောင့် အနေရခက်စွာ 

မျက်စောင်းလေးထိုးကာ

သူ့ကိုမကြည့်မိအောင်နေလိုက်သည်။


"ကိုကိုထည့်စားနော်..

ဒါကိုကိုအကြိုက်ပုစွန်

နဲ့ကန်ပွန်းရွက်ရောကြော်

ထားတာ..."


သူမပြောလည်းပြော

ကိုကိုကိုယ်ထည့်ပေးလိုက်တော့...

ကိုကိုကလက်ကာပြကာ..


"နေနေ..ဝလုံးလေး..ကိုကိုဘာ

သာထည့်စားမယ်...ကိုမာန်တံခွန်

ကိုသာထည့်ပေးလိုက်..."


သူ့ကိုသူမကြည့်လိုက်တော့

ဘာမှမထည့်သေးဘူး ဒီအတိုင်း

ထိုင်နေကာ..သူမကိုရုပ်တည်နဲ့ကြည့်

နေသောသူ့ကြောင့်.. သူမအမြန်

စောစောကပုစွန်ဟင်းခက်ထည့်ပေးလိုက်မိသည်။


"ဟုတ်တယ်မေမေ..သာသားဖေစစ်ကို

တာဝန်ယူလိုက်မယ်..မေမေကဖေဖေကို

တာဝန်ယူ..."


"အဟက်...သားသားကတော့

လေ..."


စစ်ခွန်းပြောကာရယ်ပြီး

ထမင်းစားလိုက်တော့သည်။


ကမ္ဘာသူမပန်ကန်ထဲ 

ထမင်းလေးထည့်ကာ..

စားမလို့ပြင်တုံး...သူ့ကို

ကြည့်လိုက်တော့...မစား

သေးဘဲ ထမင်းပန်ကန်ကိုကြည့်

နေတာကြောင့်...


"ရှင်..ဘာမကြိုက်လို့လည်းဟင်..."


"ဟင်းအင်း..မဟုတ်ပါဘူး...

ကြိုက်ပါတယ်...ကိုယ်အခွန်

တွေနဲ့ မစားတက်ဘူး..ပြီးတော့

အခုလို ဆီပြန်ဟင်းလည်းမစား

ဖူးဘူး..."


"ဟင်.."


သူမအံ့သြ သွားမိသည်။သူမြန်မာ

နိုင်ငံသားဖြစ်ပြီး အခုလိုမြန်မာဟင်း

ကိုမစားဖူးဘူးဆိုတော့ကမ္ဘာပါးစပ်

အဟောင်းသားလေးနဲ့သူ့ကိုပြန်ကြည့်ကာ...


"ရှင့်အိမ်မှာမချက်ဘူးလား...

အာ့ဒါဆိုဘာတွေစားနေတာလည်း.."


"ကိုအီတလီစာ..ဂျပန်စာ...တရုပ်စာ

အများဆုံးစားရတာ..ဒီလိုချက်ပေး

မြန်မာဟင်းကိုလည်းကိုမသိဘူး

ချက်ပေးမဲ့သူလည်းမရှိဘူးလေ...

စာဖိုမှူးတွေက နိုင်ငံခြားစာပဲ

ချက်ကြတော့..အာ့ဒါပဲစား

ရတာပေါ့..."


"ဟင်..."


ကမ္ဘာနဲ့ ကိုကိုမျက်လုံးချင်းစုံသွား

ပြီး ကမ္ဘ့သူ့ကိုပြန်ကြည့်ပြီး စိတ်မကောင်း

ဖြစ်သွားမိသည်။ဟုတ်မှာပေါ့...သူ့မှာချက်ကျွေး

မဲ့မိသားစုမှမရှိတာ...ပြီးတော့ သူလိုလူကို

လူတွေကလည်း သူဌေးဆိုပြီး မြန်မာထမင်း

ဟင်းအစား အခြားနိုင်ငံခြားသားအစားအစာ

တွေပဲ..ချက်ပြုတ်ကျွေးကြမှာပေါ့...ကမ္ဘာတို့

ကတော့...သူများနိုင်ငံစာတွေဘယ်လောက်ကောင်း

ကောင်း ကိုယ်ံမြန်မာနိုင်ငံရဲ့ ရိုးရာဓလေ့စာမြန်မာ

ဟင်းမြန်မာထမင်းကိုတော့ဘာနဲ့မှမလဲနိုင်ပေ။


ကိုကိုနဲ့သူစားသောက်ပြီးတော့

သားကိုပါ သူတို့အရှေ့ကိုခေါ်

သွားတော့ ကမ္ဘာမီးဖိုထဲတွင် 

သိမ်းစရာရှိတာသိမ်းနေရသည်။

ပြီးရင်ကမ္ဘာနဲ့သားသားမနက်ဖြန်

သူ့အိမ်ကိုလိုက်သွားရတော့မှ

ဟုတ်လို့..အဝတ်အစားတွေ

သိမ်းရအုံးမည်မဟုတ်လား...


"ကလေး..."


ကမ္ဘာပန်ကန်ဆေးနေတုံး

အနောက်ကနေလာဖက်လိုက်

တဲ့လက်တစ်စုံကြောင့်ကမ္ဘာလန့်

သွားကာ..သူဆိုတာသိလိုက်ပြီး...


"ဦးမာန်..ကမ္ဘာပန်ကန်တွေ

ဆေးနေတယ်လေ..ဖယ်.."


သူကသူမခါးလေးကိုအနောက်

ကနေဖက်ထားပြီး ဂုတ်သားလေး

ကိုနမ်းနေတာကြောင့် သူမမနေတက်

စွာပြောတော့...


"ဆေးပါလားကွာ..ကိုယ်ဘာလုပ်

နေလို့လည်း..."


"ဘာ..ဦးမာန်နော် ဒီမှာဇွန်းကွက်နော်

လှည့်ခေါက်ထည့်လိုက်မယ်..."


ကမ္ဘာသူမကိုအနောက်ကနေ

ကပ်တွယ်နေတာတောင်

ဘာလုပ်လို့လည်း မေးတာ

ကြောင့်စိတ်တိုစွာ လည့်အော်

လိုက်တော့သည်။


"အဟက်..."


မာန်..သူ့ကိုအသံစာစာလေး

ဖြင့်လှည့်အော်သောသူမလေး

ကြောင့်ရယ်လိုက်မိပြီး..

ဆံပင်ရှည်လေးကိုစည်းထား

သောကြောင့်ပေါ်နေသာ

ဂုတ်သားဖွေးဖွေးလေးကို

အသည်းသယားစွာ ဖိကပ်နမ်း

လိုက်မိတော့သူမလေးတုန်တက်

သွားတာကို သူသဘောကျကာ

ပြုံးလိုက်မိသည်။


"ဦးမာန်..ဖယ်နော်..သားသားနဲ့

ကိုကိုဝင်လာရင်တွေ့သွားအုံးမယ်..."


"အဟင်း..သားသားနဲ့ မင့်အကိုက

အပြင်ကိုလမ်းလျှောက်ထွက်နေတယ်...

ပြီးတော့ကလေးနော်..မင်းစစ်ခွန်းကို

ကျတော့ကိုကိုနဲ့..ကိုယ့်ကိုကြတော့

ဘာဦးမာန်လည်း..."


"ဟင်....ကိုကိုက..ကမ္ဘာကိုကိုလေ

အာ့ဒါကြောင့်ကိုကိုလို့ခေါ်တာပေါ့

ဦးမာန်က..."


သူမလေးအသံတိတ်သွားသော

ကြောင့်...သူဂုတ်သား

လေးကို ထပ်ဖိကိုက်နမ်းလိုက်ကာ...


"အို..ဦးမာန်နော်..သူ့အသား

မဟုတ်တိုင်း..ဘာလို့လိုက်ကိုက်နေ

တာလည်း..."


"အို...."


လည့်အော်လိုက်တဲ့သူမပါးလေး

ကိုသူအမိအရနမ်းလိုက်ပြီး...


"မင်းမှမဖြေတာ...အာ့ဒါ

ကြောင့်အသည်းယားပြီး

ကိုက်တာပေါ့...ဖြေလေ.."


"ဦးမာန်က...ကမ္ဘာထက်အသက်လည်း

ကြီးတယ်လေ...ပြီးတော့ ကမ္ဘာခင်ပွန်ဆို

လည်းဟုတိတယ်..ကိုကိုဆိုတာ..ကိုကိုစစ်ခွန်း

ကိုခေါ်ပြီးသားကြီလေ..အာ့ဒါကြောင့်ဦးမာန်

ကိုသူများတွေနဲ့မတူအော်ရမ္ဘာခေါ်တာပါ..."


"အဟက်....ချစ်ဖို့ကောင်း

တာကွာ..ကိုမိန်းမလေးက..."


ကမ္ဘာဆေးစရာရှိတာအမြန်ဆေးပြီ

လက်ဆေးလိုက်ကာ...သူမခါးကို

ဖက်ထားသောဦးမာန်လက်ကိုဖယ်ထုပ်

သော်လည်းသူကမလွတ်ပေးသောကြောင့်

သူမခေါင်းလေးလှည့်လိုက်ပြီး.....


"ဦးမာန်ဖယ်ပေးလေ..ကမ္ဘာမနေတက်ဘူး..."


မာန်ရှက်နေသောသူမလေး

ကို သူ့ဘက်မျက်နှာချင်းဆိုင်

ဆွဲလှည့်လိုက်ကာဘေးက

ဘေစင်ပေါ်ကိုပွေ့ချီတင်လိုက်ပြီး

ခါလေးကိုထပ်ဖက်လိုက်တော့...


"အို...ဦးမာန်..ဘယ်လိုလုပ်လိုက်

တာလည်း..ဖယ်...ကမ္ဘာဆင်းမယ်..."


ကမ္ဘာသူမပြောသော်လည်း

သူမကိုပြုံးပြုံးကြီးကြည့်နေသော

သူ့ကြောင့် မျက်နှာလေးဆူပုတ်ကာ

နှုတ်ခမ်းလေးကိုဆူထားမိသည်။


မာန်...သူ့ကိုပြောမရလို့

ကလေးလေးလို နှုတ်ခမ်း

လေးဆူနေသောကလေး

ကြောင့်ရယ်လိုက်မိသည်။


"အဟက်...."


သူရယ်တော့သူမလေးကမျက်စောင်း

ထိုးကာ...


"ဦးမာန်..ဘာရယ်တာလည်း...

လွတ်ကမ္ဘာကို..."


"ချစ်လို့...ကိုယ်ကလေးက

အသည်းယားစရာ

ကောင်းလို့...."


ကမ္ဘာပါးလေးတွေရဲ့ပြီး

ရှက်သွားကာ သူမကို

စိုက်ကြည့်နေသောသူ့ကို

မကြည့်ရဲတော့ဘဲခေါင်း

လေးငုံ့ကာ...


"ဦးမာန်နေလွှတ်ဆိုတာကို..."


"အဟင်း..ကိုလွှတ်ပေးမှာပါ

ဒါပင်မဲ့အခုမဟုတ်ဘူး

ကိုယ်ပြောတာကိုနားထောင်

ပေးအုံး..."


ကမ္ဘာရုန်ူနေတာလည်း

ရပ်သွားပြီးသူ့ကိုမော့ကြည့်

ကာ...


"ဦးမာန်က..ကမ္ဘာ့ကိုဘာပြော

မလို့လည်းဟင်..."


သူ့ကိုမျက်ဝန်းဝိုင်းလေးနဲ့

မျက်နှာလေးမှာ ရှက်လို့ထင်တယ်

ရဲနေသောသူမပါးလေးကို သူ

လက်တစ်ဖက်နဲ့ ကိုင်လိုက်ကာ...


"ကိုယ်..မင်းကိုကျေးဇူးတင်ပါ

တယ်ကမ္ဘာ...ကိုယ့်ရဲ့အမှားတွေ

ခွင့်လွှတ်ပေးပြီး..ကိုယ်ရင်ခွင်

ထဲကို ပြန်ဝင်လာပေးလို့..ကို

ကလေးကိုကျေးဇူးတင်ပါတယ်..."


ပြောလည်းပြောသူမကျောလေး

ကိုပါသိမ်းကြုံးဖက်ထားလိုက်တော့

ကမ္ဘာသူ့ရင်ခွင်ထဲမှာကော့ကော့လေး

ဖြစ်နေမိတော့သည်။


"ပြီးတော့မင်းတို့သားအမိနှစ်ယောက်ကို

ကိုယ်ပျော်ရွှင်အောင်ထားမှာပါလို့ ကိုကတိ

ပေးပါတယ်..ကိုရဲ့အထီးကျန်နေတဲ့ဘဝထဲ

ကို ကလေးတို့သားအမိပြန်ဝင်လာပေးတါ

ကိုယ့်ဘဝရဲ့အကြီးမားဆုံး အဖိုးတန်ရတနာ

လေးတွေပါ...ကိုယ်တန်ဖိုးထားမှာပါ..."


ကမ္ဘာနားနားကိုကပ်ကာပြောသော

သူ့ကြောင့် သူမ သူ့ကျောပြင်ကိုပြန်

လှည်ဖက်တွယ်ထားမိပြီး...


"ဦးမာန်..ကမ္ဘာတို့သားအမိကို

ချစ်ပေးတါနဲ့တင်ကမ္ဘာကျေးဇူး

တင်နေပါပြီး..."


"အဟင်း..ဘယ်လိုပြောလိုက်တာ

လည်းကွာ..မင်းနဲ့သားက ကိုယ့်

ဘဝရဲ့..ပထမဦးဆုံး အရေးပါတဲ့

အဖိုးတန်လူသားလေးတွေပါ..."


ပြောလည်းပြောမာန်သူမကိုယ်

လေးကိုပွေ့ချီကာ...မီးဖိုထဲကနေ

သူမအခန်းထဲကိုသွားတော့သူမလေး

ကသူ့ကိုမျက်ဝန်းဝိုင်းလေးနဲ့ကြောင်

အအလေးကြည့်နေပြီး..အခန်းထဲရောက်

ခါနီးသတိဝင်သွားပုံရကာ...သူ့ကိုအတင်း

ရုန်းပြီး..


"အို..ဦးမာန်..အခန်းထဲ..ဘာလုပ်မို့လည်း..."


"အဟက်..အသည်းယား

လာလို့..နမ်းချင်ရုံပါ..."


"အို..ဦးမာန်နော်မရဘူး..

ကမ္ဘာကိုပြန်ချပေး..ဦးမာန်

လည်းပြန်တော့ ကမ္ဘာအဝတ်

တွေထည့်ရအုံးမယ်.."


"အဟက်..နောက်မှထည့်ကွာ

ဒီညကိုယ်မင်းနဲ့ခွဲအိပ်ရမှာလေ

အာ့တော့ခဏပဲနမ်းမှာဘာကွာ..."


ကမ္ဘာသူ့ကိုမယုံပါသူ့ခဏ

ဆိုတာကြီးကိုကမ္ဘာကြောက်သည်။

သူကမ္ဘာကိုအိပ်ယာပေါ်တင်

ပေးလိုက်တော့ကမ္ဘာအမြန်

ပြန်ဆင်းပြေးမလို့ပြင်တုန်း

သူက ကမ္ဘာကိုယ်လေးကို

ဖက်ကာအိပ်ယာထဲကိုသူနဲ

အတူလှဲချလိုက်ပြီးကမ္ဘာကိုယ်

လေးပေါ်ကအုပ်မိုးကာ...


ကမ္ဘာမျက်နှာလေးကိုစိုက်ကြည့်

ပြီး...


"ခဏလေးပါကလေးရာ

ကိုယ်နမ်းပဲနမ်းမှာပါ.."


ကမ္ဘာ​ပြောလည်းမရမှာ

သိတာကြောင့်မျက်ဝန်းလေး

တွေဖိမှိတ်လိုက်တော့ သူ့မျက်နှာ

ကြီးက ကမ္ဘာမျက်နှာတစ်ဝိုက်အနမ်း

တွေပျံကျဲလာကာ..လမ်းပင်းလေး

ကိုတစ်ဆင့်ဆင်းသွားတော့ကမ္ဘာ

သူ့အင်္ကျီစလေးကို ခပ်တင်းတင်းဆုပ်

ကိုင်ထားမိကာ..စိတ်ထဲကနေလည်း

သူရပ်လိုက်ဖို့ ဆုတောင်းနေမိသည်။


ခဏကြာတော့သူ ကမ္ဘာနားလေး

နားကပ်ကာ..နားရွက်အဖြားလေး

ကိုဖိကိုက်လိုက်ပြီး...


"ကလေး..ကိုယ်မရတော့ဘူး

မင်္ဂလာဦးအကြို လုပ်လိုက်တော့

မယ်တဲ့..."


ကမ္ဘာမှိတ်ထားသောမျက်ဝန်းလေး

ပွင့်လာပြီးသူ့ကို အတင်းတွန်းကာ

အမြန်ထသော်လည်းနောက်ကျသွား

ပါပြီး...


"အို..ဦးမာန်လူယုတ်မာ...."


"ဟား.....ဟား...."


--------------------------------------------------^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒


"ငွေခင်..မင်းဒီငွေတွေ

ဘယ်ကရတာလည်း..."


ဦးဝဏ္ဏာ ငွေတွေကို ထိုင်ရည်

နေသောဇနီးနဲ့သမီးကိုကြည်ပြီး

မေးလိုက်တော့...


ဒေါ်ငွေခင်ခင်ပွန်းဖြစ်သူကို

ကြည့်ပြီးမဲ့လိုက်ကာ..


"ဘယ်ကရမှာလည်း..

ဟိုမိန်းမကမ္ဘာစီကပေါ့

သူ့ငွေလေးအခုမှတောင်း

တာတောင် မတန်ဘူးအပြော

ခံလိုက်ရတာ..."


"ဟုတ်တယ်ဖေဖေ..အာ့ကောင်မ

ငွေပုံပေါ်ရောက်သွားပြီဆိုတော့

မူယာတို့အပေါ်အကြောကြီးနဲ့

ဆကိဆံတာ..အာ့အကြောတွေ

ကို ကွာကျအောင်မူယာတို့က

လုပ်ပေးရမှာပေါ့..."


သမီးဖြစ်သူအပြောကို..ဒေါ်ငွေခင်

ထောက်ခံစွာ...


"ဟုတ်တယ်သမီး..ဒါပင်မဲ့

အခုနေအူံး..မေမေတို့သူ့

စီက ငွေကို ညစ်ယူရအုံးမယ်

ပြီးမှ သူ့ကို သမီးလုပ်ချင်တာလုပ်..."


"ဟင်မေမေကလည်း..ရပါတော့

မလား..အခုလည်းသူပေးလိုက်တာ

များသားပဲ..သမီးတို့ ကောင်းကောင်း

စားလို့ရနေပြီကို..."


သမီးဖြစ်သူအပြောကို

ဒေည်ငွေခင်မဲ့ပြုံးပြုံးလိုက်ကာ..


"ဟင့်အင်း..မရသေးဘူး

သမီး..မေမေတို့အများကြီး

ထပ်ယူရအုံးမယ်..ပြီးတော့

အာ့မိန်းမရဲ့ပျော့ကွက်က

ဘာဆိုတာသိတယ်မှတ်လား...

မေမေတို့အာ့ဒါကို အခွင့်ကောင်းယူရမယ်..."


မေမေရဲ့အပြောကြောင့် မူယာ

ဘေးမှာရပ်နေသောဖေဖေကိုကြည့်

လိုက်ပြီးမေမေကိုပြန်ကြည့်ကာ

ကောက်ကြစ်သောအပြူံကိုပြုံးလိုက်မိသည်။


ဦးဝဏ္ဏာ သမီးနဲ့ ဇနီးကိုကြည့်ပြီး

ခေါင်းခါလိုက်သည်။ သူပြောလည်း

ရမှာမှမဟုတ်တာ..ဒါကြောင့်

သူတစ်ခုခုလုပ်မှရတော့မယ်...

စိတ်ထဲကနေလည်း..


"လောဘတရားက အရာရာကို

အမှောင်ဖုန်းနိုင်ပါလား...."


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: