"ဦးမာန်တံခွန်...ရှင်လွှတ်တော့နော်..."
သူမကို ညာတာပါတေးနဲ့လာနမ်း
နေသော သူ့ကိုယ်ကြီးကို သူမ
လက်သေးသေးလေးနဲ့တွန်းထုတ်ကာ
ပြောတော့....
"ဟာကွာ...ကလေးကလည််း..
တစ်ခါမှကောင်းကောင်းမနမ်းရဘူး..."
"ဘာ...ရှင်နော်..."
တော်သေးတယ်ကောင်းကောင်းမနမ်း
ရလို့ဘဲ...ကောင်းကောင်းသာနမ်းရရင်
သူမအသက်ရူကြပ်ပြီး သေသွားနိုင်သည်။
သူမကိုဆို ဘယ်နေရာမှ အလစ်မပေးတဲ့သူ....
နှာဘူး...ကမ္ဘာနောက်ပိုင်းသူ့အိမ်မှာလိုက်နေ
ရမှာတောက် သူ့ကိုကြောက်နေမိသည်။
အခုတောင်လက်မထပ်ရသေးဘူး
လက်တောင်ထပ်ပြီးရင် သူမဘဝအတွက်
တော့မတွေးရဲတော့ပေ။
မာန် သူနမ်းလိုက်လို့ ရဲသွားတဲ့
နှုတ်ခမ်းလေးကိုကိုက်ကာ သူ့ကို
ဂြိုလ်ကြည့်ကြည့်နေသော ကလေး
ကြောင့် ပြုံးလိုက်ကာ...ခါးလေးကို
တင်းနေအောင်ထပ်တိုးဖက်လိုက်ပြီး...
"နှဖူးလေးကို... အနမ်းများရဲ့အဆုံး
အသက်အနေနဲ့..စက္ကန်များစွာကြာ
ဖိကပ်နမ်းလိုက်သည်။
"အို...ဦးမာန်တံခွန်..ဖယ်တော့နော်..
အပြင်မှာ...ဒဇိုင်နားအမရှိတယ်...
ရှင်မရှက်ပင်မဲ့...ကျွန်မရှက်တယ်ဖယ်..."
ကမ္ဘာအပြင်ပြန်ထွက်ရမှာတောင်
ကြောက်နေမိသည်။သူ့လုပ်ပုံကြောင့်
အပြင်ကလူတွေကိုရဲရဲတောင်မကြည့်
ရဲတော့ပေ။ကမ္ဘာစိတ်ထဲကနေ...
"အရှင်ဘုရား...ဘုရားတပည့်တော်မကို
သနားရင် အငွေ့အဖြစ်ပြောင်းလဲပေးပါဘုရား..."
မာန်ရှက်လို့ မျက်နှာလေးရဲချိတ်နေသော
ကလေးကိုကြည့်ပြီး သဘောကျကာ
ပြုံးလိုက်ပြီး...စချင်တာကြောင့်....
"မရှက်နဲ့ကလေးရာ....သူတို့လည်း
သိမှာပေါ့.. ကြင်စဦးတွေဆိုတာ
ဒီလိုပဲကို....သူတို့နားလည်ကြမှာပါ
ပြီးတော့ မာန်တံခွန်ရဲ့ဇနီးဟော့ဒိ
က ကလေးကို သူတို့မောတောင်မကြည့်
ရဲဘူး...ဘာမှစိတ်မပူနေနဲ့.."
ကမ္ဘာနှုတ်ခမ်းလေးကိုက်ကာ အခုထိ
သူမခါးကိုမလွှတ်ပေးသေးသော
သူ့ရင်ဘက်ကိုလက်သီဆုတ်လေးနဲ့
ထုလိုက်ကာ...
"အရှက်မရှိတဲ့လူ...ဖယ်..."
"မဖယ်ဘူးကွာ..."
သူထပ်တိုးဖက်လိုက်တော့
သူမကိုယ်နဲ့ သူကိုယ်က
ပူးပူးကပ်ကပ်...ကမ္ဘာ
သူနဲ့ ထိတွေ့ဖူးသော်
လည်းအခုလိုအခြေအနေမှာ
အရမ်းတွေရှက်နေတာမျက်နှာ
တွေပင်မထားတက်....
"အို...ရှင်..ဖယ်နော်..ကျွန်မငိုတော့မှာ..."
အာ့တော့မှသူလှုပ်လှုပ်ရှားရှား
ဖြစ်သွားကာ...သူမကိုယ်လေးကို
လွှတ်ပေးပြီး..
"ဟာကွာ...ငိုစရာလားကလေးရာ
ကိုအာ့ဒါဆို မင်္ဂလာ ဦးညဆိုဘယ်လို
နေရမှာလည်း..."
"ဦးမာန်တံခွန်... ရှင်နော်ပြောလေ
ဆိုးလေပါလား..."
"ဟားး....ဟား...."
သူသူမအသံစာစာလေး
အော်လိုက်တာကြောင့်
သဘောကျကာရယ်
လိုက်ကာ...သူမမျက်နှာလေး
ကိုစူးစိုက်စွာကြည့်ပြီး...
"ကလေးရယ်...အရမ်းရှက်
တက်တာပဲ...ကိုယ်တို့က
သားတောင်ရပြီးနေပြီကို..."
ကမ္ဘာသူ့ကိုမျက်စောင်းလေးထိုး
လိုက်ပြီး...
"ရှင်နော်...အရှက်မရှိ
လျှောက်ပြောမနေနဲ့
ဖယ်..."
"အေးပါကွာ...ဖယ်ပေးမယ်...
ဟ်ုဘက်လှည့်...."
"ဘာ...."
မာန်သူ့အပြောကို မျက်ဝန်းလေး
ပြုးသွားကာ လှည့်အော်လိုက်သော
သူမလေးကြောင့် နားအူသွား
သလို နားထဲတွင် လက်ညိုးလေး
ထည့်ပြီး...
"ဟာ..ကလေးရာ...ဖြည့်ဖြည်းအော်
ပါဗျ....ကိုယ်နားကိုအူသွားတာပဲ...
ကိုယ်ပြောတာ...စေ့ဆွဲချပေးမလို့လေ.."
"ရတယ်မလိုဘူး...ဟိုအမကို
လွှတ်ပေး...."
ကမ္ဘာသူ့ကိုတွန်းထုတ်ပြီးပြောတော့
သူက ဘာကိုသဘောကျသွားမှန်းမသိ
ပြုံးနေကာ...
"ကိုယ်ပြန်လွှတ်လိုက်ပြီး...မနက်မှ
လာလိမ့်မယ်...လှည့်ပါ..
ကိုယ်ချွတ်ပေးမယ်...''
ကမ္ဘာသူ့စကားကြောင့် မျက်နှာလေး
သာမက နှာရွက်ဖျားလေးတွေပါ
ရဲလာကာ...
"ဦးမာန်တံခွန်... ရှင်စကားကို
ဘယ်လိုတွေပြောနေတာလည်း...."
"ဟာ...ကိုယ်ဘယ်လိုပြောလို့လည်း
ကလေးရာ..."
ကမ္ဘာ့သူ့ကိုဘာမှပြန်ပြောမနေ
တော့ဘဲ နှုတ်ခမ်း လေးကိုက်ကာ
ကြည့်နေလိုက်တော့သည်။
မာန် နှုတ်ခမ်းလေးကိုက်ကာ
သူ့ကိုအမြင်မကြည်စွာကြည့်
နေသော သူမလေးကို မသိချင်
ယောင်ဆောင်ကာ.....ကိုယ်လေးကို
ဆွဲလှည့်ပြီး...စေ့လေးကိုဆွဲကျပေးလိုက်
တော့...ကျောပြင်ဖွေးဖွေးလေးပေါ်လာကာ
သူယိုင်ချင်နေသောစိတ်ကိုအမြန်ထိန်းလိုက်ကာ..
ကျေပြင်ဖွေးဖွေးလေးကို အနမ်းလေးတစ်ပွင့်
ပေးလိုက်တော့...သူမလေးတုန်တက်သွားကာ..
သူသဘောကျစွာပြုံးလိုက်မိသည်။
သူကျောပြင်လေးကတစ်ဆင့် သူ့ကိုအရမ်း
ဆွဲဆောင်သော မှဲ့နက်လေးကို ဖိနမ်းပြီးတစ်ချက်
ကိုက်လိုက်တော့ သူမလေးသူ့ကိုဆူပုတ်ပုတ်လေး
ပြန်လည့်ကြည်လာလာသည်။
"အဟက်....ချစ်လိုက်တာကွာ....."
သူတကယ့်လူလည်ပါ...အနမ်းတွေနဲ့သူမကို
တဖန်ပြန်သိမ်းပိုက်သွားပြန်ပါသည်။
ကမ္ဘာစိတ်ထဲမှာလည်း..နောက်တစ်ခါဒီလူနဲ့
နီးနီးကပ်ကပ်မနေတော့ဘူးလို့ ဆုံးဖြတ်လိုက်မိ
တော့တာပါပဲ....
------------------------------------------^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒
"ဟာ...ဖေဖေစစ်လာတယ်...နော်..."
စစ်ခွန်းကားကိုအိမ်ရှေ့မှာရပ်လိုက်ကာ..
ဆင်းလာပြီး သူ့ကိုအပြေးလာကြိုသော
သားသားကို ဖမ်းပွေ့လိုက်ကာ..ပါးဖောင်း
ဖောင်းလေးကိုနမ်းပြီး...
"အဟာ...ဟုတ်တာပေါ့သားသားရယ်
ဖေစစ်က သားသားကိုလွမ်းနေတာ..."
"ဖေစစ်ဘွားဘွားရော...မပါဘူးလား...."
ကားထဲကိုလှမ်းကြည့်ပြီးမေးသော
သားသားကြောင့် စစ်ခွန်းပြုံးလိုက်ကာ..
"သားသားဘွားဘွားက နေသိပ်မကောင်း
ဘူးလေ...အာ့ဒါကြောင့် သားသားတို့ကို
ပဲလာလည်ပါတယ်..."
စစ်ခွန်းအိမ်ထဲကို တစ်ချက်လှမ်းကြည့်
လိုက်ပြီး....
"သားသား...မေမေရော..."
"ရှိတယ်ဖေစစ်..မေမေက..
မီးဖိုထဲမှာချက်နေတယ်...."
"မေမေရေ..ဒီမှာဖေစစ်လာတယ်ဗျ..."
ပြောလည်းပြောသားသားက
သူ့အမေကိုပါလှမ်းအော်ပြောကာ
သူ့လက်ကိုဆွဲပြီး အိမ်ထဲခေါ်လာတော့
စစ်ခွန်းသဘောကျကာပြုံးလိုက်မိသည်။
ကမ္ဘာဒီနေ့ကိုစစ်လာမှာဆိုတာကြောင့်
သူ့ကို ညမအိပ်ပေးဖို့အတင်းပြောကာ
ပြန်လွတ်လိုက်ရသည်။သူရဲ့သည်းသည်း
ပုံကြောင့် ကမ္ဘာကိုစစ်ရှေ့မှာ မနေရဲ့..
ကမ္ဘာရှက်လွန်းလို့သေလိမ့်မယ်။အာ့ဒါတောင်
ညနေပြန်လာခဲမယ်လို့ပြောသွားသေးဘူး..
ကမ္ဘာနေ့လည်က သူ့ရဲ့အပြုအမှုတွေကို
အတွေးရောက်သွားတော့ မျက်နှာလေး
ရဲလာကာ...နှုတ်ခမ်းလေး
ကိုက်ထားမိတော့သည်။
ကမ္ဘာဟင်းတွေပြန်နွေးနေတုံး
သားသားအသံစာစာလေးကြောင့်
အမြန်ပြေးထွက်ခဲ့ကာ..
"ကိုကို..ကိုကိုလာတယ်နော်..."
စစ်ခွနသူ့ကိုမျက်ရည်လေး
ဝဲကာကြည့်နေသော
ဝလုံးလေးကြောင့် သူပြုံးလိုက်ကာ...
သူမလေးအနားသွားလိုက်ပြီး..
"အဟင်း..လာရမှာပေါ့ဝလုံးလေး
ရယ်...ဝလုံးလေးက ကိုကိုညီမလေး
ဘဲကို..."
စစ်ခွန်းပြောလည်းပြော သူမ
ပခုံးလေးကို ဆွဲကာ..ဖတ်ထားလိုက်
တော့သူမလေးကလည်း သူ့ကိုပြန်လည်
ဖတ်ထားကာ....
"အဟင့်...ကမ္ဘာကလေ...ကမ္ဘာက..
ကိုကိုမလာတော့ဘူးထင်နေတာ
ကိုကိုကမ္ဘာကို စိတ်ဆိုးသွားတယ်ထင်
နေတာ..."
ရှိက်သံလေးနဲ့ပြောကာသူ
ရင်ခွင်ထဲတိုးဝင်နေသော
သူမလေးကို သူ ငုံ့ကြည့်ပြီး
ပြုံးလိုက်ကာ..
"ကိုကိုကဘာကြောင့်
ဝလုံးလေးကိုစိတ်ဆိုးရ
မှာလည်း...မငိုနဲ့တိတ်..မနက်ဖြန်
ပဲအင်္ဂလာဆောင်တော့မယ်..
ငိုနေရင်ရုပ်ဆိုးသွားအုံးမယ်..."
ကမ္ဘာကိုကို ကိုဖတ်ထားရာမှ လွှတ်လိုက်ပြီး
မျက်ရည်တွေသုတ်ကာ ကိုကို ကိုယ်ပြုံးပြလိုက်
ကာ...
"ကမ္ဘာ..ကိုကိုစားဖို့အတွက်...ဟင်း
တွေကိုကိုအကြိုက်တွေကြီးပဲ
ချက်ထာယတယ်သိလား.."
"အဟင်း..ဟုတ်ပါပြီဗျာ..."
"ဟင်..မေမေကလည်း..သားသား
နဲ့ဖေဖေအကြိုက်ရောမပါဘူးလား...."
"ဟားး...သားသားမင်းက အဖေချစ်
ပဲကွ..."
သားသားအပြောကြောင့် စစ်ခွန်း
သဘောတကျပြုံးလိုက်ကာ..
ပြောလိုက်တော့သားသားက သူ့ကို
ချစ်စဖွယ်အမှုအရာလေးနဲ့ပြန်ကြည့်ကာ...
"သားသားက ဖေဖေရော..ဖေဖေစ်ရော..
မေမေရော...ဘွားဘွားကိုရော...အကုန်ချစ်
ပါတယ်..."
စစ်ခွန်းသဘောကျပြုံးလိုက်ကာ...
သားသားကိုငုံ့ကာနမ်းလိုက်တော့..
သားသားက သူ့ကိုပြန်နမ်းကာ..
"ဖေဖေကလေ..မေမေကိုအာ့လိုနမ်း
တာတဲ..''
ကမ္ဘာသားသားအပြောကြောင့်
ကိုစစ်ရှေ့မှာမနေရဲတော့ဘဲ
မီးဖိုထဲပြန်ပြေးဝင်လာခဲ့သည်။
"အာ့ဒါရှင့်ကြောင့်သိလား
မကောင်းတဲ့လူကြီး..."
စစ်ခွန်းရှက်ကာပြေးဝင်သွား
သောဝလုံးလေးကိုကြည့်ကာ
သဘောကျပြုံးလိုက်ပြီး...စိတ်
ထဲကနေ...
"ကိုမာန်တံခွန်..ခင်ဗျာ..အခုလိုချစ်
စရာကောင်းတဲ့...ဝလုံးလေးနဲ့သားသား
ကို ခင်ဗျာပိုင်ဆိုင်ရတာ...တကယ်ကံကောင်း
ပါတယ်...."
----------------------------------------------------^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒
"ကိုကို..ထမင်းစားလို့
ရပြီနော်...."
အခုမှပြန်ပေါ်လာသော
ဝလုံးလေးကိုစစ်ခွန်းကြည့်ပြီး...
"နေအုံးဝလုံးလေး..ကိုမာန်တံခွန်
လာနေပြီ...သူ့ကိုစောင့်လိုက်အုံး
မယ်..."
"ဟင်...ကမ္ဘာကိုပြောတော့ ညနေစောင်းမှ
လာမှာဆိုပြီးတော့.."
"အင်း..ကိုကိုနဲ့စကားအေးဆေး
ပြောမလို့တဲ့...သူ့Company
ကနေ ဒီကို တန်းဝင်လာမယ်တဲ့..."
ကမ္ဘာခေါင်းလေးငြိမ့်ပြကာ..
"ဟုတ်ကဲ့ကိုကို..အာ့ဆိုကမ္ဘာ..
ခြံထဲဆင်းပြီး ကိုကိုပါလာတဲပန်း
ပင်လေးကိုစိုက်လိုက်အုံးမယ်နော်..."
"နေနေ..ဝလုံးလေးမစိုက်နဲ့...ဦး
လေးထူးစိုက်နေပြီ...ဝလုံးလေး
ဒီကိုခဏလာအုံး...ကိုကိုပေး
စရာရှိလို့..."
ကမ္ဘာကိုကိုသူ့အနားကိုခေါ်တာကြောင့်
သွားပြီး ဆိုဖာလေးပေါ်ထိုင်လိုက်တော့
ကိုကိုက..သူ့ဘေးအိတ်ထဲကယွန်ဘူးလေး
ကိုထုတ်ကာ..သူမကိုကမ်းပေးတော့...ကမ္ဘာ
မျက်လုံးလေးဝိုင်းပြီး...
"ဒါက...ဘာလည်းကိုကို..."
"အဟင်း...နန်းကလျာဝလုံးလေး
အတွက်လက်ဆောင်ပေးလိုက်တာလေ..."
ကမ္ဘာကိုကိုအပြောကြောင့်မျက်နှာ
လေးပြုံးကျသွားကာ...
"မမနန်းကလျာကို..ကျေးဇူးတင်
တယ်လို့ပြောပေးနော်ကိုကို..."
"အဟင်းပြောပေးမယ်..ပြီးတော့ရော့..."
နောက်ထပ်ကတီပါဘူးအနီရောင်လေး
ကိုထုတ်ပေးတော့ကမ္ဘာယူပြီးဖွင့်ကြည့်လိုက်ကာ...
"ဟင်..ဒါဒါ..မေနန်း...ဆွဲကြိုးပဲ..."
"အွန်း..ဟုတ်တယ်...မေမေကဝလုံးလေး
အတွက်လက်ဖွဲ့ပေးလိုက်တာ..."
ကမ္ဘာလည်ဆွဲလေးကိုကိုင်ပြီး မျက်ရည်တွေ
ကျလာကာ...
"ကမ္ဘာလေ...မေနန်းကို..
အရမ်းလွမ်းတယ်လို့ပြောပေးနော်
ကိုကို..အဟင့်..."
"ဝလုံးလေးရာ..ဘာလိုငိုပြန်တာလည်း
လွမ်းရင်လာတွေ့လို့ရတာပဲကွာ..."
ကိုကိုက ကမ္ဘာခေါင်းလေးကိုပုတ်လိုက်ပြီး
ပြောတော့ကမ္ဘာမျက်ရည်လေးတွေကိုသုတ်
လိုက်ကာ...
"အင့်..ကမ္ဘာမငိုတော့ပါဘူး..."
ကမ္ဘာမငိုတော့ဘူးပြောသော်လည်း
မျက်ရည်တွေက ဆက်ကျလာတော့
စစ်ခွန်ူပြုံးလိုက်ကာ...
"ဟာဗျာ...မငိုတော့ဘူးလည်းပြော
သေးတယ်..အဟွန်း..ကိုကိုညီမလေး
ကတော့..."
"တီ....တီ...တီ..."
"ဟော..ကိုမာန်တံခွန်လာပြီထင်တယ်
မျက်ရည်တွေသုတ်တော့.. တော်ကြာဟိုက
စိုးရိမ်နေအုံးမယ်..."
"ဟုတ်''
ကမ္ဘာကိုကို ကိုခေါင်းငြိမ်ပြကာ
မျက်ရည်တွေသုတ်ပြီး...
"ကိုကို...ကမ္ဘာဒါလေးတွေ
အခန်းထဲသွားထားလိုက်အုံးမယ်နော်..."
"အင်း...ဝလုံးလေး.."
ကမ္ဘာကိုကိုပေးတဲ့ ဘူးလေးတွေ
ယူပြီး အခန်းထဲ ပြန်လာထားသလို
လစ်ထွက်လာခဲ့သည်။ကမ္ဘာ..ယူမဲ့
ယောကျာ်းအကြောင်းကိုကမ္ဘာအသိဆုံး
မဟုတ်လား...တော်ကြာကိုကိုအရှေ့မှာတင်
ကမ္ဘာငိုတာကို မေးပြီးအရမ်းသည်းပြနေမှဖြင့်...
ကမ္ဘာရှက်လို့ သေလိမ့်မည်.....
-----------------------------------------------^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒
မာန်ကားရပ်ကာ စစ်သွေးကို
ပြောစရာရှိတာပြောပြီး စံအိမ်ကို
ပြန်လွှတ်လိုက်ကာ..သူကတော့
ကလေးအိမ်ထဲကိုဝင်လာလိုက်သည်။
အိမ်ထဲရောက်တော့..စစ်ခွန်းမှိုင်းကိုသာ
တွေ့ရပြီး သူ့ကလေးရော..သားကိုရော
မတွေ့တော့ သူမျက်ခုံးပင့်တက်သွားကာ..
"ကိုစစ်ခွန်းမှိုင်း... ကလေးနဲ့သားရော..."
စစ်ခွန်း ဝင်လာတာနဲ့ ဟိုသားအမိကို
မေးနေသော ကိုမာန်တံခွန် ကြောင့်
ပြုံးလိုက်ကာ..
"ရှ်ပါတယ်ဗျ..သားသားက
စောစောက ကောင်မလေး
ရေချိုးပေးနေတယ်..ဝလုံးလေး
က အခန်းထဲဝင်သွားတယ်ထင်တယ်..."
"သြော်...အာ့ဒါဆို...ကျွန်တော်
အထဲခဏဝင်လိုက်အုံးမယ်..
ကိုစစ်ခွန်းမှိုင်း.. ခဏနော်..."
"ဟုတ်ကဲ့...ရပါတယ်ကိုမာန်တံခွန်.."
မာန်စစ်ခွန်းကိုပြောပြီး
သူ့ကိုထွက်လာမကြိုသော
သူမလေးကိုအပစ်ပေးရန်
သူမလေးရှိရာ အခန်းကို
တက်လာလိုက်သည်။
သူဝင်သွားတော့ ကုတင်ပေါ်
တွင် သူ့အဝတ်အစားတွေကို
ထိုင်ခေါက်နေသောသူမလေး
ကြောင့် သူပြုံးလိုက်ပြီး အသာလေး
အနားကိုတ်ုးသွားပြီးသူမအနောက်မှာ
ဝင်ထိုင်ပြီးခါးလေးကိုဖက်လိုက်ကာ....
"ကလေး....ဘာလို့ ကိုယ့်ကိုထွက်မကြို
တာလည်းပြော..."
ကမ္ဘာအသံနဲ့အတူသူမခါးလေး
ကိူလာဖက်သောသူ့ကြောင့်
လန့်သွားကာ....
"အာ...ဦးမာန်တံခွန်..အသံလေး
ဘာလေးပေးပါ..ကမ္ဘာလန့်သွားတာပဲ.."
သူ့ကိုဆူပုတ်ပုတ်လေး
လှည့်ပြောတော့သူလှည့်
လာသော ပါးလေးကိုနမ်းလိုက်
တော့....
"အို..ဦးမာန်တံခွန်...ရှင်ထွက်နော်
အောက်မှာကိုကိုစောင့်နေမယ်.."
"အဟွန်း..မင်းကိုကိုကအလိုက်သိ
ပါတယ်..ကိုယ့်ကိုရတယ်တဲ့..
ဘယ်အချိန်မှပြန်ဆင်းလာလာတဲ့..."
"အို...ရှင်တို့ထမင်းစား
ရအုံးမယ်ဖယ်..."
"ဟင့်အင်း..ကိုက ကလေး
ကိုပဲစားချင်တာ..."
"ရှင်နော်...အရှက်မရှိ..ဖယ်
အဝတ်အစားတွေကြေ ကုန်
မယ်...ဖယ်ပေး..."
"ဟာကွာ..ရူပ်တယ်..
အာ့ဒါတွေဖယ်...ကလေး
လာခဲ့..."
"ဟင်မလား...ဦးမာန်တံခွန်နော်..."
"ဟား...ဟား...ဟား..."
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း