book

Index 18

အပိုင်း(18)

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

ကမ္ဘာကားဟွန်းသံကြောင့်...

ဟင်းချက်နေရင်း....ဇွန်းလေး

ကိုင်ကာ ထွက်ကြည့်လိုက်တော့...

ခြံဝတွင် ရပ်နေပြီး ခြံစောင့်ဦးလေး

နဲ့ပြောနေသောလူနှစ်ဦးကြောင့်

သူမမျက်နှာကိုတင်းမာလိုက်ကာ...

ဇွန်းကိုမီးဖိုထဲပြန်ထားပြီး...

ထိုနေရာကို လျှောက်လာလိုက်သည်။


"ခင်ဗျာ...တို့ကဘယ်သူတွေလည်း..."


"ဟဲ့...ငါတို့က မိုးစက်ကမ္ဘာရဲ့..အမေ

နဲ့အမပဲ...တံခါးဖွင့်စမ်း..."


"ဟာဗျာ...မမလေးမှာ အမေနဲ့အမရှိတယ်

လို့လည်းမကြားဖူးပါဘူး..."


"သြော....ဒီခြံစောင့်အဖိုးကြီးကတော့

ငါတို့ကဖွင့်ဆိုဖွင့်ပေါ့..."


ဒေါ်ငွေခင် ရိုင်းဆိုင်းနှုတ်ကြမ်းကာ

ပြောတော့..ထိုခြံစောင့်ဦးလေးက ခါး

ထောက်ပြီး...


"နေအုံး...မမလေးကို ကျုပ်မေး

လိုက်အုံးမယ်..."


"ဘာမှမေးစရာမလိုဘူး...ဦးလေးထူး

သူတို့ကိုဖွင့်ပေးစရာမလိုဘူး.."


အသံကြည်ကြည်ဖြတ်ဖြတ်လေးထွက်ပေါ်

ဘာသောနေရာကို ဒေါ်ငွေခင်နဲ့ မူယာခင်

ကြည့်ပြီး မျက်နှာမှာပျက်သထက်ပျက်နေ

ကြတော့သည်။


အကြောင်းမှာ သူမတို့မှာတော့ တောက်တောက်

ပြောင်ပြောင်ဝတ်ဖို့နေနေသာသာ ထမင်းကို

မနည်း နတ်မှန်အောင်ရှာစားနေရသည်။


မိုးစက်ကမ္ဘာ ကတော့အာ့လိုမဟုတ်

ကလေးအမေလို့သာပြောတာ

လှလိုက်တာထိရက်ဖွယ်ရာမရှိ

အသားလေးကို ဖွေးအုဝင်းဝါပြီး

မျက်နှာလေးကလည်း ချစ်စရာ

အရမ်းကိုကောင်းလှသည့်သူမပုံ

စံလေးကိုကြည့်ပြီး မူယာခင်

မနာလိုမုန်းတီမှုများက ရင်တွင်း

မှာ ပိုကိန်းအောင်းလာခဲ့သည်။


"ရှင်တို့ဘာလာလုပ်တာလည်း...."


"ဟို....ဒေါ်လေးတို့က... သမီးကိုသတိရ

လို့လာတာပါ..."


"ဟုတ်ပါတယ်ကမ္ဘာရယ်...ငါတို့က

နင့်ကိုမတွေ့တာကြာတော့သတိ

ရလို့လာတာပါ..."


ကမ္ဘာဟန်ဆောင်ပန်ဆောင်ပြောနေသော

သူတို့နှစ်ယောက်ကိုကြည့်ပြီး..နှုတ်ခမ်း

လေးမဲ့လိုက်ကာ....


"ဟွန်း..ရှင်တို့...ကျွန်မဘယ်လိုအခြေ

အနေရှိလည်းဆိုတာလာစုံစမ်းတာမ

ဟုတ်ဘူးလား..."


ကမ္ဘာပြောလိုက်တော့နှစ်ယောက်လုံး

မျက်နှာတွေပျက်ကြသွားကာ...အပြုံး

တုတွေနဲ့ပြုံးပြပြီး...


"ဘယ်လိုပြောလိုက်တာလည်း....ကမ္ဘာရယ်...

ငါနဲ့မေမေနဲ့ကနင့်ကို တကယ်အဆင်ပြေရဲ့

လားဆိုပြီး...စိုးရိမ်လို့လာကြည့်တာပါ..."


"အဟွန်း...အာ့လိုဆိုရင်တော့ဝမ်းသာ

ပါတယ်...ဒါပင်မဲ့...ကျွန်မအခုအဆင်

ပြေတယ်ဆိုတာ ရှင်တို့ တွေ့နေရပြီမ

ဟုတ်လား...အာ့ဒါကြောင့် ဘာမှပြော

စရာမရှိရင်ပြန်လို့ရပါပြီ..."


"အဟင်း..ကမ္ဘာရယ်စိမ်းလိုက်တာ

ငါတို့ကို အိမ်ထဲတောင်ပေးမဝင်တော့

ဘူးလား..."


ကမ္ဘာမျက်မှောင်လေးကုတ်ပြီး

မူယာခင်ကိုကြည့်လိုက်ကာ...


"ဘာကိစ္စရှင်တို့ကို...ကျွန်မက

အိမ်ထဲပေးဝင်ရမှာလည်း..."


ကမ္ဘာပြောလိုက်တော့ မျက်နှာတွေ

ပျက်ကြသွားကာ...


"ငါတို့ကမိသားစုတွေပဲကို ပြီးတော့

ဖေဖေကလည်းနင့်ကိုသတိရနေတာ

နင်ထွက်သွားပြီးနောက်ပိုင်းဖေဖေက

နောင်တတွေရပြီး...စားမဝင်အိက်မပျော်ဖြစ်

နေတာ..ကမ္ဘာနင်သိရဲ့လာ....ပြီးတော့

နင် ကိုမာန်တံခွန်နဲ့..သွားလိုက်နေရင်

ငါတို့အခုလိူအနားကပ်လို့ရမှာမဟုတ်ပါဘူး..

အာ့ဒါကြောင့် အခုအချိန်လေးမှာ နင်ကိုတွေ့လို့

တွေ့ညား ငါတို့လာပြောတာပါ..."


ကမ္ဘာစကားကိုရှေ့နောက်မညီစွာ

ပြောနေသောမူယာခင်ကိုကြည့်

ပြီးစိတ်ပျက်စွာ...


"ကောင်းပြီး....ကျွန်မရှင်တို့ကို

နောက်ဆုံးအနေနဲ့ တစ်ခုကူညီမယ်

ပြော...ရှင်တို့ဘာလိုချင်လို့ ကျွန်မ

ဆီလာတာလည်း...."


"ဟို...ဟိုဒေါ်လေးကလေ..သမီးအဖေကို

ဆေးကုပေးချင်လို့...အာ့ဒါဒေါ်လေးကို

ပိုက်ဆံနည်းနည်းလောက်ချေးပါလား...

ဟိုဒေါ်လေးပြန်ဆက်မှာပါ..."


ကမ္ဘာနားထောင်ပြီး မျက်နှာကိုမဲ့လိုက်ကာ...


"အဟွန်း...ကျွန်မအဖေ..ဟုတ်လား..

မူယာခင်အဖေလို့ပြောရင်ပိုမှန်မယ်..."


ဒေါ်ငွေခင်ပြုံးနေသော မျက်နှာမှာ

မဲမှောင်ကျသွားကာ...


"မဟုတ်ပါဘူး..ကမ္ဘာရယ်...

သမီးအဖေက သမီးကို..."


ကမ္ဘာဆက်မပြောရန်လက်ကာပြလိုက်

တော့ဒေါ်ငွေခင် အသံတိတ်သွားကာ..


"ကျေးဇူးပြုပြီး အာ့ဒိကျွန်မအဖေမဟုတ်တဲ့

လူကို...ကျွန်မအဖေလို့မပြောပါနဲ့...ကျွန်မအကုန်

အားလုံးသိပြီးပြီး...ဒါကြောင့်ဘာမှမပြောပါနဲ့တော့...

ရှင်တို့လိုချင်တာပိုက်ဆံမှတ်လား..ခဏစောင့်

ကျွန်မသွားယူပေးမယ်...ဦးလေးထူး

ဒီမှာခဏစောင့်ပေးနော်..."


"ဟုတ်ကဲ့မမလေး..."


သူမပြောပြီးပိုက်ဆံယူရန်

အိမ်ထဲဝင်လာခဲ့သည်။


"မေမေ..ကမ္ဘာပြောသွားတာ

တကယ်လား..ဖေဖေက 

သူ့အဖေမဟုတ်ဘူးပေါ့...ဒါဆို

မူယာနဲ့လည်းဘာမှမတော်ဘူးပေါ့..."


"ဟုတ်တယ်..သမီး...

သူနဲ့ သမီးဖေဖေက ဘာမှမတော်

ဘူး...သူအဖေနဲ့ သမီးအဖေက 

သူငယ်ချင်းတွေ..မေမေတို့ဒက္ခရောက်

နေတော့ သူတို့အိမ်ပေါ်ခေါ်တင်ထားတာ..."


"ရော...ဒါရှင်တို့အတွက်...လုံလောက်မှာပါ

ဒါကျွန်မရဲ့နောက်ဆုံးကူညီချင်းဘဲ.."


ကမ္ဘာသူမရဲ့...စကားကိုအာရုံမရဘဲ

လက်ထဲက ငွေထုတ်ကိုပဲသားအမနှစ်ယောက်

အာရုံရောက်နေတော့..နှုတ်ခမ်းလေးမဲ့လိုက်

ပြီး..


"ဦးထူး...ဒါလေးသူတို့ကိုပေးပေးနော်..."


ဦးထူးယူပြီးပေးလိုက်တော့

သားအမိနှစ်ယောက်ပိန္ဒြေမဆယ်

နိုင်စွာ ပိုက်ဆံအထုတ်ကို အသည်းအမဲ

ယူကြည့်ပြီး...


"ကျေးဇူးပါ.. ကမ္ဘာရယ်..သမီးအဖေ..အဲ..

သမီးဦးလေးကို... ကမ္ဘာကယ်လိုက်တာပါ..."


ဒေါ်ငွေခင်မျက်ရည်လေးတစမ်းတစမ်း

နဲ့ ချက်ချင်းအမူအရာပြောင်းသွားတာ

ကိုကမ်ဘာသာမက ဦထူးပါ အံ့သွ ကာ

ကြည့်ပြီး...ကမ္ဘာမဲ့လိုက်ကာ...


"အာ့ဒါဆိုရင်...ရှင်တို့ပြန်လို့ရပြီနော်..."


"စိတ်ချ...စိတ်ချ..ပြန်မှာပါ..

နောက်မလာတော့ပါဘူး..လာ

မယူယာပြန်မယ်..."


ဒေါ်ငွေခင်သူမလက်ဆွဲပြီး

ခေါ်တာကိူ လက်ကိုပုတ်ချလိုက်တဲ့သမီး

ကြောင့်မျက်လုံးကြီးပြူးကာ..

လှည့်ကြည့်တော့....


"ဟဲ့...လာလေ..မူယာပြန်မယ်..."


"နေအုံမေမေ...သမီးအာ့ကောင်မကိုပြောအုံး

မယ်...ဒီမှာမိုးစက်ကမ္ဘာ...နင်ကချမ်းသာတဲ့

ယောကျာ်းကိုရတော့မှာဆိုတော့မာန်တက်နေ

တာလား..စိတ်ချအာ့ဒိမာန်ကို..ငါရိုက်ချိုးပေးမယ်..."


ဒေါ်ငွေခင်...ကမ္ဘာ့ကိုအားနာသလိုလေး

ပြုံပြပြီး...


"ဟဲ့..မူယာခင် ညည်းကိုငါပြောနေတာ..

လာအခုသွားမယ်..."


ကမ္ဘာ မူယာခင်ကိုလက်ဆွဲကာ

ထွက်သွားသော ဒေါ်ငွေခင်တို့ကို

ကြည့်ကာ..သက်ပြင်သဲ့သဲ့

ချလိုက်မိတော့သည်။


------------------------------------------------^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒


"မေမေရေ...သားသားပြန်လာပြီ..."


ကမ္ဘာအသံစာစာလေးကြောင့် ဧည့်ခန်း

မှာ ပန်အိုးထိုးမေရာကနေပြုံးလိုက်ကာ

ဧည့်ခန်းထဲပြေးဝင်လာပြီး သူမကိုပြေး

ဖက်တဲ့သားသားကြောင့် သူမသားသား

ပါးလေးကိုငုံ့နမ်းကာ...


"သားသားပျော်ခဲ့ရဲ့လား..."


"ဟုတ်ကဲ့..သားသားပျော်တယ်မေမေ..

ပြီးတော့လေ...ဖေဖေ အလုပ်နေရာကြီး

ကအကြီးကြီးပဲ...သားသားတို့ ဟိုအရင်

ကသွားတာထက်တောင်...ကြီးသေးတယ်

သိလား..."


သားသားက ဒီနေ့ သူ့အဖေ နောက်ရုံးခွဲကို

လိုက်သွားတာပါ။အခုပြန်လာတော့

သူမြင်ခဲ့သမျှတွေကို ပါးလေးဖောင်းကာ

ပြန်ပြောနေတဲ့ပုံစံလေးကြောင့်ကမ္ဘာသွား

ဖြူဖြူလေးတွေပေါ်အောင်ပြုံးလိုက်ပြီး

မျက်လုံးလေူကလည်းသားသားနောက်ကို

မသိမသာဝေ့ကြည့်ကာ...


"အဟွန်း...ဟုတ်ပါပြီရှင်..သားသား

ပျော်ဖို့အရေးကြီးတယ်..ပြီးတော့

ဟိုလူရော.."


သားသားကသူမအမေးကိုနားမလည်

စွာမျက်ဝန်ဝိုင်းလေးနဲ့မော့ကြည့်ကာ..


"ဘယ်လူလည်းမေမေရဲ့..."


"ဟို..သားသားဖေဖေကိုမေးတာ..."


သားသားကထိုအခုမှပြုံးသွားပြီး...


"ဖေဖေက...ကားနားမှာ...ဦးလေး

ကြီးတွေကိုစကားပြောနေတယ်..

သားသားကိုအရင်ဝင်သွားတဲ့..ဖေဖေ

အနောက်ကလိုက်ခဲ့မယ်တဲ့...ပြီးတော့

ဖေဖေကသားသားကိုပြောတယ်

သားသားကျောင်းတင်ရမယ်တဲ့..."


"ဟင်..သားသားက မပျော်ဘူးလား..."


"သားသားက ဖေဖေရှိတဲ့နေရာဆို

အကုန်ပျော်တယ်..ပြီးတော့ရှမ်း

ပြည်ကဘွားဘွားကိုလည်း..သားသား

ကသတိရတယ်..."


ကမ္ဘာမျက်နှာလေးငယ်စွာပြော

လာသောသားသားကြောင့် 

သားအရှေ့မှာ ဒူးလေးထောက်

ထိုင်လိုက်ကာ...


"သားသားလွမ်းရင်..မေမေလိုက်ပို့မှာပေါ့

သားသားကျောင်းပိတ်ရက်တွေဆို..."


"တကယ်နော်မေမေ..."

အာ့တော့မှ ပြုံးရွှင်စွာပြောလာ

သော သားသားကြောင့် ကမ္ဘာပြုံး

လိုက်ကာ...


"တကယ်ပေါ့သားသားရဲ့..."


"ဟေ့ဒါမှသားသားမေမေ..အာ့ဒါကြောင့်

ချစ်တာ..."


သားသားကပြောလည်းပြော 

သူမနဖူးလေးကို နမ်းကာ..

အပေါ်ပြေးတက်သွားတော့...

ကမ္ဘာစိုးရိမ်သွားကာ..


"သားသားဖြေးဖြေးသွားလေ..."


"ကလေး...သားသားနဲ့ဘာတွေ

ပြောနေတာလည်း..."


သားသားကျောပိုးအိတ်လေးကို

ကိုင်ကာ ကမ္ဘာရှိရာကိုလျှောက်ဝင်

လာသော သူ့ကိုကမ္ဘာလှည့်ကြည့်ပြီး..


"သားသားကပြောနေတယ်...

သူ့ဘွားဘွားကိုလွမ်းလို့...

ရှမ်းပြည်ကိုသွားချင်တယ်တဲ့..."


မာန်မျက်နှာပျက်သွားကာ..


"ဘာလို့လည်းသားသားက

ဒီမှာနေရတာမပျော်လို့လား..."


ကမ္ဘာ သားကပြန်လည်ချင်တယ်

ပြောတာကြောင့်စိုးရိမ်စွာမေးနေသော

သူ့ကို..မျက်စောင်းလေးထိုးလိုက်ကာ...


"အော်....ရှင်ကလည်း...သားက ကလေး

လေ..သူအရင်နေခဲ့တဲ့နေရာကိုတော့...

သူဘယ်မေ့နိုင်မလည်း..."


"အဟွန်း...ဟုတ်သားပဲ..ကိုယိအစိုး

ရိမ်လွန်သွားတယ်ကွယ်..."


ပြုံးထေထေပြောပြီး ကမ္ဘာအနား

ကပ်လာသော သူ့ကို ကမ္ဘာမျက်

ဝန်းလေးပြူးပြီး အလန့်တကြား...


"ရှင်...ရှင်အာ့မှာရပ်နေနော်...အနား

ကပ်မလာနဲ့..ဒီမှာတွေ့လားပန်းအိုး

ထုချလိုက်မယ်..."


သူ့ကိုအနားကပ်မှာ ကြောက်လန်နေသော

ကလေးကိုကြည့်ပြီးမာန်သဘောကျစီာ

ရယ်လိုက်ကာ..


"အဟက်...ကိုယ်ကလေးကို

ဘာမှမလုပ်ပါဘူးကွာ...အနားကပ်

ချင်ရုံလေးပါ..''


ကမ္ဘာသူ့အပြောကို မယုံဘူးဆိုသည့်

သဘောဖြင့် နှုတ်ခမ်းလေးမဲ့လိုက်မိသည်။

"သူကယုံရတဲ့သူမဟုတ်..သူမကိုဆို ကျားချောင်း

ချောင်းနေတဲ့လူ...နှာဘူး...သူဂွင်ထဲရောက်

သွားရင် သူမကိုတော်တော်နဲ့ပြန်လွှတ်ပေးတဲ့

လူမဟုတ်...''


မာန်...သူ့ကိုမယုံကြည်စွာမဲ့ပြတဲ့သူမလေး

ကို အသည်းတွေယားလာကာသဘောကျ

သလိုရယ်လိုက်ကာ...


"ဟား....ဟားး...ကလေး

ကိုယ့်ကိုအရမ်းကြောက်နေတာပဲ..

ကိုယ်က ကလေးကိုချစ်တာပါကွာ...

အင်းပါ..ကိုအခု မချစ်တော့ဘူး..မနက်ဖြန်

မင်္ဂလာပွဲ​ပြီးမှပဲ...အဝချစ်တော့မယ်နော်...''


"အို...ရှင်နော်...အရှက်မရှိဘာတွေပြော

နေတာလည်း..."


ပါးလေတွေရဲကာ...သူ့ကိုအော်လိုက်

သောသူမလေးကြောင် သူနှုတ်ခမ်း

ကိုက်ကာပြုံးလိုက်ပြီး...


"အဟွန်းကိုရိုးရိုးပြောတာပါ

ကလေးဘာသာဆန်းဆန်းလိုက်တွေးနေတာ..."


"ဟင်...ရှင်ပြောလိုဆိုးလေပါလား..."


"ကလေးနော်..ကိုယ်ကိုရှင်ရှင်နဲကြား

ကောင်းတယ်မှတ်နေလား..."


စိတ်ကောက်သလိုပြောလာ

တဲ့သူ့ကြောင့် သူမ မဲ့ပြုံးပြုံးလိုက်မိသည်။

ပြောတော့သာ ကမ္ဘာ ကျော်စီးပွားရေးလုပ်

ငန်းရှင်...အခုပုံစံက သူများတွေမြင်ရင်

အထူအဆန်းနဲ့ ကြည့်နေကြမှာကျိန်းသေ

သည်။


"ဟွန့်...ရှင့်ကိုယ်ရှင်..လူကြီးလူကောင်း

ဆန်အောင်နေပါ...ကလေးကျနေတာပဲ

သူများထက်တောင်နွဲ့သေးတယ်..."


မာန်ခါးလေးထောင်ကာရန်တွေ့

နေတဲ့သူမပုံစံလေးကြောင့်...

ရယ်လိုက်မိကာ....မချုမချဥ်

အပြုံတို့ကိုဖန်ဆင်းလျှက်..


"ကလေးနဲ့ဆို...ကိုယ်လူကြီးလူကောင်း

မဆန်နိုင်ဘူး..ယူသင့်တာယူပေးသင့်တာ

ပေးရမှာပဲ..."


သူမကိုယ်လုံးလေးကိုစူးစိုက်

စွာကြည့်ပြီးပြောတော့ကမ္ဘာ

မျက်နှာလေးရဲသွားကာ...


"နှာဘူး.."


ကမ္ဘာသူနဲ့ယှဥ်ပြောမနေတော့..ပြော

ရင်လည်းသူမပဲထပ်ရူံးအုံးမှာမဟုတ်လား..


"ဟေ့အာ့ဒါဘယ်လည်း...ညနေအင်္ဂလာ

ပွဲဝတ်ဆုံတွေ ဝတ်ကြည့်ရမှာနော်.."


ကမ္ဘာနောက်ကိုလှည့်ကာ..မျက်စောင်း

လေးထိုးပြီး...


"သိတယ်..သိတယ်..ကိုကိုလာရင်

စားဖို့အတွက်...ဟင်းချက်မလို့..."


မာန်ကလေးဆန်သော

သူမအမှုအရာလေးကြောင့်

သက်ပြင်းလေးချလိုက်မိသည်။


"နောက်ဆို..သူ့မှာကလေးက

သားသားတစ်ယောက်ထည်း

မဟုတ်...ကလေးစိတ်မကုန်သေး

သော်...လူကြီးကလေးလေးကိုပါ..

သူထိန်းရတော့မယ်မဟုတ်လား..."


--------------------------------------------^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒


"သား...သမီးလေးကို

ပြောလိုက်အုံးနော်...မေမေ

လိုက်ချင်ပါတယ်လို့...

မေမေအခြေအနေကို သား

မြင်တဲ့မတိုင်းပဲလေ..."


သူကမ္ဘာလေးတို့အတွက် လိုအပ်

တဲ့ ခြံထွက်အသီးအနှံတွေကို 

ကားထဲထည့်နေတုံးမေမေက

ဘေးတွေရပ်ကာ..လာမှာနေတာ

ကြောင့်သူပြုံးပြပြီး...


"စိတ်ချပါမေမေရဲ့...သာပြောလိုက်ပါ့

မယ်..မေမေသာနေကာင်းအောင်နေ

အုံး.."


"အေးပါ..သားရယ်မြေးလေးကိုလည်း

လာလည်ပါအူံးလို့..ကမ္ဘာလေးကိုရော..

မေမေသတိရနေတယ်လို့...ပြီးတော့

သွားသတိ..လာသတိဆိုတာရှိတယ်..

ကမ္ဘာလေးက တကယ့်စီးပွားရေးရှင်

ရဲ့ ဇနီးဆိုတာ တရားဝင်ချပြလိုက်ပြီး

ဆိုတော့ မလိုတဲ့သူတွေလည်းရှိမှာပဲ

သားရယ်..ဂရုစိုက်နေဖို့ပြောလိုက်ပါကွယ်..."


"အဟွန်း..မေမေကလည်းအစိုးရိမ်လွန်

နေပြနိပါပြီဗျာ...သူ့အနားကို လူမပြောနဲ့

ခြင်တောင်ကပ်လို့ရမှာမဟုတ်ဘူးမေမေရဲ့

သူ့ယောကျာ်း က အကပ်ခံမှာမဟုတ်ဘူး..."


"အဟင်း..သားပြောချက်အရ..သူ့အမျိုးသား

က ကမ္ဘာလေးကိုအရမ်းချစ်တယ်လို့..ကြားတော့

မေမေအရမ်းသာတာပဲကွယ်.."


သားရဲ့ကြည်လင်နေသောမျက်နှာလေး

ကိုကြည့်ပြီး ​ဒေါ်နန်းမေပြုံးပြီးကြည့်တော့..


"အဟွန်း...သားပြောတာနည်းသေးတယ်

မေမေ...ဝလုံးလေးက အရမ်းကံကောင်း

မှာပါဗျ..."


ဒေါ်နန်းမေ သားရဲ့ ပြုံးရွှင်နေ

တဲ့မျက်နှာကို ကြည့်ပြီး စိတ်

သက်သာသလိုပြုံးလိုက်ကာ..


"မေမေလည်း...အာ့လိုထင်ပါတယ်

သားရယ်..သမီးလေးက စိတ်ထားလေး

လည်းကောင်းတဲ့မိန်းကလေး...အခုလို

ယောကျာ်းကောင်းရတော့ မေမေ စိတ်ချ

ပါပြီး...သားပစ္စည်းတွေ စုံအောင်ထည့်

အုံးနော်...ကျန်နေခဲ့အုံးမယ်..."


"ဟုတ်ကဲ့ပါမေမေရဲ့..

သားသေချာစစ်နေပါတယ်...ခဏနေရင်

တော့သားသွားတော့မယ်မေမေ..."


"အင်း..သား...သြော်ခဏ....မေ့တော့မလို့

တော်သေးတယ်...."


မေမေအိမ်ထဲကိူအမြန်ဝင်သွား

ပြီး ခပ်သုတ်သုတ်ပြန်ထွက်လာတဲ့မေမေ

ကြောင့် သူမျက်ခုံးပင့်တက်သွားပြီး...


"ဘာဖြစ်လို့လည်းမေမေ..."


"ရော..သားဒါလေး..သမီးလေးကို

ပေးပေးနော်..."


စစ်ခွန်းအနီရောင်ကတီဘာဘူးလေးကို

ကမ်းပေးလါသောမေမေကိုကြည့်ကာ..


"ဒါဘာလည်းမေမေ...."


သူမေးတော့မေထေိုဘူးလေးကိုဖွင့်

လိုက်တော့..လှပစွာထွက်ပေါ်လာသော

တစ်တန်းသွားစိန်ကြိုးလေး...


"မေမေဒါက....မေမေစီမှာရှိတဲ့ဆင်တူ

ဆဲဲကြိုးနှစ်ခုထည်းက တစ်ခုမဟုတ်လား..."


"ဟုတ်တယ်သား...ဒါကမ္ဘာလေးဖို့

ပြီးတော့..ဒါကမ္ဘာလေးမေမေနဲ့ မေမေတို့

ဆင်တင်လုပ်ထားတာလေ...မေမေတို့

အဆက်သွယ်မပြတ်ခင် ကမ္ဘာမေမေက

မေမေကို လက်ဆောင်အနေနဲ့ပေးထါးတာ...

အခုကမ္ဘာလေးကိူ မေမေလက်ဖွဲ့တာပေါ့..."


မေမေကမ်းပေးလါသော ဘူးလေးကို

စစ်သွေးယူလိုက်ပြီး...


"ဟုတ်ကဲ့မေမေ..သားပေးလိုက်ပါမယ်...."


"ကိုစစ်...ဒါလေးကမ္ဘာကို

ပေးပေးနော်...."


နန်းကလျာ ကိုစစ်ရှိရာကားနား

ကိုလျှောက်လာပြီး..လက်ထဲက

ယွန်းဘူးလေးကို ကမ်းပေးလိုက်ကာ..


"ဒါလေးကို ကမ္ဘာကိုပေးပေးနော်..."


"အွန်း..ကိုယ်ပေးပေးပါမယ်...

ကလျာ...မေမေကိုဂရုစိုက်ပေး

အုံးနော်...ကိုယ်စိတ်ချမယ်နော်..."


"ဟုတ်ကဲ့ကိုစစ်...ကလျှာဒေါ်လေး

ကိုဂရုစိုက်ပါ့မယ်..."


"အာ့ဒါဆိုမေမေသားသွားတော့မယ်

နောက်ကျမှာဆိုးလို့...."


"အေးအေးသား...ဂရုစိုက်ပြီးသွားနော်..."


"ဟုတ်မေမေ...ကလျာကိုယ်သွားပြီနော်..."


"ဟုတ်ကဲ့ကိုစစ်..."


ကလျာမောင်းထွက်သွားသော

ကိုစစ်ကားလေးကိုကြည့်ကာ..

ပြုံးလိုက်မိသည်။


"ကိုစစ်သူမအပေါ်အရင်လို

မစိမ်းတော့...နည်းနည်းနွေးထွေး

လာပြီမဟုတ်လား....ဒါသူမ

အချစ်တွေမှန်ကန်လို့ထင်ပါရဲ့.."


---------------------^^^^^^^🍒🍒🍒🍒🍒🍒🍒🍒


ကမ္ဘာ..မနက်ဖြန်ပွဲအတွက်...ဝတ်ရ

မဲ့အဝတ်တွေကို ဒဇိုင်နာအမနဲ့

အတူစမ်းဝတ်ကြည့်နေရသည်။


"အမ...ဒါကခါးလေးနည်းနည်းသီ

စာဖြုတ်ပေးနော်..ကမ္ဘာအရမ်းကြပ်

ရင်မဝတ်တက်လို့..."


"အဟင်း...စိတ်ချညီမလေး...

အမဖြုတ်ပေးမယ်နော်..."


"အာ့ဒါဆို..ကမ္ဘာ..ဒါလေးအရင်

စမ်းဝတ်လိုက်မယ်နော်..."


"ညီမလေးတစ်ယောက်ထည်း

ရလို့လား...အမလည်းအဝတ်လဲ

ခန်းလိုက်မယ်လေ..."


"ရတယ်အမရဲ့...အစမ်းဝတ်တာပဲ

ကမ္ဘာတစ်ယောက်ထည်းဖြစ်ပါတယ်..."


ကမ္ဘာပြောပြီး ညပွဲအတွက်

ဝတ်ရမဲ့ဂေါင်ဝန်လေးယူကာ

အဝတ်လဲခန်းထဲယူလာခဲ့သည်။

ကမ္ဘာတို့မင်္ဂလာပွဲက သုံးပဲဲဖစ်သည်။


အနက်ပိုင်း မင်္ဂလာလက်မှတ်ထိုးပွဲ...နေ့ခင်းပိုင်း

ဘုန်းကြီးကျောင်းမှာနေ့စွန်းကပ်လှူပြီး မင်္ဂလာဦး

ဆွမ်းကျွေးဖြစ်သည်။ညပိုင်းမှာတော့ သူ့မိတ်ဆွေ

အပေါင်းအသင်းတွေအတွက်ည dinner လေးလုပ်ဖို့

ဖြဟ်သည်။ ကမ္ဘာကအေးအေးဆေးဆေးဖြတ်သန်း

ချင်သော်လည်း သူက သာမာန်လူမဟုတ်တော့..

အခုလောက်အထိလုပ်လိုက်ရတာဖြစ်သည်။


မနက်ဖြန်ကစပြီး...ကမ္ဘာနဲ့သားသား

 သူ့အိမ်မှာလိုက်နေရတော့မှာ

ကြောင့် ကမ္ဘာရင်လေးနေမိသည်။


ကမ္ဘာအင်္ကျီလေးစမ်းဝတ်ကြည့်တော့

အနေတော်ပဲဖြစ်ကာ..ပြန်ချွတ်ကြည့်တော့

အနောက်စေ့လေးက ကြပ်နေတာကြောင့်

ကမ္ဘာ အတင်းဖြုတ်သော်လည်းမရ...ဒါ့ကြောင်

အပြင်က ဒဇိုင်နာအမကိုပဲ...ခေါ်လိုက်ဖို့

ဆုံးဖြတ်လိုက်ရသည်။ကမ္ဘာအထဲက အသံ

လေးမြင့်ပြီး...


"အမရေ...ခဏဝင်ခဲ့ပါအုံး..

ကမ္ဘာအနောက်စေ့..ဖြုတ်မရလို့..."


ခဏနေတော့ ထိုအမဝင်လာကာ..

ကမ္ဘာလှည့်မကြည့်ဘဲ...နောက်

ကျောလေးလှည့်ပေးလိုက်ကာ...


"အမကမ္ဘာ..အနောက်စေ့

လေးဖြုတ်ပေးနော်..."


"အဟွန်း..ကလေး...မင်းအရမ်း

လှတယ်.."


ပြောလည်းပြော သူမခါးသိမ်သိမ်လေး

ကိုဖက်ကာ..ဂုတ်ပိုးဖြူဖြူလေးကို နမ်းလိက်တော့

ကမ္ဘာလန့်သွားကာ..ခန္ဓာကိုယ် လေးတုန်းတက်သွား

ပြီး..


"အို...ဦးမာန်တံခွန်..ရှင်..."


သူမလှည့်ပြီး ရန်တွေ့မလို့ပြင်သော

နှင်းဆီရောင်နှုတ်ခမ်းဖူးဖူး

လေးမှာလည်း..တိတ်ဆိတ်သွားတော့သည်။


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: