"သား..."
"ဟင်မေမေ...အိပ်တော့လေဗျာ
အပြင်ကိုဘာထွက်လုပ်တာလည်း.."
ပြောလည်းပြောစစ်ခွန်း မေမေကိုယ်
ပေါ်ကို စောင်ပါးလေးခြုံပေးလိုက်ကာ..
"ခြုံထားမေမေ လေစိမ်းတွေတိုက်တယ်.."
ဒေါ်နန်းမေ ပြန်ရောက်ကထည်းက
မျက်နှာမကောင်းတဲ့သားကြောင့်
ပင့်သက်ရှိုက်လိုက်ကာ...
"သားကမ္ဘာလေးတို့သားအမကို
ဘာဖြစ်လို့နှစ်ယောက်ထည်း
ထားခဲ့ရတာလည်း..."
စစ်ခွန်းမေမေကို ပြုံးပြပြီး...
အပြင်ဘက်က လမင်းကြီးကို
လွှမ်းစွတ်တမ်းတခြင်းတွေပါသော
အကြည်တွေဖြင့်ငေးကါ...
"ဝလုံးလေးတို့သားအမနှစ်ယောက်ထည်း
မဟုတ်ပါဘူးမေမေ...သားသားရဲ့
အဖေလည်းရှိပါတယ်..."
"အင်း....."
မအံ့သြဘဲရှိနေတဲ့ မေမေကို
စွန်ခွန်းကြည့်ပြီး...
"မမေ မအံ့သွဘူးလား..."
သားဖြစ်သူအမေးကြောင့်
ဒေါ်နန်းမေး သားကိုပြုံး
ပြပြီး...
"မေမေမအံသြပါဘူး...သားရယ်
တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင်..အခု
လိုတွေဖြစ်လာမယ်ဆိုတာ မေမေသိပါတယ်.."
"ဗျာ..."
"ဟုတ်တယ်သား...မေမေကြိုသိ
ခဲ့ပါတယ်...သိခဲ့လို့လည်း သားကမ္ဘာ
လေးကို တကယ့်မေတ္တာရှိရင် လက်ထပ်ဖို့
မေမေပြောခဲ့တာပေါ့...အင်းလေး... ဖူးစာဆိုတာ
သူ့ဘဝနဲ့သူပါလာပြီးသားပဲ..လုပ်ယူလို့မှမရတာ
ကမ္ဘာလေးတို့လည်းပျော်ရွှင်မှာပါ..."
ဒေါ်နန်းမေ ဝမ်းနည်းရိပ်စွန်းနေသော
သားမျက်နှာကို စိတ်မကောင်းစွာ
ကြည့်ပြီး..
"သားကိုလည်း..မေမေ ပျော်ရွှင်စေ
ချင်တယ်ကွယ်...ရင်ထဲမှာ မထားအပ်တဲ့
အရာတွေကို ထားဖို်မကောင်းဘူးသား
နားကျင်မှန်းသိရဲ့နဲ့ မဆုပ်ကိုင်ထားပါနဲ့..
လွှတ်ချလိုက်ပါ..."
စစ်သွေးမေမေရဲ့ အပြောကြောင့်
အပြုံးမမည်သော အပြုံးလေးကို
ဖန်တီးလိုက်ပြီး...
"သားကြိုးစားနေပါတယ်မေမေ..."
နန်းမေသားအပြောကြောင့်
ခေါင်းလေးငြိမ့်ပြလိုက်ပြီး...
"သားရန်ကုန်ထပ်သွားအုံး
မှာလား..."
"သွားမှာမေမေ...ဝလုံးလေးမင်္ဂလာပွဲ
ရှိသေးတယ်လေ...မေမေကလည်း
ကျန်းမာရေးကြောင့် မလိုက်နိုင်ဘူး
သားမသွားရင် သားအမိနှစ်ယောက်ထည်း
အားငယ်နေလိမ့်မယ်မေမေ..."
ဒေါ်နန်းမေခေါင်းငြိမ့်ပြလိုက်ပြီး..
"ကမ္ဘာလေးကိုလည်းပြောလိုက်ပါ
အဆင်ပြေပျော်ရွှင်အောင်နေဖို့
အားရင်လည်းလာလည်ဖို့..
မေမေကတော့ ကျန်းမာရေး
ကြောင့်မလိုက်နိုင်တာပြောပေးနော်သား..."
ဝလုံးလေးကို စိတ်ပူစွာမှာနေသော
မေမေကိုကြည့်ကာစစ်ခွန်း ပြုံးလိုက်ပြီး...
"စိတ်ချပါမေမေရဲ့...သား
ပြောလိုက်မယ်နော်... "
"ပြီးတော့သား....ဒီတစ်ခါ
ရန်ကုန်ကပြန်လာပြီရင်
စိတ်သစ်လူသစ်နဲ့ဖြတ်သန်း
ပါသား...သားကို ဘာအကြောင်း
ကိစ္စနဲ့မှ စိတ်မဆင်းရဲစေ ချင်ဘူးကွယ်..."
"အဟွန်း...ဟုတ်ကဲ့ပါမေမေရဲ့..."
"အာ့ဒါဆို...မေမေဆေးသောက်ဖို့
အိမ်ထဲဝင်တော့မယ်နော်..."
"ဟုတ်ကဲ့မေမေ..."
စစ်ခွန်းအိမ်ထဲဝင်သွားသော
မေမေကိုကြည့်ပြီး မိုးပေါ်က
သာနေတဲ့ လမင်းကြီးဆီကို
မျက်နှာလွဲလိုက်ကာ...ဘေးမှာ
ဝန်းရံနေသော ကျယ်လေးတွေကို
ငေးပြီး..
"ငါလည်းမင်းတို့လို...ပေါ့ပါးပြီး
ဘာစိတ်မှမရှိဘဲ...လွတ်လွတ်လပ်လပ်
ဘဝကြီးကို ဖြတ်သန်းချင်လိုက်တာ..."
နန်းကလျာ ကောင်းကင်
ကိုငေးနေသော ကိုစစ်ကို
ကြည့်ပြီး သက်ပြင်းသဲ့သဲ့
ချလိုက်မိသည်။
စောစောက ကိုစစ်တို့
ပြောတဲ့စကားတွေကိုသူမ
အကုန်ကြားပါသည်။
ကိုစစ်က ကမ္ဘာလေးအပေါ်
ညီမလေးတစ်ယောက်ထပ်
ပိုနေတယ်ဆိုတာ နန်းတို့အကုန်
သိတာပေါ့...
"ကိုစစ်ရယ်...ကိုစစ်ကိုမချစ်တဲ့
သူကိုကြတော့ ကိုစစ်မြင်ပြီး
ငယ်ငယ်တည်းက ချစ်ခဲ့တဲ့
နန်းကိုကြတော့ အခုထိ ဘာလို့
မမြင်သေးတာလည်း..."
နန်းကလျာ စိတ်ထဲကနေပြောပြီး
မျက်ရည်တွေ ဝဲလာကာ
ခေါင်းလေးကိုမော့ပြီး မျက်တောင်
ရှည်ကြီးတွေဖြင့် ပုတ်ထုတ်လိုက်မိသည်။
သူမ ကိုစစ်ကို စိတ်မကောင်း
စွာကြည့်ပြီး
ဒေါ်လေးနန်းကို ဆေးတိုက်ဖို့
အိမ်ထဲသာ ဝင်လာလိုက်သည်။
"တပည့်တော်မှ...ပြုခဲ့သော
ကောင်းမှုကုသိုလ်ကြောင့်
တပည့်တော်မအချစ်တွေကို
ချစ်သောသူ မြင်ရပါစေသား..."
-------------------------------------^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒
"မိလွန်း...ညည်းပြန်လာထည်း
ကအိမ်မကပ်ဘူးနော်...''
"ဟင်..မေမေကလည်း...လွန်း
က အခုမှ ကိုယ့်မြန်မာနိုင်ငံကို
ပြန်ရောက်တာလေ...အာ့တော့
နည်းနည်းတော့ လှည်အုံးမှာပေါ့
မေမေရဲ့..."
ကလေးလေးတစ်ယောက်လို
ချွဲပြီး ပြောနေသော သမီးဖြစ်
သူကို ဒေါ်လွန်သော်ကြည့်ပြီး
ခေါင်းရမ်းလိုက်ကာ..
"ကိုယ့်ကြတော့ ဘွဲ့လည်းရပြီးပြီ
အခုထိ ကလေးစိတ်မကုန်သေးဘူး
ညည်းကို ဘယ်ယောကျာ်းကယူမှာလည်း
မိလွန်း...."
"ဟာ...မေမေကလည်း...လွန်းကိုပဲ
ယောကျာ်ပေး စားချင်နေတယ်...
ကိုယ့်သမီးလေးတစ်ယောက်ထည်း
ရှိတာကို..မနှမျှောဘူးလား..."
ဆူပုတ်ပုတ်လေးပြောသော
သမီးတော်ကြောင့် သူမ
မဲ့လိုက်ကာ...
"မနှမျောပါဘူးအေ...ကျုပ်က
ညည်းကိုယူမဲ့သူမရှိမှာပဲ...စိတ်ပူနေတာ.."
"ဟွန်း မေမေကလည်း...''
"မေမေကလည်း လုပ်မနေနဲ့
ညည်းကို သဘောတူထားတဲ့
သူတွေကြတော့လည်း ငြင်းထုတ်တယ်
ရည်းစားထားဆိုတော့လည်းမထားဘူး
ကျုပ်မြေးချီချင်နေပြီအေ့..."
"ဟွန့်...မေနေကလည်း သူမြေးချီချင်နေတာ
နဲ့ပဲ...လွန်းကို အတင်းယူခိုင်းနေတာပဲ...
လွန်းယူစရာမလိုပါဘူး..ကိုကိုရှိတယ်လေ
အခုတူလေးလည်းရှိနေပြီလေ...အဟွန်းကိုကို
ချစ်ပုံနဲ့ဆို နောက်တစ်ယောက်တောင်မကြာ
တော့ဘူးမေမေရဲ့..."
"တယ်...ဒီကောင်မလေး ဘာတွေ
ပြောနေတာလည်း.."
ဒေါ်လွန်းသော် သမီးဖြစ်သူကို
ထုမလိုဟန်လေးလုပ်တော့
သူမက လျှာလေးထုပ်ပြကာ...
"မဟုတ်လို့လား..မေမေကလည်း..."
"ဟုတ်တာတော့ဟုတ်ပါတယ်..
ဒါပင်မဲ့...သားမာန်က သူ့သား
တွေကို ကျုပ်ကိုအပိုင်ပေးမလားအေ...
ညည်းမွေးတဲ့ ကလေးဆိုရင် ကျုပ်အပိုင်
ယူလို့ရတယ်...အာ့ဒါကြောင့် ဘာမှမစဥ်းစား
နဲ့ ယောကျာ်းယူဖို့သာစဥ်းစား...ညည်းအဖေကို
လည်းကျုပ်ပြောအုံးမယ်..."
"ဟာ..မေမေ...မေမေနော်..လွန်းကို
အတင်းကျုပ်စီစဥ်ရင်...လွန်းထွက်ပြေးမှာ
နော်..."
ဒေါ်လွန်းသော် သမီးဖြစ်သူအပြောကြောင့်
မဲ့ရွဲ့ကာ...
"လုပ်ကြည့်လိုက်လေ"
"လုပ်မှာပဲ..."
"မိလွန်းညည်းနော်..."
"ဟာ..မေမေနော်..."
"ဟာ..ဒီသားအမိနှစ်ယောက်ဘာ
ဖြစ်နေကြတလည်းဟေ့..."
လွန်းဖေဖေအသံကြောင့်
ကလေးမိခင်ကိုတွေ့သလို
အားရဝမ်းသာ ဖေဖေအနားကို
ပြေးသွားပြီး ခါးကိုဖက်လိုက်ကာ...
"ဖေဖေ..မေမေပေါ့...လွန်းကို
ယောင်္ကျား ယူဖို့ပဲအတင်းပြောနေတယ်
ပြောပါအုံး..."
"ဟေ..ဟုတ်လား..မေကြီးကလည်းကွာ
သမီလေး စိတ်မဝင်စားသေးတာကို
မင်းက ဘယ်လိုအတင်းယူခိုင်းနေရတာ
လည်း.."
"အို...ရှင်မသိဘဲနဲ့ မပြောနဲ့..ရှင့်သမီးက
အခုလိုမပြောရင် ဒီတစ်သက်
ယူဖို့စဥ်းစားမှာမဟုတ်တော့ဘူး...''
"ဟာ...မိန်းမရာ...အချိန်တန်ရင်
သူ့ဟာသူ ဖြစ်လာပါလိမ့်မယ်ကွာ..."
ဦးကောင်းကင် ဇနီးဖြစ်သူကို
ဖြောင့်ဖြနေတော့ လွန်းမျက်နှာ
လေးမဲ့ရွဲ့ပြီး...
"ဟွန့်သူများမိဘတွေများ
ကိုယ်သားသမီး ယောကျာ်း
မိန်မယူမှာဆိုးဖြစ်နေကြတာ
ငါ့မေမေကြတော့လည်း.."
"ဟေ့...မိလွန်းညည်းဘာပြောတာလည်း
ဟွန့်...ညည်းနော်..."
"အဟဲ...အိပ်တော့မယ်လို့... အပေါ်တက်တော့
မယ်နော်..."
လွန်းပြောပြီးအခန်းရှိရာ
အမြန်ပြေးတက်လာခဲ့သည်။
နောက်မင့်ဆို ဒီယောကျာ်းယူ
ဖို့ပဲ ပြောမှာမဟုတ်လား...
-------------------------------------------------^^^^^^^🍒🍒🍒🍒🍒🍒🍒🍒
"မေမေ...ဖေဖေရောဟင်..."
ကမ္ဘာသားသားအတွက် နွားနို့
ထည့်ပေးနေရင်း သားသားက
သူ့အဖေကိုမေးတာကြောင့် သူမ
သားဖြစ်သူကိုမျက်စောင်းလေးထိုးကာ..
"ရေချိုးနေတယ်သားရဲ့...ခဏနေ
ဆင်းလာလိမ့်မယ်..."
"မေမေ ဖေဖေကပြောတယ်..သားသား
ကို မနက်ဖြန်ကြရင် ကစားကွင်းလိုက်ပို့
မယ်တဲ့...သိလား..."
မုန့်ကို ပါးလေးဖောင်းအောင်စား
နေသော သားသားက မျက်လုံးလေး
တောင့်ကပ်စွာပြောတော့ သူမ
သားသားပါးကို ငုံ့နမ်းလိုက်ကာ...
"အဟွန်း...ချစ်လိုက်တာ.."
"ကိုယ့်ကိုရော..မချစ်ဘူးလား..."
သူ အသံကြောင့် သူမ မျက်စောင်း
လေးထိုးလိုက်ပြီး..သူ့အတွက်
အိမ်အကူမလေးတွေပြင်ပေး
ထားတဲ့ မုန့်ကို ယူပေးကါ..
သူအရှေ့ချပေးလိုက်သည်။
ကမ္ဘာဆူပုတ်ပုတ်လေးဖြစ်နေသော
သူမလေးကိုကြည့်ပြီးပြုံးလိုက်မိသည်။
"မေမေ..ဖေဖေမေးနေတယ်လေ..
ဖြေလိုက်အုံး..သားသားက
ဖေဖေကိုရော...မေမေကိုရောချစ်တယ်..''
မာန်စကားတက်လွန်းတဲ့သား
ကို ကြည့်ပြီးအူးတွေယားကာ
ထသွားပြီး သားကိုသူထိုင်တဲ့ခုံစီချီလာကာ..
သားမျက်နှာလေးကို နမ်းလိုက်ပြီးသူ့ပေါင်ပေါ်
တင်ကာ...သားကို ပြုံးပြီး ကြည့်နေမိသသည်။
ကမ္ဘာအလိုက်သိစွာ သားသားရဲ့
မုန့်နဲ့နွားနို့ပန်ကန်ကိုသူ့အရှေ့သွားချပေး
လိုက်တော့ သူကယူပြီး...သားကိုခွင့်ချွေးနေတော့..
ကမ္ဘာသူ့တို့သားအဖကိုကြည့်ပြီး ကျေနပ်နေမိသည်။
သားသားကတော့ သူခွန့်ကျွေးလို့ မကုန်တဲ့ နွားနို့
ပန်ကန်ကို ကုန်အောင်သောက်လိုက်သတဲ့...
"ကလေး....စောစောက သားပြောတာ
ဖြေတော့လေ..."
"ဟင်..ကမ္ဘာက ဘာပြောရမှာလည်း..."
"အဟွန်း...သားစောစောက မေမေက
သူဘာပြေရမှာလည်းမေနေတယ်..."
"ဖေဖေကို ချစ်တယ်လို့
ဖြေခိုင်းတာလေမေမေရဲ့.."
ကမ္ဘာရှက်သွားပြီး ပါးလေးတွေနီလာကာ...
"အို...သား...မဟုတ်တာတွေ..."
သားကဘာမှမသိစွာ မျက်လုံးလေး
ပေကလပ်ပေကလပ်ဖြင့်...သူ့အဖေ
ကိုမော့ကြည့်ကာ...
"ဖေဖေ...မေမေက မဟုတ်တာတွေတဲ့...."
"ဟား...ဟားးး....ဟား...."
သားအပြောကြောင့် မာန်သာမက
ထမင်းစားခန်းမပြင်ဘက်တွင်
ရပ်နေကြသော စစ်သွေးနဲ့
ကိုယ်ရန်တော်တွေပါ အသံ
တိတ်ရယ်လိုက်မိကြသည်။
အခုရယ်နေတာ ငါတို့အကိုလေး
ဟုတ်ပါလေစ္စဟုပင် ထင်မှတ်ကြမှာ
အသေအချာအပင်။
---------------------------------------------^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
"သမီးမူယာ...ညည်းဒီအတိုင်း
ကြည့်နေတော့မှာလား....ဟိုက
မိကမ္ဘာနဲ့ပြန်တွေ့နေလို့ မင်္ဂလာတောင်
ဆောင်တော့မယ်...တစ်နိုင်ငံလုံးလည်း
ကြော်ငြာပြီးနေပြီ.."
"အခုအခြေက လွှတ်ထားလိုက်မေမေ...
မူယာတစ်ခုခုတော့ကြံမှာပါ..."
"အေးညည်းပြောလိုက်ရင်
ကြံမှာကြီးပဲ...အရင်တုန်းကလည်း
အကြံကောင်းလို့ ခွေးပြေးဝက်
ပြေးပြေးလာရတယ်မဟုတ်လား.."
"ဟာ..မေမေကလည်း အာ့တော့က
ကိုမာန်ကို အာ့လောက်လျှင်လိမ့်မယ်လို့မထင်တာ..."
ဒေါ်ငွေခင်သမီးဖြစ်သူကို မျက်လုံးပြူးပြီး
ကြည့်ကာ...
"အမလေးညည်းကအခုထိ ကိုမာန်ဆိုပြီး
လျော့ထွက်နေ ဟိုက ကမ္ဘာကျော်ပုဂ္ဂိုလ်အေ့
ည ည်းလောက်တော့ စာမမဖွဲ့ဘူးသိလား..မူယာခင်..."
"အဟွန်းမေမေရယ်...ဒီတစ်ခေါက်တော့
ကြည့်နေ မူယာအပိုင်ကြံမှာပါ..."
"အေးပါ ဟိုကမကြံဘဲ ညည်းကျန်နေခဲ့မယ်...
အရင်တုံးကလည်း ကျုပ်ဒူးထောက်မတက်
တောင်ပန်းခဲ့ရတာနော်...အခုတစ်ခါတော့
ရမှာမဟုတိတော့ဘူး..."
"အင်းပါမေမေရယ်...ဖေဖေရော..."
"ရှိမှာပေါ့ လက်ဖက်ရည်ဆိုင်သွားလားမသိဘူး...
သူလည်း တစ်နေ့တစ်နေ့ဘယ်ကိုသွားမှန်းမသိဘူး
ထွက်နေတာပဲ..."
"အာ့ဒါအရေးမကြီးဘူးမေမေ....အခုမူယာ
တို့ ကမ္ဘာစီသွားပြီး ပိုက်ဆံချေးရအောင်..."
"ဖြစ်ပါ့မလားအေ...ကျုပ်တို့ကို
မုန်းနေမှာပေါ့..."
"ဟာ..မေမေကလည်း ကမ္ဘာက
သနားတက်တာမေမေသိတယ်
မှတ်လား...အာ့ဒါကိုအခွင့်ကောင်း
ယူပြီးပြောရမှာပေါ့...."
"အေးး..ဟုတ်တယ်...သမီးပြောမှ
မေမေသတိရတယ်...ပိုက်ဆံအုပ်လိုက်
မကိုင်ရတာ နှစ်ချီနေပြီ...သွားကြမယ်သမီး..."
"ဟုတ်မေမေ...မူယာ ကိုမာန်အိမ်မှာမရှိတဲ့ရက်ကို
စုံစမ်းလိုက်အုံးမယ်...အာ့အချိန်သွားကြမယ်..."
မူယာခင်နဲ့ ဒေါ်ငွေခင် သူတို့အဖို့မှာ
နောင်တတရားဆိုတာ မရှိဘူးထင်ပါရဲ့....
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း