စစ်ခွန်း ညက သားသား
ရဲ့အဖေဆိုတဲ့သူကသူနဲ့တွေ့ချင်
လို့ဆိုပြီ ဆက်သွယ်လာ
တော့ သူမအံ့သြတော့ပါ။
တစ်နေ့အခုလို ဆက်သွယ်
လာမှာကို သူကြိုသိနေပါသည်။
သားသားရဲ့အဖေက သာမာန်လူ
မဟုတ်တော့...သူတွေ့ရမှာ နည်းနည်း
တော့ရှိန်နေသည်။
စစ်သွေးသူတို့ချိန်းထားတဲ့
ခမ်းနားတဲ့စားသောက်ဆိုင်ကြီး
ရောက်တော့ ဧည့်ကြိုကောင်
လေးက ထွက်လာကာ..သူ့ကို
လာကြိုပြီး...VIP အခန်းကို
ခေါ်သွားတော့ တံခါးအရှေ့တွင်
အစောင့်နှစ်ယောက်ကို အရင်တွေ့ရသည်။
သူ့ကိူလိုက်ပို့တဲ့ကောင်လေးက အစောင့်
တစ်ယောက်ကို ဘာပြောလိုက်မှန်းမသိ...
ထိုလူတွေက သူ့ကိုတစ်ချက်ကြည့်ကာ..
တံခါးဖွင့်ပေးတော့..သူအခန်းထဲဝင်လိုက်သည်။
အခန်းထဲတွင် သူ့အရွယ်ယောကျာ်းနှစ်ယောက်
တစ်ယောက်က ထိုင်ခုံတွင်ခြေချိတ်ထိုင်နေပြီး
ကျန်တစ်ယောက်က ထိုလူဘေးတွင် မတ်တပ်ရပ်ကာ
နေတော့...သူမျက်ခုံးပင့်သွားပြီး...သားသားနဲ့တူတဲ့
လူက သားသားဖေဖေဖြစ်ရမည်။ပြီးတော့ ထိုလူရဲ့
အရှိန်အဝါက သူ့ကိုတောင်သိမ်ငယ်စေသည်။
အကြည်တွေကလည်း အေးစက်စက်...
ဟုတ်ပါတယ်... ဒါ့ကြောင့်လည်း မာန်တံခွန်
ဆိုတဲ့လူရဲ့ အာဏာစက်က ဘယ်လောက်
ပြင်းတယ်ဆိုတာ...ကလေး..လူကြီးကအစ
အကုန်သိသည်။
သူထိုင်ခုံရှေ့ရောက်တော့...
မာန်တံခွန်ဆိုတဲ့ လူရဲ့ မျက်နှာကို
အနီးကပ်တွေ့လိုက်တော့ သူ့မှာအံသြမဆုံး..
တကယ်ပဲ...သားသားရဲ့ရုပ်ပါပဲ...ယောကျာ်း
လေးဖြစ်ပြီး...ဒီလောက်ချောရလား...
အကြည့်ကလည်း သိမ်းငှက်တစ်ကောင်လို စူးရဲ
နေကာ...သူပင် ထိုလူရဲ့ မျက်လုံးအကြည့်ကိုမခံနိုင်...
"ဒီက.. ကိုစစ်ခွန်းမှိုင်း....ဟုတ်တယ်နော်..."
ထွက်ပေါ်လာသော အာဏာ
အမိန့်သံမဆန်သော်လည်း
အနည်းငယ် မာပြီး ကြည်လင်ပြတ်
သားတဲ့ အသံကြောင့် သူထိုလူကိုကြည့်ပြီး...
"ဟုတ်ပါတယ်...ကျွန်တော်စစ်ခွန်းမှိုင်းပါ..."
"ထိုင်ပါ...ကျွန်တော်က မာန်တံခွန်ပါ..."
တစ်ယောက်နဲ့တစ်ယောက်
လက်ဆွဲနှုတ်ဆက်ပြီး မျက်ဝန်နှစ်ခု
စုံစွာ...တစ်ယောက်ရဲ့အကြည့်ကို
တစ်ယောက်နားလည်းသယောင်....အကြည့်
တို့က မျဥ်းပြိုင်နှစ်ခုလို့ စုံနေပြီး ဘယ်သူမှ
အကြည့်မလွဲကြပေ...
စစ်သွေးသူတို့နှစ်ယောက်ကိုကြည့်ပြီး
ကျောချမ်းနေမိသည်။
"ဟူး...ဒီနားမှာနေရတာ...ငါကြာရင်
ခဲသွားမလားဘဲ..."
စစ်ခွန်းမှိုင်းအကြည့်တို့ကို
အရင်ရုပ်သိမ်းကာ..
"ဒီက...ဦးမာန်တံခွန်က...
ကျွန်တော်ကို..တွေ့ချင်တယ်ဆိုတာ...
ဘာကိစ္စများလည်းဗျ..."
"အဟွန်း...ကျွန်တော်နဲ့ ချာတိတ် sorry
မိုးစက်ကမ္ဘာရဲ့..ပတ်သတ်မှုကို
ကိုစစ်ခွန်းမှိုင်း သိပြီးပြီထင်ပါတယ်..."
စစ်ခွန်း ခေါင်းငြိမ့်ပြကာ...
"ကျွန်တော် သိသင့်သလောက်
တော့သိထားပါတယ်..."
မာန် အရှေ့က စစ်ခွန်းမှိုင်း ကို
တစ်ချက်ကြည့်လိုက်ပြီး...
"ကျွန်တော်သွယ်ဝိုက်ပြီး
မပြောချင်ဘူး...ကျွန်တော်
မိန်းမ မိုးစက်ကမ္ဘာနဲ့ သားကို
ကိုစစ်ခွန်းမှိုင်း စောင့်ရှောက်ပေးတါ
ကျေးဇူးတင်ပါတယ်.."
"မဟုတ်တာ..ဝလုံးလေးက ကျွန်တော်
ညီမလေးဟုတ်လို့...ကျွန်တော်
စောင့်ရှောက်တာပါ..."
မာန်ခေါင်းငြိမ့်ပြကာ...
"အခုကျွန်တော်ပြောမှာက
ကျွန်တော့်သားနဲ့ မိန်းမကို
ကျွန်တော်ပြန်ခေါ်ချင်တယ်..."
"ဗျာ..."
စစ်ခွန်းဆီက တအံတသြထွက်
လာတဲ့အသံကြောင့် မာန်သက်ပြင်း
ချကာ...
"ဟုတ်တယ်...ကိုစစ်ခွန်းမှိုင်း.. "
"အဟက်..."
စစ်ခွန်းထရယ်လိုက်မိသည်။
"အဟွန်း...ခင်ဗျာပြောတာ...ရယ်စရာ
မကောင်းဘူးလား ဦးမာန်တံခွန်...ခင်ဗျာ
အရင်တောကဘာကြောင့် ဝလုံးလေးကို
တာဝန်မယူရတာလဲ...အခုမှ ငါ့သာ..
ငါ့မိန်းမဆိုပြီး တာဝန်ယူချင်နေရတာလည်း..."
"ဟေ့လူ...အကိုလေးကအစကထဲက အခုပြန်တွေ့
တဲ့အချိန်ထိ မမလေးမိုးစက်ကမ္ဘာကို အချိန်တိုင်းရှာ
နေခဲ့တာ...ခငိဗျားတို့ဘဲဖွတ်ထားတာလေ..."
"စစ်သွေး..."
မာန်စစ်သွေးကို ထားလိုက်တော့
စစ်သွေးခေါင်းငုတ်ကာ နောက်ဆုပ်ရပ်
သွားသည်။မာန်သက်ပြင်းသဲ့သဲ့ချလိုက်ကာ...
"ခင်ဗျာက...ကျွန်တော့်ရဲ့ကျေးဇူးရှင်ပါ
ကျွန်တော်ရဲ့အသက်ဖြစ်တဲ့ ကျွန်တော့်သား
နဲ့မိန်းမကို စောင့်ရှောက်ပေးလို့ တကယ့်
ကျေးဇူးတင်ပါတယ်...အခုချိန်မှ ကျွန်တော်
ဒါတွေပြောလို့ ခင်ဗျာ.. လှောင်ချင်လည်း
ရတယ်..ဒါပင်မဲ့...ခင်ဗျာကို ချာတိတ်ရဲ့
အုပ်ထိန်းသူအနေနဲ့..ကျွန်တော်ပြောပြတာပါ..."
"အဟင်း..စီးပွားရေးလောကရဲ့..
အရှင်သခင်က ကျုပ်ကို အခုလိုတွေပြောနေတာ
လူတွေသိရင်ကျုပ် ကမ္ဘာကျော်
သွားပါအုံးမယ်...အဟက်...
ခင်ဗျာ..ကျွန်တော့်ကို ကတိတစ်ခုတော့ပေ..
ဝလုံးလေးနဲ့ သားသားကို ခင်ဗျာ...
ပျော်ရွှင်အောင်ထားပါမယ်လို့...."
"ဟင်...."
"ဟုတ်တယ်..ဦးမာန်တံခွန်
ဝလုံးလေးကို ကျွန်တော်
အတက်နိုင်ဆုံးဖြူစင်စွာ
ချစ်ခဲ့တာပါ။သူမ လိုအပ်
တဲ့အချိန်..သူမအနားမှာ
ကျွန်တော် အဆင့်သင့်ရှိနေမှာဆို
တာတော့...ခင်ဗျာ သိပေးပါ..ပြီးတော့
သားသား...အဟင်း...ခငိဗျာကံကောင်းပါတယ်...
သားသားက ခင်ဗျာကို အခုမှတွေ့တာတောင်
အရမ်းချစ်တာ...ကျွန်တော်နဲ့ ရန်ကုန်ကို
ဘာကြောင့်ရောက်လာလည်းဆိုတာ
ခင်ဗျားသိလား..."
စစ်ခွန်းသူ့အမေးကို
ပြန်မဖြေသော ဦးမာန်တံခွန်ကို
ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်ကာ..
"ခင်ဗျာကြောင့်...ခင်ဗျာကို အရမ်းတွေ့ချင်
ပြီး တိတ်ဆိတ်သွားတဲ့သားသား
ပျော်ရွင်မှုတွေပျောက်ဆုံးကုန်ပြီး..ဖခင်ကို တမ်းတ
တဲ့စိတ်ကြောင့် စိတ်ကျရောဂါ အစပျိုးနေတဲ့ သားလေး.."
မာန်စစ်ခွန်အပြောကြောင့်
မျက်နှာမှာ နီရဲလာကာ
လက်ကို ဆုတ်ပြီး လည်ပင်းရိုးတွေ
ထောင်ထနေတဲ့အထိ အံကိုကြိတ်လိုက်ကာ....
"ခင်ဗျာ...ခင်ဗျာ..တကယ်ပြောနေတာလား..''
"ကျွန်တော်က...ဒီကိစ္စကို နောက်စရာလား...
ပြီးတော့ ဝလုံးလေး..သူ့သားလေးရဲ့...အဖြစ်ကို
သူမကြည့်ပြီး နေ့တိုင်း ငိုနေရတာ..ခင်ဗျာမှမသိတာ.
ဒါပင်မဲ့ ဒီရောက်တော့ သားသားက ခင်ဗျာကိုတွေ့ပြီး
အရင်ကလို ပုံမှန်ပြန်ဖြစ်လာတယ်..သားသား
ကြောင့် ကျွန်တော်..ခင်ဗျာကို..အခွင့်အရေးပေး
လိုက်မယ်...ဒါပင်မဲ့..နောက်တစ်ခါဆိုရင်တော့
ကျွန်တော်ဝလုံးလေးကို မလွှတ်ပေးတော့ဘူး..."
"ဟင်..ခင်ဗျာပြောတာ..."
"ဟုတ်တယ်...ကိုမာန်တံခွန်...
ခင်ဗျာ...ဝလုံးလေးရဲ့...ကြည်ဖြူမှု
ရအောင်ကြိုးစားပါ..."
စစ်ခွန်းမပြောကြောင့်မာန်ပြုံး
လိုက်ကာ..စစ်ခွန်းကိုကျေးဇူး
တင်သော အကြည့်ဖြင့်ကြည့်ကာ...
"ခင်ဗျာကျေးဇူးကို...ကျွန်တော်
ဒီတစ်သတ်မမေ့ပါဘူး..."
"အဟွန်း...ကျွန်တော်ကို
ကျေးဇူးတင်တယ်ဆို
ဝလုံးလေးတို့သာအမိကို
စိတ်ချမ်းသာအောင်ထားပြီး
ချစ်းပေးပါ.."
"စိတ်ချပါ..ကိုစစ်ခွန်းမှိုင်း
ကျွန်တော်..ခင်ဗျာကို..ကတိ
ပေးပါတယ်..."
စစ်ခွန်းထရပ်လိုက်ပြီး
သူ့ကိုကြည့်ကာ..
"ကျွန်တော့်ကို သွားခွင့်ပြု
ပါအုံး...ကျွန်တော် ခဏနေ
ရှမ်းပြည်ပြန်တော့မှာ
ဟုတ်လို့ပါ..."
စစ်ခွန်းထွက်သွားတော့
သူ့နှုတ်ခမ်းမှာ အပြုံးတွေ
ခိုတွဲလာကာ...
"သားနဲ့ မင်းဆီ..ကိုယ်လာ
ခဲ့မယ်ချာတိတ်...."
စစ်ခွန်းကားပေါ်ရောက်မှ
ရင်ထဲတွင် ဝမ်းနည်းမှုတွေကို
မျက်ရည်အဖြစ်နဲ့ စီးကျခွင့်ပေး
လိုက်မိသည်။
"ကိုယ့်ရဲ့အချစ်က...မင်းပျော်
ရွှင်ရတာကိုပဲမြင်ချင်တဲ့...ရယူချင်မမည်တဲ့
ပေးဆက်ချင်းသက်သက်ချစ်ခဲ့မိတာပါ...ဝလုံးလေး..
မင်းပျော်ရွှင်ရမှာပါ....သူမာန်တံခွန်ကိုလည်း
ယုံကြည်ပါသည် ဝလုံးလေးနဲ့သားသား
ပျော်ရွှင်ရမှာပါ..."
---------------------------------------------------^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒
"ဟင်..ကိုကို...ကမ္ဘာတို့
သားအမနှစ်ယောက်ထဲ
ထားခဲ့ပြီး...သွားတာပေါ့..
ပြောတောင်မပြောသွားဘူး..."
-------------------------------
"ဟုတ်လား...စိုက်ခင်းက
အခြေအနေ ဆိုးလို့လားကိုကို..."
-----------------------------------
"ဟုတ်..ဂရုစိုက်အုံးကိုကို
ပြန်လာရင် အန်တီမေ့ပါခေါ်ခဲ့လေ..."
......................................
"ဟုတ်.....''
--------------------------------------
"ဟုတ်ကဲ့ပါ...ကိုကိုရဲ့....ကမ္ဘာ
ဂရုစိုက်မှာပါ..."
--------------------------------------
"ဟုတ်ကဲ့ကိုကို...ဒါပဲနော်
ကမ္ဘာဖုန်းချလိုက်တော့မယ်..."
ကမ္ဘာကိုကိုနဲ့ဖုန်းပြောပြီး
ရပ်နေမိသည်။ကိုကိုက
ရှမ်းပြည်မှာ စိုက်ခင်းတွေ
ပိုးကျလို့ အမြန်ပြန်သွားရကာ
ကမ္ဘာတို့သားအမိကို ဂရုစိုက်နေဖို့ လှမ်း
မှာနေရှာသည်။ကိုကိုပြန်သွားတော့
ကမ္ဘာရင်ထဲ ဝမ်းနည်းမိသလိုလို...ကမ္ဘာ
ဖုန်းလေးကိုင်ပြီးသားသားအခန်းကို
ဝင်လာလိုက်သည်။
"သားသားမီးမှိတ်....ဟင်....ရှင်..အို..."
ကမ္ဘာစကားတောင်မဆုံးလိုက်
သူမကိုယ်လေးကိုမြွေတစ်ကောင်
ပမာ ရစ်ပတ်ချည်နှောင်ပြီး သူမနှုတ်ခမ်း
လေးကိုပါ သိမ်းပိုက်ခြင်း ခံလိုက်ရတော့သည်။
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း