"သူဌေး သူဌေးရဲ့အဒေါ် ရောက်နေပါတယ်ရှင်..."
သူအလုပ်လုပ်နေတုံး ဘေးက
လူအချက်ပေးစက်ကရိယာလေးမှ
အောက်ထပ်က Reception ကောင်တာမှ
မိန်းကလေးအသံကြောင့် သူထိုစက်ရဲ့
ခလုတ်ကို နှိပ်လိုက်ပြီး...
"အင်း...ရုံးခန်းထဲကို လွတ်လိုက်..."
သူ လုပ်လက်စအလုပ်တွေကို သိမ်းပြီး
ကွန်ပျူတာ ကိုပိတ်လိုက်ကာ...
"အမလေး....သားမာန်ရယ်..
သားစီကို လာရတာလည်း
သမ္မတကို တွေ့တာထက်တောင်
ခက်သေးတယ်...လုံခြုံရေးက
လည်းအဆင့်ဆင့်..."
မာန်ဒေါ်လေးအပြောကြောင့်
သွားဖြူဖြူလေးတွေပေါ်အောင်
ပြုံးလိုက်ပြီး...
"အဟက်...ဒေါ်လေးရယ်..
ဒါက ကုမ္မဏီစည်းကမ်းကြောင့်
ပါဗျ....ပြီးတော့ ထူးထူးဆန်းဆန်း
ဒေါ်လေးက ကျွန်တော်ရုံးကိုလာလို့
ပါလား...တစ်ယောက်ထည်းလား..."
"အမလေးမပြောလိုက်ချင်ပါဘူး...
သားမာန်ရယ်..မင်းညီမလိုက်ပို့ပေး
တာ..သူက သူငယ်ချင်းတွေနဲ့
သွားတွေမလို့တဲ့...အပြန်ဝင်ခေါ်မယ်
တဲ့တော်..မင်းမနေ့က သူ့ကို နှင်လွှတ်လို့
မကျေနပ်ဘူးတဲ့..အဟင်း...ပြီးတော့
သားမာန်ကို ဒေါ်လေးအရမ်းစိတ်ဆိုးတယ်
သိလား..."
မာန် မျက်ခုံးပင့်တက်သွားပြီး
ဘာဖြစ်လို့လည်းဆိုသည့်သဘော
ဖြင့် ကြည့်ကာ..
"အဟင်း...ဘာလို့လည်းဒေါ်လေးရဲ့..."
ဒေါ်လွန်းသော် ဘာမှမဖြစ်သ
လိုပြန်မေးနေသော တူတော်မောင်
ကို မျက်မှောင်လေးကုတ်ပြီး ပြန်
ကြည့်ကာ..
"အမယ်...ဘာလို့လည်းဟုတ်လား..
မင်း..မိန်းမယူတာတောင် ဒေါ်လေးကို
မပြောဘူးလေ...အခုကလေးတစ်ယောက်
တောင်ရမှ ဒေါ်လေးကသိရတယ်...
အာ့ဒါဘာကြောင့်လဲ...သားမာန်...
ဒေါ်လေးကို ဘယ်လို ဖြေရှင်းချက်
ပေးမှာလည်း.."
သူမျက်ခုံးကို လက်နဲ့အသာခြစ်ပြီး
ပြီးလိုက်ကာ...
"အဟွန်း..ဒေါ်လေးကို ကျွန်တော်
တမင်သက်သက် မပြောတာမဟုတ်
ပါဘူး...သားနဲ့ သူမကို ကျွန်တော်
အခုမှပြန်တွေ့တာ..."
"ဘာ..ဘယ်လို..."
ဒေါ်လွန်းသော် ရင်ဘက်လေဖိကာ..
တအံ့တသြမေးတော့... သူပြုံးပြပြီး...
"အဟက်...ဒေါ်လေးနားရူပ်
သွားပြီထင်တယ်...ကျွန်တော်
ပြောချင်တာက...သူမနဲ့ ကျွန်တော်
က လက်မထပ်ရသေးပါဘူး..လွန်ခဲ့တဲ့
၅နှစ်က ကျွန်တော်ဆေးခပ်ခံ လုပ်ကြံ
ခံရတယ်...အာ့မှာ သူမလေးက အာ့
မှာရှိနေတဲ့အချိန်...ကျွန်တော်သူမအပေါ်
မှားခဲ့မိတယ်....ကျွန်တော် အလုပ်ကိစ္စတွေ
အရေးကြီးလို့ အပြင်ထွက်သွားပြီ ပြန်လာကြည့်
တော့ သူမ မရှိတော့ဘူး..ရှိနိုင်တဲ့နေရာစုံစမ်း
တော့လည်း သူမက အခြားနေရာကို ထွက်ပြေး
ခဲ့တယ်။ကျွန်တော် ၅နှစ်လုံးလုံး ရှာနေခဲ့တာ
မနေ့ကမှ အမှတ်မထင်ပြန်တွေ့ခဲ့တာ။
ပြီးတော့အာ့တော့မှ သူမမှာ ကျွန်တော့ရင်
သွေးလေးရှိမှန်းသိခဲ့ရတာ..."
"ဟင်...အာ့ဒါဆို...အာ့ဒိမိန်းကလေးက
သားမာန်ကို အခုကြည်ဖြူလို့လား..."
သူ အရှည်ကြီးရှင်းပြပြီး သက်ပြင်း
သဲ့သဲ့ချလိုက်ကာ...
"အဟွန်း...ဟုတ်တယ်ဒေါ်လေး...
သူမက ကျွန်တော်ကို အခုမုန်းနေတာ
ဒါပင်မဲ့...ကျွန်တော်သူမဆီက ကြည်ဖြူ
မှုကို ရအောင်ကြိုးစားမှာပါ...မကြည်ဖြူ
ရင်လည်း...မရရအောင်ယူမှာ..သူက ကျွန်
တော့်မိန်းမဖြစ်ပြီးသား..."
မာန်အဒေါ်ဖြစ်သူကိုကြည့်ပြီး
ပြုံးလိုက်ကာ...
"အဟက်...ဒေါ်လေးနားရူပ်
သွားပြီထင်တယ်...ကျွန်တော်
ပြောချင်တာက...သူမနဲ့ ကျွန်တော်
က လက်မထပ်ရသေးပါဘူး..လွန်ခဲ့တဲ့
၅နှစ်က ကျွန်တော်ဆေးခပ်ခံ လုပ်ကြံ
ခံရတယ်...အာ့မှာ သူမလေးက အာ့
မှာရှိနေတဲ့အချိန်...ကျွန်တော်သူမအပေါ်
မှားခဲ့မိတယ်....ကျွန်တော် အလုပ်ကိစ္စတွေ
အရေးကြီးလို့ အပြင်ထွက်သွားပြီ ပြန်လာကြည့်
တော့ သူမ မရှိတော့ဘူး..ရှိနိုင်တဲ့နေရာစုံစမ်း
တော့လည်း သူမက အခြားနေရာကို ထွက်ပြေး
ခဲ့တယ်။ကျွန်တော် ၅နှစ်လုံးလုံး ရှာနေခဲ့တာ
မနေ့ကမှ အမှတ်မထင်ပြန်တွေ့ခဲ့တာ။
ပြီးတော့အာ့တော့မှ သူမမှာ ကျွန်တော့ရင်
သွေးလေးရှိမှန်းသိခဲ့ရတာ..."
ဒေါ်လွန်းသော် တူဖြစ်သူ
အပြောကြောင့် အံ့သြကာ
ကြည့်နေမိသည်။
"အာ့ဒါဆို...မင်းအာ့ဒိမိန်းကလေး
ကို အမြန်လက်ထပ်ဖို့စီစဥ်တော့လေ
တော်ကြာ သူများလက်ဦးသွားမယ်
သားမာန်...အခုခေတ်က ကလေးအမေ
လည်း ချောရင် ဝိုင်းဝိုင်းလည်နေတာပဲ..."
မာန် ဒေါ်လေးအပြောကို
သဘောကျသလို ပြုံးလိုက်ပြီး
မျက်ခုံးကို လက်နဲ့ ခြစ်လိုက်ပြီး...
''အဟွန်း...ဒေါ်လေးကလည်း....
ကျွန်တော်ပြောပြီးပြီပဲ...သူမက
ကျွန်တော်အပိုင်ပါဗျ...."
''အွန်းပြီးတာပဲ...မင်းတို့လင်မယား
အမြန်ပေါင်းကြ...ဒါမှ ငါ့မြေးလေးကို
ငါ တရာဝင်ချစ်လိုရမှာ.."
''အဟက်...ဒေါ်လေးက မြေးလို
ချင်တာပဲ...လွန်းကိုယောကျာ်း
ပေး စားလိုက်ပါလား...."
''အမလေး....သားမာန်ရယ်...
ဘယ်နဲ့ရှိစ....ဒေါ်လေးယူခိုင်းတာ
ပေါ့...မင်းညီမကိုက...မယူတာလေ...
သူဖူးစာရှင်က ကမ္ဘာပေါ်မျာမရှိသေးဘူးတဲ့...."
"အဟွန်း...ဟုတ်မှာပါ...ဒါနဲ့ ဒေါ်လေးက
ကျွန်တော့်သားကို မြင်ဖူးလို့လား..."
"အဟင်း...မင်းညီမပြောပြတာလေ
မင်းနဲ့တရုပ်ထည်းတဲ့...အာ့ထဲက
ဒေါ်လေးက မမြင်ဖူးဘဲလည်း
ချစ်နေတာ..."
မာန်ဒေါ်လေးကို မနိုင်ဘူးဆို
သည့်သဘောဖြင့် ပြုံးကာကြည့်
လိုက်ပြီး....
"အဟက်...ဒေါ်ကတော့
ကလေးချစ်တဲ့ နေရာမှာ
မနိုင်ဘူး..."
ဒေါ်လွန်းသော် သူ့ကို
ဝေဖန်ကာရယ်နေသာ
တူတော်မောင်ကို မျက်ခုံး
လေးတွန့်ကာကြည့်လိုက်ပြီး...
"အမလေး....သားမာန်...
ဒေါ်လေးကိုဝေဖန်မနေနဲ့...
မြေးလေးကို ဒေါ်လေးကို
ပေးရမယ်...ဒေါ်လေး
ပြန်ပြီ....''
ပြောလည်းပြော ပိုက်ဆံအိတ်ကို
လက်မှာချိတ်ကာ ခပ်သုတ်သုတ်ပြန်ထွက်
သွားသော ဒေါ်လေးကို သူတအံ့တသြကြည့်
နေမိသည်။
"ဟာ....ဒေါ်လေး..."
သူငြင်းမှာဆိုးလို့ အသည်း
အသန်ပြန်ပြေးသော ဒေါ်လေး
ကိုကြည့်ပြီး သူခါရမ်းလိုက်ကာ
ပြုံးလိုက်မိသည်။
သူ့ဘဝမှာ ဒေါ်လေးတို့မိသားစုက
ဒုတိယ မိသားစုပါ။သူ့အပေါ်ဆို
အရာရာကို ဂရုစိုက် တက်လွန်းတဲ
ဒေါ်လေး....တစ်ခါတစ်ခါဆို လွန်းက
သူ့ကို မနာလိုတက်တဲ့အထိ ဒေါ်လေးက
သူ့ကို ချစ်လွန်းပါသည်။
အခုလည်းကြည့် သားသားကို
တောင်းပြီး သူငြင်းမှာဆိုးလို့
လွန်လာကြိုတာတောင်မစောင့်
ဘူး...အမြန်ပြန်သွားသည်။
"အဟွန်း...ကလေးဆန်လိုက်တဲ့..ဒေါ်လေး..."
---------------------------------------------------^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒
လွန်း...ကုန်တိုက်ကို...သူငယ်ချင်း
တွေနဲ့ ချိန်းထားတာကြောင့် ရောက်လာ
ခဲ့တော့ ဟိုဟာတွေက အခုအချိန်ထိ
အရိပ်အရောင်မတွေ့.....
"ဟာ..ကျစ်...ဒီမိန်းမတွေ...
ဘယ်တော့မှ အချိန်ကိုမလေး
စားဘူး..."
လက်ကနာရီလေးကို မြှောက်ကြည့်ကာ
မကျေမနပ် နှုတ်ခမ်းလေးဆူကာ
ပြောပုံလေးက တစ်ကယ့်ကလေးလေး
တစ်ယောက်လိုပင်....
သူမပြောလည်းပြော...ကုန်တိုက်ထဲကို
တစ်ယောက်ထည်းအရင် လိုက်ပတ်မယ်
ဆိုပြီး တံခါးဆွဲအဖွင့်ကာအဝင်...
"ဟာ.."
"အို..."
"ကျစ်...ဒီမှာ မင်းဘယ်လိုလုပ်
လိုက်တာလည်းကွ...ငါ့ကိုဖက်
ထားတာ အခု လွတ်အုံး..."
လွန်း...တံခါးဖွင့်လိုက်တော့
တစ်ဖက်ကလူကထွက်အလာ
အရှိန်လွန်ပြီး...အရှေ့က လူကို
ပြေးတိုက်တော့..ထိုလူက သူမကို
စီးပွေ့သလိုဖြစ်သွားတော့ သူမကြောက်
လန့်တကြား မျက်လုံးမှိတ်လိုက်ပြီး
ထိုလူကို လန့်ပြီး ခပ်တင်းတင်းခါးကနေ
ပြန်ဖက်ထားမိတော့ ထွက်ပေါ်လာသော
ခပ်သြသြ ယောကျာ်းတစ်ယောက်အသံ
ကြောင့်မျက်လုံးလေးဖွင့်ကာ ထိုလူကို
ဖက်ထားရင် မော့ကြည့်လိုက်တော့...
"ဟင်..ချောလိုက်တာ...သူက
နတ်သားလား...လူလား..."
စစ်ခွန်း...သားသားအတွက်လိုအပ်တာတွေ
ကုန်တိုက်မှာ လာဝယ်ပြီး...ပြန်အထွက်..
မိန်းကလေးတစ်ယောက် အရှိန်မထိန်းနိုင်
စွာသူ့ကိုဝင်တိုက်ကာ...ရင်ခွင်ထဲ ဝင်လာသော
အဖြစ်ကြောင့် ကြောင်နေရာကနေ...ခပ်တင်းတင်း
အော်လိုက်တော့...ထိုမိန်းကလေးက မျက်ဝန်းပြူးပြုး
လေးနဲ့ သူ့ကိုတအံ့တသြ ကြည့်နေတော့ သူစိတ်
ပျက်သွားကာ..
"ကျစ်...ဒီမှာ...မင်းငါ့ရင်ခွင်ထဲက ဘယ်တော့
ထွက်မှာလည်း...ဒါမှမဟုတ်..."
သူမ နားနားကပ်လိုက်ကာ...
"အာအခုလို ဖက်ထားချင်သေးရင်
လူရှင်းတဲ့နေရာ သွားချင်လား..."
"ဟင်..."
လွန်း အာ့တော့မှ သူမအဖြစ်ကို
သတိရသွားကာ...ပါးလေးတွေ
ရဲကာ...အရှေ့က မာနကြီးနေသော
ကိုလူချောကိုကြည့်ပြီး....
"ဒီမှာ...ကျွန်မကို...ရှင်ဘယ်လိုမိန်းမထင်
လို့လည်း..."
"မထင်ပါဘူး...ငါဖြစ်ချင်တာ..အခု
မင်းငါ့ကိုဖက်ထားတာ အခုလွှတ်ဖို့ပဲ..."
"ဟင်..."
လွန်းအာ့တော့မှ ကိုယ့်အဖြစ်ကိုယ်
သတိရကာ...သူ့ခါးကို တင်းနေအောင်
ဖက်ထားသော လက်ကို အမြန်လွှတ်လိုက်ပြီး
နောက်လှည့်မကြည့်တမ်းရှက်ပြီး ပြေးထွက်လာ
ခဲ့သည်။
"ဟာ..."
စစ်သွေး သူ့ကိုမတောင်းပန်ပဲ
ပြေးထွက်သွားသော မိန်းကလေး
ကိုကြည့်ပြီး ခေါင်းရမ်းလိုက်ကာ..
ကျနေသော ပစ္စည်းတွေကို လိုက်ကောက်
လိုက်ပြီး ထွက်လာခဲ့လိုက်သည်။
ဟိုတစ်ယောက်ကတော့ ဘယ်ကိုပြေး
သွားလည်းမသိ...အရိပ်အယောင်ပင်မတွေ့ရတော့...။
"အဟင်း...ဒီကောင်မလေး
ရှက်သွားတာပဲ..."
လွန်း ထိုနေရာနဲ့ဝေး ရာနေရာကိုရောက်
တော့မှ အမောဖြေကာ...ပြေးလို့ ခုန်းနေတာ
လားမသိ..ဟိူလူ့ကြောင့် ခုန်နေတာလားမသိ
သော ရင်ဘက်လေးကို အသာဖိကာ...နှုတ်ခမ်း
လေးဆူပြီး..
"ဟွန့်...ချောသလောက်...စိတ်ပုတ်
တဲ့လူကြီး..."
ပြောလည်းပြော သူမနှုတ်ခမ်းလေးက
ဘာကြောင့်ပြုံးနေတာလည်း ဆိုတာကိုတော့
သူမသတိမထားမိတော့ပေ။
ထိုအချိန် မိန်းကလေးနှစ်ယောက်နဲ့
ယောကျာ်လေးတစ်ယောက်သူမအနား
ရောက်လာကာ...
"ဟဲ့.. နင်...နင်...မိလွန်း ဟုတ်ပါ
တယ်နော်..."
သူမကို လာမေးနေသော ကဗျာ
တို့ကို သူမ နှုတ်ခမ်းလေးကို
ကိုက်ကာ...မျက်စောင်းလေး
ထိုးပြီး...
"ဘာအခုမှ မိလွန်းလည်း...
ရှင်တို့ဘာလို့ အခုမှရောက်လာ
တာလည်းပြော.."
သူမပြောလိုက်မှ သူတို့လှုပ်လှုပ်ရှား
ရှားဖြစ်သွားကာ...
"အမလေးမိလွန်းပဲ...တကယ်ပဲ
ကြည့်စမ်း...မိလွန်း..နင်နင် အရမ်း
အရမ်းပိုလှလှလာတယ်...ဟီးဟီးချစ်
စရာလေး...."
"အမယ်..အခုမှ ငါ့ကိုမြှောက်မနေနဲ့...
ဘာကြောင့်နောက်ကျရတာလည်းပြော.."
"အမလေး...ဘာဖြစ်ရမယ်လည်း..
လွန်ရယ်...အာ့ကမတွေပေါ့..မလှတဲ့
ရုပ်တွေကို ပြင်နေကြတာ ပြီးကိုမပြီး
တော့ဘူး...သိလား..အဟဲ့.."
သူမအမေးကို စိစိ(ခေါ်)မင်းနိုင်က
မဲ့ကာရွဲ့ကာဝင်ပြောတော့ ဟိုနှစ်
ယောက်ကလည်းလည်း မျက်နှာတွေမဲ့ကုန်ကာ
သူမ ရယ်လိုက်မိသည်။
"ဟဲ့....မင်းနိုင်မ..ငါတို့က
မိန်းကလေးပဲ..အာ့လောက်တော့
ရှိမှာပေါ့..."
"အိုက်...အင်ကြင်းမ...ငါ့ကို
ပြန်ပြင်ခေါ်စမ်း..ဘာမင်းနိုင်လည်း
ငါ့နာမည် စိစီဟဲ့....ကမရဲ့..."
"ခေါ်မှာပဲ..မင်းနိုင်.. မင်းနိုင်..."
ပြောပြီး အင်ကြင်းက လျှာထုပ်ပြကာ
ပြောင်ပြတော့...
"အင်ကြင်းမှ...ငါ အုပ်လိုက်မယ်နော်...."
"ဟဲ့..ဘာနဲ့အုပ်မှာလည်း.."
"လက်နဲ့နရင်းအုပ်လိုက်မယ်လို့ပြောတာအေ..."
နှစ်ယောက်သား
အရင်ကလိုပဲ..ကိုက်နေကြတော့
သူမနဲ့ကဗျာ..တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ကာ မနိုင်ဘူးဆိုသည့်သဘောဖြင့် ရယ်လိုက်
ကြမိသည်။
သူတို့သုံးယောက်နဲ့ သူမက
အထက်တန်းတက်ထည်းက
ခင်ကြတဲ့ ငယ်ပေါင်းတွေ
ဖြစ်သည်။သူမအထက်တန်း
ပြီးတော့ ဂျပန်ကိုကျောင်းပြောင်း
သွားတော့ ကွဲသွားကြ ကာ...
အဆက်အသွယ်ကတော့ မပျက်ပဲ
တစ်ယောက်အကြောင်းတစ်
ယောက်အမြဲကြားနေကြဖြစ်သည်။
သူမရဲ့ သူငယ်ချင်းတွေက
အခုလိုပဲ..ပေါတောတောလေး
တွေနဲ့ ချစ်စရာကောင်းကြပါတယ်။
စောစောကတွေ့ခဲ့တဲ့ လူကြီးက
လွဲရင်ပေါ့...
------------------------------------------------^^^^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒
ကမ္ဘာ...ခြံထဲတွင်ဆော့နေသော
သားသားကို ရေချိုးပေးဖို့ ဆင်းလာ
တော့ ခြံပြင်ဘက် လမ်းတစ်ဖက်တွင်
ကားဆင်တူ အမည်းရောင် လေးစီရပ်ထားပြီး
အမည်းရောင် အနောက်တိုင်းဝတ်စုံ
ဝတ်ထားသော လူတွေက သူမတို့ခြံတစ်ဝိုက်
တွင် ကင်းစောင့်နေသလို လှည့်နေတော့
သူမ မျက်မှောင်လေးကုတ်သွားကာ...
ကြည့်နေလိုက်တော့ ထိုလူတွေသူမကို
တွေ့သွားကာ...လမ်းပြီး ခေါင်းငုံ့အရိုအသေ
ပေးကြတော့ သူမ မျက်စောင်းလေး ထိုးလိုက်
မိသည်။
"ကြည့်စမ်းဒါဟိုလူရဲ့ သက်တော်စောင့်တွေ
ဖြစ်မယ်.. တောက်..ဒီလူ တော်တော်ပါးတာပဲ
သူမ ထွက်ပြေးမှာဆိုးလို့ အိမ်တစ်ဝိုက်မှာ သူ့
လူတွေ လာစောင့်ကြည့်ခိုင်းထားတာ...သူမ
မနေ့ကထည်းက ထွက်သွားဖို့အစီအစဥ်ကို
ကိုကိုပြောချက်အရရော သားသားအတွက်
ရောစဥ်းစားပြီး မသွားဖို့ဆုံးဖြတ်လိုက်တာဖြစ်သည်။
သူမ ထိုလူတွေကိုမကြည့်တော့ဘဲဆော့နေ
တဲ့ သားသားစီရောက်တော့ မျက်ခုံးတွေပင့်
တက်သွားရသည်။
သားသားအနားမှာ အရုပ်တွေတောင်ပုံယာပုံ
သားသားက အရုပ်တွေကြားပျော်ရွှင်နေတော့
သူမ တအံ့တသြ ကြည့်နေမိသည်။ သားသား
အခုလို ရယ်မောပျော်ရွှင်နေတာ သူမတွေ့ရတာ
ကြာပြီမဟုတ်လား။
သားသားက ဆော့နေရင်း ရပ်ကြည့်နေတဲ့
သူမကိုမြင်သွားတော့...
"ဟင်...မေမေ...ဘာလုပ်နေတာလည်း
လာလေ.."
သားသားက ဆော့နေရင်း လက်ရပ်ကာ
လှမ်းခေါ်တော့ သူမ သားအနားသွား
လိုက်ပြီး..အရုပ်တွေနဲ့ သားကိုကြည့်ကာ...
"သားသား...ဒါတွေက ဘယ်သူပေး
တာလဲ..ဖေစစ်ပေးတါလား.."
သူမအမေးကို သားသားက
လေယာဥ်ပျံအကြီးစားကြီးကို
မနိုင်နင်းကိုင်းရင်း...
"မဟုတ်ဘူးမေမေ...သားသားကို
ဖေဖေလာပေးသွားတာ.."
"ဟင် ဗုဒ္ဓေါ... "
သူမရင်ဘက်လေးဖိကာ..
ဘုရားတလိုက်မိသည်။
"သားသား...အာ့လူဒီကိုလာသွား
တာလား..."
အရုပ်တွေကြားမှာ အဆော့မက်နေတဲ့
သားလေးက သူမကိုမကြည့်ဘဲ...
"မေမေကလည်း...အာ့လူမဟုတ်ပါဘူး
ဖေဖေပါဆို..."
"ဟင်....အမ်...ဟုတ်ပါပြီး..
ဖေဖေက သားသားစီလာသွား
တာလားလို့.."
"တကယ့်ဖအေတူသား အချိုးကိုက
တစ်ပုံစံထဲ...ဟွန့် ''သူမစိတ်ထဲကနေပြောပြီး
သားကို ပြုံးပြကာ မေးလိုက်တော့...
"ဟုတ်တယ်...မေမေ..စောစောက
ဖေဖေလာသွားတာ...သားသားကို
မေမေကိုပြောခဲ့ဖို့ ဖေဖေက မှာသွားတယ်
သိလား...ဒါပင်မဲ့ သားသားပြောရင် မေမေက
သားသားကိုအော်မှာ...မပြောတော့ဘူး..."
"ဟမ်...မအော်ပါဘူးသားရဲ့...
ပြောပါ.."
လူကြီးလေးလိုပြောနေသော
သားလေးကို သူမကြည့်ပြီး
သိချင်သော စောဖြင့်မေးမိသည်။
ဟိုလူက ဘာပြောသွားလည်းဆိုတာ
သူမအရမ်းသိချင်မိသည်။သားသားကို
ပြန်ခေါ်ဖို့များလား...
"ဟုတ်ပါပြီး...မေမေက သိချင်တော့
သားသားက ပြောပါ့မယ်..မေမေက
သားသားကို မဆူဘူးလို့ ပြောထားတယ်
နော်..."
"အဟင်း...မဆူပါဘူးဆိုသားသားကလည်း..."
"အာ့ဆို သားသားပြောပြီနော်..."
လူကြီးလေးလို ပြောနေသောသားသားကို
သူမခေါင်းငြိမ့်ပြလိုက်တော့...
"ဖေဖေကလေး...မေမေကို....သူလာခေါ်
တော့မှာ အဆင်သင့်ပြင်ထားတဲ့..ပြီးတော့
ဟိုအရင်ထည်းက မေမေကို ဖေဖေက လိုက်
ရှာနေတာတဲ့...အခုမှ ပြန်တွေတော့ မေမေက
ဖေဖေကို အရမ်းမမုန်းပါနဲ့တဲ့...ဖေဖေက အရာ
အားလုံးကိုတောင်းပန်ပါတယ်တဲ့...ပြီးတော့
ပြောသွားသေးတယ်...ဖေဖေက မေမေကို
ပထမဆုံးတွေ့တဲ့...ညကထည်းက ချစ်နေမိတာတဲ့..."
"အို..သားသား..."
သားလေးက သူမရှက်သည်းစွာအော်
လိုက်တော့မျက်လုံးဝိုင်းလေးတွေနဲ့
ဘာမှမသိသလို အပစ်ကင်း
စင်စွာကြည့်လာတော့ သူမ
မျက်နှာရဲလေးနဲ့ကြည့်ကာ..
"သားသား..မေမေ သိပြီ
သားသားရေချိုဖို့ အိမ်ထဲ
ဝင်တော့နော်...ဒါတွေမေမေ..
ဘဘမြိုင်ကို..အိမ်ထဲရွေ့ခိုင်း
ထားမယ်နော်..."
"ဟုတ်မေမေ..."
သားလေးအိမ်ထဲဝင်သွား
တော့မှ သူမ နှုတ်ခမ်းလေးကို
ဖိကိုက်လိုက်ကာ...'' ဒီလူ သားကို
ဘာတွေပြောသွားတာလည်း
အရှက်မရှိတဲ့လူ...တွေ့မယ်..တွေ့မှ
ပါးရှစ်စိတ်ကွဲအောင် ရိုက်ပစ်မယ်...
အရှက်မရှိတဲ့ လူကြီး.."
---------------------------------------------^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒
"အဟွန်း...."
မာန်စစ်သွေးအပြောကြောင့်
သူမလေးရဲ့ ကလေးဆန်သော
အမှုအရာလေးကို သဘောကျကာ
ပြုံးနေမိသည်။
စောစောက သူအလုပ်လုပ်
နေတုံးစစ်သွေးဝင်လာကာ
သူမလေး သူ့လူတွေကို
မျက်စောင်းထိုးတယ်လို့ပြောတာကြောင့်
သူ့မှာ ကလေးဆန်လွန်းတဲ့ သူမကို
ပြေးကား အနမ်းတွေပေးချင်နေမိတဲ့အထိ
အသည်းတွေယားနေမိသည်။
မနက်ကလည်း...သားဆီကို
သူသွားတော့ သူမကိုမတွေ့
သူမကိုတွေ့ရင်လည်း သူ့ကို နှင်လွှတ်
မှာကြိမ်းသေသည်။ဒါကြောင့် သူမ
မျက်နှာလေးကို မြင်ချင်တဲ့စိတ်ကို
ချိုးနှိင်ပြီး သားသားကိုပဲ အရုပ်တွေပေးကါ
ပြန်လာခဲ့လိုက်သည်။သားသားကို
သူ့အမေကို ပြန်ပြောဖို့စကားတွေလည်း
ပြောထားခဲ့တော့ သားက သူ့အမေကို
ပြန်ပြောပြမှာကြိမ်းသေလောက်သည်။
ဘာပဲပြောပြော သားက သူတိူ့နှစ်ယောက်
ရဲ့ ပေါင်းကူးတံတားလေးပင်။သူပြောခဲ့တဲ့
စကားတွေကို သာားက သူ့အမေကို ပြန်ပြော
ပြရင် သူမသူ့ကို ကြိမ်းသေဒေါသထွက်လောက်
သည်။ သူမ သူ့ကို ဘယ်လောက်တောင် ကျိန်ဆဲ
လိုက်မလဲ...
"အဟွန်း...လူဆိုးမလေး...သားနဲ့မင်းက
မကြာခင် ကိုယ့်အပိုင်ဖြစ်လာတော့မှာ...
အာ့တော့မှ ကိုယ့်အပေါ်အဝဆိုးတော့...
အဟင်း..ကလေးလေး...."
မာန်တွေးပြီး ပိရိသေသပ်သော နှုတ်ခမ်း
မှ အပြုံးတို့က ဖြစ်ထွန်းနေမိသည်။
"ချစ်တယ်...ချာတိတ်...ကိုယ်..မင်းကိုအရမ်း
ချစ်တယ်.."
"အကိုလေး....ကျွန်တော်ဝင်လာမယ်နော်..."
အခန်းအပြင်က စစ်သွေးအသံကြောင့်
သူ ပြုံးဖြီးဖြီးဖြစ်နေသော မျက်နှာကို
တည်လိုက်ပြီး...အလုပ်စားပွဲ ထိုင်ခုံတွင်
ထိုင်နေသော ခန္ဓာကိုယ် ကို မက်လိုက်ကာ..
"အင်း...ဝင်ခဲ့..."
သူအသံပြုလိုက်တော့ စစ်သွေးဝင်လာပြီး...
"အကိုလေး...စုံစမ်းခိုင်းထားတဲ့..
မမလေးအကြောင်းတွေ..သိရပါပြီအကိုလေး..."
ပြောလည်းပြော စစ်သွေးက fileတစ်ခု
ကိုကမ်းပေးလါတော့ သူယူလိုက်ပြီး
ကြည့်လိုက်တော့ မျက်မှောင်ကုတ်
သွားကာ...
"ငါ...စစ်ခွန်းမှိုင်းဆိုတဲ့...လူကို
တွေ့ချင်တယ်...စစ်သွေး..ချက်ချင်းစီစဥ်ပေး..."
"ဟုတ်ကဲ့အကိုလေး..."
"ဒီထဲက စစ်ခွန်းမှိုင်း ကချာတိတ်နဲ့
ဘယ်လောက်အထိပတ်သတ်မှုမျိုးလည်း..."
"ငယ်ငယ်လေးထည်းက အကိုလိုမျိုး
ပတ်သတ်မှုမျိုးပါ..မမလေးမိခင်နဲ့ အာ့
ဒိအကိုရဲ့ မိခင်က သူငယ်ချင်းအရင်း
ကြီးတွေပါ..."
"အွန်း..."
သူ သေချာဖတ်ကြည့်ပြီး ခေါင်းငြိမ့်ကာ...
"အင်း...တွေ့ဖို့ပဲ..စီစဥ်လိုက်..."
"ဟုတ်ကဲ့ပါ..အကိုလေး..."
သူခေါင်းငြိမ့်ပြလိုက်တော့ စစ်ခွန်းပြန်
ထွက်သွားမှာ..သူ သက်ပြင်းချကာ...
"ဒီလောက်နှစ်တွေအကြာကြီး...
အတူနေခဲ့တာ..ချာတိတ်အပေါ်..
ထိုလူက ဖြူစင်စွာ ရှိနေနိုင်ပါ့မလား..."
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း