book

Index 13

အပိုင်း (13)♥♥♥♥

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

သူမ အိတ်ထဲကို လိုအပ်မဲ့

 ပစ္စည်းတွေကိုထည့်နေတုံး

 သားသားကဘယ်အချိန်ကနိုးမှန်း

မသိ...မေးလေးထောက်ကာကြည့်နေ

ပြီး...


"မေမေ...ဘာလုပ်နေတာလည်းဟင်..."


"ဟင်..သားသားနိုးပြီလား.."


သူမအမေးကို ပြန်မဖြေပဲ

 မျက်ဝန်းလေးတွေက သူမ

အဝတ်ထည့်နေသော အိတ်စီ

မှာသာ။သူမပြုံးလိုက်ပြီး...


"မေမေနဲ့ သားသား မေမေ့

သူငယ်ချင်းစီအလည်သွား

ရအောင်နော်..''


သူမပြောလိုက်တော့ သားသား

က ခရီးသွားရမယ်ဆိုပင်မဲ့လည်း

ပျော်ရွှင်မှုမရှိဘဲ...မျက်နှာလေး

ငယ်စွာ...


"ဖေဖေရောမပါဘူး...မှတ်လားမေမေ.."


"ဟင်.."


သူမသားစကားကြောင့် ဟင်ခနဲ့ဖြစ်

သွားမိသည်။ သားသားက အခုမှတွေ့

တဲ့ဖခင်ကို အာ့လောက်တောင် 

သံယောဇဉ် ဖြစ်သွားပြီလား။အရင်က

ခရီးသွားရင်ပျော်ရွှင်နေတဲ့ကလေးက

အခုတော့ ပျော်ရွှင်တဲ့ပုံလည်းမပြ။


ဟင့်အင်းမဖြစ်ရဘူး...သူ့ကို 

သူမထက် သားသားခင်

တွယ်သွားလို့မဖြစ်ဘူး...အခုထည်းက 

သားသားနဲ့ သူ့ကိုဘယ်တော့မှ မတွေ့အောင်

သးမလုပ်ရမည်။


သူမကို အတကြီးတဲ့သူလို့

ပဲပြောပြော သူမဘဝကို ဖျက်စီးခဲ့ပြီး...ငွေ

နဲ့ တန်ဖိုးဖြတ်ခဲ့တဲ့လူ...ငါနှစ်လုံးလုံး သူမ နဲ့ 

ကိုကိုတို့သားအမိသာ သူမသာ သားသားကို 

မျက်နှာမငယ်အောင် ပျိုးထောင် နိုင်ခဲ့တာ 

သူက အခုမှ သူ့သားလုပ်လို့ရမလား။ဟင့်အင်း

ကျွန်မရှင့်ကို ခွင့်မလွတ်ဘူး...ဦးမာန်တံခွန်။


"မေမေသားသားမေးနေတယ်လေ

ဖေဖေရော ပါလားလို့.."


သူမသားသားအသံလေးကြောင့်

အတွေးထဲကရုန်းထွက်ပစ်ပြီး 

ပျက်နေသော မျက်နှာကို ပြင်ပြီး

ပြုံးလိုက်ကာ...


"အဟင့်...ပါမှာပေါ့သားရဲ့...

သားသားဖေဖေက ဟိုမှာ

စောင့်နေမှာ..."


"ဟေ....တကယ်နော်မေမေ...

သားသားက ဖေဖေကိုအရမ်း

ချစ်တာ...မေမေကိုရောပဲ...

ဖေဖေပါ...ပါမှာဆိုတော့..သား

သားသွားမယ်နော်.."


သူအဖေပါမယ်ဆိုတော့ စောစောကလို 

မရွှင်မပြမျက်နှာလေးမဟုတ်တော့ဘဲ

မျက်နှာဝင်းဝင်းလေးဖြင့် ထခုန်ပြီး

သူမကိုပြောတော့ သူမပြုံးလိူက်မိပြီး

စိတ်ထဲကနေ သားသားကို ညာမိတဲ့

အတွက်တောင်းပန်နေမိသည်။


သူမအခုသွားမှာက သူမ ငယ်သူငယ်ချင်း

ထုံးဝေစီကိုဖြစ်သည်။ထုံးဝေက အစက

တောင်ကြီးမှာနေပြီး အခု မန္တာလေးမှာ 

ပန်းဆိုင်လေးဖွင့်ထားတော့ မန္တာလေးမှာ

အခြေချကာနေတော့ သူမ မန္တာလေးကိုပဲ

လိုက်သွားရမှာဖြစ်သည်။အကြိုးအကြောင်း

ကိုလည်းညနေထည်းက လှမ်းပြောထားပြီး 

သူမတို့သားအမိနှစ်ယောက်လာမည်ဆိုတော့

ထုံးဝေက အရမ်းပျော်ရွှင်ပြီး လာခဲ့ဖို့ အတင်း

ကိုခေါ်နေတာဖြစ်သည်။သူမ ထုံးဝစီမှာခဏနေပြီး

သူနဲ့ဝေး ရာကို ပြေးဖို့ သူမတစ်ခုခုတော့ ကျန်ရအုံး

မည်။


ကိုကိုကတော့ သူမပြောဘဲ ထွက်သွားရင်တော့

အရမ်းစိတ်ဆိုးပြီး စိတ်ပူနေမှာဖြစ်သည်။ကိုကို 

ကိုပြောပြရင်လည်း ကိုကိုက သွားခွင့်ပေးမှာမဟုတ်။

ပြီးရင် ဟိုလူက ကိုကို ကိူအကြိုးအကြောင်း

ပြောပြပြီးမေးရင် ကိုကိုက ပြောပြမှာဖြစ်သည်။

ရှမ်းပြည်ကိုသွားရင်လည်းဟိုလူလက်က လွတ်မှာ

မဟုတ်ပြန်။ဒါကြောင့် မန္တာလေးက ထုံးဝေစီကို

သွားဖို့ ပိုပြီး တွေးမိတာဖြစ်သည်။ 


ကမ္ဘာတွေးရင်း သက်ပြင်းချကာ 

 ပြေးပေအုံးတော့ကမ္ဘာရေ...

ဟိုအာဏာရူးလက်က လွတ်အောင်...


-----------------------------------------------^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒


"အကိုလေးပြောတဲ့အတိုင်း...

အစောင့်တွေချပြီးပါပြီ..."


သူ ကွန်ပျူတာ ပေါ်က ပြေး

လွှားနေသော လက်များ စစ်သွေး

အသံကြောင့် ရပ်သွားပြီး

ထိုင်ခုံကိုမှီလိုက်ကာ...

အဓိပ္ပါယ်ပါပါပြုံးပြီး..


"အဟွန်း..Ok good job...."


"ဟုတ်ကဲ့..အကိုလေး...ကျွန်တော်

မမလေးနဲ့ အကိုလေးသား

အတွက် အခန်းပြင်ဆင်ပြီးပါပြီ..."


"ဟင်..."


သူစစ်သွေးစကားကြောင့်

ထိုင်ခုံမှီနေတဲ့ ကိုယ်ကြီးမက်သွား

ပြီး မျက်မှောင်ကုတ်ကာ..


"နေပါအုံး...မင်းကို အခန်းတစ်ခန်းပဲ..ပြင်

ခိုင်းတာ...ဘာကြောင့်နှစ်ခန်းပြင်ထား

ရတာလည်း..."


"ဗျာ..."


စစ်သွေး အကိုလေးစကားကြောင့်

ကြောင်တောင်တောင်ဖြစ်သွားကာ...


"အာ့ဒါဆို...မမလေးနဲ့ မာန်လေးက..

အတူတူနေမှာလား..."


စစ်သွေးအမေးကို မဖြေပဲ မျက်ဝန်း

တွေ မှေးစင်းပြီးကြည့်နေသော အကို

လေးကြောင့် စစ်သွေး ကြောတွန့်သွား

ကား...


"ဟဲ..ဟဲ...ကျွန်တော်ပြောတာဟုတ်

တယ်မှတ်လား..."


"အဟွန်း..စစ်သွေး...ငါ့အရှေ့က ဘာလည်း

သိလား..."


"Computer ပါအကိုလေး..."


"အေး...မင်းက အခြားနေရာမှာသာ

ထက်မြတ်တာ အာ့ဒါကြောင့် မင်း

အခုအချိန်ထိ မိန်းမ မရတာ..."


"ဟာဗျာ...အကိုလေးကလည်း..

ကျွန်တော့်ကိုထိခိုက်ပြန်ပြီ..."


"မင်းမဟုတ်လို့လား...အခုငါပြောနေတာ

တောင် မင်းအခုထိသဘောမပေါက်ဘူး..

ငါ့မိန်းမက ငါနဲ့ အတူတူနေမှာ...သားနဲ့

သူ့အခန်းမှာသူနေမှာ..."


အာ့တော့မှစစ်သွေးသဘောပေါက်သွားကာ

သွားဖြဲပလိုက်ပြီး...


"ဟဲဟဲ...အကိုလေးကလည်း..မမလေးနဲ့က

အကိုလေးက လက်မထပ်ရသေးဘူးလေ..

အာ့ကြောင့် ကျွန်တောက မတွေးလိုက်မိဘူး

အဟဲ..."


"တော်စမ်းလျှာမရှည်နဲ့...ငါက ငါ့မိန်းမဆို

ငါ့မိန်မပေါ့...မင်းငါ့အရှေ့ကနေ သွားလိုက်

တော့စစ်သွေး....မဟုတ်ရင် Computerက 

မင်းမျက်နှာပေါ် ရောက်လာတော့မယ်.."


"ဟဲ..ဟဲ..ဟုတ်ကဲ့အကိုလေး...

ကျွန်တော်သွားလိုက်ပါအုံးမယ်..

အကိုလေး အကိုလေးအခန်းထဲက 

ကုတင်ရော ထပ်လဲပေးရအုံးမလား..."


"ဟာ...ဒီကောင်..."


သူပြောလည်းပြော ကွန်ပျူတာကို 

ကောက်ကိုင်လိုက်တော့ စစ်သွေး

ဖနှောက်နဲ့တင်ပါး တစ်သားတည်းကျ

အောင်လစ်လစ်ပါအောင် ပြေးပါတော့သည်။

သူခေါင်းကိုခါရမ်းကာ အသာပြုံးလိုက်မိသည်။


သူ စစ်သွေးကို ချာတိတ်အိမ်

ရှေ့မှာ အစောင့်တွေကို ချာတိတ်

ထွက်ပြေးမှာဆိုးလို့ စောင့်ကြည့်ခိုင်း

ထားတာဖြစ်သည်။


သူမထွက်ပြေးမယ်ဆိုတာ သူကြိုမြင်

တာပေါ့။အခုလောက်ဆို ထွက်ပြေး

ဖို့ ပြင်ဆင်နေပြီနေမှာ...


"'အဟက်ချာတိတ် မင်းထက်

မလည်ရင်...ကိုယ်မင်းယောကျာ်း

မလုပ်ဘူး...တော်တော်ဆိုးတဲ့ချာတိတ်

ထွက်ပြေးဖို့ပဲတွေးနေတာ...အဟင်း..."


---------------------------------------------------^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒


ကမ္ဘာ...အောက်ထပ်တွင်

သားအတွက်နဲ့ ကိုကိုအတွက် 

အိုပါတင်းဖျော်နေပြီး မနက်ဖြန်

ခရီအတွက်တွေးကာ..ရင်လေးနေမိသည်။

သူမသက်ပြင်း အသာချလိုက်တော့...


"ဟော့ ဝလုံးလေး..ဒီညနေတစ်ညနေလုံး

သက်ပြင်းတွေကြီးပဲ ချနေပါလား...

ဘာဖြစ်လို့လည်း...ဝလုံးလေး...ကိုကို 

ကိုပြောလေ..."


"အဟင်း..ဘာမှမဖြစ်ပါဘူး...ကိုကိုရဲ့..

သားသား...ရောဂါထပ်ဖြစ်လာမှာဆိုး

လို့ စိုးရိမ်လို့ပါ...."


စစ်သွေး ဝလုံးလေးကိုကြည့်ပြီး

ပြုံးလိုက်ကာ...


"ဝလုံးလေးရယ်...အာ့လောက်ကြီးလည်း

စိတ်မပူပါနဲ့လို့ ကိုကိုပြောထားတယ်လေကွာ"


"ဟုတ်ကဲ့...ကိုကို..ဒါပင်မဲ့ ကမ္ဘာ 

စိတ်ထဲလေးနေလို့ပါ..."


"အဟင်း...ဝလုံးလေးရယ်..သားသား

က အမြဲကျမ်းမာနေမှာပါကွာ...ပြီးတော့

ကိုကို... ဒီနေ့ ဆေးရုံကိုရောက်ခဲ့တယ်.."


"ရှင်..."


စစ်သွေး မျက်နှာပျက်သွားသော 

သူမလေးကို ခေါင်းငြိမ့်ပြပြီး..


"ဟုတ်တယ်...ဝလုံးလေး...သားသား

ရောဂါအခြေအနေကို...ကိုကိုအကုန်သိ

ခဲ့ပြီးပြီ..."


"ဟင်...''


မျက်နှာလေးငယ်ကာ ခေါင်းလေးငုံ့နေသော

သူမလေးကို သူကြည့်ပြီး ပြုံးလိုက်ကာ..


"ဝလုံးလေးကို...ကိုကို စိတ်မဆိုးပါဘူး

ဒါပင်မဲ့စိတ်တော့မကောင်းဘူး...ဝလုံး

လေး..အခုချိန်ထိ ကိုကို ကိုမိသားစု

လိုသဘောမထားလို့..."


သူမ ခေါင်းလေးမော့လာပြီး မျင်ရည်တွေ

ဝဲလာကာ..ခေါင်းလေးကိုခါရမ်းပြီး....


"ဟင့်အင်း...မဟုတ်ပါဘူးကိုကို...

ကိုကိုနဲ့ အန်တီမေက ကမ္ဘာအတွက်က

တန်ဖိုးထားရတဲ့ မိသားစုဝင်တွေပါ...

ကမ္ဘာမပြောတာက ကိုကို စိတ်ညစ်မှာဆိုးလို့ပါ..."


"ကိုကိုစိတ်ညစ်မှာထက် သားသားရဲ့

ဖေဖေနဲ့ သားသားကိုပေးတွေ့ဖို့ တိုက်

တွန်းမှာဆိုးလို့မှတ်လား..."


"ဟင်....ကိုကို...အာ့လိုမဟုတ်..."


"ကိုကိုပြောမယ်...ဝလုံးလေး...သေချာ

နားထောင်...ကိုကိုအာ့ဒိလိုပဲ တိုက်တွန်း

မိမှာ..."


"ဟင်..ကိုကို..."


"ဟုတ်တယ်...ဝလုံးလေး...ကိုကို

အခုလိုပြောတာ..ဝလုံးလေးအပေါ်

သူတို့မတရားအနိုင်ကျင့်တာကို

ကိုကိုသိပါတယ်....ဒါပင်မဲ့...

အာ့အရာတွေထက် ပိုတွေးရမှာက

သားသားအတွက်ပဲ...ဝလုံးလေး..

ကိုကိုအခုလိုပြောလို့..ဝလုံးလေး 

စိတ်ခုလို့လည်းရပါတယ်...

ဒါပင်မဲ့ သားသားကို တစ်သက်

လုံးစိတ်ဒဏ်ရာ မရစေချင်ဘူး.."


"ဟင့်အင်း...ကိုကို...ကမ္ဘာ

သားသားကို သူနဲ့ ပေးမတွေ့

နိုင်တော့ဘူး..ကမ္ဘာ သူ့ကိုမုန်းတယ်..."


မျက်ရည်တွေကျကာပြောလာသော 

သူမလေးကို သူစိတ်မကောင်း

စွာကြည့်ပြီး...


"ဝလုံးလေး...သူ့ကိုမုန်းသင့်ပါတယ်..

ဒါပင်မဲ့..သားသားရဲ့ အနာဂတ်ကိုတွေး

ပါ...ကိုကိုပြောတာ...ညီမလေး သူ့ကို

လက်ခံဖို့ပြောတာမဟုတ်ဘူးနော်...

သားသားကို သူ့အဖေနဲ့ ပေးတွေ့

ပေးစေချင်တာ..."


"အဟင့်...ကမ္ဘာလေ..ကမ္ဘာ..

သားသားက ကမ္ဘာထက် သူ့ကို

ပိုခင်တွယ်သွားမှာအရမ်းကြောက်တယ်

ကမ္ဘာသားက ကမ္ဘာကို မချစ်တော့ဘဲ

သူ့ကိုချစ်သွားမှာအရမ်းကြောက်တယ်..ကိုကို...

ကမ္ဘာ..သားလေးကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး.."


"ဝလုံးလေးရယ် သားသားက ဘာလို့

ဝလုံးလေးထပ် သူ့ကိုပိုချစ်ရမှာလည်း

ဝလုံးလေးက သားသားကိုမွေးထားတဲ့

အမေလေဗျာ...အမေကိုပဲ ပိုချစ်မှာပေါ့..."


ငိုနေသော သူမလေးကို ခေါင်းလေးပုတ်

ကာပြောတော့ သူမလေးက မျက်ရည်တွေ

အဆက်မပျက်ကျကာ..ခေါင်းလေးကို

ရမ်းပြပြီး...


"ဟင့်အင်း...ကိုကို...သားသားနဲ့ သူ

မနက်ကတွေ့ပြီးပြီ..."


"ဟင်...."


"ဟုတ်တယ်...ကိုကို...ကမ္ဘာသူ့ငယ်

ချင်းက သူ့ပိုင်တဲ့ Company မှာအလုပ်လုပ်

တာ...ကမ္ဘာသူ့ Company မှန်းမသိလို့ သွားတာ

သားသားနဲ့ သူ တွေ့သွားတယ်...သားသား

က...အဟင့်..သားသားက ကမ္ဘာထက် သူ့ကို

ပိုခင်တွယ်ပြီး...သူနဲ့နေမယ်ပြောနေတာ..သိလား

ကိုကို...ကမ္ဘာ သူ့ကိုအရမ်းမုန်းတာပဲ..."


သူ့ကိုကလေးတစ်ယောက်လို တိုင်နေ

သော ဝလုံးလေးကိုကြည့်ပြီး သူဝလုံးလေး

ပုခုံးကို အသာကိုင်ပြီး ပြုံးပြလိုက်ကာ...


"အာ့ဒါ...သူ့ကို ဝလုံးလေးထက်

ခင်တွယ်တာမဟုတ်ပါဘူးကွာ..

အခုမှ အဖေတောင်းတနေတဲ့

သားသားက အဖေကို တွေ့

လိုက်တော​့ ပိုခင်တွယ်သလို

ဖြစ်သွားတာနေမှာပါ..."


"ဟင့်အင်း...ကိုကို...ကမ္ဘာ

သူ့ကို သားနဲ့..ပေးမတွေ့နိုင်ဘူး..."


ခေါင်းမာစွာ ငြင်းဆန်နေသော

သူမလေးကို သူကြည့်ပြီးခေါင်း

အသာရမ်းကာ..


"ဝလုံးလေး...ကိုကို..ကိုယုံတယ်

မဟုတ်လား..."


သူအာ့ဒိလိုပြောတော့ သူမလေး

ကခေါင်းလေးငြိမ့်ပြလာကာ..


"ဟုတ်..."


"အာ့ဒါဆို...ကိုကိုစကားနားထောင်

ပေးနော်..."


သူမလေးဘာမှပြန်မပြောဘဲ ငြိမ်ကြ

သွားတော့မှ သူသက်ပြင်းသဲ့သဲ့ချလိုက်မိ

တော့သည်။


"ဝလုံးလေးကို စိတ်ချမ်းသာ

စေချင်တာ ကိုကိုရဲ့ ဆန္ဒ ပါကွာ...''

သူစိတ်တွင်သာပြောပြီး သူမလေး

ကို နှစ်သိမ့်ကာ ပခုံးလေးကိုဖက်ထားလိုက်

တော့သည်။


--------------------------------------------^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒


"ဟင်...ဟုတ်ရဲ့လားသမီးရယ်...

သားမာန်က ဘယ်တောက မိန်းမ

ရသွားလို့...ကလေးတောင် ရနေတာလည်းကွယ်..."


ဒေါ်လွန်းသော် သမီးဖြစ်သူ

အပြောကြောင့် ကင်ဘက်လေဖိကာ

တအံ့တသြမေးတော့...သမီးဖြစ်သူ

က မျက်ခုံးလေးပင့်ကာ...မယုံဘူး

လားဆိုသည့်သဘောဖြင့်...


"ဟာမေမေကလည်း...ဟုတ်ပါတယ်ဆို

လွန်တောင်ကိုယ်တိုင်မျက်လုံးနဲ့ မြင်ခဲ့

လို့ယုံတာသိလား..မေမေ..ပြီးတော့လေ

ကိုကိုရဲ့..သားက ကိုကိုနဲ့ တရုပ်တည်းသိလား

ဟီးဟီး...အရမ်းချစ်ဖို့ကောင်းတယ်..ကိုကို

မိန်းမကလည်းအရမ်းချစ်ဖို့ကောင်းတာ

ကလေးလေးကျနေတာပဲ အသားလေးကို

ဝင်းပြီးတော့ မျက်လုံးတောင် မလွဲချင်ဘူး

လွန်ဆို အာ့မမမျက်နှာလေးကို ကြည့်လို့

တောင်မဝဘူး...ကိုကိုက သူ့မိန်းမနဲ့ သားကို

သည်းသည်းလှုပ်ချစ်တာ လွန်းအမြင်တောင်ကပ်

တယ်မေမေရယ်..."


"ဟင်..."


သမီးအပြောကြောင့် ဒေါ်လွန်းသော် 

မယုံလို့လည်းမရ...သမီးကတစ်ခါ

မှမဟုတ်တာတော့မပြောဘူးပေ။ပြီး

တော့ သမီးပြောတဲ့ သားမာန်ရဲ့ မိန်းမ

ဆိုတဲ့ကလေးမနဲ့ သားလေးကိုလည်း

တွေ့ချင်စိတ်တွေဖြစ်ပေါ့လာသည်။


"ဘာလည်း...မေမေက...လွန်းကိုမယုံ

တာလားပြော...လွန်းပြောတာ မေမေ ကိုယ်

တိုင်မြင်မှ လွန်းပြောတာ မပိုပါလားဆိုပြီး

လာမပြောနဲ့နော်..."


သူမကို ဆူပုတ်ပုတ်လေးပြောသော

သမီးဖြစ်သူကြောင့် ဒေါ်လွန်းသော်

ပြုံးလိုက်ကာ...


"အဟင်း...မေမေ ယုံပါတယ်..သမီးရယ်

မေမေက အံသြတာ..သမီးပြောပုံအရဆို

မေမေ မြေးနဲ့ တူမလေးကို မြင်တောင်

မြင်ချင်လာပြီး မေမေတို့နောက်ရက်သွား

ရအောင် သားမာန်စီ...မေမေကိုလိုက်ပို့ပေး..


"ဟမ်...မေမေကလည်း ချက်ချင်းနော်

မေမေ...ကိုကိုသားကိုတောင်းဖို့တော့မ

ဟုတ်ပါဘူးနော်..."


"အမလေး မိလွန်း...စကားရှည်တာအေ

ကျုပ်က လိုက်ပို့ဆိုပို့ပေါ့..."


"အမလေး..မေမေတို့ အခုထည်းက

လွန်းကိုပုန်ကန်နေပြီနော်..ကိုကိုက

ပေးပယလိမ့်မယ်..သူ့သားကို

အခုတောင် သည်းနေတာကို..."


"အာ့ဒါ...ငါ့ကိစ္စ...ညည်းသာ..

ကျုပ်ကို သားမာန်စီလိုက်ပို့..."


"ဟုတ်ပါပြီရှင်...ကျွန်မ မိလွန်းလိုက်

ပို့ပါ့မယ်ရှင်..."


ရွတ်နောက်နောက်လေးပြောကာ

အပေါ်တက်သွားသော သမီးကြောင့်

ဒေါ်လွန်းသော်ပြုံးလိုက်မိသည်။


သူမ သားမာန်မှာ မိန်းမနဲ့ သားရှိတယ်ဆို

လို အရမ်းဝမ်းသာသွားမိသည်။မဟုတ်

ရင်ဒီတစ်သက်မိန်းမ မယူမှာဆိုးလို့

တောင်သူမ စိုးရိမ်နေရတာ။အခုတော့ 

တူတော်မောင်က အဒေါ်တစ်ယောက်ထည်း

ရှိတာတောင် မိန်းမရတာမပြောဘဲ..ကလေး

တစ်ယောက်ရမှ သိရတဲ့အဖြစ်။တွေ့အုံးမယ်..

ဒင်းရဲ့သားကို မရရအောင် တောင်းရမယ်။ဒါ 

အဒေါ်ကိုမပြောဘဲ မိန်းမယူပစ်တဲ့ ကောင်းဆိုး

လေးကိုပေးတဲ့အပစ်ပင်။


ဆက်ရန်.....

စာရေးသူ - လွမ်းခြင်း


rate now: