book

Index 12

အပိုင်း (12)♥♥♥♥

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

လွန်းဒီနေ့မှ Japan ကပြန်ရောက်တာကြောင့်

 ကိုကို ကိုတွေ့ချင်တာနဲ့ လေယာဥ်ကွင်းက

နေတန်းဝင်လာခဲ့သည်။လွန်းနဲ့ကိုကိုက

 မောင်နှမတစ်ဝမ်းကွဲတော်ပါသည်။


ကိုကိုမေမေနဲ့ လွန်မေမေက

 ညီအမအရင်းဖြစ်သည်။အမြဲတမ်း

တည်တည်နေတက်သော ကိုကိုက 

လွန်းကိုတော့ အလိုတော့လိုက်သည်။


လွန်းတို့နှစ်ယောက်လုံးက 

တစ်ဦးတည်းသော

 သားသမီးတွေဖြစ်ကြတဲ့အတွက်

 တစ်ယောက်နဲ့တစ်ယောက်

 မောင်နှမအရင်းတွေလို 

ချစ်ချစ်ခင်ခင်ရှိလှသည်။


ကိုကိုက အရွယ်ရောက်တော့ 

စီပွားရေးဘက်ဝင်ကာ အခုတော့

 ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တောင်ဖြစ်နေပြီ

 လွန်းသာဂျပန်သွားပြီးဟိုမရောက်

ဒီမရောက်ဖြစ်နေတာ။ 


အခုလည်း ပြန်ရောက်တာနဲ့ 

ကိုကိုရဲ့မျက်နှာလေးမြင်ချင်လွန်းလို့ ကိုကိုCompanyတက်လာခဲ့သည်။


လွန်းကိုကိုရုံးခန်းကို ဝန်ထမ်းလေးတွေကို

မေးပြီးတင်လာတော့ ရုံးခန်းမရောက်ခင် 

လျှောက်လမ်းမှာကိုကိုက မက်တပ်ရပ်ပြီး

 အမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေ

တာလှမ်းတွေ့လိုက်သည်။


ကိုကိုရဲ့မျက်နှာက ပြုံးရွှင်နေကာ

 အရှေ့ကအမကို ရွှန်ရွန်စားစားကြည့်နေတာ

 ဘေးကသူမတောင်အမြင်ကပ်လှသည်။


ပြီးတော့ ထိုအမရဲ့ဘေးမှာ

 ကလေးလေးရော။ လွန် အကြံတစ်ခုရသွားကာ...မျက်နှာကို ပိုပြီးပြုံးလိုက်ပြီး...


"ကိုကို...လွန်းလာတယ်နော်..."


"ဟွန့်..မျက်နှာများတဲ့လူ..."


ထိုအမက လွန်းကို တစ်ချက်ကြည့်ပြီး

 ကိုကို ကိုယ်သေချာစိုက်ကြည့်ကာ...

ပြောပြီးလှည့်ထွက်သွားတော့ 

လွန်မျက်ဝန်းလေးဝိုင်းကာ

 ကြောင်တောင်တောင်လေးဖြစ်သွားသည်။


ကိုကိုကတော့ ထိုအမ ထွက်သွားမှာဆိုးလို့အသည်းအသန်တားထားကာ...


"ဟာ...မိလွန်း...နင်ဘာလာရူပ်တာလည်း....

ဒီမှာငါ့မိန်းမ အထင်လွဲသွားပြီရှင်းအုံး..."


"ဟင်..."


ကမ္ဘာ သူ့မိန်းမရောက်လာတော့

 မလိုလားအပ်တဲ့ပြဿနာတွေ

ဖြစ်မှာဆိုးတာကြောင့် ထွက်သွားဖို့

ပြင်တော့ သူက သူမလက်ကလေးကို

 ဆွဲကာ သားသားကိုကောက်ချီလိုက်တော့

 သူမ ကို့ယို့ကားယာလေးဖြစ်သွားပြီး...သူ့နောက်ဆက်တွဲထွက်လာတဲ့ စကားကြောင့်

 ဒေါသကြောင့် မျက်နှာလေးအရောင်ရင့်နေကာ...


"ကျွန်မ ရှင့်မိန်းမ မဟုတ်ဘူး...

ရှင်လွန်လာပြီနော်..."


"ချာတိတ်ကလည်းဗျာ...အခုချိန်ထိ

 ငြင်းနေပြန်ပြီကွာ..."


လွန်းကိုကိုနဲ့ ထိုအမရဲ့ အခြေအနေကို

ကြည့်ပြီး အံသြနေရာကနေ

သဘောပေါက်လာခဲ့သည်။


ဟိုကလေးလေးကလည်း ...ကြည့်စမ်း

 ရုပ်ကလေးက ကိုကိုရုပ်ပဲ။ဒီမမ

 မွေးတက်ပါပေတယ် ကိုကိုနဲ့တူအောင်အဟွန်း

...လွန်းကိုကိုမိန်းမနဲ့ သားရှိတယ်ဆိုတော့

ပျော်သွားကာ...သူတို့စကားများနေတဲ့အနား

ရောက်လာပြီး ထိုမမအနားတိုးကပ်လိုက်ကာ...


"အမက ကိုကိုရဲ့မိန်းမပေါ့နော်..."


ကမ္ဘာ သူရဲ့မိန်းမလိ​ု့ထင်ရတဲ့ 

ငယ်ရွယ်ချောမောလှပတဲ့ မိန်းကလေးက

 သူမကို မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့မေးတာကြောင့်

 အားနာသွားရကာ...


"မဟုတ်ပါဘူး..."


"ဟုတ်တယ်..."


အသံနှစ်ခုတစ်ပြိုင်ထည်းထွက်လာတော့

 လွန်းမျက်လုံးလေးကလည်ကလည်နဲ့

 သူတို့နှစ်ယောက်ကိုကြည့်ကာ...


"ကိုကို...မမကမဟုတ်ဘူးလို့ပြောနေတယ်..."


"ငါက..ဟုတ်တယ်ဆို....ဟုတ်တယ်ပေါ့.."


ကိုကိုရဲ့ သည်းသည်းလှုပ်အပြောကြောင့် 

လွန်းမျက်နှာလေးမဲ့လိုက်မိသည်။စိတ်ထဲကနေလည်း '' ဟွန်းသည်းကိုသည်းလွန်းတဲ့ကိုကို..."


ကမ္ဘာက သူ့မိန်းမကို

 ကြည့်ပြီးအံ့သြနေမိသည်။

ကိုယ့်ယောကျာ်းတစ်ယောက်လုံးက

 သူမရှေ့မှာအခြားမိန်းမတစ်ယောက်ကို

 အခုလိုပြောနေတာကို ပြုံးပြုံးလေးနဲ့

ကြည့်နေနိုင်သည်။သူမက 

သူ့ကိုပဲကြောက်လို့မပြောတာလား။


ပြီးတော့ဟိုလူကလည်း အရှက်မရှိ

 မိန်းမတစ်ယောက်လုံးရှေ့မှာ သူမကို

 ပိုင်စိုးပိုင်နက်စကားတွေပြောနေတာ

 သူမပါးချချင်တာ လက်ဝါးကိုယားနေသည်။

သားသားကိုလည်း သူမပြန်ဆွဲခေါ်ပင်မဲ့ 

ပြန်မပေး။သူမဒေါသတွေထွက်လာကာ..


"ဦးမာန်တံခွန်...ရှင်ကျွန်မဘဝကို

 ဖျက်စီးတာတွေတော်ပါတော့...

အခုကျွန်မသားလေးနဲ့ ကျွန်မပျော်ရွှင်နေတာ

...ရှင်မဖျက်စီးပါနဲ့..."


သူမမျက်ရည်တွေကျကာ သူ့ကို

အော်လိုက်တော့ သူက သူမပါးပေါ်က

 မျက်ရည်တွေကို သားကိုချီးထားရင်း

လက်တစ်ဖက်နဲ့လှမ်းသုတ်ပေးဖို့ပြင်တော့

 သူမလက်ကိုပုတ်ချလိုက်ကာ...


"ပေး..ကျွန်မသာ..ကျွန်မတို့သားအမိကို

မပတ်သတ်ပါနဲ့...တောင်းပန်ပါတယ်ရှင်..."


"ဟာ...ရမလားချာတိတ်ရာ...ဒါကိုယ့်သား

 ချာတိတ်က ကိုယ့်မိန်းမ..."


"ရှင့်ပါးစပ်ပိတ်ထားနော်..."


လွန်းအရမ်းချစ်စရာကောင်းတဲ့

ယောင်မချောနဲ့ အရမ်းသည်းနေတဲ့အကို

 ကိုယ်ကြည့်ပြီး ပြုံးလိုက်မိသည်။


တစ်ယောက်ကလည်း စိတ်ဆက်ဆက်

 တစ်ယောက်ကလည်းအေးတိအေးစက်

မရှင်းပြတက် ဒီကိစ္စသူမှရှင်းမှပြီးတော့မှာကြောင့် 

သူမ သူတို့အနားထပ်တိုးသွားပြီး...


"မမ...ဒါမမသားလေးလားဟမ်...

လွန်းကိုပေးပါလားဟင်.."


"ဟာ...မိလွန်း...နင်ဘာတွေပြောနေတာလည်း...."


မာန် အံ့သြ သလိုလေးပြောတော့

 လွန်ဖြူစင်စွာပြုံးပြလိုက်ပြီး...


"ကိုကိုကလည်း....လွန်းဒီက

 သားသားလေးကိုချစ်လို့ပါ...

ကြည့်စမ်း ကိုကိုနဲ့တစ်ရုပ်ထည်းပဲ..."


ကမ္ဘာ ထိုမိန်းကလေးပြောလာသော

 စကားကြောင့် အံသြနေရာကနေ

 မျက်နှာလေးတင်းမာသွားကာ...


"ရှင်တို့စကားပြောတာကြည့်ပြောပါ...

ဘာကိစ္စကျွန်မသားကို...ရှင်တို့ကိုပေးရမှာလည်း...ကျွန်မသားကိုကျွန်မ

 ပြုစုပျိုးထောင်နိုင်တယ်..."


"ချာတိတ်ရယ်...မဟုတ်ဘူး...လွန်းက..."


"တော်...ရှင့်အသံမကြားချင်ဘူး...

ကျွန်မတို့သွားတော့မယ်..."


"ဟာ...ချာတိတ်..."


မာန်လက်ထဲက သားကို

အတင်းလာဆွဲတဲ့ ချာတိတ်ကြောင့်

 သူ သူမလက်ကလေးကို 

အသာကိုင်လိုက်ကာ...


"ဘာလို့... ဒေါသတွေအရမ်းကြီး

နေတာလည်းချာတိတ်ရယ်..

ကိုယ်ရှင်းပြတာကို...နားထောင်ပါ

အုံးနော်..."


ကမ္ဘာမျက်နှာလေးတင်းပစ်ပြီး

နှုတ်ခမ်းလေးဖိကိုက်ကာ.. 


"အို...နားမထောင်နိုင်ဘူး...ရှင်းလည်းမရှင်း

ပြနဲ့...ကျွန်မသားကို ပြန်ပေးပါ..."


မာန်ရှင်းပြမရသောချာတိတ်ကြောင့်

သက်ပြင်းချကာ..သားသား

ကိုကြည့်တော့လည်း..သူ့လက်ထဲတွင်

ငိုမဲ့မဲ့လေးဖြစ်နေကာ...


"ဒီမှာသားကိုလည်းကြည့်အုံးချာတိတ်

ငိုတော့မယ်ကွာ..."


မာန်ပြောလည်းပြောသားခေါင်းလေးကို

လက်နဲ့ အသာ ပုဒ်ကာ...


"သားသား...ဘာမှမဖြစ်ဘူးနော်..

မေမေက ဖေဖေကိုစိတ်ကောက်လို့

ဖေဖေ ချော့နေတာနော်. ."


ကမ္ဘာနှုတ်ခမ်းလေးဖိကိုက်ကာ 

သူ့ကိုယ်သူ ဖေဖေလို့ ပြောနေတာ

ကြောင့် အသည်းတွေယားနေကာ

လက်သီးလေးကိုသာ ဆုပ်ထား

မိသည်။


လွန်း..မမနဲ့ ကိုကို ကိုကြည့်ပြီးရယ်

လိုက်ကာ...


"မမက လွန်းနဲ့ ကိုကို ကိုအထင်လွဲ

နေပြီထင်တယ်...အဟင်း လွန်းနာမည်က

မြသလွန်းပါ..မမ...လွန်းက ကိုကိုရဲ့..

ညီမပါ..."


"ဟင်..."


ကမ္ဘာ အံ့သြ သလိုလေးသူမကိုကြည့်ပြီး

 ဟိုလူကိုကြည့်လိုက်တော့ သားကိုချီထားပြီး

တွေ့လားပုံစံဖြင့် မျက်ခုံးပင့်ပြတော့ သူမ

မျက်စောင်းထိုးပြီး သူ့ညီမဆိုတဲ့မိန်းကလေး

ထံ အကြည်ပြန်ပို့လိုက်ပြီး...


"အာ့ဒါ ဘာလို ကမ္ဘာကိုလာပြောနေတာလည်း..."


"အဟင်း...မမရယ်...လွန်မရှင်းပြရင်...

လွန်းအကိုဖြစ်နေတဲ့ပုံကိူလည်းကြည့်ပါ

အုံး.. အခုလို မိန်းမတစိယောက်ကို

ခခယယပြောနေတာလွန်အခုမှမြင်ဖူးတာ

အဟင်း...မမအရမ်းကံကောင်းတယ်သိလား..

ကိုကိုက မမကိုအရမ်းချစ်မဲ့ပုံပဲ..မမလည်း...

ကိုကို ကိုချစ်တယ်မှတ်လား..သားသားကိုကြည့်ပြီး

လွန်းသိပါတယ်..ဟီး..ဟီး.."


ဘာမှသေချာမသိသော လွန်းဆိုတဲ့မိန်းကလေး

က အခုလိုတွေပြောလာတော့ သူမ မျက်နှာလေး

ရဲသွားကာ...


"အို...မဟုတ်ပါဘူး...ဒါ ကမ္ဘာသား

သူ့သားမဟုတ်ဘူး...ကမ္ဘာတစ်ယောက်

ထည်းမွေးထားတာ...ကမ္ဘာသာ..."


မာန် ချာတိတ်စကားကြောင့် မျက်နှာကြီးမှာ

ရယ်ရမလို ပြုံးရမလိုဖြစ်သွားကာ...


"ဟာ...ချာတိတ်..အခုထိ ခေါင်းမာတုံးကွာ

ကိုယ်ဘယ်လိုတောင်းပန်မှချာတိတ် ကျေနပ်မှာ

လည်းပြော..."


သူမ နာကျင်သလိုလေးမဲ့လိုက်ကာ...


"ဟွန့်...ဘယ်တော့မှမတောင်းပန်နဲ့..

ရှင့်အပေါ်မှာလည်း...ကျွန်မအမုန်းတွေ

မထားချင်တော့ဘူး...ဒါ့ကြောင့်

ကမ္ဘာတို့သားအမကို...လွတ်လပ်ခွင့်

ပေးပါနော်..."


မာန် နာကျင်သလိုလေးပြောလာသော

သူမလေးကို ကြည့်ပြီး သူ့ရင်ထဲမှာလည်း

နာကျင်သွားကာ...


"ချာတိတ်ရယ်...ကိုယ်မိန်းမနဲ့သားရှိရက်

နဲ့..ကိုယ်က ဘယ်လိုနှလုံးသားနဲ့...ဒီအတိုင်း

ကြည့်နေလို့ရမှာလည်းဗျာ..."


"ရှင်အရင်ကလည်း...ဒီအတိုင်းနေသွာူတာပဲ...

အခုလည်းရှင့်မှာ..မိသားစုရှိနေပြီပဲ...."


"ဟာဗျာ...ကိုယ့်မိသားစုက

ချာတိတ်နဲ့သားလေဗျာ.."


"ဟင့်အင်း..မသိဘူး...ကျွန်မတို့

သားအမိ ပြန်ပါရစေရှင်...ကျွန်မ

သားကိုပြန်ပေးပါ...အဟင့်..."


သူမလေးငိုနေပြန်တော့ သူ့ရင်ထဲ

နာကျင်ရပြန်သည်။သူ သက်ပျင်းချ

လိုက်ကာ..


"ချာတိတ်ပြန်ချင်တယ်ဆို...ပြန်

ရမှာပါ..ဒါပင်မဲ့...ကိုယ့်မိန်းမက

ချာတိတ်တစ်ယောက်ထဲပဲ...ကိုယ့်

မိသားစုကလည်း ချာတိတ်နဲ့ သား

ပဲ..ဆိုတာချာတိတ်...သိထားပါ..

ချာတိတ်အခုတော့ပြန်လိုက်ပါ

နောက်ရက် ကိုယ်...လာခေါ်မယ်

သားနဲ့..ချာတိတ်ကို..."


သူ သူမကိုပြောပြီး သားပါးလေးကိုနမ်းလိုက်ကာ...


"သားသား...မေမေနဲ့ ပြန်လိုက်သွားနော်...."


"ဟင့်အင်း...သားသားဖေဖေနဲ့ပဲနေမှာ..."


"သား! .....''


ကမ္ဘာ..သားကအခုမှ သူ့ကိုမြင်တာတောင်

ဒီလောက်ခင်တွယ်နေတော့ သူမရင်ထဲ

ဝမ်းနည်းမှုတွေဝင်လာပြီးသားကိုအော်လိုက်

တော့...သားက မျက်ရည်လေးတွေဝဲကာ

သူမကိုကြည့်နေတော့ သူမစိတ်မကောင်းပြန်

ဖြစ်မိသွားပြန်သည်။


"ချာတိတ်ကလည်းကွာ...သားကိုမအော်

ပါနဲ့....ကိုယ့်မကြိုက်ဘူးနော်...ချာတိတ်.."


သူမ ဒေါသမျက်ဝန်းလေးနဲသူ့ကိုကြည့်ပြီး

နှုတ်ခမ်းလေဖိကိုက်ကာ ဘာမှပြန်မပြောတော့

ဘဲနေလိုက်သည်။ပြန်ပြောရင်လည်း သူ့မိန်းမ 

သူ့သားဆိုတာ ပြန်ပြောအုံးမယ်..အခုမှ လာပြီး

ကမ္ဘာသူ့ကိုမုန်းလိုက်တာ...


လွန်းယောင်မလေးနဲ့ ကိုကို 

စကားများနေကြတာကို ဘေး

ကနေ မျက်ဝန်းဝိုင်းလေးနဲ့ကြည့်

နေမိသည်။အခု ကိုကိုရဲ့ပုံစံကို

လွန်းကိုယ်တိုင်မြင်နေရလို့သာ

ယုံရတာ။


အောင်မြင်နေသော

ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်

လူတိုင်းအပေါ် လွမ်းမိုးနိုင်သော

ကမ္ဘာကျော်ပုဒ်ဂ္ဂိုလ်...တစ်ခုခုဆို

တိကျပြတ်သားရဲရင့်တဲ့သူက

အခုတော့ မိန်းမငယ်လေးတစ်

ယောက်အပေါ်မှာ မာနတွေခဝါချပြီး

လွန်းတစ်ခါမှမမြင်ဖူးသော စိတ်ရှည်

စွာချော့နေပုံက လူတိုင်းမြင်ရင် ဒါ

 မာန်လုပ်ငန်စုရဲ့ သူဌေး ဟုတ်ပါလေစွ

ဟူပင် မေးယူရမည်အထိ။


သူများတွေကတော့ပြောမည်...နင့်အကိုချော့တဲ့ပုံ

ကလည်း...အေးတိအေးစက်လို့ပြောလိမ့်

မည်...လွန်းအမြင်ကတော့ ဒါကိုကိုရဲ့

မိန်းမတစ်ယောက်အပေါ် ပထမဆုံးနဲ့ 

အကောင်းဆုံးချော့နည်းဖြစ်သည်။


ကိုကို...မမအပေါ်ကို အရမ်းသည်းလွန်း

နေသည်။သားသားလေးကလည်း ချစ်စရာ

မိန်းမကလည်း ချစ်စရာကောင်း

 ကိုကိုအတွက်တော့လွန်း ကျေနပ်ပါသည်။ 

အခုလို သားချော

မိန်းမချောကိုရထားလို့။


အဟင်း...ငါ့ကိုကိုက ချစ်တက်လိုက်ပုံများ...

အိမ်ရောက်ရင်

မေမေနဲ့ ဖေဖေကို ပြောပြရင် သူတို့ ပါးစပ်

အဟောင်းသားနဲ့ ဖြစ်နေကြမှာ

ကျိန်းသေလောက်သည်။


----------------------------------------------^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒


ကမ္ဘာ အိမ်ကိုသာ ပြန်ရောက်

လာတယ် စိတ်နဲ့ကိုယ်နဲ့မကပ်...

သာသားကလည်း သူ့စီက​ခေါ်လာ

ထည်းက ငိုနေတာမတိတ် အခု

တောင် မနည်းချော့သိမ့်ထားရတာ။

သူမတို့သားအမကို ပြန်တာတောင်

အငှားကားနဲ့ အပြန်မခံ စိတ်မချဘူးဆို

ပြီး သူအတွင်းရေးမှူး ဆိုတဲ့တစ်ယောက်

ကို လိုက်ပို့ခိုင်းသည်။ သူမ မလိုက်ဘူး

ဆိုလည်း​ပြောမရ။


သူ့မိန်းမနဲ့ သူ့သား

ကို သူဆောင့်ရှောက်ခွင့်ရှိတယ်ဆိုတဲ့

စကားတစ်ခွန်းနဲ့ သူ့သဘောအတိုင်း

လုပ်ချင်တာလုပ်သည်။ သူ့မိန်းမလို့

ပြောရအောင်လည်း သူနဲ့ သူမ တရား

ဝင် ဆိုတာဘာမှမရှိ။သူမ ဘာမှပြန်ပြော

ချင်စိတ်မရှိတော့တာ​ကြောင့် ပြန်မပြော

တော့ဘဲ သူ့စီစဥ်ပေးတဲ့ကားပေါ် တက်တော့ 

သူကိုယ်တိုင်သူမတို့သားအမိကို ကားပေါ်တင်ပေး

ပြီး ကားထွက်ခါနီးပြောတဲ့ စကားကြောင့် သူမ 

အသည်းတယားယား...


"ချာတိတ်....ကိုယ့်စီလာဖို့ သားရော

ချာတိတ်ရော အဆင်သင့်လုပ်ထား

ကိုယ်လာခေါ်မယ်...ကြားလာချာတိတ်.."


တောက်...အလကားလူ...အခုမှ သူ့သား..

သူ့မိန်းမ လာလုပ်နေတယ်...ကမ္ဘာကို အရမ်း

လွယ်တဲ့ မိန်းမလို့ မှတ်နေတာလား....ဟွန့်

ရှက်ကြည့်နေ...ရှင့်လက်ထဲကနေ... ကျွန်မ

တို့သားအမိ လွတ်အောက် ပြေးပြမယ်...သူမ

နှုတ်ခမ်းလေးကို ဖိကိုက်ပြီး မဲ့လိုက်သည်။


"ဟော...ဝလုံးလေးပြန်လာပြီလား..."


သူမ ထိုင်းပြီး ဟိုလူအကြောင်းတွေးနေစဥ် 

ကိုကို အပြင်က ပြန်လာပြီး မေးတော့..


"ဟုတ်ကဲ့...ကိုကို...ကမ္ဘာတို့ ပြန်ရောက်တာ

တော့သိပ်မကြာသေးပါဘူး..."


"ဟုတ်လား....နေပါအုံး...ဝလုံးလေး

မျက်နှာလည်းမကောင်းပါလား...

ဘာဖြစ်လို့လည်း...သားသားရော..."


အရင်ထဲက အခုချိန်ထိ သူမကို အရိပ်တ

ကြည့်ကြည့်နဲ့ ကြည့်နေတက်တဲ့ကိုကို

အခုလည်း သူမဘယ်လောက်ဟန်ဆောင်

ပြုံးထားပါစေ...ကိုကိုက ကြိုသိနေသလိုပင်။


"မ...မဖြစ်ပါဘူး...ကိုကိုရဲ့....ကမ္ဘာ

သွားလာရတာ...ပင်ပန်းလို့ထင်တယ်...

သားသားက...အိပ်နေပြီကိုကိုရဲ့..."


"ဟင်....ဟုတ်လို့လားဝလုံးလေး...

ကိုကို ကိုယ်မညာနဲ့နော်..."


ကိုကိုက သူမမျက်နှာကို မသင်ကာ

သလိုကြည့်ပြီးမေးတော့ သူမ

မျက်နှာလေးပျက်သွားပြီး အမြန်

ပြုံးလိုက်ကာ...


"ဟုတ်တယ်...ကိုကိုရဲ့...ကမ္ဘာ

မညာပါဘူး..."


"အဟွန်း...ဟုတ်ပါပြီ...ကိုကိုရေချိုး

လိုက်အုံးမယ်..ပြီးရင် ထမင်းစား

ဖို့ဆင်းလာခဲ့မယ်နော်..."


"ဟုတ်ကဲ့ကိုကို...ကမ္ဘာထမင်းဝိုင်း

ပြင်ထားလိုက်မယ်နော်..."


သူမခေါင်းလေးကို ပုတ်ကာပြောပြီး

အပေါ်တက်သွားသော ကိုကိုကျောပြင်

ကိုကြည့်ပြီး သူမ မျက်ရည်တွေကျလာကာ


"တောင်းပန်ပါတယ်... ကိုကို...ကမ္ဘာ

ကိုကို ကိုမညာချင်ပါဘူး...ကမ္ဘာတောင်း

ပန်ပါတယ်နော်...."


သူမပြောပြီး မျက်ဝန်းတွေမှိတ်လိုက်ကာ

 ချလာသော မျက်ရည်တွေကို လွတ်လပ်စွာ

စီးကျခွင့်ပေးလိုက်မိသည်။သူမလည်း မျက်ရည်

လေးတွေလို လွတ်လွတ်လပ်လပ် နေချင်ပါသည်။


သူမ မျက်ဝန်းတွေ ဖွင့်လိုက်ပြီး 

ဆုံးဖြတ်ချ တစ်ခုကို ချလိုက်ကာ...

ဦးမာန်တံခွန်လက်ထဲက သူမတို့သားအမိ

 လွတ်မြောက်ဖို့ကိုပင်။


-----------------------------------------------^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒


"ကိုကို....မမက ချစ်စရာလေးနော်...

ပြီးတော့မမက ကိုကို ကို အရမ်းမုန်း

နေတဲ့ပုံစံပဲ...ကိုကို ချော့ဖို့ အများကြီး

ကြိုးစားရအုံးမယ်...သိလာ...ပြီးတော့

ပြီးတော့ကိုကိုအရမ်းလျှိုတာပဲ 

ကိုကိုမိန်းမယူတာ လွန်းတို့တောင်

မသိဘူး...အခု တူလေးရမှပဲ သိတော့

တယ်...အိမ်က ဒယ်ဒီနဲ့ မာမီသာသိရင်

အရမ်းအံ့သြမှာသိလား..."


လွန်းအပြောကို မာန်ဘာမှပြန်မပြောပဲ 

ပြုံးယုံသာပြုံးမေပြီး ဆရာကြီးလိုလေ

သံနဲ့ သူ့ကိုပြောနေသော မိလွန်းကို

သူသေချာကြည့်ပြီး...ထိုင်နေတဲ့ ဆုံလဲ့ခုံပေါ်က

ထကာ...ဘောင်းဘီအိတ်ထဲ လက်ထိုးထည့်ပြီး...

စားပွဲခုံကိုမှီလိုက်ကာ...


"ပြောပါအုံး...ဘယ်အချိန်က မြန်မာ

နိုင်ငံကိုပြန်ရောက်လို့...အခုဒီကိုရောက်လာ

တာတုန်း...အန်တီရော သိသေးရဲ့လား..."


အသံမာမာနဲ့ပြန်မေးတဲ့ ကိုကိုကြောင့်

 လွန်း နှုတ်ခမ်းလေးဆူလိုက်ကာ


"ဟွန့်...ကိုကိုတို့များ ချက်ချင်းကြီး ပြောင်း

လဲတာနော်...မိန်းမနဲ့သာရှိပြီဆိုတော့

လွန်းက ကိုကို ကိုပြန်ရောက်ရောက်ချင်း

တွေ့ချင်လွန်းလို့ အိမ်မပြန်ရသေးဘဲ

တန်းဝင်လာတာပါနော်...ကိုကိုက ဝမ်းသာ

ရမဲ့အစား..လွန်းကိူဆူဖို့ပြင်နေပြီး..ဟွန့်..

အာ့ဒါကြောင့် ဟိုမမက ကိုကို ကိုစိတ်ကောက်

မပြေသေးတာ...ကိုကိုက တည်တည်ကြီးပဲနေနေတာ"


မာန် သူမလေးကိုမေးတာကို သူ့ကိုနှုတ်ခမ်းဆူကာ

ကပ်ကပ်ပါအောင် ပြန်ပြောနေသော

လွန်းကြောင့် မျက်ခုံးတွေပင့်တက်သွား

ပြီး...


"အဟွန်း..ဟုတ်ပါပြီး..အခုတွေ့ရပြီဆိုတော့

ပြန်တော့.."


"ဟာ..ကိုကို..လွန်းကိုနှင်တယ်နော်...

လုံးဝမကျေနပ်ဘူး..."


နောက်နေ့မှ ကိုကိုမင်းတို့အိမ်လာခဲ့မယ်

ခဏနေကိုကို အလုပ်ကိစ္စတွေရှိသေး

တယ်ကွ...


"ဟွန်းမသိဘူး...ဟိုမမ တော်တော်နဲ့

စိတ်ကောက်မပြေပာစေနဲ့တော်..."


သူကိုခြေလေးစောင့်ပြီး ကျိန်သွား

သော လွန်း​ကြောင့် သူခေါင်းကိုအသာ

ခါလိုက်ပြီး ပြုံးလိုက်မိသည်။


"အဟွန်း...စိတ်ချလွန်း..မင်းဆုတောင်း

မပြည်ဘူး...ဘာလို့လည်းဆိုတော့ ကိုကိုက

ချာတိတ်တို့သားအမိကို အပိုင်သိမ်းတော့မှာ..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: