book

Index 11

အပိုင်း(11)♥♥♥♥

  • Author : Lwanchin
  • Genres : Romance, Comedy, Drama

မာန်လုပ်ငန်းပါတနာတွေနဲ့ 

အောက်ဆုံးထပ်က အစည်းဝေးခန်းမှာ

 ဆွေးနွေးပြီးလို့ ထွက်လာကာ စကားပြော

လမ်းလျှောက်လာချိန်...သူ့ရဲ့နောက်

 project လုပ်မဲ့ အိမ်ပုံစံတွေကို လူကြီးလေးလို

 လက်နောက်ပစ်ကာစိတ်ဝင်တစားကြည့်နေသော ကလေးလေးကြောင့် သူစကားပြောရပ်သွားပြီး

 ထိုကလေးလေးအနားရောက်သွားတော့...

သူလေးက သူအနားလူရောက်လာတာကို သိသည့်သဘောဖြင့် လှည့်မကြည့်ဘဲ...


"ဦးဦး...ဒီအိမ်ပုံစံက တစ်ခုခုလို

တယ်လို့မထင်ဘူးလား..."


"ဟင်..."


ထိုကလေးလေးစီက မထင်မှတ်သော 

စကားလေးထွက်လာတော့ သူသာမက

 ဘေးက လုပ်ငန်းပါတနာတွေရော

 စစ်သွေးနဲ့ သက်တော်စောင့်အချိုပါ ပါစပ်အဟောင်းသားလေးနဲ့ကြည့်နေကြတော့ 

သူဝေ့ကြည့်ပြီး ပြုံးလိုက်ကာ....


"အဟွန်း...ဘာလို့လည်းဆိုတာ...

ဦးကိုပြောလေ..."


"ဒီမှာလေ...အိမ်အရှေ့မှာ....

ရေကူးကန်ကြီးထားတယ်...ဒီမှာက 

နိုင်ငံခြားသားနေမယ်လို့လည်းရေးထားတယ်...ရေကူးကန်ဆိုတာ...နိုင်ငံခြားသား

အများစုရဲ့ အိမ်မှာရှိဖူးသားပဲ...အာ့ဒါကြောင့် 

ရေကူးကန်အစား..တောသဘာဝကျကျလေ...

ပန်းခြုံပင်လေးတွေ ဥယာဥ်လေးတွေ လုပ်ပေးတော့

 သူတို့ပိုသဘောမကျဘူးလား..."


"ဟာ...."


ထိုကလေးရဲ့ မထင်မှတ်တဲ့ အကြံပေး

စကားကြောင့် အကုန်လုံးအံ့သြမင်သက်ကုန်ကာ...

သူသဘောကျသလိုပြုံးလိုက်ပြီး....


"သားကအရမ်းတော်တာပဲ....သားပြောသလို

 ဦးပြန်ပြောင်းလိုက်မယ်လေ..."


ကလေးလေးက သူ့ဘက်ကိုလှည့်

မလာသော်လည်းအနောက်ကကြည့်တာတောင်

 အရမ်းချစ်စရာကောင်းနေတော့

 သူမျက်နှာလေးကို မြင်ချင်လာကာ....


"အရမ်းညဏ်ကောင်းတဲ့သားကို...

ဦးက ဆုချမယ်နော်...ဒီဘက်လှည့်ခဲ့..."


သူလည်းပြော ကလေးလေးရဲ့ မျက်နှာက 

သူ့ဘက်ကိုလှည့်လာတော့....


"ဟာ..."


"ဟင်..."


သူအပါအဝင် အကုန်လုံးစောစောကထက်ပို 

ပိုပြီး အံသြနေကြသည်မှာ အခြား

အရာမဟုတ်။ထိုကလေးက သူနဲ့ရုပ်ချင်း

ချွတ်စွတ်တူနေတာကြောင့်ဖြစ်သည်။


သူအံသြလွန်းလို့ အသံကိုမတုန်အောင် 

ထိန်းပြောလိုက်ကာ...


"စစ်သွေး...အန်ကယ်တို့ကို ပြန်ပို့လိုက်တော့....

sorry နော်အန်ကယ်တို့ကျွန်တော်အရေးကြီးကိစ္စ

 ရှိလာလို့ နောက်ရက်မှဆုံကြတာပေါ့..."


"ဟုတ်ကဲ့အကိုလေး..."


"ရပါတယ်...မောင်မာန်တံခွန်..."


ထိုလူတွေထွက်သွားသော်လည်း 

သူနဲ့ ကလေးကို ဘယ်လိုပတ်လည်းဆိုတာ 

သိချင်တာကြောင့် နောက်ကိုလှည့်ကြည့်လှည့်ကြည့်တာ

ကြောင့် သူခေါင်းကိုအသားရမ်းပြီးပြုံးလိုက်မိသည်။


"ဖေဖေ...."


"ဟင်..."


သူပြုံးလိုက်ပြီး ကလေးလေးဘက်ကို

လှည့်တဲ့အချိန် ထိုကလေးရဲ့ ဖေဖေဆိုတဲ့ 

အသံသေးသေးလေးကြောင့်...သူ 

မင်သက်စွာကြည့်နေတုံး...လက်သေးသေးလေးက 

သူ့မျက်နှာပေါ် နူးညံ့ညင်သာစွာရွေ့လာပြီး....


"ဖေဖေ..."


နောက်ထပ်ဖေဖေလို့ခေါ်သံလေးကြောင့်

 သူအကြောတွေပါထောင်ထကုန်ကာ..

နှလုံးသားထဲကို နွေးထွေးမူလေးက စီးဆင်းသွားကာ...သူ့မျက်နှာပေါ်က လက်သေးသေးလေးကို 

ကိုင်လိုက်ပြီး...


"လာ..သား..ဦးနဲ့ ရုံးခန်းထဲလိုက်ခဲ့နော်..."


သူပြောလိုက်တော့ ချစ်စရာကလေးလေးက

ခေါင်းလေးငြိမ့်ပြတော့ သူပွေ့ချီလိုက်ပြီး 

ရုံးခန်းထဲဝင်လာခဲ့လိုက်သည်။


-------------------------------------------^^^^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒


"သားသား....သားသားဘယ်မှာလည်း...."


"ကမ္ဘာရယ်...အရမ်းစိတ်မလှုပ်ရှားပါနဲ့

 သားသားက ဒီရုံးထဲမှာပဲရှိမှာပါဟ...

ပြီးတော့ CCTV တွေကလည်းနေရာ

အနှံရှိတယ်...သိလား...အရမ်းစိတ်မပူနဲ့နော်..."


ရိပ်က နှစ်သိမ့်နေသော်လည်း ကမ္ဘာ 

သားသားကိုမတွေ့မှာအရမ်းကြောက်နေမိသည်။

သူမမှာဒီသားလေးတစ်ယောက်ပဲရှိတာ။


ကမ္ဘာတုန်လှုပ်ကာ သားသားကို

 နေရာအနှံ့ရှာသော်လည်း အရိပ်

အယောင်ပင်မတွေ့ရ။သူမ မျက်ဝန်းမှ

 မျက်ရည်တွေကျလာပြီး..လမ်းသွားနေသော

 ဝန်ထမ်းများကို...


"အမ...စောစောက ဒီနားမှာရပ်နေတဲ့ 

ကလေးလေးကိုတွေ့မိလားဟင်.."


"တွေ့မိတယ်ညီမ...စောစောက 

ဟိုဘက်လျှောက်လမ်းခန်းမမှာ 

အိမ်ပုံတွေကြည့်နေတာ...ထွက်သွားတာတော့

အမ မသိဘူး..."


"ဟင်..."


ကမ္ဘာထိုအမအဖြေကြောင့် 

ထိုနေရာမှာလဲကျသွားတော့ 

ရိပ်အမြန်ထိန်းလိုက်ကာ...


"ကမ္ဘာ..သတိထားအုံးလေးဟာ...

စိတ်မပူနဲ့ ငါရှာပေးမယ်နော်...သိလားကမ္ဘာ.."


"ဟဲ့..စောစောက သူဌေး ကလေးလေး

တစ်ယောက်ချီပြီး ရုံးခန်းကို တက်သွား

တယ်တွေ့လား...ပြီးတော့အာ့ကလေးလေးက 

သူဌေးနဲ့ ရုပ်ချင်ချွတ်စွတ်ပဲဟယ်...သူဌေးရဲ့

သားလားမသိဘူး...ကလေးလေးကလည်းအရမ်းချောတာပဲ...ပြီးတော့ချစ်စရာလည်းကောင်းတယ်..."


"အမယ်ကောင်မ...သူဌေးမရတော့

 သားဘက်ကိုမြှားဦးလှည့်တော့မလို့လား...

သူဌေးကဟိုရက်ကအင်တာဗျူးမှာ မိန်းမရှိတယ်လို့

ပြောတယ်လေ"


"လှည့်သင့်ရင် လှည့်ရမှာပဲအေ...သူဌေးမှာက

 ပိုင်ရှင်ကြီးနဲ့ကို...ပိုင်ရှင်မရှိသေးတဲ့

ကလေးလေးဘက်ကိုဘဲလှည့်တော့မယ်...ဟီး.."


"အေးလေ...သူဌေးရဲ့မိန်းမက 

အရမ်းကံကောင်းမှာပဲအေ..စည်းစိမ်

ဥစ္စာကလည်းပြည့်စုံ...သားချော..

ယောက်င်္ကျားချောကိုလည်းရထား...

ဘယ်လောက်တောင်ပြည့်စုံလိုက်မလည်း...

ပြီးတော့ သူဌေးကတော်ကို နင်မြင်ဘူးလား..."


"ဟင်းအင်း...မမြင်ဖူးဘူး..သူဌေးက

 တစ်ခါမှ မခေါ်မလာတာ မိန်းမရှိတယ်

တောင် အင်တာဗျူးမှာမှသိတာလေ...

ငါ့ဆိုအာ့တောကအရမ်းအံသြ သွားတာဟ...

ဒါပင်မဲ့ သူဌေးကတော်ကလည်း ချောလောက်

မယ်ထင်တယ်နော်...ငါတို့သူဌေးက

 ရုပ်ဆိုးဆိုးကြီးကိုတော့ ယူမှာမဟုတ်ပါဘူး.."


"အင်း...နင်ပြောတာဟုတ်လောက်မယ်.."


"ဟုတ်မှာမဟုတ်ဘူး...ဟုတ်ကိုဟုတ်တယ်...

ပြီးတော့ ဥဌေးက သူ့သားလေးကိုတော့

အရမ်းချစ်ပုံပဲနော်...ချီသွားတာတောင်

 မထိရက်မကိုင်ရက်..."


"အေးနော်...ကဲကဲ..ငါတို့လည်း

အလုပ်လုပ်ကြမယ်..."


"အေးအေး...ဟုတ်တယ် အလုပ်မပြီးရင်

 ဂျာကြီးပွမ်နေအုံးမယ်..."


ထိုအချိန် ကောင်တာအနောက်က

ထွက်လာတဲ့ စကားသံတွေကြောင့် 

ကမ္ဘာနဲ့ရိပ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ...သူမမျက်နှာလေးတင်းမာသွားကာ...


"ရိပ်...သူ့ရုံးခန်းကို..ငါ့ကိုလိုက်ပို့ပေးနော်..."


"အင်းလာ....ငါလိုက်ပို့မယ်...."


ကမ္ဘာ ရိပ်နဲ့အတူ သူမမုန်းတဲ့ လူရဲ့ရုံးကို 

တက်လာလိုက်သည်။


"တွေ့ကြသေးတာပေါ့..ဦးမာန်တံခွန်...."


---------------------------------------^^^^^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒


မာန်ရုံးခန်းထဲရောက်တော့ ချစ်စရာ

ကလေးလေးကို ဆိုဖာအကြီးကြီးပေါ်တွင်

 အသာချလိုက်ပြီး သူနဲ့ ရုပ်ချင်းတူနေတဲ့ 

ကလေးလေးကို သေချာကြည့်ကာ...

အနားဝင်ထိုင်လိုက်ပြီး...


"သား...သားက ဦးကို ဘာကြောင့်

 ဖေဖေလို့ခေါ်တာလည်း..."


သူအမေးကို မျက်လုံးလေးပင့်ပြီး

 ချစ်စဖွယ်အမူအရာလေးနဲ့...


"သားသားနဲ့ ရုပ်ချင်တူတယ်လေ...

အာ့ကြောင့် ဖေဖေက သားသားဖေဖေ

မဟုတ်ဘူးလားဟင်..."


သူ သားအပြောလေးကို သဘောကျစွာ 

သွားလေးတွေပေါ်အောင်ပြုံးလိုက်ပြီး...


"အဟွန်း..ဒါဆို သားသားက ရုပ်တူတိုင်း 

ဖေဖေလို့လိုက်ခေါ်နေမှာလားကွ..."


သူမေးလိုက်တော့ မျက်ဝန်းလေးတောင့်ကပ်ကာ....

သူ့ကို ကြည့်ပြီး...


" သားသားက ဘယ်သူ့ကိုမှမခေါ်ပါဘူး..

အခုမှ သားသားနဲ့တူတဲ့ သားသားဖေဖေက 

ပေါ်လာတာလေ..."


"ဟာ..''


သူ့အမေးကို သွက်လက်ချက်ချာစွာ

ပြန်ဖြေသော ထိုကလေးလေးကို မာန် 

ချစ်စိတ်တွေတိုးကာ...ပါအိအိလေးကို

 သူ့ကိုယ်သူသတိမထားမိခင်မှာပင် နမ်းလိုက်ကာ...


"ဟုတ်ပါပြီး...သားသားကြိုက်သလိုခေါ်...

ဦးဘာမှမပြောတော့ဘူးနော်..."


"ဦးမဟုတ်ဘူး...ဖေဖေပါ..."


"ဟား...ဟုတ်ပါပြီ ဖေဖေဟုတ်ပြီလား..."


"ဟီး..."


ချစ်စဖွယ် ပြုံးပြသော သားသားရဲ့

ပါးလေးကို သူထပ်နမ်းကာ..ပြုံးလိုက်မိသည်။


ဘေးတွင်ရပ်နေသော စစ်သွေးကလည်း

 သူတို့ကိုပြုံးကြည့်လို့...အဟွန်း 

မာန်တံခွန်ဆိုတာ ကလေးတွေကို 

ချစ်တက်တဲ့သူမဟုတ်။ ဒီကလေးလေးကိုတော့

 မာန် ရင်းနှီးနေသလိုခံစားရသည်။ပြီးတော့

 ချစ်လည်းချစ်သည်။

သူတွေးနေရင် တစ်ခုခုကိုသတိရသွားပြီး

 သားပါးအိအိလေးကို ကိုင်ကာ..


"သားသား...ရေခဲမုန့်စားမလား..."


"ဟုတ်..စားမယ်ဖေဖေ..."


"ဘာအရသာ...ကြိုက်လည်း..."


"သားသား စတော်ဘယ်ရီကြိုက်တယ်..."


"ဟင်..."


သူနဲ့ စစ်သွေးတစ်ယောက်ကို

တစ်ယောက်ကြည့်မိသည်။ကလေးက 

ရုပ်တွင်သူနဲ့တူတာမဟုတ် စတော်ဘယ်ရီ

 ကြိုက်တာချင်းလည်းသွားတူနေပြန်သည်။


"အဟွန်း...စစ်သွေး...အောက်ကဆိုင်မှာ

ရေခဲမုန့်သွားဝယ်ပေးဖို့ပြောလိုက်..."


"ဟုတ်ကဲ့...အကိုလေး..."


သူစစ်သွေးကိုပြောပြီး သားသားဘက်ကို 

လှည့်ပြီးပြုံးပြကာ..


"သားသားက ဒီကိုဘယ်သူနဲ့လာတာလည်း..."


"မေမေနဲ့လေ..."


"ဟင်...သားသားဖေဖေကရော..."


သူ့အမေးကြောင့် သားသားက သူ့ကို

မျက်ဝန်းဝိုင်းလေးနဲ့ပြန်ကြည့်ကာ 

လက်ညိုးလေးထိုးပြီး...


"ဒီမှာလေ...သားသားဖေဖေက..."


"အဟွန်း....သားသားတကယ့်ဖေဖေကိုပြောတာလေ..."


"ဒီမှာပါဆိုဖေဖေကလည်း..."


ပြောလည်းပြော သူ့လည်းပင်းကို 

သိုင်းဖက်လာတာကြောင့် သူခန္နာကိုယ်လေးကို 

ဖက်ထားလိုက်ပြီး သဘောကျကာ...


"အဟက်...ဟုတ်ပါပြီ...သားသားမေမေ

 အခုလောက်ဆို...သားသားကိုရှာနေပြီ...

ရေခဲမုန့်လာရင် သားသားမေမေကို

 ရှာကြရအောင်နော်..."


သူပြောတော့ ခေါင်းလေးငြိမ့်ပြပြီး 

သားသားက သူ့ပါးလေးကိုလာနမ်းတော့ 

သူ့မျက်နှာပြုံးပြီးချိုကြသွားကာ 

သားသားပါးလေးကိုပြန်နမ်းလိုက်သည်။

ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးကို 

ဘယ်သူက မချစ်ဘဲ နေနိုင်ကြမှာလည်း.....


"အကိုလေး...ရေခဲမုန့်ရပါပြီ..."


စစ်သွေးလာပေးသော ကန်တော့ပုံရေခဲမုန့်

စတော်ဘယ်ရီလေးကို သူယူလိုက်ပြီး

 သူ့ပေါင်ပေါ်တွင် ထိုင်နေသော

 ချစ်စရာကလေးလေးကို ပေးလိုက်တော့

 လက်သေးသေးနဲ့ လှမ်းယူပြီး...သူ့ကိုကြည့်ကာ...


"သားသားစားတော့မယ်နော်..."


"အဟက်...ဟုတ်ပါပြီဗျာ...စားပါဗျ..."


"ဟီး..ဟီး..."


ရေခဲမုန့် စားနေသော ကလေးလေးကို

 သူကြည့်ကာ မျက်ခုံးတွေ ပင့်တက်သွားသည်။

 ရေခဲမုန့်စားတာ အရှေ့က တီရူးကိုယူပြီး

 နှုတိခမ်းမှာမပေ အောင်သေသေသပ်သပ်

စားနေပုံလေးက သူ့ကို ပိုအသည်းယားသွားစေသည်။


"သားသား...သားသားနာမည်က

 ဘယ်လိုခေါ်လည်း..."


"သားသားနာမည်က မာန်ကမ္ဘာပါ..."


"ဟင်...မာန်ကမ္ဘာဟုတ်လား.."


"ဟုတ်ကဲ့.."


သူအံသြသလိုလေးမေးတော့

 ရေခဲမုန်းကို သေသပ်စွာစားရင်

ခေါင်းလေးငြိမ့်ပြသည်။


"အဟွန်း....သားသား....သားအမေ

နာမည်ကဘယ်လိုခေါ်လည်း...ပြီးတော့

သားအဖေနာမည်ကရော..."


"သားသားဖေဖေက ဒီမှာပါဆို

 မေမေနာမည်က မိုးစက်ကမ္ဘာ...."


သူကိုလက်ညိုးထိုးပြပြီး 

မျက်လုံးလေးတောင့်ကပ်ကာ

 ပြောလာသော နာမည်တစ်ခုကြောင့်...


"ဟင်...သားသား...သားသား

အမေနာမည်ကဘယ်သူ...."


"မေမေ မိုးစက်ကမ္ဘာပါ..."


ထပ်ပြောလာသော အသံလေးကြောင့်

 သူ့ရင်ဘက်ကြီသတစ်ခုလုံး ပြောင်းပြန်

လန်သွားသလို နှလုံးခုန်သံတွေကလည်း မြန်လာကာ...သူ သူ့ပေါင်ပေါ်က သားသားကိုကြည့်ပြီး....


"သား..သားသား ဒါဆိုမေမေက

 ဘယ်မှာရှိတယ်ဆိုတာ သားသားသိ လား..."


"ဟုတ်...သိတယ်..မေမေလည်းအောက်ထပ်မှာ

 တီတီတစ်ယောက်နဲ့ စကားပြောနေတယ်..."


သူဝမ်းသာတာ ဘာနဲ့မှ နှိုင်းယှဥ်မရပါ။

ဒါ့ကြောင့် သွေးဆိုတာစကားပြောတာကို။

သားသားကလည်း သူနဲ့ တရုပ်ထည်း မိတ္တူ

 ဆွဲထားသလားထင်ရသည်။သူမလေးကို

 သူရှာနေတာ နှစ်ပေါင်းမနည်းတော့။


အခုတော့ သူ့အရှေ့ကို စိုက်စိုက်မြိုက်မြိုက်

ရောက်ရှိလာပါပေသည်။ ရောက်လာတော့လည်း

 သူလုံးဝမထင်းထားသလို သားသားကိုပါ

 သူ့အတွက်လက်ဆောင်ယူဆောင်လာပေးသည်။


 သူ့မှာမိသားစုဆိုတာခေါင်းထဲကို

ရောက်လာတော့ သူ့သွေးတွေ

 ပြောင်းပြန်စီးဆင်းသွားသလို

 ကြည်နူးပိတိမှုက ဘာနဲ့မှမလဲနိုင်။

ကိုယ်တကယ်ကျေးဇူးတင်ပါတယ်ကလေးရယ်....တကယ်ကျေးဇူးတင်ပါတယ်။


သူ သူမလေးကို ကျေနပ်အောင်

 ဘယ်လိုတောင်းပန်ရတောင်းပန်ရ

 ကျေနပ်အောင်တောင်းပန်မည်။ကိုယ်ဆိုတဲ့

 မာန်တံခွန်က အခြားသူတွေအပေါ်ကို

 ဘုရင်တစ်ပါးလို စိုးမိုးနိုင်ပင်မဲ့

 ကလေးနဲ့ဆိုရင် ကိုယ် ဒူးထောက်ပေးမှာပါ။


"သားသား...ဖေဖေတို့ မေမေဆီ

သွားရအောင်နော်...."


"ဟုတ်ကဲ့ဖေဖေ...."


သူပြောပြီးသားလက်ကလေးကို

 ကိုင်ကာ ထွက်လာခဲ့တော့ 

ရုံးခန်းအပြင်ဘက်အရောက်....


"သားသား...."


မြန်မာဝမ်းဆက်နီညိုရောင်လေးနဲ့ 

မြန်မာဆန်ဆန်လှပနေသော သူ့ရဲ့ချာတိတ်...

ဘယ်သူ့ကိုမှမကြည့်ဘဲ သားစီကိုအမြန်

ပြေးသွားပြီး သူ့လက်ထဲကနေ သားလက်

ကလေးကိုဆွဲယူပြီး သားမျက်နှာလေးကိုကိုင်ကာ...


"သားသား....သားသားဘယ်တွေသွားနေတာလည်း..မေမေဘယ်လောက်စိတ်ပူရလည်း

 သိလား...နောက်အခုလို မေမေမသိဘဲနဲ့

သူများခေါ်တိုင်း လိုက်ရင် မေမေရိုက်မှာနော်...."


သူမသားပါးလေးကို ကိုင်ကာစိုးရိမ်

သလိုလေးပြောပြီး ဘေးတွင် ရပ်နေသော

 သူ့ကိုမျက်ဝန်းစိမ်းတွေနဲ့ကြည်ကာ....


"ရှင်...ဘာကိစ္စ ကျွန်မသားကိုခေါ်သွား

ရတာလည်း...ရှင် လုပ်ငန်းရှင်တစ်ယောက်

ဖြစ်နေပြီး သူများသားသမီးကို မိးဘမသိဘဲ

 အခုလို ခေါ်ချင်တဲ့နေရာမခေါ်သွားကဘူးဆိုတာ

ရှင်မသိဘူးလား..."


သူ့ကိုမျက်ဝန်းစိမ်းလေးတွေနဲ့ကြည့်ကာ

 ပြောနေသောချာတိတ်ကိုကြည့်ပြီး...

သူမင်သက်စွာရပ်ကြည့်နေမိသည်။


လွန်ခဲ့သော ငါးနှစ်ကထက် ချာတိတ်က

 ပိုလှလာပြီး မြန်မာဝမ်းဆက်ကိုဝတ်ပြီး

 လူကြီးဆိုက်ဖမ်းထားလို့သာ

 သူ့မျက်လုံးထဲမှာတော့ ချာတိတ်က

 လွန်ခဲ့တဲ့ငါးနှစ်ကအတိုင်း ချာတိတ်မလေးပါပဲ...

သူ သူမတို့သားအမအနားတိုးသွားပြီး

 သူမလေးကို မမြင်ရတာကြာပြီဖြစ်တဲ့အတွက်

 တင်းမာနေတဲ့မျက်နှာလေးကို ပြုံးပြီး

 တဝကြီးကြည့်နေလိုက်သည်။


ကမ္ဘာသူမမေးတာကိုမဖြေပဲ

 အရှေ့တိုးလာကာ သူမကို

 စိုက်ကြည့်နေသောထိုလူကြောင့်

 ဒေါသထွက်လာကာဘေးပတ်ဝန်း

ကျင်ကိုဝေ့ကြည့်လိုက်တော့လည်း

 အကုန်လုံးရဲ့ မျက်လုံးတွေက သူမတို့ဆီမှာသာ။


သူမ သားလက်ကလေးကိုကိုင်ပြီး

 မျက်နှာလေးကိုပိုတင်းလိုက်ကာ...

သူ့ရဲ့ရှည်လျားသော အရပ်ကြောင့်

 သူ့မျက်နှာကိုမော့ကြည့်လိုက်ပြီး.....


"ဒီမှာ...ရှင့်ကိုကျွန်မမေးနေတယ်လေ..."


"ဒါ....ကိုယ်တို့သားလေးလား...ချာတိတ်..."


"ဟင်..."


"ဟာ..."


သူ့ရဲ့အမေးကြောင့် ဘေးလူတွေသာမက

 ရိပ်တို့ပါမျက်လုံးပြူးကျယ်ကုန်ကြသည်။

စစ်သွေးတို့အဖွဲ့ကတော့ သိပြီးပြီဖြစ်တာကြောင့်

 မအံသြတော့ပါ။


"အို...ရှင်...ရှင်ဘာတွေမေးနေတာလည်း..

ရှင့်ကိုကျွန်မသိဘူး..ကျွန်မသားက...

ဘာကြောင့်ရှင့်သားဖြစ်ရမှာလည်း..."


"မေမေကလည်း....ဖေဖေက

 သားသားဖေဖေလေ..."


သူမမျက်နှာလေးပျက်ကာပြောတော့

 သားဝင်ပြောလိုက်တဲ့အပြောလေးကြောင့်

 ပိုပြီးမျက်နှာပျက်သွားကာ...


"အို...သားဘာတွေပြောနေတာလည်း..."


"အဟွန်း...မညာပါနဲ့ချာတိတ်ရယ်...

ဒါဆိုသားသားက ဘာလို့ကိုယ်နဲ့ ချွတ်စွတ်တူ

နေရတာလည်း...ပြီးတော့ မင်းနဲ့ကိုဘယ်လို

ပတ်သတ်လည်းဆိုတာ...ချာတိတ်သိပါတယ်..."


သူပြောလိုက်တော့သူမလေးက

 ခေါင်းကိုပြုတ်ထွက်မတက်ခါရမ်းကာ...

မျက်နှာမှာဒေါသအရောင်လေးတွေထွက်လာပြီး...


"ဟင့်အင်း....ရှင်မှားနေပြီး...ဦးမာန်တံခွန်..

သားသားက ရှင်နဲ့တူတာနဲ့ပဲ...ရှင့်သားဖြစ်

သွားရောလား...အဟင်း..ပြီးတော့ရှင့်ကို

ကျွန်မမသိဘူး...အရင်တုန်းကလည်းမသိဘူး...

အခုလည်းမသိဘူး...သားသားမှာ အဖေရှိပြီးသား..

အာ့ဒါရှင်တော့မဟုတ်ဘူး..."


သူမအပြော​ကြောင့်သူ့မျက်နှာအပြုံးတွေ

ပျောက်ကွယ်သွားပြီး စစ်သွေးကို ဘေးလူတွေ

ရှင်းလိုက်ဆိုသည့်အကြည့်ဖြင့်ကြည့်ပြီးနောက်

 သူမမျက်နှာလေးပေါ်အကြည့်တွေပြန်ပို့လိုက်ပြီး....


"အဟွန်း....မင်းတကယ်အသိဘူးပေါ့

ချာတိတ်ကိုယ့်ကို...ကိုယ်ံ့အာ့အချိန်တောက

 ကိုယ့်နာမည်ကိုမင်းကိုပြောခဲ့ပါတယ်..."


"အို...ရှင်...."


သူ့စကားကြောင့် သူမမျက်နှာလေးရဲတက်သွားကာ...ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့... 

စောစောကလူတွေဘယ်ကိုရောက်ကုန်မှန်းမသိ...

သူရယ် သူမတို့သားအမရယ်သာ ကျန်ခဲ့သည်။


သားလေးကတော့ သားလေးကတော့

 သူမတို့နှစ်ယောက်ကြားဟိုကြည့်ဒီကြည့်ဖြင့်ကြည့်နေသည်။သူမ သူ့ကိုပြန်ကြည့်လိုက်တော့...

သူမကို လူကြီးတစ်ယောက်က

 ကလေးတစ်ယောက်ကိုချစ်လို့

 ကြည့်သည့်အကြည့်များနဲ့ ကြည့်နေတာကြောင့်

သူမမျက်နှာလေးကိုတင်းပြီးသူ့မျက်လုံးစူးစူးများကိုရှောင်လွဲလိုက်ကာ...ဘာမှဆက်မပြောချင်တော့တာကြောင့်...


"ကျွန်မတို့ကို...ပြန်ခွင်ံ့ပြု ပါအုံး.."


"အို...ရှင်..."


"ဒါဘယ်လဲ...ချာတိတ်...ကိုယ်စကား

မဆုံးသေးဘူး...မပြန်ရဘူး..''


"အို...ရှင်ကျွန်မလက်ကိုလွတ်...ပြီးတော့ 

ကျွန်မကို အမိန့်လာမပေးနဲ့...ကျွန်မရှင့်

အလုပ်သမားမဟုတ်ဘူး..."


လက်ကလေးကိုအတင်းရုန်းပြီးသူ့ကို

ဒေါသတကြီးပြောနေသော သူမလေးကို

 သူအသည်းတွေယားနေကာ..


"အဟွန်း...မင်းက ကိုယ့်အလုပ်သမား

မဟုတ်ပါဘူး...မင်းက...ကိုယ့်မိန်းမ

 ဆိုတာကိုသိတယ်..."


"အို...ရှင်...ဘာစကားတွေပြောနေတာလည်း

ရှင်အရှက်မရှိမပြောနဲ့...ဘာရှင့်မိန်းမလည်း..."


"အဟွန်းဟုတ်တယ်လေ...ဘယ်ကိုမှ

မကြည့်နဲ့...သားကိုပဲကြည့်...အဖြေပေါ်ပါတယ်...

အဟင်း..."


သူ့ရဲ့ ခပ်ထေထေအပြောကြောင့် 

သူမနှုတ်ခမ်းလေးကိုဖိကိုက်ပြီးမဲ့ပစ်လိုက်ကာ..


"ဟွန့်... ရှင်က မိန်းမကြီးရှိရက်နဲ့

 ကျွန်မကို ဘာကြောင့်အခုလို

လာပြောနေတာလည်း..."


"ဟာ...မဟုတ်...."


"ကိုကို...လွန်းလာတယ်နော်...."


ကမ္ဘာ သူ့ကိုကိုကိုလို့ ခေါ်လိုက်သော ကောင်မလေးနဲ့ သူ့ကိုကြည့်ပြီး နာကျင်စွာမဲ့လိုက်ကာ...


"ဟွန့်....မျက်နှာများတဲ့လူ...."


ဆက်ရန်.....

စာရေးသူ - လွမ်းခြင်း


rate now: