"ရှင်....သားသားက စိတ်ဒဏ်ရာဟုတ်လား...."
သားသားကို စစ်ဆေးပြီးတော့
ဆရာဝန်က သားသားနဲ့ ကိုကိုကို
အပြင်ကိူအရင်ထွက်ခိုင်းပြီး သူမကို
သားသားအတွက်ဆေးယူဖို့ပြောပြီး
ခဏနေခဲ့ခိုင်းပြီးအခုလိုပြောတော့သူမ
စိတ်လှုပ်ရှားစွာပြန်မေးမိသည်။
"ဟုတ်တယ်...သမီး...ကလေးရဲ့
စိတ်က တစ်ခုခုကို အရမ်းတောင်းတနေတယ်...
အာ့အရာကပဲ ကလေးရဲ့စိတ်ဒဏ်ရာကို
ကုစားပေးနိုင်မှာ....ဒီထက်အခြေအနေ
ဆိုးသွားရင်စိတ်ရောဂါတွေဘက်ကိုကူး
ပြောင်းနိုင်တယ်သမီး...''
"ဟုတ်ကဲ့ပါ...ဆရာ...."
"သမီးတို့ရဲ့ personal ကိစ္စကို
ဆရာမမေးချင်ပါဘူး...ဒါပင်မဲ့ကလေးရဲ့
ကျန်းမာရေးကိုကုဖို့ ဆရာကိုပွင့်လင်းစွာ
ပြောဖို့လိုတယ်သမီး...."
ဆရာကြီးက ထိုသို့ပြောတော့ သူမ
ဆရာကို မျက်နှာ မကောင်းစွာကြည့်ပြီး
ဖျော့တော့သော အပြုံးပြုံးကာ...
"ဟုတ်ကဲ့ဆရာ....သားသားက
သူ့အဖေကို အရမ်းတွေ့ချင်နေတာပါ..."
"ဟေ့...စောစောက လူငယ်လေးက
ကလေးရဲ့အဖေမဟုတ်ဘူးလားကွဲ့..."
"မဟုတ်ပါဘူး...ဆရာ..သူ့က
ကမ္ဘာရဲ့အကိုပါ...."
"အော်..အာ့ဒါကြောင့် ကလေးက
အာ့လူငယ်နဲ့ မတူတာကို.....ဆရာပြောတာ
တစ်မျိုးမထင်နဲ့နော်...လူငယ်လေးက
ကလေးလေးအပေါ်ဂရုစိုက်လို့ပါ.."
"ဟုတ်ကဲ့ရပါတယ်ဆရာ...ပြီးတော့
သားသားရဲ့အဖေကလည်း အခုအခြား
အိမ်ထောင်နဲ့ဆိုတော့ သားသားကို
ပိုပြီစိတ်ဒဏ်ရာပေးသလိုဖြစ်မှာဆိုးတယ်ဆရာ..."
ဆရာကြီးက မျက်မှန်ကို လက်နဲ့ပင့်တင်ပြီး
သက်ပြင်းရှည်ကြီးချကာ....
"အွန်း...အာ့လိုဆိုတော့လည်း
ဆရာဘာပြောရမလည်းမသိဘူး...
သမီးတို့အချင်းချင်း ဆွေးနွေးနားလည်
မှုယူစေပြီး ကလေးအတွက်တွေးပေးစေ
ချင်တယ်ကွယိ...."
"ဟုတ်ကဲ့ပါဆရာ...ကမ္ဘာ သားသားရဲ့
အခြေအနေမဆိုးအောင် ကြိုးစားပါ့မယ်..."
"ကောင်းပါပြီသမီး...ဒီမှာဆေးစာရွက်...
တစ်ပတ်ပြည့်ရင်ပြန်လာအုံးနော်..."
"ဟုတ်ကဲ့ဆရာ...ကျေးဇူးပါရှင်..."
သူမ ဆရာစီကဆေးစာရွက်ကိုရိုရို
သေသေယူလိုက်ပြီးဆေးထုတ်ရန်
သားသားနဲ့ ကိုကိုစီထွက်လာလိုက်သည်။
သူမ အခုကိစ္စကို ဘယ်လိုလုပ်ရမလည်း...
သားသားအဖေက သူမနဲ့သားသားကို
သိတော့မဲ့ပုံတောင်မပေါ်...သူနဲ့ကိုက
တွေ့ဖူးတဲ့သူတွေလည်းမဟုတ်တစ်
ညတာသာ ရင်းနှီးခဲ့ဖူးတဲ့ သူစိမ်းတွေပါ။
အခုတော့သူကမိန်းမရှိတယ်ဆိုတော့
သူမပိုစိတ်ညစ်သွားသည်။သားသား
တွေ့ချင်နေတဲ့ အဖေဆိုတော့သူ့ကို
သူမ အသည်းနင့်အောင်မုန်းသော်လည်း
သားသားရဲ့စိတ် ဆန္နလေးကိုတော့
အမေတစ်ယောက်အနေနဲ့ ဖြည့်စည်းပေး
မိချင်သေးသည်။တကယ်လို့ မဖြည်းစည်း
ပေးနိုင်ခဲ့ရင်လည်း မေမေ မေတ္တာတွေနဲ့
သားသားကို မေမေဂရုစိုက်မှာပါ...သားသားရယ်....
"ဟင်...ဝလုံးလေး..ကြာလိုက်တာ...
ဆရာကဘာပြောလိုက်တာလည်း..."
ကိုကိုကမေးတော့ သူမပျက်နေသော
မျက်နှာကို ပြင်လိုက်ပြီးကိုကို ကိုယ်ပြုံးပြကာ...
"ဟုတ်တယ်ကိုကိုရဲ့...သားသားက
သိပ်စိုးရိမ်စရာမရှိဘူးတဲ့ ဆေးရုံမှာအခုလို
ပုံမှန်လာပြရင်ကောင်းမှာတဲ့ ပြီးတော့
သားသားအတွက်ဆေးနဲ့ လာပြရမဲ့ ရက်ပြောနေတာ..."
စစ်ခွန်းဝလုံးလေးပြောနေတာကိုကြည့်ပြီး
မသင်ကာပင်မဲ့ ထပ်မမေးတော့ဘဲ ....ပြုံးလိုက်ကာ...
" အာ့ဒါဆိုဆေးသွားဝယ်လေး ဝလုံးလေး...
ကိုကိုသားသားဆေးရုံအပြင်ဘက်မှာ
လေးသန့်ရူချင်လို့ဆိူလို့ ထိုင်ခိုင်းထားလို့
ကိုကိုသွားလိုက်အုံးမယ်..."
"ဟုတ်ကဲ့ကိုကို...သားသားကိုခေါ်ပြီး
ကားပေါ်ကပဲစောင့်နေလိုက်နော်..."
"အင်း...ဝလုံးလေး...."
စစ်သွေးပြောပြီးသားသားရှိရာဆေးရုံ
အပြင်ဘက်ကို ထွက်လာလိုက်သည်။
-------------------------------------^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒🍒
မာန်..ဒီနေ့ အင်တာဗျူးတွေကြောင့်ရော..
အခြားလုပ်ငန်းတွေ တိုးချဲ့ဖို့ရော လုပ်နေ
တာကြောင့် အလုပ်တွေရူပ်ကာ...ကားနဲ့
Company ရုံးချုပ်ကိုပြေးလိုက်...အခု
အသစ်လုပ်နေတဲ့ အလုပ်နေရာစီပြေးလိုက်နဲ့
သူ ပင်ပန်းနေတော့သည်။
သူ အရင်က လန်ဒန်မှာနေသော်လည်း
ချာတိတ်နဲ့ ပတ်သတ်ထဲက သူမြနိမာနိုင်ငံ
မှာအခြေချနေခဲ့တာဖြစ်သည်။
ဟိုကလုပ်ငန်းတွေကိုလည်းဒီကပဲ
ညွှန်ကြားပေးပြီး အရေးကြီးမှာ
တစ်ခါတစ်လေသွားဖြစ်သည်။
သွားရင်လည်း လုပ်ငန်းတိုင်းက
နိုင်ငံတိုင်းမှာရှိတာကြောင့် သူတစ်ခါထွက်ရင် အနည်းဆုံး၂လ လောက်ကြာတက်သည်။ စစ်သွေးကတော့ သူ့အနောက်ကနေ အမြဲလိုက်တက်သည်။
သူ သူမလေကို အခုထိ ဇွဲမလျော်ဘဲ
ရှာခိုင်းထားခဲ့သည်။
အပုန်းကောင်းလွန်းတဲ့ သူမလေးကတော့
အခုချိန်ထိ သတင်းအစအနတောင်မကြားရပေ။
သူမလေးကလွဲရင်...သူဘယ်မိန်းကလေးကိုမှ
ကြည့်မရတော့ချေ။ ကိုယ်မင်းကိုလွမ်းတယ်ချာတိတ်...မင်းဘယ်မှာလည်းကွာ...
သူစိတ်ရူပ်ရင်လုပ်တဲ့အတိုင်း ကားအကောင်း
စားကြီးရဲ့ ဘေးမှန်ခလုတ်ကိုနှိပ်ချလိုက်တော့
ကားမှန်ပြင်တင်းပွင့်သွားပြီး သဘာဝလေကို
ရူရိုက်နေမိချိန်...ဆေးရုံရှေ့ရဲ့ ခုံလေးပေါ်တွင်
ခေါင်းလေးမော့ပြီး လေးကို သူလိုပဲရူရိုကိနေတဲ့
ကလေးလေးကိုတွေတော့ သူမင်သက်သွားရာ...
"စစ်သွေး...ကားခဏရပ်..."
"ဟုတ်ကဲ့အကိုလေး..."
သူအာ့ဒိကလေးလေးကို သေချာကြည့်နေ
လိုက်တော့ သူ့ရင်ထဲမှာ ဝမ်းနည်းချင်းတွေက
ကြီးဆိုးလာကာ သူမျက်လုံးမိတ်လိုက်ပြီး
နောက်တစ်ခါပြန်ကြည့်လိုက်တော့
ကလေးလေးက သူ့တို့ကားရှိရာဘက်ကို
လှမ်းကြည့်နေသည်။ သူ့ ကလေးလေးရဲ့
မျက်နှာကို သဲသဲကွဲကွဲတော့မမြင်ရပါ။ဒါပင်မဲ့
အရမ်းချစ်စရာကောင်းမဲ့ ကလေးဆိုတာကိုတော့
သူသိနေမိသည်။
သူ့ကြည့်နေတုံး
ထိုကလေးဘေးကို အမျိုးသားတစ်ဦး
ရောက်လာတော့ သူမျက်ခုံးတွေပင့်တက်သွာကာ...
ရင်ထဲမှာ အလိုလို ဒေါသထွက်ချင်သလိုဖြစ်လာတော့...သူကားမှန်ပြင်တင်လိုက်ပြီး ကူရှင်ပေါ် မှီလိုက်ကာ...
"စစ်သွေးမောင်းတော့..."
"ဗျာ...ဟုတ်ကဲ့...အကိုလေး..."
စစ်သွေး အကိုလေးရဲ့ ပုံစံကိုအထူး
အဆန်းကြည့်နေမိသည်။မမလေးကမ္ဘာကို
မတွေ့တော့ အကိုလေးက အရင်ကထက်ပို
အေးစက်သွားကာ..ဘယ်သူ့ကိုမှလည်း
စိတ်မရှည်တက်တော့ အထူးသဖြင့်
ကလေးတွေဆို ပိုဆိုးသည်။
သူ့အရှေ့မှာတောင်တွေ့ရင် အာ့ကလေးကိူ
ဆွဲထုတ်သွားစမ်းလို့ပြောတက်တာ...အခုတော့
ဆေးရုံရှေ့မှာလူကြီးလေးလိုထိုင်နေတဲ့
ကလေးလေးကို ကြည့်ပြီးပြုံးနေတော့
သူ့မှာပါးစပ်အဟောင်းသားနဲ့...ကလေးရဲ့
အဖေရောက်လာမှ မျက်နှာတင်းသွားကာ...
ကားမောင်းထွက်ခိုင်းတော့သည်။ မမလေးကမ္ဘာရယ်...ပုန်းနေတယ်ဆိုလည်းမြန်မြန်ထွက်ခဲ့ပါဗျာ...ကျွန်တော်တို့ အကိုလေးရဲ့ အေးစက်စက်ပုံစံတွေအစား နွေးထွေးတဲ့ ပုံစံတွေကိုပြန်မြင်ချင်နေပါပြီ။
---------------------------------------------^^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒🍒
စစ်ခွန်းသားအနားရောက်လာတော့
လူကြီးလေးလိုတည်ငြိမ်စွာထိုင်ပြီး
လေရူနေတဲ့ သားသားကိုကြည့်ကာ
သွားအဖြူလေးတွေပေါ်အောင် ပြုံးလိုက်ပြီး...
"ဟာ..ဖေစစ်သားလေးက
လေးရူနေတယ်ပေါ့..."
သူမေးတော့ သူ့ကိုမျက်ဝန်းလေးတွေ
စင်းကြည့်ကာ..
"ဟုတ်ကဲ့ဖေစစ်...သားသားက
သဘာဝလေကိုရူရတာအရမ်းကြိုက်တာ...
အဟင်း...သားသားဖေဖေလည်း သားသားလို
သဘာဝလေရူရတာ ကြိုကိတယ်ထင်တယ်နော်ဖေစစ်..."
သားအပြောကြောင့် စစ်သွေးမျက်နှာပျက်သွားပြီး
သားသားမြင်မှာဆိုးလို့ အသားပြုံးလိုက်ကာ...
"ဟုတ်မှာပါ..သားရဲ့..သားသားဖေဖေက
သားနဲ့တူမှာပေါ့ သားသားဖေဖေပဲဟာ...."
"သားသားဖေဖေကို သားသားတစ်ခါ
လောက်တွေ့ဖူးချင်လိုက်တာ..."
လူကြီးလေးလို ဆွေးမြေ့စွာပြောတော့
သူဘာမှပြနိမပြောနိုင်ဘဲ သားသားကို ပါးစပ်အဟောင်းသားနဲ့ကြည့်နေမိသည်။
" မာန်ကမ္ဘာ.....သားသား...နောက်တစ်ခါ
အာ့ဒိလို လူအကြောင်းကို အရေးတယူ
မပြောရဘူးကြားလား..."
အသံမာမာကြောင့် သားသား
ကိုယ်လေးတုန်သွားကာ..
မျက်နှာလေးငယ်သွားပြီး...
"ဟုတ်ကဲ့မေမေ...သားသားနောက်
မပြောတော့ပါဘူး..."
သူမအော်လိုက်တော့လည်း
မျက်နှာလေးငယ်ကျသွားတော့
ကမ္ဘာစိတ်မကောင်းမိပေ။ သားသားက
လွယ်လွယ်နဲ့မျက်ရည်မကျတက်တာ
ငယ်ငယ်လေးထဲကဖြစ်သည်။
အခုလည်း သားသားစိတ်မကောင်းတဲ့
ပုံစံလေးကိုကြည်ပြီး သူမစိတ်မကောင်း
မိသော်လည်း ဖအေဆိုတဲ့လူက သားကို
ရှိမှန်းတောင်သိတာမဟုတ်။ရှိမှန်းသိရင်လည်း
ချစ်မယ်တဲ့လား...ဟင့်အင်း...သူမရဲ့သားကို
အခြားလူတွေ လက်ညိုးထိုးတာ အဖြစ်မခံနိုင်ဘူး။
သူ့မှာလည်း မိန်းမရှိနေပြီပဲ။ကလေးမရှိဘူး
ဆိုတာလည်းမပြောနိုင်။သူ့မိန်းမက
သူမတို့သားအမိကို လာပြောတာကိုလည်း
သူမမခံစားနိုင်။ဒါကြောင့် သူမဆုံးဖြတ်
ချက်တစ်ခုချလိုက်ကာ...ဟင့်အင်းသားသားကို
သူနဲ့ ဘယ်တော့မှပေးမတွေ့ဘူး.
"ဝလုံးလေးရယ်...သားသားကိုမအော်ပါနဲ့ဗျ...သားသားက ကလေးဆိုတော့ ပြောတာပေါ့..."
စစ်ခွန်းကြားထဲကနေပြောတော့ သူမ ကိုကို ကိုကြည့်ကာ...
"ကိုကိုကလည်း....ကိုကိုတူက ကလေးသာပြောတာ လူကြီးစကားအရမ်းပြောတာ ကိုကိုမြင်သားပဲ..."
"အေးပါကွာ...သားသားလည်း
နောက်မေမေမကြိုက်တာမပြောရဘူးနော်...."
"ဟုတ်ကဲ့ သားသားမေမေ
မကြိုက်တာမပြောတော့ပါဘူးဖေစစ်..."
သူပြောတော့ သားသားက မျက်နှာလေး
ညိုးငယ်စွာ ပြောလာတော့ စစ်ခွန်း
စိတ်မကောင်းစွာ သက်မလေးချမိသည်။
ဒီသားအမိက တစ်ယောက်တစ်မျိုးစီ
မဟုတ်လား။မအေကလည်း သားက
လူပျိူဖြစ်တော့မယ် အခုထိ တစ်ခါတစိခါ
ကလေးစိတ်မကုန်သေး။
အပြင်ပိုင်းမှာသာ စိတ်ဓာတ်မာကျော
အောင်နေပင်မဲ့ ကလေးဆန်တက်တာ
သူအသိဆုံး။သားလုပ်တဲ့သူကလည်း
ကလေးသာပြောတော့ အမေထက်
ပိုင့်ရင့်ကျက်နေတဲ့ ကိုရေခဲတုံးလေး။
တစ်ခါတစ်ခါ စကားတွေအရမ်းပြောပင်မဲ့
သူမပြောချင်တော့ဘူးဆို မျက်နှာတည်ကြီးနဲ့ အေးတိအေးစက်နေတက်သေးသည်။
အမေကိုတောင်သူက ပြန်ပြန်ပြီးဆုံး
မတက်သေးသည်။အခုလည်းကြည့်
နှစ်ယောက်သား ဖြစ်တော့ တစ်ယောက်က
မျက်နှာလေးမာနေကာ ကျန်တစ်ယောက်
မျက်နှာလေးငယ်ပြီး ခေါင်းလေးငုံ့ရှာနေသည်။
ပြီးရင်လည်း သူတို့သားအမနှစ်ယောက်ပဲ
ချစ်လိုက်ကြတာ နှစ်ယောက်မရှိ။
ကျန်တစ်ယောက်က သားမျက်နှာမကောင်းတော့
ငိုပြီး ကျန်တစ်ယောက်က မျက်ရည်သုတ်ပေးကါ..
ချော့ရမှာတော့ မြင်ယောင်းသေးသည်။
သူတို့သားအမိက တစ်ခါတစ်ခါ ဝလုံးလေးက
ကလေးဖြစ်ပြီး သားသားက
လူကြီးဖြစ်နေတော့သည်။
သူတို့သားအမိနှစ်ယောက်ကြား
တစ်ခါတစ်ခါလည်း စစ်ခွန်း
ပြုံးမိပါသေးသသည်။
-----------------------------------------^^^^^^^^^^^^^^^^🍒🍒🍒🍒🍒🍒🍒🍒
သားသားကို ဆေးရုံထပ်ပြရမယ်ဆိုတော့
သူမတို့ မပြန်ရသေးဘဲ ရန်ကုန်မှာ
ထပ်နေဖြစ်သည်။ဒီနေ့ သူမသူငယ်ချင်း က
ရန်ကုန် နာမည်ကြီး Company တစ်ခုမှာ
အလုပ်လုပ်တာကြောင့် တွေ့ချင်လို့ ဆိုပြီး
သူမအလုပ်လုပ်တဲ့ Companyရဲ့
စားသောက်ဆိုင်ကို ချိန်းတာကြောင့်
သူမနဲ့ သားသား Takhon Group ဆိုတော့
Company ကြီးရှေ့သို့ရောက်ရှိနေတာဖြစ်သည်။
သားသားကို ထားခဲ့ဖို့ကလည်း ကိုကိုက
ကုန်စည်တွေ နိုင်ငံခြားကို ပို့ရမှာကြောင့်
အလုပ်ရူပ်နေကာ သူမပဲခေါ်လာလိုက်သည်။
သူငယ်ချင်းကလည်း မတွေရတာကြာပြီကြောင့်
သူမလာတွေ့ချင်ဖြစ်သည်။
သားအမိနှစ်ယောက်ကြီးမားလှသော
Takhon Groupဆိုတဲ့ စာလုံးဖောင်းပွကြီးတွေနဲ့
ခန်းနားထည်ဝါစွာထွင်းထားသော Company ကြီးကိုကြည့်ကာ...မင်သက်နေမိသည်။
"ဝါး...ကြီးမားပြီး လှလိုက်တဲ့ အဆောက်အဦးကြီး...."
"ဟုတ်တယ်နေည်မေမေ... သားသားလည်း...
တီဗီမှာတွေ့ဖူးတယ်...သားသားကြီးလာရင်လည်း
ဒီအဆာက်အဦးကြီးကို ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးပဲလုပ်မှာ...."
သူမ လက်ဆွဲထားသော သားသားစီက
အသံလေးထွက်လာတော့ သူမသဘောကျစွာ
သားသားဘေးမှာဒူးထောက်ထိုင်လိုက်ပြီး...
"အဟင်း...မေမေသားရုပ်ရည်လေးက
သူဌေးဖြစ်မဲ့ရုပ်ရည်လေး...အဟင်း...
ချစ်ဖို့ကောင်းလိုက်တာ...မွ..."
သူမပြောပြီး သားလေးရဲ့ပါးအိအိလေးကို
နမ်းလိုက်တော့ သားသားက သူမပါးလေးကို
ပြန်နမ်းကာ...
"ဖြစ်မှာမဟုတ်ဘူးမေမေ..သားသားက
လူတိုင်းကိုစိုးမိုးနိုင်တဲ့ သူဌေးဖြစ်ကိုဖြစ်မှာ...
ပြီးတော့မေမေကို တိုက်ကြီးအကြီးတွေနဲ့ထားမှာ..."
သားအပြောကြောင့် သူမ ဟိုလူကိုသတိရသွားကာ...မျက်နှာလေးပျက်ကျသွားတော့
သားသားအသံသေးသေးလေးနဲ့....
"မေမေ...သားသားပြောတာအမှားပါ
သွားလို့လားဟင်..."
"ဟင့်အင်းမပါ ပါဘူးသားသားရဲ့
မေနေက သာသားအခုလိုစိတ်ရှိတာ ဝမ်ူသာလို့ပါ..."
သားအမိနှစ်ယောက်ပြောနေစဥ်
Companyက ဝန်ထမ်းတွေ ထမင်းစားအချိန်ဖြသ်လောက်မည် အသီးသီး စားသောက်ခန်းထဲ
ဝင်သွားချိန် သူမတို့သားအမိနှစ်ယောက်ကိုကြည့်ပြီး....
"ဟယ်...ဟိုမှာကြည့်စမ်း..ကလေးလေးက
ချောလိုက်တာ ချစ်ဖို့လည်းကောင်းတယ်...
ဘေးကကောင်မလေးကလည်း ချစ်စရာလေး..
မောင်နှမလားမသိဘူးနော်..."
"နင်ကလည်းရုပ်မတူပါဘူး....ကလေးလေးက
ပိုချောတယ်..."
တစ်ယောက်တစ်မျိုးသားသားနဲ့ သူမကို
ချီးမွှန်းပြောဆိုသွားတော့ သူမ ပြုံးလိုက်မိသည်။
"ဟယ်...ကမ္ဘာ...ငါက နင့်ကိုမျှော်နေတာ...
ဘာရပ်လုပ်နေတာလည်းလာလေ...
ဟယ်သားနင့်သားလေးလားကမ္ဘာ...ပြီးတော့
နင်အရမ်းလှတာပဲ ကလေးအမေလို့ပြောရင်တောင်
ဘယ်သူမှယုံမှာမဟုတ်ဘူးသိလား..."
ရိပ်က ဝမ်းသာအားရမေးတော့
သူ့မပြုးလိုက်ကာ...
"ဟုတ်ပရှင့်....ဒါကမ္ဘာသား...သားသား...
တီတီကို မင်္ဂလာပါလို့နှုတ်ဆက်လိုက်အုံး...."
"မင်္ဂလာပါတီတီ..သားသားနာမည်က
မာန်ကမ္ဘာပါ..."
သားသားက ချစ်စဖွယ်နှုတ်ဆက်တော့
ရိပ်အသည်းတွေယားကာ သားသားပါးလေးကို
ဖွဖွနမ်းလိုက်ပြီး...
"ဟုတ်ပါပြီ...သားသားရေ...တီတီကတော့....
လရိပ်ချိုပါရှင့်.."
ရိပ်နဲ့သားသားပြောနေတာကို
ကမ္ဘာပြုံးကြည်ပြီး...
"ရိပ် နင်က ဒီမှာအလုပ်လုပ်တာလား...
လစာလည်းကောင်းမယ်နော်..."
သူမ ကြီးမာလှသော Companyကြီးကို
မျက်လုံးဝေ့ကြည့်ပြီးမေးတော့ ရိပ်ကပြုံးလိုက်ပြီ....
"အင်းဟုတ်တယိလေ...လစာလည်း
ကောင်းတယ်..စီးကမ်းလည်းအရမ်းကြီးတာဟ....
လာအထဲရောက်မှအေးဆေးပြောပြမယ်....
ငါ့ရုံးခန်းကိုသွားမယ်...လာသားသား..."
ရိပ်က သူ့ရုံးခန်းလို့ထင်ရတဲ့ သက်ပြီး
ကျယ်ပြန့်သော
အောက်က ရုံးခန်းနဲ့ ဧည့်တွေ့ခန်း
ဆက်ထားသော အခန်းကြီးထဲကိုခေါ်လာကာ...
"လာကမ္ဘာ..သားသားကောလာ...ထိုင်နော်...
အအေးလားအပူလား.."
"အင်း ရေလေးပဲပေး...သားသားကိုတိုက်ချင်လို့..."
ရိပ်သွားယူပြီး ကမ္ဘာကိုပေးလိုက်ကာ...
"ကမ္ဘာနင်လည်းနော်....ငါ့ကိုအဆက်သွယ်
ဖြတ်ရပ်တယ်...ကျောင်းပြီးထည်းက..."
"မဟုတ်ဘူး..ရိပ်ရဲ့...ငါလည်သားသားနဲ့ပဲ
အချိန်ကုန်နေတော့ ဘယ်သူနဲ့မှ မဆက်သွယ်ဖြစ်တာဟ..."
ရိပ်ကမ္ဘာစကားကို နားထောင်ပြီး
သားသားကိုကြည့်လိုက်တော့
ရေသောက်တာကအစ ကလေလို
ဖစ်သလိုမသောက် ဖန်ခွက်ကိုသေချာသောက်ပြီး
အိပ်ထဲက လက်ကိုင်ပါဝါလေးနဲ့ နှုတ်ခမ်းရဲရဲလေးကို သုတ်ကာ နေတော့ ရိပ်ပြုံးရိပ်ထင်သွားကာ...
"သားသားက လူတင်ချောတာမဟုတ်ဘူး...
နေပုံထိုင်ပုံကအစသေသပ်ပါလား...ကမ္ဘာ....
ပြီးတော့ သားသားက တစ်ယောက်ယောက်နဲ့တူသလိုပဲ...ဘယ်သူလည်းဆိုတာငါစဥ်းစားမရဘူး..."
ကမ္ဘာက ပုခုံးပင့်ပြကာ...သူလည်း
မသင်ပေးထါးဘူးဆိုသည့်သဘော...
"မေမေ...သားသား.ဟိုနားမှာထားတဲ့
တိုက်အိမ်ပုံလေးတွေကြည့်လို့ရလားမေမေနဲ့တီတီ..."
သူမကိုပြောသလို ရိပ်ကိုလည်းပြောလာတာကြောင့်
သူမနဲ့ ရိပ်ပြုံးလိုက်ကာ...
"ရပါတယ်ရှင့်...သွားကြည့်သားသား...
ဒါပင်မဲ့...မကိုင်ရဘူးနော်.."
"ဟုတ်တီတီ..."
ရိပ်ပြောလိုက်တော့ သားသားပြေးထွက်သွားရာ
သူမလိုက်ကြည့်လိုကိပြီးသားသားက
နောက်စီမံကိန်းလုပ်မည်ပုံစံထားတဲ့ project ပုံစံ
အိမ်တွေကို လူကြီးလေးလို စိတ်ဝင်တစားကြည့်နေတော့ သူမရိပ်ဘက်ကိုပြန်လှည့်လာကာ...
"ပြောပါအုံး...ရှင့်အကြောင်း...ဒေါ်လရိပ်ချို..."
"အဟီး...ပြောမှာပေါ့ဟ..ငါဒီCompanyမှာ
လုပ်တာ...၃လပဲရှိသေးတယ်ဟ..ပြီးတော့
ဒီမှာအလုပ်ရဖို့ မနည်းကြိုးစားထားရတာဟ..
.လစားလည်းကောင်းသလို...စီးကမ်းလည်းကြီးတယ်...ဟီးဟီ...သူဌေးကလည်းအသက်ငယ်ငယ်နဲ့ အရမ်းချောတာဟ..."
"အမယ်...နှာဘူးမ...အခုထိ ဘူးတုန်း..."
"အမလေး..ကျွန်မမဘူးရဘူးဆို...
ရှင့်သားကိုပဲစောင့်ယူမှာနော်...ကျွန်မသူဌေး....
ဟင်ဒါနဲ့ ရှင့်သားက ရိပ်သူဌေးနဲ့ အရမ်းတူတာ...
ဟုတ်တယ်ကမ္ဘာစောစောက ရိပ်အာ့ဒါစဥ်းစားနေတာ....ရိပ်သူဌေးက မာန်တံခွန်လေ..."
"ဘာ...မာန်တံခွန်ဟုတ်လားရိပ်..."
"အင်းဟုတ်တယ်လေ..."
ကမ္ဘာ ရိပ်စကားကြောင့် တုန်လှုပ်စွာ
သားသားကိုလှမ်းကြည့်တော့ သားသားကို
မတွေ့တာကြောင့် နေရာမှ အမြန်ထကာ
ဘေးဘီကိုကြည့်တော့လည်းသားသားကိုမတွေ့...
အရမ်းထိန့်လန့်သွားကာ...မျက်ရည်တွေကျလာပြီး....
"သားသား..သားသားဘယ်မှာလည်း...."
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း