golden အဆင့်မြင့် hotel ကြီးတစ်ခုတွင်...
"ဟင်....ငါဘယ်ကိုရောက်နေတာလည်း...ပြီးတော့ ငါ့ခန္ဓာကိုယ်က ဘာလို နာနေတာလည်း...အာ့..."
မို့ယာကုတင်ဖြူဖြူကြီးပေါ်တွင် အသက်၁၈နှစ်အရွယ်ကောင်မလေး တစ်ယောက် အဝတ်များ လစ်ဟင်းနေသော သူ့ကိုယ်သူ ဖြစ်ပြတ်သွားသော ကိစ္စများကို မယုံနိုင်စွာ ဖြစ်နေရင်း ဖြစ်ခဲ့သော ကိစ္စများကို ပြန်တွေးတောနေမိသည်။
ညက သူမကို ဒီ hotelမှာ တည်းတဲ့ ဖေဖေဧည့်သည်လို့ပြောတဲ့ လူကြီးစီမှာ သူမကို ဖေဖေရဲ့ နောက်မိန်းမ သူမရဲ့ မိထွေး ဒေါ် ငွေခင် ပိုက်ဆံလာယူခိုင်းသဖြင့် သူမရောက်လာခဲ့သည်။
သူမ hotel အဝကိုရောက်တော့ hotel ကွင်းပြင်တွင် ဧည့်ခံပွဲ တစ်ခုပြင်ဆင်နေတာ ကိုတွေ့တော့ သူမ ရပ်ကြည့်နေစဥ် ဝိုင်ခွက်များကိုသယ်ဆောင်ယူလာသော စားပွဲထိုးကောင်လေးတစ်ယောက် သူမအနားရောက်လာကာ...
" ညီမ ...ဘာရှာနေတာလည်း...."
" ရှင်...ဟိုလေ...ဒီဟိုတယ် မှာ တည်းတဲ့ ဧည်သည်တစ်ယောက်စီ ယူစရာလေးရှိလို့လာတာပါရှင့်..."
သူမပြောလည်းပြော သနပ်ခါးရောင် ဂေါင်းဝန်လေးကို လက်ကလေးနဲ့ စွဲစုတ်ပြီး ထိုအကို ကို အကူအညီ တောင်းလိုသည့် မျက်ဝန်းများနဲ့ ပြန်ကြည့်နေမိသည်။
စားပွဲထိုးအကိုက သူမ ကို စူးစမ်းသလို သေချာကြည့်ပြီး ....
" ဒါဆို...ညီမ အခန်းနံပါတ်ရော သိလား..."
သူမ အမြန်ခေါင်းလေးငြိမ့်ပြကာ....
" ဟုတ်..ဟုတ်ကဲ့ သိပါတယ်အကို...."
" အာ့ဒါဆို ရှာရလွယ်ပါတယ်ညီမရဲ့...ဟိုဘက်မှာတွေ့လား ဝင်ပေါက်...Reception က ကောင်မလေးကို ညီမ သိတဲ့ အခန်းနံပါတ်ပြောလိုက် သူပြောပြပေးလိမ့်မယ်...."
ထိုအကို အပြောကြောင့် သူမမျက်နှာလေး ဝင်းပသွားကာ...ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီ....
" ကျေးဇူးတင်ပါတယ်...အကို...."
သူမပြောပြီး မျက်ဝန်းလေးများက စိတ်ဝင်စားစွာ ခန်းနားလှသော ဧည့်ခံပွဲကြီးကို မျက်လုံးရောက်သွားတော့....စားပွဲထိုးအကိုက အလိုက်သိစ္စာ...
" ဒီပွဲက Takhon groupပိုင်ရှင်လေ သိတယ်မှတ်လား....သူက ကမ္ဘာကျော် စီးပွားရေးအရှင်သခင်လေ....သူမြန်မာနိုင်ငံကို အလုပ်ကိစ္စတွေနဲ့ ပြန်လာမှာဟုတ်လို့ ကြိုဆိုပွဲလုပ်တာလေ....."
သူမကို ရှည်လျားစွာရှင်းပြနေစဥ် မန်နေဂျာလို့ထင်ရတဲ့ လူကြီးတစ်ယောက်က ထိုအကိုကို.....
" ဟေ့ကောင်....မင်းဘာလုပ်နေတာလည်း...ဟိုမှာ သခင်လေးက ရောက်တော့မယ်...မင်းက အလုပ်မလုပ်ဘဲ ဘာလုပ်နေတာလည်း.....ဘာမှလွဲလို့မဖြစ်ဘူးနော်....ငါသခင်လေးကို မျက်နှာ ပျက်အောင်လာမလုပ်နဲ့.....သခင်လေးက ငါတို့အတွက်အရမ်းအရေးကြီးတဲ့ ဧည့်သည်.....အကုန်လုံးကြားကြလား...."
"ဟုတ်ကဲ့...."
ထိုအကို ကိုပြောသလို အလုပ်သမားအကုန်လုံးကို ပြောတော့ သူမက စားပွဲထိုးအကိုက နှုတ်ဆက်ပြီး ပွဲထဲ အမြန်ပြေးဝင်သွားသည်။
သူမ အာ့ဒိနေရာမှာ ရပ်နေရင်း အလုပ်ကိုယ်စီရှုပ်နေသော လူအများကို ထူးဆန်းစွာကြည့်နေပြီး သူတို့ခေါ်သော သခင်လေးဆိုတဲ့ လူက တော်တော်အရေးပါ အရှိန်အဝါကြီးလောက်သည်။ ဘာကြောင့်လဲဆိုတော့ ဒီ hotel ပိုင်ရှင်က မြန်မာနိုင်ငံမှာ အချမ်းသာဆုံးပဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သခင်လေးလို့ သူတို့ခေါ်တဲ့လူကို ဒိလောက်အထိ အရေးတယူ ကြိုဆိုပွဲလုပ်တာဆိုတော့ သခင်လေးဆိုတဲ့ လူက ပေါ့ပေါ့သေးသေးလူတော့ မဖြစ်လောက်နိုင်။ သူမတွေးနေရင်း ကိုယ်စီအလုပ်ရှုပ်နေသော လူအများစီး တစ်ချက်ဝေ့ကြည့်ရင်း သူမလာရင်းကိစ္စကို သတိရသွားကာ မှောင်လည်းမှောင်နေပြီးဖြသ်တာကြောင့် စားပွဲထိုးအကို ညွှန်ပြသော နေရာကို သွားတော့ Reception ကိုတွေ့ရကာ သူမအနားကိုသွားလိုက်ပြီး...
" အမ....အခန်းနံပါတ် ၁၀၀၁ ကို သွားချင်လို့ပါရှင်...."
"ဟုတ်ကဲ့ရှင့်...ကြိုချိန်းထားတာလားညီမလေး..."
"ဟုတ်ကဲ့အမ... "
အန်တီးငွေခင်ပြောတာတော့ ထို လူကြီးကို အန်တီး ကြိုပြီး phဆက်ထားတယ်လို့ပြောတာကြောင့် သူမ အခုလိုပြောလိုက်တာပါ...
Reception ကအမလိုက်ပို့ပေးတါကြောင့် ရောက်ရှိလာသော အထပ်မြင့် ဟိုတယ် သူမပြောလိုက်သော အခန်းရှေ့ရောက်တော့ လိုက်ပို့သော အမက သူမကို အခန်းပြပြီးပြန်သွားတော့ သူမတစ်ယောက်ထည်း ထိုအခန်းရှေ့မှာ ကြောင်တောင်တောင်လေး ရပ်နေမိသည်။ သူမအခန်းထဲ ဝင်ဖို့ကို ကြောက်နေမိသည်။ ဖေဖေကြောင့်သာ သူမ ဒီလို ဟိုတယ်ထဲကို လာသာလာရသည်။ ဟိုတယ်ထဲ မဝင်ခင် သူမကို လူတွေကြည့်သော အကြည့်ကြောင့် သူမ သိမ်ငယ်မိသည်။ ဖေဖေအကျွေးတွေကို ဆပ်ဖို့ ထိုလူကြီးစီက ပိုက်ဆံရမှဆိုတဲ့ အတွေးကို တွေးပြီး စိတ်ကို တင်းကာ တံခါးခေါက်လိုက်သည်...
"ဒေါက်...ဒေါက်..."
ခဏအကြာ မုတ်ဆိတ်မွေးတွေနဲ့ အသက်ကြီးကြီး ခပ်ရင့်ရင့် လူကြီးတစ်ယောက် တံခါးလာဖွင့်ပြီး သူမကို အသေအချာကြည့်ကာ...
" မင်းက ငွေခင် လွတ်လိုက်တဲ့ သူ့ယောကျာ်းရဲ့ သမီးလား..."
"ဟုတ်..ဟုတ်ပါတယ်...အန်..အန်တီက ပိုက်ဆံလာယူခိုင်းလိုက်လို့ပါ..."
သူမ ကြောက်ရွံ့စွာ အသံလေးတုန်နေစွာပြောလိုက်တော့..ထိုလူကြီးက ဘာကို သဘောကျသွားမှန်းမသိရယ်လိုက်ကာ...
"ဟား...စိတ်ချပါ ကလေးရဲ့...ဦးက ပေးမှာပါ...လာပိုက်ဆံက အထည်းမှာဆိုတော့ ဝင်ယူ..."
ထိုလူကြီးက သူမလက်ကလေးကို အတင်းဆွဲပြီး အခန်းထဲ ဆွဲခေါ်လာတော့ သူမက ထိုလူကြီးလက်ထဲက သူမလက်ကလေးကို အတင်းဆွဲဖြုတ်လိုက်သည်။
"အဟွန်း...ဖြေးဖြေး ပေါ့ကလေးရဲ့ ဦးမင်းကို အနားတရဖြစ်အောင်မလုပ်ပါဘူး..."
ဖြိးတီးတီးအပြောကြောင့် သူမ ကြောက်ရွံ့စွာ ဂါဝန်အနားစလေးကို စုတ်ကိုင်ပြီး...
" ဟို... အန်တီ ငွေ ပြောတဲ့ ပိုက်ဆံလေ...အာ့ဒါထုတ်ပေးပါတော့နော်..."
သူမကြောက်ရွံနေတော့ ထိုလူကြီးက ပြုံးလိုက်ကာ..
" Ok Ok ဦးပေးမှာပေါ့...ကလေး ဒါလေးသောက်နော်...ဦးသွားယူအုံးမယ်..."
ထိုလူကြီးက သူမကိုပြောတော့ သူမခေါင်းလေးငြိမ့်ပြလိုက်ပြီး ထိုင်ခုံပေါ်ထိုင်နေကာ ထိုလူကြီးပေးသော အအေးဘူးလေးကို ကိုင်ကာစောင့်နေလိုက်သည်။သူမ မသိလိုက်တာက အခန်းထဲ ဝင်သွားသော လူတစ်ယောက်ရဲ့ ကောက်ကျစ်သော အပြုံးကိုပင်....
------------------------------------------------^^^^^^^^^^🍒🍒🍒🍒🍒🍒
သူမ ပိုက်ဆံပေးမဲ့ လူကြီးကို ထိုင်စောင့်နေရင်း အာခေါင်းတွေခြောက်လာတာကြောင့် လက်ထဲတွင်ကိုင်ထားသော အအေးဘူးလေးကို အဖုံးဖွင့်ပြီး နည်းနည်းသောက်လိုက်မိသည်။ သောက်ပြီး ထိုင်နေစဥ် ခေါင်းထဲမှာမူးနောက်နောက်နောက် ဖြစ်သွားတော့ သူမ ထလိုက်ကာ ပြန်လှဲကျသွားသည်။ သူမအားယူပြီးထပြီး အခန်းအပြင်ကို ယိုင်တိယိုင်တိုင် ထွက်လာလိုက်သည်။ သူမမူးပြီး လေးလံနေသော ကိုယ်ခန္ဓာနဲ့ မျက်လုံးတို့ကိုအားယူပြီး ဖွင့်ပြီး သွားနေစဥ် လူတစ်ဦးနဲ့ ဝင်တိုက်မိကာ သူမကိုယ်လုံးလေး ထိုလူရဲ့ ရင်ခွင်ထဲ ထွေးခနဲ နစ်ဝင်သွားတော့ သူမအတင်းပြန်ပြီးရုံးကာ ထိုလူရင်ခွင်ထဲက အတင်းရုံးထွက်တော့ ဝိုင်နံ့သင်းပြပြရနေသော ထိုလူက သူမကိုယ်လုံးလေးကို ခါးလေးကနေ ဆွဲဖက်ပြီး မချီသွားကာ အခန်းတစ်ခုထဲ ဆွဲခေါ်သွားပြီး သူမနားနားကိုကပ်ကာ...
" ကိုယ်မင်းကို..တာဝန်ယူမှာပါ....ကိုနာမည်...မာန်တံခွန်..."
"ဟင့်အင်း....ဟင့်အင်း...."
သူမ လေးလံသော မျက်လုံးများကို အတင်းအားယူဖွင့်ပြီး အကြောက်အကန်ငြင်းနေသော်လည်း သူမနှုတ်ခမ်းဖူးဖူးလေးကို သူက စုတ်လုံးတစ်လုံးသဖွယ် စုတ်ယူနမ်းရှိက်လိုက်တော့ သူမ ကျောလေး ကော့တက်သွားကာ...
"အွန်း...."
ထိုလူအပြောကြောင့် သူမအကြောက်အကန်ရုန်းနေသော်လည်း...သူ
သူမရဲ့ လည်တိုင်သွယ်သွယ် လေးနဲ့ မျက်နှာ ခန္ဓာကိုယ် အနှံ့ကို အနမ်းများနဲ့ ကြူးကျော်နေတော့သည်။ သူအနမ်းများက နူးညံ့သွားလိုက် ကြမ်းတမ်းသွားလိုက်ဖြစ်တာကြောင့် သူမခြေဖျားလေးတွေ ကော့တက်သွားကာ လက်ကလေးမျာကလည်း အိပ်ယာခင်းကို ဆွဲစုတ်ထားမိတော့သည်။
" ဟင့်အင်း...အင့်..."
မြဲမြန်လှသော သူရဲ့ လက်တွေကြားထဲ သူမမလွှတ်မြှောက်နိုင်တော့ပါ....သူမမသိသော...ဒီလူရဲ့ လက်ထဲမှာ သူမဘဝ ပျက်ရတော့မှာလား...သူမ မျက်ရည်တွေကျကာ...အတင်းအားယူရုန်းကန်နေသော်လည်း ထိုလူရဲ့ အနမ်းကြမ်းကြမ်းများက ပိုအတင့်ရဲလာကာ သူမခန္ဒာကိုယ်လေးအနှံ့ကို ကျူးကြော်လာနေတော့ သူမရုန်းသော်လည်း မလွတ်မြောက်နိုင်တော့မှန်းသိကာ...သူ့အလိုတော်အတိုင်း မျက်လုံးလေးများကို မှိတ်ပေးလိုက်တော့ မျက်ဝန်းဒေါင့်မှတစ်ဆင့် မျက်ရည်စီးကြောင်းများက သူမကို ရုံးနိမ့်တော့မည်ဆိုတာကို ပြောပြနေသယောင်....။
ထိုလူကတော့ ဘာမှမသိဘဲ သူမခန္ဒာကိုယ်ကို စိတ်ကြိုက် စားသုံးနေကာ သူမ မသိသော အမှောက်ကမ္ဘာထဲကို သူမကို ဆွဲခေါ်သွားတော့သည်။
"ကျွန်မ...ရှင့်ကို ဘယ်တော့မှ မမေ့ဘူး... မာန်တံခွန်...ရှင့် ကိုသေတဲ့အထိမမေ့ဘူး..."
အင်အားချင်းမမျှတော့ မာန်လျော့ကာ မျက်လုံးလေးမှိတ်ပြီး အံလေးကြိတ်ကာ စိတ်ထဲကနေပြောကာ မျက်ရည်များက ပါးပြင်ပေါ်မှ ခေါင်းအုံးပေါ်သို့ စီးကျနေပြီး သူမကို ပျိုပျစ်ခြင်းတွေက လက်ပြနှုတ်ဆက် ထွက်ခွာသွားတော့သည်။
သူမ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို တွေးနေပြီး မျက်ရည်များကျကာ ကိုယ်လေးလှုပ်ကာနေအောင် ကိုနေမိပြီး သူ့ကိုများတွေ့မလားလို့ အခန်းထဲကို မျက်လုံးတွေ ဝေ့ကြည့်လိုက်တော့ ရေချိုးခန်းတံခါးလည်း ပွင့်နေကာ လူမရှိကြောင်းပြသနေသည်။အိပ်ယာ ဘေးကို ဝေ့ကြည့်လိုက်တော့ စာရွက်တစ်ရွက်နဲ့ ချက်လက်မှတ်လေးတစ်စောင်ကိုတွေ့တော့ သူမ အနားကို အသာထသွားကာ လက်ရေးနဲ့ ရေးထားသော စာရွက်လေးကို ကိုင်ကာ ဖတ်ကြည့်လိုက်တော့ ..
" ကိုယ်အလုပ်ကိစ္စအရေးကြီးလို့ ထွက်သွားတာ...မင်းကို ငွေပေးခဲ့တယ်...လိုရင် ထပ်တောင်းနိုင်တယ်...ရေးပေးထါးတာ ကိုယ့်အတွင်းရေးမှူးဖုန်း..."
သူမ ထိုလူရေးထားသော စာကိုဖတ်ပြီး ထိုနေရာမှာတွင် တောင့်တောင့်လေးရပ်ပြီး မျက်ရည်များစီးကျနေကာ...သူမဘဝကတော့ ငွေနဲ့ တန်ဖိုးဖြတ်ခြင်း ခံလိုက်ရပြီးမဟုတ်လား...ဘေးက ချက်လက်မှတ်လေးကို ဖြူဖွေးသွယ်လျသော လက်ကလေးနဲ့ တုန်တုန်ရင်ရင် ကိုင်ကြည့်တော့ 5သန်းဆိုသော ပမာဏကို ကြည့်ကာ သူမ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။
" ကျွန်မရှင့်ကို...ဒီတစ်သက်မမေ့ဘူး မာန်တံခွန်...ရှင့်စီကျွန်မ...ပြန်လာခဲ့မယ်..."
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း