ရွှေမင်းသား၏အပျိုတော်
~~~~~~~~~~~~~~~
¤¤¤¤¤¤¤¤¤¤¤¤¤¤¤
"ခြူး....နွယ်....စိမ့်"
ခက်နူတ်ဖျားမှတိုးတိုးလေရေရွတ်လိုက်သည်ကိုYကြားသည်။
"ဟုတ်တယ်...ခက်။သူမက...ကိုယ့်ဘ၀ကအချစ်တွေကိုလိမ်ညာယူခဲ့သူ။ကိုယ့်...သူမကိုသိပ်ချစ်ခဲ့တယ်။
နှလုံးသားတစ်ခုလုံးပုံပေးချစ်ခဲ့တာ။
ဒါမယ်...ဒီအကြောင်းတွေကအတိတ်ဟောင်းတွေပါ"
"အတိတ်ဟောင်းဆိုတာပုံပြင်တစ်ပုဒ်နဲတူတယ်တဲ့...ဦးY"
"မင်းအဲ...ပုံပြင်ကိုနားထောင်ချင်သေးလား။"
"ခက်...ဘက်ကနားထောင်ချင်ပါတယ်လိုမပြောဝံ့ပါဘူး။ကံရန်ကံရှင်ရဲ့...သဘောပါဘဲ..."
"မင်းက...စကားပြောသိပ်ညက်တာဘဲ...ခက်"
Y၏စကားကြောင့်ခက်ပြုံးလိုက်သည်။
"သူနဲစတွေ့တဲ့အချိန်ကနှင်းေ၀တဲ့မနက်ခင်းတစ်ခုပေါ့
အဲတုန်းက...ကိုယ့်ကငယ်ရွယ်သူတစ်ယောက်ပေါ့။အနုပညာတက္ကသိုလ်မှာတက်နေတဲ့နောက်ဆုံးနှစ်ကျောင်းသားလေပေါ့"
အတိတ်အတွေးတွေနဲအတူ....အချိန်ကိုနောက်ပြန်စဥ်စားရင်
အတန်းနောက်ကျနေသည့်အတွက်
ကောင်လေးတစ်ယောက် ပင်မခန်းမစောင့်သို့အပြေးသွားနေသည်။လှေကားထစ်များကိုကျော်လွှားရင် တစ်ခုသောထောင့်တနေရာတွင် မိန်းမချောလေတစ်ယောက်နှင့်တိုက်မိသည်။
တိုက်မိသည်အရှိန်ကြောင့် သူမပိုက်လာသောစာအုပ်များ မြေပြင်ပေါ်သို့ကျသွားသည်။
"ရှင့်...မျက်လုံးမမြင်ဘူးလား။
စာအုပ်တွေအကုနွကျကုန်ပြီး"
သူမပြောပြီးစာအုပ်များကိုကောက်နေသည်။
"Sorryပါ။ကျွန်တော်အရေးတကြီးအလျှင်လို့သွားလိုပါ။"
"လူတွေအားလုံးကအမှားလုပ်ပြီးရင်sorryတစ်လုံးဘဲပြောတတ်ကြတာလား။"
သူမမျက်စောင်းလေထိုးပြီးပြောလိုက်သည်။
သူမ၏မျက်စောင်းတစ်ချက်ကကျွန်တော်မင်းအက္ခရာဆိုတဲ့ရင်ကိုတုန်လူပ်သွားစေခဲ့တယ်။
"ကဲ...အခုရှင်ဘာလုပ်မှာလဲ။ကျမသွားမို့လမ်းဖယ်ပေး"
"ဪ....ဟုတ်....."
"ကိုယ့်အဲအချိန်ကစပြီးစတင်ပြီးတုံးအမိခဲ့တယ်။သူမအကြောင်းကိုကိုယ့်လိုက်စုံစမ်းခဲ့မိတယ်သူမကကိုယ့်တို့ကျောင်းကမဟုတ်ဘူး။စီပွားရေးမေဂျာကသူတစ်ယောက် သူမသူငယ်ချင်းတွေကအနုပညာတက္ကသိုလ်မှာရှိတယ်ပေါ့။
စုံစမ်းပြီးတဲ့အချိန်ကစပြီးကိုယ့်သူမကိုလိုက်ခဲ့တယ်သူမသူငယ်ချင်းတွေနဲရင်နီှးအောင်လုပ်ပြီးသူမနဲမိတ်ဖွဲ့ခဲ့တယ်။"
Yမျက်လုံးတိုခနမိှတ်လိုက်ပြီးအတိတ်တွေဆီဦးတည်နေသည်။
"စိမ့်....ဒါကကိုယ့်တို့ကျောင်းရဲ့kingမင်းအက္ခရာတဲဒီဘက်ကတောအက္ခရာသူငယ်ချင်းတွေသူကနောင်ဆန်(N)နောက်တစ်ယောက်ကDD
အားလုံးလည်းမှတ်ထားနော်သူမကပန်းချီရဲ့ငယ်ပေါင်းအချစ်ဆုံးသူငယ်ချင်းလေခြူနွယ်စိမ့်တဲ့"
"ဟုတ်ကဲ...အားလုံးကိုတွေ့ရတာ၀မ်းသာပါတယ်နော်"
ခက်ကYစကားကိုဖြတ်ပြောလိုက်သည်။
"ဒါဆိုNနဲDD နဲကဦးYနဲကျောင်းနေဖက်တွေပေါ့"
"ဟဟုတ်တယ်....ခက်"
ပြောပြီးတောမှYနဲစိမ့်သူအ
ကြောင်းကိုပြန်ဆက်ပြောသည်
စူးရှသောအကြည်တို့ဖြင့်မင်းအက္ခရာ(Y)မှ....
"ကိုယ့်ကပိုလိုတောင်၀မ်းသာပါသေးတယ်....
စိမ့်"
စိမ့်မျက်လွှာတွေချလိုက်သည်..........။
စိမ့်နဲတွေရသောအချိန်တွေတရွေ့ရွေ့နဲနှောင်းလာလေသည်Yစိတ်ထဲကအချစ်တွေကိုဖော်ပြချင်စိတ်များပေါက်လာသည်။ထို့နေကပန်းခြံထဲမှာစိမ့်နဲတွေဖို့Yချိန်မိသည်
ထိုအချိန်ကနာရီကြာချိန်ကမြန်နေသလားနှေးနေသလားဆိုတာYမခန့်မှန်းတတ်တောပေ။
"အက္ခရာ.....စိမ့်...ကိုစောင့်ရတာကြာသွားပြီးလား"
"မကြာသေးပါဘူး......စိမ့်"
Yကအလိုက်တသိနေရာဖယ်ပေးလိုက်သည်။စိမ့်တစ်ယောက်Yနားမှာ၀င်ထိုင်လိုက်သည်။
"အက္ခရာ...စိမ့်ကိုပြောစရာရှိတယ်ဆိုတာ...ဘာများလဲ။"
"ကိုယ့်သွယ်၀ိုက်တာတွေမသွယ်၀ိုက်တာတွေနဲမပြောတောဘူး...စိမ့်"
"ဘာကိုလဲ........."
"စိမ့်ကိုချစ်တယ်။"
"ရှင်.............."
"ကိုယ့်ကိုအဖြေပြန်ပေးပါ"
"ဟာ....အက္ခရာ...ရည်စားစကားဆိုတာကလည်းဘယ်လိုကြီးလဲ။မရိုလိုက်တာ"
"ရိုမန်တစ်ဆန်တဲ့ချစ်စကားတွေပြောမိပြီး။လူကတောရိုမက်တစ်ဆန်ကြောင်းသက်သေမပြနိုင်ရင်...အဲချစ်စကားတွေကလည်းအလကားဖြစ်သွားမယ်လေ"
"ဒါဆို...အက္ခရာက...ရိုမက်တစ်ဆန်တဲ့ချစ်စကားတွေမပြောဘဲအလုပ်နဲသက်သေပြမယ်ပေါ့"
"သေချာတာပေါ့....စိမ့်"
"ဒါဆို...စိမ့်စဥ်စားချင်သေးတယ်"
"ဘယ်အချိန်လောက်ထိစဥ်စားမှာလဲ"
"စိတ်ရှည်ရှည်နဲဖြေးဖြေးပေါ့....အက္ခရာရယ်"
"စိမ်ကအေးဆေးပေးမယ်။ကိုယ့်ကစိမ့်ကိုစိတ်မချဘူး။အတတ်နိုင်ဆုံးမြန်မြန်လေစဥ်စားပေးပါနော်"
"အင်းပါ...အက္ခရာ....ရယ်"
တပတ်ကြာပြီးတဲ့အချိန်မှာတော စိမ့်ဆီက
အဖြေကို.......
"စိမ့်....အက္ခရာကိုချစ်ပါတယ်"
"ကိုယ့်တို့ချစ်ခဲ့ကြပြီး။၁နှစ်ပြည်တဲ့အချိန်မှာဘွဲယူကြတယ်။တစ်ယောက်ကိုတစ်ယောက်မိသားစုတွေနဲမိတ်ဆက်ပေးခဲ့ကြတယ်။စိမ့်က...ကိုယ့်ဘ၀မှန်က်ုသိသွားခဲ့တယ်။ကိုယ့်ကငယ်ငယ်ထဲကဖေဖေအလုပ်မှာဖြတ်ထိုးဥာဏ်ကောင်းကောင်းစဥ်စားပေးတောဖေဖေကလုပ်ငန်းကိုကိုယ့်လက်ထဲအပ်ချင်တယ်။သခင်မကြီးကတောသူသားကိုဘဲပေးချင်တာပေါ့။အဖွားကတော့ကိုယ့်ကိုချစ်တယ်
ဒါနဲဘဲ....ခက်...ရေ...ကိုယ့်...အိမ်နဲအတိုက်ခံလုပ်ပြီးအိမ်ပေါ်ကဆင်းခဲ့တယ်။
ဒါကို...စိမ့်သိသွားပြီး။စိမ့်နဲ့ကိုယ့်ပြသနာတွေတက်ခဲ့တယ်။စိမ့်နဲကိုယ့်နဲကသမီးရည်စားမကလင်မယားမကျနေခဲ့တယ်။"
"ဘာလုပ်လိုက်တာလဲ.....အက္ခရာ....ရှင်ရူးနေပြီးလား။"
သီချင်းထိုင်ရေးနေသောY က......
"ကိုယ့်ဘာရူးမိလိုလဲ......စိမ့်"
"ရှင်ဘာကြောင့်....နန်းမဟာ.....စံအိမ်ကလုပ်ငန်းကိုမလုပ်ချင်ရတာလဲ။ဘာကြောင့်ငြင်းရတာလဲ။"
"ကိုယ့်...မလုပ်ချင်လိုပေါ့....စိမ့်ရယ်"
"ဘာကြောင့်မလုပ်ချင်ရတာလဲ"
"ကိုယ့်ရှင်းပြရအုန်းမှာလား...စိမ့်။ကိုယ့်အဲအမွေတွေကိုမက်လည်းမမက်ဘူး။အဲအိမ်ကပိုင်ဆိုင်မူတွေကိုလည်းမလုပ်ချင်ဘူး:
"ဘာကြောင့်လဲ....ရှင်သိပ်ချစ်ရတဲ့...အနုပညာကြောင်းလား"
"မေးနေစရာလိုသေးလို့လား....စိမ့်။
ကိုယ့်အနုပညာကိုမြတ်နိုးတယ်။"
"ရှင်ရဲ့အနုပညာကရတဲ့တန်ကြေးကကျမအတွက်ဖိနပ်တစ်ရံစာတောင်ရှင်၀ယ်ပေးနိုင်လိုလား"
"စိမ့်...ကိုယ့်အနုပညာကိုမစော်ကားနဲ။"
"စော်ကားတာမဟုတ်ဘူးအမှန်တရားတွေပြောနေတာ။ရှင်နဲကျမနဲယူပြီး...ရှင်ကအဲအနုပညာအလုပ်လုပ်မယ်။ကျမကတောစီးပွားရေးစျေးကွက်အမြင်...မြင်ပြီးစီးပွားရှာမယ်။ရှင်စဥ်စားကြည်ပါ
ရှင့်....မိန်းမထဘီနားခိုးစားတဲ့လူဖြစ်ချင်နေတာလား"
"စိမ့်.....တော်တော။ကိုယ့်တို့အကျယ်ကျယ်တွေမများခြင်းတောဘူး"
"အကျယ်ကျယ်များတာမဟုတ်ဘူး....အက္ခရာ
ရှင်ရွေးလိုက်. ..ကျမနဲရှင်အနုပညာ....ဘာကိုရွေးမလဲ"
"ကိုယ့်ကိုရွေးချယ်ရခက်အောင်မလုပ်ပါနဲ.....
စိမ့်ရယ်"
"ရွေးချယ်ရမယ်...ကိုမင်းအက္ခရာ...ကျမ....
ကိုဖိနပ်အလှလေူတစ်ရံတောင်ရှင်မဆင်းပေးနိုင်တဲ့ရှင့်ရဲအနုပညာနဲတောကျမအတူဆက်မရှင်သန်နိုင်ဘူး။
အရမ်းချစ်လို့ထမင်းရေပူနှစ်ယောက်အတူလျက်ရလျက်ရ တဲအိုးပျက်မှာနေရနေရဆိုတာ....သီချင်းထဲမှာဘဲနားကြားကောင်းအောင်ရေးကြတာ။အပြင်လက်တွေ့ဘ၀နဲကတခြားစီပါ"
"ကောင်းပြီး...စိမ့်။မင်းကိုအတတ်နိုင်ဆုံးနားချတယ်။အဲဒါကလည်းမင်းကိုသိပ်ချစ်လို့...တုန်းဒါတောင်မင်း...ငါအနုပညာကိုစော်ကားတုန်း။
ငါအတတ်နိုင်ဆုံးအနေနဲငါနဲအတူနေထားတဲ့မင်းဘ၀ကိုတန်ဖိုးအထားဆုံးအနေနဲမင်းနဲမခွဲနိုင်ပေးမယ်။မင်းပြောတဲ့စကားတွေကငါအတွက်လုံလောက်ပြီး။
မင်းကိုဖိနပ်အလှတစ်ရံတောင်မဆင်နိုင်တဲ့ဒီအနုပညာသမားလက်ထဲကမင်းထွက်သွားမယ်ဆိုလည်းသဘောဘဲ
ဒါမယ်...ငါမငွးကိုတန်ဖိုးထားလို့ငါနားကထွက်မသွားဖိုပြောချင်တယ်"
"ဟာ...ဒီမှာ...ကိုမင်းအက္ခရာ...ရှင်နဲကျမနဲကတရား၀င်လက်ထပ်ထားတာမှမဟုတ်ဘဲ....အဲအတွက်ရှင်နဲကျမပြတ်သွားရင်...ရှင်လည်းလူပျိုပြန်ဖြစ်နိုင်သလိုကျမလည်းအပျိုပြန်ဖြစ်နိုင်တာဘဲ။ရှင်ကျမအတွက်စိတ်မပူပါနဲရှင်အနုပညာရှင်သာယာနေလိုက်ပါ"
"ထွက်သွားချင်တဲ့လူတစ်ယောက်ကိုတားထားဖို့ဆိုတာဘယ်နည်းနဲမှမဖြစ်နိုင်ဘူး.....စိမ့်။
အဲတောမင်းသွားလိုရာသွားပါ။
ကိုယ့်မင်းအတွက်စူးမဖြစ်စေရဘူး"
"သူမကိုထွက်သွားဖို့ကိုယ့်ပါးစပ်ကပြောခဲ့ပေးမယ်။သူမတကယ့်ထွက်သွားတောကိုယ့်အရမ်းနာကျင်ခဲ့ရတယ်....ခက်"
ခက်Yပုခုံးလေကိုပုတ်လိုက်ပြီး......
"ခက်နားလည်ပါတယ်....ဦးY"
"၁လလောက်ကြာတဲ့အချိန်မှာစိမ့်...ကိုယ့်ဆီပြန်လာခဲ့တယ်....ခက်။အဲအချိန်ကျတောသူတစ်ယောက်တည်းမဟုတ်ဘဲဘေးမှာသူသတိုးသားလောင်းနဲ့ကိုယ့်ဆီမဂ်လာဖိတ်စာလာဖိတ်တာတဲ့။သိပ်မကြာပါဘူး...သူမနိုင်ငံခြားထွက်ငွားခဲ့တယ်။ကိုယ့်လည်းအဲအချိန်ကစပြီးကြိုးစားလာခဲ့တာအခုဒီနေရာကိုရောက်လာတာပေါ့။သူမသတင်းကိုလည်းသူမနိုင်ငံခြားထွက်ပြီးတည်းကမကြားတောဘူး"
Yစကားဆုံးသွားတော ခက်က.....
"လူတိုင်းမှာအတိတ်တွေရှိကြပါတယ်။အဲအတိတ်တွေအားလုံးက...နာကျင်စရာတွေနဲထုံးမွန်းထားတာများတယ်။ဒါမယ့်အတိတ်ကအတိတ်ဘဲလေ...ဦးY"
ခက်ပြောသောစကားနှင်းမဆိုင်သောစကားတစ်ခွန်းYနူတ်ဖျားမှထွက်လာသည်။
"ခက်...မင်းရင်ခွင်လေကအရမ်းနွေးထွေးတာဘဲ"
"ခုမှ...သိတာလား..."
"မင်းကို...ပိုင်ဆိုင်ရရင်သိပ်ကောင်းမှာဘဲ...ခက်"
"ဟာ...ဟေလူကြီး...သူများပျော်ရွှင်စွာပျံသန်းနေတာကိုအတောင်ရိုက်ချိုးတော့မလိုလား"
"အတောင်မချိုးပါဘူး...လှောင်အိမ်ထဲထားပြီးအလှဘဲကြည်ခြင်းတာပါ"
"ကဲ...ဒါဆို...ဦးY...သွားအိပ်တောလေ...
ခက်လည်းအိပ်တောမယ်"
Yခက်ရဲ့ခါးကိုတင်းကျပ်စွာဖက်လိုက်ပြီး....
"ခက်....ကိုယ့်...ပင်ပန်းရင်မင်းဆီမှာအနားယူလိုရမလား"
"ရိုးသားမူနဲဆို...အချိန်မရွေးပါဘဲ...ဦးY......."
"ဒါဆို...ခက်...မနက်ဖြန်ကျူတိုဖြေပြီးရင်ကိုယ့်နဲအချိန်ဖြုန်းပေးနိုင်မလား"
"ခက်ကဦးYအစေခံမို.....ဦးYအားတယ်ဆို...အချိန်မရွေးပါဘဲ။ဦးY...ခက်အိပ်ချင်ပြီး"
"ခနလေပါ...ခက်.ရယ်"
တိတ်ဆိတ်နေသောညနဲအတူခက်လည်းY၏ခံစားချက်များကိုခံစားမိသည်။
"ဦးY...ခက်သွားအိပ်တောမယ်။"
"အင်း...ကိုယ့်လည်း...အိပ်တောမယ်"
ခက်မနက်ရောက်တောYအတွက်မနက်စာပြင်ဆင်ပေးထားသည်။yမနက်စာစားပွဲပေါ်ရောက်နေချိန်မှာခက်ကေကျောင်းသွားဖိုပြင်ဆင်ပြီးဆင်းလာသည်။
"ခက်...ကျောင်းသွားတောမို့လား"
"ဟုတ်တယ်......ဦးY"
"မနက်စာမစားဘူးလား"
"ခက်စားပြီးပါပြီ..."
"ဒါဆိုလည်းခနစောင့်"
Yကော်ဖီကိုအမြန်သောက်ပြီးအပေါ်တက်သွားသည်။အ၀တ်စားလည်းပြီးပြန်ဆင်လာမှ.....
ခက်လက်ကိုYဆွဲလိုက်ပြီး........
".သွားစို......ခက်"
"ဟင့်....ဦးY...ဒါဘာလုပ်တာလဲ"
"မင်းကျောင်းကိုကိုယ့်လိုက်မလိူ့"
"ဦးYလိုနာမည်ကြီးတဲ့လူကခက်နောက်ကိုလိုက်ရင်"
"ဘာလဲ...အနှောင့်ယှက်ဖြစ်မှာကြောက်လိုလား"
"မဟုတ်ပါဘူး....ခက်ကဦးYအတွက်ပြောတာပါ"
"ကိုယ့်အတွက်ဆိုဘာမှစိတ်မပူနဲ....သွားစို"
Yခက်လက်ကိုဆွဲပြီးကားပေါ်တင်လိုက်သည်ေ
ခက်ကျောင်းရောက်တော......
"ကိုယ့်စောင်နေမယ်နော်...ခက်။
ဖြေပြီးတာနဲထွက်ခဲ့"
"စိတ်ချပါ...ဦးY...ပြီးမှအလုပ်ကိစ္စပေါ်တယ်ဆိုပြီးခက်ကို...အခက်တွေအောင်မလုပ်နဲနော်"
"ကောင်းပါပြီး....ခက်"
ခက်ကျူတိုဖြေပြီးတောဖြူသီကိုလှည့်ပြီးထွက်လာသည်။
ကားပေါ်မှာအိပ်ပျော်နေသောဦးYကိုခက်ပုံခိုးရိုက်လိုက်ချိန်မှာဘဲYနိုးလာသည်။
"ခက်....ဘာလို့...ကိုယ့်ပုံရိုက်ထားတာလဲ။"
"ဘယ်မှာရိုက်လိုလဲ....မရိုက်ပါဘူး"
"မလိမ်နဲ...အဲဒါဆိုကိုယ့်ကိုခက်phပြ"
"မပြပါဘူး....."
Yခက်phကိုလုနေရင်မတော်တဆနူတ်ခမ်းချင်ထိမိသွားသည်။
ခက်ချက်ချင်းYကိုတွန်းထုတ်လိုက်သည်။Yကတောပြုံးလိုက်သည်။
"ပူံလေတစ်ပုံရိုက်မိတာကို....."
"စိတ်မဆိုးပါနဲတော...ခက်"
ေ
Yစိတ်ထဲမှာတော"ခက်ရယ်မင်းနူတ်ခမ်းကစိမ့်ထက်တောင်ချိုမြနေပါလား"တွေးပြီး...ကားကိုမောင်းလိုက်သည်။
"ခက်...ဘယ်သွားမလဲ။"
"ဦးYဘဲကစားကွင်းသွားမယွဆို...ဒါနဲဒီနေဦးYရုပ်ဖျက်ထားတာသိပ်မိုက်တယ်"
"မနောက်နဲ."
"တကယ့်ပြောတာ....."
"ရောက်ပြီး...ဆင်းတော"
"ဟင့်...မြန်လိုက်တာ"
"ခကျဘာစီးမလဲ....."
"ပင်လလယ်ဓါးမြလှေ........"
"ဘယ်မှာလဲပင်လယ်ဓါးမြလှေက"
ခက်လက်ထိုးပြီးပြလိုက်သည်
"ဟိုမှာာလေ............."
"အဲဒါလား...ခက်"
"အင်း........"
"တခြားဟာစီးပါလား...ခက်"
"မရဘူး...အဲဒါဘဲစီးမှာ..."
"သေချာပြီးလာူ....."
"လုံး၀sure ဘဲ"
"အဲဒါဆိုကိုယ့်လက်မှတ်သွားဖြတ်တောမယ်"
"ဪ....ဦးYခေါင်းဖျားက၀ယ်ခဲ့နော်"
လက်မှတ်၀ယ်ပြီးYတိုစီးရန်အလှည့်ရောက်ပြီးဖြစ်သည်။Yတစ်ကိုယ်လုံးကြက်သီးများထနေသည်။
"ဦးY.....ကြောက်နေတာလား"
"မကြောက်ပါဘူး....."
"မကြောက်ဘူးသာဆိုတယ်....ဦးYပုံကလည်း"
ဓါးမြလှေထွက်ပြီးဆိုတာနဲYတစ်ယောက်မျက်လုံးများမိှတ်ထားသည်။
စီးပြီးဆင်းတောYအန်လေသည်။ခက်ကYကျော့ကုန်းလေကိုထုပေးပြီး....ရယ်နေသည်။
"ဦးY...ကြောက်တဲ့အရာလည်းရှိသားဘဲနော်""
"တော်ပါတော...ခက်ရယ်...အင်းဘာစားအုန်းမယ်"
"ကစားကွင်းလာရင်ရေခဲမုန်းတောမဖြစ်မနေစားရမှာပေါ့"
"ဒါဆိုက်ုယ့်သွား၀ယ်လိုက်မယ်နော်"
"ဟာ....ဦးY...ဒီနေလိမ်မာနေပါလား"
Yပြုံးသာပြုံးပြလိုက်သေည်။ရေခဲမုန်းစားစီးချင်တာတွေစီးကျသည်။ထိုနေ့ကYအတွက်အပျော်ဆုံးနေလေဖြစ်သလို
ခက်အတွက်လည်းအမှတ်တရနေလေဖြစ်ခဲ့သည်
နောက်အပိုင်းစိတ်၀င်စားစရာများနှင့်အတူဆက်ရန်..........................
Yရဲ.ရည်းစားဟောင်း...စိမ့်
Yရဲ့အဖွားနဲခက်သရဖူအကြောင်းဘယ်လိုဆက်စပ်နေမလဲဆိုတာ
အပိုင်း-၈မှာဆက်ရန်..................
စာဖတ်သူများကိုအစဥ်ကျေးဇူးတင်လျက်ပါ
စာရေးသူ-V👰👰👰