book

Index 6

အပိုင်း-၆

  • Author : Author-V
  • Genres : Romance, Drama

ရွှေမင်းသား၏အပျို​တော်.    

~~~~~~~~~~~~~~~~

¤¤¤¤¤¤¤¤

"ခက်​သွား​အိပ်​တော​မယ်......."


အနားမှထွက်သွား​သောခက်၏လက်ကိုY

လှမ်းဆွဲလိုက်သည်။ခက်လည်းYကိုပြန်​ကြည်​လိုက်ပြီး


"ဦးY...ခက်ကိုဘာခိုင်းစရာရှိ​သေးလိုလဲ"


"ဒီည...ခက်...ကိုယ့်နဲ​နေ​ပေးနိုင်မလား"


ခက်မျက်နှာပျက်​သွားသည်။ခက်မျက်နှာကိုပြန်ကြည်ပြီးYက.....


"ခက်...ကိုယ့်ကရိုးရိုး​ပြောတာပါွ

ကိုယ့်နဲဒီညအ​ဖော်လုပ်​ပေးနိုင်မလား။စကား​ပြော​ဖော်​ပေါ့"


"ခက်​မနက်...ကျူတိုဖြေရအုန်းမယ်...

စာကြည်ရအုန်းမယ်။"


"ဒါ​မယ်​ခက်......။ကိုယ့်...ခက်ကို​ပြောစရာ​တွေရှိလိုပါ။"


ခက်ခဏငြိမ်သက်စွာစဥ်စားလိုက်ပြီး.....


"ခက်........."


"ရှင်...."


"ကို​ယ့်​ပြောတာ........."


"အင်း​ပါ....ဒီည။ဦးYနဲစကား​ပြော​ဖော်အဖြစ်​နေ​ပေးပါမယ်။"


"ကျေးဇူးပါ....ခက်။​လာ...ကိုယ့်တို့ဧည်ခန်းထဲသွားရ​အောင်​လေ"


"အင်း........"


ဧည့်ခန်းထဲ​ရောက်​တောYကဆိုဖာ​ပေါ်ထိုင်ချလိုက်​ပေးမယ်။ခက်ကမီးဖိုခန်းထဲ

သွားရန်ခြေလှမ်းများပြင်နေချိန်မှာ.....


"ခက်...ဘယ်သွားမိုလဲ"


"​သောက်စရာတစ်ခုခုသွားပြင်မို့ပါ။"


​ပြောပြီးခက်​သောက်စရာသွားပြင်လာသည်​။

​​သောက်စရာက​တော​ရေ​နွေးကြမ်းအိုး​လေဖြစ်သည်။​ရေ​နွေကြမ်းအိုးကိုဧည်ခန်းစားပွဲ​ပေါ်သို့ ခက်တင်ထားလိုက်သည်။ခက်တင်ထား​သော​ရေ​နွေးကြမ်းအိုးကိုYကြည့်လိုက်​ပြီး.......


"ခက်...မင်း...​သောက်စရာပြင်မယ်ဆိုတာ...ဒါလား"


Y​ရေ​နွေးကြမ်းအိုးကို လက်ထိုးပြီး​မေးလိုက်သည်။ခက်ဆိုဖာ​ပေါ်ထိုင်လိုက်ပြီး


"ဟုတ်တယ်​လေ....ဦးY...ဘာလိုလဲ"


"ဪ...ကိုယ်​ထင်တာ​က...​သောက်​စရာ​တစ်ခုခု​ဆိုတော့...ယမကာများလားလိုပါ။"


"ဦးY...​သောက်ချင်လို့လား။ခက်...သွားယူ​ပေးမယ်"


ဆိုဖာမှထရန်ပြင်​နေ​သောခက်ကိုYက​လက်ကာ​ပြပြီး.....


"ရပါတယ်....ခက်...မယူနဲ​တော။ခက်...ဒီ​ရေ​နွေးအိုး​လေယူလာထဲက...မင်း...ကိုယ့်ကိုအရက်မတိုက်ချင်ဘူးဆိုတာကိုယ့်နားလည်တယ်"


ခက်​ပြုံး​လိုက်ပြီး.............


"စကားကို​ကောင်းမွန်​စွာ​ပြော​ချင်ရင်

ကိုယ့်စကားကိုတခြားသူတစ်​ယောက်ထံအ​လေးနက်ဆုံး​ပြောချင်​ရင်

ကိုယ့်​ပြောတဲ့စကားကိုကိုယ့်​ရောနား​ထောင်သူ​ရော​လေးနက်တဲ့သ​ဘောကို​ပေါ်လွင်​အောင်​ပြောခြင်းရင်.....ယမကာ​ဆိုတဲ့...ငနဲ​လေ​နဲ့....

​ရှောင်ရတယ်....ဦးYရယ်"


Yတည်ကြည်စွာဖြင့်ခက်ကိုကြည့်လိုက်ပြီး....


"မင်း...မြန်မာစာ​ကျောင်းသူမှန်သိပ်သိသာလွန်တယ်

မင်း​ဒီ​စကားတွေ​ကရော...ပြဠာန်းစာအုပ်ထဲမှာပါတာ​တွေနဲကိုယ့်​ကိုဆုံးမ​နေတာလား"


"ဟား...ဦးY...ဒီစကား​တွေ​ကပြဠာန်းစာအုပ်ထဲမှာမပါပါဘူး။

ရင်ကျက်မူနဲအတူ...ယမကာကိုမကြိုက်တဲ့လူတစ်​ယောက်အ​နေနဲစကားကိုအတည်ကြည်ဆုံး​ပြောချင်တဲ့သူတစ်​ယောက်အမြင်နဲဘဲ​ပြောတာပါ။ခက်စကား​တွေကအရမ်းကြီးဘ၀င်ရူးရာကျသွားရင်​တော။ဦးYကဘဲသည်းခံ​ပေး​ပေါ့"


ခက်စကား​လေ​ပြော​ပြီးရေနွေးခရားထဲကရေနွေးကိုခွက်ထဲထည့်နေသည်။


"ရော...ဦးY...ယမကာလိုဘာ​ကောင်ကျိုးမှမ​ပေးတဲ့အရာထက်စာရင်။ကိုယ့်ယဥ်​ကျေးမူထုံးစံဖြစ်တဲ့ရေနွေးကြမ်းလေကတော

ခန္ဓါကိုယ့်အတွင်အများကြီးအ​ထောက်ကူ​​ပေးတယ်"


Yရေနွေးခွက်ကိုလှမ်းယူသောက်လိုက်ပြီး.....


"ခက်...မင်းက...ဒီ​ရေ​နွေးကိုကြိုက်တယ်​ပေါ့"


"ကြိုက်တာ​မဟုတ်ဘူး......မြတ်နိုးတာ"


"ဘာ​ကြောင့်​လဲ..............."


"​ရှေးလူကြီး​တွေရဲ့ယဥ်​ကျေးမူအ​မွေနှစ်​လေမို့လို"


"ဟား....မင်းလိုမိန်းကလေးဒီလောကရှားသွားပြီး။ကိုယ့်တောင်...သိပ်ကံ​ကောင်းလို​တွေ့တာထင်တယ်"


"ဘာလို........"


"အခု​ခေတ်​မှာ....​ရေ​နွေးအစားယမကာကိုအသုံးပြု​လာတယ်

ဘ၀ကြီးအစား​အောင်မြင်မူကိုခုတုံးလုပ်လာတယ်

လိုအပ်ရင်လိုအပ်သလိုမိန်းက​လေး​တွေကလည်းသူတို့ဘ၀ကို​ပေးလာကြတယ်။"


Yစကားရပ်သွာယသည်။ခက်ကဘဲ​ထောက်​မေး​မေးလိုက်သည်​။


"ပြီးတော​ရော....."


"ကိုယ့်မသိ​တောဘူး။ကိုယ့်အမြင်ကဒီ​လောက်ဘဲ"


"အဲဒါဆို...ခက်...ဆက်​ပြောပြမယ်"


"အင်း........"


"အချစ်ကိုခုတုံးလုပ်ပြီးsexမှာသာယာကြတယ်။​

မေတ္တာကိုအ​ကြောင်းပြပြီးခိုင်လုံမူမရှိတဲ့အချစ်နဲသစ္စာတရားတွေပျက်ပြားလာကြတယ်။

မိန်းက​လေး​တွေကဘ၀ထက်​ပျော်ရွှင်မူကိုဦးစားပေးလာကြတယ်။​ယောကျာ်းသား​တွေစကားကြွယ်ကြွယ်​တွေနဲ့အယုံသွင်းပြီးမိန်းက​လေးအများစုရဲ့ဘ၀​တွေသူတို့​ခြေ​အောက်​ရောက်​နေတာ​တောင်သူတို့ကိုသူတိုဆို့​သေးလူပျိုပါလိုဟန်​ဆောင်စကားဆိုလာကြတယ်

ကိုယ့်ယဥ်​ကျေးမူအစားသူများယဥ်ကျေးမူကို

ကိုမျက်စိကြလာတယ်ဒါကို​ခေတ်မီှတယ်ဆိုတဲ့အသုံးနူန်းနဲအ​ကြောင်းပြကြတယ်။လိမ်မာယဥ်​ကျေးပြီး​ခေါင်းငုံ​နေရင်တုံးအတယ်လိုယူဆကြတယ်။ဆက်ဆက်ထိမခံတဲ့မာန​လေထားပြန်​တောတလွဲမာနလို​ပြော​ကြတယ်။

တကယ့်​တောလည်းဦးYရယ်...လူ​တွေအားလုံးကကိုယ့်လိုရာထည့်သွင်းစဥ်စားပြီး​ပျော်​နေကြတာပါ။"


"ဟား...မင်းစကား​တွေကအ​တော်​လေ​လေးနက်ပါတယ်။မင်းကိုကိုယ့်သိပ်ချီကျူးသွားပြီး........"


"ဒါက...ခက်​တွေးမိတဲ့အ​တွေးသက်​သက်​ပါ။

ခက်ရှေ့ကမြန်မာမ​လေး​တွေကိုယဥ်​ကျေး​စေချင်ပြီး။အလိမ်မာအသိနဲဘ၀ကိူရှာ​စေချင်တယ်။တချို့ဆိုရတနာ၃ပါး​တောင်​မေ့​လျော့​နေကြပြီး...ဒါတွေကမဖြစ်သင်ဘူးလေ..."


"ခက်....မင်းကို....ကိုယ့်စိတ်​ထဲမှာ​ရော...အပြင်မှာရောမေးနေမိပြီးခက်....

မင်းကဘယ်လိုမိန်းက​လေးလဲ"


"ဒါဆို...ဦးYခက်ထပ်​ပြောပါမယ်။

ကိုယ့်ကိုယ်ကို​တောင်အ​ဖြေရှာမ​တွေ့​သေးပါဘူး"


"ဒါ​မယ်...ကိုယ့်က​တောရှာ​တွေ​နေပြီးခက်"


"ရှင်........"


"အင်း....မင်းကတကယ့်ကိုအဖိုးတန်သူလေပါ

မင်းကိုရတဲ့လူကတော...ဒီ​လောကမှာကံအ​ကောင်းဆုံးလူသားဖြစ်လာမှာ....တစ်ခုဘဲ...

ခက်...အဲဒီမင်းကိုပိုင်ဆိုင်မယ်လူသားကမင်းတန်ဖိုးကိုမသိတဲ့လူဖြစ်မှာ​တောကိုယ့်စိုးရိမ်မိတယ်။မင်းကအရာရာကိုဥာဏ်နဲယှဥ်နှလုံးသားကခံစား​ပြီး​တွေးတတ်သူ​လေဘဲ။မင်းကအဖိုးမဖြတ်နိုင်တဲ့သူ​လေဘဲ"


"ဟား...ဦးY...သိပ်​မြှောက်လွန်​နေပါပြီး

အရာအားလုံးကပတ်၀န်းကျင်နဲရောဆိုင်နေတယ်မထင်ဘူးလား။ဥပမာ...ကိုယ့်​အနားမှာ​ရှိတဲ​ဆွေမျိုး၊ချစ်သူ၊မိသားစုနဲ​ရောဆိုင်တယ်မထင်ဘူးလား"


"ဟင့်.....ဟုတ်လား...ဆိုစမ်းပါအုန်း"


"လူ​တွေရဲ့စိတ်က​မွေးထဲကခက်ထန်မမာ​ကြော့ကြဘူး။သူတို့ရှင်သန်တဲ့ပတ်၀န်းကျင်ကိုလိုက်ပြီးသဟဇာတဖြစ်​အောင်ရှင်သန်ရင်ခက်ထန်မာ​ကြော့လာကြတာ။လူစိတ်ကအစမှာပန်းပုပြိုင်ပွဲတစ်ခုလိုဘဲသူတို့ကိုဖ​ယောင်းနဲလုပ်ရင်​ပျော့​ပျောင်းညှင်သာနိုင်သလိုသစ်သားဆင်စွယ်တိုနဲထုရင်​တောဘယ်လိုမှမ​ပျော့​ပျောင်းနိုင်​တောဘူး။ဒီသ​ဘောတရားအတိုင်းပါဘဲ...ဦးY

လူစိတ်ဆိုတာ"


"ခက်....မင်း...ကျူတာလုပ်သင်တယ်"


"ဝါသနာနဲစီပွားဖြစ်ဘယ်ဟာ​ရွေးမလဲဆိုစီပွားဖြစ်ဘဲ​ရွေးမှာပါ။အဲအတွက်ခက်​လည်း...ဆရာမအလုပ်ကိုစိတ်၀င်စားပါတယ်"


"မင်းကသိပ်​တော်တဲ့မိန်းက​လေးဘဲ...

ဒါ​​​​ကြောင့်မင်းကိုငါယုံကြည်လိုရမလား"


"အဆုံးအစမဲ့......ယုံကြည်နိုင်ပါတယ်"


Yခက်ကိုသေချာစူးရဲစွာကြည်ပြီး......


"မင်း....အပန်းမကြီးရင်ကို​ယ့်...​ဘေး​မှာလာထိုင်​ပေးနိုင်မလား"


"အရှင်သခင်​က...​တောင်းဆို​နေ​ပေးမယ်..."


"ကဲ​ပါ...စျေးမကိုင်ပါနဲတော...ခက်ရယ်။ကိုယ့်ကရိုးသားစွာ​တောင်းဆိုတာပါ"


ခက်....ပြုံးလိုက်​ပြီး....


"​ကောင်းပါပြီ........"


ခက်....Yရှိတဲ့ဆိုဖာဘက်မှာထိုင်လိုက်သည်။


"ခက်...မင်း...ပခုံး​ကို​ရော...ဒီညကိုယ့်ကိုငှားလိုရမလား:


"ဟိတ်...လူကြီးမလွန်လာနဲ​တော"


"မင်းကို​ဘာမှမ​လုပ်ပါ​ဘူး....ပုခုံးဘဲငှား​ပါ။"


Y...ခက်​....ရှေ​မှာ...ခက်ကိုမရှက်တန်း၀န်ခံလိုက်သည်


"မင်းလိုမိန်းက​လေးရဲ့ပုခုံးကဘယ်​လောက်ထိ​နွေး​ထွေး​လဲဆိုတာ...ကိုယ့်သိချင်လို့ပါ"


"ဟား...ဟား....ဟား...​ယောကျာ်းအရင့်မာကြီး​တွေကလည်း

အားနွဲ တတ်တာဘဲလား...ဦးY"


"​ယောကျာ်းမ်ု့အားမနွဲရဘူးလို...ဘယ်ပြဠာန်းချက်မှာရှိလဲ။​ယောကျာ်အရင်းမာကြီး​တွေကလည်းလူထဲကလူပါဘဲခက်။အားငယ်တတ်ပါတယ်"


"ငါ​ဟဲ့...ယောကျာ်းကြီးဆိုပြီး...အားငယ်တတ်တဲဦးYဘေးမှာ...ငါ​ဟဲ့...မိန်းမဆိုပြီးအားမငယ်​အောင်လက်ခုပ်တီးအား​ပေးတဲ့...ခက်​ရှိပါတယ်..မ​ကြောက်နဲ​နော်"


ခက်Yကိုအမူရာများဖြင့်စလိုက်သည်။

Yလည်းခက်ပုခုံးကိုမီှလိုက်ပြီး....


"ခက်...ချစ်ခြင်း​တရားကို...မင်းဘယ်လိုနားလည်လဲ။"


"ခက်​က​တော...အချစ်ဆိုတာ...အ​ပေါ်ယံ​ကြောသာယာမူအတွက်လူတွေသက်သက်ဖန်တီးခဲ့တဲ့...စိတ်အတွင်းကအရုပ်​က​လေးလို...သ​​ဘောထားတယ်။အချစ်ကိုနားလည်တဲ့အရာ...ခက်မှာမရှိဘူး"


"ဒါဆို...မင်းက...နှလုံးသားမရှိတဲ့အရုပ်လား"


"မဟုတ်ပါဘူး...ဦးY...

ဦးYရဲ့အဓိပ္ပါယ်​ကောက်နူန်း​တွေမှာယ​နေပါပြီး"


"ဒါဆို​ပြောပါ​အုန်း........"


ခက်သူမ၏လက်သည်းလေများကိုကြည်ပြီး


"ခက်ကအချစ်ကိုမယုံဘူး။မေတ္တာကိုယုံတယ်။အဲ၂ခုကကွာခြားတယ်။အချစ်ကမီးဆို​မေတ္တာတရာက​ရေ။အချစ်ကပူ​လောင်တယ်​မေတ္တာတရားက​အေးချမ်းတယ်ချစ်မှာရာဂအဆိတ်ပါရင်​မေတ္တာတရားကအဲအဆိတ်အတွက်​ဖြေ​ဆေး။ဒါ​ကြောင့်ခက်လူတစ်​ယောက်စချစ်ရင်အချစ်မျက်လုံးနဲမကြည်ခြင်းဘူး။ခက်ကိုချစ်တယ်လို​ပြောတဲ့လူကိုလည်းအချစ်ထက်​မေတ္တာတရားပါရင်ခက်ကပိုအ​လေးထားမိမှာ""


"ဒါဆို...ကိုယ့်​က...ချစ်ခြင်း​နွေများလိုပူ​လောင်​နေတာထင်တယ်"


"ဟင့်...ဟုတ်လား"


"ဟုတ်တယ်​ခက်....ကိုယ်အ​ကြောင်း​တွေကိုခက်ကို​ပြောပြဖိုဘဲ​ရွေးချယ်လိုက်​တောမယ်"


"ဦးYရဲ့​ရွေးချယ်မူမမှား​စေရပါဘူး"


"ခက်​ပြောပုံဆို.....ကိုယ့်ငယ်ငယ်က​မေတ္တာတရား​တွေငတ်ဘူးလိုထင်တယ်။အဲဒါ​ကြောင့်မှားယွင်းပြီးကိုယ့်အ​ပေါ်ချစ်တဲ့လူကိုရှာခဲ့မိတယ်။

မင်း​သိမလား......ခက်။နန်းမဟာဆိုတဲ့စံအိမ်​တော်ကြီးကို"


"ခက်...ကြား​တောကြားဖူးပါ"


Yပြုံး​လိုက်ပြီး................


"မင်းကြားဖူးတာတင်မကဘူး။အခုသိပါသိရ​တောမှာ"


"ဟင့်....ဘာလို့"


"ဘာလိုဆိုကိုယ့်ကအဲစံအိမ်​တော်ရဲ့မင်းသားတစ်ပါးဘဲ....ခက်"


ခက်နူတ်ဖျားမှ"ရှင်....."ဆိုတဲ့အသံလေတီးတိုးထွက်လာသည်။


"ဒါဆို...ဦးYက...စံ​အိမ်​တော်က....မင်းသားတစ်ပါး​ပေါ့"


"ဟု​တ်​တယ်.......။ဒါမယ်အ​စေက​မွေးတဲ့....

သားပါ။အဲအချိန်တုန်းကအိမ်ကြီးရဲ့သခင်မမှာကိုယ့်၀န်မရှိ​သေးဘူး။ကိုယ့်​မေ​မေကကိုယ့်ကိုအရင်​မွေးခဲ့တာ။အဖေကတောအဲစံအိမ်တော်ရဲ့သားကြီးပေါ....

အဲ​တောဖွားဖွားက....ပထမဆုံး​မြေးဦးဆိုပြီးကိုယ့်ကို​ခေါ်ထားပြီးအ​မေကို​နှင်ထုတ်ခဲ့ကြတယ်။ဒီအ​ကြောင်း​တွေကိုလည်ခြံ​စောင်းဦးကြီးက....ကိုယ့်​ကို...ခနခန​ပြောခဲ့တယ်ေ။သူကလည်း​​ပြောပြမှာ​ပေါ့။ကိုယ့်ကသူညီမက​မွေးတဲ့သူတူအရင်းကို။ဒါကို...ဖွားဖွားသိတော

ကျူးပင်ခုတ်ရင်ကျူးမငုတ်မကျန်ရှင်ရမယ်​ဆိုတဲ့အ​တိုင်း.....အဲ​နေ့ကကိုယ့်​ကျောင်းကပြန်လာတဲ့အချိန်နဲတိုး​တော...

ကိုယ့်တိတ်တိတ်လေနားထောင်ခဲ့တယ်။"


"ငါကိုယ့်က​မေ့သွားတာပါ....ကျူးပင်ခုတ်ရင်ကျူးငုတ်ပါမကျန်ရှင်းရမှာကို....ခု​တော....ငါ​မြေး​လေး

စိတ်ဆင်းရဲ​အောင်နင်ကအမျိုးမျိုးလုပ်​နေတာဘဲ။​မောင်မင်းကိုသနားလိုအလုပ်မထုတ်ခဲ့တာအဲဒါအမှားကြီး...တစ်ခုကိုလုပ်မိတာဘဲ။​မောင်မင်းလည်းခုချက်ချင်းဒီအိမ်ကြီး​ပေါ်က...ဆင်းတော....​မောင်မင်းအတွက်၁၀လစာလခ"


"ကျွန်တော်​မျိုး​က.....အလုပ်ရဲ့တန်ကြေးဘဲယူမှာပါ...ဘွား​တော်...တန်ရာတန်ကြေး​ဘဲ​ပေးပါ....မင်းအက္ခရာကိုသူအမေအကြောင်းတွေ...​ပြောရတယ်ဆိုတာလည်း...က​လေးကအကုန်သိ​နေလို့ပါ"


"ဒီအ​ကြောင်း​တွေက​မောင်မင်း​ပြောလိုသိတာ​ပေါ့"


"သိသင့်သိထိုက်တာမို့ကျွန်​တော်မျိုးက​ပြောလိုက်တာပါ။"


"မောင်မင်း....ဘာ​ကြောင့်တစ်ခွန်းမကျန်​ပြော​နေရတာလဲ။"


"အလုပ်ထွက်ကမယ်အတူတူ...အမှန်တရားတွေပြောဖို့...ကျွန်​တော်မျိုးမှာသတ္တိ​တွေရှိလားတာ​ပါ။

ဘွား​တော်....လည်း....အရာအားလုံးကိုသိရက်နဲဘာ​ကြောင့်မသိချင်​ယောင်​ဆောင်​နေတာလဲ။

ကျွန်​တော်မျိုးတူ​လေက...ဘာအပြစ်​မှမ​ရှိတဲ့

ဖြူစင်တဲ့က​လေး​လေပါ။သူမှာမိခင်​မေတ္တာ​ရောဖခင်​မေတ္တာပါ....မရပါဘူး။ဒါ​မယ်.......

ဘွား​တော်ရဲ့​မေတ္တာကိုတော့...ကျွန်တော်​မျိုး​တူ​လေး...အကုန်ရတဲ့အတွက်၀မ်းသာပါတယ်။

ကျွန်​တော်မျိုးတူ​လေကို....​စောင့်​ရှောက်​ပေးပါ။ဒါမယ်ကျွန်​တော်မျိုး...သူအ​မေ​နေတဲ့​နေရာကိုမ​ပြောထားပါဘူး။ဘွား​တော်ကို​တော...ကျွန်​တော်မျိုးအထူး​ကျေး​ဇူးတင်ပါတယ်"


"ကိုယ့်ဦး​လေးစကားသံတွေကြားတောကိုယ့်ဘယ်လိုမှမခံစားနိုင်ဘူး....ခက်။ကိုယ့်...အဲစံအိမ်ထဲက​နေလွတ်​မြောက်ရာကို...ရှာခြင်းခဲတယ်။နောက်ဆုံးမှာ...အဲကစီးပွားရေးတွေလည်း...ကိုယ့်ဦးမ​ဆောင်ခြင်း​လို့....အနုပညာကျောင်းတက်ပြီး....ကိုယ့်ဘ၀ရဲ့လမ်းကိုဆက်​လျှောက်ခဲ့တယ်"


Yထပ်​ပြုံး​လိုက်ပြီး..................


"​နောက်.....ကိုယ့်​ဘ​၀​အတွက်...အချစ်​တွေအများကြီးကိုယ့်ရှာခဲ့တယ်။အဲအချစ်​တွေထဲကမှ​ကိုယ့်....အရမ်းချစ်​ခဲ့​တဲ့...လူတစ်​ယောက်ကို​တွေ့ခဲ့တယ်။သူနာမည်က....

ခြူးနွယ်စိမ့်"


​နောက်အပိုင်းဆက်ရန်........................

Vဒီအပိုင်း​လေထဲမှာခု​ခေတ်ကိုVမြင်သလို​လေထည့်​ရေးထားပါတယ်။အမြင်ခြင်းမတူရင်သည်းခံ​ပေးကြပါ။

အမှားပါသွားရင်လည်းခွင့်လွတ်ပေးကြပါလို့

စာဖတ်သူများကိုတောင်းဆိုအပ်ပါသည်။

စာထဲမှာအမှားပါသွားရင်လည်​ဝေဖန်နိုင်ပါတယ်ရှင်။


စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို အထူး​ကျေးဇူးတင်​လျက်​ပါ။


စာ​ရေးသူ-V👰👰👰


rate now: