ရွှေမင်းသား၏အပျိုတော်
~~~~~~~~~~~~~~~~~~
¤¤¤¤¤¤¤¤¤¤¤¤
"ငါနဲအပြင်သွားရမယ်....မင်းပြင်ဆင်စရာရှိတာပြင်ဆင်ထား"
Yပြောပြီးထွက်သွားသည်။Yထွက်သွားတာတောင်ခက်သရဖူတစ်ယောက်အရေးမစိုက်ဘဲကုတင်ပေါ်တွင်သာထိုင်နေသည်
"မင်း...ပြင်ဆင်လိုပြီးပြီလား။"
"ရှင်ကဘယ်သွားမယ်မပြောဘဲ...ခက်ကဘာကိုပြင်ဆင်ရမှာလဲ"
"ကျစ်...မင်းကိုငါအပြင်သွားစရာရှိတယ်ပြောတယ်လေ"
"အေးလေ...အဲအပြင်ဆိုတာဘယ်လဲ။ဥပမာ...ပါတီလား...ဘာလားဆိုတာ...ရှင်...ခက်ကိုပြောခဲ့လိုလား"
"မင်းကတကယ့်မလွယ်တဲ့မိန်းမဘဲ"
"ရှင်ခုမှသိလိုနောင်တရနေတာလား"
"ကျစ်...မင်းကိုငါထပ်အပြစ်ပေးရမှာလား"
"ရှင်...ထပ်လုပ်ရဲရင်လုပ်ကြည်လိုက်လေ။
တစ်ခါဘဲရမယ်...နှစ်ခါမရဘူး"
"သေချာလား......."
ခက်သရဖူလက်လေပိုက်ပြီးနူတ်ခမ်းလေဆူကာဂရုမစိုက်သောအမူရာဖြင့်"ဟင့်"
လိုလုပ်ပြလိုက်သည်။
Yလည်းအသည်းယားပြီးခက်သရဖူနားသို့တိုးသွားသည်။Yအနားရောက်တောခက်သရဖူနူတ်ခမ်းကိုလက်နဲပိတ်ထားသည်။Yကအနားသို့ပိုတိုးလာသဖြင့် ခက်သရဖူလည်းYကိုသေချာကြည်ပြီး။
"ရှင်ထပ်ပြီးဘာလုပ်အုန်းမိုလဲ"
"ငါဘာလုပ်မယ်ဆိုတာမင်းသိနေရဲ့နဲ
ဘာလိုမေးတာလဲ။ဘာလဲဘာလုပ်မယ်ဆိုတာကိုကြားချင်သေးလိုလား"
"လူယုတ်မာကြီး"ခက်သရဖူပြောပြီးYခြေထောက်ကိုနင်းလိုက်သည်။
"အား......မင်း....မင်း..........."
"အလှည့်ကျမနွဲစတမ်းဘဲ"
ခက်သရဖူပြောပြီးရေချိုးခန်းထဲ၀င်သွာသည်။ပြီးနောက်ရေချိုးခန်းလော့ကိုပါချလိုက်သည်။
"ဒေါက်....ဒေါက်.....ဟိတ်...မင်းငါမန်နေဂျာလုပ်ရမယ်။အ၀တ်စားလဲပြီးဧည့်ခန်းထဲထွက်လာခဲ့"
ပြောပြီးYထွက်သွားသည်။
Yစိတ်ထဲမှာတော"ဒီကောင်မလေးကတကယ့်ကိုမလွဲတဲ့ကောင်မလေး။အချဥ်တောမှတ်လိုမရဘူးဘဲ"
ခက်သရဖူတစ်ယောက်ပြင်ဆင်ရန်မှန်တင်ခုံရှေတွင်ထိုင်းပြီးမှ.......
"ဦးY...ရှင်ကျမကိုအပြစ်ပေးသလို။ရှင်ကိုလည်းကျမကအပြစ်ပြန်ပေးရမစ်ပေးသလို။ရှင်ကိုလည်းကျမကအပြစ်ပြန်ပေးရမ၊ပေါ။တွေ့ကျသေးတာပေါ့ဦးYရယ်။
ခက်သရဖူဆိုတဲ့ကျမကလည်းတန်ပြန်အစွမ်းပေးရမှာပေါ့"
ခက်သရဖူပြင်ဆင်ထားပုံကထသွားထလာပုံစံမဟုတ်ဘဲ။မျက်နှာကိုသနပ်ခါးဘေးကျားလိမ့်ပြီးတင်ထိရှည်သောဆံပင်ကိုအုန်းဆီပြောင်းအောင်ထည့်လိုက်ပြီးကျစ်ဆံမြီး၂ဖက်ကျစ်လိုက်သည်။နူတ်ခမ်းကိုနီနေအောင်ဆိုးထားသည်။Eye shadow အရောင်တောက်တောက်ခြယ်လိုက်ပြီးမျက်မှန်ကိုမင်းသားကြီးကောလိပ်ဂျင်နေ၀င်းတပ်သည်မျက်မှန်ပုံစံကိုတပ်လိုက်သည်၀တ်ထားပုံကဂျင်းဘွိုင်လာနဲတီရှပ်အစားမြန်မာအကျီရင်စေ့၀တ်ထားသည်။
ဧည်ခန်းထဲတွင်စောင့်နေသောYနားသို့ခက်သရဖူရောက်လာသည်။
"အိမ်ကြီးရှင်Yရေ....ခက်...ပြင်ပြီးပါပြီး။"
Yလှည့်ကြည်လိုက်သည်။Yမျက်လုံးများအပြူးသားဖြစ်သွားသည်။
"ဟင့်....မင်း....ဒီပုံစံကဘာပုံစံလဲ"
"ဟင့်...ရှင့်မေးပုံကြီးကလည်း...ဘာဖြစ်လိုလဲ
ဒါခက်ရဲ့ပုံစံဘဲလေ"
"မင်းပုံစံ......"
ခက်တစ်ယောက်မျက်လုံးလေမိှတ်ပြပြီးခေါင်းကိုတဆတ်ဆတ်ညိတ်နေသည်။
"ဟာကွာ...သွားပါပြီး....သနပ်ခါးဘေးကျားနဲဆံပင်ကလည်းကြည်အုန်း။မင်းကိုငါအရင်ကတွေတဲ့မင်းအပြင်သွားတဲ့ပုံစံကဒီလိုမဟုတ်ပါဘူး"
"မဟုတ်ဘူးလေ...ဒါကရှင်အတွက်တမင်...ပြင်ဆင်လာတာ။ဘယ်လိုလဲခက်ကြည်ကောင်းရဲလား"
"ခက်...သ...ရ...ဖူ......."
"အအမယ်လေ...လန့်လိုက်တာဖြေးဖြေးခေါ်ပါရှင်။
ရှင်နဲခက်ကနီးနီးလေပါ။ပြီးတောခက်...နားလည်းမလေးသေးပါဘူး"
"အေးပါ.....မင်းခုတောဒီတိုင်းဘဲလိုက်ခဲ့။
နောက်မှမင်းနဲငါနဲတွေ့မယ်"
"အခုလည်းတွေ့နေတာဘဲ"
ခက်သရဖူတီတိုးဆိုလိုက်သည်။
"မင်းဘာပြောလိုက်တာလဲ"
"ခက်...ပြောတာကိုရှင်နားမလေးသေးရင်ကြားမှာပါ"
"ဟာကွာ....မင်း...မင်း......
ငါကိုအတော်စိတ်တိုအောင်လုပ်နေပြီး။တောက်....."
ခပ်သရဖူကတောYစိတ်ဆိုးနေသည်ကိုစိတ်ထဲတွင်ရယ်နေမိသည်။အပြင်မှာတောသူမ၏မျက်နှာကိုအတော်မျက်နှာပိုးသတ်ထားရသည်။
"ဟိုမှာအိတ်၂အိတ်တွေလား....."
"ခက်....မကန်းသေးဘူးတွေတယ်"
"မင်း...အတော်လေရှည်တာဘဲနော်။တွေ့တယ်ဆိုပြီးပြီပေါ့။
အဲ၂အိတ်မင်းသယ်လာခဲ။"
"ဟင့်...ခက်သယ်ရမှာလား"
"မင်းမသယ်လိုဘယ်သူသယ်မသယ်မှာလဲ။စကားတွေမရှည်နဲကွာ။သယ်စရာရှိတာသာသယ်လာခဲ့"
"ပြီးရော........"
အိတ်တွေကိုခက်သယ်ကြည်တောအိတ်တွေကအလွန်လေးသည်။
"ရှင်...ရှင်အိတ်တွေထဲဘာတွေထည့်ထားတာလဲ"
Yဘာမျှပြန်မပြော..............
"ဟင့်...ဒီလူကြီးကတောလေ...နားလေးနေပြန်ပြီးလားမသိဘူး"
"မင်း...ဘာပြောတယ်"
"ရှင်...ဒါကြတော...ကြားတယ်နော်
ခက်မေးတာကျမကြားဘူး"
"မင်းကွာ....ငါကိုအလုပ်လုပ်ခါနီးအတော်စိတ်တိုအောင်လုပ်နေတာဘဲ
ကဲ...ကားပေါ်တက်"
Yမောင်းသွားသောနေရာက်ုခက်မသိပေ။ခက်ကားပေါ်တွင်အိပ်ပျော်သွားသောကြောင့်ဖြစ်သည်။Yတစ်ယောက်ရိုက်ကွင်းနေရာသို့ရောက်နေပေမယ်။ခက်...အိပ်နေသောကြောင့်မနိူးရက်ဘဲ။ခက်ကိုYသေချာကြည်နေသည်။
"အင်း......."ခက်အပျက်းကြော့ဆန်ပြီး။
"ဘယ်ရောက်နေပြီးလဲ...လူကြီး"
"ရော...မင်းသရေတွေအရင်သုတ်လိုက်"
"ဟင့်"ခက်...Yပေးသောတစ်ရူးပိုယူပြီး။နူတ်ခမ်းနဲပါးတစ်ဝိုက်ကိုသုတ်လိုက်သည်။
"ကားနောက်ခန်းမှာခုံရှိတယ်မင်းသွားယူပြီး။ဟိုနားကရိုက်ကွင်းကိုလာခဲ့"
ခက်သရဖူYအကျီစကိုဆွဲလိုက်ပြီး။
"ဘာရိုက်ကူးရေးလဲဆိုတာခက်သိလိုရမလား"
"။စကားမရှည်ဘဲခုံယူပြီးသာလာခဲ့"
"ဟင့်...သိချင်လိုမေးတာကိုအမြဲဒီတိုင်းကြီးဘဲ။သူစိတ်ကြီးဘဲဘယ်လိုလူမှန်ကိုမသိဘူး"
ခက်သရဖူခုံယူပြီးYကိုခုံခင်ပေးလိုပ်သည်။Yဘေးတွင်ယောကျာ်းလေ၄ယောက်ကလည်းထိုင်နေသည်။ခက်စိတွထဲတွင်သိလိုက်သည်မှာဖြူသီပြောသောYပြီးလျှင်နောက်၄ယောက်ဖြစ်သည်။ထိုထဲမှတစ်ယောက်ဖြစ်တဲ့DMက.......
"ဟာ....Yသူလေက။မင်းပြောတဲ့မန်နေဂျာအသစ်လား"
"မဟုတ်ပါဘူး....."
ခက်ကဘဲငြင်းလိုက်သည်။
"ဟုတ်တယ်...သူကငါ့မန်နေဂျာမဟုတ်ဘူး"
"အစေခံ......"
"ဟာ...မင်းကွာ...ဒီခေတ်ကြီးထဲမှာဒီလိုကရှိသေးတာလား"
"ဟုတ်တယ်လေ....ခက်ကအစေခံ။
၀ဋ်ကြွေးရှိတောအစေခံ
ဝဋ်ကုန်သွားရင်အရှင်သခင်ပေါ့ရှင်"
"ဒီမှာ...မင်စကားတွေအရှည်ပြောမနေနဲ။မင်းကလျှာအတော်ရှည်တဲ့မိန်းကလေးဘဲ
မင်းဟာအစေခံကအစေခံဘဲဘယ်တောအရှင်သခင်ဖြစ်လာမှာမဟုတ်ဘူး"
"ကံဆိုတာပြောမရဘူး.......ရှင်"
"ကဲ...ကဲ...တော်ပါတောကွာ"
ခက်နဲYတို့၏စကားများကြောင့်Y၏သူငယ်ချင်းလေးယောက်လုံး၏မျက်လုံးများကသူတို့၂ယောက်ဆီရောက်နေသည်။
ထိုထဲမNက........
"နာမည်က......."
"ခက်....ပါ"
"နာမည်အရင်းကိုမေးတာကွာ"
"ခက်သရဖူပါ"
"အသက်ကရော....."
"twenty ........"
"မင်းမိဘတွေကရော"
"ဒီမှာ...ရှင်ဧည့်စာရင်းစစ်နေတာလား။
ခက်မှတ်ပုံတင်ပြရအုန်းမလား"
"ဟာ....စွာတေးလေဘဲ"
"တို့၄ယောက်လုံးကမင်းနဲခင်ရတာ၀မ်းသာပါတယ်
ဒါနဲမင်းဒီဇိုင်းကလန်လှချည်းလား"
"ဟင့်....ကျေးဇူးတင်ပါတယ်ရှင်"
ခက်ရွဲပြုံးပြုံးပြီးပြောလိုက်သည်။
Smart မှ..............
"မင်းက်ုငါအရင်ကတွေ့ဖူးသလိုဘဲ"
"တွေ့ဖူးမှာပေါ့.....ရန်ကုန်တက္ကသိုလ်ရဲQueen လေ"DMကထောက်ပြီးပြောလိုက်သည်။
"အဲတုန်းကနဲခုတခြားဆီဘဲနော်"
Smartပြောသောစကားကိုခက်ကမသိချင်ယောင်ဆောင်သောအမူရာဖြင့်နေသည်။
စကားခနတိတ်သွားပြီးYတို့နားသို့အမျိုးသမီးတစ်ယောက်ရောက်လာသည်။
" Hi.....Y"
Yကြည်လိုက်ပြီးYကလည်းအေးစက်စွာပြန်နူတ်ဆက်လိုက်သည်။
"Inn........."
"ဒီတစ်ခေါက် mtvမှာမဏိနဲရိုက်လိုကျေးဇူးနော်"
"ရတယ်..........."
"ဟင့်....စကားပြောတာကလည်း
ဘာကြောင့်မိုလိုအဲလောက်တောင်မာနကြီးနေရတာလဲမသိဘူး"
ခက်သရဖူYမကြားအောင်တိုးတိုးဆိုပေးမယ်။
"မင်းပြောတာငါအကုန်ကြားတယ်နော်
ခက်သရဖူ"
"ဟင့်....Y...သူမကဘယ်သူလဲ"
Yပြောမည်စကားကိုခက်ကဘဲဖြတ်ပြီး........
"ဟဲ...ဟဲ...ခက်ကသူအစေခံပါ"
"အင်း....ထင်သားဘဲ....ပုံစံကိုကြည်ထဲကိုက"
"ထင်တယ်ဆိုလည်း...ဘာလိုမေးနေသေးလဲရှင်"
"နင်ဘာပြောတယ်။ငါ့လိုမင်းသမီးကိုများအစေခံမက"
"ဟုတ်တယ်လေခပ်ပြောတာဘာမှားလိုလဲ။
ပြီီးတောလေ...ရှင်လိုမင်းသမီးလည်းတနေ့ကျသွားရမယ်လမ်းကအစေခံတွေသွားရမယ်လမ်းနဲအတူတူဘဲ"
"ဘာလိုတူရမှာလဲ....။"
"ဟာ...ရှင်...ခက်ပြောတာမယုံဘူးလား..
ရှင်လိုမင်းသမီးလည်းတနေကျရင်သေပြီးသချိုင်းကိုသွားရမှာဘဲလေ။မာနတွေအလံလွင့်မနေနဲ။လူတိုင်းကကံတစ်ခုအတွက်အတူတူရှင်သန်နေကြရတာရှင့်။ရှင်မာနတွေအလံထူနေလည်းတနေ့ကျသွားရမယ်လမ်းကသချိုင်းဘဲ"
"နင်...နင်...ငါကိုတစ်ခွန်းမကျန်ပြန်ပြောနေတာကြည်စမ်း"
"အို...အို...စိတ်လျော့နော်မင်းသမီး
ပရိတ်သတ်တေ့နဲ"
ထိုအချိန်မှာDMကDDက်ုတိုးတိုးလေကပ်ပြောသည်။
"DDရေ...ပွဲကတောမလွယ်ဘူးလှနေပြီး"
"နေစမ်းပါကွာ"
မဏိမေ...ခက်သရဖူကိုဘာမှပြန်မလုပ်နိုင်ဘဲ။
"အေးပါ....တနေ့ကြတွေကျသေးတာပေါ့"
"ဟုတ်ကဲ့ပါ...ကြိုဆိုလျက်ပါရှင်"
"ဟာ...မြန်မာစာမေဂျာကလိုမပြောရဘူးနော်
...ခက်"
Smart ကဆိုလိုက်သည်။
ဒီစကားများပွဲကိုကြည်နေသူကYတို့အဖွဲဖြစ်သည်။ရိုက်ကူးရေးအတွက်နေလည်စာစားချိန်မှာ....
"ခက်......."
"ဟုတ်ကဲပါ....အရှင်သခင်...Servant...
ဘာလုပ်ပေးရမလဲရှင်"
"မင်း...ကိုယ့်အခြေနေတောကိုယ့်သိသားဘဲ
ငါအတွက်စားစရာတစ်ခုခုမှားပေး"
"ကျွန်တောတို့အတွက်လည်းမှားပေးပါခက်"
"အရှင်သဘောအတိုင်းဖြစ်စေရပါမယ်။ဒါနဲလူကြီးခက်အတွက်ရောမှားလိုရမလား"
"ဘာလို့......"
"ခက်အဲရူတင်ထမင်းဟင်းတွေမစားချငွလို့"
"မင်းကိုသက်ညှာတဲ့အနေနဲ...မှာလိုက်"
"အို....ဘာတွေမှာ မှာလဲYရယ်။ဒီမှာ...မဏိအကုန်ပြင်ဆင်လာတယ်။
ဒီမှာ...ကြိုက်သလောက်စားကျနော်"
"ဒါဆို...ဦးY...ခက်အတွက်ဘဲမှာလိုက်တောမယ်နော်"
"ဟင့်....Yရေ
ဘာကြောင့်အစေခံကိုထမင်းမှာကျွေးမှာလဲ။ရူတင်ထမင်းဘဲကျွေးလိုက်ပါ။ပြီးတောသူမကသည်းခံခြင်းတရားနဲပြည်စုံတယ်မလား"
"ဒီမှာ...ခက်က...ဦးYကိုပြောတာ်
ရှင်ကဦးYလား။ကိုယ့်အလုပ်မဟုတ်တာကိုယ့်လုပ်တာရှင်လည်းဦးYရဲအစေခံလား"
"တော်ပြီး....ခက်။ရူတင်ထမင်းဘဲစားလိုက်"
"ဒါမယ့်......."
"ငါကိုစကားမရှည်နဲတော"
ဒီအချိန်မှာအောင်နိုင်သူအပြုံးတွေနဲသူကတောမဏိမေဖြစ်သည်။
"ခက်....ဒီမှာကိုယ့်ဘူးကိုယူလိုက်"
"ရှင်...ကျေးဇူးတင်ပါတယ်N"
"ကျေးဇူးတင်တယ်ဆိုကျေးဇူးမမေ့နဲနော်"
"ဟင့်...N...ဘာကြောင့်အသေခံကိုအရေးပေးနေရတာလဲ"
"မဏီ...အစားအသောက်ဆိုတာေ၀စားကောင်းပါတယ်"
"ဟင့်......"
တနေ့ကုန်ရိုက်ကွင်းမှာပင်ပန်းနေကြပြီး။အိမ်ပြန်ရောက်တော.....
"အအမလေ....ပင်ပန်းလိုက်တာ"
Yရောခက်ရောဆိုဖာပေါ်ခြေကုန်ပစ်ထိုင်လိုက်သည်။
"လူကြီး....ခက်ကိုဘာခိုင်းစရာရှိသေးလဲ။ခိုင်းစရာမရှိရင်ခက်ရေချိုပြီးအနားယူချင်ပြီး"
"အင်း...သွားနားတောလေ"
ခက်ရေချိုးပြီးအနားယူဖို့လုပ်နေချိန်မှာ...
Yတစ်ယောက်ခက်အခန်းထဲရောက်လာပြန်သည်။
"ဟင့်...လူကြီး..ခက်ကိုခိုင်းစရာရှိလိုလား"
"မရှိဘူး"
"ဒါဆိုခက်အခန်းထဲကို......."
ခက်သရဖူ၏စကားကိုYဖြတ်ပြောလေသည်။
"ဒီနေ့....ဒီမှာအိပ်မို့"
"မဟုတ်မှလွဲရော...ဦးY။
ဟင်အင်း....မဖြစ်ဘူ....ဦးY...."
"မင်းဘာတွေတွေးနေတာလဲ"
"ခပ်တွေးသလိုမဟုတ်ဘူးလား...ဦးY"
"တချို့တ၀က်ကဟုတ်တယ်"
"မဖြသ်ဘူးဦးY...ခက်မှာလည်းမိန်းမမာနရှိတယ်။ကိုယ့်လက်မထပ်ရသေးတဲ့လူနဲတောခက်အတူမအိပ်နိုင်ဘူး"
"ငါကတောအိပ်ရမယ်ပြောရင်ရော"
"အဲလိုဆိုရင်တောင်မဖြစ်ဘူး....ခက်....
အသက်ထက်သိက္ခါကိုပိုတန်ဖိုးထားတယ်"
Yမတ်တပ်ရပ်လိုက်ပြီးခက်နားကိုတိုးသွားသည်။ခပ်လည်းနောက်ဆုတ်ရင်နဲနံရံနှင့်ကျောကပ်ရပ်ဖြစ်သွားသည်။Yကခက်မျက်နှာလေကိုပွတ်သပ်လိုက်ပြီး
"မင်းကငါအစေခံဘဲလေ
ငါခိုင်းသလိုမင်းနေရလုပ်ရမှာမင်းတာ၀န်ဘဲမဟုတ်ဘူးလား'
ဒီအချိန်မှာခက်သရဖူမျက်လုံးများကစူးရှစွာဖြင့်........
"ခက်က...ဦးYအစေခံပါဟုတ်ပါတယ်
သက်ရှိအစေခံပါဦးY
ဒါမယ်သက်မဲ့အရုပ်တောမဟုတ်ဘူး။
ခက်ကသက်စှိဖြစ်တဲ့အတွက်ခံစားတတ်တဲ့နှလုံးသားနဲချစ်ခြင်းဆိုတဲအရာတောရှိတယ်ဆိုတာဦးYမမေ့ပါနဲ"
"ဟုတ်လား။ကိုယ့်ကသက်မဲ့အရုပ်လေးသဘောထားတယ်ဆိုရင်ရော။ပြီးတေညမနက်ကမင်းအပြုမူအတွက်အပြစ်ပေးမယ်ဆိုရင်ရော"
"ခက်ကိုသက်မဲ့အရုပ်လိုသဘောထားရင်
ဦးYသက်မဲ့အရုပ်ဘဲရမယ်။ခက်ရဲနှလုံးသားကိုတောအိုင်ဆိုင်မှာမဟုတ်ဘူး။ခက်ကသက်မဲ့အရုပ်လေမဟုတ်ဘူး
ပြီးတောမနက်ကအပြုမူအတွက်အပြစ်ပေးမယ်ဆိုကြိုက်တာပေးပါ။ဒါမယ်ခက်ဘ၀တောမပါဘူး"
Yခက်နားကခပ်ခွာခွာပြန်နေလိုက်ပြီး။
"Okလေ...အဲဒါဆိုငါဒီညဒီမှာအိပ်မယ်"
"ရပါတယ်...အိပ်ပါ...ခက်အပြင်မှာအိပ်ပါမယ်"
ခက်သရဖူခေါင်းအုံးနဲစောင်းယူပြီးဆိုဖာပေါ်မှာနေရာယူလိုက်သည်။Yကတောခက်ကိုအပေါ်၀ရံတာကနေကြည်နေသည်။သိပ်မကြာဘူးခက်အိပ်ပျော်သွားသည်။
ခက်အိပ်ပျော်သွားမှYဆင်းလာပြီး...
"ခက်...မင်းကဘယ်လိုမိန်းကလေးလဲ။
ငါကမက်းကိုပါးတစ်ချက်အတွက်ပညာပေးချင်ခဲ့တာမင်းကလည်းမခံဘူးငါကိုပညာပြန်ပေးတယ်။ပြီးတောမင်းကငါကိုသေးသေးတင်မခံဘူးအကုန်ပြန်ပြောပါလား
မင်းလိုမိန်းကလေးငါတစ်ခါမှမတွေဘူးဖူယ
မင်းကဘယ်လိုမိန်းကလေးလဲခက်ရယ်"
ခက်မျက်နှာလေကိုသေချာကြည်ပြီးစကားများကိုစိတ်ထဲမှပြောပြီးခက်ပါးပြင်ပေါ်ကိုလက်ဖြင်အသာယာပွတ်ပေးပြီးနောက်အပေါ်သို့ပြန်တက်သွားသည်
နောက်အပိုင်းဆက်ရန်....................
ဆက်လက်ကြိုးစားပါအုန်းမည်။
စာဖတ်သူများကိုအစဥ်ကျေးဇူးတင်လျက်ပါ
စာရေးသူ-V👰👰👰