ရွှေမင်းသား၏အပျိုတော်
~~~~~~~~~~~~~~~
¤¤¤¤¤¤¤¤¤¤¤¤
အားလုံးအပြုံးများကိုယ်စီနှင့်ရှိနေပေးမယ်
ခက်မျက်နှာမှာတောအပြုံးများမေ၀နိုင်သေးပေ။
အဘွားကYကိုကြည့်လိုက်သည်။Yမျက်နှာကိုကိုင်လိုက်ပြီး
"ဘွားမြေးလေး....သိပ်တော်တာဘဲ....ဒီမြေးမလေးကိုဘယ်လိုရှာတွေ့ခဲ့တာလဲ"
ခက်ကအဘွားအမေးကိုYမဖြေခင်ထဖြေလိုက်သည်။
"ခက်ကို....ရှာတွေ့ခဲ့ပေးမယ်၊ခက်တိုဆက်ဆံရေးကအရှင်သခင်နဲကျွန်သာသာဆက်ဆံရေး
ပါ...ဘွားဘွား"
"ဟင့်....ဟုတ်လား....မြေး"
Yဘာမှမဖြေပေး
အဘွားကခေါင်းတညိတ်ညိတ် ညိတ်နေလိုက်သည်။
"မြေးတို့...တွေဆုံတာကိုရောအဘွားကိုမပြောပြချင်ဘူးလား"
Yကဘဲအဘွားကိုပြောလိုက်သည်။
"မြေး....ပြောပြမှာပေါ....ဘွားဘွားရယ်"
Yကအဘွားကိူအကြောင်းစုံကိုပြောပြလိုက်သည်။အဘွားကပြုံးလိုက်ပြီး။
"ဪ....မြေးတို့ရဲတွေ့ဆုံမူကအကြွေးစာရင်းကစတာပေါ့"
"ဟယ့်....ဟုတ်တယ်....ဘွားဘွား"
"ဒါဆို....ခက်....မြေးမလေး....အဖေရော"
"ဟင့်.....ဘွားဘွားရယ်....အဲချိန်ထဲကိုကစပြီး
ခုချိန်ထိဖေဖေသတင်းကိုမကြားခဲ့ရတာပါ"
"လက်ထပ်ပွဲမတိုင်ခင်ထိ....မြေးမလေး....ဖေဖေကိုလိုက်ရှာမှဖြစ်မယ်"
"ကျွန်တော်လည်း....အဲတိုင်းစီစဥ်ထားပါတယ်ဘွားဘွား"
ထိုညကခက်အိမ်၏ဧည်ခန်းစားပွဲမှာအားလုံးစုပြီးနေကြသည်။အသံများကခနတိတ်ဆိတ်သွားသည်။ထိုထဲမှDDကYကိုကြည်ပြီးစကားစလိုက်သည်။
"ဘာဘဲပြောပြော....Y။
မင်းကမိန်းမတွေမကောင်းမြင်ပေးမယ်။နောက်ဆုံးတောလည်း....မင်းဘဲအစောကြီးဈေးဦးပေါက်သွားပြီးဘဲ"
Yကပြုံး၍သာနေသည်။ခက်ကစိတ်ညစ်သောမျက်နှာထားဖြင့်ရှိနေသည်။ခက်၏မျက်နှာကိုရိပ်မိသောYကခက်ကိုစကားဆိုလိုက်သည်။
"ခက်....မျက်နှာလည်ူမကောင်းပါလား။ဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူး....."
Y၏အမေးကြောင်းYအဖွားလည်းခက်မျက်နှာကိုသတိထားမိ၍မေးလိုက်သည်။
"ဟုတ်တယ်....ခက်....မြေးလေး...မျက်နှာလည်းမကောင်းပါလား"
"ဘာဖြစ်လိုလဲ.....။တခုခုဖြစ်ရင်ဘွားတော်ကိုပြောနော်....အားမနာနဲ"
ခက်ထလိုက်ပြီးYအဘွားဘေးနားသို့သွားလိုက်သည်။ပြီးနောက် y၏အဘွားပေါင်းပေါ်ခေါင်းလေထားလိုက်ပြီး
"ဘွားဘွား.....ခက်.....ကျောင်းပြီးမှလက်ထပ်လိုရမလား"
"ဟင့်....ဘာကြောင့်လဲ.....မြေး"
"ခက်...ကျောင်းမပြီးသေးဘဲ....လက်မထပ်ခြင်းဘူး။ကျောင်းတက်ရင်နဲလွတ်လပ်မူကိုခံစားချင်လို့ပါ။"
"ဒါဆိုလည်း.....မြေးရဲစေ့စပ်ထားပါလား"
"အဲလိုလည်း....မလုပ်ချင်ဘူး...ဘွားဘွား...."
"ဒါဆိုလည်း....လက်ထပ်ပေးပါမြေးမလေးရယ်။...
ဘွားဘွားဘက်ကမြေးကိုတောင်းဆိုတယ်လိုသဘောထားပေးပါ"
ခက်ဘာမှပြောလိုမရသည်အဆုံးတောခက်အားလုံးကိုလက်သင်ခံရတော့မည်ဖြစ်သည်။
မဂ်လာမဆောင်ခင်အချိန်မှာခက်ဖေဖေကိုပြန်ရှာတွေခဲသည်။ဖေဖေလည်းအကြွေးတွေအတွက်နဲခေါက်းခဲ့ခဲရလိုလာူမသိအတော်လေးအိုးနေပြီးဖြစ်သည်။မဂ်လာမဆောင်ခင်ညမှာဖေဖေနဲထပ်ခွဲရမည်ဖြစ်သည်အတွက်ခက်အတော်လေ၀မ်းနည်းမိနေသည်။ခက်အခန်းထဲမှာတိတ်တိတ်လေငိုနေမိသည်။မဂ်လာဆောင်ရက်ကိုလည်းအဘွားကသတင်းစာရှင်းလင်းပွဲအပြီးအလောတကြီးစီစဥ်ခဲ့သည်အတွက်ခက်ပို၍၀မ်းနည်းနေခဲ့သည်။ဖေဖေခက်အခန်းထဲကို၀င်လာတာတောင်ခက်မသိဘဲ၀မ်းနည်းလွန်သဖြင့်ငိုသာငိုနေမိသည်။
"ခက်....သမီးလေ....ဘာလိုငိုနေတာလဲ"
"ဖေဖေ........"
ခက်....သူမ၏အဖေကိုဖက်ပြီးငိုနေသည်။ခက်ဖေဖေလည်းခက်ကိုကျောကိုပွတ်ပေးပြီးနှစ်သိမ့်ပေးနေသည်
"ဖေဖေနဲ...အခုမှပြန်တွေ့ရတယ်။မနက်ဖြန်ဆို...ထပ်ပြီး...ဖေဖေနဲထပ်ခွဲရတောမယ်"
"ဪ...သမီးလေရယ်...ဖေဖေကရော...သမီးနဲခွဲနိုင်တယ်ထင်လိုလား။ဒါမယ်လည်းသမီးရယ်....လူလောကမှာနေရင်လောက၀တ်အတိုင်းနေရမှာဘဲလေ။သမီးလေ...ဖေဖေနဲအခုမခွဲနိုင်ပေးမယ်။တနေနေတချိန်ချိန်ကြခွဲရမှာဘဲ။ပြီးတော...သမီးလေးကိုလည်းသီးချိန်တန်သီး
ပွင့်ချိန်တန်ပွင့်ဆိုတဲ့အတိုင်းမ့င်ရတောမယ်။ဖေဖေရင်ထဲမှာလည်းပျော်တလှည့်....၀မ်းနည်းတလှည့်ဖြစ်နေတာပါဘဲ"
ခက်အဖေ၏စကားကြောင့်ခက်ပိုလိုပင်မျက်ရည်များကြလာသည်။
"ဒါမယ်....ခက်မှာမေမေကလည်းခက်ငယ်ငယ်တည်းကဆုံးသွာယတယ်။ခုလည်း....ခက်....ဖေဖေကိုတောင်မပြုစုရသေးဘဲ။ဘာမှမဟုတ်တဲ့သူစိမ်းယောကျာ်းနောက်ကိုလိုက်ရတောမယ်"
"ကဲ....တော်ပြီး....သမီးလေ...နောင်နေကစပြီးဖေဖေကသမီးလေကိုပိုင်ဘဲပိုင်တောမှာမဆိုင်တောဘူး။အဲတော...ငါသမီးယူမယ်လူကမှသမီးကိုပိုင်လည်းပိုင်သလိုဆိုင်လည်းဆိုင်မှာ....အဲတော...သမီးလေသူ....စကားကိုနားထောင်ပါ။မိန်းမကောင်းပီပီသူအတွက်လောက၀တ်တွေကျေအောင်သမီးလေလုပ်ပေးပါ။သမီးအပေါ်...
ဖေဖေတာ၀န်မကျေခဲ့တဲ့အတွက်တော...တကယ့်တောင်ပန်းပါတယ်"
"ရပါတယ်...ဖေဖေ....သမီးဖေဖေစကားတွေကိုအမြဲမှတ်သားထားပါမယ်"
မနက်ခင်း၏ကျေးငှက်အသံနှင့်အတူဒီမနက်ခင်းလေကYအတွက်အလွန်လှပနေသည်။ဒီကနေရဲ့သတိုးသမီးချောလေကလည်းမဂ်လာပွဲအတွက်ပြင်ဆင်နေသည်။Y၏အဖွဲ့သားများ၏မျက်နှာတွင်လည်းအပြုံးများပွင့်နေသည်။ခက်မျက်နှာကတောစူပုပ်ပုပ်ဖြင့်သာရှိသေးသည်။
"ခက်....နင်မျက်နှာကြီးကလည်း....စူပုပ်မထားနဲလေဟာ...နင်ကဒီနေရဲ့မင်းသမီးဘ၀ကနေလွတ်မြောက်မယ်မိဖုရားမလေလေ....မျက်နှာကြီးစူမနေနဲပြုံးထားတောနော်"
ခက်ခနတောအပြုံးရေရေပြုံးလိုက်သည်။
"ဖြူသီ.....ငါတစ်ခါမှမတွေ့ဘူးတဲ့ဘ၀မျိုးကိုရောက်တောမယ်။ငါရင်တွေအရမ်းတုန်တယ်ဟာ......။မဂ်လာဆောင်ပြီးရင်ဖြတ်သန်းရမယ်အရာတွေအတွက်"
"ဟင့်....ဘာလဲ....မဂ်လာဦးညအတွက်
စိတ်ပူနေတာလား"
"တော်ပါ....ဖြူသီရယ်....အဲထက်ဆိုးတဲ့အဆိုးတွေငါဖြတ်သန်းရတောမှာ....ငါအိမ်ထောင်သည်ဘ၀ကိုကြောက်တယ်....ဖြူသီ"
"ဘယ်တတ်နိုင်တောမှာလဲ....ခက်....နင်ရွေးချယ်ပြီးပြီး....အဆုံးထိကရတောမှာ....
ဘာမှအားမငယ်နဲ...ခက်....ခက်ဘေးမှာဖြူသီတစ်ယောက်လုံးရှိတယ်။"
ခက်ကဖြူသီကိုပြုံးပြလိုက်သည်။ဖြူသီကလည်းခက်ကိုပြုံးပြလိုက်သည်။
တစ်ဖက်မှာလည်းသိပ်ပျော်ရွှင်နေတဲ့သတိုးသားလောင်းလေYကသူငယ်ချင်းများနှင့်အပျော်ကြီးပျော်နေသည်။ဆွေမျိုးများလည်းပျော်နေကြသည်။
ထိုအချိန်မှာDDတစ်ယောက်Yအနားရောက်လာပြီးစကားတိုးတိုးလေဆိုလေသည်။
"Y........"
"အင်း......"
"စိမ့်.........ပြန်ရောက်နေပြီး"
Yထံမှအံသြမူအရိပ်ယောင်မပြဘဲDDကိုပြန်ပြောလိုက်သည်မှာ
"အဲတော....ဘာဖြစ်လဲ"
"သူဘယ်ရောက်နေတယ်ဆိုတာရော....မင်းသိလား"
"ငါစိတ်မ၀င်စားဘူး....DD"
"မင်း....စိတ်မ၀င်းစားလိုမရဘူး၊။
ခု...စိမ့်...ရောက်နေတာ....ဒီမဂ်လာပွဲကို"
"ဘာ......."
"ဟုတ်တယ်....သူမင်းကိုအခုတွေ့ချင်လိုတဲ့။"
Yမျက်နှာမှာဒေါသထွက်သည့်အရိပ်ယောင်တို့ပေါ်လာပြီး
"သူက...ဒီ...ဘာလာလုပ်တာလဲ"
"အဲဒါတော....မသိဘူး...မင်းနဲတွေ့ချင်လိုတဲ့"
"ငါမတွေချင်ဘူး..........."
"မင်းမတွေ့လိုမရဘူး....မင်းမတွေ့ရင်မင်းကို
ပြောလိုက်တယ်။သူလာတွေမယ်တဲ့"
"ဟာကွာ.....ရူတ်လိုက်တာ"
Yဒေါသထွက်သောမျက်နှာရိပ်နှင့်အားလုံးရှေ့မှထွက်လာသည်။ဟိုတယ်၏သီးသန့်အခန်းတစ်ခန်းတွင်သို့၀င်သွားသည်။
"မတွေ့တာတောင်ကြာပြီးနော်....မင်းအက္ခရာ"
"ဟက်....မင်းကငါကိုမျက်နှာမပူတဲ့ပုံနဲတွေ့ချင်သေးတယ်နော်"
"အဲလိုမပြောပါနဲ....မောင်ရယ်။
မောင်က....စိမ့်အချစ်ဆုံးပါ။"
"မင်းဘာတွေလာပြောနေတာလဲ။
ခုချိန်မှာမင်းဘာသာမင်းငါကိုအချစ်ဆုံးပြောနေလဲဘာမှမထူးတောဘူး...ခြူးနွယ်စိမ့်"
"ဖြစ်ခဲ့သမျှ.....အားလုံးမှာ....စိမ့်မှားတာပါ။
စိမ့်...မောင်ကိုအထင်သေးမိတယ်....မောင်စိတ်ပျက်အောင်စိမ့်လုပ်ခဲ့မိတယ်
အရာအားလုံးနောက်မကျသေးဘူးမလား
မောင်....စိမ့်တို့....အသစ်ကပြန်စရအောင်လား"
"မင်းတော်သင့်ပြီး...စိမ့်.......ခု...ငါအရမ်းချစ်ရတဲ့လူနဲလက်ထပ်တောမယ်။ငါသူမကိုမင်းထက်ပိုချစ်တယ်"
"မဖြစ်နိုင်ဘူး...မောင်။မောင်နဲစိမ့်နဲကငယ်ချစ်တွေဘယ်သူဖြတ်ဖြတ်မပြတ်ရဘူး....မောင်...စိမ့်ကိုမထားခဲ့ရဘူး"
"ဟုတ်တယ်...စိမ့်...ဘယ်သူဖြတ်ဖြတ်မပြတ်ရဘူးဒါမယ်ဒီအချစ်မှာဘယ်သူမှငါတို့ကြား၀င်မရူတ်ခဲ့ဘူးမင်းဘဲဖြတ်ခဲ့တဲ့ဇာတ်လေမ်းကလွန်ခဲ့တဲ့နှစ်တွေမှာပြီးခဲ့ပြီ။ပြီးတောငါမင်းကိုဘယ်တောမှမထားခဲ့ဘူး....စိမ့်...
မင်းသာ...ငါကို....ဖိနပ်တစ်ရံတောင်မဆင်းပေးနိုင်တဲ့ကောင်ဆိုထားခဲ့တာ...မင်းဘဲလေ
မင်းရွေးချယ်ခဲ့တဲ့...လမ်းမှာ...မင်းဘာသာဆက်လျှောက်လှမ်း"
Yထွက်သွားဖိုပြင်ချိန်မှာစိမ့်ဘက်မှ.....
"မောင်....စိမ့်....မောင်ကိုချစ်လွန်လိုပြန်လာတာ"
"တော်ပါတော...စိမ့်....မင်းရဲအချစ်ကမျိုးစုံးပြောင်းနေတာ။မင်းအချစ်ကပေါ့လွန်တယ်။တခြားမင်းအတွက်လိုအင်ြဖည့်ပေးနိုင်တဲ့လူဆီမင်းအချစ်တွေပေးလိုက်ပါ။
ငါကတောမင်းအချစ်တွေ့မလိုတောဘူး"
Yတံခါးဖွင့်သွားချိန်မှာစိမ့်ကYနောက်လိုက်ပြီးတံခါးအပြင်ဘက်မှာYကိုစိမ့်ကနောက်မှဖက်လိုက်သည်။
"မောင်...ရယ်....စိမ့်ကိုမချစ်တောဘူးလား။
စိမ့်ကိုတကယ့်ထားခဲ့တောမှာလား"
"မင်းကိုချစ်တယ်ဆျုရင်တောင်အရာရာကနောက်ကျသွားပြီး....စိမ့်"
Yကစိမ့်လက်ကိုဖြုတ်ပြီးထားခဲ့သည်။ဒီမြင်ကွင်းကိုမြင်သွားသူကToilet သွားရန်ထွက်လာသောခက်သရဖူဖြစ်သည်။
"ဦးY...ရှင့်....ရှင်နဲစိမ့်နဲကမပြတ်သာသေးပါလား"ခက်ရင်ထဲမှပြောပြီးမျက်ရည်စများကျလာသည်။ခက်...၀မ်းနည်းစွာဖြင့်...သတိုးသမီးအလှပြင်ခန်းထဲပြန်၀င်သွားသည်။ဒီအချိန်မှာခက်ထပ်တွေလိုက်ရသူတစ်ယောက်ကမဏီမေဖြစ်သည်။ခက်မျက်နှာမကောင်းတာကိုမဏီမေသတိထားမိပေးမယ်။ဘာမျှမမေးဘဲခက်ကိုသာစကားပြောလိုက်သည်။
"ခက်........အရာအားလုံးကိုမဏီနားလည်သွားပြီးခက်...မိန်ကလေးဆိုတာကိုယ့်ဘ၀ကိုတန်ဖိုးထားမှတခြားတစ်ယောက်ကလည်းတန်ဖိုးထားမယ်ဆိုတဲ့အချက်ကို...မဏီ...နားလည်ပါပြီး။ကိုယ့်အပေါ်မချစ်တဲ့လူရဲ့အချစ်ကိုအတင်းယူဖိုကြိုးစားရတာကလည်းဝဋ်ကြွေးတစ်မျိုးလိုပါဘဲ။ခုချိန်ကစပြီး....မဏီ....ချစ်တဲ့လူကိုမရှာဘဲ
မဏီကိုချစ်တဲ့လူဘဲရှာတောမယ်ခက်....တို့ငြိမ်းချမ်းရေးယူရအောင်"
မဏီမေကလက်ဆွဲပြီးငြိမ်းချမ်းရေးတောင်းသဖြင့်ခက်လည်းငြိမ်းချမ်းရေးယူလိုက်သည်။
"ဒါနဲ....ခက်...Y...ကခက်ကိုအရမ်းချစ်တာနော်။သူအချစ်ကိုခက်မစော်ကားမိပါစေနဲ"
ခက်မျက်နှာမကောင်းစွာသက်ပြင်းတစ်ခုချလိုက်ပြီး.
"ခက်ကတောမဏီပြောတာသေချာပါစေလိုဘဲဆုတောင်းတယ်"
မဂ်လာအချိန်ရောက်လိုမဂ်ပွဲထုံးတမ်းအစဥ်လာတိုင်းYနဲခက်တို့ဧည်သည်များကိုဧည့်ခံနေသည်ထိုထဲမှစိမ့်ကိုတွေ့လိုက်တောခက်စိမ့်နားကိုသွားပြီး။
"မမစိမ့်....အားမနာနဲစားနော်"
"မင်းကကိုယ့်ကိုသိတယ်ပေါ့"
"သိတာပေါ့....မမရယ်။"
"ဘယ်လိုသိတာလဲ......."
ခက်အရွဲတိုက်ပြီးYကိုကြည့်ကာ
"ကိုကိုက...ခက်ကိုအားလုံးပြောထားလိုသိတာပေါ့...
ဪ...ဒါနဲကိုကိုရေ....ခက်...ဟိုဘက်သူငယ်ချင်းတွေဆီသွားအုန်းမယ်။ကိုကိုသူငယ်ချင်းတွေကိုဧည့်ခံလိုက်အုန်းနော်"
ခက်...ဖြူသီတို့ဝိုင်းဘက်သွားပြီးရှောင်နေလိုက်သည်။
"မောင်...."
"လူတွေနဲ....အခေါ်ဝေါ်ကြည်ခေါ်....."
"Ok...ကိုအက္ခရာ ...ဘယ်ဆိုတုန်းကကောင်မလေးကချစ်စရာလေ...ရှင်ပြောတိုင်းခေါင်းငြိတ်မယ်ပုံလေ"
"ဘာဘဲဖြစ်ဖြစ်သူမကမင်းထက်ငါအပေါ်ချစ်တာသာတယ်"
ပြောပြိးစိမ့်တို့ဝိုင်းကထွက်လာသည်။မဂ်ပွဲလာအပြီးအားလုံးပြန်သွားပေးမယ်ခက်ကစိမ့်ကိုခေါ်ထားသည်။
မဂ်ပွဲအားလုံးပြီးတောလူကြီးများကိုကန်တော့ကြသည်။ပြီးနောက်သူငယ်ချင်းများ၏မြှောက်ပင်မူကြောင့်Yဆီမှပါးကိုနမ်းလိုက်သည်အနမ်းလေကိုရလိုက်သည်။ခက်မပြုံးချင်ပေမယ်...စိမ့်ရှိနေသည့်အတွက်ပြုံးထားရသည်။စိမ့်တစ်ယောက်ကတောဒေါသပေါင်းမျိုးစုံနှင်ခက်ကိုကြည်နေသည်။
ထိုနေမှာဘဲခက်တို့ဟန်နီမွန်ခရီးစဥ်ကိုပုဂံသို့ထွက်ခဲ့သည်
နောက်အပိုင်းဟန်နီးမွန်ခရီးစဥ်နှင့်အတူ
ဆက်ရန်..............
စိမ့်နဲထပ်ပြီးဘယ်လိုပတ်သက်မူမျိုးတွေလာမယ်ဆိုတာနောက်အပိုင်းတွင်ဆက်ရန်.............
စာဖတ်သူများအားလုံးဘေးကင်းကျန်းမာပါစေ..........
စာဖတ်သူများကိုအစဥ်ကျေးဇူးတင်လျက်ပါ
စာရေးသူ-V