book

Index 9

အခန်း(9)💜💜

  • Author : Lwanchin
  • Genres : Romance, Drama

မ​ဟော် မနက်က ခေတ်ဖေဖေနဲ့ USကို နေ့ချင်းပြန်သွားတွေ့ပြီးတာနဲ့ ချက်ချင်း Japanသို့ပြန်လာတော့လည်း အလုပ်ကိစ္စတွေပုံနေတာကြောင့် မြန်မာနိုင်ငံကို ပြန်ဖို့ တစ်ရက်ရွေ့လိုက်ရသည်။


မဟော်အလုပ်ကိစ္စတွေလုပ်နေရင်း အခန်းတံခါးခေါက်သံကြောင့် တံခါးဝကိုကြည့်လိုက်ကာ..


"ဒေါက်.ဒေါက်..သခင်းလေ..ကျွန်တော်ဝင်ခဲ့မယ်နော်..."


"အင်း..ဝင်ခဲ့.."

အာကာအထဲဝင်လာပြီး...


"ဦခေတ်သစ်စီက... အကြောင်းပြန်ပါတယ်...သူတို့မင်္ဂလာကိစ္စကို လက်ခံပါတယ်တဲ့..."


မဟော်ပြုံးလိုက်သည်...အဟွန်း..မင်းလေးကို ကိုယ်ပိုင်ဆိုင်ရတော့မှာပေါ့...


"အွန်း... ကောင်းပြီး...ညနေ ပြန်ဖို့ လေယာဥ်စီစဥ်လိုက်..."


"ဟုတ်ကဲ့ ပြောထားပြီးပါပြီ"


"Ok...အခု မျိုးမင်းကို phဆက်လိုက် ခေတ်အတွက် မင်္ဂလာဝတ်ဆုံ အလှဆုံးနဲ့ အမြန်ဆုံးလိုချင်တယ်လို့...sizeကို ပို့လိုက်မယ်လို့..."


"ဟုတ်ကဲ့သခင်လေး.."


"ပြီးတော့ ဟိုတယ်မှာ မင်္ဂလာပွဲ တစ်ပတ်အတွင်းစီစဥ်လိုက်တော့..."


"ပြီးတော့ ခေတ်အတွက် ငါကိုယ်တိုင်ဒဇိုင်းဆွဲထားတဲ့ ရတနာတွေကို ခေတ်အဒေါ်အိမ်ကို 

ပို့ပေးလိုက်..."


"ဟုတ်ကဲ့သခင်လေး..."


"စံအိမ်က ငါ့အခန်းထဲမှာ ခေတ်အတွက်အဝတ်အစားတွေထည့်ဖို့အခန်းတွေနဲ့ အဝတ်အစားတွေစီစဥ်လိုက်အုံး..." 


မဟော်ပြီးမှ သူမက မြန်မာဝတ်စုံလေးတွေပဲ ဝတ်တတ်တာကို သတိရသွာကာ...


"သြော်..မြန်မာဝတ်ဆုံတွေပဲဖြစ်ပါစေနော်..."


"ပြီးတော့ သတင်းစာထဲမှာထည့်လိုက်...မင်္ဂလာပွဲကို.."


"ဟုတ်ကဲ့သခင်လေး...စံအိမ်က မမိုင်းကိုစီစဥ်ခိုင်းလိုက်ပါ့မယ်..."


"မနက်ဖြန်....ပျိုသစ္စာ ပြန်လာတော့မယ်.. သခင်လေး.."


"ဟုတ်တယ်....သူ့ကို တာဝန်ပေးထါးတဲ့ ကိစ္စတွေပြီးလို့...သူက ငါ့ကို မြန်မာနိုင်ငံမှာပဲ ပြန်​နေချင်တယ်​​ ​ ပြောလို့ ငါပြန်လာခိုင်းပြီး သူ.ကို ရတနာ ဒဇိုင်းဘက်ကို တာဝန်ပေးမလို့ ...ပြီးတော့ ဟိုဘက်မှာ မိန်းကလေးတစ်ယောက်ပဲဖြစ်နေတယ်ဆိုတော့...ပြန်ခေါ်လိုက်တာ..သူလည်းမြန်မာနိုင်ငံမှာပဲ ပြန်နေချင်မှာပေါ့.."


"ဟုတ်ကဲ့သခင်လေး... ​ဒါဆို သူက မြန်မာနိုင်ငံကို အပြီးပြန်လာ မှာပေါ့..... "


"အွန်းဟုတ်တယ်...ဘာဖြစ်လို့လည်...."


"ဗျာ...ဘာမှမဖြစ်ပါဘူး...သခင်လေ..." အာကာသက်ပြင်းချလိုက်မိသည်။ 


မပျိုသစ္စာက သခင်လေးကို သဘောကျနေတာ သခင်လေးဘေးမှာနေတဲ့ သူကသိတာပေါ့...အခုလည်း သခင်လေးလက်ထပ်တော့မှာ....ပျိုသစ္စာက ဒီအတိုင်းငြိမ်နေပါ့မလား....ပျိုသစ္စာအကြောင်းသူသိသည်....လိုချင်တာကို မရရအောင်ယူတက်တဲ့သူ...ဒေါသကြီးတဲ့ သခင်းလေးနဲ့ လိုချင်တာမရရအောင်ယူတက်တဲ့ ပျိုသစ္စာတို့...ဘာတွေဖြစ်ကြအုံးမလည်...မမလေးခေတ်က ကြားထဲကနေ ဒုက္ခရောက်အုံးမယ်..ဟူးး..အာကာစိတ်မောစွာဖြင့် သက်ပျင်းချလိုက်မိသည်။


ထိုအခါသခင်လေးက "ဘာတွေသက်ပြင်းချနေတာလည်း..အခက်အခဲရှိလို့လားးး"


အာကာအာ့တော့မှ အတွေးလွန်နေတာ သတိရကာ...


"ဗျာ...မဟုတ်ပါဘူး သခင်လေး..."


"သြော်..okပျို့ကို နေဖိူ့ထိုင်ဖို့ စီစဥ်ပေးထါးလိုက်.."


"ဟုတ်ကဲ့..."


"ပြီးတော့ ခေတ်အနောက်ကို လူလွှတ်ထားပေး အဝေးကနေ စောင့်ရှောက်ဖို့ ခေတ်မသိစေနဲ့..."


ပျိုသစ္စာနဲ့သူက  ငယ်သူငယ်ချင်းတွေပါ။ ပျိုဖေဖေနဲ့ မေမေက ပျိုငယ်ငယ်လေးထဲက ကားတိုက်မှုဖြစ်ပြီးဆုံးသွားကြတာ။အာ့ဒါကြောင့် သူကပဲ ခေါ်ယူစောင့်ရှောက်ခဲ့ပြီး ပညာတွေသင်ပေးခဲ့ကာ အလုပ်တစ်ချို့ကို ဦးဆောင်ထားခိုင်းခဲ့သည်။


 ပျိုကမိန်းကလေးဖြစ်ပြီးတော်ပြီး အရမ်းထက်​​ မြတ်တဲ့ကာအားကိုးရတဲ့ သူ့ရဲ့ မိန်းက​လေး လက်ထောက်ပါဘဲ... အရင်ထဲက ပျိုက သူ့အပေါ်ဆို အနွံတာအခံဆုံး။


ဒါ့ကြောင့်လည်း သူပျို့ကို ညီမလေးတစ်ယောက်လို သံယောဇဉ်  ဖြစ်ကာ ပျိုကလည်း..သူအပေါ်..သူငယ်ချင်းထက် အကိုတစ်ယောက်လို သံယောဇဉ် ဖြစ်မယ်လို့ သူယုံကြည်မိသည်။အခုလည်း သူလက်ထပ်တော့မှာကို သူမကို အသိမပေးသောကြောင့် စိတ်ဆိုးအုံးမှာ ကျိန်းသေလောက်သည်။


"သခင်းလေး..မပျိုသစ္စာကို သခင်လေး လက်ထပ်တော့မှာအသိပေးလိုက်ရမလား.."


"နေ..မပေးနဲ့အုံး..ဒီရောက်မှငါ ခေတ်နဲ့ တစ်ခါထည်းမိတ်ဆက်ပေးလိုက်တော့မယ်..."


"ဟုတ်ကဲ့.." လို့ပြောပြီး သခင်လေးကိုနှုတ်ဆက်ပြီး ဇိုင်းအာကာ အခန်းထဲက ထွက်လာလိုက်သည်။


🔻🔻🔻🔻🔻🔻🔻


ပျိုသစ္စာ မြန်မာနိုင်ငံကို ပြန်ရတော့မယ်ဆိုတော့ ပျော်နေမိသည်။ မြန်မာနိုင်ငံကို ပြန်ရမည်ထက် သူမချစ်သော သူကိုတွေ့ရမည်မို့ဆို ပိုမှန်မည်။ ဟုတ်တယ် သူမချစ်ရသောသူ သူမရဲ့အချစ်ဦး မဟော်ရောင်နီပါပဲ။


ပျိုတို့နှစ်ယောက်က ငယ်ငယ်လေးထည်းက ခင်လာတဲ့သူငယ်ချင်းတွေပါ။ ပျိုမိဘတွေဆုံးတော့ သူကပျို့ကို ခေါ်ယူစောင့်ရှောက်ခဲ့သည်။ပျိုတို့နှစ်ယောက်ရဲ့ သံယောဇဉ် က နှစ်တွေအကြာကြီးဆိုတော့ ခိုင်မာနေတော့သည်။


 ထို့အတူ ပျိုဘက်က ချစ်လာခဲ့တဲ နှစ်တွေက မနည်းတော့....ဟိုအစုတ်ပလုပ်က....ပျိုချစ်နေတာကို သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်တာလား...တကယ်မသိတာလားတော့မပြောတက်....ပျိုဒီတစ်ခေါက်မြန်မာနိုင်ငံကို ပြန်တာ အပြီးပြန်တာဖြစ်သည်။


ပြန်ဖို့ကိုလည်း မဟော့်ကို အာပေါက်မတက်ပြောရပြီး မြန်မာနိုင်ငံကစိန်ရွှေ ရတနာ ဌာနဘက်က ဒဇိုင်းဘက်ကို ပျိုတာဝန်ယူ​ပေးရမည်ဖြစ်သည်။ 


မဟော်က ပျိုဆို အရေးပေးဆက်ဆံသည်။သူလည်းပျို့ကို စိတ်ဝင်စားနေလို့ ဖြစ်မှာပါ သူငယ်ချင်းတွေဟုတ်လို့ သူမဖွင့်ပြောချင်လို့လား...အာ့ဒါဆိုရင်တော့ ပျိုဘက်ကနေပြီး အရင်လှုပ်ရှားပြရတော့မှာပေါ့... မဟော်ရေ...ဒီတစ်ခါ ရှင်ရဲ့မဟေသီဖြစ်ဖို့... ပျို့ အပြီးပြန်လာတော့မှာ...


သူမရယ်ပြီး မဟော့်ကို phဆက်လိုက်တော့...


"ဟယ်လို...မဟော်လား"


" ငါ သဘက်ခါ..ပြန်လာမှာနော်..."


"နင်ကိုယ်တိုင်လာကြိုရမယ်နော်..."


"တကယ်လား...ဟီးဟီး.."


"အွန်းအွန်း..ဒါပဲနော်..."


ဆူးဟိုဘက်က phချသွားတာတောင် ကိုင်လျှက်သားလေးနှင့် ပျော်နေမိသည်။ မဟော်က သူကိုယ်တိုင်လည်းလာ ကြိုမည်..ပျို့ကို ပြောစရာ လည်းရှိသည်တဲ့... ဘာများဖြစ်မလည်း ပျို့ကို ဖွင့်ပြောတော့မှာလား...အာ့ဒါဆိုရင်တော့ ပျိုတစ်ခါထဲ အဖြေပြန်ပေးလိုက်ဖို့အသင့်ပါ... ပျိုရင်တွေခုန်လိုက်တာ...


🔶🔶🔶🔶🔶🔶🔶🔶


ဆူး ကိုကိုမဟော်ပြန်လာတော့မယ်ဆိုသော​ကြောင့် ပျော်ကာ ရင်တွေခုန်နေမိသည်။ ကိုကိုပြန်လာရင်...ငါ့ကို ဖွင့်ပြောတော့မှာလား....ကိုကိုက လူဆိုးပဲ...ဆူးကို နည်းနည်းလေးတောင် ဘာမှမပြောဘူး...သူ့သဘောအတိုင်းပဲ င်္ဂလာပွဲကို စိတ်ကြိုက်စီစဥ်နေတာ...ဆူးဒီနေ့ ဆူးတို့ မင်္ဂလာပွဲလုက်မဲ့ ဟိုတယ် ကိုရောက်ခဲ့သည်။ 


အဖြူနဲ့ ရွှေရောင်သာ သုံးထားသော အပြင်အဆင်တွေက မပြီးသေးတာတောင် ​မြင်သူတကာ ရင်သက်ရူမောဖြစ်ကြရသည်။ မိန်းကလေးတိုင်းကတော့ ဆူးကို အားကျနေမိမှာအမှန်။ အခန်းအနားပြင်ဆင်နေတဲ့ကောင်းလေးတွေကိုတောင် ဆူးက နာမည်ရေးရင် အရောင်ရင့်ရင့်လေးရေးပြီး သေသေချာချာလေးပြင်ဆင်ပေးပါလို့ ပြောခဲ့သေးသည်။


 ကောင်လေးတွေကလည်း... ဆူးကို သတိုးသမီးဆိုတာ မသိလို့ထင်တယ် ကြောင်အအလေးနဲ့ ဟုတ်ကဲ့လို့ ပြန်ပြောတော့ ..ဆူးခေါင်းငြိမ်ပြပြီး ပြန်ထွက်ခဲ့သည်။ 


ကိုကိုက ဆူးကို ဖိတ်စာလည်းဘယ်လိုဆိုတာမပြောဘူး...ဝတ်ဆုံရောပဲ ပွဲကနီးနေပြီကို စမ်းဝတ်ကြည့်ရမဲ့အချိန်ကရှိသေး... ဒါနဲ့နေပါအုံး..ဆူးရဲ့ Sizeကို ကိုကိုက သိနေတာလားး...အမလေး..ရင်တွေခုန်လိုက်တာ...ဆူးတစ်ယောက်ထည်းတွေးပြီး ပျော်ရွှင်နေမိတော့သည်။

 ဆူးဖေဖေ့ရှိတဲ့ အလုပ်ခန်းထဲကို သွားပြီ...


ဒေါက်..ဒေါက်..ဖေဖေသမီးဝင်ခဲ့မယ်နော်...


ဦးချစ်လွန်းလည်း..သမီးအသံကြောင့်... အလုပ်လုပ်နေရာမှ...ခေါင်းထောင်ကြည့်ကာ..


"သမီး ဝင်ခဲ့လေ.."


ဖေဖေပြန်ပြောတော့ ဆူးလည်းဝင်ခဲ့ကာ..


"ဖေဖေ ကိုကိုမဟော်က မင်္ဂလာကိစ္စကို သမီးကိုလည်းမပြောဘူးနော်..."ဆူး နှုတ်ခမ်းလေးဆူကာပြောတော့...


ဦးချစ်လွန်းသဘောကျကာ..


"မောင်မဟော်က ဘယ်တောက ကိစ္စတစ်ခုခုကို ကြိုပြောလို့လည်း..သူလုပ်ပြီး အောင်မြင်မှ ပြောတာကို...အခုလည်းဖေဖေ သမီးလေးကို အကုန်ပြင်ဆင်ပြီးမှ ပြောမှာပေါ့...."


ဖေဖေအာ့လိုပြောတော့ ဆူးက တစ်ခုခုကိုသတိရသွားကာ...


"ဖေဖေ သူ့သတိုးသမီးက ဆူးဟုတ်ပါတယ်နော်..."


သမီးအပြောကြောင့် ဦးချစ်လွန်းက..

"သမီးရယ်...ဖေဖေပြောပြီးတဲ့နောက်နေ့..မောင်မဟော် မင်္ဂလာကိစ္စကြော်ငြာတာပဲ သမီးမဟုတ်လို့ ဘယ်သူဖြစ်မှာလည်း...."


အာ့တော့မှ ဆူးလည်း သက်ပြင်းအသာချကာ..


"ဟုတ်ကဲ့ဖေဖေ ဒါဆို ဆူးသွားအိပ်တော့မယ်နော်..."


" ဟုတ်ပြီ သမီး ဖေ့ဖေ့သမီးလေး ဒီရက်ပိုင်း အရင်ကထက် ပိုလှအောင်နေကြားလားးး... "


ဆူးလည်းဖေ့ဖေ့အပြောကြောင့် သဘောကျကာ..

"ဟုတ်ကဲ့ဖေဖေလို့ "ပြောပြီး နှုတ်ဆက်ကာ ထွက်လာလိုက်သည်။


ဆူးအခန်းထဲ ပြန်ရောက်တော့ မကြာခင်ရောက်တော့မဲ့ မင်္ဂလာပွဲကို တွေးပြီး ရန်ခုန်နေမိတော့သည်။


🍎🍒🍐🍊🍊🍊🍋🍉🍓🍎🍏


တစ်ဖက်တွင်....


ဦးခေတ်သစ် သမီးလေးကို မောင်မဟော်နဲ့ သဘောတူလိုက်တဲ့အတွက် နောင်တမရပါ။မောင်မဟော်လို လူမျိုးက သမီးလေးကို စိတ်ချမ်းသာအောင် ထားနိုင်မည်ဆိုတာ အလိုလိုယုံကြည်နေမိသည်။


ထို့အချိန် "ဒေါက်..​ဒေါက်...အန်ကယ် ကျွန်တော်ဝင်လာမယ်နော်"


"သြော် မောင်ထက်ယံလင်း...ဝင်ခဲ့လေကွာ.."


ထက်ယံလင်းဆိုတာ company ရဲ့ အားကိုးရဆုံးလူငယ်ပါ သူ့ကြောင့်ပဲ အရူံးတွေကြားက အခုချိန်ထိ ထိန်းထားနိုင်တာ။တစ်ချိန်ကြရင် သမီးလေးနဲ့ လက်ထပ်ပေးဖို့အထိလည်း တွေးထားခဲ့သည်။ဒါပင်မဲ့ အခုတော့ အခြေအနေတွေက တွေးထားသလိုဖြစ်မလာခဲ့။


"အန်ကယ်..ကျွန်တော်တို့ company နဲ့ မဟော်group company က လက်တွဲဖို့ စာချုပ်ချုပ်လိုက်ပြီဆို.."


"ဟုတ်တယ်.. မောင်ထံယံ...အန်ကယ်တို့ လုပ်နိုင်ခဲ့ပြီ..."


ထက်ယံလည်း..."ဟာ ဝမ်းသာလိုက်တာဗျာ..."


"ဒါကြောင့် အန်ကယ်တို့တွေ ဒီထက်ပိုကြိုးစားရတော့မယ်.."


"ပြီးတော့ အန်ကယ်နောက်တစ်ပတ် ရန်ကုန်ပြန်ရမယ်..."


 အန်ကယ်က မြန်မာနိုင်ငံကို တော်ရုံမသွားဖြစ်တော့ ထက်ယံလည်း အံ့ သြသွားကာ... 


"ဘာဖြစ်လို့လည်းအန်ကယ်..."


ဦးခေတ်သစ်လည်း မောင်ထံယံသမီးလေးအပေါ် မေတ္တာသက်ဝင်နေသည်ကိုသိသဖြင့် စိတ်မကောင်းဖြစ်မိသည်။ဒါပင်မဲ့ မပြောလည်း နောက်သိရမည်ဖြစ်တာကြောင့်...


"သမီးလေးမင်္ဂလာပွဲလေ..."


"ဗျာ...ခေတ်က..." ထံယံလည်းမယုံနိုင်ဖြစ်သွားကာ..


"ဟုတ်တယ်ကွဲ့....မဟော်groupက မောင်မဟော်ရောင်နီနဲ့လေ သမီးလေးကို အန်ကယ်တို့စီမှာ လက်ထပ်ခွင့်တောင်းတာ..."


"ဗျာ..ဟုတ်ကဲ့..."


ထက်ယံ ရင်ဘက်ထဲ နေဆယ်စင်းဖြတ်သွားလိုက်သလိုပါပဲ...အန်ကယ့်အ​ရှေ့မှာ မက်တပ်မရပ်နိုင်တော့တာကြောင့် အန်ကယ် 

"ကျွန်တော်ကို ခွင့်ပြု ပါအုံး...."


"အေးအေး  ကောင်းပါပြီ..."


ခေတ်ကို ထက်ယံ ချစ်ခဲ့တာကြာပါပြီ ခေတ်ရည်မှန်းချက်တွေပြည့်တဲ့နေ့ သူလက်ထပ်ခွင့်တောင်မယ်ဆိုပြီး နေခဲ့တာ အခုတော့ ခေတ်က လက်ထပ်တော့မှာလား...ရက်စက်လိုက်တာ ကံကြမ္မာရယ်...


ထက်ယံအပြင်ရောက်တော့ နာ​ကျင်နေသော ရင်ဘက်ကို အသာဖိပြီး ဝဲနေသောမျက်ရည်တို့ကို သုတ်လိုက်ကာ...


ခေတ်ပျော်တယ်ဆိုရင်... ကိုနောက်ဆုတ်ပေးပါ့မယ်ခေတ်ရယ်...


💘💘💘💘💘💘💘💘💘


ခေတ် ဒီနေ့အလုပ်လုပ်ရတာ အဆင်မပြေ။ အတွေးထဲမှာ ဟိုလူကြီးကိုပဲ ဒေါသထွက်နေမိသည်။ခေတ်ကိုရော မမာယာဆူးကိုရော နှစ်ဦးသလုံးကို လက်ထပ်ခွင့်တောင်းတာ ဘာသဘောလည်း...ခေတ်ကို အထင်သေး တန်ဖိုးမထားတာလား..လူလိမ်ကြီး လူယုတ်မာကြီး..ကလိမ်ကကျစ်ကြီး...ခေတ်ရှင့်ကိုမုန်းတယ်သိလားး...ပိုက်ဆံရှိတယ်ဆိုပြီး မိန်းကလေးတိုင်းကို အထင်သေးတာလား...ရှင်အာ့လို ထင်တဲ့အထဲမှာ စံခေတ်တော်ဝင် တို့မပါဘူး...လူယုတ်မာ.. ရှင့်ကိုရအောင်ငြင်းမှာ...ကြည့်နေ့..ခေတ်စိတ်ထဲကနေမကျေမနပ်ပြောလိုက်သည်။


ခဏကြာတော့ ဖြူစင်ကရောက်လာပြီး..


"ဒေါ်ခေတ် ဒီနေ့မျက်နှာမကောင်းပါလား....ဘာဖြစ်လို့လည်း...နေမကောင်းဘူးလား..."


"မဟုတ်ပါဘူးဖြူစင်ရယ်...ခေတ်အိပ်မရတာကြောင့် လူမလန်းတာပါ..."


ခေတ်အပြောကြောင့် ဖြူစင်မျက်လုံးပြူးကာ ခေတ်ကို သေချာကြည့်ပြီး..


"ဒေါ်ခေတ် ရှင်အိပ်မရဘူးဆိုတော့..ညဘက်တွေ ဘာလုပ်နေလို့လည်းမှန်မှန်ဖြေ"


ဖြူစင်အပြောကြောင့် ခေတ်သဘောကျကာ ရယ်လိုက်မိပြီး..


"မဟုတ်ပါဘူး ဖြူစင်ရယ် ခေတ်လူနာမှတ်တမ်းတွေ ပြန်ကြည့်နေတာနဲ့ အိပ်ချိန်နောက်ကျတာ အာ့ဒါကြောင့်ဖြစ်တာပါ.."


"ဒေါ်ခေတ်နော် ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကိုယ့်ကိုကိုယ် လည်း ဂရုစိုက်အုံး..."


ဖြူစင်ကပြောတော့ ခေတ်လည်း..


"အွန်းပါ.... စိတ်မပူနဲ့နော်..."


"အာ့ဆိုရယ်ပြ..."


"ဟီးဟီး...."


ဖြူစင်နဲ့ ခေတ်နှစ်ယောက်ပြိုင်တူ ရယ်လိုက်မိသည်။


ဒါနဲ့လေ..

"ဒေါ်ခေတ် ရှင်သိပြီးပြီလား..."

ခေတ်က ဘာကိုလည်းပုံစံဖြင့် မျက်ခုံးပင့်ပြတော့ ...


"သခင်လေးက သူ့မင်္ဂလာပွဲကို သူပိုင်တဲ့ hotelမှာ သုံးပွဲတောင်ကျင်းပမှာတဲ့...ပြီးတော့လေ... ဝင်ထမ်းတွေအကုန်လုံးကိုလည်း ဖိတ်မှာတဲ့.. မင်္ဂလာပွဲမှာ သုံးတဲ့အရောင်ကလေ အဖြူရောင်နဲ့.. ရွှေရောင်ပဲ သုံးထားတာတဲ့... သတိုးသမီးဝတ်ဆုံလေးကလည်း အရမ်းလှတာတဲ့ စိန်နဲ့ ရွှေသုံးထားတာတဲ့ သုံးပွဲ အတွက်လုံးကို အရမ်းအဖိုးတန်မှာပဲ ဒို့မှာတော့ ဝတ်စုံလေးကို မြင်ယောင်ပြီး..သတိုးသမီးလေးကို အားကျယုံမှတစ်ပါး...ဘာမှမတက်နိုင်ပါဘူး....ငါသူ့သတိုးသမီးလေးကို သိချင်လိုက်တာ ခေတ်ရယ်..."


ဖြူစင်က အာ့လိုပြောတော့ ခေတ်လည်း...

"နင်မြင်ပြီးပြီလေး..သူ့သတိုးသမီးကို"


"ဘယ်သူလည်းခေတ်ရဲ့ ငါမမြင်ဖူးပါဘူး"

ဖြူစင်အာ့လိုပြန်ပြောတော့ ခေတ်သဘောကျကာ..


"မနက်ကပဲ မမာယာက သူဆိုပြီး ပြောသွားပြီလေ...ရှင်လေးလည်းကြားရဲ့သားနဲ့.."

ထို့အခုမှ ဖြူစင်က ရယ်လိုက်ပြီး..


"အမလေးခေတ်ရယ် ကျွန်မက ဘယ်သူများလည်းလို့ ရင်ကို ခုန်သွားတာပဲ...သူဆိုရင်တော့ ကျွန်မ မယုံပါဘူးနော်...သူ့ကို သခင်လေးက ဘယ်တောက စကားပြော အဖက်လုပ်ဖူးလို့လည်...အလိမ်အညာတွေ.."


"ဒါပင်မဲ့ ဖြူစင်ရယ် သူ့အဖေနဲ့ကလည်း ခင်တော့ ဖြစ်နိုင်တယ်လေ..."ခေတ်အာ့လိုပြောတော့ ဖြူစင်က...


"မသိတော့ပါဘူးခေတ်ရယ်..ဘယ်သူဖြစ်ဖြစ် သတိုးသမီးဖြစ်တဲ့သူက ကံကောင်းတာပဲ..."


"ကဲ ပါ အာ့အကြောင်းတွေအသာထား လူနာတွေ သွားကြည့်တော့သွား..."


ဖြူစင်လည်းလူနာသွားကြည့်တော့...ခေတ်လည်း ညနေစောင်းတော့မှာဖြစ်တာကြောင့် လုပ်စရာရှိတာလုပ်နေလိုက်ပြီး..လူနာမှတ်တမ်းဖိုင်တွေထားသော..အတန်းသိုသွားကာ ဖိုင်တွဲယူနေချိန်   ခေတ်ရဲ့အနောက်နားကနေ ခေတ်နားနားကို ကပ်ကာ ....

"ဘာတွေလုပ်နေတာလည်း...ကလေးလေး..."


ခေတ်လန့်သွားကာ လှည့်အကြည့်.....


သူ့ရင်ဘက်နဲ့ ခေတ်မျက်နှာအပ်သွားတော့ မော့ကြည့်လိုက်တဲ့အချိန် သူမျက်နှာက တဖြည်းဖြည်း ငုံ့ကျလာပြီး ခေတ်ရဲ့ ကကြီးပုံနှုတ်ခမ်းလေးဆီသို့ သူ့ရဲ့နှုတ်ခမ်းက တိုးဝင်လာတဲ့အခါ.... ခေတ်ကြောင်အအလေးနဲ့ မင်သက်နေမိတော့သည်...


ဆက်ရန်


 စာရေးသူ -   လွမ်းခြင်း


rate now: