book

Index 8

အပိုင်း(8)💜💜

  • Author : Lwanchin
  • Genres : Romance, Drama

ဦးခေတ်သစ် တစ်လမ်းလုံး မဟော်ရောင်နီပြောတာတွေကို စဥ်းစားလာခဲ့သည်။


" ကျွန်တော် စံခေတ်တော်ဝင်ကို လက်ထပ်ချင်တယ်..."


"ဗျာ"


"ဟုတ်တယ်... ကျွန်တော်ပြောတာကို လက်ခံရင် ဦခေတ်သစ်တို့ အတွက် မနှစ်နာ​စေရပါဘူး..."


"မဟုတ်ပါဘူးဗျာ...အန်ကယ်အံ့သြသွားလို့ပါ..."


"သမီးလေးနဲ့ မောင်မဟော်နဲ့က..... "


"သူနဲ့ ကျွန်တော်က သိပ်မရင်းနှီးပါဘူး...ကျွန်တော်ဘက်က သူ့ကို စိတ်ဝင်စားပြီး တန်ဖိုးထားလက်ထပ်ချင်တာပါ..."


ဦးခေတ်သစ် ကိုယ့်သမီးကို လူရွယ်တစ်ယောက်က အခုလို မျက်နှာချင်းဆိုင် တောင်းတော့ မျက်နှာပူနေရသည်။ ထိုလူငယ်ကတော့ ဘာမှ​ဖြစ်ပေါ်မပေါ် စကားကိုသာ အေးအေးဆေးဆေးသာ ပြောနေသည်။ထိုလူငယ်ရဲ့ မျက်လုံးထဲမှာ သမီးလေးကို တန်ဖိုးထားတဲ့ အရိပ်အယောင်ကို မြင်နေရသည်။ ယောင်္ကျားချင်းဆိုတော့ အကဲခက်ကြည့်လိုက်တာနဲ့သိသည်။


"မောင်မဟော်က အခုလိုကမ်းလှမ်းတာကို..အန်ကယ်ဝမ်းသာပါတယ်..."


"ဒါပင်မဲ့... သမီးလေးရဲ့.. သဘောထားကို မေးကြည့်ပါအုံးမယ်....''


"ကောင်းပါပြီ.. ဒါပင်မဲ့. ကျွန်တော်စောင့်ရမဲ့အလုပ်ကို သိပ်စိတ်မရှည်ဘူးဗျ။ အာ့ကြောင့်.ဦးခေတ်သစ်ဘက်က အမြန်အကြောင်းပြန်ပေးစေချင်ပါတယ်....."


"ကောင်းပါပြီ...မောင်မဟော်.."


"ကျွန်တော်အခုလိုပြောလို့..ခေတ်ကို တန်ဖိုးမထားတာမဟုတ်ဘူးနော်...ကျွန်တော်ဖိုးထားလို့ အယ်ကယ်စီမှာ အခုလိုပြောတာ..."


"အန်ကယ်သိပါတယ်...မောင်မဟော်လိုလူမျိုးက... အခုလိုပြောထဲက..မောင်မဟော်.. အန်ကယ်သမီးလေးအပေါ်ထားတဲ့စိတ်ကို... အန်ကယ်သိပါတယ်...အန်ကယ်အမြန်ဆုံးပြန်ပြောပါ့မယ်.."


"ဒါဆို အာ့ကိစ္စအဆင်ပြေတာနဲ့ ကျွန်တော်တို့ မဟော် groupနဲ့ Tk group ပတနာတွေဖြစ်သွားပြီလို့သတ်မှတ်လိုက်ပါ..."


"ဟုတ်ကဲ့...ကျေးဇူးပါမောင်မဟော်..."


"အဟွန်းးကျွန်တော်က ကျေးဇူးတင်ရမှာပါ..ကျွန်တော်သတင်းကောင်းစောင့်နေပါ့မယ်..ခွင့်ပြုပာအုံး..."


" ကောင်းပါပြီမောင်မဟော်..."


အိမ်ရောက်တာနဲ့ ဒေါ်ပန်းရိပ်က 'ဖေကြီးရေ အဆင်ပြေလားမေးပြီး...' အအေးတစ်ခွက်အရှေ့ကို ချပေးတော့ သူမော့သောက်လိုက်ပြီး ....


"ပြေ ပါ တယ်မိန်းမရယ်....ငါတို့သမီးလေးတော့ ကံကောင်းပြီ..."


"ဘာဖြစ်လို့လည်း..."


ဦးခေတ်သစ်လည်း ဒေါ်ပန်းရိပ်ကို ရှင်းပြလိုက်တော့..


"သူက သမီးလေးကို...လက်ထပ်ခွင့်တောင်းတယ်ပေါ့..."


"ဟုတ်တယ်..."


"ဒါပင်မဲ့ သမီးလေးရဲ့ဆန္နကို အရင်မေပါရစေအုံး..."


"မေးရမှာပေါ့ ဒါပင်မဲ့ သမီးလက်ခံအောင် ရိပ်ပြောပေးရမယ်...ကိုတို့compay ရူံးပေါ်နေတယ် မဟော်နဲ့ လက်တွဲမှ ရတော့မှာ.."


ဦးခေတ်သစ်အာ့လိုပြောတော့ ဒေါ်ပန်းရိပ်လည်း သက်ပြင်းချကာ..


"ဟုတ်ကဲ့..ရိပ်သမီးလေးကိုနားဝင်အောင်ပြောလိုက်ပါ့မယ်။ရိပ်တို့သမီးလေးက လိမ်မာပါတယ် ရိပ်တို့အခက်အခဲကို သေချာရှင်းပြရင် နားလည်မှာပါ.."


ရိပ်လည်းဆေးရုံက ပြန်လာပြီး ရေချိုးမလို့ ပြင်နေစဥ် phလာတာကြောင့် ကြည့်မိလိုက်တော့ မေမေဖြစ်နေတာ​ကြောင့် ကိုင်လိုက်ကာ...


"ဟယ်လိုမေမေ..."


ဒေါ်ပန်းရိပ်လည်း သမီးလေးရဲ့ချိုသာသော အသံလေးကို ကြားတော့ ပြုံးလိုက်ကာ...


"ဟယ်လို သမီးလေး..ပြန်ရောက်ပြီလာ..."


"ဟုတ်ပြန်ရောက်ပြီမေမေ..."


"မေမေ သမီးကိုပြောစရာရှိတယ်...

သမီးသေချာနားထောင်ပြီး လက်ခံပေးနော်..."


ရိပ်စိုရိမ်သွားကာ..."မေမေဘာဖြစ်လို့လည်း..ပြောပါ.."


"သမီးလေး... လူတစ်ယောက်ကို လက်ထပ်ရမယ်..."


ခေတ်လည်းမေမေ့အပြောကြောင့် အံ့သြ သွားကာ...


"ရှင်...."


ဒေါ်ပန်းရိပ်လည်း သမီးလေးကို သနားမိသော်လည်း သမီးလေးရှေ့ရေးကို တွေးကာ...


"ဟုတ်တယ်သမီး...မေမေတို့အခြေအနေက.... သမီးအာ့ဒိလူငယ်လေးကို လက်ထပ်မှရမှာ...."


"ခေတ်တို့က... အာ့လောက်အခြေအနေတွေ ဖြစ်သွားပြီလားမေမေ....ဘာလို အခုမှပြောရတာလည်း...ခေတ်တို့မိသားစုရဲ့ အခြေအနေတွေကို..."


ဒေါ်ပန်းရိပ်လည်း သက်ပြင်းချကာ.....

"မေမေလည်း အခုမှသိရတာ သမီးလေး..သမီးဖေဖေက တစ်ယောက်ထည်း ကျိတ်ပြီး အခက်အခဲတွေကိုရင်ဆိုင်နေရတာ...."


မေမေက အစအဆုံးသေချာပြောပြသွားပြီ ခေတ်ကို လက်ခံပေးပါဆိုပြီး phချသွားတော့ ခေတ်phကိုင်ထားလျှက်နဲ့ တောင့်တောင့်လေးရပ်နေမိသည်။မေမေပြောသွားတဲ့အထဲမှာ ခေတ်လက်ထပ်ရမဲ့သူက မဟော်ရောင်နီဆိုတော့ ဟိုအကျင့်ပုတ်ကြီးပေါ့..


ခေတ်သက်ပြင်းတွေချကာ...ရေချိုးဖို့ ရေချိုးခန်းထဲဝင်လာတော့သည်။


"ဘယ်လို မမရိပ် ခေတ်လေးကို အိမ်ထောင်ချပေးတော့မှာဟုတ်လားးး..."


"မစောလွန်းဘူးလား..."


"ဘယ်သူလည်း ခေတ်လေးရော အာ့ကောင်လေးကိုသိလို့လားး"


"ဟယ်ဟုတ်လား.."


"အာ့ဒါဆိုရင်တောာ့ ချယ်လည်းသဘောတူပါတယ်..."


"ကောင်းတာပေါ့ ကောင်းလေးကိုတစ်ခါမြင်ဖူးတယ် ဘုန်းကြီးကျောင်းမှာ လာလှူတောက ချောလည်းချော ပစ္စည်းဥစ္စာလည်းရှိ အရည်အချင်းလည်းရှိတဲ့ အရမ်းတော်တာ အခုတော့ ချယ်တူမလေးတော်ရတော့မဲ့ သတိုးသားလောင်းပေါ့...ချယ်တော့အရမ်းဝမ်းသာတာပဲ...''


"ဟုတ်မမရိပ်..."


"အာ့ဆိုဒါပဲနော်...."


ချယ်လည်းမမရိပ်နဲ့phပြောပြီး ချလိုက်တော့...

ဦးတိုင်းအောင်ရောက်လာကာ....


"ချယ်ဘာတွေပြောနေကြတာလည်းး.."


"ခေတ်လေးကို အိမ်ထောင်ချပေးတော့မလို့တဲ့ ကောင်လေးဘက်က လက်ထပ်ခွင့် မမရိပ်တို့စီမှာတောင်းတာတဲ့"


"ဟေ..ဟုတ်လား...ဘယ်သူလည်...ကိုတို့သိလားး"


"သိတာပေါ့...ရှင်သိရင်အံ့သြသွားမှာ..."


"ဟေ...ဘယ်သူဟုတ်လို့တုန်..."


"မဟော်groupပိုင်ရှင်လေ....''


"ဟာ ခေတ်လေးကံကောင်းတာပဲ.."


"ဟုတ်ပ ကျွန်မတူမလေးကံကောင်တာ..ဟင်းဟင်..."


ခေါ်စိန်ဝင့်ချယ်လည်း သဘောကြပြီး ပြုံးလိုက်လေသည်။


ခေတ်ဆေးရုံသွားဖို့ ဆင်းဆင်းလာချင်း မေမေချယ်တို့ပြောတာတွေကိုကြားကာ သူကလူတွေအပေါ် အာ့လောက်လွှမ်းမိုးနိုင်တာလား..အေးလေးအကုန်လုံးက ပြောနေတော့လည်း ငါလက်ခံရတော့မှာပေါ့...ခေတ်လည်းဧည့်ခန်းထဲဝင်လာပြီး...


"မေမေချယ် ​​ခေတ်သွားတော့မယ်နော်..."


ခေတ်က ဇာပိတ်ဖောက်ထားသော ခါတို ရင်ဖုန်းဝမ်းဆက် အုတ်ကျိုးရောင်လေးနဲ့ ဆံပင်လေးကို အုပ်ကျိုးရောင် ပါဝါလေးနဲ့စီးထားကာ ဘယ်လိုကြည့်ကြည့် ယဥ်ယဥ်လေးနဲ့ အမြဲတမ်းလှပြီး ချစ်စရာကောင်းနေတာ...


"ဟယ်သမီးခေတ်..... သွားတော့ မလို့လား..မေချယ်သမီးလေးက လှလိုက်တာ ယဥ်ယဥ်လေးနဲ့..."


ခေတ်လည်းပြုံးလိုက်ကာ..

"မေ ချယ်တို့နဲ့... တူတာကို...ဟီးဟီး..''


ဒေါ်စိန်ဝင့်ချယ် ခေတ်လေးအပြောကို သသောကျကာ...


"ဟင်း..ဟင်း ခေတ်လေးကတော့..ဟုတ်ပါပြီ...ဒါနဲ့...

 ထမင်းချိုင့်ရော.."


"ဟိုမှာက ကန်တင်းမှာစားလို့ရတယ်မေမေချယ်ရဲ့.."


"သမီးရယ် အိမ်ထမင်း အိမ်ဟင်းစားတာ ပိုမကောင်းဘူးလား..."


မေချယ်က စိတ်မကောင်းသလိုပြောတော့...


"မေမေချယ်အလုပ်ရူပ်မှာဆိုးလို့ပါ..."


"မရူပ်ပါဘူး..သမီးရယ်... မေမေချယ်က အစောကြီးက ချက်​ပြီးသား..."


နောက်ဆုံးတော့လည်း မေမေချယ်ထည့်ပေးတဲ့ ထမင်းချိုင့်ကို ယူလာလိုက်သည်။


ဦးတိုင်အောင်လည်း ခေတ်လေးနောက်ကျမှာဆိုးသောကြောင့်....


"ကဲကဲ တူရီးနှစ်ယောက်စကားပြောနေတာရပ်တော့... သမီးလေးနောက်ကျတော့မယ်"


ဒေါ်စိန်ဝင့်ချယ်လည်း ဦးတိုင်းအောင်ကို မျက်စောင်းလေးထိုးကာ....


"အို..ရှင်ကလည်း ကျွန်မက စိတ်ပူလို့ကို"


ဦးတိုင်အောင်လည်းရယ်ကာ...


"ဟုတ်ပါပြီကွာ..."


ခေတ်လည်း ကယ်လေးနဲ့ မေချယ်တို့ကို ကြည့်ပြီး ရယ်လိုက်မိကာ..


ဦးတိုင်အောင်က.. ခေတ်ကို" တွေ့လားသမီး သမီးမေချယ်က ကယ်လေးကို အခုအချိန်ထိ စိတ်ကောက်တက်တုန်းးးဟားးဟားးး''


ဒေါ်စိန်ဝင့်ချယ်လည်း ဦးတိုင်အောင်ကို...


"ရှင်နော်..ခေတ်လေးကို မဟုတ်တာတွေ ပြောမနေနဲ့"


ဦးတိုင်အောင် ဒေါ်စိန်ဝင့်ချယ် အ​ပြောကို သဘောကျကာ ရယ်ပြီး "ကဲကဲသမီး...ကားသေချာမောင်း.."


"ဟုတ်ကဲ့ကယ်လေ.."


ခေတ်ကားကိုကိုယ်တိုင်မောင်းကာ အလုပ်သွားနေပြီး ခေတ်ကို ကယ်လေးက ကားတစ်စီး စီစဥ်ပေးထါးတာဖြစ်သည်။


ခေတ်လည်းကယ်လေးတို့ကိုနှုတ်ဆက်ကာ..ဆေးရုံကိုမောင်းလာလိုက်သည်။ကားပေါ်တွင်မေမေက phဆက်တော့ သူတို့ဟိုဘက်ကို မင်္ဂလာပွဲလက်ခံလိုက်ပြီဆိုတာ ခေတ်ကိုလှမ်းပြောသည်။ခေတ်လည်း စိတ်ရူပ်နေတာတွေ ခေါင်းထဲက ထုတ်လိုက်ကာ ဆေးရုံးဝန်းထဲသို့ ကားကို ဝင်လာလိုက်သည်။


🍒🍑🍑🍑🍑🍑🍑🍑🍑🍓🍎❤❤❤❤


 ခေတ်ရောက်ရောက်ချင်း ဖြူစင်က ခေတ်အနားကိုအမောတကော ရောက်လာကာ...


"ခေတ်ရေ...သတင်းထူး...သတင်းထူး.."


ခေတ်လည်း  ​ဖြူစင်က သတင်းထူး ဆိုတော့ ဘာများဖြစ်မလည်းဆိုပြီး စိုးရိမ်သွားကာ..


"အမလေးဖြူစင်ရယ်... နင်ဟာကလည်း .. လန့်လိုက်တာ ဘာများလည်း.."


ထိုအခါဖြူစင်ကရယ်လိုက်ကာ..


"အမလေး..ဒေါ်ခေတ်..တကယ့်သတင်းထူးနော်...


ရှင်လေးလည်း ကြားရင်အံသြ သွားမယ်..."


"ဟုတ်ပါပြီး..ဘာများလည်...''


ထိုအခါဖြူစင်က..."ဒီလို ခေတ်ရေ ငါတို့မဟော် groupက သခင်လေး လက်ထပ်တော့မယ်တဲ့..."

ခေတ်မျက်ခုံးလေးနှစ်ဖက်မြင့်တက်သွားပြီး


"နေပာအုံး ရှင်လေးကို ဘယ်သူပြောတာလည်..."


ထိုအခါဖြူစင်က...


"ဟယ် ဒေါ်ခေတ်ရယ် အခုဆို ကမ္ဘာမှာ ဒီသတင်းကို ဟိုးလေးတကြော်ကြော်ဖြစ်နေတာ...ရှင်မသိတာအံသြဘ" အာ့ဒိ မိန်းကလေးက ကံကောင်းလိုက်တာနော်...ဘာလိုများငါ့ကြမဖြစ်တာလည်းမသိဘူး...15.7.2021မှာ ကမ္ဘာမှာ မိန်းကလေးတွေအသဲကွဲတဲ့နေ့ပဲ..."


ဖြူစင်အာ့လိုပြောတော့ ခေတ်တအံ့တသြော် ပြန်မေးမိကာ...


"နေ ပါအုံး...အာ့နေ့က ဘာနေ့ဟုတ်လို့လည်း..."


ဖြူစင်က ခေတ်ကို တအံ့တသြော်ပြန်ကြည့်ပြီ..


"ဒေါ်ခေတ်... ရှင် အခြားနေရာမှာသာတော်တာ...ဒီနေရာမှာရာမှာအရမ်းတုံးလွန်းတယ်...သခင်းလေးရဲ့ မင်္ဂလာပွဲလေ.."


"ဟမ်..."


ခေတ်အံ့သြ သွားကာ မင်္ဂလာပွဲက အာ့လောက်တောင်မြန်တာလား...ခေတ်ကိုလည်း..ဘာမှမပြောသေးဘူး အခုအချိန်ထိ..နေပေါ့မပြောလည်း...ခေတ်လည်းစိတ်တိုကာ စိတ်ထဲကနေ ပြောလိုက်ပြီး...အာ့မင်္ဂလာပွဲရဲ့ သတိုးသမီးက ခေတ်ဆိုတာများ ဖြူစင်သိရင် ဘယ်လောက်တောင်အံ့သြ သွားလောက်မလည်...ခေတ်လည်းအတွေးတို့ကို ရုပ်သိမ်းကာ ...


"ဒေါ်ဖြူစင် သူများအကြောင်းတွေလျော့... လူနာတွေသွားကြည့်ကြရအောင်..."


ဖြစ်စင်လည်းရယ်ပြကာ...


"အေးပါသွားမယ်.."


ခေတ်တို့နှစ်ယောက်လည်း လူနာကြည့်ဖို့ အခန်းထဲကနေ ထွက်လာလိုက်တော့...


"ဆူး..''


"အင်းပြောလေ... ခိုင်လေး...."


"သခင်လေး.. လက်ထပ်တော့မှာဆို...အဟွန်း...ဟုတ်မှာပေါ့"


ထိုအခါ ခိုင်လေးက ဖိုင်လေးလက်ထဲမှာ ပိုက်ပြီး...


"နင်ဘာမှ မဖြစ်ဘူးလားး"


"အဟင်းး...ငါက ဘာဖြစ်ရမှာလည်..."


"နင်ပဲ သခင်းလေးကိုအရမ်းချစ်တာဆို"


ထိုအခါဆူးက အဓိပ္ပာယ် ပါပါရယ်လိုက်ပြီးး


"ယူအချိန်တန်ရင်သိမှာပါ''


ဆူးဖေဖေကို မဟော်နဲ့ လက်ထပ်ချင်လို့ ပြောခိုင်းထားတာဖြစ်သည်။ဖေဖေကလည်း မဟော့်ကိုပြောပြီးပြီလို့ပြောသည်။ဖေဖေပြောပုံအရ ကိုကိုမဟော်က ဘာမှပြန်တော့မပြောသေးဘူးလို့ပြောတယ်။တိုက်ဆိုင်စွာ ဆူးတို့ကိစ္စ အာ့လိုပြောပြီးတဲ့အချိန်မှာ ကိုကိုမဟော်က လက်ထပ်မည်ဆိုတာကို ကြော်ငြာလိုက်တော့ သူ့သတိုးသမီးမှာ ဆူးပဲဖစ်မှာပေါ့....ရင်တွေခုန်လိုက်တာ....ဆူးစိတ်ထဲကနေတွေးလိုက်ပြီး ရယ်လိုက်သည်။ 


ဆူးအာ့လိုပြောတော့ ခိုင်လေးလည်းနားမလည်ဖြစ်သွားကာ..


"အေးပါ ရှင့်အတွေးကိုတော့ လိုက်မမှီတော့ဘူး"


"အဟင်း..ဟင်း..."


 ထိုအချိန် ခေတ်တို့လည်း လူနာကြည့်ပြီး ပြန်လာတဲ့အချိန်နဲ့ မယာဆူးတို့နဲ့တွေ့ကာ...


မာယာဆူးက


" hi စံခေတ်တော်ဝင်"လို့ နှုတ်ဆက်တော့

ခေတ်လည်းပြန်နှုတ်ဆက်လိုက်ကာ..


"ဟုတ်ကဲ့ မမာယာဆူး"


ထိုအခါမာယာဆူးက ခေတ်ကို မနာလိုသော အကြည့်များဖြင့် ကြည့်ပြီး...


"ယူ ဆေးရုံအုပ်ကြီးတာဝန်ပေးထားတဲ့ case သုံးခုကို အောင်မြင်ခဲ့တယ်လို့ကြားတယ်...Congratulation နော်..."


မာယာဆူး အခုလိုပြောတာ စိတ်ရင်းနဲ့လားဘာလားတော့မသိဘူး..ဒါပင်မဲ့ ခေတ်ပြုံးပြလိုက်ကာ...


" ကျေးဇူးတင်ပါတယ်မမာယာဆူး..."


ဆူးနှုတ်ခမ်းလေးတွန့်ပြီးပြုံးပြလိုက်ကာ...


"ရ ပါတယ်...နောက်ဆို ဒို့က ဒီဆေးရုံမှာအရေးပါတော့မှာဆိုတော့ မင်းကလည်းဒီဆေးရုံရဲ့ ဝန်ထမ်းဆိုတော့ ဒို့ရဲ့ ဝန်ထမ်းဖြစ်တော့မှာ... အာ့ကြောင့် ဒိထက်ပိုပြီးကြိုးစားပေးပါအုံး အဟင်းး....".


ခေတ်လည်း...မမာယာဆူးပြောတာကို နားမလည်သဖြင့် ကြောင်အအလေးဖြစ်သွားကာ...


 ဒါကို မာယာဆူးက နားလည်းလိုက်ပြီး...

ရယ်လိုက်ကာ..

"အဟင်း..''


"စံခေတ် နားရူပ်သွားတယ်ထင်တယ်...ဒို့ပြောတာက ဒို့က ဒီဆေးရုံတင်မကဘူး မဟော် groupကို ပါ အုပ်ချုပ်တဲ့သူနဲ့ သက်ဆိုင်တော့မှာ...ဒို့ ကို သူက လက်ထပ်ခွင့်တောင်းထားတယ်လေ..အဟင်...အာ့ဒါကြောင့် သူကြော်ငြာထားတာပေါ့ လက်ထပ်တော့မယ်ဆိုပြီး အဟင်း..."


မာယာဆူးလည်းပြောပြီး..."ဒို့ သွားလိုက်အုံးမယ်နော်...bye" နှုတ်ဆက်ပြီး ထွက်သွားကာ...


အာ့တော့မှခေတ်လည်း နားလည်သဘောပေါက်သွားပြီး..အံ့သြသွားတော့သည်။ သူကဘာလည်း ခေတ်ကိုရော မာယာဆူးကိုရော လက်ထပ်ခွင့် တောင်းထားတာလား...ဒါဘာအချိုးချိုးတာလည်း...ခေတ်ကိုအထင်သေးတာလာ...ခေတ်ကိုတန်ဖိုးမထားတာလား..ခေတ်ရှင့်ကို ဘယ်လိုနားလည်ရတော့မလည်း...ခေတ်ရှင့်ကို ရအောင်ငြင်းမှာ...ကိုမဟော်ရောင်နီ.... 


ခေတ်လည်းဖြူစင်နဲ့နားနေခန်းထဲကို ပြန်ဝင်လာခဲ့ပြီး ဖြူစင်က...


"ခေတ် အာ့မိန်းမ တွေ့လား ပြောသွားတဲ့ပုံက.. သခင်လေးက သူအပိုင် သူနဲ့ဘဲလက်ထပ်မှာ အခုသတင်းထွက်နေတာ သူနဲ့လို့ကြီးပဲပြောသွားတာ..ငါတော့မထင်ဘူးသိလား...အာ့မိန်းမ လေ လုံးကြီးတာပဲနေလိမ့်မယ်....သခင်လေးက သူ့ကို ဘယ်တောက အရေးလုပ်လို့လား...ငါတော့မယုံဘူး..."


အာ့တော့မှ အသံတိတ်နေသော ခေတ်က...


" ဟုတ်ချင်လည်း..ဟုတ်မှာပေါ့ ဖြူစင်ရယ်.. သူတို့နှစ်ယောက်အကြောင်း သူတို့ပဲ သိမှာပေါ့...ခေတ်တို့က ဘယ်သိမလည်..."


" ဒါပင်မဲ့.. ငါတော့မထင်ဘူးဟယ်.."


ထိုအခါခေတ်က သူတို့အကြောင်းမပြောချင်တော့တာနဲ့


" ကဲပါ..ထမင်းစားချိန်ရောက်ပြီ...ထမင်းသွားစားကြစို့..."


အာ့တော့မှ ဖြူစင်က...


"အာ့ဒါအကောင်းဆုံးပဲ"ဆိုပြီး လက်မထောင်ပြတော့ ခေတ်ရယ်လိုက်မိသည်။


ခေတ်နဲ့ဖြူစင်လည်း ထမင်းစားခန်းကိုသွားဖို့ ပြင်ဆင်ပြီး  ခေတ်ခေါင်းထဲမှာ.... မဟော်ရောင်နီကို ငြင်းဆန်ဖို့ပဲ  တွေးတောနေမိတော့သည်။


rate now: