မဟော် Japan ရောက်နေတာ ၃ရက်ရှိပြီ မနက်ဖြန်တော့ အလုပ်ကိစ္စတွေပြီးပြီဆိုတော့ ပြန်ရတော့မယ်
အခုလောက်ဆို သူမဘာတွေလုပ်နေမလည်း ဆေးရုံမှာပဲအလုပ်ရူပ်နေမလား...သူမကဘယ်လိုနေနေချစ်ဖို့ကောင်းတဲ့ သူရဲ့နတ်သမီးလေးပါ... မဟော်ခေတ်လေးအကြောင်းစဥ်းစားမိတော့ နှုတ်ခမ်းတို့မှာ အပြုံးများခိုတွဲလျှက် လွမ်းတယ်ကောင်မလေးရေ...ကိုအရမ်းလွမ်းတယ်.....
''သခင်လေး..... မစံခေတ်တော်ဝင်အကြောင်းစုံစမ်းခိုင်းထားတာအကြောင်းပြန်ထားပါတယ်....''
""အဟွန်းကောင်းပြီး Mailပို့လိုက်..''
"ဟုတ်ကဲ့သခင်လေး...''အာကာလည်း သခင်လေးကိုပြောပြီးထွက်လာလိုက်သည်။
"သခင်လေးထူးဆန်းနေပါလားမိန်းကလေးတစ်ယောက်အကြောင်းကိုစုံစမ်းခိုင်းတာ ဒါပထမဆုံးပဲ..အတည်ဟုတ်ပါစေ...''
မဟော်လည်း အာကာ ပေးပို့လာသော သူမလေးရဲ့ အကြောင်းတွေကိုကြည့်ကာ ...
"အဟွန်း မင်းလေးက ကိုထင်တဲ့အတိုင်းပဲ ရည်းစားမရှိဘူးကို မဟော်ကြည့်နေရင်း ''
သူမရဲ့ အဖေအမေနာမည်ကို ကြည့်လိုက်တော့ ဟာ ဒါ ဦးခေတ်သစ်ပဲ သူ့စီရှယ်ဝင်ဖို့ ကမ်းလှမ်းထားတဲ့ ဦးခေတ်သစ်ပဲ အာ့ဒိ Company က အရူံးပေါ်နေတယ်ဆိုတာ သူသိ၍ လက်မခံခြင်းဖြစ်သည်။အခုတော့ သူမလေးကို ပိုင်ဆိုင်ဖို့ အခွင့်အရေးတွေက ကိုယ့်အရှေ့ကို စိုက်စိုက်မြိုက်မြိုက်ရောက်လာလေပြီ။
"ဟားး..ကလေးမင်းလွတ်အောင်ပြေးတော့ ကို့လက်ထဲက...''
သူချက်ချင်းပဲ အာကာကိုခေါ်ကာ...'' အကာ ခဏအခန်းထဲဝင်ခဲ့..''
ဟုတ်ကဲ့ ...သခင်လေး... ''
အာကာအခန်းထဲဝင်လာပြီး....
"ကျွန်တော်ရောက်ပါပြီ သခင်လေးး''
""ကောင်းပြီး TK groupက ဦးခေတ်သစ်ကို တွေ့ဖို့စီစဥ်လိုက် မနက်ဖြန် ...''
"ဗျာ..သခင်လေး သူတို့ Company က အရူံးပေါ်နေတာ...''
"မဟော် အာကာကို တချက်ကြည့်လိုက်တော့..''
"ဟုတ်...ဟုတ်ကဲ့သခင်လေး စီစဥ်လိုက်ပါ့မယ်...''
"Ok,ကောင်းပြီ...သွားတော့...''
"ခွင့်ပြုပါအုံး သခင်လေး...''
"မဟော် ခေါင်းငြိမ်ပြလိုက်ကာ...''သူမကို ပိုင်ဆိုင်ဖို့အတွက် ဘယ်လိုတွေ အကွက်ချစီစဥ်ရမလည်းဆိုတာ စဥ်းစားရင်းပြုံးနေလိုက်သည်။
တစ်ဖက်တွင်
တီး..တီ....
ခေတ်သစ် phလာတာကြောင့် phကိုင်လိုက်ကာ..
"Hello''
"ဦးခေတ်သစ်လားခင်ဗျာ..."
"ဦးခေတ်သစ်လည်းကြောင်သွားကာ..သူ့ကိုခေါ်တာ မြန်မာလူမျိုးဖြစ်တာကြောင့်..''
""ဟုတ်ပါတယ်ခင်ဗျာ..ကျွန်တော်ဦးခေတ်သစ်ပါ...''''
"ဟုတ်ကဲ့... ကျွန်တော် မဟော် groupက သခင်လေးရဲ့ အတွင်းရေးမှူး ဇိုင်းအာကာပါ...''
ဗျာ..ဟုတ်ကဲ့ ဦးခေတ်သစ်လည်း မဟော်က phပြန်ဆက်တာကြောင့် အံ့သြော်ပြီးအံ့သြကာ..
"ဦးခေတ်သစ်ကြားလားခင်ဗျာ..''
" ကြားပါတယ်ခင်ဗျာ...''
"ဦးခေတ်သစ်ကမ်းလှမ်းထားတဲ့ ကိစ္စကို သခင်လေးက စိတ်ဝင်စားပါတယ် ...အာ့ဒါကြောင့် မနက်ဖြန် မနက်ပိုင်းသခင်လေး USကို ၉နာရီလောက်ရောက်မယ် ဦးခေတ်သစ်လာတွေ့ပေးနိုင်မလား..''
"ဦးခေတ်သစ်အံ့သြဝမ်းသာသွားကာ...."
"ဟုတ်ကဲ့.. ဟုတ်ကဲ့ လာတွေ့နိုင်ပါတယ်ခင်ဗျာ...''
" ဟုတ်ကဲ့..ကောင်းပြီး အာ့ဆို ကျွန်တော် တွေ့မဲနေရာကို Message ပို့ပေးထါးလိုက်ပါ့မယ်..."
"ဟုတ်ကဲ့ ခင်ဗျာ ကျေးဇူးတင်ပါဗျာ..."
"ဟုတ်ကဲ့.. အာ့ဒါဆို phချလိုက်ပါတော့မယ်ဗျ..."
"ဟုတ်ကဲ့....."
"ဦးခေတ်သစ် phတောင်မချနိုင်ဘဲ တန်းလန်းကြီးကိုင်ထားကာ သူအရင်က ဘယ်လောက်ကြိုးစားပြီးဆက်သွယ်ပါစေ မရခဲ့တာ အခုတော့ သူ့စီစိုက်စိုက်မြိုက်မြိုက် အခွင့်အရေးကြီး ရောက်ရှိလာပြီ။ Company ကလည်း အရူံးပေါ်နေတော့ သူခေါင်းခဲနေတာ ဇနီးနဲ့ သမီးကိုလည်း သူဖွင့်မပြောရက် မဟော်groupနဲ့ လက်တွဲခွင့်ကလို့ကတော့ အကြွေးတွေကြေမဲ့အပြင် တစ်နှစ်တစ်နှစ်ရမဲ့ ဝင်ငွေတွေက နည်းနည်းနောနောမဟုတ်....သူအတွေးလွန်နေတုံးး''
"ဖေကြီး.. ဘယ်သူနဲ့phပြောနေတာလည်း..သမီးလေးနဲ့လားး"
"မဟုတ်ဘူး...မိန်းမရေ...ငါတို့ငွေထုပ်ကြီးရတော့မယ်..ဟားး''
"ဘာဖြစ်လို့လည်းရှင်.."
"မဟော် groupကိုသိလား..''
"သိတာပေါ့ ကမ္ဘာမှာ ဒီလောက်နာမည်ကြီးတာကို.."
ဦးခေတ်သစ်ပြုံးလိုက်ကာ...
"ဟုတ်တယ်..အခုအာ့ groupက ကိုတို့ Companyက ရှယ်ယာဝင်ခွင့်တောင်းတာ သူတို့ ကလက်ခံဖို့ စိတ်ဝင်စားတယ်တဲ့ကွ...မနက်ဖြန်ဒီမှာ လာတွေ့မယ်တဲ့ကွ..."
"ဟယ်ဟုတ်လား ဝမ်းသာလိုက်တာ.."
"သမီးလေးလည်းအာ့ groupဆေးရုံမှာလုပ်နေတာ...
ရိပ် phဆက်ပြောလိုက်အုံးမယ်..."
ခေတ်လည်း ထမင်းစားပြီးလို့ အခန်းထဲပြန်ရောက်ရောက်ချင်း phလာနေတော့ ကိုင်လိုက်ကာ...
"Hello...မေမေ"
"ဟယ်လို သမီး...မေမေပါ"
"ဟုတ်မေမေ...ပြောလေ..."
"သမီးကို မေမေ ဝမ်းသာစကားပြောမလို့.."
"ဟုတ်ပြောလေ...မေမေ"
"မေမေတို့ကိုအခု နာမည်ကြီး Company တစ်ခုက လက်တွဲဖို့ လက်ခံဖို့ကို မနက်ဖြန် တွေ့မယ်လို့ လှမ်းဆက်တယ်..."
"ဟုတ်လားမေမေ အာ့ဒါဆို ဝမ်းသာစရာပေါ့ Company နာမည်က ဘာလည်းမေမေ..."
"နာမည်ကို မေမေ . သေချာမှပြောမယ်..သမီးလေးစားပြီးပြီးလား...ချယ်ရော ဘာလုပ်နေလည်း..."
"စားပြီးပြီမေမေရဲ့... မေချယ်က အောက်ထပ်မှာ တီဗီကြည့်နေတယ်ထင်တယ်...မေမေကိုphမဆက်လို့ ပြောနေတယ်...ဟီးဟီးး...
"သမီလေးအလုပ်မှာရော..... အဆင်ပြေရဲ့လား.."
"ဟုတ်ပြေပါတယ်...မေမေ''
"အစစအရာရာအဆင်ပြေအောင်နေနော်သမီး.... ကျန်းမာရေးလည်းဂရုစိုက်..သိလား"
"ဟုတ်မေမေရော ဖေဖေရော ဂရုစိုက်ပါရှင့်..."
"ဟုတ်ပြီးဟုတ်ပြီး မေမေ ချယ်ကို phဆက်လိုက်မယ်...သမီးလေးနားတော့.."
"ဟုတ်ကဲ့ မေမေ..အာဘွား..မွမွ"
လို့ပြောပြီး ခေတ်လည်း phချလိုက်တော့သည်။
နောက်တစ်နေ့ ဦးခေတ်သစ် သခင်လေးမဟော်ကိုတွေ့ဖို့ ပို့ထားသော လိပ်စာအတိုင်း အစောကြီး စိတ်လှုပ်ရှားစွာ ရောက်နေမိသည်။
ခဏနေတော့ အနောက်တိုင်းဝတ်ဆုံကို သေသပ်စွာဝတ်ဆင်ထားပြီး ယောကျာ်ပီသစွာ ချောမောပြီး အရပ်ရှည်ရှည် လူငယ်တစ်ယောက် သူ့အနောက်က လူငယ်တစ်ယောက်ကိုစကားပြောပြီး ဆိုင်ထဲသို့ ဝင်လာလေသည်။
သူထိုကောင်လေးကို ချောမောလွန်းလို့ မင်သက်စွာကြည့်နေရာမှ
ထိုလူငယ်လေးက..
"ဦးခေတ်သစ်ဟုတ်ပါတယ်နော်..."
"ဟုတ်ပါတယ်ကွယ်.."
ထိုလူငယ်လေက လက်ကမ်းနှုတ်ဆက်တော့ ဦးခေတ်သစ်လည်း ပြန်ပြီး လမ်းကမ်းပြန်နှုတ်ဆက်လိုက်ကာ...
"ကျွန်တော်က..မဟော်ရောင်နီပါ...."
"..ဟုတ်ကဲ့.. " ဦးခေတ်သစ်အံ့သြလွန်း၍ ပါးစပ်အဟောင်းသားဖြစ်နေမိ၏ ကမ္ဘာနံပါတ်တစ် အချမ်းသာဆုံးသော ပုဂိုလ်က ဒီလို ငယ်ငယ်ရွယ်ရွယ်လေးလား...ဒါ့ကြောင့် ကြည့်ရတာ အရှိန်အဝါကြီးပြီး လူကိုရှိန်စေမဲ့ အရိပ်အရောင်တွေ တွေ့နေရတာကို မဟော်ရောင်နီဆိုတဲ့ နာမည်နဲ့ အလွန်လိုက်ဖက်ပါပေတယ်။
မဟော်လည်း သူ့ကိုတွေတော့ အံ့သြော်သွားသော ကလေးရဲ့ ဖေဖေကြောင့်...နှုတ်ခမ်းတွန့်ယုံပြုံးလိုက်ကာ...
"ကျွန်တော်တို့ ဘာကြောင့်တွေ့တာကို ကျွန်တော် အတွင်းရေးမှူးက အသေးစိတ်ပြောပြီးပြီထင်တယ်..."
"ဟုတ်ကဲ့ပြောပြီးပါပြီကွယ်..."
စကားအသံကအစ လူတစ်ဖက်သားကို ရှိန်စေပါသည်။
"ကျွန်တော်ကို ရိုရိုသေသေပြောဖို့မလိုပါဘူး...ပေါ့ပေါ့ပါးပါးပဲပြောပါ။"
"ဟုတ်ကဲ့... မောင်မဟော်"
"ကျွန်တော်အခုပြောချင်တာကဦးခေတ်သစ်ရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် လက်ခံပါတယ်..."
"ဗျာ..ဟုတ်ကဲ့.."
ဦးခေတ်သစ်အရမ်းဝမ်သာသွားကာ...
"ဒါပင်မဲ့...."
ဒါပင်မဲ့ဆိုတော့..ဦးခေတ်သစ်စိုးရိန်မိသွားကာ..သေချာနားထောင်နေမိသည်။
"ကျွန်တော် စံခေတ်တော်ဝင်ကို လက်ထပ်ချင်တယ်..."