ခေတ် အိမ်ပြန်ရောက်လို့ ရေမိုးချိုးပြီး မနက်က အကြောင်းတွေပြန်စဥ်းစားနေလိုက်တော့ အကျင့်ပုတ်ကြီးအကြောင်းရော ခေတ်ကိုဗလိုင်းကြီး သတိလာပေးသွားသော မာယာဆူးဆိုတဲ့ ခပ်ချောချော မိန်းမအကြောင်းရော တွေးကာ သက်ပြင်းတွေချနေမိသည်။
ဟူး...ငါလေးလည်း ဒီနေ့မှ ရောက်တယ် ဒီနေ့ပြဿနာစတာ ဟူး..တော်ပါပြီ အောက်ထပ်မှာ မေမေချယ် စကားသွားပြောတာပဲကောင်းတယ်။
ခေတ်လည်း မေမေချယ်နဲ့ စကားပြောဖို့အောင်ထပ်ကိုဆင်းလာခဲ့သည်။
"ဟော သမီးဆင်းလာတာလား...မေမေချယ်တောင် ထမင်းစားဖို့ လာခေါ်မလို့တက်လာတော့မလို့..''
"ဟုတ်ကဲ့မေမေချယ်.. သမီးပျင်းတာနဲ့ မေမေချယ်နဲ့စကားပြောဖို့ ဆင်းလာလိုက်တာ ...''
"ကဲ့အာ့ဆိုလာ သမီးကယ်လေးက ထမင်းဝိုင်းမှာစောင့်နေပြီ ထမင်းစားကြမယ်..''
"ဟုတ် မေချယ်...''
မေချယ်က ခေတ်လက်ကိုဆွဲကာ ထမင်းဝိုင်းကို ဦးဆောင်ပြီးခေါ်လာတော့...
"ဟာ ဒီတူကြီးနှစ်ယောက် ဘာတွေလေပေါနေတာလည်း..''
"ကယ်လေးနော် ခေတ်တို့တူကြီးက ထမင်းစားဖို့ပြောနေတာပါ...''
"ဟားဟားးးး ဟုတ်ပါပြီ...''
"ရှင်နော် .. ခေတ်လေးကို အရမ်းမစနဲ့ တော်ကြာထွက်ပြေးနေအုံးမယ်...''
"ဟားးဟားး ဟုတ်ပါပြီကွာ...''
"ဝါးးး ဟင်းတွေကမွှေးနေတာပဲ.. မေချယ်လက်ယာတွေလား..''
"သမီး မေချယ်က ဟင်းချက်အရမ်းကောင်းတာလေ အာ့ကြောင့်ကယ်လေးကိုကြည့်ပါလား တစ်နေ့တစ်နေ့ ဗိုက်ရွှဲလာတာ ဟားး...''
"အမယ် ချယ့်ကိုပဲမြှောက်နေကြ ရောသမီး ထည့်စား သမီးကြိုက်တဲ့ဟင်းတွေချက်ထားတာ..''
"ဟုတ်မေချယ်...ခေတ်လည်း ပိတ်ရက်ပြန်ချက်ကျွေးမယ်နော်...''
"ဟေ့ ဒီတူကြီးနှစ်ယောက်လက်ယာသာနေ့တိုင်းစားရရင် ကယ်လေး နှစ်ဆလောက်ပိုဝတော့မယ်ထင်တယ် ဟားဟားးး''
တူရီးသုံးယောက် ပျော်ရွှင်စွာထမင်းစားသောက်ပြီးတာနဲ့ မေချယ်နဲ့ ကယ်လေးအတွက် ခေတ်အသီးခွဲပေးပြီး ခေတ်တို့ အသီးစားရင် စကားခဏပြောကြတော့
''ခေတ် သမီး..''
"ဟုတ်ကယ်လေ...''
"သမီးဆေးရုံမှာအဆင်ပြေတယ်မှတ်လားး''
"ဟုတ်ပြေ ပါတယ်..''
"အေးအေး.. သမီးကားမောင်းရဲရင်တော့ ကယ်လေးကားတစ်စီစဥ်ပေးမယ် ..''
"ဟုတ်ကဲ့ကယ်လေး...''
ခေတ်တို့စကားခဏပြောပြီး ခေတ်လည်းမနက်အလုပ်သွားရမယ်ဆိုတော့ စောစောနားရန်အပေါ်တက်လာလိုက်တော့သည်။
မနက်ရောက်တော့ ခေတ်ကို ကယ်လေးက ဆေးရုံအဝထိလိုက်ပို့ပေးကါ ခေတ် မေမေချယ်ချက်ပေးလိုက်သော ထမင်းချိုင့်လေးဆွဲကာ ဆေးရုံဝန်းထဲဝင်လာလိုက်သည်။
ခေတ်ရောက်ရောက်ချင်း နားနေခန်းမှာထိုင်ရုံရှိသေး...
"နှလုံးအထူးကုဒေါက်တာ ဒေါ်စံခေတ်တော်ဝင်လားရှင့်...''
တခေတ်လည်း ခေတ်ကိုမေးနေတာကြောင့် nurseမလေးကို
"ဟုတ်တယ်ညီမလေး အမက တခေတ်တော်ဝင်ပါ..''
"ဆေးရုံအုပ်ကြီး ခေါ်ခိုင်းလိုက်လို့ပါရှင့်...အပေါ်ရုံးခန်းတက်လာခဲ့ပါဆိုလို့ပါရှင့်''
"Ok, အမသွားလိုက်မယ်နော်...''
"ဟုတ်ကဲ့ ဒေါက်တာ..''
ခေတ်လည်း ပြောပြီး ဆေးရုံအုပ်ကြီးရုံးခန်းသို့ တက်လာလိုက်သည်။
ဟိုရောက်တော့ ဆေးရုံအုပ်ကြီးက
"လာသမီး...ထိုင်..''
"ဟုတ်ကဲ့..''
"ခေါ်တာတော့အခြားအကြောင်းမဟုတ်ပါဘူး သမီးကို လူနာသုံးယောက်လွဲပေးမလို့ ...''
"ဟုတ်ကဲ့ဆရာ ...''
"သူတို့က သုံးယောက်လုံး နှလုံး ခွဲစိတ်ရမှာ ဆရာသူတို့အခြေအနေကြည့်ရတာတော့ နှစ်ယောက်ကအခြေအနေကောင်းပင်မဲ့ နောက်တစ်ယောင်က သိပ်မကောင်းဘူး..
ဒါ့ကြောင့် သမီးကြိုးစားပြီးခွဲစိတ်ပေးပါ....''
"ဟုတ်ကဲ့ဆရာ..ခေတ်အကောင်းဆုံးကြိုးစားပါ့မယ်..''
"ကောင်းပြီး သမီး..ဒါက သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ...''
ဆရာပေးတဲ့ဖိုင်ကို ခေတ်တရိုတသေယူလိုက်ပြီးကြည့်ကာ...
"ဘယ်တော့စမှာလဲဆရာ..''
"သဘက်ခါလောက်စမယ်သမီး..''
"ဟုတ်ကဲ့..အာ့ဒါဆိုခေတ်ကိုခွင့်ပြု ပါအုံးရှင့်..''
"ကောင်းပြီး သမီးး....အော် သခင်လေးက Japan ကို အလုပ်ကိစ္စနဲ့သွားတာ လေးရက်လောက်ကြာမယ် သမီး သခင်လေးပြန်လာမှ သူ့ကိုစမ်းသက်သာ စလုပ်ရမယ် ...''
"ဟုတ်ကဲ့..ဆရာ....''
ခေတ်လည်းဆရာကို နှုတ်ဆက်ပြီး ခေတ်အခန်းထဲပြန်လာလိုက်သည်။
ခေတ်လုပ်စရာရှိတာလုပ်ပြီး လူနာတွေကိုကြည့်ပေးပြီးတော့ အချိန်ကြည့်လိုက်တော့ ထမင်းစားချိန်တောင်ရောက်နေပြီး ဖြစ်ကာ ထမင်းစားရန် ထမင်းစားခန်းသို့သွားရန်ထွက်အလာ ...
"ဟိတ် ဒို့က ဖြူစင်သန့်ရှင်းပါ...''
ခေတ်ကို ဆရာဝန်ဂျူတီကုတ်ဝတ်ထားသော ဆရာဝန်မလေးကနှုတ်ဆက်တော့ ခေတ် ပြန်နှုတ်ဆက်လိုက်သည်။
"ခေတ်က...''
"စံခေတ်တော်ဝင်မှတ်လား..''
"ခေတ်ကိုသိနေတာလား..''
"ဒါပေါ့ ခေတ်ကဒီလောက်လှတာကို ....''
"ဟီးဟီးးကျေးဇူး..''
"ဖြူစင်လို့ခေါ်မယ်နော်...''
"ရတယ် တို့လည်းခေတ်လို့ခေါ်မယ်နော်...အာ့ဆိုဒီနေ့ကစပြီး ဖြူစင်တို့ သူငယ်ချင်းဖြစ်ပြီနော်..''
ခေတ်လည်းဖြူစင်အပြောကြာင့် သဘောကျကာ ပြန်လည်ခေါင်းငြိမ်ပြလိုက်သည်။
"ဖြူစင်က နှလုံးအထူးကုပဲလား...''
"အင်းဟုတ်တယ် ခေတ်နဲ့အတူတူပဲလေ ...''
ခေတ်တို့လည်းတစ်ယောက်အကြောင်းတစ်ယောက်အပြန်အလှန်ပြောပြီး သူငယ်ချင်းတွေ ဖြစ်သွားတော့တယ်။
"ခေတ် ဟိုမှာကြည့် ..''
"ဟင်ဘယ်သူလည်း...''
ခေတ်ကြည့်လိုက်မိတော့ ခေတ်ကိုသတိလာပေးသွားတဲ့မာယာဆူးဆိုတဲ့ ဆရာဝန်မလေး..
"ခေတ်သူကလေ ဆေးရုံမှာသူအချောဆုံး သခင်လေးရဲ့ ချစ်သူဆိုပြီး ကြွေးကြော်ထားတာ..မောက်မာလိုက်တာလည်းအရမ်းပဲ..သူ့အဖေက သခင်းလေးနဲ့ ခင်မင်ရင်းနှီးတော့ အာ့ဒါကိုအခွင့်အရေးယူကာ သခင်လေးကို လိုက်ကပ်နေတာလေ..ကြည့်လို့ကိုမရဘူး..''
"သူတို့က ချစ်သူတွေဆို..''
"မသိတော့ပါဘူးခေတ်ရယ်..''
"ကဲကဲ သူများအကြောင်းမပြောနဲ့တော့ ထမင်းစားကြမယ်..."
ခေတ်ပြောလိုက်တော့...
ဖြူစင်လည်းခေါင်းညိတ်ပြီး ထမင်းစစားတော့သည်။