"ဒီမှာ ယူ့နာမည်က ...စံခေတ်တော်ဝင်လား...''
"ဟုတ်ပါတယ်... ခေတ်က စံခေတ်တော်ဝင်ပါ..''
ဆူး ထိုမိန်းကလေးကို ခြေဆုံးကောင်းဆုံးကြည့်ပြီး ယာဥ်စစလေးနဲ့ ဘာမှအပစ်ပြောစရာမရှိအောင်လှနေတော့ မနာလိုဝန်တိုမိတာအမှန်ပါ။
"တို့နာမည်က မာယာဆူးပါ..''
"သြော်ဟုတ်ကဲ့...''
"တို့မင်းကို သတိပေးစရာရှိလို့ ..''
ခေတ်မျက်မှောင်ကလေးကုတ်လိုက်ပြီး...
"ရှင် မမာယာဆူးက ကျွန်မကို ဘာကိုသတိပေးမလို့လည်းရှင့်...''
"အခြားတော့မဟုတ်ဘူး...မင်းကိုကိုမဟော်နဲ့ အဝေးဆုံးမှာနေပါ..''
"ရှင်မမာယာက ခေတ်ကို ဘာဖြစ်လို့အာ့လိုပြောရတာလည်...''
"ဘာဖြစ်လို့လည်းဆိုတော့ တို့က သူ့သတိုးသမီးဖြစ်နေလို့ပဲ...'
ခေတ်မျက်ခုံးလေးပိုမြင့်တက်သွားပြီး ....
"'မမာယာမှားနေပြီ ခေတ်တို့က ဘာမှမပတ်ပါဘူး..ခေတ်သူ့ကိုအခုမှသိတာ..မမာယာ သေချာမမေးမြန်းပဲနဲ့ ခေတ်ကိုအခုလိုလာပြောတာ မကောင်းဘူးထင်တယ် ....ခေတ်ဒီလိုကိစ္စတွေလည်းစိတ်မဝင်စားဘူး အာ့တော့မာယာစိတ်ချနေပါ...''
"မင်းကဒီလိုဆိုတော့လည်း ကောင်းပါတယ်.. ဒို့သွားပြီး bye..''
အမလေးငါ့ဘဝ..ဟူးး..အမလေးငါ့ကို အကျင့်ပုတ်လူကြီးနဲ့ပဲ ထင်နေရသေးတယ် ဝေးသေးဟွန်...
ခေတ်နှုတ်ခမ်းလေးဆူကာ စိတ်ထဲကနေပြောလိုက်ပြီး
ဆေးရုံးအုပ်ကြီးနဲ့တွေ့ဖို့ ရုံးခန်းကိုသွားတော့ တစ်ခါ ထိုလူနဲ့ ထပ်ဆုံပြန်သည်။
မတွေ့ချင်ပါဘူးဆိုမှ...ခေတ်စိတ်ထဲကနေပြောကာ...
"ဆရာရှင့်...''
"သြော်...လာသမီးလာ..''
"ဟုတ်ကဲ့...''
"သမီးသခင်လေးကိုတော့သိပြီးပြီဆိုတော့ မိတ်မဆက်ပေးတော့ဘူးနော်..''
"ဟုတ်ကဲ့..ဆရာ..သမီးသိပါတယ်..''
ဟိုလူကိုကြည့်လိုက်တော့... ခေတ်ကိုပဲ သေချာစ်ုက်ကြည့်နေကာ သေသပ်သောနှုတ်ခမ်းတို့မှာ ပြုံးသယောင်ဖြစ်နေပြီး..
ဘာလဲဟ ငါ့မျက်နှာမှာ..ဘာပေနေလို့လည်း.. ခေတ်လက်က.. ပါးလေးကို အယောင်ယောင်အမှားမှား ကိုင်ကြည့် လိုက်မိကာ
ထို့အချိန်ဆေးရုံအုပ်ကြီးက'' သမီးစံခေတ်တော်ဝင်"...
ဟုတ်ကဲ့..ဆရာကြီး...
"ခေတ်ကို ခေတ်လို့ခေါ်လို့ရပါတယ်....ဆရာကြီး''
"သြော်အေးအေး..ကောင်းပြီ သမီးခေတ် ...''
ထိုအချိန် ဟိုအကျင့်ပုတ်မှာ ခေတ်ကို ကြည့်တာအခုထိ မျက်လုံးမလွဲသေး..ခေတ်လည်းသူ့ကိုမကြည့်တော့ဘဲ ဆရာပြောတဲ့ သေချာနားထောင်နေတော့သည်။
"သမီးခေတ်က..USမှာ ဆရာဝန်ဘွဲ့ရထားတော့ ပို့တော်တာပေါ့ ...''
"အာ့လောက်လည်းမဟုတ်ပါဘူးဆရာ..'
ခေတ်ပါချိုင့်လေးခွက်ဝင်အောင်ရယ်ပြလိုက်ကာ
ပြောလိုက်သည်။
"သမီးရဲ့အရည်အချင်းတွေကိုဆရာတို့သိပြီးပါပြီ သမီးက နှလုံးအထူးကုဆိုတော့ နောက်ပိုင်းကြရင် တော်တော်အလုပ်ရူပ်တော့မှာ...''
"သမီးရဲ့ အရည်အချင်းကိုကြည့်ပြီး ဆရာတို့ အရမ်းသဘောကျခဲ့တာ...''
"ဟုတ်ကဲ့..ကျေးဇူးပါဆရာ...''
" ဒီနေ့တော့ သမီးကို ဆေးရုံးအတွင်းရင်းနှီးအောင် Nurse မလေးတစ်ယောက်လိုက်ပြလိမ့်မယ်...မနက်ဖြန်တော့ ဂျူတီစဝင်ပေါ့..''
"ဟုတ်ကဲ့ဆရာ ''
"သြော်ပြီးတော့ သခင်လေးကလည်းနှလုံးရောဂါ အခံရှိတော့ သမီးကိုပဲတာဝန်ပေးချင်တယ်ကွယ်..''
"ရှင်..''
သူမ မျက်လုံးလေးများပြူးကျယ်ဝိုင်းဆက်သွားတော့ ...
"သူကရယ်လိုက်ကာ ဘာလည်းမင်းက ကိုယ့်ကို ရောဂါမရှိဘူးလိမ်ပြောတယ်လို့ ထင်နေတာလား...''
သူမက ခေါင်းလေးကပြာကရာခါကာ ....
''အာ့လိုမဟုတ်ပါဘူးရှင့်..."
"သခင်လေးပုံက ရောဂါခံစားနေရတာနဲ့မတူလို့ပါ..''
ဟွန်းးဟွန်းးသူရီလိုက်တာလား ချောလိုက်တာ ရယ်တဲ့ပုံစံလေးက ...
ဆေးရုံအုပ်ကြီးမှာလည်း သခင်းလေးရယ်လိုက်တာကြောင့် ပါးစပ်အဟောင်းသားနဲ့ ကြည့်နေမိကာ ....
မဟော်လည်း စဝင်လာထည်းက သူ့ကိုတစ်ချက်သာကြည့်ပြီး ဆေးရုံအုပ်ကြီးကိုသာ စကားပြောနေသောသူမကိုအသည်းလည်းယားကာ ပါးမို့မို့လေးကို ဆွဲညစ်ချင်တဲ့စိတ်ကို မနည်းထိမ်းထားရကာ ...
... အခုလည်းသူမနဲ့ နီးချင်တာကြောင့် ဆေးရုံအုပ်ကြီးကို အမိန့်ပေးထါးရကာ ရောဂါရှိချင်ယောင်ဆောင်ရတာ မလွယ်။
သူမလေးသိရင် သူ့ကိုဒေါသထွက်မှာတော့အသေချာ..
သူ..သူမလေးကို ပိုင်ဆိုင်ချင်တယ်...
စမြင်ကထည်းက အရုပ်မလေးသာဆို သူအိပ်ထဲ ကောင်ထည့်ထားမိမှာ..
အခုလည်း..သူမလေးသူ့ကို ချစ်ချစ်မချစ်ချစ် သူရအောင်ယူမည်...
သူမလေးမှာရည်းစားတွေဘာတွေရှိလည်းသူဂရုမစိုက် ....သူမလေးကို အပိုင်လိုချင်တာ ပထမဦးဆုံး ဖြစ်ပေါ်လာတဲ့ခံစားချက်...
ဒါကြောင့်ကလေး မင်းကိုယ့်လက်က..လွတ်အောင်ပြေး...အဟွန်းး...
သူအတွေးတို့ကိုရုတ်သိမ်းကာ...
"ဟုတိတယ် မင်းကိုယ့်ကို တစ်ရက်တစ်ခါ စမ်းသက်ပေးရမယ်...''
"ရှင်..ဟုတ်ကဲ့..''
ဒါပင်မဲ့..သူလက်ကာပြကာ..
"ကိုယ်ဒီကိုနေ့တိုင်းလာမှာပါ...''
ခေတ်အခုမှ အပူလုံးကြီးကျသွားကာ သူ့အိမ်မသွားရတာ တော်သေးတာပေါ့...
"ဟုတ်ကဲ့...''
သူမလေး သူ့အိမ်လာရမှာဆိုးလို့ စိုးရိမ်နေတာသူသိတာပေါ့...အဟွန်းးး
"ကဲ့အာ့ဒါဆို ဆရာnurseမလေးကိုခေါ်ပေးမယ်သမီးအခန်းနဲ့ ဆေးရုံးနေရာတွေကိုလိုက်ပြလိမ့်မယ်..''
"ဟုတ်ကဲ့ ဆရာ...အာ့ဒါဆို ခေတ်ကိုခွင့်ပြု ပါအုံးရှင့်..''
ကောင်းပြီ...ခေတ်လည်းအမြန်ပြောပြီး ခေတ်ကိုသေချာကြည့်နေသော သူ့ကိုကျောခိုင်းကား ထွက်လာလိုက်တော့သည်။
ပြင်ရောက်မှ ဟူး..တော်သေးတာပေါ့ ထွက်လာရသေးလို့...ခဏနေ ခေတ်ရှေ့သို့ ကောင်မလေးnurseဝတ်ဆုံလေးနဲ့တစ်ယောက်ရောက်လာကာ
"ဒေါက်တာ ဆရာကြီးက ဒေါက်တာကို ဆေးရုံးကနေရာတွေလိုက်ပြဖို့ ညီမကိုပြောထာယလို့ပါရှင့်...''
"ညီမနာမည်က ဇူးဇူးပါ..''
ခေတ်လည်းပြန်ပြုံးပြလိုက်ကာ..
"ခေတ်ကို ဒေါက်တာလို့မခေါ်နဲ့နော် ခေတ်လို့ပဲခေါ်ပါ..''
"ဟုတ်မမခေတ်.ဟီးဟီးးး''
ခေတ်လည်းဇူးဇူးနဲ့နှစ်ယောက် အတူတူ ခေတ်အတွက်နားနေခန်းနဲ့ အခြားနေရာတွေကို လိုက်ကြည့်လိုက်ပြီး ...
"မမခေတ်က အရုပ်လေးကြနေတာပဲနော်..မမအသက်ဘယ်လေက်လည်းဟင်..''
"အဟွန်းး မမအသက်က ၂၄ ပါ...''
"ဝါး...မမကအသက်ငယ်ငယ်လေးနဲ့ တော်လိုက်တာ ချစ်ဖို့လည်းအရမ်းကောင်း...''
"အဟွန်းး ဇူးဇူးလည်းချစ်ဖို့ကောင်းပါတယ်...''
" ဟဲဟဲ..မမလောက်တော့ချစ်ဖို့မကောင်းပါဘူ..အော်ပြီးတော့ပြောရအုံးမယ်..''
"အွန်းပြောလေ ..''
"မမနဲ့ ဝင်တာတူတဲ့အမတစ်ယောက်လေ...''
"မမာယာလား .... ''
"ဟုတ်တယ်မမ..သူကအရိုးအထူးကုလေ ...''
"သူက ရုပ်လေးချောပါတယ် ဒါပင်မဲ့ မမခေတ်လို့ ချစ်ဖို့လည်းမကောင်းဘူး ...မာနကလည်းကြီးပါ့ ဆေးရုံအုပ်ကြီးလိုက်ပြခိုင်းလို့ လိုက်ပြတာကို သူသိတယ် သူကနောင်တစ်ချိန်မှာ သခင်လေးရဲ့ကတော်ဖြစ်မှာ အာ့ကြောင့်အခုထည်းက ရိုရိုသေသေဆက်ဆံဆိုပြီးပြောသွားတာသိလာ မောက်မာတာလည်းလွန်ပေါ့ ရုပ်ကလေးနဲ့မှမလိုက်..ဟဲဟဲ မမက စိတ်ထားလည်းကောင်းတယ် ရုပ်လေးကလည်း အရုပ်မလေးကျနေတာပဲ မမကိုပဲ သခင်လေးနဲ့သဘောတူတာ ...ဆိုးတာက သခင်လေးက ဘယ်မိန်းကလေးကိုမှ အတည်တကျစိတ်မဝင်စားဘူး...တွဲဖြစ်သွားတယ်ဆိုတာကလည်း မိန်းကလေးတွေက အတင်းကိုလိုက်ကပ်တာလေမမရဲ့...မမရဲ့ ကိုယ်လုံးလေးကထင်းနေတာပဲ ဘယ်ကကြည့်ကြည့် အားကျလိုက်တာ..''
ဇူးဇူးပြောတာကို.. ခေတ်သဘောကျရယ်လိုက်ကာ..
"အယ်ဒီကောင်မလေး ဘာတွေပြောမှန်းမသိဘူး..''
"ဟီးဟီးစိတ်မဆိုးနဲ့နော်...''
"ကဲကဲ သူများအကြောင်းပြောတာလျော့ ကျန်တဲ့နေရာတွေလိုက်ကြည့်ရအောင်..''
"ဟုတ်ကဲ့မမ..''
ခေတ်လည်းဇူးဇူးနဲ့ နေရာစုံအောင်ကြည့်ပြီး ညနေစောင်းတော့မှာမို့ နှုတ်ဆက်ကာပြန်လာလိုက်တော့တယ်။
ဇာတ်လမ်းလေးက နောက်ပိုင်းတွေဆို ရင်ခုန်ရမဲ့ အခန်းလေးတွေနဲ့ ဆဲရမဲ့ အခန်းတွေပါလာတော့မယ်😐😐