book

Index 3

အပိုင်း(3)

  • Author : Lwanchin
  • Genres : Romance, Drama

မဟော် ဆေးရုံးထဲတန်းမဝင်ဘဲ အာကာကို ကားနဲ့ဆေးရုံထဲ အရင်ဝင်ခိုင်းပြီး သူက ​ဆေးရုံရှေ့က ကော်ဖီဆိုင်ထဲဝင်ပြီး ကော်ဖီခါးခါးတစ်ခွက်နဲ့ နှစ်သက်ရာမုန့် မှာခဲ့ပြီး ပြန်ထွက်လာခဲ့သည်။ 


ပြန်ထွက်လာချင်းချင်း သူ့မျက်လုံးထဲမှာ ဆံနွယ်ရှည်များ တင်ပါးအထက်ဝဲနေသော မိန်းကလေးရဲ့ ပုံရိပ်ဆီကို ကြည့်နေမိသည်။ အမိကသတိထားမိဟန်မတူ ခေါင်းခါလိုက် မော့ကြည့်လိုက် ဆေးရုံဝန်းထဲ လှမ်းကြည့် လိုက်နဲ့ အလုပ်ရူပ်နေဟန်တူသည်။


 သူလည်း မိန်းကလေးတစ်ယောက်ကို အခုလိုကြည့်မိတာ ကိုယ့်ကို ကိုယ် အံသြပြီး မဟော်မင်းဘာဖြစ်နေတာလည်း

ခေါင်းခါရမ်းကာ ဆေးရုံထဲသို့ ဝင်လာလိုက်သည်။ 


ထိုအချိန်အမိက နောက်ကို လှည့်လိုက်တဲ့အချိန် တိုက်မိပြီး ဟန်ချက်ပျက်ကာ လဲမလိုဖြစ်တာကြောင့် သူလည်း မှီရာလှမ်းဆွဲလိုက်တော့ သူမလေး၏ခါးကို ဖက်မိလျှက်သားဖြစ်နေသည်။ သူမဆံနွယ်တွေနဲ့ သူ့အင်္ကျီ ကြယ်သီး ညှိ့မိတော့ သူမ အံ့သြကာ မော့အကြည့် သူကလည်းငုံ့အကြည့်နဲ့ဆုံမိကာ သူမလေးရဲ့ နှဖူးကို နမ်းမိလျှက်သားဖြစ်သွားတော့ သူမလေး သူ့ကို မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ ကြောင်အစွာကြည့်နေတော့သည်။


အားပါးပါး ချစ်စရာကောင်းချက် ကကြီးပုံနှုတ်ခမ်းလေးနဲ့ မိတ်ကပ်ပါးပါးလေးလူးထားသော သူမလေးက သူ့မျက်လုံးထဲမှာတော့ နတ်သမီးလေးပါပဲ သူလည်း  တမင်ပင်မလွှတ်ပဲဒီအတိုင်း သူမလေးမျက်နှာကို စိမ်ပြေနပြေ စိုက်ကြည့်နေလိုက်တော့ သူမလေးက အခုအနေအထားကို သတိရကာ ပါးပြင်လေးတွေရဲပြီး အရှက်သည်းနေတဲ့ပုံစံလေးက အသည်းယားစရာ


" ဒီမှာ... ရှင် ကျွန်မကို လွတ်...''


အို လွှတ်လိုက်ရင် မင်းလဲသွားမှာဆိုးလို့  ကိုင်ထားပေး တာ


"  ရပါတယ်လွတ်...''


ok..ဒါဆိုလွတ်ပြီ...


အို...ရှင်နေအုံးလေ... 


 သူက သူမကိုငုံ့ကြည်ကာ


ဘာလည်းစောစောကတိုင်း ဖတ်ထားပေးရမလား...


ရှင်နော်...

သူမပါးပြင်လေးတွေရဲသွားကာ မျက်တောင်ရှည်ကြီးတွေက တဖြတ်ဖြတ်ခက်လျှက်...


ဒီမှာ ဆံပင်ညှိ့နေတယ်လေ...


"Sorry ...မင်းကလွှတ်ဆိုတော့ ကိုယ်သတိမထားမိလိုက်ဘူး....''


သူမကတော့ သူပြောတာကို အရေးမလုပ်ပဲ ကြယ်သီးနဲ့ ဆံပင်ကို သည်းကြီးမဲကြီး ဖြုတ်နေတော့သည်။


သူမလေးက ဆရာဝန် ဂျူတီကုတ်နဲ့ ဆေးရုံတံဆိပ်ပါ ရင်ထိုးလေးဝတ်ထားတော့ သူမက ဒီဆေးရုံမှာ လုပ်တာပေါ့ ဟိုတစ်လောက ဆရာဝန့်သစ်တွေခေါ်ခိုင်းထားတယ်ဆိုတော့ သူမလေး ပါလာတာဖြစ်လောက်မည် ။


သူမလေးနာမည်က စံခေတ်တော်ဝင်လား လိုက်ပါပေတယ် နာမည်နဲ့ လူလေးက..အဟွန်း..


"လှသားပဲ''


" ဘာ...ရှင့်'


 "ဟွန့် မင်းဆံပင်တွေကိုပြောတာ"

 

"ခေတ် ပါးပြင်လေးတွေ ဆေးကူစရာမလိုဘဲ ရဲသွားကာ"


"အို.. ဒီလူ တော်တော်အရှက်မရှိတာပဲ..ဆံပင်နဲ့ ညှိ့နေတာကို ကူမဖြုတ်ပဲ ခေတ်ကိုပဲကြည့်နေတာ...မုန်းဖို့ကောင်းလိုက်တာ...ခေတ်စိတ်ထဲကနေပဲမကျေမနပ်ပြောလိုက်မိသည်။


သူမလေးကို သူ့ကို မျက်စောင်းတွေထိုးနေတာ ခဏခဏ သူမြင်နေရသည်။


သူမလေးသာ နဂါးမလေးသာဆို သူပြာဖြစ်နေလောက်ပြီ အဟွန်း..သူမလေးပုံစံကို အသည်းယားပြီး သူပြုံးလိုက်မိသည်။ 


 သူမလေးကတော့ မတွေ့ရှာ တွေ့ရင် မျက်စောင်းထပ်ထိုးအုံးမှာသေချာတယ်။ 


သူလည်း အိန္ဒြေဆယ်လိုက်ကာ မင်းပတ်ဝန်းကျင်ကို နည်းနည်း ကျိရတယ် ကလေးမ လို့ပြောပြီ ထွက်လာလိုက်တယ်...


" ဒါပင်မဲ့သူသိလိုက်တာသူမလေးက သူ့နှလုံးသားထဲမှာ အပိုင်နေရာယူထားပြီဆိုတာပဲ''


ခေတ် သူမကိုပြောပြီး ထွက်သွားတဲ့ ထိုလူကြီးရဲ့ ကျောပြင်ကိုကြည့်ပြီး မျက်စောင်းထိုးကာ  ငါ့ကိုများပြောသွားလိုက်တာ သူ့ကြတော့ ရုပ်လေးချောရဲ့သားနဲ့ အကျင့်တစ်စက်မှ မကောင်းတဲ့လူကြီးဟွန်...သူမ မဲ့ရွဲ့ကာ ကော်ဖီဆိုင်လည်းမသွားချင်တော့တာကြောင့် ဆေးရုံဝန်းထဲသို့ ဝင်လာလိုက်တော့သည်။


 ဆေးရုံထဲရောက်တော့ Receptionက nurse အမကို

" အမ မင်္ဂလာပါ''


  "ခေတ်ကဒီနေ့မှအလုပ်စဝင်တဲ့ စံ​ခေတ်တော်ဝင် ပါရှင့်''


 ''ဟယ်ညီမလေးက အပြင်မှာ ပိုချောပိုချစ်စရာကောင်းလိုက်တာ ''


ခေတ်ကိုမြင်ဖူးလို့လား..ခေတ်အံသြစွာမေးလိုက်တော့


 မြင်ဖူးတယ်လေ ညီမလေးရဲ့ဖောင်မှာ ဓာတ်ပုံတွေ့တာ အကုန်လုံးထဲမှာ ညီမလေကထင်းနေတော့ မှတ်မိလွယ်တာပေါ့..


ဟီးးနောက်မှ မုန့်ဝယ်ကျွေးမယ်နော်..


အို..မလိုပါဘူးနော် အမက ညီမလေးကို ချစ်စရာကောင်းလို့ ချစ်စရာကောင်းတယ်ပြောတာကို 


"ဟီးဟီးး ဟုတ်ပါပြီရှင်..."


"ထို့အချိန် မာလာ... ဒီနေ့ သခင်လေးလာမှာ နော် ''


"ရောက်တောင်ရောက်နေပြီထင်တယ် ဆရာ''


 'ဟုတ်လား' ..


ဟုတ်ကဲ့...


အေးအေး...ငါသွားအုံးမယ် အလုပ်ကိုသေချာလုပ်

ဟုတ်ကဲ့...ဒါနဲ့သူက..Nurseအမကိုစကားပြောသော ခေတ်ထပ်အသက်ကြီးပုံရသောဆရာဝန်က ခေတ်ကို လက်ညိုးထိုးပြီးမေးတော့...


 "သြော်ဟုတ်ကဲ့ ခေတ်က စံ​ခေတ်တော်ဝင်ပါရှင့်''


 ဒီနေ့မှ အလုပ်ဝင်တာပါ...


'ဟေဟုတ်လား'


 အာ့ဆို နောက်ကျနေပြီ လာမြန်းမြန်း မင်းနဲ့ ဝင်တဲ့သူတွေအကုန် အပေါ်အစည်းအဝေးခန်းထဲရောက်နေလောက်ပြီ...


'ရှင်.'


"လာလာမြန်မြန်..''


"ဟုတ်..ဟုတ်ကဲ့..''


"သခင်လေးက အချိန်မလေးစားရင် အရမ်းဒေါသကြီးတာ ငါလည်းအမြန်လာတာ ဒီနေ့မှ နောက်ကျနေတာ..ဆရာနာမည်က မိုးဇော်ပါ..''


"ဟုတ်ကဲ့ဆရာမိုးဇော် ..."


"အကူအညီလိုလည်းဆရာကို ပြော အားမနာနဲ့နော်.."


ဒီလိုပြောပြီး

 အဓာတ်လှေကားကနေပေါ်ဆုံး့လွှာ ၂၅ထပ်မြောက်ကို ရောက်တော့.. ကြီးမားကျယ်ဝန်းသော အခန်းများနဲ့ ခန်းနားထယ်ဝါနေကာ သန့်ရှင်းတောက်ပြောင်နေသော အခန်းကြီးများကို တွေ့လိုက်ရတော့ ခေတ်အံ့သြမင်သက်သွားသည်။


 "ခေတ် ဟိုမှာတွေ့လား...အာ့ဒါ သခင်လေးရုံးခန်း..."


 ဆရာက ကြီးမားကျယ်ဝန်းပြီး သပ်ရပ်နေသော အခန်းတစ်ခန်းကို ညွှန်ပြသည်။


 ထိုအခန်းရဲ့ နှစ်ခန်းကျော်မှာ စောစောက အခန်းထပ် ကျယ်လောက်သော အခန်းတစ်ခန်းထဲကို ဝင်တော့ သူမ ဝင်ဝင်ချင်း မျက်မှောက်ကြုတ်ကာ သူမတို့ကို စူးစိုက်စွာ စိုက်ကြည့်နေသော ထိုလူကို တွေ့လိုက်ရ​တော့သည်။

သူမအံ့သြစွာတွေးမိတာက... 


"သူက..ဘယ်သူလဲ?....''


Pageအသစ်လေးဖြစ်တာကြောင့် shareပေးကြပါအုံးနော်😘😘



rate now: